မထင်မှတ်ထားသော အပြောင်းအလဲများ
Vol. 82 Ch. 1065
“ထာ၀ရငြိမ်းချမ်းအင်ပါယာကနေ ကောင်းကင်နတ်ဘုံဆီ ထွက်လာခဲ့တဲ့ ငါးနှစ်အတွင်း ပြုပြင်ပြောင်းလဲမှုရဲ့ ရလဒ်တစ်ခုကိုမှ ကျွန်တော် မခံစားခဲ့ရဘူး”
ချင်မူ သက်ပြင်းချကာ ပြောလိုက်သည်။ “အတိတ်ကို ပြန်သွားတဲ့အချိန်တိုင်း ဒါက ပိုသိလာလိမ့်မယ်”
ကမ္ဘာဦးဘုံမှ ကောင်းကင်နတ်ဘုံသို့ ထွက်လာခဲ့သည့်အချိန်တည်းက လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းတို့တွင် သူ၏ တီထွင်ဆန်းသစ်နိုင်စွမ်းသည် ကျဆင်းသထက် ကျဆင်းသွား၏။ ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ ပြန်ရောက်တိုင်း အသစ်အသစ်များကို သင်ယူရဿည်။
ယင်းက မြေဆီလွှာ၏ သက်ရောက်မှုကဲ့သို့ပင်။
ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ၏ ပြုပြင်ပြောင်းလဲမှုသည် ရှေ့ဆက်သွားနေသေးသော်လည်း သူ့တွင် ပြုပြင်ပြောင်းလဲမှု၏ မြေဆီလွှာ မရှိပေ။ သူ ပြန်သွားသည့်အချိန်တိုင်းက အာဟာရဓာတ် ပြန်ရယူရန် ဖြစ်သည်။
အတိတ်ခေတ်သည် လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများ တိုးတက်နေဆဲ ကာလအပိုင်းအခြားသာ ဖြစ်၏။ ထို့ကြောင့် သူ ရောက်လာသည့်အခါ သူ၏ကောင်းကင်နတ်သိုင်းများက ဤခေတ်သူခေတ်သားတို့အတွက် အံ့အားသင့်စရာ ဖြစ်လိမ့်မည်။ ထို့ကြောင့် ချင်မူအနေဖြင့် အဘယ်အရာကို အားကိုး၍ သူနှင့် မရင်းနှီးသော ဤခေတ်တွင် တိုးတက်အောင် လုပ်ရမည်နည်း။
သူ၏ပန်းတိုင်က အတိတ်ခေတ်၏ လူတို့ထက် သာလွန်ကောင်းမွန်ရန်ဖြစ်သည်။ သူတို့ထဲမှတစ်ဦး ဖြစ်လာရန် မဟုတ်ချေ။
ကောင်းကင်နတ်ဘုံကး နီးသထက် နီးလာချေပြီ။
ရှေးဟောင်းနတ်ဘုရား ၂၇ ပါးသည် နတ်ဘုရားစီရင်ရာစင်မြင့်နှင့် နတ်ဘုရားစီရင်ရာဓားမတို့ကို အားချို ရှိနေသော ကောင်းကင်ဘုံသို့ ယူဆောင်သွားကြ၏။ သစ်သားဝံပုလွေခွေ့က ပြောသည်။ “အခုချိန်က ငါတို့သရုပ်မှန်ကို ထုတ်ပြဖို့ အချိန်ကောင်းမဟုတ်ဘူး... ဒီနတ်ဓားမနဲ့ သူ့ကို သတ်ပစ်ရမယ်.... ငါတို့ ပုန်းနေကြပြီး စောင့်ကြည့်နေကြစို့... ကောင်းကောင်း လုပ်နိုင်ရင် အိမ်ရှေ့မင်းသားက ရက်ရက်ရောရော ဆုချလိမ့်မယ်”
ထိုကောင်းကင်ဘုံတွင် အားချိုမှာ ပိတ်မိနေပြီဖြစ်သည်။ မြင့်မားမတ်စောက်သော တောင်စောင်းနံရံအထက်တွင် နတ်ဘုရားတစ်ပိုင်းများသည် သူ၏ကလေးများကို ချီမြှောက်ထားရင်း အောက်ရှိ အားချိုအား လှမ်းပြော၏။ “ဒူးထောက်စမ်း”
ထိုစဉ်
