← Chapters

လင်းယွန်၏ ရွေးချယ်မှု။

Vol. 152 Ch. 2124

လင်းယွန်၏ ရွေးချယ်မှု။

Vol. 152 Ch. 2124

လီတာ့ယန်က စိတ်ပျက်သွားသည်။ ၎င်းကဲ့သို့ပင် အခြားသော ကောင်းကင်လမ်း ချန်ပီယံများ မှလည်း အမူအရာ ပြောင်းလဲ ကုန်၏။

နောက်ဆုံးတွင် ပန်းသင်္ချိုင်းသည် ကောင်းကင်လမ်း ချန်ပီယံများ ကြား၌ပင် အတောက်ပဆုံး ဖြစ်သည်။

သူတို့မှ ခွန်လွန်သို့ ရောက်ရှိပြီးနောက်၊ သက်ဆိုင်ရာ မြင့်မြတ်မြေ များ၏ သန့်ရှင်းသော သားတော်နှင့် သမီးတော်တို့ကို အနိုင်ယူကာ ပြိုင်ဘက်ကင်း ခဲ့သည်။

၎င်းတို့မှာ ရည်မှန်းချက် ကြီးမားပြီး၊ အခြားသော ချန်ပီယံ များကို နင်းချေလျက်၊ ကိုးလမ်း ချန်ပီယံ ဖြစ်ချင်ကြသည်။

သို့သော် ပန်းသင်္ချိုင်းသည် သူတို့ကို တိုက်စရာမလိုဘဲ ထိုရာထူး ရယူသွား ခဲ့၏။ ယင်းက သူတို့ကို မပျော်ချေ။

လျှို့ဝှက် နယ်မြေမှ စူးရှ တောက်ပသော အလင်းရောင် တစ်ခု ရုတ်ချည်း လင်းလက်လာ လေသည်။

ထိုအလင်းများသည် မတူညီသော အရောင်များ ရှိနေခဲ့ သောကြောင့် လွင်ပြင်မှာ၊ အိပ်မက်ဘုံ ကဲ့သို့ ပြောင်းလဲသွား၏။

လျှို့ဝှက် နယ်မြေ ကိုးခုမှာ၊ နတ်နဂါး လျှို့ဝှက်နယ်မြေ ခုနစ်ခု၊ မိုးပြာနဂါး လျှို့ဝှက် နယ်မြေနှင့် စစ်မှန်သော နဂါး လျှို့ဝှက် နယ်မြေတို့ ဖြစ်သည်။

နတ်နဂါး လျှို့ဝှက်နယ်မြေ များမှ ထွက်လာသော ရောင်ခြည်များသည် ကျန် နှစ်ပါးထက် ပို၍ တောက်ပ နေ၏။

မိုးပြာနဂါးမှာ ၎င်းတို့ထက် အနည်းငယ် မှေးမှိန်သော်လည်း အားမနည်းချေ။ ယင်းအစား ဖန်တီးထားသော ဖြစ်စဉ်သည် ပို၍ ကြောက်စရာ ကောင်းနေသည်။

စစ်မှန်သော နဂါး လျှို့ဝှက်နယ်မြေ တစ်ခုတည်း သာလျှင် ယှဉ်ကြည့်က အမှိန်ဆုံး ဖြစ်နေသည်။

“ ကြည့်ရတာ ... စစ်မှန်သော နဂါး လျှို့ဝှက်နယ်မြေက နတ်နဂါး လျှို့ဝှက် နယ်မြေ တွေထက် ပိုအားနည်းပုံရတယ်။ ”

“ မိုးပြာ နဂါးက နည်းနည်း ညံ့တယ်။ နတ်နဂါး လျှို့ဝှက်နယ်မြေ တိုင်းက ရှုမောဖွယ် ကောင်းလွန်းတယ်၊ သူတို့မှာ အဖိုးတန် ရတနာတွေ ရှိမယ် ထင်တယ်။ ”

“ ဟား ဟား ဟား ... ငါတို့က လူမိုက် မဟုတ်ဘူး၊ အဲဒါကို ဘယ်သူက သတိ မပြုမိပဲ နေမလဲ၊ စစ်မှန်သော နဂါး လျှို့ဝှက်နယ်မြေ ဆိုတာ ကောင်းကောင်း ပြင်ဆင်ထားခြင်း မရှိတဲ့ လူတွေ အတွက် ရည်ရွယ်တယ်။ ”

“ နောက်ဆုံးတော့၊ နတ်နဂါး အထက်တန်းစား စာရင်းမှာ မပါချင်တဲ့ လူ ဘယ်သူ ရှိမလဲ။ ”

