မူ, ယွင် နှင့် ဟောင်တို့ ပန္စဝိဒယနန်းဆောင်တွင် ပြန်လည်ဆုံတွေ့ခြင်း
Vol. 82 Ch. 1067
ကောင်းကင်နတ်ဘုံတစ်ဘုံလုံး အုတ်အော်သောင်းနင်း ဖြစ်နေစေသော အခြေအနေများကြောင့် တောင်နတ်မင်းကျုချွဲသည် နန်းဆောင်ထဲမှ ထွက်လာ၏။ သူမက အပေါ်သို့ မော့ကြည့်ပြီး အားချိုကို မြင်လိုက်ရသည်။ အားချိုသည် မရေမတွက်နိုင်သော တာအိုအချုပ်အနှောင်များနှင့်အတူ ဧရာမကမ္ဘာကြီးတစ်စင်းအား ဆွဲလျက် လျှောက်လာနေပြီး ကောင်းကင်နတ်ဘုံ၏ စစ်သည်တော်များကသူ့အား ဝန်းရံထားကြသည်။ “အိမ်ရှေ့စံမင်းသားတော့ ဒီတစ်ခါ များသွားပြီ.. ဒါပေမဲ့ ဟိုတစ်ယောက် လွှတ်ထားလို့သာ မဟုတ်ရင် သူ ဒီလိုလုပ်ရဲမှာမဟုတ်ဘူး”
သူမက အေးစက်စက် ရယ်လျက် ကောင်းကင်နတ်ဘုံ၏ အလယ်ဗဟိုသို့ ကြည့်လိုက်သည်။ “နင် ဘာတွေ ကြံစည်နေတာလဲ ကောင်းကင်နတ်ဧကရာဇ်”
“နင် ကောင်းကင်နတ်ဘုံကို တည်ထောင်ခဲ့တုန်းက ငါတို့နတ်ဘုရားတွေရဲ့ စွမ်းအားကို စုစည်းပြီး နင့်အပိုင် ဖြစ်အောင် လုပ်ခဲ့ပြီးပြီလေ... ငါတို့ကို စိုးရိမ်နေတုန်းလား”
သူမသည် တစ်ကိုယ်တည်း ခပ်တိုးတိုး ရေရွတ်နေ၏။ “ဟုတ်တယ် မြေအောက်ဘုံအရှင်သခင်နဲ့ ကောင်းကင်နယ်စားမင်းက သန်မာလွန်းတယ်... သူတို့ကို နင် မထိန်းချုပ်နိုင်ဘူး.. ဒါပေမဲ့ သူတို့ရဲ့ အားနည်းချက်တွေကို ရထားသရွေ့ နင် သူတို့ကို ထိန်းချုပ်နိုင်မယ် မဟုတ်လား.. ကောင်းကင်နယ်စားမင်းကို ပညာပြပြီးပြီဆိုတော့ အခု မြေအောက်ဘုံအရှင်သခင် အလှည့်ပေါ့လေ”
သူမက စိတ်ပျက်စွာဖြင့် ဆက်ပြောနေသည်။ “မကြာခင် အမိကမ္ဘာမြေ အလှည့်ရောက်လာလိမ့်မယ်... ပြီးရင် ကောင်းကင်နတ်အရှင်ယွင်... ပြီးသွားရင်တော့ ငါတို့နတ်မင်းလေးပါးအလှည့်ပေါ့လေ... ဒါပေမဲ့ ငါ ဘာမှမလုပ်ဘဲ ဒီတိုင်းငြိမ်နေမှာမဟုတ်ဘူး”
ထိုနေ့တွင် ကောင်းကင်နတ်ဘုံ၏ ရာသီဥတုကား မကောင်းလှပေ။ အားချို ကောင်းကင်နတ်ဘုံအား တိုက်ခိုက်မှုက ရှေးဟောင်းနတ်ဘုရားများနှင့် နတ်ဘုရားတစ်ပိုင်းများစွာ ကျဆင်းစေခဲ့သည်။ ကောင်းကင်နတ်ဘုံ၏ စစ်တပ်သည်လည်း အသေအပျောက် များခဲ့၏။
အဆုံးသတ်တွင် အားချိုမှာ ကျောက်စိမ်းမြို့တော်သို့ ရောက်သည့်အခါ ကောင်းကင်နတ်ဧကရာဇ်ထံတွင် ရှုံးနိမ့်သွား၍ ယိုတုသို့ ပြန်လည်ပို့ဆောင်ခံလိုက်ရသည်။
ကောင်းကင်နတ်ဧကရာဇ်က လက်ဝါးဖြန့်၍ မြေအောက်ဘုံအရှင်သခင်၏ပခုံးပေါ်မှ ပြုတ်ကျလာသည့် ကလေးမလေးအား ဖမ်းယူလိုက်သည်။
