← Chapters

ကောင်းကင်ကံရုန်း၏ စွမ်းအားကို မြှင့်တင်ခြင်း

Vol. 68 Ch. 950

ကောင်းကင်ကံရုန်း၏ စွမ်းအားကို မြှင့်တင်ခြင်း

Vol. 68 Ch. 950

ဝိညာဥ်နတ်ဘုရားသည် ဒန်တန်အတွင်းမှ များပြားလှသော စွမ်းအင်များ၏ အထောက်အပံ့ကြောင့် သေရေးရှင်ရေးအချိန်တွင် ခွန်အားများ ပေါက်ကွဲထွက်လာခဲ့၏။ ပျက်စီးကာနီးနီးဖြစ်နေသော ရုန်းပေါင်းစပ်တိုက်ကွက်ကို သတိထားမိသွားသော ရွှေဂျိုမျိုးနွယ်ဝင်များလည်း တိုက်ပွဲအတွင်း ဝင်ရောက်လာကာ အပြင်ဘက်မှ ရုန်းအလွှာတစ်ခုဖြင့် အားဖြည့်လိုက်ကြသည်။ ယဲ့ချန်က ရုန်းပေါင်းစပ်တိုက်ကွက်ကို ခက်ခက်ခဲခဲ ဖျက်ဆီးခဲ့ရသော်လည်း ရန်သူများ၏ ဉာဏ်များမှုကြောင့် အခက်ကြုံနေစဥ် ပုဆိန်ကြီးခြောက်လက်သည်လည်း တဝှီဝှီလည်ပတ်၍ ရောက်လာခဲ့သည်။ ထိုအချိန်တွင် လူသားမျိုးနွယ်ဝင်များနှင့် ရွှေဂျိုမျိုးနွယ်ဝင်များအကြားတွင် တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားနေပြီး လူသားများက အားမတန်၍ သေဆုံးနေကြရသော်လည်း ရန်သူများကို တစ်ပါတည်း ခေါ်ဆောင်သွားခဲ့ကြသည်။

ရေခဲပမာ အေးစက်သော လင်လုံက ဝိညာဥ်ဓားရှည်ဖြင့် သတ်ဖြတ်လိုစိတ်ကို ထုတ်ဖော်ကာ တိုက်ခိုက်နေသည်။

"ရွှေဂျိုမျိုးနွယ်က အရေအတွက်နဲ့ အနိုင်ကျင့်တာမျိုးလောက် တတ်တာလား"

ကျန်းရွဲ့လိန်က ကျိန်ဆဲလိုက်ခြင်း ဖြစ်သည်။

"အရေအတွက်နဲ့ အနိုင်ကျင့်တော့ရော ဘာဖြစ်လဲ ဟားဟား"

ရွှေဂျိုမျိုးနွယ်သည် မောက်မာသော်လည်း တောတွင်းဥပဒေ ကြီးစိုးသော နတ်ပြည်တွင် ခြိမ်းခြောက်မှုတစ်ခုကို ရှာတွေ့လျှင် အစွမ်းကုန်သုံးကာ ရှင်းလင်းတတ်ကြ၏။ သို့မဟုတ်လျှင် ဤခြိမ်းခြောက်မှုက အနာဂတ်တွင် ကြီးမားလာကာ အခြေအနေ ပြောင်းလဲသွားနိုင်သည်။ မူလတွင် နတ်မျက်လုံးသည် ဤလူသားအုပ်စုကို အလေးမထားခဲ့ဘဲ ကြောင်က ကြွက်ကို ကစားသည့်ပမာ လှောင်ပြောင်ချင်ခဲ့သည်။ သို့သော် ယဲ့ချန်နှင့် လင်လုံ၏ အစွမ်းမှာ သူထင်ထားသည်ထက် ကျော်လွန်နေပြီး ခြိမ်းခြောက်မှုကို ခံစားလိုက်ရသဖြင့် ချွင်းချက်မရှိ ရှင်းလင်းရပေလိမ့်မည်။

"လင်လုံ ငါ နင့်ကို ကာပေးထားမယ်။ ထွက်ပြေးဖို့ အခွင့်အရေးရှာလိုက်။ နင်အသက်ရှင်နေရင် လူသားမျိုးနွယ်အတွက် မျှော်လင့်ချက်ရှိတယ်"

