နာကျင်မှု အပေါ် သတိကပ်ပါ ... ။
Vol. 152 Ch. 2118
မူလနဂါး မဟာ သူတော်စင်၏ ကြေကွဲနေသော အမူအရာကြောင့် လင်းယွန် တစ်ယောက် ကူကယ်ရာမဲ့ သွား၏။
“ ဆရာ ... ဒီအကြောင်းကို မပြောဘဲ ထွက်သွားတာ မဟုတ်ဘူးလား။ ”
မူလနဂါး မဟာ သူတော်စင်၏ မျက်ရည်များကို ကြည့်ပြီး စီနီယာ အစ်ကို ပြောသည့် စကားများ မှန်ကန်ကြောင်း နားလည် လိုက်မိသည်။
နတ်နဂါးသင်္ချိုင်း ခရီးစဉ်၌ ကြီးစွာသော ဝေဒနာကို ခံစားခဲ့ပုံ ပေပင်။ မူလ နဂါး မဟာ သူတော်စင်မှ သတိ ပြန်ဝင်သွား၏။
နတ်နဂါး သင်္ချိုင်းသို့ သွားခြင်းသည် အန္တရာယ်ရှိသဖြင့် သေရန်ပင် ပြင်ဆင်ထားခဲ့ သည်။ ထို့ကြောင့် လင်းယွန်ကို မပြောဘဲ အလျင်စလို ထွက်သွားရခြင်း ဖြစ်၏။
“ နတ်ဘုရား အသွေးတော် အကူအညီနဲ့၊ မိုးပြာနဂါး နတ်ခန္ဓာကို ... မင်း လေ့ကျင့်လို့ရပြီ၊ ဒါက သော့ချက် ဖြစ်ပေမယ့် အဖြေတော့ မဟုတ်ဘူး ...
... အရင်က မင်းရဲ့ နဂါးမိသားစု ... သူတော်စင် ကိုယ်လုံး ကိုယ်ပေါက် နှစ်ခုကို အဓိပတိ နဂါးတံဆိပ်နဲ့ ... အတင်းအကျပ် ပေါင်းစည်းခဲ့တဲ့ အတွက် ...
... မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ ... ပြဿနာတွေ ရှိလိမ့်မယ်၊ ကံကောင်းစွာပဲ မင်းက အဲဒါကို သိပ် မသုံးခဲ့ဘူး၊ မင်း ... ။ ”
မူလနဂါး မဟာ သူတော်စင်က ရုတ်တရက် စကားရပ်သွား၏။ ပြီးနောက် အံ့အားသင့်စွာဖြင့် မျက်ဝန်းများ တောက်ပလာကာ၊
“ နေပါဦး ... ဒီနတ်ဘုရား အသွေးတော်ရဲ့ အရည်အသွေးက နတ်နဂါးသင်္ချိုင်းမှာ ငါတွေ့တဲ့ အသီးထက် ပိုပြီး အရည်အသွေး မြင့်နေတယ်၊ ကောင်းကင်လမ်း ကနေ ရခဲ့တာလား။ ”
-ဟု မေးမြန်း လာတော့သည်။
လင်းယွန်မှ ခေါင်းညိတ် ပြလိုက်၏။
“ မင်း ... သက်တံဓားကို ဒီအကြောင်း မပြောပြဘူးလား။ ”
နတ်ဘုရား အသွေးတော် အသီးသည် ခွန်လွန်နယ်မြေ၌ အဖိုးတန်ပြီး သူတော်စင်များ အတွက်ပင် တန်ဖိုးရှိ၏။
၎င်းသည် သူတော်စင် တာအိုကို အထောက်အကူ ဖြစ်စေမည့် အပြင် သက်တမ်း တိုးရာ၌လည်း အသုံးပြုနိုင်သည်။