ကောင်းကင်နတ်ဘုံ၏ တော်ဝင်ဥယျာဉ်ထဲတွင် ကောင်းကင်နတ်အရှင်ယွင်က ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်၏နောက်မှ လမ်းလျှောက်နေသည်။ သူ ဤနေရာသို့ လာရသည့် အကြောင်းအရင်းသည် ကောင်းကင်နတ်အရှင်ဟောင်နှင့် ပတ်သက်၍ အတိအလင်း တိုင်တန်းရန် ဖြစ်၏။ ညီလာခံ ပြီးသည့်နောက် ကောင်းကင်နတ်ဧကရာဇ်က နှစ်ကိုယ်ကြား စကားပြောရန် မပြန်ခိုင်းဘဲ တော်ဝင်ဥယျာဉ်ထဲတွင် လမ်းအတူ လျှောက်စေခဲ့သည်။
“ယွင်၊ မင်းက လူသားတွေကို ဝာာ၀န်ယူထားတာပဲလေ... ဧကရာဇ်တစ်ပါး ဖြစ်ရတာ မလွယ်မှန်းတော့ မင်း သိသင့်တယ်... ငါက စကြ၀ဠာတစ်ခုလုံးနဲ့ ကမ္ဘာအားလုံးကို တာာဝန်ယူအုပ်ချုပ်နေရတာ မဟုတ်လား”
ကောင်းကင်နတ်ဧကရာဇ်မှာ ခေါင်းကိုက်လာသဖြင့် နားထင်ကို ပွတ်ကာ သက်ပြင်းချလိုက်သည်။ “လူသားတွေက လောကကြီးရဲ့ မျိုးနွယ်စုတွေထဲက တစ်စုပဲ... မင်းတို့မျိုးနွယ်စုက ပဋိပက္ခတွေ အများကြီးဖြစ်စေခဲ့ပြီးပြီ.... မင်းကိုယ်တိုင်ကလည်း အခုလေးတင် တရားခွင်မှာ ဟောင်အာနဲ့ အချေအတင် အငြင်းပွားခဲ့တယ်.... မင်းတို့ကြောင့် ငါ လုပ်ရကိုင်ရကြပ်တယ်..... နောင်တော်ကြီးတွေရဲ့ ဆန္ဒကို ထည့်တွက်ရမယ့်အပြင် နတ်ဘုရားတစ်ပိုင်းတွေရဲ့ သစ္စာရှိမှုနဲ့ မင်းတို့လို ကမ္ဘာဦးမျိုးနွယ်တွေရဲ့ ဒုက္ခတွေကိုလည်း စဉ်းစားပေးရဦးမယ်... ကောင်းကင်နတ်ဧကရာဇ်ဖြစ်ရတာ မလွယ်ပါဘူး”
ကောင်းကင်နတ်အရှင်ယွင်က ပြုံးသည်။ “ဧကရာဇ်အတွက် ခက်ခဲမှန်း ကျွန်တော်မျိုး နားလည်ပါတယ်... ကောင်းကင်နတ်အရှင်ဟောင်ကသာ....”
ကောင်းကင်နတ်ဧကရာဇ်သည် သူ့အား တစ်ချက် လှမ်းကြည့်၏။ ကောင်းကင်နတ်အရှင်ယွင်မှာ နားလည်သဖြင့် တိတ်ဆိတ်သွားသည်။
ရုတ်တရက် မဟာနေဧကရာဇ်မှာ ရေးကြီးသုတ်ပျာ ပြေးလာကာ ဦးညွှတ်အရိုအသေပေး၍ အစီအရင်ခံလေသည်။ “ဧကရာဇ်၊ အခြေအနေ မကောင်းတော့ဘူး...”
ကောင်းကင်နတ်ဧကရာဇ်က မျက်မှောင်ကြုတ်၍ ဆူပူလိုက်သည်။ “ဘာဖြစ်တာလဲ.... ကောင်းကင်ဘုံတွေက အခုဆို အေးချမ်းပြီး ကြွယ်ဝချမ်းသာနေကြပြီ... အားလုံးလည်း ပျော်ပျော်ရွှင်ရွှင် နေထိုင်နေကြပြီ ... ဘာလို့ အခြေအနေ မကောင်းရမှာလဲ”
မဟာနေဧကရာဇ်က အလောတကြီး လျှောက်တင်သည်။ “ရှေးဟောင်းနတ်ဘုရား ၂၈ ပါးက ကောင်းကင်နတ်ဘုံရဲ့ နတ်ဘုရားစီရင်ရာစင်မြင့်ကို လာငှားသွားပါတယ်ခင်ဗျာ... ကြည့်ရတာ ပြဿနာအကြီးကြီး ရှာတော့မယ့်ပုံပဲ....ကျွန်တော်မျိူး ဧကရာဇ်အမိန့်အတိုင်း စောင့်ကြည့်နေခဲ့တာ ဒီနေ့ နတ်ဘုရားတစ်ပိုင်းတွေ ထူးထူးဆန်းဆန်း ပြုမူနေကြတာ တွေ့ခဲ့တယ်... သူတို့က နတ်ဘုရား ၂၈ ပါးနဲ့ အပေးအယူလုပ်ထားတဲ့ပုံပဲ... ဒါ... ဒါက.... “