ကျန်းရွဲ့လိန်က လင်လုံထံ အသံချင်းဆက်သွယ်လိုက်သောအခါ သူမက ခေါင်းယမ်း၍ ရန်သူများကို ဆက်လက်တိုက်ခိုက်နေခဲ့သည်။ သူမက ရန်သူ၁၃ယောက်ကို တစ်ကိုယ်တော် တိုက်ခိုက်နေရသော်လည်း အောက်စည်းသို့ ရောက်မနေသောကြောင့် နတ်မျက်လုံးကို တုန်ယင်စေခဲ့သည်။ ဤလူသားမျိုးနွယ်ဝင်များက သူ တွေ့ဖူးသူများထက် ပို၍သန်မာနေသောကြောင့် လက်နက်ပုန်းဖြင့် အကောက်ကြံလိုက်သည်။ သူ ပစ်ခတ်လိုက်သော အပ်များသည် ရွှေဂျိုမှ ပြုလုပ်ထားခြင်းဖြစ်ကာ ဆံပင်တစ်ချောင်းပမာ ပါးလွှာ၍ ထိမှန်ခံလိုက်ရလျှင် ဝိညာဥ်အထိ ထိခိုက်သွားနိုင်၏။ သူမက ဝိညာဥ်ဓားရှည်ဖြင့် တစ်ချက်ယမ်းလိုက်တိုင်း တာအိုရုန်းများ ထွက်ပေါ်လာကာ ရန်သူများကို တစ်ယောက်ပြီးတစ်ယောက် သုတ်သင်နေသည်။

ရန်သူများက ပူးပေါင်းတိုက်ခိုက်နေသော်လည်း လင်လုံသည် သွေးချောင်းစီးအောင် သတ်ဖြတ်နေပြီး အဆင့်တူချင်းတွင် ပြိုင်ဘက်ကင်းဟု ထင်မှတ်ရသည်။ ကျန်းရွဲ့လိန်က သူမ၏မျက်ကွယ်ဘက်မှ တိုက်ခိုက်ရင်း ကူညီပေးနေခဲ့သည်။

"ဂရုစိုက်"

ထိုအချိန်၌ လင်လုံသည် အန္တရာယ်တစ်ခုကို အာရုံခံမိသောကြောင့် ဝိညာဥ်ဓားရှည်ဖြင့် အပ်များကို ခုတ်ချလိုက်သည်။ ၎င်းတို့မှာ အသံတိတ်ရောက်ရှိလာသောကြောင့် ထိမှန်လုနီးပါး ဖြစ်ခဲ့သော်လည်း သူမက ရှောင်တိမ်းနိုင်ခဲ့၏။

"အား"

"လင်လုံ မြန်မြန်ပြေးတော့၊ ငါ့ကို ဂရုမစိုက်နဲ့"

သို့သော် ကံဆိုးစွာဖြင့် အပ်နှစ်ချောင်းသည် ကျန်းရွဲ့လိန်ကို ထိမှန်သွားကာ နာကျင်မှုကြောင့် အော်လိုက်မိသည်။ သူမက နဖူးတွင် ချွေးများ စီးကျလာသော်လည်း စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။ လင်လုံက စကားပြန်ပြောမနေဘဲ ကျန်းရွဲ့လိန်ကို အခွင့်ကောင်းယူတိုက်ခိုက်ရန် ဝင်လာသော ရန်သူများကို သတ်ဖြတ်နေသည်။ သူမက သတ်ဖြတ်လိုစိတ် ပြင်းထန်စွာဖြင့် အဝေးမှ နတ်မျက်လုံးကို စိုက်ကြည့်နေသည်။ သူမတွင် မဟာတာအိုရုန်းကဲ့သို့ အသုံးမပြုရသေးသော အစွမ်းထက်ဝှက်ဖဲများ ရှိနေသည်။ ၎င်းတို့ကို ထုတ်ပြလိုက်လျှင် အကျိုးဆက်များက ဆိုးရွားနိုင်ပြီး ရန်သူများကို တစ်ယောက်မကျန် သတ်ဖြတ်နိုင်မှသာ လူသားမျိုးနွယ်အတွက် ကပ်ဘေးအား ရှောင်ရှားနိုင်ပေလိမ့်မည်။ ယုမင်နှင့် အခြားလူသားများလည်း ခါးသီးစွာ တိုက်ခိုက်နေရပြီး လင်လုံနှင့် ကျန်းရွဲ့လိန်၏ အခြေအနေကို မြင်သောအခါ သူသည် နောက်ဆုတ်ရန် အတွေးများ ဖြစ်ပေါ်လာ၏။

