← Chapters

ယဲ့ချန်၏ နောက်လိုက်များ

Vol. 68 Ch. 951

ယဲ့ချန်၏ နောက်လိုက်များ

Vol. 68 Ch. 951

"ငါ ကာကွယ်ပေးထားမယ်။ မင်းက သူတို့ကိုခေါ်ပြီး ထွက်သွား။ ငါက ထွက်ပြေးဖို့ နည်းလမ်းရှိတယ်"

လင်လုံက ယဲ့ချန်နှင့် အသံချင်း ဆက်သွယ်လာသောအခါ သူက တစ်ချက်ကြည့်လိုက်သည်။ သူမက အပြင်ပန်းတွင် အေးစက်နေသော်လည်း အတွင်းစိတ်နှလုံး ကောင်းမွန်သောကြောင့် အခြားလူများကို ကာကွယ်ပေးချင်နေခဲ့သည်။

"မလိုအပ်ဘူး။ ဒီရွှေဂျိုမျိုးနွယ်ဝင်တွေကို တစ်ယောက်မှ အလွတ်မပေးဘူး"

ယဲ့ချန်က အေးစက်စက် ရေရွတ်၍ ရန်သူများကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ သူ၏ဝှက်ဖဲကို လင်လုံက မခန့်မှန်းနိုင်သောကြောင့် ယုံကြည်ချက်ရှိနေသော အကြောင်းအရင်းကို မသိခဲ့ပေ။

"တိုက်ပွဲစလို့ ဒီခွေးကောင်တွေ ထွက်ပြေးမယ်ဆိုရင် တားဆီးပေးပါ။ တစ်ယောက်မှ မလွတ်စေနဲ့၊ မဟုတ်ရင် ငါတို့အတွက် ပြဿနာများတယ်"

လက်ရှိတွင် ရွေးချယ်စရာ မရှိသောကြောင့် ယဲ့ချန်သည် သူ၏ဝှက်ဖဲတစ်ခုကို ထုတ်ပြရန် ဆုံးဖြတ်လိုက်သည်။ အကယ်၍ ရန်သူများ လွတ်မြောက်သွားကာ သတင်းပေါက်ကြားခဲ့လျှင် ရွှေဂျိုမျိုးနွယ်ဘက်မှ အရေးတယူ လုပ်လာပေလိမ့်မည်။

"ကောင်းပြီ"

လင်လုံက စိတ်ရှုပ်ပြီး အဖြေမထုတ်နိုင်သော်လည်း ခေါင်းညိတ်၍ လက်ခံလိုက်သည်။ ဖြစ်နိုင်သည်မှာ ယဲ့ချန်အတွက် အရံအစီအစဥ်တစ်ခု ရှိနေပုံရသောကြောင့် သူမကိုယ်တိုင်လည်း မဟာတာအိုရုန်းဖြင့် တိုက်ခိုက်ရန် ပြင်ဆင်ခဲ့၏။

"သူတို့အားလုံးကို သတ်စမ်း"

နတ်မျက်လုံးက လက်မြှောက်၍ အချက်ပြလိုက်သောအခါ ရွှေဂျိုမျိုးနွယ်ဝင် ငါးရာကျော်သည် လူသားများထံ ချီတက်လာကြသည်။ ယဲ့ချန်က အတွေးတစ်ချက်ဖြင့် ဒန်တန်ကို ဖွင့်လှစ်ကာ နောက်လိုက်များကို ဆင့်ခေါ်လိုက်ပြီး ရန်သူများကို ရင်ဆိုင်စေခဲ့သောကြောင့် တိုက်ပွဲကြီးတစ်ခု ဖြစ်ပေါ်လာသည်။ မူလတွင် ရန်သူများက အရေအတွက်အသာစီး ရထားသော်လည်း သူက မျိုးနွယ်ပေါင်းစုံမှ နောက်လိုက်တစ်သောင်းကျော်ကို ရုတ်တရက် ဆင့်ခေါ်လိုက်သည်။

"ဒါက ဘာကြီးလဲ။ ဆင့်ခေါ်ကျင့်စဥ်တစ်ခုလား။ သူက မျိုးနွယ်ပေါင်းစုံရဲ့ ကျင့်ကြံသူတွေကို ဘယ်လိုဆင့်ခေါ်လိုက်တာလဲ"

