← Chapters

ရွှေခေတ်ကို ငါ့ကိုယ်စား ခံစားပါ။

Vol. 152 Ch. 2121

ရွှေခေတ်ကို ငါ့ကိုယ်စား ခံစားပါ။

Vol. 152 Ch. 2121

“ အစ်ကိုယဲ့ နဂါးပြာ မှတ်တမ်းရဲ့ ဖြစ်စဉ်ပေါ်လာပြီ ... အပြင် ထွက်ကြည့်။ ”

ပိုင်ချင်းယွီက တောင်ကုန်း တစ်နေရာသို့ ခေါ်ဆောင်ပြီး အနောက်မြောက်ဘက်ထံ ညွှန်ပြ လာလေသည်။

ကောင်းကင် သုံးခြောက်လွှာကို ဖြတ်၍ အပြာရောင် အလင်းတန်း တစ်ခု ထိုးဖောက် ဝင်ရောက် နေ၏။

အလင်းတိုင် တစ်ဝိုက်တွင် ဒဏ္ဍာရီ သားရဲများ၏ ပုံရိပ်များ အခိုးအငွေ့များ ရှိနေပြီး ကြီးကျယ် ခမ်းနားသော ဖြစ်စဉ်မျိုး ပေပင်။ အံ့မခန်း မြင်ကွင်းတစ်ခု ဖြစ်၏။

“ လွန်ခဲ့တဲ့ သုံးရက် လောက်တည်းက ပေါ်လာတာ ... ကြည့်ရတာ နတ်ဘုရား သင်္ချိုင်း တောင်တန်း အစပ်မှာ ဖြစ်မယ်။ ”

လင်းယွန်က အကြည့်ကို ပြန်ရုတ် လိုက်ပြီး၊

“ နဂါးပြာ မှတ်တမ်းမှာ ဘယ်သူတွေ ပါဝင်ရမယ် ဆိုတာ ... ဂိုဏ်းက ဆုံးဖြတ်ပြီး ပြီလား ... ။ ”

“ စည်းမျဉ်းတွေ မသတ်မှတ် ရသေးဘူး၊ ဒါကြောင့် သူတော်စင် တပည့် အကုန်လုံးတော့ သွားရမယ်၊ ကျန်တာ ရောက်မှပဲ သိလိမ့်မယ်၊ နဂါးပြာ မှတ်တမ်းပေါ် မလာတာ ကြာပြီ ဆိုတော့ ဘယ်သူမှ မနိုင်ဘူး။ ”

လင်းယွန်မှ ခေါင်းညိတ်ပြီး၊

“ တာအို သားတော် ပြန်လာပြီလား ... ။ ”

-ဟု မေးလိုက်သည်။

“ ပြန်ရောက် နေပြီ၊ အစ်မပိုင်နဲ့ အစ်မ မြောင်ရင်ရော ... အားလုံးပဲ ။ ”

ကောင်းကင် တာအို ဂိုဏ်းသည်၊ သူတို့၏ ရွှေမျိုးဆက် ငါးယောက်ကို နတ်ဘုရား သင်္ချိုင်း တောင်တန်း အတွင်းရှိ၊ ဧကရာဇ် အမွေ ရှာဖွေရန် စေလွှတ်ခဲ့သည်။

“ ငါ ... ကောင်းကင် သန့်စင်ရေး တောင်ကို သွားဦးမယ် ... ၊ မင်းတို့ စကားစမြည် ပြောနေခဲ့ ကြဦး။ ”

နဂါးပြာ မှတ်တမ်း ကျဆင်းလာပြီ ဖြစ်သောကြောင့် ပိုမို အားကောင်း လာစေရန် လိုအပ်နေသည်။

ထို့ကြောင့် ရက်အနည်းငယ် အတွင်း ပြီးပြည့်စုံသော ကျွမ်းကျင်မှု အထွတ် အထိပ်သို့ ယူဆောင်ရန် ကြိုးစား ကြည့်လို၏။

“ ကောင်းပြီ ... အားလုံ သွားဖို့ အမိန့်ရတဲ့ အခါ အကြောင်းကြား ပေးမယ်။ ”