သူက အံတင်းတင်းကြိတ်၍ သတ္တိမွေးကာ လျှောက်တင်လိုက်၏။ “ဒါက အိမ်ရှေ့စံမင်းသားချီနဲ့လည်း ပက်သက်နေတဲ့ပုံပါပဲ... “
ကောင်းကင်နတ်ဧကရာဇ် မျက်နှာပျက်သွားသည်။ သူ့ထံမှ အသတ်အဖြတ်စိတ်ဆန္ဒတို့ ခံစားလိုက်ရသဖြင့် မဟာနေဧကရာဇ်မှာ ကြက်သီးတဖြန်းဖြန်း ထသွားချေသည်။
“ဧကရာဇ်က ကျွန်တော့်ကို တာဝန်ကြီး ပေးအပ်ပြီး ယုံကြည်ပေးခဲ့တာဆိုတော့ ကျွန်တော်မျိုးလည်း လျှောက်တင်မှဖြစ်မှာမလို့ပါ... ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးတော်မူပါ”
မဟာနေဧကရာဇ်က ဆက်လက်လျှောက်တင်သည်။ “မြေအောက်ဘုံအရှင်သခင် လူပြန်ဝင်စားလိုက်ပါတယ်... အိမ်ရှေ့မင်းသားက ရှေးဟောင်းနတ်ဘုရား ၂၈ ပါးအပြင် တခြားနတ်ဘုရားတစ်ပိုင်းတွေနဲ့ ပူးပေါင်းရင်း မြေဘောက်ဘုံအရှင်သခင်ကို သတ်ပြီးတော့ ယိုတုကို အပိုင်စီးချင်နေတာလို့ ကျွန်တော်မျိုး သံသယရှိမိပါတယ်... အိမ်ရှေ့မင်းသားချီက ရက်စက်ကြမ်းကြုတ်တယ်... သူသာ အောင်မြင်သွားရင် သူ့ရည်မှန်းချက်ကို မထိန်းနိုင်တော့ဘဲ ပလ္လင်ကို မျှော်မှန်းပြီးတော့ ဧကရာဇ်ကို ခြိမ်းခြောက်လာနိုင်ပါတယ်”
“ရာရာစစ”
ကောင်းကင်နတ်ဧကရာဇ်က ငေါက်ငမ်းလိုက်သည်။ “မဟာနေဧကရာဇ်၊ မင်းကများ ရာရာစစ ငါနဲ့ ငါ့သားတော်ကြားမှာ ကုန်းတိုက်ရဲတယ်ပေါ့”
မဟာနေဧကရာဇ်က တုန်ရီစွာဖြင့် ပြန်လည်တုံ့ပြန်သည်။ “ကျွန်တော်မျိုးက ဧကရာဇ်ရဲ့ အင်ပါယာအရေးအတွက် တွေးမိလို့ပါခင်ဗျာ... မြေအောက်ဘုံအရှင်သခင်က အင်ပါယာအတွက် အများကြီး အကျိုးပြုခဲ့ပါတယ်... အိမ်ရှေ့မင်းသား သူ့ကို ရှင်းလင်းဖို့ လုပ်နေတာက ဧကရာဇ်ရဲ့ တောင်ပံတွေကို ဖြတ်ဖို့ ကြိုးစားတာပါပဲ”
“ထွက်သွားစမ်း”
ကောင်းကင်နတ်ဧကရာဇ်က လက်ညှိုးထိုး၍ အေးစက်စွာ ပြောသည်။ “ထွက်သွားစမ်း.. ယွင်၊ မင်းလည်း သွားတော့”
ကောင်းကင်နတ်အရှင်ယွင်လည်း ဦးညွှတ်အရိုအသေပေး၍ မဟာနေဧကရာဇ်နှင့်အတူ ထွက်ခွာလာသည်။
မဟာနေဧကရာဇ်က ဒေါသများဖြင့် ပြောသည်။ “သူ ကျုပ်ပြောတာ မယုံရင် မကြာခင် မိဖုရားဆောင်မှာ ပြဿနာတွေ ဖြစ်လာလိမ့်မယ်”
ကောင်းကင်နတ်အရှင်ယွင်မှာ သူ့ကို ကြည့်ကာ ပြောပြလိုက်သည်။ “ဧကရာဇ်က ခင်ဗျားကို မယုံဘဲ နေပါ့မလား... ခင်ဗျား သိထားတာတွေ များနေလို့ သူ ဒေါသထွက်နေတာ”
မဟာနေဧကရာဇ်မှာ နားမလည်သဖြင့် ရှင်းပြပေးရန် ကျိုးကျိုးနွံနွံ တောင်းဆိုသည်။ “ကောင်းကင်နတ်အရှင်ယွင်၊ ကျုပ်ကို ရှင်းပြပေးနိုင်မလား”