ထိုအချိန်မှာပဲ ကောင်းကင်နတ်အရှင်ဟောင်နှင့် ကောင်းကင်နတ်အရှင်ယွင်တို့သည် ကျောက်ယန်ခန်းမမှ လွတ်မြောက်လာကြ၏။ နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ကြည့်ပင်မကြည့်ဘဲ ခိုးရာပါပစ္စည်းတို့ဖြင့် ထွက်သွားကြသည်။
မကြာမီ ခြေတစ်လှမ်းနောက်ကျနေသည့် ချင်မူလည်း ကျောက်ယန်ခန်းမထဲမှ ထွက်လာသည်။ သူက မိဖုရားဆောင်မှ အခြွေအရံများကို ရှောင်တိမ်းရင်း လမ်းတွင် ရုပ်ဖျက်ကာ ကျောက်စိမ်းမြို့တော်ထဲ ခိုးဝင်လာသည်။ များစွာမကြာလိုက်ဘဲ သူသည် လော့ရှောင်အသွင်ဖြင့် အပြင်ရောက်လာ၏။
တစ်ချိန်တည်းမှာပင် အစိမ်းရောင်ငှက်ကြီးက ယိုတုဆီသို့ ပြေး၀င်သွားသော်လည်း နောက်ကျသွားချေပြီ။
နတ်ဘုရင်ကုန်းယွင်သည် မြေအောက်ဘုံအရှင်သခင် နိုးထလာနေသည်ကို မြင်လိုက်ရ၏။ သူက ငရဲရှိ မျက်လုံးများကို ဖွင့်လျက် ကောင်းကင်နတ်ဘုံဆီ မော့ကြည့်သည်။ သူ၏မျက်လုံးများတွင် မည်သည့်ခံစားချက်မှ မရှိချေ။
မြေအောက်ဘုံအရှင်သခင်က ငှက်ကြီးဆီ ကြည့်မနေသော်လည်း သူ လက်မြှောက်လိုက်သည့်အခါ တစ္ဆေမြစ်၏ ရေလှိုင်းများက ငှက်ကြီးနှင့် ၎င်းအပေါ်ရှိ နန်းတော်သို့ ဦးတည်စီးဆင်းသွားသည်။
သူ၏အကြည့်ကား ကောင်းကင်နတ်ဧကရာဇ်၏ လက်ထဲရှိ၊ သူ၏သမီးပေါ်တွင် ဖြစ်သည်။
နတ်ဘုရင်ကုန်းယွင် ကျောရိုးတစ်လျှောက် စိမ့်အေးသွားသည်။ သူမ ရေလှိုင်းများကို ခုခံတော့မည့်အချိန် တဟုန်၏ ကိုယ်အပေါ်ရှိ အချုပ်အနှောင်များမှာ ကျိုးပျက်သွားသည်။ သူက အချုပ်အနှောင်များကြားမှ ထွက်လာကာ ဧရာမငှက်ကြီးတစ်ကောင်အသွင်ဖြင့် အပေါ်သို့ ပျံတက်လိုက်သည်။ ထို့နောက် တဟားဟား ရယ်လျက် လှမ်းအော်ပြောသည်။ “စိတ်အေးအေးထားပါ ချစ်ဇနီးလေး... ကိုယ်ရှိနေရင် မြေအောက်ဘုံအရှင်သခင် မင်းကို လျက်ဖျားနဲ့တောင် မထိစေရဘူး”
ကုန်းယွင်က တစ္ဆေမြစ်၏ တိုက်ခိုက်မှုကို ခုခံလိုက်ပြီး ဝင်တိုက်အားကြောင့် ဝိညာဉ်ပင် တုန်ခါသွားသည်။ ထိုအချိန်တွင် အားလှိုင်းတစ်ရပ်သည် တစ္ဆေမြစ်အား ဟန့်တားရန် ဝင်ရောက်လာ၏။ ၎င်းက မဟာဧကရာဇ်၏ ပေါ်ထွက်မလာသေးသော ခန္ဓာကိုယ်အစစ် ဖြစ်ချေသည်။
ကုန်းယွင်အနေဖြင့် ယိုတုမှ လွတ်မြောက်လိုလျှင် မဟာဧကရာဇ်၏စွမ်းအားကို အားကိုးရမည်ဖြစ်ကြောင်း သဘောပေါက်၏။
“တစ်လောကလုံးမှာ စွမ်းအားအကြီးဆုံး မိစ္ဆာနတ်ဘုရားရဲ့ သမီးတော်က ယိုတုမှာမဟုတ်ဘဲ သက်ရှိကမ္ဘာမှာ မွေးဖွားခဲ့ပြီ”