“ ငါ နေခဲ့မယ်၊ ဒီရက်အတွင်း ငါ့တပည့်ကို လမ်းညွှန် ပေးစရာ ရှိတယ်။ ”

ခရမ်းငယ်မှ လင်းယွန် နောက်သို့ မလိုက်ခဲ့ချေ။ ယင်းကြောင့် ပိုင်ချင်းယွီ ခမျာ ရွှင်မြူးသွား တော့၏။

“ ကျေးဇူး တင်ပါတယ် ဆရာ ... ။ ”

“ မင်းက ငါ့ကို ဆရာအဖြစ် ခံယူ ထားဆိုတော့ ... ဒီပွဲမှာ ငါ့အရှက်ကို မခွဲမိစေနဲ့။ ”

ခရမ်းငယ်မှ စကားဆိုသည်။

“ ဟုတ်ကဲ့ ... ။ ”

ပိုင်ချင်းယွီက ခေါင်းညိတ် လိုက်၏။ လင်းယွန်မှ သူတို့ကို သိပ်စိတ်မ၀င် စားချေ။ ပိုင်ချင်းယွီသည် မွေးရာပါ သူတော်စင် ခန္ဓာ နိုးထသော်မှ ကြီးပြင်းရန် လိုသေးသည်။

ဤရက် အနည်းငယ် အတွင်း သူမ နာမည်ကို နဂါးပြာမှတ်တမ်း၌ ထားရန် ခက်ခဲ နိုင်ပေမည်။

“ ဘာ ကြည့်နေတာလဲ ... ငါ့တပည့်က မြင့်မြတ်သော သူတော်စင် ခန္ဓာကိုယ် ပိုင်ဆိုင် ထားတယ်၊ အနာဂတ်မှာ သူ့ရဲ့ အောင်မြင်မှု တွေက နင့်ထက် နိမ့်ကျမှာ မဟုတ်ဘူး၊ စောင့်ကြည့်လိုက်။ ”

ခရမ်းငယ်မှ သူ့အတွေးကို မြင်ကာ မကျေမနပ် ပြောကြားလာသည်။

“ ဟုတ်တယ် ... ငါတို့ စောင့်ကြည့်ရမယ်။ ”

လင်းယွန်က ပြုံးကာပြော၏။ ထို့နောက် ကောင်းကင် သန့်စင်ရေး တောင်သို့ ထွက်ခွာ လာခဲ့သည်။

သူ့တံဆိပ်ကို အသက်သွင်း ခဲ့သည်နှင့် ကောင်းကင် ကြိုးကြာ တစ်ကောင် ပျံသန်းလာ လေသည်။

“ ဝှစ် ... ။ ”

ကြိုးကြာ နတ်သမီးက သူ့ကို လှည့်ပတ်ပျံဝဲပြီး လူသား အသွင် ပြောင်းလဲ လာလေသည်။ သူမက ပြုံးလျက်၊

“ ယဲ့ချင်းရှန် ... နောက်ဆုံးတော့ မင်း ရောက်လာပြီ၊ ငါ့သခင် မင်းကို စောင့်နေတယ်၊ ဒါနဲ့ လက်ဆောင် ပါလား ... ဓားညီလာခံမှာ နင်ပထမ ရခဲ့တာ ငါကြားတယ်။ ”

သူမ အတွက် လက်ဆောင် တစ်ခုမှ ယူလာခြင်း မရှိသောကြောင့် လင်းယွန် ခမျာ ခေါင်းကုတ်သွားသည်။

သို့သော် ဓားညီလာခံ အကြောင်း ပြောကြားသော အခါတွင် သူက ပြုံးပြီး၊

“ ငါ ... ကောင်းကင်ခွဲသူ ဆိုတဲ့ ... ဓားတစ်လက် ရစရာ ရှိတယ်၊ ဘုန်းသူတော်စင် နှစ်ပါး လက်ရာပဲ သူတို့ လာပို့ရင် တစ်ယောက် ယောက်ကို ပေးခိုင်းလိုက်မယ်။ ”

“ နင် တကယ် ပြောနေတာလား၊ ငါ မှတ်ထားမယ်။ ”

