မင်း ... ဘာလို့ မပြောရတာလဲ။
Vol. 152 Ch. 2117
“ ဒီလူယုတ်မာရဲ့ မူလ ရုပ်သွင်က ပိုခန့်ညားတာပဲ။ ”
ခရမ်းငယ်က ဖီးနစ် သစ်ပင်ပေါ် ရွေ့သွားကာ၊ လင်းယွန်ကို ပြုံးပြီး ကြည့်နေခဲ့ လေသည်။
လင်းယွန်က လှံတံကို မြေပြင်ပေါ် ထိုးစိုက်လျက် သက်ပြင်းချ လိုက်တော့၏။ နောက်ဆုံးတွင် ဖြစ်စဉ်သည် အန္တရာယ်များ သော်လည်း သူ အောင်မြင်ခဲ့သည်။
နဂါပြာ အရိုးနှင့် ခရမ်းငယ် မရှိသော် သူတော်စင် တစ်ပါးပင် ဤလှံကို နှိမ်နင်းနိုင် ဦးမည် မဟုတ်ချေ။
“ ဒါက ထူးဆန်းတယ်၊ ဗုဒ္ဓဧကရာဇ်က ဘာလို့ သွေးလဂိုဏ်းနဲ့ အဆက်အသွယ် ရှိနေရ တာလဲ။ ”
လင်းယွန်မှ တွေးတွေးဆဆဖြင့် ရေရွတ်လိုက်သည်။
“ ကျောက်တျန်းယွီ ပြောတာ ... ဖြစ်နိုင်တယ်၊ ဒီလက်နက်ကို သွေးလဂိုဏ်းက လျှပ်စီး ကောင်းကင် ကျောင်းတိုက်ကို ပေးခဲ့ ဖြစ်မှာပေါ့ ... ။ ”
ခရမ်းငယ်မှ စကားရပ်ကာ အနည်းငယ် စဉ်းစားပြီး၊
“ နောက်ထပ် ဖြစ်နိုင်ချေ တစ်ခုလည်း ရှိသေးတယ်၊ လျှပ်စီး ကောင်းကင် ကျောင်းက သွေးလဂိုဏ်းရဲ့ နယ်ရုပ်တစ်ရုပ် ဆိုရင်ရော။ ”
-ဟု သုံးသပ်ပြ လာ၏။
လင်းယွန်မှ ထိတ်လန့် သွားပြီး၊
“ မင်းရဲ့ အတွေးတွေက ... တကယ် ရဲရင့်တယ်၊ သူတို့ ဘာတွေလုပ်ဖို့ ကြိုးစားနေလဲ ဆိုတာကို စိတ်ဝင်စားလာပြီ၊ နောက်ဆုံးတော့ ဒီလို အုပ်စိုးရှင် လက်နက်လေး တစ်ခုအတွက် နတ်သွေး ဆယ်စက်ကို သုံးစရာ မလိုပါဘူး။”
“ နင့်မှာ တွေးမိတာ ရှိလား။ ”
“ အင်း နည်းနည်း ... ။ ”
“ ဟုတ်တယ် ... ငါလည်း ထင်တယ်၊ ဒီမိစ္ဆာလေးမှာ တံဆိပ် သုံးခုကို ... ပြန်ဖျက်ဖို့ နည်းလမ်း ရှိရမယ်၊ တံဆိပ်တွေ မရှိေတာ့ရင် ဒီလှံတံက ကောင်းကင်ဓားနဲ့ တာအိုဓားကို ရင်ဆိုင်နိုင်ပြီ။ ”
“ ငါလည်း ဒီလိုပဲ ထင်မိတယ်၊ ဝါးမြိုခြင်း နတ်ရူရ်ရဲ့ စွမ်းအားက ... တံဆိပ် မရှိတော့ရင် သူတော်စင် တစ်ပါး ကိုတောင် စားနိုင်တယ်။ ”