ကောင်းကင်နတ်ဧကရာဇ်၏အသံက အဝေးမှ ပျံ့လွင့်လာသော်လည်း မြေအောက်ဘုံအရှင်သခင်၏ နားထဲသို့ ရောက်သောအခါ ကြည်လင်ပြတ်သားနေသည်။ “အောက်ငရဲဘုံရဲ့ သမီးတော်ကို ဝေရှုလို့ အမည်တွင်စေမယ်... တာအိုရောင်ရင်း၊ ယိုတုရဲ့ မိစ္ဆာနတ်ဆိုးအရှိန်အဝါက သိပ်သည်းလှပေတယ်... ဒါကြောင့် ရှုကို ကောင်းကင်နတ်ဘုံမှာပဲ နေခိုင်းလိုက်ပါ့မယ်... ဘယ်လိုထင်လဲ”
မြေအောက်ဘုံအရှင်သခင်က အမှောင်ထုထဲသို့ အဆက်မပြတ် ပြုတ်ကျလာနေသော သူ၏လူဝင်စား အားချိုကို ကြည့်လိုက်သည်။
“အမျှော်အမြင်ရှိတဲ့ ဆုံးဖြတ်ချက်ပါပဲ ဧကရာဇ်”
ကောင်းကင်နတ်ဧကရာဇ်က ပြုံးတော်မူသည်။
ကျောက်စိမ်းမြို့တော်ထဲတွင် အိမ်ရှေ့မင်းသားချီသည် ကောင်းကင်နတ်ဧကရာဇ် အားချိုကို တိုက်ခိုက်နေသည့် မြင်ကွင်းအား တွေ့မြင်လိုက်ရပြီး ကျောချမ်းသွား၏။ ‘ကြည့်ရတာ ငါ့ခမည်းတော်ကို ဖယ်ရှားဖို့ အင်အား ငါ့မှာ မရှိသေးတဲ့ပုံပဲ... ဒါပေမဲ့ ငါ မြေအောက်ဘုံအရှင်သခင်ကို ရန်စပြီး ပြဿနာအကြီးကြီး ရှာလိုက်မိတော့ ခမည်းတော်က ငါ့ကို သည်းခံတော့မှာ မဟုတ်ဘူး... ငါ အခု ပုန်ကန်ရမယ်... နတ်ဘုရားတစ်ပိုင်းတွေ၊ ငါ့မယ်တော်နဲ့ ရှေးဟောင်းနတ်ဘုရားတွေအများကြီး ငါ့ဘက်မှာ ရှိသေးတယ်... ငါ ခမည်းတော်ကို မရှုံးလောက်ဘူး”
ထိုအခိုက်အတန့်တွင် ချင်မူသည် ကောင်းကင်နတ်ဘုံကို ဖြတ်၍ မီးငှက်ကောင်းကင်နန်းဆောင်ဆီသို့ ခပ်သုတ်သုတ် သွားနေ၏။ ကောင်းကင်နတ်ဘုံ၏ မိုးမင်းသားဆီမှ မိုးရေစက်များမှ လမ်းများထက်ရှိ သွေးစက်များအား ဆေးကြောသွားသည်။
အသက်ရှင်ကျန်ခဲ့သော နတ်ဘုရားတို့က သေဆုံးသူ၏ အလောင်းများအား သယ်ယူပို့ဆောင်နေကြသည်။
မြေအောက်ဘုံအရှင်သခင်အားချိုသည် မြေအောက်ဘုံအရှင်သခင်၏ အစစ်အမှန်ခန္ဓာကိုယ်ကို သုံး၍ ကောင်းကင်နတ်ဘုံအား ပြင်းပြင်းထန်ထန် ထိခိုက်ပျက်စီးစေခဲ့၏။ သို့ထိတိုင် ချင်မူမှာ အရဲစွန့်ခဲ့မှုကြောင့် အကျိုးအမြတ်များစွာ ရရှိခဲ့သည်။ မဟာဧကရာဇ်၏ မဟာကမ္ဘာဦးအစမူလကျောက်တုံးကိုလည်း ယူလာနိုင်ခဲ့သေးသည်။
ကျောက်တုံးအစအနများကို ဆက်လိုက်လျှင် ပြီးပြည့်စုံသော မဟာကမ္ဘာဦးအစ မူလကျောက်တုံးတစ်ခုကိုပင် ဖန်တီးနိုင်ပေလိမ့်မည်။
ယခုတွင် သူ့အနေဖြင့် တောင်နတ်မင်းကျုချွဲကို သွားတွေ့၍ သူမ၏ ရတနာတစ်ခု ယူရန်သာ ကျန်တော့သည်။ သို့မဟုတ် ဖြစ်လာမည့် သေခြင်းကို ရှောင်ရှားနိုင်အောင် ဝိညာဉ် ခွဲထုတ်၍ လူပြန်ဝင်စားရန် ပြောရပေမည်။
သူက အရှိန်တင်လိုက်သည်။ ပန္စဝိဒယကောင်းကင်နန်းဆောင်သို့ ရောက်လာသည့်အခါ နန်းတော်တံခါး၀အနောက်တွင် လူရိပ်တစ်ခု ရှိနေသည်။ လူရိပ်က ခပ်ပြတ်ပြတ် ပြော၏။ “မတွေ့ရတာ ကြာခဲ့ပြီ လော့ရှောင်”