ပတ်ဝန်းကျင်ရှိ အခြေအနေသည် ပြင်းထန်လွန်းနေပြီး ရုန်းပေါင်းစပ်တိုက်ကွက်အတွင်းမှ ရုန်းမထွက်နိုင်လျှင် လင်လုံနှင့် အခြားလူများ အခြေအနေ မကောင်းနိုင်ကြောင်း ယဲ့ချန်က နားလည်လိုက်သည်။ သူက ကောင်းကင်ကံရုန်းများကို ဖန်တီးကာ ထောင်ချီသော တာအိုသဘောတရားများ ပါဝင်​နေပြီး ရုပ်ခန္ဓာပတ်လည်တွင် မုန်တိုင်းပမာ စုဝေးခဲ့၏။ သူ့ကို ဝိုင်းဝန်းတိုက်ခိုက်နေသော ရန်သူများသည် ထောင်ချီသော ကြိုးများ လည်ပင်းကို လာရောက်ရစ်ပတ်သကဲ့သို့ တင်းကြပ်စွာ ခံစားလိုက်ရသည်။ ဤခြိမ်းခြောက်နိုင်စွမ်းကြောင့် သူတို့သည် တုန်လှုပ်သွားကြ၍ ပုဆိန်ခြောက်လက်ဖြင့် ချက်ချင်းပစ်ခတ်လိုက်၏။

ယဲ့ချန်၏ရုန်းများက ၎င်းတို့ကို တဘုန်းဘုန်း ထိမှန်သွားကာ တိုက်ရိုက်ပေါက်ကွဲသွားစေ၍ ကြေမွသွားခဲ့၏။ သူက ညာလက်အတွင်း ရုန်းတစ်ခုကို ဆွဲယူကာ နတ်ဘုရားတစ်ပါး ဆင်းသက်လာသဖွယ် ထင်မှတ်ရသည်။ ၎င်းက အဆုံးမရှိသော ဆန်းကျယ်မှုများ ထင်ဟပ်နေကာ လက်ဖဝါးအတွင်း ဆက်တိုက်ပြောင်းလဲနေ၏။ ၎င်းက အစွမ်းထက်သော်လည်း ရုန်းပေါင်းစပ်တိုက်ကွက်ကို ဖြိုဖျက်ရန် မလုံလောက်သောကြောင့် သူက နည်းလမ်းအသစ်တစ်ခု စမ်းကြည့်ရန် ဆုံးဖြတ်လိုက်သည်။ ဘယ်လက်ဖဝါးတွင် ကောင်းကင်ချီကိုးမျိုးက စွမ်းအင်လုံးတစ်ခုပမာ စုဝေးလာကာ ရုန်းအတွင်း ပေါင်းစပ်ခံလိုက်ရသည်။ ၎င်းက ပေါက်ကွဲကာနီး ဗုံးတစ်လုံးပမာ မတည်မငြိမ်ဖြစ်နေပြီး ကြောက်မက်ဖွယ် အရှိန်အဝါမှာ ဘက်ပေါင်းစုံသို့ သက်ရောက်လာခဲ့သည်။

"ဘာဖြစ်သွားတာလဲ"

ယဲ့ချန်ကို ရင်ဆိုင်နေသော ရန်သူ၁၁ယောက်သည် ထူးဆန်းနေကြောင်း ခံစားလိုက်ရပြီး တအံ့တသြ စောင့်ကြည့်နေကြသည်။ ယေဘူယျသဘောပြောရလျှင် သာမန်ကောင်းကင်ချီများနှင့် တာအိုရုန်းကို ပေါင်းစပ်ခြင်းသည် ဤမျှအစွမ်းထက် မလာနိုင်ပေ။ သို့သော် ယဲ့ချန်၏ ကောင်းကင်ချီကိုးမျိုးသည် ကောင်းကင်ကံရုန်းကို ပြောင်းလဲစေခဲ့ပြီး ပိုမိုသန်မာလာကာ စိတ်ကူးနိုင်သည်ထက် ကျော်လွန်နေ၏။

"မကောင်းတော့ဘူး"

ဖျက်ဆီးရေးအရှိန်အဝါကို ခံစားမိသော နတ်မျက်လုံးက ကြောက်လန့်တကြား အော်ဟစ်လိုက်ပြီး ယဲ့ချန်၏ရုန်း အစွမ်းထက်လာသော အကြောင်းအရင်းကို စဥ်းစားမရပေ။ ရုန်းပေါင်းစပ်တိုက်ကွက်ပင် ၎င်း၏စွမ်းအားကို မယှဥ်နိုင်သဖြင့် ရွှေဂျိုမျိုးနွယ်ဝင်များမှာ တုန်ရီနေကြ၏။ လူသားမျိုးနွယ်ဝင်များလည်း တအံ့တသြဖြစ်နေကြပြီး ယဲ့ချန်၏ဝှက်ဖဲများလားဟု အတွေးရောက်နေသည်။ သူက ဤစွမ်းအားလောက်ဖြင့် ကျေနပ်မနေခဲ့ဘဲ အချိန်လေဟာနယ်ချီကိုးမျိုးကိုပါ ဘယ်လက်၌ ထုတ်ဖော်၍ ညာလက်ရှိ ကောင်းကင်ကံရုန်းထံ ပေါင်းစပ်လိုက်၏။ ၎င်း၏စွမ်းအားက ပိုမိုကြောက်စရာကောင်းလာ၍ အဖြူရောင်နှင့် အနက်ရောင်ချီများက ဆက်တိုက်အားဖြည့်ပေးနေသဖြင့် ဆက်လက်အစွမ်းထက်နေသည်။