လင်းယွန်မှ ခေါင်းညိတ်၏။
“ အရေးကြီးဆုံး ကတော့ ဒီဗုဒ္ဓဧကရာဇ် ရွှေကြာပန်းလှံဟာ အချိန်အတော် ကြာအောင် အိပ်ပျော်နေတဲ့ အတွက် အလွန် အားနည်းနေပြီ၊ တံဆိပ်သုံးခုကို အတင်းအကျပ် ရုတ်သိမ်းရင် ပျက်စီးသွားဖွယ် ရှိတယ်။ ”
ဤမှန်းဆချက်သည် ကျိုးကြောင်း ဆီလျော်သော်လည်း သွေးလဂိုဏ်းသည် ဤမျှ ရဲရင့်လိမ့် မည်ဟု လင်းယွန် မယုံချေ။
မည်သို့ပင် ဆိုစေကာမူ ကောင်းကင် တာအိုဂိုဏ်း ကိုလည်း ကပ်ဆိုးများ မကျရောက် လိုသည်မှာ လင်းယွန်၏ ဆန္ဒအမှန် ဖြစ်၏။
သို့သော် သူ့စကားများကို ခရမ်းငယ်မှ စိတ်မ၀င်စားချေ။ သူမ ဂရုစိုက်သူမှာ ဤကမ္ဘာ၌ လင်းယွန် တစ်ယောက်သာ ရှိသည်။
“ ကောင်းကင် တာအိုဂိုဏ်းရဲ့ ဂိုဏ်းချုပ် ရာထူးနေရာက အကြာကြီး လစ်လပ် နေခဲ့တာ နင် မြင်တယ် မဟုတ်လား၊ မျိုးနွယ်စု လေးခုက ဒီဂိုဏ်းရဲ့ သွေးကို စုပ်ယူနေတဲ့ ... ကပ်ပါး ပိုးကောင် တွေပဲ၊ အချိန်တန်ရင် ...
... ဂိုဏ်းကို စွန့်ခွာ ပြေးကြလိမ့်မယ်၊ ဝမ်မိသားစုက သွေးလဂိုဏ်းနဲ့ ဆက်ဆံရေး ရှိသလို၊ ယဲ့မိသားစုလည်း ဘာထူးလဲ၊ သူတို့ ဘိုးဘေးက ဒီလောက် အရည်အချင်း ပြသနေတဲ့ နင့်ကိုတောင် ...
... သတ်ချင်နေတာ မဟုတ်လား ... ယဲ့ကူဟန်သာ မရှိရင် နင်လည်း ဆက်နေလို့ မရတော့ ပါဘူး၊ ကျန်းမိသားစု ဆိုရင် နဂါး မိသားစုရဲ့ သိုင်းပညာတွေပဲ လေ့ကျင့် ထားကြတယ်၊ ...
... ဒါကြောင့် သူတို့က အင်ပါယာရဲ့ ခွေးထက်မပိုဘူး၊ ပြီးတော့ ပိုင်ရှုရင် အပေါ် ဆက်ဆံပုံကို ကြည့်ရင် ... ပိုင်မိသားစုလည်း၊ အထူးမခြားပဲ၊ ...
...ကေျာက်စိမ်းဓား သူတော်စင်က သူ့မိသားစု အပေါ် စိတ်မဝင်စားဘူး၊ ဒါကြောင့် ကောင်းကင် တာအို ဂိုဏ်းဆိုတာ လှိုက်စား ခံနေရတဲ့ ပန်းသီး တစ်လုံးပဲ၊ အထဲမှာ ပုတ်နေပြီ၊ ...