ကြိုးကြာ နတ်သမီးမှ ရွှင်မြူးသွားသည်။

“ ဟုတ်တယ် ... ငါ တကယ် ပြောတာ။ ”

လင်းယွန်က ပြုံးလိုက်သည်။ ကြိုးကြာ နတ်သမီးသည် သူ့ကို အကြိမ်ပေါင်း များစွာ ကူညီပေး ခဲ့၏။

အနည်းဆုံး သူ့ကို သယ်ဆောင် ရခြင်းဖြင့် ပင်ပန်းပေမည်။ ထို့ကြောင့် တွန့်တို နေစရာ မရှိချေ။

“ ဟဲဟဲ ... သွားကြရအောင်၊ ငါ့သခင်နဲ့ တွေ့ဖို့ နင့်ကို ခေါ်သွားမယ်။ ”

ကြိုးကြာ နတ်သမီးက လင်းယွန်ကို ခေါ်ဆောင်ကာ၊ ကောင်းကင်ပေါ် ပျံတတ်သွား လေသည်။ နဝမ အဆင့်သို့ ရောက်သောအခါ တျန်ရှင်းမှ သူတို့ကို စောင့်ကြိုနေ၏။

“ မင်္ဂလာပါ စီနီယာ လူကြီးမင်း။ ”

လင်းယွန်မှ ဦးညွှတ်ကာ လေးစားကြောင်း ပြသမိသည်။ ၎င်းအကူအညီ မပါဘဲ ကြယ်ဓား ရည်ရွယ်ချက်ကို လွယ်လွယ်ကူကူ ဆုပ်ကိုင် နိုင်လိမ့်မည် မဟုတ်ချေ။

ကျင့်ကြံမှု ဟူသည် တစ်ခါ တစ်ရံတွင် လုံလောက်သော ထိုးထွင်း သိမြင်မှု ရှိသော်မှ ပိတ်မိ နေတတ်သည်။

“ ဟိုမှာ နဂါးပြာ မှတ်တမ်းရဲ့ ဖြစ်စဉ်ပဲ၊ မင်း မြင်ပြီးပြီလား။ ”

တျန်ရှင်းက အနောက်မြောက် ဘက်သို့ ညွှန်ပြ၏။

“ ဟုတ်ကဲ့ ... ။ ”

လင်းယွန်မှ ခေါင်းညိတ် လိုက်သည်။

“ အဲ့ဒါကို မင်းဘယ်လို ခံစားရလဲ။ ”

“ ထိတ်လန့်စရာပဲ ... ဒါပေမယ့် အဝေးကြီး ဆိုတော့ မသဲကွဲဘူး။ ”

“ ဝိညာဉ် စွမ်းအင်နဲ့ ... သူတော်စင် တာအိုတွေ အဲဒီနေရာက စပြီး ပြောင်းလဲနေပြီ၊ ခွန်လွန်နယ်မြေ တစ်ခုလုံး အကျိုးရှိ လာလိမ့်မယ် ...

... ဒါပြီးရင် ရွှေခေတ်ပဲ၊ ဝိညာဉ် စွမ်းအင် သိပ်သည်းဆ တိုးလာတဲ့ အတွက် ... တာအိုတွေ အပေါ်၊ နားလည်ရ လွယ်ကူလာမယ်၊ ...

... မရေမတွက် နိုင်တဲ့ ထူးချွန် ထက်မြက်သူတွေ ပေါ်ထွက်လာပြီး ခေတ်ရဲ့ အမြင့်ဆုံး အချိန်ကို ပို့ဆောင်ပေး လိမ့်မယ်။ ”

“ နဂါးပြာ မှတ်တမ်းက ဒီလောက်အထိ သက်ရောက်မှု ရှိတာလား။ ”

လင်းယွန်မှ အံ့ဩသွားသည်။

“ နဂါးပြာ မှတ်တမ်းက ... နတ်ဘုရား လက်ရာ တစ်ခုပဲ၊ ကမ္ဘာကြီးရဲ့ အလုပ်လုပ်ပုံကို ပြောင်းလဲ မပေးနိုင်ပါဘူး၊ ...