“ ကျွန်တော် လုပ်ခဲ့ပါတယ်၊ ဒါပေမယ့် အရင်က တစ်လုံးစား ထားပြီးပြီမို့ ဆရာ့အတွက် အသုံးမဝင် တော့ဘူး။ ”
လင်းယွန် အဖြေကြောင့် မူလနဂါး မဟာသူတော်စင်မှ သက်ပြင်းချ လိုက်တော့၏။
“ တကယ်တော့ သူက ဒီခြေလှမ်းကို ရုန်းထွက် နိုင်မလား ဆိုတာ သက်တမ်းအပေါ် မူတည်တာတော့ မဟုတ်ပါဘူး၊ ဒီလို သက်တမ်း ကုန်ဆုံး သွားတာတောင် သူ့အတွက် အားသာချက် ဖြစ်လာဦးမယ်။ ”
မူလ နဂါး မဟာ သူတော်စင်က ခေါင်းယမ်းလျက်၊
“ မေ့လိုက်ပါ ... ဒီအကြောင်းကို မပြောပဲ နေတာ ကောင်းမယ် ... မိုးပြာနဂါး နတ်ခန္ဓာကို လေ့ကျင့်ရမဲ့ နည်းလမ်းကို ... ရှင်းပြမယ်။ ”
မူလနဂါး မဟာ သူတော်စင်က ပြီးပြည့်စုံသော မိုးပြာနဂါး နတ်ခန္ဓာ ပညာရပ် ပေးအပ်ကာ စတင် ရှင်းပြခဲ့သည်။
သူသည် ဓားသမား တစ်ဦးလည်း ဖြစ်ခဲ့ဖူး၏။ သို့သော် သက်တံဓား သူတော်စင်၏ အကြံပြုချက် အတိုင်း နောက်ပိုင်း၌ ရုပ်ခန္ဓာ အပေါ်သာ အာရုံစိုက်ခဲ့သည်။
ထို့ကြောင့် ခွန်လွန် နယ်မြေ အတွင်းမှ လူအနည်းငယ် မျှသာ ကိုယ်လုံး ကိုယ်ပေါက် အရာ၌ သူ့ကို ယှဉ်နိုင်ပေမည်။
ထိုသို့သော သူတော်စင် တစ်ပါး၏ ညွှန်ကြားချက် များသည်၊ လင်းယွန် အတွက် များစွာ အသိဉာဏ် ပွင့်စေ၏။
နောက်ဆုံး၌ နတ်ခန္ဓာကို ကျင့်ကြံခြင်း ဟူသည် တားမြစ် လုပ်ငန်းစဉ် တစ်ရပ် ဖြစ်လေ သည်။
အန္တရာယ် များပြီး တစ်ချိန်က သူ ငြင်းခဲ့ဖူးသော မိုးပြာနဂါး အုပ်စိုးရှင် ခန္ဓာထက် ပို၍ ကြောက်စရာ ကောင်း၏။
မိုးပြာနဂါး နတ်ခန္ဓာတွင် အဆင့် ကိုးဆင့်ရှိကာ၊ ဒုတိယ အဆင့်မှ စတင်ပြီး၊ နဂါး ဒုက္ခ ခံယူရပေမည်။
“ ဒီပညာရပ်ကို အဆင့်ကြီး သုံးဆင့် သတ်မှတ်ပေး ထားတယ်၊ အဆင့်တိုင်းမှာ ပုံစံ သုံးမျိုးပါတယ်၊ ပထမ အဆင့်က နဂါးခန္ဓာ၊ ဒုတိယအဆင့်က နဂါး ဝိညာဉ်နဲ့ တတိယ အဆင့်မှာ နဂါး စွမ်းအားကို လေ့ကျင့် ပေးရတယ်၊ ...
... ပထမ အဆင့်က သေမျိုးခန္ဓာကို ... နဂါးခန္ဓာ ဖြစ်အောင် အုတ်မြစ် ချပြီး၊ ဒုတိယ အဆင့်မှာ စိတ်ဝိညာဉ်ကို သန့်စင်တယ်၊ ဒါကြောင့် ဒီဒုတိယ အဆင့်မှာ ...
