← Chapters

အိမ်မက်ကို ဖြတ်ကျော်ခြင်း။

Vol. 152 Ch. 2122

အိမ်မက်ကို ဖြတ်ကျော်ခြင်း။

Vol. 152 Ch. 2122

သူ့စကားကြောင့် လင်းယွန်မှ ရှက်ရွံ့စွာ ပြုံးနေသည်ကို တျန်ရှင်းက ကြည့်နေလိုက်၏။ ဤမျှ သာယာဝ ပြောသော ခေတ်တွင် သူ ပါဝင်ခွင့် မရှိသည့် အတွက် လင်းယွန်ကို ကိုယ်စား ခံစားခွင့် ပေးရပေမည်။

“ အရိယာဓား ဆိုတာ ဘာလဲ သိလား။ ”

“ ဓားက ကောင်းကင် အထက်မှာ ရှိနေမယ်။ ”

လင်းယွန်မှ ပြန်ဖြေ၏။

“ ဒါဆို ကြယ်ဓားရဲ့ ရည်ရွယ်ချက်ကရော။ ”

“ အိမ်မက် တစ်ခုနဲ့ တူတဲ့ ကောင်းကင် (၃၆)လွှာ အထက်က နဂါးငွေ့တန်း တွေကို ဆွဲယူရမယ်။ ”

“ ကောင်းကင် (၃၆)လွှာ အထက်မှာ ... ဆိုတာ ဘာလဲ၊ ‘အိပ်မက်ကို ဖြတ်၍’ ဆိုတဲ့ အဓိပ္ပါယ် ကိုရော သိပြီလား။ ”

ယခင်က ဤအရာများကို မတွေးဖူး သောကြောင့် လင်းယွန်မှ မျက်မှောင်ကြုတ် လိုက်သည်။

“ ဒါဆို အိပ်မက်ထဲကို ဝင်ရမယ်လို့ ဆိုလိုချင် တာလား။ ”

-ဟု ပြန်လည် မေးမြန်းမိ၏။

“ ဟုတ်တယ် ... ဒါပေမယ့် အဲဒီ အိပ်မက်က ဘယ်မှာလဲ ... ။ ”

“ ဒါ ... ။ ”

“ တကယ်တော့ အိမ်မက်ဆိုတာ မင်းဆီမှာပဲ၊ ကြယ်ဓားက အချိန် တန်လာရင် ပြီးပြည့်စုံတဲ့ ကျွမ်းကျင်မှု အထွတ်အထိပ်ကို ရောက်လိမ့်မယ်၊ ဒါဆို မင်းရဲ့ အိမ်မက်ကို ရှာတွေ့ပြီ၊ ...

... ဒါပေမယ့် ... အဲဒီအချိန် မတိုင်ခင် အိမ်မက်ထဲ သွားချင်တယ် ဆိုရင် ... နည်းလမ်း တစ်ခုတော့ ရှိတယ်၊ အရမ်း အန္တရာယ်များပြီး အထဲမှာ ထာဝရ ပိတ်မိသွားနိုင်တယ်၊ မင်း လိုချင်တာ သေချာလား။ ”

“ စီနီယာ ကျေးဇူးပြုပြီး လမ်းပြပါ ... သေချာပါတယ် ... ဒီနည်းလမ်းကို သုံးချင် ပါတယ်။ ”

“ ကောင်းပြီ ... ဝေ့ဝိုက် မနေတော့ဘူး၊ အိပ်မက်က မင်းနှလုံးသားထဲ မှာပဲ ရှိနေတယ်၊ ဒါပေမယ့် အတိအကျတော့ မဟုတ်ပြန်ဘူး၊ ...

... ငါ မင်းကို အိမ်မက်ထဲ လိုက်ပို့ပေးမယ်၊ အဲဒီကနေ ရုန်းထွက်ဖို့တော့ ... မင်းကိုယ်တိုင် လုပ်ရမယ်။ ”

လင်းယွန်မှ ခေါင်းညိတ်လိုက်သည်။ အန္တရာယ်နှင့် အခွင့်အလမ်း ဟူသည် အမြဲ ယှဉ်တွဲ နေထိုင်၏။

နဂါးပြာ မှတ်တမ်း မပေါ်မီ၊ မရဏ မူလ အဆင့်သို့ တက်ရောက်နိုင်မည် မဟုတ်သဖြင့် လောင်းကြေးထပ်ရန် ဆန္ဒ ရှိခဲ့သည်။

