← Chapters

သခင်အဖြစ် .... အသိအမှတ် ပြုခြင်း။

Vol. 152 Ch. 2116

သခင်အဖြစ် .... အသိအမှတ် ပြုခြင်း။

Vol. 152 Ch. 2116

ဗုဒ္ဓဧကရာဇ် ရွှေကြာပန်း လှံသည် အရှည် ကိုးပေရှိပြီး သန့်ရှင်းသော ရောင်ခြည်တော်ဖြင့် ဖုံးအုပ်ထား၏။ ဓားသွားသည် ထက်မြက်ကာ ထူးဆန်းသော ရောင်ဝါ ထုတ်ပေးသည်။

ဤသည်မှာ မေတ္တာ တရားနှင့် သတ်ဖြတ်ခြင်း ရည်ရွယ်ချက်ကို ပိုင်ဆိုင်သော အစွန်းတရား နှစ်ပါး လက်နက် ဖြစ်၏။

အလွန် ရှုပ်ထွေးချေပြီ။ ကောင်းမှုနှင့် မကောင်းမှုကို အတွေး တစ်ချက် တည်းဖြင့် ပြသနိုင်၏။

“ မိုးပြာ နဂါး သူတော်စင် ... ၊ နဂါးပြာ ကောင်းကင် ခွဲဖျက်ခြင်း ပညာရပ်။ ”

ကြုံးဝါးသံနှင့် အတူ၊ နဂါးနှစ်ကောင် ဟောက်သံများ သူ့ခန္ဓာကိုယ်မှ ပဲ့တင်ထပ် လာသည်။

ဤသည်မှာ သူတော်စင် ခန္ဓာ နှစ်ပါးကို တစ်ပြိုင်နက်တည်း ထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။ ရွှေခရမ်း နဂါးရူရ် တစ်သိန်းနှင့် ကျောက်စိမ်းပြာ နဂါးရူရ် တစ်သိန်း ပေါ်လာ၏။

အလျား ဆယ်ပေရှိသော နဂါးနှစ်ကောင် ထွက်ပေါ်လာပြီး သူ့ကို လှည့်ပတ် ရစ်ခွေတော့ သည်။

“ လူယုတ်မာ ... သတိထား။ ”

ခရမ်းငယ်မှ စိတ်လှုပ်ရှား သွား၏။

“ စိတ် မပူနဲ့ ... ။ ”

လင်းယွန်က လှည့်ကာ ပြုံးပြသည်။ ပြီး အသက်ပြင်းပြင်း ရှူလျက် ရွှေကြာပန်းလှံထံ လက်လှမ်း လိုက်၏။

သည့်နောက် သူ့လက်ပေါ်၌ ရူရ်များ အထပ်ထပ် ဖွဲ့စည်းလာပြီး၊ ရွှေကြာပန်း လှံကို ကိုင်မိသွားသည်။

သွေးသား စွမ်းအင်များ ချက်ချင်း စုပ်ယူခံရကာ စိတ်ဝိညာဉ် တုန်ခါသွားတော့၏။ မျက်စိတစ်မှိတ်အတွင်း သွေးသား စွမ်းအင် ဆယ်ပုံတစ်ပုံ ဝါးမျိုခံလိုက် ရသည်။

တစ်ချိန်တည်းမှာပင် ဗုဒ္ဓဧကရာဇ် ရွှေကြာပန်းလှံမှ ကြောက်မက်ဖွယ် အလင်းများ ထွက်ပေါ်လာ၏။ လှံတစ်ခုလုံး ယိမ်းထိုးလျက် လင်းယွန်ကို တွန်းလွှတ်တော့သည်။

“ ဝှစ် ... ။ ”

“ ဘာလဲ ... ။ ”

နှုတ်ခမ်းထောင့်မှ သွေးများ စီးကျကာ လွင့်ပျံသွား၏။ ခြေထောက်ကို မြေပြင်ပေါ် လေး-ငါးကြိမ် ပုတ်ပြီး တည်ငြိမ်အောင် ထိန်းလိုက်သည်။