ချင်မူမှာ လန့်သွားသဖြင့် ထိုသူအား လှည့်ကြည့်လိုက်မိသည်။ “ကောင်းကင်နတ်အရှင်ယွင်”
ကောင်းကင်နတ်အရှင်ယွင်သည် အေးစက်စက် နှာခေါင်းရှုံ့၍ ပန္စဝိဒယကောင်းကင်နန်းဆောင်ထဲ ဝင်လာ၏။ “၀င်ပါဦး... ဒါက ဓာတ်ကြီးငါးပါးရှေးဟောင်းနတ်ဘုရားတွေနဲ့ ကောင်းကင်နန်းတော်ပဲ... သူတို့က ကောင်းကင်နတ်အရှင်မူကြောင့် သေသွားပြီဆိုတော့ နေရာလွတ်သွားတယ်လေ”
ချင်မူလည်း ၀မ်းသာနေသည်ကို မြိုသိပ်ရင်း သူ့အနောက်မှလိုက်၍ သရုပ်မှန်အား ပြသတော့မည့်အချိန် ကောင်းကင်နတ်အရှင်ဟောင်အား အမှတ်မထင် မြင်လိုက်ရသည်။
ချင်မူ ဒိန်းခနဲ ရင်တုန်သွားပြီး သူ့ကိုယ်သူ ထိန်းချုပ်လိုက်ရသည်။
သူတို့နှစ်ယောက် ပန္စဝိဒယကောင်းကင်နန်းဆောင်သို့ ဝင်လာပြီး ချင်မူက ကောင်းကင်နတ်အရှင်ယွင်၏ဘေးသို့ သွားလိုက်သည်။
“ခင်ဗျားသေသွားတာကို ကျုပ်ကိုယ်တိုင် မြင်ခဲ့ရတယ်.... ကောင်းကင်နတ်မြစ်မှာ ခင်ဗျားက သေသွားတဲ့အပြင် ခင်ဗျားအလောင်းကလည်း ရေစီးနဲ့အတူ မျောသွားခဲ့တယ်’
ကောင်းကင်နတ်အရှင်ယွင်က တုံ့ခနဲ ရပ်ကာ ပြောသည်။ “ခင်ဗျား အသက်ရှင်နိုင်မှာမဟုတ်ပေမယ့် အခု ကျုပ် ခင်ဗျားကို နောက်တစ်ကြိမ် တွေ့နေရပြီ”
ကောင်းကင်နတ်အရှင်ဟောင်လည်း ၀င်ရောက်လာသည်ကို ခံစားလိုက်ရသဖြင့် ချင်မူက ဖြေလိုက်သည်။ “ကျွန်တော် အကယ်တင်ခံခဲ့ရတာပါ”
ကောင်းကင်နတ်အရှင်ယွင်က ပြောသည်။ “ခင်ဗျားရဲ့ မျက်လုံးနဲ့ အသိစိတ်အလျဉ်ကို ကျုပ်ဆီ အပ်ခဲ့တာလေ... ကျုပ် ခင်ဗျားရဲ့မျိုးနွယ်တွေနဲ့ တွေ့ခဲ့တယ်... အဲ့ဒီမှာ ခင်ဗျား ဘိုးဘေးဝိညာဉ် ဖြစ်သွားတာကို မြင်ခဲ့ရတယ်.. ခင်ဗျားရဲ့ ရုပ်ခန္ဓာ အသက်ရှိနေတုန်းမှာ အသိစိတ်အလျဉ်က ဘယ်လိုလုပ် ဘိုးဘေးဝိညာဉ် ဖြစ်နိုင်တာလဲ... ကျုပ် မသိတော့ဘူး”
ချင်မူက ဆို၏။ “ကျွန်တော်တို့က မတူဘူး.. ဝိညာဉ်သေတာက ကျွန်တော်တို့အတွက် တကယ် သေဆုံးသွားတာ မဟုတ်ဘူး.... အသိစိတ်အလျဉ် ဖယ်ရှားခံလိုက်ရတာကမှ အစစ်အမှန် သေဆုံးခြင်းပဲ”
“ဖြစ်နိုင်ပါတယ်”
ကောင်းကင်နတ်အရှင်ယွင်က ခေါင်းညိတ်သည်။ “ကျုပ် ခင်ဗျားရဲ့မျိုးနွယ်ဆီ သွားပြီး သူတို့ရဲ့ ကျင့်စဉ်တွေကို မြင်ခဲ့ရတယ်... အင်မတန် ထူးခြားကွဲပြားလွန်းပါပေတယ်.... ခင်ဗျားတို့တွေက ဘယ်လို လိမ်လည်လှည့်ဖြားရမလဲ သိတဲ့ပုံလည်း မပေါ်ကြဘူး... ဆက်သွယ်မှုတွေကလည်း အသိစိတ်အလျဉ် အထိအတွေ့အပေါ်မှာ မူတည်တယ် ... တခဏလေး ထိလိုက်တာနဲ့ တစ်ယောက်နဲ့တစ်ယောက် နားလည်နိုင်ကြတယ်... ကျုပ်လည်း စိတ်အေးအေးချမ်းချမ်း နေချင်ရင် တခါတလေ အဲဒီ့ဆီ သွားတတ်တယ်.. ဒါပေမဲ့ ခင်ဗျားကတော့ မတူဘူး ... ခင်ဗျားက ကျုပ်ကို လိမ်လိမ့်မယ်”