“ ကြိုးကြာလေး ... ငါ့ကို မီးခွက်ခုနစ်လုံး မီးအိမ် ယူလာပေး။ ”

တျန်ရှင်းက ညွှန်ကြားလိုက်သည်။

“ ဟုတ်ကဲ့ ... ။ ”

ကြိုးကြာ နတ်သမီးက ခေါင်းညိတ်ပြီး ကြေးဝါ ရှေးဟောင်းမီးခွက် တစ်လုံး ကိုင်ကာ ပြန်ဝင် လာ၏။

“ မင်း လုပ်ရမှာက အိပ်မက်ထဲမှာ ... ကြယ်မီးတောက်တွေ စုပြီး မီးခွက် ထွန်းရမယ်၊ အောင်မြင်ရင် ဓားမျိုးစေ့ ရမယ်၊ ... ဒါကြောင့် လေဘယ်လောက် တိုက်တိုက် မင်းရဲ့ ... ဓားမီးတောက် ငြှိမ်းမှာ မဟုတ်ဘူး၊ သူတော်စင် တစ်ပါး တောင်မှ လက်မှိုင်ချ ရလိမ့်မယ်။ ”

“ အိပ်မက်ထဲမှာ ဘာတွေ ကြုံရမှာလဲ။ ”

“ အခြေခံ စိတ်ခံစားချက် (၇)ပါးနဲ့ ... တပ်မက်မှု(၆)ပါး၊ လူတစ်ယောက်မှာ ချိုမြိန်တဲ့ အိပ်မက်တွေ ရှိသလို ... အိပ်မက်ဆိုး တွေလည်း ရှိတယ်၊ ဒါပေမယ့် တစ်ခါတလေ အိပ်မက်ဆိုး တွေက ... အိပ်မက် လှလှလေးတွေထက် ပိုကောင်းနေ တတ်ပါတယ်။ ”

ကြိုးကြာ နတ်သမီးက ပြုံးပြီး၊

“ ဆရာ ... သူက အိပ်မက်ထဲ ကနေ ထွက်ချင်မှာ မဟုတ်ဘူး၊ သူ့ရဲ့ ... နောက်ထပ် နာမည် တစ်ခုက သန့်ရှင်းသော သမီးတော် သတ်သူတဲ့၊ ...

... အိမ်မက်ထဲမှာ သူ့ရမ္မက်ကြောင့် သန့်ရှင်းသော သမီးတော်တွေပဲ ဝိုင်းနေမှာ သေချာတယ်။ ”

-ဟု ဝင်ပြော လာ၏။

ထိုစကားကို ကြားသောအခါ လင်းယွန် တစ်ယောက် စကားမပြော နိုင်တော့ချေ။ ၎င်း၏ နားသို့ ပေါက်ရန် သူတော်စင် တပည့်များမှ ယူဆောင် လာပုံရသည်။

“ သန့်ရှင်းသော သမီးတော် သတ်သူ။ ”

တျန်ရှင်းမှ ပြုံးလိုက်သည်။

“ မဆိုးပါဘူး ... ၊ မင်းလက်မှာ မင်းရဲ့ မျိုးရိုးက တိုးပွား လာတော့မဲ့ ပုံရတယ်။ ”

“ စီနီယာ ... ဒါက အခြေအမြစ် မရှိတဲ့ စွပ်စွဲချက်တွေပါ။ ”

လင်းယွန်က ရှင်းပြရန် ပြင်၏။

“ ထားတော့ ... ငယ်ငယ်တုန်းက မဆော့တတ်တဲ့ ကလေး ... ဘယ်သူ ရှိမှာလဲ၊ လူတိုင်း သန့်ရှင်းသော သမီးတော်ကို စိတ်ကူး ယဉ်ကြတာ သဘာဝပါ၊ ဘဝက ညတာ ရှည်တယ်။ ”

တျန်ရှင်းက ပြုံးသည်။ လင်းယွန်မှ ပြန်လည် ငြင်းခုံလို သော်လည်း ခွင့်မပြု တော့ချေ။

“ ကဲ ... မီးထွန်း လိုက်ရအောင်။ ”

“ ဟုတ်ကဲ့ ... ။ ”

ကြိုးကြာ နတ်သမီးမှ ကျောက်မျက် (၇)လုံးပါရှိသော ရှေးဟောင်း မီးအိမ်ကို ထွန်းညှိ ပေးလိုက်ရာ၊ အပြာရောင် အလင်းများ ပျံ့နှံ့ သွားလေသည်။