... သူတို့အတွက် ကောင်းကင်ဓားနဲ့ တာအိုဓား တွေသာ မရှိရင်၊ ဂိုဏ်းကို အပိုင်းပိုင်း ခွဲဝေပြီး လောက်ပြီ၊ အရှေ့ဘက် ပျက်စီးမြေရဲ့ အသန်မာဆုံး မြင့်မြတ်မြေ ဆိုတာ နာမည်ပဲ ကျန်တော့တယ်။ ”
သူမ စကားကို လင်းယွန်မှ တုန့်ပြန်ခြင်း မရှိချေ။ ကောင်းကင် တာအိုဂိုဏ်းတွင် အချိန် အတော်ကြာ နေထိုင်ခဲ့ပြီး ဖြစ်ရာ၊ ဂိုဏ်းအပေါ် ခံစားချက် အချို့ ရှိနေပြီ ဖြစ်သည်။
သို့သော် ခရမ်းငယ် စကားများမှာ အမှန် ဖြစ်၏။ ငြင်း၍ မရချေ။ မျိုးနွယ်စု လေးပါးသည် မျှော့နှင့်တူ သည်။
သူတို့ သားစဉ်မြေးဆက်များမှာ၊ ဂိုဏ်း၏ သူတော်စင် တပည့် ရာထူးများ ကိုပင် သိမ်းပိုက် ထားခဲ့သည်။
“ လောကမှာ ... ဘယ်အရာမှ မမြဲဘူး၊ ထာဝရ မြင့်မြတ်မြေ တွေတောင် ပျက်စီးတယ်၊ ငါ့ဘဝမှာ ဒီလို ဖြစ်ရပ်တွေ အများကြီး တွေ့ကြုံဖူးတယ်၊ ...
... ကောင်းကင် တာအိုဂိုဏ်း ကိုယ်တိုင်တောင်မှ ... ဒါကို ဂရုမစိုက်တာ နင်က ဘာတွေ တွေးပူနေတာလဲ၊ တကယ် လို့သာ ဒီနေရာက အခြားသော မြင့်မြတ်မြေ တစ်ခုဆိုရင်၊ ...
... ဝမ်မူယန်က အထောက်အထား မလိုအပ်ဘဲ ပြောင်ပြောင်တင်းတင်း လှုပ်ရှား ပြီးလောက်ပြီ၊ ဒီဂိုဏ်းက နင့်ခရီးမှာ တစ်စိတ် တစ်ပိုင်းပဲ၊ နင့်ဘဝကို ပေးစရာ မလိုဘူး။ ”
ထိုစကား ကြားရသော အခါ အနည်းငယ် ဝမ်းနည်းမှုများ ခံစားလာရသည်။ သို့သော် ဗုဒ္ဓ ဧကရာဇ် ရွှေကြာပန်း လှံကို ကြည့်မိသောအခါ အတွေးများ ရှင်းလင်းလာ၏။
ဓားဂိုဏ်းသည် ကောင်းကင် တာအိုဂိုဏ်း ကဲ့သို့ မြင့်မြတ်မြေ မဟုတ်သော်လည်း စည်းလုံး ညီညွတ်သည်။
ယနေ့ အချိန်အထိ ဂိုဏ်းဝင်တိုင်း ကတိသစ္စာ ပြုခဲ့ရသော ဆောင်ပုဒ်အပေါ် မမေ့နိုင် သေးချေ။
( ငါတို့သည် တစ်နေ့တွင် ဓားဂိုဏ်းကို မြင့်မြတ်မြေ အဖြစ် ပြန်၍ ယူဆောင်လာမည်။ မိုင်ကိုးသောင်း လွှမ်းခြုံထားသော ထီးတော်ဖြင့် နှစ်ပေါင်း ရှစ်ထောင် စိုးစံခဲ့သည်။ လမင်း တည်သရွေ့ ဓားဂိုဏ်း ဘယ်ကိုမှ မရွေ့။ )