ရုတ်တရက် ကောင်းကင်နတ်အရှင်ယွင် တစ်စုံတစ်ခုအား ခံစားလိုက်ရသည်။ ကောင်းကင်နတ်အရှင်ဟောင်ကား ပန္စဝိဒယကောင်းကင်နန်းဆောင်ထဲသို့ ခိုးဝင်လာနေချေပြီ။ သူ၏ အသိစိတ်အလျဉ်မှာ ချင်မူ့လောက် မသန်မာသော်လည်း အားမနည်းချေ။
ချင်မူလည်း သူ့ကို ပြောပြခဲ့သော မဟာလေဟာနယ်အား လွမ်းဆွတ်မိသော်လည်း မဟာလေဟာနယ်မှာ မဟာဧကရာဇ်၏ ဖျက်စီးခြင်းခံခဲ့ရသည်။ ထို့အပြင် သူက ရိုးသားသော လော့ရှောင်လည်း မဟုတ်ပေ။
“ကျွန်တော် ကောင်းကင်နတ်မြစ်ပေါ်မှာ သေသွားတုန်းက ကျွန်တော့်နောက် လိုက်နေတဲ့ သားရဲရော ဘာဖြစ်သွားလဲ” သူက မေးလိုက်သည်။
ကောင်းကင်နတ်အရှင်ယွင်က ဖြေသည်။ “မဟာလေဟာနယ်ဆီ ပို့လိုက်တယ်”
ချင်မူ သက်ပြင်းချလိုက်မိသည်။ မဟာဧကရာဇ်ကား မဟာလေဟာနယ်၏ တည်နေရာကို သိရှိသွားခဲ့ချေပြီ။
သူ၏ အသိစိတ်အလျဉ်က လှိုင်းထလာပြီး ကောင်းကင်နတ်အရှင်ယွင်၏ ဦးခေါင်းထဲသို့ စကားပါးလိုက်သည်။ “ကျွန်တော် ပြန်သွားလို့မရတော့ဘူး... ကျေးဇူးပြုပြီး မဟာကမ္ဘာဦးအစ မူလကျောက်တုံးကို ကျုပ်တို့မျိုးနွယ်ဆီ ပေးပြီးတော့ လေဟာနယ်တံတားနဲ့ ပရမတ္တကမ္ဘာ တည်ဆောက်တဲ့နေရာမှာ ကူညီပေးပါ ... ခင်ဗျားက မဟာဧကရာဇ်ချိပ်တံဆိပ်နဲ့ ယဇ်ပလ္လင်ရဲ့ အရင်းအမြစ်နဲ့ အသုံးပြုနည်းကို သိလောက်ပါတယ်.. ကျွန်တော် ခင်ဗျားကို ချိတ်တံဆိပ်နဲ့ ယဇ်ပလ္လင်တွေ ငှားလိုက်မယ်... နောက်ကျမှ ပြန်ပေး”
သူက ချာခနဲ လှည့်၍ ကောင်းကင်နတ်အရှင်ဟောင် ပုန်းနေသည့် နေရာသို့ ဝေ့ဝဲကြည့်လိုက်ပြီး သူ၏အသိစိတ်အလျဉ်ကို ပို့လွှတ်လိုက်သည်။
ကောင်းကင်နတ်အရှင်ဟောင်မှာ သူ့အရှေ့ရှိ အရာအားလုံး ပျောက်ကွယ်သွားသဖြင့် ငေးကြောင်သွား၏။ ကြောက်မက်ဖွယ် ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်သာ ကျန်ရစ်ခဲ့လေသည်။
ကောင်းကင်နတ်အရှင်ဟောင်မှာ ကျောရိုးတလျှောက် စိမ့်အေးသွားသည်။ ၎င်းမှာ ပုံရိပ်ယောင်တစ်ခု ဖြစ်ကြောင်း သဘောပေါက်သည့်အခါ သူက လျှာကိုက်၍ သွေးတစ်လုတ် ထွေးလိုက်သည်။
သူ၏သွေးတွင် ကြီးမြတ်သော ရှေးဟောင်းနတ်ဘုရားနှစ်ပါး၏ သွေး ပါရှိ၏။ သွေးက ချင်မူ၏ အသိစိတ်အလျဉ်ပုံရိပ်ယောင်ကို ချက်ချင်း ပျက်စီးသွားစေပြီး ချင်မူ၏ အသိစိတ်အလျဉ်ကောင်းကင်နတ်သိုင်းကို ချိုးဖျက်လိုက်သည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်နတ်အရှင်ယွင်သည် မဟာကမ္ဘာဦးအစမူလကျောက်တုံး၊ မဟာဧကရာ၏ချိပ်တံဆိပ်နှင့် မဟာဧကရာဇ်၏ ယဇ်ပလ္လင်တို့ကို ရရှိလိုက်၏။