ကောင်းကင်နတ်အရှင်ယွင်က ရှင်းပြသည်။ “ခင်ဗျားက ကောင်းကင်ဘုံတွေထဲက ကိစ္စတွေကို စောင့်ကြည့်ပြီး ကောင်းကင်နတ်ဧကရာဇ်ဆီ ပြန်လျှောက်တင်ဖို့ တာ၀န်ပေးခံထားရတာလေ... ကိုယ့်အမြင်မပါဘဲ စောင့်ကြည့်ရင်း လျှောက်တင်ရုံပဲ... ဘာမှ လျှောက်မတွေးဘဲ အစီအရင်ပဲ ခံနေရင် အသက်ရှင်နိုင်သေးတယ်... ခင်ဗျား လျှောက်တွေးပြီး ထင်တာတွေ ပြောနေရင်တော့ ကိုယ့်ကိုယ်ကို သေမှန်းတောင် မသိလိုက်ဘဲ သေရလိမ့်မယ်”
သူက မဟာနေဧကရာဇ်အနား ကပ်၍ သတိပေးလိုက်သည်။ “ဒီကောင်းကင်နတ်ဘုံမှာ သိတာများလေ ခင်ဗျားအတွက် အန္တရာယ်ရှိလေပဲ... ခင်ဗျားနေရာက အခု အန္တရာယ်အများဆုံးဖြစ်နေတယ်.... သတိထားနေပါ”
မဟာနေဧကရာဇ် ကြောင်အသွားသည်။ သူက သူ၏ငှက်ခြေထောက်ကို မြှောက်၍ မေးစေ့အား ပွတ်လိုက်သည်။ ‘ဒီကောင်းကင်နတ်အရှင်ယွင်က ယုတ္တိမရှိတာတွေ ပြောတတ်တဲ့ မျိုးမစစ်ကောင်ပါလား... ငါက ဧကရာဇ်ကို သစ္စာခံထားတာ... ဘယ်သူက ငါ့ကို အကောက်ကြံရဲမှာလဲ'
ရထားလှည်းက တောင်ကောင်းကင်မုခ်၀သို့ ရောက်ရှိလာသည်။ ထိုအခိုက်အတန့်တွင် ကြောက်လန့်ဖွယ် အားလှိုင်းကြီးတစ်လှိုင်း ထွက်ပေါ်လာပြီး အမှောင်ထုကြီးသည်က ကမ္ဘာဦးဘုံ၏ ကောင်းကင်ကို ဖုံးလွှမ်းသွားတော့၏။
ချင်မူမှာ ရင်ထဲ ထိတ်သွားပြီး နောက်သို့ လှည့်ကြည့်လိုက်မိသည်။ ကောင်းကင်ဘုံတစ်ဘုံသည် နှစ်ခြမ်းကွဲသွားပြီး နွားဦးခေါင်း၊ ကျားမျက်နှာဖြင့် ဧရာသတ္တဝါကြီးတစ်ကောင်က ဒေါသတကြီး ဟိန်းဟောက်နေ၏။
ထိုနေ့တွင် ယိုတု၏ မဟာတာအိုက သံကြိုးများအဖြစ် ကမ္ဘာဦးဘုံသို့ ကျူးကျော်လာခဲ့ပြီး ထိုသတ္တဝါကြီးကိုသာမက ပျက်စီးသွားသည့် ကောင်းကင်ဘုံကိုပါ ချုပ်နှောင်ခဲ့ချေသည်။
တစ်ချိန်တည်းမှာပင် နန်းတော်တင်ထားသော ဧရာမအစိမ်းရောင်ငှက်ကြီးက ယိုတုထံ ပျံသန်းသွားသည်။
တိုင်၌ ချည်ထားခံရသော လူက ရယ်နေသည်။ “ဟုတ်တယ်....ကိုယ်တို့ ယိုတု သွားပြီး မြေအောက်ဘုံအရှင်သခင်ရဲ့ ရုပ်ခန္ဓာကို ယူဖို့ ကြိုးစားကြတာပေါ့... သူ့ကို ရတာနဲ့ ကမ္ဘာခေတ်ဦးမျိုးနွယ်တွေနဲ့ နတ်ဘုရားတစ်ပိုငမးတွေအားလုံးရဲ့ အသက်ကို ထိန်းချုပ်လို့ရပြီ”
“ပါးစပ်ပိတ်ထားစမ်း... နောက်တစ်ခွန်း ဟလို့ကတော့ နှစ်ပိုင်းဆွဲဖြဲပစ်မယ်”
ရထားလှည်းသည် တောင်းကောင်းကင်မုခ်ဝဆီသို့ အလောတကြီး မောင်းဝင်သွား၏။ နတ်ဘုရားများ၊ မိစ္ဆာများစွာ ကောင်းကင်နတ်ဘုံဆီ ပြုံတိုး၀င်ရောက်လာကြသဖြင့် မုခ်ဝကို စောင့်ကြပ်နေသော ကောင်းကင်နတ်ဘုံ၏ စစ်တပ်မှာ သူတို့အား အရေးစိုက်၍ ဟန့်တားမနေချေ။ နေရာတိုင်းတွင် အော်ဟစ်ညီးတွားသံများ ပြည့်နှက်နေကြသည်။
ကောင်းကင်နတ်ဘုံ၏စစ်တပ်သည် ကမ္ဘာဦးဘုံအား ကြောင်အလျက် ငေးကြည့်နေကြ၏။