“ လျှို့ဝှက် နယ်မြေကို ခုနစ်ရက်ကြာ ဖွင့်ထားမယ်၊ အဲဒီမှာ ရှိတဲ့ အမည်ခံ သူတော်စင် နတ်ဆိုးသားရဲတွေကို သတ်နိုင်ရင် စမ်းသပ်မှု အောင်ပြီ၊ အထဲမှာ အချိန်စီးဆင်းမှုက အရမ်း မြန်တယ် ... ၊ အပြင်က လေးနာရီဆိုတာ အထဲမှာ ခုနစ်ရက်ပဲ။ ”

လီတာ့ယန်က ရှင်းပြသည်။၊

“ ဒါက သိပ်ခက်ခဲမယ့် ပုံမရဘူး။ ”

ယဲ့ဖုန်းမှ ပြုံးပြီး ဝင်ပြော၏။ အမည်ခံ သူတော်စင် နတ်ဆိုးများသည် ရွှေမျိုးဆက် ပါရမီရှင်များ အတွက် စိတ်လှုပ်ရှားစရာ မကောင်းချေ။

သာမန် ပါရမီရှင်များ သည်သာ အခက်အခဲ ဖြစ်ကြသော်လည်း သူတို့မှ အချိန် အနည်းငယ် ယူရုံဖြင့် ပြီးမြောက်နိုင်၏။

“ ဝေါ့ ... ။ ”

“ အား ... ။ ”

“ ဒီရောင်ဝါကို ငါ ... မခံနိုင်ဘူး။ ”

ထိုအချိန်တွင် လျှို့ဝှက်နယ်မြေသို့ ချဉ်းကပ်ခဲ့ကြသော ကျင့်ကြံသူ အချို့သည် သွေးအန်လျက် ပြန်လည် လွင့်စဉ်လာ၏။

ပထမ စမ်းသပ်မှု စတင်နေပြီ ဖြစ်သည်။ လျှို့ဝှက်နယ်မြေ ဝင်ပေါက်၌ပင် နဂါးရောင်ဝါမှ လူပေါင်းများစွာကို ဖယ်ရှား နေခဲ့သည်။

“ တာအို သားတော် ... ငါတို့ ဘယ်လျှို့ဝှက်နယ်မြေကို ရွေးရမလဲ။ ”

ပိုင်ရှုရင်မှ မေးသည်။ လီတာ့ယန်သည် ဤနေရာ၌ ခေါင်းဆောင်ဖြစ်ပြီး ၎င်းရွေးသော မည်သည့် လျှို့ဝှက်နယ်မြေကို မဆို လိုက်ပါရမည် ဖြစ်သည်။

လီတာ့ယန်မှ သတိကြီးစွာ ထားပြီး မဖြေချေ။ သူ့ကဲ့သို့ပင် အခြား မြင့်မြတ်မြေ၏ သန့်ရှင်းသော သားတော်နှင့် သမီးတော်များ ကလည်း ငြိမ်သက်နေသည်။

အဘယ်ကြောင့် ဆိုသော် ကောင်းကင် ချန်ပီယံ ရှစ်ပါးကို စောင့်ဆိုင်း နေသောကြောင့် ဖြစ်သည်။ မည်သူမဆို ၎င်းတို့နှင့် စောလျင်စွာ မဆုံချင်ချေ။

“ ဟိတ် ... ။ ”

ရုတ်တရက် ဆိုသလို အဖြူဝတ် လူငယ်တစ်ယောက်က ကောင်းကင်ပေါ် ပျံတက် လာသည်။

သူ့ထံမှ အစွမ်းထက်သော ရောင်ဝါများ ထွက်လာ၏။ သူ့လမ်းကြောင်း ပေါ်ရှိ လူတိုင်း လမ်းဖွင့် ပေးလိုက်ကြသည်။

“ သူက ကူရှယန်ပဲ ... နဂါးပြာ တောင်ကို ရွေးခဲ့တယ်။ ”

အဝတ်ဖြူဝတ် လူငယ်သည် ပထမ ကောင်းကင်လမ်း ချန်ပီယံ ဖြစ်သည်။ သူသည် ခွန်လွန်၏ ဇာတ်ဆောင် တစ်ယောက် ဖြစ်၏။

ထို့ကြောင့် နဂါးပြာ လျှို့ဝှက်လမ်းကို ရွေးမည့်လူများ ပြန်လည် စဉ်းစားကုန်ကြသည်။ ဤသည်မှာ ကောင်းကင်လမ်း ချန်ပီယံ၏ ခြိမ်းခြောက်နိုင်မှု ဖြစ်၏။

သို့တိုင် လူတချို့မှာ နဂါးပြာ လမ်းကို ရွေးချယ် နေကြဆဲ ဖြစ်သည်။ ထိုအထဲတွင် တတိယ ကောင်းကင်လမ်း ချန်ပီယံ စစ်ထူယန်လည်း ပါ၏။

“ ဟဲဟဲ ... ၊ ကူရှယန် ... ငါတို့ ဘယ်သူ နဂါးဦးခေါင်းကို ရမလဲ ပြိုင်ရအောင်။ ”