“ မင်း ... မျက်လုံး မှိတ်လိုက် ... ။ ”

လင်းယွန်မှ မျက်လုံးမှိတ် လိုက်သည်။ အသိစိတ်များ တဖြည်းဖြည်း မှုန်ဝါး လာပြီး အိပ်ပျော်သွားသည်။

အိပ်မက်က လက်တွေ့ဆန် သော်လည်း၊ မရေရာချေ။ ဤနေရာ၌ အဘယ်ကြောင့် ရှိနေရ သနည်း။ မည်သည့် နေရာသို့ သွားရ မည်နည်း။ မသိ။ သူ သိသည်မှာ ပျော်ရွှင်မှု ဖြစ်သည်။

အိပ်မက် အတွင်း သန့်ရှင်းသော သမီးတော်များနှင့် ဝိုင်သောက် နေခဲ့ပြီး အချိန်များ ကုန်ဆုံးလာ၏။

တစ်နေ့တွင် သန့်ရှင်းသော သမီးတော် များနှင့် ကခုန်ကာ ဗျပ်စောင်း တီးခတ်နေသော အချိန် ဖြစ်သည်။

“ သခင်ငယ် ... ငရဲသစ်ခွခြံဝင်းရဲ့ သန့်ရှင်းသော သမီးတော်က ... ဒီနေ့ညမှာ အမှုဆောင်ဖို့ ဆန္ဒရှိနေပါတယ်။ ”

လင်းယွန်မှ ခေါင်းမော့ကြည့် လိုက်ရာ သန့်ရှင်းသော သမီးတော်အားလုံး ပျောက်ကွယ် သွားပြီး၊ ပိုင်ရှုရင် ဝင်လာ၏။

“ သခင်ငယ် ... ။ ”

ရုတ်တရက် အန်းလျူယွင်၏ ချစ်စရာ ကောင်းသော အသွင်က သူ့အနား ပေါ်လာခဲ့ သဖြင့်၊ တံတွေး နင်သွားသည်။

လင်းယွန်က သူမကို ပွေ့ဖက်လျက်၊

“ မင်းလည်း အတူတူ နေလို့ ရတယ်။ ”

“ သခင်ငယ် ... တကယ် ဆိုးတယ်။ ”

သူမ ပြောနေ သော်လည်း အလိုက်သင့် ပါလာသည်။ အဝတ် အစားများ ချွတ်ခွာချလျက် လင်းယွန်ထံ တိုးကပ်လာ၏။

“ ညက တန်ဖိုးရှိတယ် ... ဒါနဲ့ သခင်ငယ်ရော ဘာလို့ သီချင်း တစ်ပုဒ်လောက် မတီးရ တာလဲ။ ”

အန်းလျူယွင်မှ မေးသည်။

“ ဟုတ်တယ် ဂီတလိုတယ်၊ အရင်က ငါဘာသီချင်းတွေ တီးဖူးလဲ ... ထူးဆန်းတယ် ... ငါဘာလို့ မမှတ်မိ တော့တာလဲ။ ”

လင်းယွန်က အန်းလျူယန်ကို တွန်းထုတ်လိုက်ပြီး စိတ်ရှုပ်ထွေးစွာ ထထိုင်၏။

“ သခင်ငယ် ... လျူယွင်နဲ့ အတူ မနေဘူးလား။ ”

အန်းလျူယွင်က လင်းယွန်ကို သူမ ခန္ဓာကိုယ်ဖြင့် ပြန်လည် ဖိချလာ လေသည်။

“ အရင်က ... ငါ ဘာသီချင်း တီးဖူးလဲ၊ ဘာလို့ မမှတ်မိတော့ တာလဲ။ ”

လင်းယွန် တစ်ယောက် အတွေးများ ပျံလွင့်နေဆဲ ဖြစ်သည်။ ထို့နောက် ပြုံးလိုက်ပြီး ‘လျူယွင် ငါ့ကို ခဏစောင့်၊’-ဟု ပြောကြားကာ ထထိုင်လိုက်၏။

ပြီးနောက် သူမကို တွန်းဖယ်လျက် ဗျပ်စောင်းထံ လျှောက်လှမ်း သွားမိလေသည်။ သို့သော် မည်မျှပင် ကြိုးစားစေ ကာမူ သီချင်းများ မေ့ကုန်၏။