သူက လက်ကို မှောက်လိုက်ကာာ ထိုပစ္စည်းသုံးမျိုးအား သိမ်းဆည်းလိုက်သည်။ ထို့နောက် မော့ကြည့်လိုက်သော်လည်း ချင်မူကား ထွက်ခွာသွားချေပြီ။
ကောင်းကင်နတ်အရှင်ယွင်၏မျက်ဝန်းများတွင် တွေဝေမှုများနှင့် သံသယများ ပြည့်နှက်နေသည်။ ဤလော့ရှောင်သည် ကောင်းကင်နတ်မြစ်တွင် သေသွားခဲ့သည့် လော့ရှောင်နှင့်မတူချေ။ သူ၏အသိစိတ်အလျဉ်က သန်မာသော်လည်း အမူအကျင့်ကတော့ ကွဲပြားချေသည်။
ကောင်းကင်နတ်အရှင်ဟောင်က ရောက်လာပြီး ဟိုဟိုသည်သည် ကြည့်နေသည်။ ချင်မူ့ကို ရှာမတွေ့တော့သည့်အခါ မချင့်မရဲ ဖြစ်သွားသည်။
“ခန်းမထဲက တတိယလူက မင်းမှန်း ငါ သိတယ် ကောင်းကင်နတ်အရှင်ယွင်” ကောင်းကင်နတ်အရှင်ဟောင်က အေးအေးလူလူ ပြောသည်။
ကောင်းကင်နတ်အရှင်ယွဲ့က ခပ်ပြတ်ပြတ် ပြန်ပြေ၏။ “နောက်တစ်ယောက်က မင်းမှန်း ငါလည်း သိတယ်”
ကောင်းကင်နတ်အရှင်ဟောင်၏ အကြည့်က ဖျတ်ခနဲ လက်သွားပြီး သူက သိလိုစိတ်ပြင်းပြစွာဖြင့် မေးသည်။ “နောက်တစ်ယောက်က ဘယ်သူလဲ... အားချို ကောင်းကင်နတ်ဘုံကို တိုက်ခိုက်တဲ့အချိန် အခွင့်ကောင်းယူပြီး ခန်းမကို ခိုးယူဖို့ကြိုးစားတာ ငါတို့အပြင် တတိယလူ ရှိနေသေးတယ်တဲ့လေ... သိပ်သိချင်မိတယ်”
“ဒီလောကမှာ အံ့မခန်းပုဂ္ဂိုလ်တွေ မရေမတွက်နိုင်အောင် ရှိကြတယ်... အများစုက ဒဏ္ဍာရီလာ ပုဂ္ဂိုတ်တွေပဲ.... အိမ်ရှေ့စံမင်းသားချီနဲ့ မြေအောက်ဘုံအရှင်သခင်ကြားက တိုက်ပွဲကို မင်း ဖန်တီးခဲ့တာလား... လှပပြောင်မြောက်ပါပေတယ်”
ကောင်းကင်နတ်အရှင်ယွင်က စိတ်ရင်းဖြင့် ချီးကျူးသည်။ “တော်ပါပေတယ် ကောင်းကင်နတ်အရှင်ဟောင်... မင်းက မြေအောက်ဘုံအရှင်သခင်၊ အိမ်ရှေ့စံမင်းသားချီနဲ့ ကောင်းကင်နတ်ဧကရာဇ်ရဲ့ ရတနာတိုက်ကို အမြတ်ထုတ်နိုင်ခဲ့တာပဲ”
ကောင်းကင်နတ်အရှင်ဟောင်က ပေါ့ပေါ့ပါးပါး ပြုံးသည်။ “ငါက အခြေအနေကို အခွင့်ကောင်း ယူခဲ့ရုံပါပဲ.... ကမ္ဘာဦးဘုံက နတ်ဘုရားတစ်ပိုင်းတွေရဲ့ ခေါင်းဆောင်က ငါ ဆိုပေမယ့် တခြားဘုံက နတ်ဘုရားတစ်ပိုင်းတွေရဲ့ ခေါင်းဆောင်ကတော့ အိမ်ရှေ့စံမင်းသားလေ... ငါက မင်းလို အနိမ့်စံအရာရှိလေးပါပဲ... ငါက နတ်ဘုရားတစ်ပိုင်းတွေကို ခေါ်ပြီး မြေဘောက်ဘုံအရှင်သခင် နိုးထလာပြီမလို့ အခွင့်အရေးရပြီလို့ အိမ်ရှေ့စံမင်းသားဆီ ပြောခိုင်းလိုက်ရုံပဲ ရှိတာပါ... တိုက်ခိုက်တာက သူ့သဘောလေ ... ဒါ့အပြင်...”