... မိုးပြာနဂါး တွေရဲ့ မွေးရာပါ စွမ်းရည်ဖြစ်တဲ့ ... လေနဲ့မိုးကို ထိန်းချုပ် နိုင်လိမ့်မယ်၊ ...
... နောက်ဆုံး အဆင့်ကတော့ ... နဂါးစွမ်းအားမို့ ပိုရှုပ်ထွေးတယ်၊ ဘာကြောင့်လဲ ဆိုတော့ နဂါးတစ်ကောင်ရဲ့ ကြီးစိုးမှုကို ထင်ရှားအောင် ပြသရလို့ပဲ၊ ...
... မင်းသာ နောက်ဆုံး နဝမအဆင့်ကို ရောက်ရင် ... သူတော်စင် တာအို အသုံးမပြုဘဲ ကိုယ်လုံးကိုယ်ပေါက် သက်သက်နဲ့ သူတော်စင် ဆိုတဲ့ တန်ခိုးရှင်တွေ အပေါ် ရင်ဆိုင်နိုင်ပြီ။ ”
မူလနဂါး မဟာ သူတော်စင်၏ ရှင်းလင်းချက်များကို နားထောင်လျက်မှ အံ့ဩ စိတ်လှုပ်ရှား လာ၏။
“ နတ်ခန္ဓာက တကယ် ကြောက်စရာ ကောင်းတာပဲ၊ ခွန်လွန်မှာ မွေးရာပါ နတ်ခန္ဓာကို ပိုင်ဆိုင်ထားတဲ့ လူရှိလား။ ”
လင်းယွန်မှ မေးသည်။ နတ်ခန္ဓာသည် အမိဝမ်း၌ သန္ဓေတည်သော် မျိုးဆက်တူအတွင်း အဆပေါင်းများစွာ သာလွန်နိုင်၏။
မူလနဂါး မဟာ သူတော်စင်မှ ပြုံးပြီး သူ့မုတ်ဆိတ်မွေး များကို ပွတ်သပ်လျက် မဟာ သူတော်စင် ပုံစံသို့ ပြန်ရောက်သွားသည်။
သူခံစားခဲ့ရသော အရှက်တရားနှင့် နာကျင်မှု အပေါ် မေ့ပျောက်သွားပုံ ရ၏။
“ ရှားတယ် ... ၊ ဒါပေမယ့် ... ရှိတယ်၊ ရွှေခေတ်ပြီးတဲ့ နောက်မှာတောင် မွေးရာပါ နတ်ခန္ဓာကိုယ် ပိုင်ရှင်တွေ ရှိခဲ့ဖူးတယ်၊ သူတို့ရဲ့ ကျင့်ကြံမှု လမ်းက ချော့မွေ့တယ်၊ ...
... ခေတ်တိုင်းမှာ သူတို့ အားလုံးက အတောက်ပဆုံး ပါရမီရှင်တွေ ... ဖြစ်လာခဲ့ ကြတယ်၊ ဒါပေမယ့် အများစု ကတော့ ... မမွေးခင် အမိဝမ်း အတွင်းမှာ တည်းက သေဆုံးသွား ကြပါတယ်၊ ...
... မွေးရာပါ နတ်ခန္ဓာက မိခင်ကို ခက်ခဲစေတယ်၊ ကိုယ်ဝန်ဆောင်စဉ် ကြီးလေးတဲ့ စမ်းသပ်မှု၊ ညှဉ်းပန်း နှိပ်စက်မှု အမျိုးမျိုး ခံယူ ရတယ်၊ ဒါကြောင့် ဘယ်သူမှ ... နတ်ခန္ဓာကို သန္ဓေ မလွယ်ချင် ကြဘူး။ ”
ဤကဲ့သို့သော လျှို့ဝှက်ချက်များကို ပထမဆုံးအကြိမ် ကြားသိရခြင်း ဖြစ်သဖြင့်၊ လင်းယွန်မှ စိတ်ဝင်စား လာသည်။
“ ဟိုးတချိန်တုန်းက နတ်ခန္ဓာနဲ့ ကလေး တွေကို မိခင်က အန္တရာယ် ကင်းကင်း မွေးဖွား လာနိုင်အောင် စမ်းသပ်ကြည့် ဖူးကြတယ်၊ ...