တစ်စုံတစ်ခု မှားယွင်းနေမှန်း ခံစားမိကာ၊ အမူအရာ ပြောင်းသွားသည်။ ဖီးနစ် နှလုံးသား သီချင်းသည် သူ့အတွက် ခွန်အား ဖြစ်၏။

“ ဒင် ... ။ ”

ထို့ကြောင့် ၎င်းကို တီးခတ်ရန် ခက်ခက်ခဲခဲ ကြိုးစားမိသည်။ ပတ်ဝန်းကျင်ရှိ သန့်ရှင်းသော သမီးတော်များ အားလုံး တဖြည်းဖြည်း ပြန်ထွက် သွားကြတော့၏။

“ ဒင် ... ။ ”

“ သခင်ငယ် ... ကစားတာ ရပ်လိုက်။ ”

အန်းလျူယွင်က ချစ်စဖွယ် အမူအယာဖြင့် ညှို့ယူနေသည်။ လင်းယွန်က လျစ်လျူရှုလျက် ဖီးနစ်နှလုံးသားကို ဆက်တီးနေ၏။

“ ဒင် ... ဒင် ... ဒင် ... ။ ”

အဆုံးတွင် အန်းလျူယွင် သည်ပင် သနားစဖွယ် ပျောက်ကွယ်သွားရကာ၊ ဇရပ် တစ်ဆောင်၌ သူ့ကိုယ်သူ တွေ့ရှိလာသည်။

ပတ်ဝန်းကျင် တစ်ခုလုံး သိမ်မွေ့ တိတ်ဆိတ်နေကာ ဘေးတွင် ရှေးဟောင်း ကြေးဝါ မီးအိမ် တစ်လုံး ရှိနေ၏။

“ ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်လဲ ... ။ ”

အသိစိတ် ကြည်လင် လာသည်။ အရာအားလုံးသည် အိပ်မက် တစ်ခု ဖြစ်ပြီး စတင်ချိန်တည်းကပင် သူ နက်နက်ရှိုင်းရှိုင်း နစ်မြုပ်သွား ခဲ့သည်။

အရေးကြီးသည်မှာ သူ့ အိပ်မက်သည် ကြိုးကြာ နတ်သမီး စကားများနှင့် ကိုက်ညီနေ ခဲ့ခြင်းဖြစ်၏။ ယင်းကို ရည်ရွယ်ချက် ရှိရှိ သတိ ပေးခဲ့ပုံရသည်။

မီးအိမ်ကို ထိန်းညှိရန် လက်လှမ်း လိုက်သောအခါ အိပ်မက် ထပ်ရောက်လာ ပြန်၏။ ဤတစ်ကြိမ် ပို၍ ကြမ်းသည်။

သန့်ရှင်းသော သမီးတော်များ အပါအဝင်၊ အမျိုးသမီးတိုင်း အဝတ်မပါ တော့ချေ။

“ ဘာလဲ ... ငါက တကယ်ပဲ ... သန့်ရှင်းသော သမီးတော် သတ်သူလား၊ မဟုတ်ဘူး ... ငါက လူယုတ်မာ။ ”

အိပ်မက်သည် နစ်မျောချင် စရာ ကောင်းလောက်အောင် လက်တွေ့ဆန်လွန်း သောကြောင့်၊ လင်းယွန်မှ အသိစိတ်ကို ချက်ချင်း ပြန်ခေါ်လိုက်ရသည်။

အိမ်မက် ပြင်ပတွင် ကြိုးကြာ နတ်သမီးက အံ့အားသင့်နေခဲ့၏။

“ တစ်ရက်တည်းနဲ့ အိပ်မက်ကနေ နိုးလာတာလား။ ”

ကြေးဝါ မီးအိမ် အောက်ခြေတွင် ကျောက်မျက် (၇)လုံး ရှိ၏။ လင်းယွန်မှ မီးအိမ် ထွန်းညှိ လိုက်သော အခါ ကျောက်မျက်များ ထဲမှ တစ်လုံး မှေးမှိန်သွားသည်။

“ ဒါက နှေးနေ သေးတယ် ... အိမ်မက်ဆိုးတွေ မလာသေးဘူး။ ”

“ ဆရာ ... ကြည့်ပါဦး ... ။ ”

မှိန်ဖျော့နေသော ထိုကျောက်မျက် မီးလုံးသည် တစ်ဖန် ပြန်၍ လင်းလာတော့မည် ဖြစ်သောကြောင့် ကြိုးကြာ နတ်သမီးက အော်ဟစ် လိုက်၏။