သူက မထီတရီ ပြုံးလိုက်သည်။ “ကောင်းကင်နတ်ဧကရာဇ်က အိမ်ရှေ့စံမင်းသားကို အသက်ရှင်စေချင်မှာ မဟုတ်ဘူး... အိမ်ရှေ့စံမင်းသားရဲ့ ရည်မှန်းချက်က ကြီးမားလွန်းတဲ့အပြင် တခြားရှေးဟောင်းနတ်ဘုရားတွေနဲ့လည်း ရင်းနှီးလွန်းနေတယ်”
“ဒီကိစ္စပြီးရင် အိမ်ရှေ့စံမင်းသားချီက ပုန်ကန်ပြီး သေဆုံးရလိမ့်မယ်.... ဘယ်သူမှ မင်းနဲ့ နေရာပြိုင်လုနိုင်တော့မှာ မဟုတ်ဘူး... မင်းရဲ့ အကြံအစည်တွေက ဘယ်လောက်ကောင်းကောင်း မပြောပလောက်သေးဘူး” ကောင်းကင်နတ်အရှင်ယွင်က နတ်ကောင်းကင်ခန်းမထံ လှမ်းကြည့်ကာ ပြော၏။ “မင်း သူနဲ့ ထိပ်တိုက်မရင်ဆိုင်နိုင်ဘူး”
ကောင်းနတ်အရှင်ဟောင်လည်း နတ်ကောင်းကင်ခန်းမထံ လှမ်းကြည့်ရင်းး အလားတူ ခံစားရသည်။ သူ တိုးညှင်းစွာ ရေရွတ်၏။ “ငါ သူ့ကို မြင်တိုင်း သူ့ကို တိုက်ခိုက်ဖို့ အားနည်းလွန်းနေသလို ခံစားမိတယ်... သူ ဘယ်လောက်ကြောက်ဖို့ကောင်းသလဲ ငါ အသိဆုံးပဲ.... သူ့အကြောင်း သိလေလေ သူ ဘယ်လောက်ပြိုင်ဘက်ကင်းကြောင်း သိရလေလေပဲ... သူ့မှာ အားနည်းချက်တစ်ခုပဲ ရှိတယ်... အဲဒီအားနည်းချက်သာ မရှိတော့ရင်တော့...”
သူ့မှာ ကြက်သီးတဖြန်းဖြန်း ထသွားမိသည်။
ကောင်းကင်နတ်အရှင်ယွင်၏ မျက်ဝန်းများ လင်းလက်သွား၏။ “ဒီခေတ်မှာ ငါ အာရုံရလောက်တဲ့အထိ ထက်မြက်ပါးနပ်တာ မင်းတစ်ယောက်ပဲ ရှိတယ်... မင်းက အံ့ဩစရာကောင်းတဲ့ နောက်ခံက လာပုံရပေမယ့် တကယ်တော့ မင်းဟာ အဆင့်အတန်းမရှိတဲ့ တိတ်တိတ်ပုန်းသားတစ်ယောက်ပဲ... မင်းရဲ့ တာအိုနှလုံးသားကို ယိုင်လဲသွားစေတဲ့ ထိုးနှက်မှုကိုလည်း ကြုံတွေ့ခဲ့ရသေးတယ်... ဒါပေမဲ့ မင်းက ပြန်ထပြီး အောက်ဘုံမှာ သူဆင်းရဲတစ်ယောက် ဖြစ်လာဖို့အတွက် ကောင်းကင်နတ်ဘုံထဲက ရာထူးကို စွန့်လွှတ်ခဲ့တယ်”
သူက လက်နောက်ပစ်လိုက်ရင်း ပြောသည်။ “မင်းဆီမှာ အဆုံးမရှိတဲ့ ရည်မှန်းချက်တွေ စိတ်ဆန္ဒတွေကို တွေ့မြင်ရတယ်... မင်းက နတ်ဘုရားတစ်ပိုင်းတွေ၊ ကောင်းကင်နတ်အရှင်ဟွေ့နဲ့ ကောင်းကင်ယင်သားတော်တို့နဲ့ မိတ်ဆွေဖွဲ့ခဲ့တယ်.... နတ်ဧကရာဇ်လန်ရွှမ်နဲ့ ရှေးဟောင်းနတ်ဘုရားဘုရင်ကတောင် မင်းကို အတော်ချီးကျူးကြတယ်... နဂါးဟန်ကောင်းကင်နတ်ဘုံနဲ့ ကောင်းကင်ဟန်ကောင်းကင်နတ်ဘုံကြားက စစ်ပွဲတိုင်းမှာ မင်းရဲ့ ဉာဏ်အမျှော်အမြင်ကိုလည်း မြင်ခဲ့ရပြီးပြီ... ဒီလောကမှာ သူရဲကောင်းနှစ်ယောက်ပဲရှိတယ်”