သူတို့၏ မျက်လုံးများက ဧရာမကောင်းကင်ဘုံကြီးတစ်ဘုံကို နင်းလျက် မြင့်သထက် မြင့်တက်လာနေသော မြေအောက်ဘုံအရှင်သခင်၏ ခန္ဓာကိုယ်ကြီးနှင့်အတူ မြင့်တက်သွားကြသည်။
မြေအောက်ဘုံအရှင်သခင်၏ အောက်တွင် ဧရာမဒယ်အိုကြီးတစ်အိုး လှည့်ပတ်နေသည်။ အဆိုပါဒယ်အိုးကြီးကား ကောင်းကင်နတ်ဘုံ၏ နတ်ဘုရားစီရင်ရာစင်မြင့်နှင့် မရေမတွက်နိုင်သော အသက်ပေါင်းများစွာဖြင့် သွန်းလုပ်ထားခြင်း ဖြစ်လေသည်။
၎င်းတွင် နာမည်ရှိသည်။ နာမည်ကား.... သားသတ်ဒယ်အိုး ဖြစ်ချေ၏။
မရေမတွက်နိုင်သော နတ်ဘုရားတစ်ပိုင်းများမှာ အော်ဟစ်ငိုကြွေးလျက် ကောင်းကင်နတ်ဘုံဆီသို့ ပြေး၀င်လာကြသည်။
ရှေးဟောင်းနတ်ဘုရား ၂၇ ပါး ပေါ်ထွက်လာပြီး မြေအောက်ဘုံအရှင်သခင်အား ကြိုဆိုကြသည်။ “မြေအောက်ဘုံအရှင်သခင်၊ သူတို့က ဒီအတိုင်း ဆော့ကစားနေကြတာပါ... ဒေါသထွက်စရာမလိုပါဘူး”
သစ်သားဝံပုလွေခွေ့က ပြေးလွှားနေကြသော နတ်ဘုရားတစ်ပိုင်းများကို လှမ်းငေါက်သည်။ “မင်းတို့ကောင်တွေ လာပြီး မတောင်းပန်ကြဘူးလား”
ထိုနေ့တွင် ဝင်ရိုးစွန်းလေးခုအား စောင့်ကြပ်သည့် ရှေးဟောင်းနတ်ဘုရား ၂၇ ပါးသည် သားသတ်ဒယ်အိုး၏ မျက်နှာများ ဖြစ်လာခဲ့ကြ၏။
အားချိုကား ဒေါသမီးများ တဟုန်းဟုန်း တောက်လောင်လျက် တောင်ကောင်းကင်မုခ်ဝသို့ ရောက်ရှိလာခဲ့ချေပြီ။
ကောင်းကင်နတ်ဘုံ၏ စစ်တပ်သည် နေရာယူတပ်ခင်း၍ ဝမ်းနည်းပူဆွေးနေသော ဤမိစ္ဆာနတ်ဘုရားကြီးဆီ ပြေးဝင်သွားကြ၏။ တစ်ချိန်တည်းမှာပင် ချင်မူ၏ရထားလှည်းက ကသောင်းကနင်း အခြေအနေများကြားမှ တောင်နတ်မင်းကျုချွဲ၏ ကောင်းကင်နန်းတော်ဆီ တန်းတန်းမတ်မတ် ဦးတည်နေသည်။
သူ နောက်ပြန်လှည့်ကြည့်သည့်အခါ အားချိုထံ ဦးတည်သွားသော ကောင်းကင်နတ်ဘုံ၏ စစ်တပ်မှာ အလောင်းများ ဖြစ်သွားခဲ့လေပြီ။
ယနေ့ကား နတ်ဘုရားများတို့၏ အဆုံးသတ်နေ့ရက်ကဲ့သို့ပင်။
အင်အားကြီးမားသော ရှေးဟောင်းနတ်ဘုရားများနှင့် နတ်ဘုရားတစ်ပိုင်းများပင်လျှင် အားချို၏ စွမ်းအားနှင့် ထိတွေ့မိသည်နှင့် ဝိညာဉ်များ ဖျက်ဆီးခံလိုက်ရ၏။
ကောင်းကင်နတ်ဘုံ၏ အင်အားမှာ အပြင်းအထန် ထိခိုက်သွားတော့သည်။
မဟာတာအိုဖြင့် ချည်နှောင်ခံထားရသော အရုပ်ဆိုးဆိုးလူသည် အမှောင်ဘုံတစ်ဘုံကို ဆွဲလျက် ကောင်းကင်နတ်ဘုံထဲ ဝင်ချလာ၏။ ချော်ရည်ပူနှင့် မိစ္ဆာအငွေ့အသက်တို့က သူ့အောက်ရှိ ကမ္ဘာထဲတွင် ရောနှောနေပြီး ချော်ရည်ပူများက အပြင်သို့ ထွက်လာကြသည်။
အားချို၏ ဧရာမလက်သီးကြီးက တောင်ကောင်းကင်မုခ်၀ထံသို့ ကျဆင်းသွားကြောင်း ချင်မူ ခပ်ရေးရေး မြင်လိုက်ရ၏။ တောင်ကောင်းကင်မုခ်၀မှာ လက်သီးချက်အောက်၌ ပြိုလဲသွားချေသည်။