ယင်းကြောင့် လင်းယွန် တစ်ယောက် ရမ္မက်နွံထဲ ပြန်လည် ဆွဲသွင်း ခံရတော့ မည်ဟု တွေးတောမိကာ စိုးရိမ် သွားခဲ့သည်။

သို့သော် အဆုံးတွင် ကျောက်မျက်လုံး မှိန်ဖျော့သွား သဖြင့်၊ နှစ်ဦးသား သက်သာရာ ရသွား၏။

“ ဒင် ... ။ ”

လင်းယွန်က ကြေးဝါ မီးအိမ်ကြီး ထွန်းညှိပြီးနောက် ဖီးနစ် နှလုံးသားကို တီးခတ် နေခဲ့သည်။ လေပြေများက တစ်ခါတစ်ရံ ဖြတ်တိုက် သွားတတ်၏။

“ ဒင် ... ဒင် ... ဒင် ... ။ ”

သူ့သီချင်း ပြီးဆုံးချိန်၌ အိမ်မက် ပြင်ပရှိ ကြေးဝါမီးအိမ်၏ နောက်ဆုံး ကျောက်မျက်မှာ မှိန်ဖျော့ သွားတော့သည်။

လင်းယွန်မှ မျက်လုံး ဖွင့်ကြည့် လာသည်။ သူ့အကြည့်သည် ရှင်းသန့် နေသဖြင့် ကြိုးကြား နတ်သမီးက ထိတ်လန့်သွား၏။

“ ရွှပ် ... ။ ”

အကြည့် လမ်းကြောင်း၌ ရှိသော တိမ်ပင်လယ်ကြီးခမျာ ချက်ချင်း နှစ်ပိုင်းကွဲသွား တော့သည်။

“ ဓား ရည်ရွယ်ချက် ... ၊ ဒါ ပြီးပြည့်စုံတဲ့ ကျွမ်းကျင်မှု အထွတ်အထိပ် ကြယ်ဓား မဟုတ်လား။ ”

ကြောက်မက်ဖွယ် ဓားကို မြင်လိုက်ရ သောကြောင့် ကြိုးကြာ နတ်သမီးမှ အော်ပြော လိုက်သည်။ ပြီးပြည့်စုံသော ကျွမ်းကျင်မှု၏ အထွတ်အထိပ်။

ထိုအဆင့်တွင် ဓားကို အရာ အားလုံးဖြင့် ပေါင်းစပ်နိုင်၏။ တိမ်ပင်လယ်ကို ခွဲပစ်သကဲ့သို့ မျက်လုံးမှ တဆင့်လည်း ဓားထုတ်နိုင်မည်။

ဤယဲ့ချင်းရှန်သည် အသက် (၂၅)နှစ်သာ ရှိသေးပြီး၊ သူတော်စင်များစွာ မရောက်နိုင်သည့် အဆင့်သို့ ရောက်ရှိခဲ့၏။

သူမ သခင်၏ အကူအညီကို ရယူခဲ့သည် ဆိုသော်လည်း စွမ်းရည်နှင့် စိတ်ဆန္ဒ မရှိလျှင် အောင်မြင်မည် မဟုတ်ချေ။

လင်းယွန်က ခေါင်းညိတ်ပြီး၊

“ စီနီယာ ကျွန်တော် ဘယ်နှစ်ရက် ကြာခဲ့လဲ။ ”

“ ခုနစ်ရက် ... ၊ နဂါးပြာ မှတ်တမ်း ဖွင့်ဖို့ နှစ်ရက်ပဲ လိုတော့တယ်၊ လူတိုင်း ထွက်သွားပြီ၊ ဒါပေမယ့် တပည့် တစ်ယောက် တောင်ပေါ်ထိ တက်လာဖို့ လုပ်နေလို့ ငါ တားထားတယ်။ ”

အချိန်အနည်းငယ်သာ ကျန်တော့သဖြင့် လင်းယွန်က ချက်ချင်း ထရပ် လိုက်မိသည်။ သူ လွတ်သွားသော် နှမျောစရာ ဖြစ်ပေမည်။

နဂါးပြာ မှတ်တမ်းသည် သူ့ကို စောင့်လိမ့်မည် မဟုတ်ချေ။ သို့သော် မသွားခင် သတိပေး စကား ဆိုမိသည်။