... ထက်မြက်တဲ့ မိခင် တစ်ယောက်ကို အနှစ်တစ်ရာ ဒါမှမဟုတ် ရာဂဏန်းလောက် အထိ သန္ဓေလွယ်ပြီး ပြုစုစေတယ်၊ ဒါတောင် ရှင်သန်မှုနှုန်းက နည်းပါးတယ်၊ ...
... ကုန်ကျ စရိတ် အရမ်းများပြီး .. ၊ အခုခေတ်မှာ ဆိုရင် လုံခြုံတဲ့ နည်းလမ်းတွေ၊ မှတ်တမ်း တွေတောင် မကျန်တော့ဘူး။ ”
ဤလောကတွင် ကောင်းကျိုး-ဆိုးကျိုး ဟူသည် ဒွန်တွဲလျက် ရှိနေ၏။ နတ်ခန္ဓာသည် ဥပမာ ဖြစ်သည်။
ထို့ကြောင့် လင်းယွန်သည် မွေးရာပါ နတ်ခန္ဓာ ပိုင်ဆိုင်လိုခြင်း မရှိချေ။ ကိုယ့်ကြမ္မာ ကိုယ်သာ ဖန်တီးလိုသည်။
အသက် တစ်ချောင်း ဖြစ်တည်ရန် မိဘနှစ်ပါးနှင့် ဆွေမျိုးများကို အခက်အခဲ မျိုးစုံ ဖြစ်သန်းစေခြင်းသည် အဓိပ္ပါယ် မရှိချေ။
“ ရော့ ... ဒီမှာ လိပ်နက် သူတော်စင် သွေးရည်ကြည် ကီလိုဂရမ် တစ်ထောင့်ရှစ်ရာ ဒီပမာဏနဲ့ နတ်ဘုရား အသွေးတော်ကို သုံးရင် ပထမအဆင့် ရောက်ဖို့ လုံလောက်တယ်။ ”
“ ဆရာ ဒီလောက် အများကြီး ဘယ်ကရခဲ့တာလဲ။ ”
လင်းယွန်မှ မေးမိသည်။
“ ငါ လွတ်တာနဲ့ မီးလျှံ ပင်လယ်လိပ် မျိုးရိုးရဲ့ အခန်းကို သွားပြီး ယူခဲ့တာ၊ တစ်ချိန် မင်း အရှေ့ပင်လယ်ကို ရောက်တဲ့အခါ၊ ငါ့တပည့် အဖြစ် မကြေငြာမိစေနဲ့။ ”
မူလနဂါး မဟာ သူတော်စင်မှ ဂုဏ်ယူစွာ ပြောကြားလာ၏။ ကြည့်ရသည်မှာ ထိုအခန်း တစ်ခုလုံး ၎င်းမှ သိမ်းယူ ခဲ့ပုံရသည်။
“ မှတ်ထားပါ ... တစ်ခုခု မှားသွားရင် ချက်ချင်း ရပ် ... ဘာလို့လဲ ဆိုတော့ အသက် ရှင်နေ သ၍ ... ထပ်ကြိုးစားလို့ ရတယ်။ ”
“ ဟုတ်ကဲ့ ... ။ ”
လင်းယွန်မှ ခေါင်းညိတ်လျက်၊ မရဏ မိုးကြိုးတောင်ထိပ်သို့ ပြန်လာခဲ့သည်။ အချိန် အနည်းငယ် အနားယူ ပြီးနောက်၊ ဓားသေတ္တာ အတွင်း ဝင်လိုက်၏။
နဂါးပြာ မှတ်တမ်း မပေါ်မီ၊ မိုးပြာနဂါး နတ်ခန္ဓာကို ပိုင်ဆိုင်သော်၊ မဟာတာအို မှန်သမျှ ဓားမထုတ်ဘဲ ရင်ဆိုင်နိုင်မည် ဖြစ်၏။
ဓားသေတ္တာ ထဲတွင် နဂါးလေး အပေါ်၊ မှိန်ဖေျာ့သော သူတော်စင် ရောင်ဝါများ ရစ်သိုင်း နေပြီး၊ အောင်မြင်မှု ရယူရန် အရေးကြီးသည့် အခိုက်အတန့် ရောက်ရှိနေခဲ့သည်။