အရှေ့တွင် ကောင်းကင်နတ်ဘုံစစ်တပ်၏ မရေမတွက်နိုင်သော စစ်သည်တော်များက တောင်းကောင်းကင်မုခ်၀ထံသို့ ချီတက်လာနေကြရာ ရထားလည်းအတွက် ရှေ့ဆက်သွားရန် ခက်နေတော့သည်။ သို့သော် နောက်တခဏတွင် မြေအောက်ဘုံအရှင်သခင်၏ လက်သီးချက်က မုန်တိုင်းတစ်လုံး ဖွဲ့တည်သွားစေသဖြင့် သူတို့နှင့် နန်းဆောင်များကို မြောက်တက်သွားကြသည်။
မုန်တိုင်းထဲတွင် နတ်ဘုရားပေါင်းများစွာ အပိုင်းပိုင်း စုတ်ပြတ်ကုန်သည်။ မူလဝိညာဉ်များလည်း ပြိုကွဲကုန်ပြီး ဝိညာဉ်များသည် သားသတ်ဒယ်အိုးထဲ ဆင်းသက်သွားကြရ၏။
သားသတ်ဒယ်အိုး၏ အရှိန်အဝါကား ပိုပို၍ ကြောက်မက်ဖွယ် ကောင်းလာ၏။
ရထားလှည်းမှာလည်း မြောက်တက်သွားပြီး မီးငှက်ကောင်းကင်နန်းတော်အပေါ်မှ ကျောက်စိမ်းမြို့တော်ဆီ လွင့်သွားသည်။
ယန်အာက ဟိန်းဟောက်၍ ကောင်းကင်နတ်သိုင်းကို အသက်သွင်းကာ ရထားလှည်းအား ကာကွယ်လိုက်သည်။ ကောင်းကင်နဂါးများလည်း သူတို့အသက်ကိုသူတို့ ကာကွယ်ကြသည်။ ထိုအချိန်တွင် ရထားလှည်းတွင် ချိတ်ထားသော မီးအိမ်မှာ ငြိမ်းလုဆဲဆဲ ဖြစ်သွားကြောင်း တွေ့လိုက်ရ၏။
ချင်မူက ချက်ချင်းဆိုသလို လက်ဖြင့် လှမ်းကာပေးလိုက်သည်။
အဆုံးမရှိသော အမှောင်ထုသည် အမှောင်ဒီရေလှိုင်းကြီးသဖွယ် ကောင်းကင်နတ်ဘုံအထဲ ၀င်ရောက်လာပြီး လမ်းတလျှောက်၌ ရှိသော အရာမှန်သမျှအား ဖုံးလွှမ်းသွား၏။ နေလုံးကြီးထံမှ သွန်းလုပ်ထားသော မီးအိမ်များနှင့် လမင်းကြီးဆီမှ သွန်းလုပ်ထားသည့် အလင်းပုလဲများပင်လျှင် အမှောင်မိစ္ဆာအငွေ့အသက်တို့ အောက်ဝယ် ငြှိမ်းသတ်ခံလိုက်ရချေပြီ။
အငွေ့အသက်၊ အရှိန်အဝါတို့မှာ ကြမ်းတမ်းလွန်းသောကြောင့် လွှမ်းခြုံခံလိုက်ရသူ မှန်သမျှ သားသတ်ဒယ်အိုး၏ ဝါးမြိုခြင်း ခံလိုက်ရာ မျက်နှာများ ဖြစ်ကုန်ကြသည်။
ချင်မူလည်း ဒေါသတကြီး အော်ဟစ်လိုက်သံကြီးအား ကြားလိုက်ရသည်။ အသံပိုင်ရှင်ကား အားချိုပင်။
ရထားလှည်းသည် ကျောက်စိမ်းမြို့တော်ကို ဝင်တိုက်၍ မိုင်ပေါင်းများစွာ လွင့်ထွက်သွားပြီးနောက်မှ ရပ်တန့်သွား၏။
ချင်မူ မီးငှက်ကောင်းကင်နန်းတော်သို့ ပြန်သွားတော့မည့်အချိန် နန်းတော်မှာ အမှောင်ထု၏ လွှမ်းခြုံခြင်း ခံလိုက်ရကြောင်း တွေ့လိုက်ရတော့သည်။ သူ ကြက်သီးမွေးညင်းများ ထသွာမိသည်။ အမှောင်ထုထဲ တဇွတ်ထိုး ဝင်ရောက်သွားပါက ဝေစွေ့ဖုန်း၏ မီးအိမ်မှာ အားချိုကို မတွန်းလှန်နိုင်သောကြောင့် ငြိမ်းသေသွားနိုင်သည်။
ထိုသို့ဖြစ်လျှင် တောင်နတ်မင်းကျုချွဲအား တွေ့နိုင်တော့မည်မဟုတ်။