... အမှန်တော့ ကောင်းကင် တာအိုသာ အန္တရာယ်တစ်ခုခုကို ခံစားမိပြီး အပြောင်းအလဲ တစ်ခုကို လုပ်ဆောင် ပေးလာတာ၊ နဂါးပြာ မှတ်တမ်းက ကြားခံသော့ လောက်ပါပဲ။ ”

တျန်ရှင်းမှ ရှင်းပြလာ ခဲ့သည်။ ထိုအချက်အလက်သည် လင်းယွန်အတွက် လက်လှမ်းမမီ သောကြောင့် အတွေးထဲ နစ်မျော သွား၏။

“ သာယာဝ ပြောတဲ့ ... ခေတ်တိုင်း အဆုံး မှာတော့ ကြီးစွာသော ပရမ်းပတာ အခြေအနေ မျိုးနဲ့ ... အဆုံးသတ် ကြတယ်၊ အတွင်း-အပြင် ရန်သူတွေ ...

... ခြိမ်းခြောက် လာမယ်၊ ဒီခေတ်မှာ ငါ့ကိုယ်ငါ ပြန်ပြီး ... မမွေးဖွား နိုင်တော့တာ နှမျောစရာပဲ။ ”

ယနေ့ခေတ်ကို သူ မနာလိုချေ။ သူသည် အမှောင်ခေတ် အဆုံး၌ ရှင်သန်ရပြီး၊ ဧကရာဇ် ကိုးပါးနှင့် ပြိုင်ခဲ့ရသည်။ လက်ရှိခေတ်တွင် ပြန်၍ မွေးဖွားနိုင်က အကောင်းဆုံး ဖြစ်၏။

“ ကောင်းကင် ရနံ့ သင်းသင်းရဲ့ ... နတ်တောင် လက်ထဲမှာ ... ဘာကြောင့် ဒီလို နတ်ဘုရား ပစ္စည်းက ရှိနေရတာလဲ စီနီယာ။ ”

လင်းယွန်မှ စိတ်ဝင်တစား မေးသည်။

“ နတ်တောင်ကို အထင်မသေးနဲ့ ... ၊ သူတို့က လျှို့ဝှက် ဆန်းကြယ်ပြီး လမ်းညွှန်သူ မရှိဘဲ မရောက်နိုင်ဘူး၊ ...

... ဒဏ္ဍာရီ ဧကရာဇ် ကိုးပါးတောင် ကောင်းကင် ရနံ့ သင်းသင်းရဲ့ နတ်တောင်ကို မသွားဝံ့တာပဲ ကြည့် ... ။ ”

လင်းယွန်မှ အံ့သြသွားသည်။ တျန်ရှင်း ကဲ့သို့သော ဓားဧကရာဇ်ဟောင်း တစ်ဦးပင်လျှင် နတ်တောင်ကို အထင် ကြီးချေ၏။

လင်းယွန်မှ ငေးမော သွားသည်။ မုရွယ်လင်နှင့် သဘော တူညီချက် ရယူကာ နတ်တောင်ပေါ် သွားခဲ့သော်၊ သည့်ထက် ပို၍ သန်မာ နိုင်နေမည် လောဟု တွေးမိ၏။

“ ဒါကြောင့် နဂါးပြာ မှတ်တမ်းဟာ ကောင်းကင် ရနံ့ သင်းသင်းရဲ့ ... နတ်တောင်မှာ ရှိနေတာ အကောင်းဆုံးပါပဲ၊ တစ်စုံ တစ်ယောက် ကသာ ...

... ဒါကို ထိန်းချုပ်နိုင်ရင် ... သူတို့မှာ လွဲမှားတဲ့ အတွေးတွေ ရှိလာလိမ့်မယ်၊ ဒါဆို အကျိုးဆက်က ရှင်းမရ နိုင်ဘူး၊ ...