ယဲ့ချန်၏ နောက်လိုက်အများစုက ထိပ်တန်းကြယ်သခင်များဖြစ်ပြီး မျိုးနွယ်ပေါင်းစုံမှ ဖြစ်နေသောကြောင့် နတ်မျက်လုံးမှာ ကြောင်အသွားခဲ့၏။ သူတို့က အရေအတွက်ဆယ်ဆကျော် သာလွန်ပြီး သူ၏နောက်လိုက်များမှာ ဆိုးဆိုးဝါးဝါး တိုက်ခိုက်ခံနေရသည်။ ဤမြင်ကွင်းကြောင့် လင်လုံနှင့် အခြားလူသားများလည်း မင်သက်နေကြပြီး သူမ၏ခန့်မှန်းချက်အရ ယဲ့ချန်သည် လျှို့ဝှက်ကျင့်စဥ်တစ်ခုကို အသုံးပြုမည်ဟု ထင်မှတ်ထားခဲ့၏။

"သူက ဒီကျင့်ကြံသူတွေကို ဘယ်ကရှာလာတာလဲ။ ဘယ်မှာ ဖွက်ထားတာလဲ။ သူက အခြားနေရာတစ်ခုကနေ ဆင့်ခေါ်လိုက်တာလား"

ဤမေးခွန်းများက သူမ၏စိတ်အတွင်း ဖြစ်ပေါ်လာပြီး ယဲ့ချန်၏ဒန်တန်အတွင်း ကျင့်ကြံသူပေါင်း သုံးသောင်းကျော်ရှိကာ ဤအရေအတွက်သည် သုံးပုံတစ်ပုံသာရှိကြောင်း မသိခဲ့ပေ။ ဤကျင့်ကြံသူများကြောင့် အခြေအနေက ပြောင်းပြန်ဖြစ်သွားကာ ရွှေဂျိုမျိုးနွယ်ဝင်တစ်ယောက်လျှင် ကျင့်ကြံသူ အယောက်နှစ်ဆယ်ကျော်ဖြင့် တိုက်ခိုက်နေရသဖြင့် တစ်ယောက်ပြီးတစ်ယောက် သေဆုံးကုန်သည်။ သူတို့က ယဲ့ချန်၏နောက်လိုက်များကို သတ်ဖြတ်နိုင်ခဲ့သော်လည်း သေဆုံးနှုန်းချင်းယှဥ်လျှင် များစွာကွာခြားနေသည်။ ရွှေဂျိုမျိုးနွယ်ဝင်များက သန်မာသော်လည်း ကျင့်ကြံသူ အယောက်နှစ်ဆယ်ကျော်၏ ပူးပေါင်းတိုက်ကွက်အောက်တွင် ထိုခွန်အားကို ထုတ်ပြခွင့် မရလိုက်ပေ။

နတ်မျက်လုံးသည် တစ်ကိုယ်လုံး ချွေးများထွက်လာပြီး ထွက်ပြေးရန် ကြံစည်လိုက်သည်။ အရေအတွက်ချင်း အသာမရနိုင်သည့်အပြင် လင်လုံနှင့် ယဲ့ချန်၏ခွန်အားက သူ့အောက် မနိမ့်သောကြောင့် တစ်လှမ်းနောက်ကျလျှင် သေဆုံးရပေလိမ့်မည်။ သူက မျိုးနွယ်ထံ သတင်းပြန်ပို့ချင်သော်လည်း ကျက်သရေရှိသော ပုံရိပ်လေးက လမ်းတွင် ပိတ်လျက်သား ထွက်ပေါ်လာသည်။ လင်လုံ၏ဝတ်ရုံရှည်က လေထဲတွင် လူးလွင့်နေပြီး အင်မော်တယ်တစ်ပါးအလား လှပနေကာ ခန္ဓာကိုယ်ပတ်လည်၌ ရုန်းများစွာ လှည့်ပတ်နေကြ၏။ ၎င်းတို့က သာမန်တာအိုရုန်းများထက် အဆပေါင်းများစွာ ပို၍ပြင်းထန်သော မဟာတာအိုရုန်းများ ဖြစ်ကြသည်။

"မင်း...မင်းက မဟာတာအို ကောင်းကင်သခင်ရဲ့ မျိုးဆက်လား"

ဤမြင်ကွင်းကြောင့် နတ်မျက်လုံး၏ မျက်လုံးများ ပြူးကျယ်သွားကာ မယုံနိုင် ဖြစ်နေခဲ့သည်။

"မှန်တယ်၊ သေစမ်း"