အမှောင်ထုသည် လှိုင်းထန်နေသည့် သမုဒ္ဒရာကြီးတစ်စင်းလား အရားအားလုံးကို ဝါးမြိုနေ၏။ ၎င်းကား ကျောက်စိမ်းမြို့တော်အား ဝင်တိုက်လိုက်ချေပြီ။
ထိုအချိန်တွင် ကောင်းကင်နတ်ဘုံ၏ ကျောက်စိမ်းမြို့တော်ဆီမှ အရောင်အဝါများ တောက်ပလာကာ ယိုတု၏မိစ္တာအရှိန်အဝါအား တွန်းထုတ်လိုက်သည်။
ချင်မူမှာ စိတ်သက်သာရာရသွးပြီး သက်ပြင်းချနိုင်သွားသည်။ သို့သ်ော အနားမယူနိုင်သေးဘဲ ကောင်းကင်နတ်ဧကရာဇ်၏ မိဖုရားဆောင်ဆီသို့ ကျောက်စိမ်းမြို့တော်မှ နတ်ဘုရားများနှင့်အတူ ပြေးလိုက်ရသည်။
အဘယ်ကြောင့်ဆိုသော် သားသတ်ဒယ်အိုးသည် တဝီးဝီး လည်လျက် အားချို၏လက်ထဲမှတဆင့် သူတို့ထံ ပျံသန်းလာနေ၍ပင်။ ၎င်းက ကျောက်စိမ်းမြို့တော်၏ တံတိုင်းများအား တိုက်ချနင်းခြေ ပစ်လိုက်သည်။
ဒယ်အိုးထဲတွင် မရေမတွက်နိုင်သော မျက်နှာများက ခါးခါးသးသီး အော်ဟစ်နေကြ၏။ ၎င်းတို့က အရပ်လေးမျက်နှာတွင် ပျံသန်းနေပြီး ထွက်ပြေးနေသည့်လူများထံ ပြေး၀င်လာနေကြသည်။
အနောက်တွင် ပြင်းထန်သော မုန်တိုင်းကြီး ပေါ်လာပြန်သည်။ ၎င်းက အားချိုထံမှ နောက်ထပ်တိုက်ကွက်တစ်ကွက်ပင်။
ကောင်းကင်နဂါး ရတနာရထားလှည်းမှာ မုန်တိုင်းကြောင့် ထပ်မံမြောက်တက်သွားကြပြန်ပြီး သူတို့အကြားရှိ နန်းတော်များမှာ မုန်တိုင်းကြောင့် အစိတ်စိတ်အမြွှာမြွှာ ဖြစ်ကုန်ကြသည်။
ကောင်းကင်နဂါး ရတနာရထားလှည်း ပြန်ကျသွားသည့်အချိန်တွင် အားလုံး ရုတ်တရက် ငြိမ်သက်သွားသည်။ ချင်မူ လှည့်ကြည့်လိုက်ရာ သူတို့နောက်၌ နတ်ကောင်းကင်ခန်းမအား မြင်တွေ့ရ၏။ ထိုနေရာတွင် အင်အားကြီးမားသော ရှေးဟောင်းနတ်ဘုရားများက မားမားမတ်မတ် ရပ်၍ အားချိုထံမှ မုန်တိုင်းကို ခုခံနေကြသည်။
ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်၏ အရိပ်ကို မြင်တွေ့ရသည့်အခါ ချင်မူ့သူငယ်အိမ်များ ကျုံ့ဝင်သွားသည်။
ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်သည် မျက်စိကျိန်းမတတ် တောက်ပနေသော အရောင်အဝါတို့ ထုတ်လွှတ်နေ၏။ အာချို၏ ယိုတုမိစ္ဆာအရှိန်အဝါပင်လျှင် မထိုးဖောက်နိုင်ချေ။
‘ကောင်းတယ်... မကြားခင် အားချို ယိုတုဆီ ပြန်ပို့ခံရတော့မယ်.. ပြီးရင် ဖရိုဖရဲဖြစ်နေတဲ့ အခြေအနေကြားမှာ ငါ မီးငှက်ကောင်းကင်နန်းတော်ထဲ ခိုး၀င်ပြီး တောင်နတ်မင်းနဲ့ တွေ့လို့ရပြီ'
ချင်မူမှာ စိတ်သက်သာရာရစွာဖြင့် တွေးမိသည်။ ‘ဒါပေမဲ့ ငါ ဒီရထားလှည်းကို ထပ်သုံးလို့ ရချင်မှရတော့မှာ... ဒါက အရမ်းထင်ပေါ်လွန်းတယ်.... မူချင်းမျက်နှာနဲ့ ဟန်ဆောင်ရတာလည်း ခက်လာပြီ... ငါ မျက်နှာအသစ် ရှာရတော့မယ်’