“ စီနီယာ ... ကောင်းကင် တာအိုဂိုဏ်း ဒုက္ခရောက်တော့မယ်၊ သွေးလဂိုဏ်းက ဒီကိစ္စ နောက်ကွယ်မှာ ... ဝမ်မိသားစုကို ကြိုးကိုင် နေတယ်။ ”

တျန်ရှင်းသည် လွန်ခဲ့သော နှစ်ပေါင်း သုံးထောင်က ဓားဧကရာဇ် ဖြစ်ပြီး ကောင်းကင် တာအိုဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်သည်။ ဤအခြေ အနေ အတွက် အဖြေတစ်ခု ရှိနိုင်၏။

သို့သော် အံ့အားသင့်စရာ ကောင်းသည်မှာ တျန်ရှင်း၏ တည်ငြိမ်မှု ပေပင်။ ၎င်းက၊

“ ကောင်းကင် တာအိုဂိုဏ်းက ... ၊ ကောင်းကင် တာအိုဆိုတဲ့ အမည်ကြောင့် အချိန် အများစုမှာ ဂိုဏ်းချုပ်ကင်းမဲ့ ခဲ့တယ်၊ ...

... သက်တမ်း တလျှောက် ကပ်ဘေး ပေါင်းများစွာ အကြိမ်ကြိမ် ရင်ဆိုင် ခဲ့ရတယ်၊ ဒါပေမယ့် အဆုံးမှာတော့ ရပ်တည်နိုင် တုန်းပဲ။ ”

“ ကောင်းကင်ဓားနဲ့ တာအိုဓား ကြောင့်လား စီနီယာ ။ ”

လင်းယွန်မှ မေးသည်။

“ မဟုတ်ဘူး လူတွေ ... ၊ ဒီမှာ လူတွေ ရှိနေသရွေ့ ကောင်းကင် တာအိုဂိုဏ်း ပျက်စီးခဲ့ ရင်တောင် ပြန်လည် တည်ဆောက် နိုင်တယ်၊ တကယ်တော့ ကောင်းကင်ဓားနဲ့ ...

... တာအိုဓားက ကောင်းကင် တာအိုဂိုဏ်း အတွက် မဟုတ်ဘူး၊ သူက ... ခွန်လွန် တစ်ခုလုံး အပေါ်သာ ကာကွယ်ပေးဖို့ တာဝန်ရှိတာ၊ စိတ်မပူ ပါနဲ့ ...

... မင်း ဂိုဏ်းချုပ် ဖြစ်ချင်ရင် ... ဧကရာဇ် ဓားကို ရအောင် ယူပါ၊ တစ်စုံ တစ်ယောက်သာ ကောင်းကင် တာအိုရဲ့ ဖိအားကို ခံနိုင်ရည် ရှိတယ် ဆိုရင် ...

... ဘယ်သူမဆို ဂိုဏ်းချုပ် ရာထူးကို ယူနိုင်တယ်၊ ဒါဆို ကောင်းကင် တာအိုဂိုဏ်းက ပြန်ဦးမော့ လာလိမ့်မယ်။ ”

“ ဟုတ်ကဲ့ ... အခွင့်သာရင် ဧကရာဇ်ဓားကို ပြန်ယူပေးပါ့မယ်။ ”

လင်းယွန်က ကတိပေး လိုက်သည်။ ကောင်းကင် တာအို၏ ဖိအားကို မကြောက် သော်လည်း ဂိုဏ်းချုပ် ရာထူး မလိုချင်ချေ။

သူသည် ဓားသမားတစ်ဦး ဖြစ်ပြီး အနှောင်အဖွဲ့များနှင့် ကန့်သတ် ချုပ်ချယ်ခြင်း များကို ဖြတ်တောက် လို၏။

ဓားဆွဲကာ စကြာဝဠာ အနှံ့ လျှောက်လှမ်း သွားချင်သည်။ သို့တိုင် ဧကရာဇ်ဓားကို ပြန်၍ ရယူပေးရန် ဆန္ဒရှိ၏။

“ ကောင်းပြီ ... ။ ”

တျန်ရှင်းက ပြုံးပြီး လက်ဝှေ့ယမ်းကာ၊

“ သွားတော့ ... တောင်အောက်မှာ အဲဒီကလေးမက မင်းကို စောင့်နေတုန်းပဲ။ ”