သူမက အေးစက်စက်ရေရွတ်လိုက်ပြီး ရုန်းများကို ရန်သူ၏ရင်ဘတ်ထံ ပစ်ခတ်လိုက်သောအခါ ခုခံနိုင်စွမ်းကင်းမဲ့နေ၍ ဖောက်ထွက်သွားခဲ့သည်။ နတ်မျက်လုံးက မလိုလားသော်လည်း သူမကို စိုက်ကြည့်နေရင်း သေဆုံးသွားကာ အကယ်၍ တစ်ဖက်လူသာ ကောင်းကင်သခင်၏မျိုးဆက်ဟု သိခဲ့လျှင် တိုက်ခိုက်မည် မဟုတ်ပေ။ ထိုအစား သူက ထွက်ပြေး၍ မျိုးနွယ်ထံ သတင်းပို့မည်ဖြစ်သော်လည်း ကံဆိုးစွာဖြင့် နောင်တဆိုသော အရာအတွက် ကုရာနတ္ထိ ဆေးမရှိချေ။ ရန်သူများထံ ရေလှိုင်းကြီးပမာ တိုးဝင်နေသော ကျင့်ကြံသူများကြောင့် ယုမင်က မင်သက်နေခဲ့သည်။ ယဲ့ချန်တွင် ဤမျှများပြားသော အင်အားတစ်ခု ပိုင်ဆိုင်ထားမည်ဟု သူက လုံးဝမျှော်လင့်မထားပေ။ လက်ရှိတွင် တစ်ဖက်လူက သူနှင့် မတိုက်ခိုက်ခြင်းမှာ ကြောက်ရွံ့သောကြောင့်မဟုတ်ဘဲ လူပြက်ပမာ သဘောထားကြောင်း နားလည်သွားခဲ့သည်။ ရွှေဂျိုမျိုးနွယ်ဝင်အချို့က ထွက်ပြေးချင်ခဲ့သော်လည်း အားလုံးကို လင်လုံက တားမြစ်၍ သတ်ဖြတ်နိုင်ခဲ့သည်။ မျိုးနွယ်ပေါင်းစုံမှ ကျင့်ကြံသူပေါင်းတစ်သောင်းကျော်၏ ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် သူတို့အားလုံး သေဆုံးသွားကြလေသည်။

ကျင့်ကြံသူတစ်သောင်းကျော်က ယဲ့ချန်ကို ဦးညွှတ်နေကြပြီး အလုံးစုံသစ္စာရှိသော တပ်ဖွဲ့ကြီး ဖြစ်သည်။ သူတို့အားလုံးက သူ၏အမိန့်ကို ချွင်းချက်မရှိနာခံ၍ သေဆိုလျှင်ပင် ပြန်လည်မေးခွန်းထုတ်ကြမည် မဟုတ်ပေ။ ရန်သူများ သေဆုံးသွားသောအခါ လင်လုံသည် သူတို့ကို စစ်ဆေးလိုက်ပြီး အများစုမှာ ထိပ်တန်းကြယ်သခင်များဖြစ်ကြောင်း သိလိုက်ရသည်။ သူမသည် ယဲ့ချန်က ဤသို့သော အင်အားစုကြီးကို မည်သို့စုဆောင်းနိုင်ခဲ့ကြောင်း နားမလည်နိုင်ပေ။ သူမက ကောင်းကင်သခင်၏ မျိုးဆက်ဖြစ်သော်လည်း သူတော်စင်ဘုရင်သည် ကောင်းကင်သခင်ထက် ပို၍အဆင့်အတန်းမြင့်သည်ဟူသော အချက်မှလွဲ၍ များစွာမသိထားပေ။ မူလတွင် သူမသည် တစ်ဖက်လူက လူသားမျိုးနွယ်ကို ဦးဆောင်နိုင်မည်ဟု ထင်မထားသော်လည်း ဤအချက်ကို ယုံကြည်စပြုလာသည်။ ယဲ့ချန်ကဲ့သို့ မျိုးနွယ်ပေါင်းစုံမှ ကျင့်ကြံသူများကို စုဆောင်းနိုင်သူမျိုး မမြင်ဖူးသောကြောင့် လူသားမျိုးနွယ်၏ ကံတရားကို ပြောင်းလဲနိုင်လျှင် သူမက ကူညီရန် ဆုံးဖြတ်လိုက်သည်။

နှစ်ပေါင်းများစွာအတွင်း လူသားမျိုးနွယ်သည် ကပ်ဘေးပေါင်းများစွာကို ကျော်ဖြတ်ခဲ့ရပြီး လင်လုံက မျိုးနွယ်အတွက်ဆိုလျှင် အသက်ကိုပင် စွန့်ဝံ့၏။ လူသေလျှင်ပင် တာအိုမသေ ဟူသော အယူအဆမျိုးကို သူမ၏ဖခင်ထံမှ အမွေရထားခြင်း ဖြစ်သည်။ သို့သော် သူမသည် ယဲ့ချန်၏ခွန်အားကို အနည်းငယ်သာ သိထားခဲ့ပြီး ဒန်တန်အတွင်း ရွှေပိုင်နက်သားရဲများရှိနေကြောင်း သိလျှင် မယုံနိုင်အောင် ဖြစ်သွားပေလိမ့်မည်။ ရွှေဂျိုမျိုးနွယ်ဝင်တစ်ယောက်မှ လွတ်မြောက်မသွားသောကြောင့် လျှို့ဝှက်ချက်ကို လူမသိစေချင်သော ယဲ့ချန်က စိတ်အေးသွားခဲ့ပြီး နောက်ဆုံးတွင် ယုမင်အား စိုက်ကြည့်နေခဲ့သည်။ သူ၏အကြည့်ကြောင့် တစ်ဖက်လူသည် စတင်ကြောက်ရွံ့လာပြီး တစ်ဖက်လူကို ရန်စခဲ့သည့်အပြင် လျှို့ဝှက်ချက်ကိုလည်း သိသွားသဖြင့် ခက်ခဲအောင် ပြုလုပ်နိုင်သည်။