လင်းယွန်က စိတ်ထဲမှ ကြွေးကြော်လျက် ခဏ အနားယူ လိုက်တော့၏။ ပြီးနောက် မူလ နဂါး မဟာ သူတော်စင်ထံ သွားရောက်ရန် ထွက်ခွာလာခဲ့သည်။
“ လိပ်နက် အသွင် ပြောင်းနည်းကို အသက်သွင်းသွားဦး။ ”
ခရမ်းငယ်က ဓားသေတ္တာ အတွင်းမှ လှမ်းအော် သတိပေး လေသည်။ လင်းယွန်မှ ခေါင်းညိတ်လျက် ယဲ့ချင်းရှန် အသွင် ခံယူ လိုက်၏။
မူလနဂါး မဟာ သူတော်စင်၏ တံဆိပ်ကြောင့် မေးမြန်းခြင်း မရှိ ဖြတ်သန်း သွားလာ နိုင်ခဲ့သည်။
“ ဆရာ ... ။ ”
လင်းယွန်က ဦးညွှတ်လိုက် လေသည်။ မူလနဂါး မဟာ သူတော်စင်မှ လင်းယွန်ကို ကြည့်ကာ စိတ်မကောင်း ဖြစ်လာ၏။
“ ငါ မအောင်မြင်ဘူး ... ၊ နတ်နဂါး သင်္ချိုင်းအတွင်းမှာ အသက် ဆုံးရှုံးလု နီးပါးပဲ၊ နတ်ဘုရား အသွေးတော် သစ်သီးကို မတွေ့ခဲ့ရင် ကောင်းတယ် အခုတော့ ...
... သစ်သီးကို ရှာတွေ့ခါမှ ... လူယုတ်မာ တစ်ယောက်က ... ငါ့အပေါ် ထောင်ချောက် ဆင်ခဲ့တယ်။ ”
မူလနဂါး မဟာ သူတော်စင်မှ ဒေါသဖြင့် ပြောပြလာ၏။ သူ့အတွေ့အကြုံကို မဝေမျှချင် သော်လည်း၊ တပည့်မျက်နှာ မြင်သောအခါ ထိမ်ချန် မထားလို တော့ချေ။
စကား ပြောနေလျက်မှ မျက်ရည်များပင် စီးကျလာသည်။ မဟာ သူတော်စင် မျက်ရည်ကို မြင်ချိန်၌ သူ စကား ပြောသင့်ပြီမှန်း၊ လင်းယွန် သိလိုက်၏။
“ ဆရာ ... စိတ်မကောင်း မဖြစ်ပါနဲ့၊ တပည့်မှာ နတ်ဘုရား အသွေးတော် သစ်သီး တစ်လုံး ရှိပါတယ်။ ”
“ မင်း ... ငါ့ကို လှောင်ပြောင် နေတာလား။ ”
“ မဟုတ်ပါဘူး ... တကယ် ရှိတာပါ။ ”
လင်းယွန်မှ နတ်ဘုရား အသွေးတော်ကို ချက်ချင်း ထုတ်ပြလိုက်သည်။ နဂါးမူလ မဟာ သူတော်စင် ခမျာ ငုတ်တုတ်မေ့ သွား၏။
အစောပိုင်းတွင် သူ့မျက်ရည်များမှာ တစ်စက်တစ်လေ မျှသာ ကျခြင်း ဖြစ်သည်။ လင်းယွန်လက်မှ သစ်သီးကို မြင်ပြီးနောက် အဆက်မပြတ် စီးကျ လာတော့၏။
“ ဘာလို့ ဒီအကြောင်းကို မပြောတာလဲ၊ နတ်နဂါးသင်္ချိုင်းမှာ ... ငါကြုံတွေ့ခဲ့ ရတာကို မင်း သိရဲ့လား။ ”
မူလနဂါး မဟာ သူတော်စင် ခမျာ သူ၏ရှက်ဖွယ် ဖြစ်ရပ်များ ပြန်တွေးမိ လာကာ၊ ဝမ်းနည်း ပက်လက် ဖြစ်သွားတော့၏။
***