... တကယ်တော့ နဂါးပြာ ဘိုးဘေးက တောင်းပန်ခဲ့လို့သာ ဒီရတနာကို နတ်တောင်က လက်ခံထားတာ၊ ဒါကြောင့် နဂါးပြာ ဘိုးဘေးက သူတို့ကို ကျေးဇူး အကြွေးတင်သွားတယ်။ ”

“ ဒါဆို သူတို့က တကယ့်ကို ကြီးကျယ်လွန်းတဲ့ လူတွေ ဖြစ်ပုံရတယ်၊ အချိန် ရရင် သွားလည်ရမယ်။ ”

လင်းယွန်မှ စိတ်ဝင်စားစွာ ဆိုသည်။

“ မင်းဒီကို ကြယ်ဓားရဲ့ ပြီးပြည့်စုံသော ကျွမ်းကျင်မှု အထွတ်အထိပ်ကို ရယူဖို့ လာခဲ့ တာလား။ ”

“ ဟုတ်ကဲ့ ... ၊ ဒါပေမယ့် ဒီတစ်ခုတည်း အတွက်တော့ မဟုတ်ပါဘူး၊ ဓားနဲ့ ပတ်သက်တဲ့ တခြား မေးခွန်းတွေ ရှိလာလို့ပါ။ ”

“ မေးပါ ... ။ ”

“ သူတော်စင် တာအိုကို ဓားနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ နည်းလမ်း ရှိသလား။ ”

လင်းယွန်က မေးသည်။ ထိုဂူထဲတွင် ကျောက်တျန်းယွီနှင့် တိုက်ပွဲက သူ့ကို လွှမ်းမိုး ထားမြဲဖြစ်၏။

နောက်ဆုံးတွင် ကြယ်ဓားကို နတ်မိစ္ဆာ လျှပ်စီး မျက်လုံးများဖြင့် အလွယ်တကူ ဖြိုချ သွားခဲ့သည်။

သူသည် အသီးသီးသော မြင့်မြတ်မြေ များနှင့် ယှဉ်ပြိုင်မည် ဆိုသော် အုပ်စိုးရှင် တာအို များဖြင့်ပင် ကြုံရနိုင်ပေမည်။

ထို့ကြောင့် သဘာဝအတိုင်း ကြိုတင် ပြင်ဆင်ထားလို၏။

“ မင်းလို လူကသာ ဒီလိုမေးခွန်းမျိုး မေးနိုင်ပါလိမ့်မယ်၊ နိဗ္ဗာန် အဆင့်မှာ ရှိနေတဲ့ ပုရွက်ဆိတ်က ဆင်ကို ကိုက်ဖို့ ကြံနေတာပဲ၊ ဒီလိုမျိုး ဘယ်သူမှ တွေးဝံ့မှာ မဟုတ်ဘူး၊ ...

... မင်းရဲ့ဓားနဲ့ သူတော်စင် ရောင်ဝါကို ရင်ဆိုင်နိုင်စွမ်း ရှိရုံနဲ့ မကျေနပ်ဘဲ၊ သူတော်စင် တာအိုကိုတောင် ရင်ဆိုင်ချင် နေသေးတာ ... လောဘ ကြီးလွန်းတယ် မထင်ဘူးလား။ ”

“ အဟွတ် ဟွတ် ... ။ ”

လင်းယွန်က ရုတ်တရက် ချောင်းဟန့်ကာ၊

“ စီနီယာ အဖြေရှိလား ... ။ ”

-ဟု ထပ်မေးလိုက်သည်။

“ ရှိတယ် ... အရိုးရှင်းဆုံး နည်းလမ်းက သူတော်စင် တာအိုကို မျက်နှာချင်းဆိုင် ဖြေရှင်း တာပဲ၊ တခြား နည်းလမ်းတွေ ရှိပေမယ့် ...

... ကျင့်ကြံမှု ကွာဟချက်ကြောင့် အစွမ်းထက်တဲ့ ပြိုင်ဘက်မျိုးကို ရင်ဆိုင်ရရင် သက်ရောက်မှု အားနည်းသွားမယ်။ ”

ဤသည်မှာ သူတော်စင် တာအိုကို မြှောက်ဖော်ကိန်း အဖြစ် ရည်ညွှန်းပြ ခဲ့သော စီနီယာ အစ်ကို စကားများနှင့် အဓိပ္ပါယ် တူသည်။

ပြိုင်ဘက်မှ အစွမ်းထက် လွန်းသော် ရေပေါ်လမ်းလျှောက် သကဲ့သို့ စုန်းဝုန်းမြုပ် သွားနိုင်၏။