“ ထားလိုက်တော့ ... ထပ်မလုပ်နဲ့။ ”

ခရမ်းငယ်မှ ကမန်းကတန်း ဟန့်တား လာတော့၏။

“ မဟုတ်ဘူး ... ငါ စမ်းကြည့်ပါရစေ ... ရလောက်တယ်။ ”

ဗုဒ္ဓဧကရာဇ် ရွှေကြာပန်းလှံ အတွင်း ပါရှိသော ကြောက်မက်ဖွယ်ရာ စွမ်းအင်ကို ခံစားနိုင်သည်။

ထိုစွမ်းအင်သည် အကန့်အသတ် မရှိသော တွင်းနက်ကြီး တစ်ခုနှင့် တူနေ၏။ ယင်းကြောင့် သူ့ကို လောဘ ဖြစ်စေသည်။

ဤလှံကိုသာ ထိန်းချုပ်နိုင်သော် ထျန်ရွှမ်ဇီဖြင့် ရင်ဆိုင်ရာ၌ အထောက်အကူ ရပေမည်။ ရွှေခေတ်သည် ခွန်လွန် အတွက် ကပ်ဘေးတစ်ခု ဖြစ်၏။ ကာကွယ်လိုသည့် လူများကို ကာကွယ်ရန် သူ့အတွက် ခွန်အား လိုအပ်သည်။

လင်းယွန်က အလျှော့ မပေးလိုသော တိုက်ပွဲဝင် ဆန္ဒများဖြင့်၊ ရွှေကြာပန်း လှံတံထံ လျှောက်လှမ်း သွားမိပြန်သည်။

လှံပေါ်ရှိ ကြက်သွေးရောင် သွေးကြောများက သွေသား စွမ်းအင် စုပ်ယူရာ၌ အဆတ်ပြတ် ကုန်သဖြင့်၊ တဖြည်းဖြည်း ပြန်လည် ပျောက်ကွယ်နေပြီ ဖြစ်သည်။

“ မိုးပြာနဂါး ဓား နှလုံးသား။ ”

အော်ငေါက်လျက် ဓားနှလုံးသားကို အသုံးပြုကာ ဓားနယ်မြေဖြင့် ပတ်ဝန်းကျင် အပေါ် ထိန်းချုပ်လိုက်၏။

များမကြာမီ ငွေရောင် အဆင်းများ ရစ်သိုင်းလျက်၊ လှံ၏ ဖိအားကို တွန်းလှန်ပေး လေသည်။

ဖိအားများ လျော့ကျ လာသည်နှင့် လင်းယွန်က လက်ဖြင့် လှမ်းကိုင် လိုက်၏။ ခရမ်းရောင် နယ်မြေ တစ်ခုလုံး ပြင်းစွာ တုန်ခါ လာတော့သည်။

လှံထံမှ ဟောက်သံ ထွက်ပေါ်လျက်၊ အရိပ်နှစ်ပါး ထွက်လာ၏။ ကောင်းကင်ပင် နှစ်ခြမ်း ကွဲသွားသည်။

တစ်ခြမ်းတွင် ရွှေရောင်ဖြစ်ပြီး ကျန်တစ်ခြမ်းသည် ခရမ်းရောင် ဖြစ်ချေ၏။ ရွှေရောင်သည် မေတ္တာတရားနှင့် ခရမ်းရောင် ဟူသည် သတ်ဖြတ်ခြင်း ပေပင်။

“ လာ ... ။ ”

“ ဝှစ် ... ။ ”

ဗုဒ္ဓနှင့် မိစ္ဆာ ဖြစ်ချေ၏။ ခရမ်းငယ်က နဂါးလေး နှင့်အတူ ဖီးနစ်သစ်ပင် အောက်သို့ ပြန်ဆုတ်လိုက်သည်။