-ဟု ပြောကြား လာတော့သည်။

***

စိတ်ခံစားချက် (၇)မျိုးသည် တရုတ်တိုင်းရင်း ဆေးပညာတွင် ခန္ဓာကိုယ် မျှတမှု ရှိစေရန် ဆက်စပ်ပေးသည့် အယူအဆ ဖြစ်သည်။

ပျော်ရွှင်ခြင်း- ဤခံစားချက်သည် နှလုံးသား၊ လျှာနှင့် ဆက်စပ်၏။ ပျော်ရွှင်မှု များကြောင့် သွေးလည်ပတ်မှုကို ကောင်းမွန် စေပြီး နှလုံးသားကို ကျန်းမာစေသည်။

အလွန်အကျွံ ပျော်ရွှင်မှုသော် အိပ်မပျော်ခြင်းနှင့် ရင်တုန်ခြင်းတို့ ဖြစ်စေ၏။

ဒေါသ- ဤခံစားချက်သည် အသည်း၊ မျက်လုံး၊ အစိမ်းရင့်ရောင် တို့နှင့် ဆက်စပ်၏။ ဒေါသက အသည်းကို စွမ်းအင် ပို့ပေးပြီး အတားအဆီးများ ကျော်လွှားနိုင်သည်။

ဒေါသ လွန်ကဲသော် အသည်းကို ပျက်စီးစေပြီး ခေါင်းကိုက်ခြင်း၊ မူးဝေခြင်းနှင့် မျက်လုံး ပြဿနာ ဖြစ်နိုင်၏။

ဝမ်းနည်းမှု- ဤခံစားချက်သည် အဆုတ်၊ နှာခေါင်း၊ အဖြူရောင် တို့နှင့် ဆက်စပ်နေသည်။ ဝမ်းနည်းခြင်းက ပူလောင်မှုကို သက်သာ စေ၏။

အလွန်အကျွံ ဝမ်းနည်းသော် အဆုတ် အားနည်းပြီး အသက်ရှူ မဝခြင်း၊ နှာပိတ်ခြင်း နှင့် ချောင်းဆိုးခြင်းတို့ ဖြစ်စေသည်။

ကြောက်လန့်ခြင်း- ဤခံစားချက်သည် ကျောက်ကပ်၊ နား၊ အနက်ရောင်တို့နှင့် ဆက်စပ် နေသည်။

အကြောက်တရားသည် မိမိကိုယ်ကို ကာကွယ်ရန် သတိပေး သော်လည်း အလွန် အကျွံ ကြောက်ရွံ့ခြင်းသည် ကျောက်ကပ်ကို ထိခိုက်နိုင်၏။

ခါးနာခြင်း၊ ဆီးပြဿနာ များနှင့် အကြား အာရုံဆုံးရှုံးခြင်း တို့ကိုလည်း ဖြစ်စေ နိုင်သည်။

အချစ်- ဤခံစားချက်သည် အမြှေးပါး၊ ပါးစပ်နှင့် ပန်းရောင်တို့နှင့် ဆက်စပ်နေသည်။ အချစ်သည် နှလုံးသားကို နွေးထွေးစေပြီး သွေးကို အာဟာရဖြစ်စေ၏။

သို့သော် အလွန်အကျွံ ချစ်ခြင်းဖြင့်၊ စိုးရိမ်ပူပန်မှု၊ တုန်လှုပ်မှုနှင့် ခံတွင်းအနာ များကို ဖြစ်ပွား လာစေနိုင်သည်။

မုန်းတီးမှု- ဤခံစားချက်သည် သည်းခြေအိတ်၊ ဦးခေါင်းဘေး၊ အဝါရောင်တို့နှင့် ချိတ်ဆက် ထားသည်။

မုန်းတီးမှုသည် တစ်စုံ တစ်ဦး၏ အခွင့်အရေးနှင့် တန်ဖိုးကို ကာကွယ်ရန် ကူညီ ပေးသည်။

သို့သော် အလွန်အကျွံ မုန်းတီးမှုသော် သည်းခြေအိတ်ကို ထိခိုက်ပြီး ခေါင်းတစ်ခြမ်း ကိုက်ခြင်းနှင့် မေးရိုး တင်းမာခြင်းတို့ ဖြစ်စေနိုင်သည်။

ဆန္ဒ- ဤခံစားချက်မှုသည် သရက်ရွက်၊ နှုတ်ခမ်း၊ အညိုရောင် တို့နှင့် ဆက်စပ်နေသည်။ ၎င်းသည် ပန်းတိုင်များနှင့် အိပ်မက်များကို အကောင်အထည်ဖော်ရာ၌ အသုံးဝင်သည်။