သူက ကောင်းကင်နတ်အရှင်ဟောင်ကို လက်ညှိုးထိုးပြီးနောက် သူကိုယ့်သူ လက်ညှိုးထိုးသည်။
ကောင်းကင်နတ်အရှင်ဟောင်က ရယ်လျက် ပြော၏။ “ငါတို့မှာ ဘုံရန်သူရှိတယ်... မင်းက ငါ့အင်အားကို လိုတယ်...ငါက မင်းရဲ့ ဉာဏ်အမျှော်အမြင်ကို လိုတယ်... ယွင်၊ လန်ယွီထျန်းနဲ့ ကောင်းကင်နတ်အရှင်မူပြီးရင် မင်းက ငါ အထင်ကြီးတဲ့သူပဲ... ငါ စွမ်းအားအကြီးဆုံး နတ်ဘုရားတစ်ပိုင်းတွေကို ခေါ်ပေးနိုင်တယ်... မင်းက စွမ်းအားအကြီးဆုံး လူသားတွေကို ခေါ်ပေးနိုင်တယ်.. ငါတို့ သေချာ အစီအစဉ်ချရမယ်”
ကောင်းကင်နတ်အရှင်ယွင်သည် ခေါင်းညိတ်လိုက်ရင်း လန်ရွှမ်ဟု ခေါ်သော ဖန်ဆင်းရှင်မိန်းကလေးကို မြင်ယောင်လိုက်မိသည်။ “ငါ့မှာ အကြံတစ်ခုရှိတယ်.... မင်း ဧကရာဇ်ပလ္လင်အဆင့်ရောက်တဲ့အထိ စောင့်ဖို့တော့ လိုတယ်... အဲဒီအချိန်ကျမှ တိုက်ခိုက်ကြတာပေါ့... သူ့မှာ အားနည်းချက်တစ်ခုပဲရှိသလို ငါတို့ကလည်း အခွင့်အရေးတစ်ခါပဲ ရမှာ... ဒီအစီအစဉ်က လုံးဝအမှားပါလို့ မဖြစ်ဘူး”
သူက လေးနက်နေသော အကြည့်ဖြင့် ပြောသည်။ “ဒါမတိုင်ခင် ငါ မင်းရဲ့ ခမည်းတော်နီးပါး စွမ်းအားကြီးတဲ့ ပုဂ္ဂိုလ်တစ်ဦးနဲ့ ရင်ဆိုင်ရဦးမယ်”
ထိုစကားကြောင့် ကောင်းကင်နတ်အရှင်ဟောင်၏ နှလုံးသားမှာ တုန်လှုပ်သွား၏။ “ဘယ်သူများလဲ”
“မဟာဧကရာဇ်”
ကောင်းကင်နတ်အရှင်ယွင်က လှည့်ထွက်သွားပြီး ပြောသည်။ “ငါတို့ မင်းရဲ့ ခမည်းတော်ကို ရှင်းလင်းပြီးရင် သူ ပြဿနာမရှာနိုင်အောင်လို့ သူ့ကိုပါ ရှင်းလင်းဖို့ လိုတယ်... မဟုတ်ရင် မဟာဧကရာဇ်က နောက်ထပ် ကောင်းကင်နတ်ဧကရာဇ်တစ်ယောက် ဖြစ်လာပြီး ငါတို့ သူ့ကို အလုပ်အကျွေးပြုနေရမှာပဲ.... မင်းရဲ့ ခမည်းတော် မသေခင် မဟာဧကရာဇ် သေမှ ဖြစ်မယ်”
ကောင်းကင်နတ်အရှင်ဟောင်သည် ထွက်ခွာသွားသည့် သူ့ကို ကြည့်ရင်း ချီးကျူးနေမိ၏။
“ကောင်းကင်နတ်အရှင်ယွင်က တကယ်ကို ငါ့ရဲ့ အကြီးမားဆုံးရန်သူပဲ... ငါ တွေးတာမှန်သမျှ သူလည်း တွေးထားတယ်... ဒါပေမဲ့ နောက်ဆုံးအနိုင်ရသူကို အင်အားက အဆုံးအဖြတ်ပေးမှာ”
သူက ပန္စဝိဒယကောင်းကင်နန်းဆောင်အပြင်သို့ ထွက်လာသည်။ “လူသားတွေရဲ့ အင်အားက နတ်ဘုရားတစ်ပိုင်းတွေနဲ့ မိုးနဲ့မြေလို ကွာခြားတယ်... အိမ်ရှေ့စံမင်းသားချီ သေသွားရင် နတ်ဘုရားတစ်ပိုင်းတွေက ငါ့လက်အောက် ရောက်လာလိမ့်မယ်.... ငါက အင်အားပိုကြီးတဲ့အတွက် အနိုင်ရသူက ငါပဲဖြစ်လိမ့်မယ်”