သူက ရထားလှည်းအပြင်သို့ ခုန်ဆင်း၍ မီးအိမ်ကို လှမ်းပြောလိုက်သည်။ “မမကြီးယန်အာ၊ ဖက်တီးနဂါး... ဒါက ကောင်းကင်နတ်ဘုံပဲ.... လူတွေအများကြီးဆိုတော့ လှုပ်ရှား ဖို့ခက်လိမ့်မယ်...မင်းတို့အားလုံးကို ငါ့မျက်ခုံးနှစ်ဖက်ကြားမှာ သိမ်းထားပေးမယ်”
သူတို့ ပြန်မပြောနိုင်ခင် သူ့မျက်ခုံးနှစ်ဖက်ကြားရှိ မျက်လုံးသည် ပွင့်လာ၏။ အလင်းတန်းတစ်တန်းက ကောင်းကင်ရတနာရထားလှည်းပေါ်တွင် တောက်ပလာချေသည်။
နဂါးချီလင်၊ ယန်အာ၊ ကောင်းကင်နဂါးခြောက်ကောင်နှင့် ရထားလှည်းမှာ ပျောက်ကွယ်သွားသည်။ သူတို့အားလုံး ချင်စာလုံးမြေပြင်ထဲ၌ သိမ်းဆည်းခံလိုက်ရချေပြီ။
ချင်မူက ညည်းတွားရင်း ဖန်ဆင်းစာသားကို အသုံးပြုလိုက်သည်။ ချက်ချင်းဆိုသလို သူ၏ ရုပ်ရည်သွင်ပြင်က လော့ရှောင်အဖြစ် ပြောင်းလဲသွား၏။ သူက တွေးလိုက်သည်။ ‘မင်းရဲ့ ရုပ်ကိုသုံးလို့ စိတ်မဆိုးဘူးမလား.... အစ်ကိုသုံး’
ထိုအခိုက်အတန့်တွင် ကောင်းကင်နတ်အရှင်ဟောင်အား ဖျတ်ခနဲ မြင်လိုက်ရလေသည်။
ချင်မူမှာ မှင်သက်သွားပြီး မိဖုရားဆောင်အနောက်တွင် ကပျာကယာ ပုန်းလိုက်၏။
‘သူက ဘာလို့ သူ့အိမ်မှာ ခိုးကြောင်ခိုးဝှက် လုပ်နေတာလဲ’
ကောင်းကင်နတ်အရှင်ယွင်ကိုလည်း တွေ့လိုက်ရသဖြင့် ချင်မူ ပို၍ ဇဝေဇဝါဖြစ်သွားသည်။
ချင်မူမှာ အတော်လေး အံ့ဩနေ၏။ ကောင်းကင်နတ်အရှင်ယွင်သည်လည်း ကောင်းကင်နတ်အရှင်ဟောင်နောက်မှ လိုက်သွားလေသည်။
ချင်မူက ရင်တဒိန်းဒိန်း ခုန်နေသော်လည်း သူတို့နောက်မှ ခိုး၍လိုက်သွားသည်။
အရှေ့တွင် ကောင်းကင်နတ်အရှင်ဟောင်သည် နန်းဆောင်ကို စောင့်ရှောက်နေသော နန်းတွင်းသူများနှင့် ပက်ပင်းတိုးသွား၏။ ရုတ်တရက် သူ၏အရိပ်က ကြီးထွားလာကာ သူတို့အား အမှုန့်ခြေပစ်လိုက်သည်။ ထို့နောက် အဖြူရောင်အလံတစ်ရွက် ထုတ်ပြီး သူတို့ဝိညာဉ်များအား သိမ်းဆည်းလိုက်၏။
‘ကောင်းကင်ယင်သားတော်ရဲ့ ရတနာ’ ချင်မူက အခြေအနေကို စောင့်ကြည့်နေသည်။
ကောင်းကင်နတ်အရှင်ဟောင်နောက်မှ လိုက်လာသော ကောင်းကင်နတ်အရှင်ယွင်က အဝါရောင်စက္ကူတစ်ရွက် ထုတ်ပြီး သူ့ကိုယ်သူ ကပ်လိုက်၏။ သူ၏ရုပ်ရည်မှာ ချက်ချင်း ပြောင်းလဲသွားတော့သည်။
ချင်မူက မျက်တောင်ပုတ်ခတ်သွားမိသည်။ ‘ကောင်းကင်နတ်အရှင်ရုံရဲ့ ရတနာဟ... သူတို့က အားချို ပြဿနာရှာမှာ ခန့်မှန်းမိထားလို့ ကြိုတင်ပြင်ဆင်ထားတာပါလား... ကြည့်ရတာ ကောင်းကင်နတ်ဘုံထဲက ရတနာတချို့ လိုချင်နေတာဖြစ်ရမယ်.... ဘာကိုများ ခိုးချင်နေကြတာပါလိမ့်’