“ သူတော်စင် တာအိုကို ပိတ်ဆို့နိုင်ဖို့ ဆိုတာက လက်တွေ့မှာ မဖြစ်နိုင်ဘူး၊ ဒါပေမယ့် ကြယ်ဓားကို ပြီးပြည့်စုံ သွားရင် ... မင်းဓားက ဒီမီးတောက်လို ငြိမ်းတော့မှာ မဟုတ်ဘူး။ ”

တျန်ရှင်းက လက်ဖဝါး ဖြန့်ကာ မီးတောက်ကို ထုတ်ပြ လိုက်၏။ မီးတောက်မှာ သေးငယ်လွန်း သောကြောင့် လေအဝှေ့တွင် ငြှိမ်းသွားသည်။ သို့သော် ချက်ချင်း ပြန်လည် တောက်လောင် လာ၏။

“ မျိုးစေ့ ရှိနေသရွေ့ ... အပင်က ပြန်ပေါက်နေဦးမှာပဲ။ ”

အဆိုပါ ဥပမာက လင်းယွန်ကို မျှော်လင့်ချက်များ ရှင်သန် လာစေ ခဲ့သည်။ ဤအဆင့်ကို အောင်နိုင်သော် ကျောက်တျန်းယွီ ကဲ့သို့သော တစ်စုံတစ်ယောက်မှ သူ့ဓားကို ပျောက်ကွယ်အောင် လုပ်နိုင် တော့မည် မဟုတ်ချေ။

“ စီနီယာ ကျေးဇူးပြုပြီး သင်ပေးပါ။ ”

လင်းယွန်က လေးနက်သော အမူအရာဖြင့် လက်သီးများ ဆုပ်ကာ တောင်းဆို လိုက်သည်။ သူသည် အမြဲတစေ မောက်မာ နေသော်လည်း လိုအပ်သည့်အခါ အကူအညီ တောင်းရန် တွန့်ဆုတ် မနေချေ။

“ ဒီနည်းလမ်းကို ယဲ့ကူဟန်လည်း သိပါတယ်၊ အထူးအဆန်း မဟုတ်ပါဘူး၊ မင်း မေးရင် သူ သင်ပေးမှာပါ။ ”

တျန်ရှင်းက ပြုံးကာ ပြန်လည် ပြောကြား လာသည်။ ထို့ကြောင့် လင်းယွန်မှ ခေါင်းညိတ် လိုက်ပြီး၊

“ ဟုတ်ကဲ့ ... ဒါပေမယ့် ကြယ်ဓားကို ခုနစ်ရက်အတွင်း အထွတ်အထိပ် ရောက်အောင် လုပ်နိုင်ဖို့ ဆိုတာ ... စီနီယာ တစ်ယောက် တည်းသာ ကူညီနိုင်ပါလိမ့်မယ်။ ”

“ ဟား ... ဟား ... ဟား ... ။ ”

တျန်ရှင်းက ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ ထိုမြင်ကွင်းကို ကြည့်ပြီး ကြိုးကြာ နတ်သမီးမှ ပြုံး၏။

ယဲ့ချင်းရှန်သည် မည်သို့ ပေါင်းသင်း ရမည်ကို တကယ် သိသည်။ သခင်မှ သူ့ကို အရမ်း ချစ်သည်မှာ အံ့သြစရာ မရှိချေ။

သူမ၏ သခင်သည် ရယ်မောခြင်း မရှိတော့သည်မှာ နှစ်ပေါင်း ထောင်ဂဏန်းခန့် ကြာနေပြီ ဖြစ်သည်။

“ ဒါဆို ... ခုနစ်ရက် အတွင်း ကြယ်ဓားကို အထွတ်အထိပ် မရောက်ရင် ... ငါက ယဲ့ကူဟန် အဆင့်ကို ကျသွားမှာ မဟုတ်လား၊ ကောင်းပြီ ရွှေခေတ်ကို ငါ ခံစားခွင့် မရှိတော့လို့၊ ငါ့အစား မင်းပဲ အပြည့်အဝ ခံစားလိုက်ပါ။ ”

***

All Chapters