အလွန်အကျွံ ဆန္ဒ ပြင်းထန်သော် သရက်ရွက်ကို အားနည်းစေပြီး အစာခြေ အရည် ထုတ်လွှတ်ရာ၌ ပြဿနာများ ဖြစ်စေသည်။

ပင်ပန်းနွမ်းနယ်မှု၊ အစာမကြေခြင်းနှင့် နှုတ်ခမ်း ကွဲအက်ခြင်း များလည်း ဖြစ်စေနိုင် ချေ၏။

ထို့ကြောင့် ခံစားချက် ခုနစ်ပါးသည် ကောင်းခြင်း-ဆိုးခြင်းဟု သတ်မှတ်နိုင်သော အမျိုးအစား မဟုတ်ချေ။

အကောင်းဆုံးမှာ ကျန်းမာရေးအတွက် ဟန်ချက်ညီညီ ထိန်းညှိပေးရန် လိုအပ်ပေသည်။ ထို့ကြောင့် တာအိုဝါဒီများသည် တရားထိုင်ခြင်း၊ ဝင်သက်-ထွက်သက်နှင့် စိတ်ခံစားချက်များကို ထိန်းညှိပေးကာ၊ သဟဇာတ ဖြစ်အောင် နေရန်ကြိုးစား ကြရသည်။

တပ်မက်မှု (၆)ပါး။

ဘဝပေါ် တပ်မက်မှု - သေခြင်းကို ကြောက်ခြင်း။ သေခြင်းကို ဆန့်ကျင်သော တပ်မက်မှု ဖြစ်သည်။ ငရဲဘုံ ဖြစ်၏။

အသံကို ကြားလိုသော ဆန္ဒ- အကြား အာရုံခံစားမှုကို လိုချင်သော ရမ္မက်၊ တိရစ္ဆာန်ဘုံ ဉာဏ်ရည်ဉာဏ်သွေး နည်းပါးသူ ဖြစ်သည်။

မြင်လိုသော ဆန္ဒ- ဗုဒ္ဓဘာသာ၌ ဆဋ္ဌမ အာရုံဟု ခေါ်သော ဆန္ဒဖြစ်သည်။ အတွေးများ၊ ခံစားချက်များ၊ မှတ်ဉာဏ်များနှင့် အခြားသော စိတ်ပိုင်းဆိုင်ရာ ဖြစ်စဉ်များ ဖြစ်၏။

ဆာလောင်သော ဆန္ဒ- ဤတပ်မက်မှု၏ နယ်ပယ်မှာ ဆာလောင် မွတ်သိပ်နေသော တစ္ဆေ ဖြစ်သည်။

သတ္တဝါများသည် ပြင်းပြသော မျက်လုံးများနှင့် ပါးစပ်၊ အစာအိမ် ရှိသဖြင့်၊ ဆာလောင် ငတ်မွတ်မှု အဆက်မပြတ် ခံစားရသည်။၊

အရသာကို သိလိုသော ဆန္ဒ- ဤတပ်မက်မှု၏ နယ်ပယ်သည် ချမ်းသာသုခ ရောနှော ခံစားရလေရာ၊ တရားကျင့်ပြီး လွတ်မြောက်ရာ လမ်းဖြစ်သည်။

အနံ့- ကာမဂုဏ်တို့ ကုန်ဆုံးကာ၊ သက်တမ်းကျော်လွန် နေထိုင်နိုင်သော နိဗ္ဗာန် ဖြစ်သည်။

ဉာဏ်ပညာနှင့် တပ်မပ်မှု ခြောက်ပါးကို လွန်မြောက်ပြီး အဆုံးစွန်သော ချုပ်ငြိမ်းရာ ဝဋ်ဆင်းရဲမှ လွတ်မြောက်နိုင်၏။

ထို့ကြောင့် ဤခံစားချက် (၇)ပါးနှင့် တပ်မက်မှု (၆)ပါးတို့သည် ထိန်းကြောင်းသူပေါ် မူတည်ကာ၊ အပြုသဘော သို့မဟုတ် အပျက် သဘောမျိုး သက်ရောက် နိုင်သည်။

( တရုတ်ရိုးရာ တိုင်းရင်းဆေးကျမ်းမှ ကောက်နုတ်ချက်များ။ )

All Chapters