လင်းယွန်က တစ်ချက်ကြည့်ပြီး၊ ဖီးနစ်သစ်ပင်ထံ လျှောက်လှမ်း သွား၏။ သူ့တွင် သူတော်စင် ကိုယ်လုံး ကိုယ်ပေါက် နှစ်ခုကို ပိုင်ဆိုင်ထားသဖြင့်၊ အောင်မြင် နိုင်မည်။
လိပ်နက် သူတော်စင် သွေးရည်ကြည် များနှင့် နတ်ဘုရား အသွေးတော်ကို ပေါင်းထည့် နိုင်သော် ပထမ အဆင့်သို့ ရောက်ရှိနိုင်၏။
ပထမအဆင့်၏ ပထမ ပုံစံသည် သွေး ဖြစ်သည်။ ဒုတိယသည် အရိုး ဖြစ်ကာ၊ တတိယ ဟူသည် အပ်စိုက်မှတ် ဖြစ်၏။
၎င်းတို့ကို နတ်နဂါးနှင့် ယှဉ်နိုင်အောင် သန့်စင်ရေး နိုင်မှသာလျှင်၊ ပထမ အဆင့်ကို အောင်မြင်သည်ဟု ဆိုနိုင်မည်။
နတ်ဘုရား အသွေးတော်ကို လေထဲ ပျံဝဲစေလျက် လက်ဖဝါး နှစ်ဖက် ပူးကပ် လိုက်သည်။
အသက်ပြင်းပြင်းရှူပြီး မျက်လုံးမှိတ်ကာ နဂါးမျိုးရိုး၏ သူတော်စင် ကိုယ်လုံး ကိုယ်ထည် နှစ်ခုကို အသက်သွင်း မိ၏။
နဂါး ရူရ်များက နတ်သွေး သစ်သီး၏ စွမ်းအင်ကို စုပ်ယူနိုင်ရန် လင်းယွန် အနား၌ စုပ်ဝဲတစ်ခု အဖြစ် ဖွဲ့စည်း လာသည်။
၎င်းသည် နတ်ဘုရား အသွေးတော် သစ်သီးထံမှ စွမ်းအင်ကို သူ့ခန္ဓာကိုယ် ထဲသို့ ညွှန်ပြပေး လာ၏။
သူတော်စင် ကိုယ်လုံး ကိုယ်ပေါက် နှစ်ခုသည် ကွဲပြား ခြားနားသော ဂုဏ်သတ္တိ ရှိသည်။ မိနစ် အနည်းငယ်အတွင်း ချွေးများ စိုရွှဲလာ၏။ အသားများ အက်ကွဲကာ ချက်ချင်း ပြန်လည် ကောင်းမွန်နေသည်။
“ ဂျိန်း ... ။ ”
အားကောင်းသော မိုးကြိုးမုန်တိုင်းများ ဖြစ်တည်လျက် သက်ရှိများ မွေးဖွားလာသည်။ နတ်သွေး အသီးက ထိုဖြစ်စဉ်များကို ပို၍ ထင်ရှားစေ၏။
နဂါးပြာနှင့် မိုးပြာနဂါးတို့၏ တန်ခိုးတော် ဖြစ်စဉ်များ ပေပင်။ ထိုအခြေအနေ အောက်၌ မတော်တဆမှု အနည်းငယ်ဖြင့် ရုပ်ခန္ဓာ ပေါက်ကွဲ သေဆုံး သွားနိုင်သည်။
“ လင်းယွန် ... သတိထား ... ။ ”
ခရမ်းငယ်မှ စိတ်လှုပ်ရှား လာ၏။
( မင်းကိုယ်မင်း ... ဘယ်သူမှ ဖြစ်မလာအောင် ရှင်သန်ပါ၊ ငါ ... အပါအဝင် ဓားဧကရာဇ် နဲ့တောင် နှိုင်းယှဉ် ကြည့်တာမျိုး မလုပ်မိစေနဲ့၊ ဒါက စိတ်ပျက်စရာ ကောင်းလိမ်မယ်၊ ...