ထိုဆန့်ကျင်ဘက် ရည်ရွယ်ချက် နှစ်ခုအတွင်း၌ ရှေးဟောင်း ဝိညာဉ်တော် နှစ်ပါး ပါဝင်သည်။

၎င်းရှေးဟောင်း ဝိညာဉ် နှစ်ပါးသည် အလင်းတန်း နှစ်သွယ် ပြောင်းလျက် ငွေရောင် ဓားနယ်မြေကို ချေမှုန်းတော့၏။

လင်းယွန်က အရှုံး မပေးသေးဘဲ၊ နဂါးငွေ့တန်း တစ်ရာကျော် ရစ်ပတ်နေသည့် ကြယ်ဓားနှစ်လက်ကို ထုတ်ဖော်သည်။

တစ်ချိန်တည်းမှာပင် သွေးသား စွမ်းအင် များသည်လည်း ငါးပုံ သုံးပုံခန့် ကုန်ဆုံးသွားပြီ ဖြစ်၏။ လှံနှင့် လူမှာ အနည်းငယ် ရင်းနှီးလာသည်။

သို့ပင်ငြားလည်း ရှေးဟောင်း ဝိညာဉ် နှစ်ပါးမှ ခွင့်မပြချေ။ ၎င်းတို့၏ အဆက်မပြတ် တိုက်ခိုက်မှု များကြောင့်၊ နတ်လိပ် အသွင် ပြောင်းနည်းမှာ ပြေလျော့သွားသည်။

အလွန် ပင်ပန်း နွမ်းနယ်လာ၏။ အရိုးနှင့် အရေသာ ကျန်ရှိတော့သည်။ နဂါးပြာ အရိုးပင် ပြည်လည် ဖြည့်တင်းနိုင်ခြင်း မရှိတော့ချေ။

ရွှေကြာပန်း လှံပေါ်၌ သွေးကြောများ အပြည့်နီးပါး ဖုံးလွှမ်းတော့မည် အချိန်တွင် နဂါးနေနှင့် လတံဆိပ်၏ တတိယပုံစံကို အမြန်ထုတ် လိုက်သည်။

“ ကောင်းကင်နဲ့ မြေကြီး တစ်သားတည်း။ ”

ဓားနှလုံးသားဖြင့် ဖန်တီးထားသော ငွေရောင်ကမ္ဘာကြီး ရုတ်သိမ်း ခံလိုက်ရသည်။ ယင်းအစား ကြယ်ဓားဖြင့် သွန်းထားသော ငွေရောင် ချပ်ဝတ် ဖြစ်ပေါ်လာ၏။

နဂါးငွေ့တန်းများက ခန္ဓာကိုယ်ကို ရစ်ပတ်ထားသည့် ပိုးခြည်မျှင်များ အဖြစ်သို့ ပြောင်းလဲသွားသည်။

“ ဝှစ် ... ။ ”

ဓားနယ်မြေကို ရုတ်သိမ်းလိုက် သဖြင့်၊ ရှေးဟောင်း ဝိညာဉ်တော် နှစ်ပါး ခုန်ချလာကာ၊ ဗုဒ္ဓဧကရာဇ် ရွှေကြာပန်း လှံတံနှင့်၊ လင်းယွန်၏ ပေါင်းစည်းခြင်းကို အစွမ်းကုန် တားဆီး၏။

“ တကယ်ပဲ ငါ့မှာ ဒေါသ မရှိဘူးလို့ ထင်နေကြတာလား ... ခရမ်းရောင် လျှို့ဝှက် နယ်မြေမှာ ... ဘယ်လို ပြုမူ နေထိုင်ရမလဲ သင်ယူပါ။ ”

ခရမ်းငယ်က အော်ငေါက် လိုက်၏။ ဤရှေးဟောင်း ဝိညာဉ် နှစ်ပါးကို ကြည့်မရ တော့ချေ။

သူမ ပိုင်သော ဤကမ္ဘာကြီး အတွင်း၊ ၎င်းဝိညာဉ် နှစ်ပါးမှ တရားလက်လွတ် မင်းမူပြ နေသည်။ ဥပဒေမဲ့ လွန်းချေ၏။