လူသားကျင့်ကြံသူ ခြောက်ဆယ်ကျော်သည် ရွှေဂျိုမျိုးနွယ်ဝင်များ၏ ဝိုင်းထားခြင်းကို ခံခဲ့ရစဥ် ယုမင်တစ်ယောက်တည်းသာ ကြောက်လန့်နေခဲ့သောကြောင့် ယဲ့ချန်က အထင်သေးနေသည်။

"လင်လုံ ငါတို့က ဘယ်ကို ဆက်သွားရမှာလဲ"

"နောက်ထပ် နန်းဆောင်​နေရာနှစ်ခုလောက် ဖြတ်သွားရဦးမယ်"

"ဒါဆိုရင် ယုမင် ခင်ဗျား ဦးဆောင်ပေးနိုင်မလား"

သူက တစ်ချက်ပြုံး၍ ပြောလိုက်သောအခါ ယုမင်သည် ရင်ထိတ်သွားခဲ့သည်။ ရှေ့ဆုံးမှ ဦးဆောင်ခြင်းသည် အလွန်အန္တရာယ်များပြီး ဝိညာဥ်သားရဲများ တိုက်ခိုက်လာလျှင် သူက အရင်ဆုံး ရင်ဆိုင်ရပေလိမ့်မည်။ သို့သော် ယဲ့ချန်၏အပြုံးက တောင်းဆိုနေခြင်းမဟုတ်ဘဲ အမိန့်ပေးနေခြင်းဖြစ်ကြောင်း ထင်ရှားကာ လက်မခံလျှင် အကျိုးဆက်များမှာ ရက်စက်ပေလိမ့်မည်။

"ကောင်းပြီ"

ယုမင်က လင်လုံထံ အကူအညီတောင်းဟန်ဖြင့် ကြည့်လိုက်သော်လည်း လျစ်လျူရှုခံလိုက်ရသောကြောင့် ခေါင်းညိတ်ရုံမှတစ်ပါး ရွေးချယ်စရာမရှိပေ။ ကျန်းရွဲ့လိန်သည် ထိုအချိန်၌ လင်လုံ၏အကူအညီဖြင့် ပြန်လည်ကောင်းမွန်လာနေပြီ ဖြစ်သည်။ ဤတိုက်ပွဲတွင် ယဲ့ချန်သည် ရန်သူများထံမှ ရတနာများသာမက ကြယ်တာရာဘုံကိုးလွှာ ကျင့်စဥ်တွင် တိုးတက်ခဲ့ပြီး အဆင့်ငါးကို စတင်ကျင့်ကြံနိုင်ခဲ့သည်။

"နတ်ပြည်ရဲ့ စည်းမျဥ်းတွေအကြောင်း နင် ဘာတွေသိထားလဲ"

လင်လုံသည် ယဲ့ချန်နှင့် ဘေးချင်းယှဥ် လမ်းလျှောက်နေကာ ဆံပင်ရှည်များက လေထဲတွင် တဖြတ်ဖြတ် လွင့်နေသောကြောင့် အလွန်လှပနေသည်။

"စည်းမျဥ်းတွေ ဟုတ်လား"

သူမ၏မေးခွန်းကြောင့် ယဲ့ချန်က မျက်ခုံးပင့်လိုက်မိသည်။

"နတ်ပြည်မှာ ဘိုးဘေးနတ်အဆင့်က အစွမ်းအထက်ဆုံးဖြစ်ပြီး စည်းမျဥ်းတွေကို ပူးပေါင်းဖန်တီးထားခဲ့တယ်။ သူတို့က ဆန်းကျယ်လွန်းလို့ ငါလည်း သေချာမသိဘူး။ သူတို့က အရှိန်အဝါကို စကြဝဠာတစ်ခွင် ဖြန့်ကျက်နိုင်ကြတယ်"

သူမက ဘိုးဘေးနတ်များအကြောင်း ပြောနေစဥ် လှပသော မျက်နှာလေးထက်တွင် အထင်ကြီးလေးစားမှုများ ထင်ဟပ်နေခဲ့လေသည်။

All Chapters