"ဘုန်း"

ယဲ့ချန်က အထင်သေးစွာဖြင့် တစ်ချက်ပြုံးလိုက်ပြီး သူ၏လက်အတွင်းရှိ ရုန်းကို ရန်သူများထံ ပစ်ခတ်လိုက်သည်။ ရွှေဂျိုမျိုးနွယ်ဝင်များ၏ ဧရာမရုန်းကြီးများမှာ ဘုန်းခနဲ ထိမှန်ခံလိုက်ရသောအခါ ပျက်စီးသွား၍ လုံးဝမတားဆီးနိုင်ခဲ့ချေ။ ရန်သူ၁၁ယောက်သည် ရုပ်ခန္ဓာကို လှည်းကြီးတစ်စင်းဖြင့် ဝင်ဆောင့်ခံလိုက်ရသကဲ့သို့ နာကျင်သွားပြီး လွင့်ထွက်သွားကြသည်။ တိုက်ရိုက်ထိမှန်ခံလိုက်ရသူများမှာ အသားပြားများ ဖြစ်သွားကာ သက်ရောက်မှုက အချင်းဝက် ကီလိုမီတာတစ်ဆယ်ကျော်အထိ ပြန့်ထွက်လာခဲ့၏။ နတ်မျက်လုံးနှင့် နောက်လိုက်များမှာလည်း ၎င်းရုန်း၏ အစွမ်းထက်ပုံကို လျှော့တွက်ထားသဖြင့် မျက်လုံးအပြူးသားနှင့် လွင့်ထွက်ကုန်သည်။ လူသားကျင့်ကြံသူများမှာလည်း တုန်လှုပ်နေကြပြီး ကောင်းကင်ကံရုန်းအကြောင်း မသိသဖြင့် လွန်စွာ အံ့သြမင်သက်နေကြသည်။

ယဲ့ချန်ကိုယ်တိုင်သည် အစွမ်းထက်လွန်းသော တိုက်ကွက်ကြောင့် ဒဏ်ရာများရထားပြီး ကောင်းကင်ဖျက်ဆီးရေး နတ်ခန္ဓာကျေးဇူးဖြင့် လျင်မြန်စွာ ကောင်းမွန်လာကြသည်။ ရွှေဂျိုမျိုးနွယ်ဝင်များက သူ့ကို ချက်ချင်းဝိုင်းထားလိုက်ကြပြီး နတ်မျက်လုံးသည် အန္တရာယ်တစ်ခုဟု သတ်မှတ်လိုက်၏။ ဤလူသား၏ခွန်အားက ထူးဆန်းပြီး လက်ရှိတွင် မသတ်ဖြတ်နိုင်လျှင် အနာဂတ်၌ ကြောက်စရာအန္တရာယ်တစ်ခု ဖြစ်လာပေလိမ့်မည်။

"နောက်ဆုံးတော့ ငါ လွတ်မြောက်လာပြီ"

ရန်သူ၏ ရုန်းပေါင်းစပ်တိုက်ကွက်က ချုပ်နှောင်အားကောင်းလွန်းပြီး ယဲ့ချန်သာ ကောင်းကင်ကံရုန်း၏ အစွမ်းကို မြှင့်တင်ရန် နည်းလမ်း ရှာမတွေ့ခဲ့လျှင် လွတ်မြောက်ရန် မလွယ်ကူပေ။ ဒဏ်ရာများ ကောင်းမွန်လာပြီးနောက် သူက အသက်ဝဝရှူ၍ အခြေအနေကို အကဲခတ်လိုက်သည်။

"မင်းတို့ အဆင်ပြေကြလား"

လူသားကျင့်ကြံသူ ခြောက်ဆယ်ကျော်တွင် ခြောက်ယောက် သေဆုံးသွားကာ ကျန်လူများကလည်း ဒဏ်ရာအသီးသီး ရနေခဲ့၏။ ကျန်းရွဲ့လိန်က အပြင်းအထန် ဒဏ်ရာရထားသဖြင့် တိုက်ခိုက်နိုင်စွမ်း မရှိတော့ပေ။

"မင်းတို့က ငါ ချောင်ပိတ်နေတာကို အခွင့်ကောင်းယူခဲ့ကြတယ်ပေါ့။ အခု ငါက မင်းတို့ကို ဖြေရှင်းမယ်"

ယဲ့ချန်က အေးစက်စက် ရေရွတ်၍ နတ်မျက်လုံးနှင့် ရန်သူများကို စူးရဲစွာ စိုက်ကြည့်နေခဲ့လေသည်။

All Chapters