... ဓားသမား ဆိုတာ ကံကြမ္မာကို ယုံကြည်ပြီး ဇွတ်မတိုးနဲ့ အန္တရာယ် များတယ်၊ ဒီကမ္ဘာပေါ်မှာ မင်းကျော်ဖြတ် မရနိုင်တဲ့ အရာ ဆိုတာ ဘာမှမရှိဘူး ... ၊ သတိရပါ ... မင်းရဲ့ ဓားသည်သာ အရာရာ။ )
သူ့ဆရာ သက်တံဓား သူတော်စင်၏ ဆုံးမစကားများ ပြန်ကြားလာ၏။ ဤသည်မှာ ဆရာသခင်၏ ပန်းတိုင်ဖြစ်ပြီး၊ သက်တမ်း ကုန်သည့်တိုင် အလျှော့မပေးချေ။
ပြိုင်ဘက်ကင်း ဓားဧကရာဇ် တစ်ပါး ဖြစ်မလာသော် ဧကရာဇ် အဖြစ် အသက်ရှင် နေမည့်အစား အသက် ပေးပေမည်။
ဤသည်မှာ ဓားသမား ဟူသည့် အဓိပ္ပါယ်အပေါ်၊ သူ့ဘဝနှင့်ရင်းပြီး သင်ကြား ပေးနေခြင်း ဖြစ်ချေပြီ။
( ငါ ဖြစ်ချင်တာ ဓားနတ်ဘုရား၊ တာအို သုံးထောင် ရှိပေမယ့် ... ငါ့ဓားကသာ အရာရာ အကြွင်းမဲ့တယ်။ )
အံကြိတ်လျက် နာကျင်မှုအတွင်း မျောသွားခြင်း မရှိစေရန် တားဆီးလိုက်သည်။ အသိစိတ် ဆုံးရှုံးပါက နဂါးပြာနှင့် မိုးပြာနဂါး ပေါင်းစပ်မှု ဟန်ချက် ပျက်သွားပေမည်။
ထို့ကြောင့် နာကျင်မှု အပေါ်၊ တစ်ချိန်လုံး သတိကပ်ထားမိသည်။ နာကျင်မှုကို မေ့ပစ်ခြင်း သည် နတ်သွေး သစ်သီး၏ စွမ်းအားများ အောက်၌၊ သူ့ကို ပေါက်ကွဲစေမည် ဖြစ်၏။
ခုနစ်ရက်ကြာ ပြီးနောက် လင်းယွန်က သက်ပြင်းချ လိုက်သည်။ နတ်သွေး သစ်သီးကို သန့်စင်ကာ၊ နတ်ခန္ဓာ ဖွဲ့စည်းခြင်း ပထမ အကြိမ် ကြိုးစားမှု ကျရှုံးခဲ့ချေပြီ။
အကျိုးဆက် အနေဖြင့် ကိုယ်လုံး ကိုယ်ပေါက် သည်လည်း အတော်ပင် ပျက်စီး သွားတော့၏။
“ ငါ့မှာ အချိန်ရှိ သေးတယ် ... ။ ”
သွေးများ ပွက်ပွက်ဆူလာပြီး ထပ်မံ ကြိုးစားရန် စိတ်ပိုင်းဖြတ်ကာ၊ ခဏ အနားယူ လိုက်တော့သည်။
***