ဗုဒ္ဓဧကရာဇ် ရွှေကြာပန်း လှံမှ လင်းယွန်အပေါ် အသိအမှတ်ပြု လိုသော်လည်း ၎င်းတို့မှ ကန့်ကွက် နေသည်။

ခရမ်းရောင် ဤကမ္ဘာကြီးကို မည်သို့ ထင်နေကြ သနည်း။ သူတို့ကဲ့သို့ ရှေးဟောင်း ဝိညာဉ်များ အတွက် ကစားကွင်း သဖွယ် ထင်နေခဲ့ကြ သည်လော။

“ လျှပ်စီးနဲ့ လေ ... ။ ”

ခရမ်းငယ်က ကောင်းကင်ပေါ် ပျံတက်သွားပြီး အုပ်စိုးရှင် နတ်ရူရ် နှစ်လုံးကို ဆင့်ခေါ် လိုက်၏။

“ ဝူး ... ဖျစ် ဖျစ် ဖျစ် ... ။ ”

အနန္တ လျှပ်စီး နတ်ရူရ်နှင့် လေပြင်း နတ်ရူရ်များက ချက်ချင်း ဆင်းသက်ကာ ဝိညာဉ် နှစ်ပါးကို ဖျက်ဆီးတော့သည်။

လင်းယွန် အပေါ် ဖိအားများ ပေျာက်ကွယ်လျက် ဗုဒ္ဓဧကရာဇ် ရွှေကြာပန်း လှံတံက လက်ထဲ လိုက်ပါလာသည်။

“ ဝှီး ... ဝှီး ... ဝှီး ... ။ ”

လှံကို အရိုးမှ ကိုင်လိုက်ပြီး၊ လှည့်ပတ် ကစားလိုက်သော အခါ လင်းယွန်၏ ရောင်ဝါမှာ မထင်မှတ် လောက်အောင် မြင့်မားလာ၏။

“ ငါ အောင်မြင်ပြီ ... ။ ”

လင်းယွန်က စိတ်လှုပ်ရှားစွာ ရေရွတ် လိုက်သည်။ ဤလှံသည် မည်မျှ အစွမ်းထက် မည်ကို သူ ခံစားနိုင်၏။

သွေးသား စွမ်းအင်ကို စုပ်ယူပြီးနောက် သူ့အပေါ် သခင်အဖြစ် အသိအမှတ် ပြုခဲ့သည်။ သို့သော် လှံတွင် သူဖွင့်၍ မရသော တံဆိပ်သုံးခု ရှိနေသည်ကို သတိထားမိ၏။

တံဆိပ်များ ဖွင့်မရလျှင်ပင်၊ အနည်းဆုံး အုပ်စိုးရှင် သူတော်စင် လက်ရာ အဆင့်၌ ရှိနေ သေးသည်။

တံဆိပ်သုံးခု ဖြုတ်နိုင်ပါက မည်မျှ တန်ခိုးကြီးသွားမည်ကို တွေးဆ၍ မရချေ။ လင်းယွန် တစ်ယောက် သူ့နှလုံးခုန်သံကို သူပြန်ကြား လာရသည်။

ဤသည်မှာ အုပ်စိုးရှင် လက်ရာ ဖြစ်သော မိုးပြာနဂါး နေ-လ ထီးထက် ပို၍ အစွမ်းရှိသည့် လက်နက် ဖြစ်ချေပြီ။

ပြဿနာမှာ အလေးချိန် ဖြစ်၏။ တောင်တစ်လုံးကို ကိုင်ထားရ သကဲ့သို့ ပင်ပန်း နွမ်းနယ် စေသည်။

အချိန်ကြာကြာ ကိုင်ဆွဲသော် သွေးသား စွမ်းအင်များကို အဆတ်မပြတ် စုပ်ယူနေသဖြင့် လွှဲယမ်းရန်ပင် အခက်အခဲ ဖြစ်လာနိုင်၏။

***

All Chapters