“ မင်း ရှုံးလိမ့်မယ် ... ။ ”

ကူရှယန်မှ ချက်ချင်း နဂါးပြာ လေစုပ်ဝဲအတွင်း ခုန်ဆင်းသွားတော့သည်။

“ အဲဒီလောက်လည်း သေချာ မနေပါနဲ့။ ”

စစ်ယူယန်မှ ပြုံးလျက် လက်ဝှေ့ယမ်းပြီး လိုက်ပါ သွားတော့သည်။ ကောင်းကင်လမ်း၏ ချန်ပီယံနှစ်ဦး ဝင်ရောက် သွားသောကြောင့် လူအများအပြား ဆုတ်ခွာသွား ကြ၏။

ဤသည်မှာ ခမ်းနားသော အခါသမယ ဖြစ်ပြီး၊ ကောင်းကင်လမ်း များမှ ချန်ပီယံများ၏ ကျော်ကြားမှုကို မယုံကြည်သော လူများ ရှိနေ သေးသည် ဖြစ်သည်။

ထို့ကြောင့် ကူရှယန်နှင့် စစ်ထူယန်တို့ ဝင်ရောက်ပြီး နောက်၌ပင်၊ ဝင်ရောက်လိုသော လူများ ရှိနေသေး၏။

၎င်းတို့ အားလုံးသည် အသက် သုံးဆယ်အောက် ဉာဏ်ကြီးရှင်များ ဖြစ်ချေပြီ။

“ မိုးပြာ နဂါးဆီကို သွားရအောင်။ ”

လီတာ့ယန်မှ ဆုံးဖြတ်လိုက်သည်။

နတ်နဂါးများနှင့် ယှဉ်ပါက ဤနဂါးသည် ထင်ပေါ်ခြင်း မရှိခဲ့သဖြင့် ကောင်းကင်လမ်း ချန်ပီယံ များမှ မရွေးချယ်ချေ။

သို့တိုင် မိုးပြာ နဂါးသည် လျှို့ဝှက် ဆန်းကြယ်ကာ အားမနည်းကြောင်း ခံစားမိ၏။ လူတိုင်း ခေါင်းညိမ့်ကာ သူ့ရွေးချယ်မှုကို သဘောတူ လိုက်ကြသည်။

“ စမ်းသပ်မှု အတွင်း ... နောက်တစ်နေရာကို ကူးသွားလို့ ရလား။ ”

သို့သော် လင်းယွန်မှ မေးလိုက်၏။

“ သီအိုရီ အရတော့ ... ရနိုင်ပါတယ်၊ ဒါပေမယ့် နဂါးလမ်းတစ်လမ်း ကနေ အခြား လမ်းကို ကူးသွားတာက အန္တရာယ်ရှိလို့၊ ဘယ်သူမှ ကူးချင်ကြမယ် မထင်ဘူး။ ”

“ ယဲ့ချင်းရှန် ... မင်း အခြားလမ်းကို ရွေးမယ်လို့ မပြောနဲ့။ ”

ယဲ့ဖုန်းမှ ဝင်ပြောသည်။

“ ဟုတ်တယ် ... ငါ တခြားလမ်းကို ရွေးဖို့ ဆုံးဖြတ်ထားတယ်။ ”

လင်းယွန်က အဖွဲ့နှင့် ပူးပေါင်းရန် စိတ်ကူး မရှိချေ။ ဓားဂိုဏ်းသည် စစ်မှန်သော နဂါးလမ်း အပေါ် ရွေးချယ်သည်ကို မြင်ခဲ့၏။

“ စစ်မှန်သော နဂါး လျှို့ဝှက်နယ်မြေ။

၎င်းသည် အခြားသော လျှို့ဝှက် နယ်မြေ များနှင့် နှိုင်းယှဉ်သော် မှေးမှိန်နေ သောကြောင့် ရည်မှန်းချက် ရှိသူတိုင်း ရွေးချယ်ကြမည် မဟုတ်ချေ။

“ အကျိုးအမြတ် အတွက် သက်သာတဲ့ လမ်းကို ရွေးချင်နေတာလား၊ လူတိုင်းက ဒီလိုပဲ လုပ်ကြမယ်လို့ ထင်တယ်၊ စစ်မှန်သော နဂါး လမ်းက ထင်တာထက် ပိုကြမ်းလိမ့်မယ်။ ”

ယဲ့ဖုန်းက ပျော်ရွှင်စွာ ပြောကြား လိုက်လေသည်။ သူသည် မိသားစု၏ ပါရမီရှင် ဖြစ်သည်။ ထို့ကြောင့် ယဲ့ချင်းရှန် အပေါ် အမြင် မကြည်ချေ။

“ ဒါက အခြေကောင်း နိုင်ပေမယ့် စစ်မှန်သော နဂါးမှာ နဂါးသခင် မဖြစ်ရင် မင်းအတွက် အရှက်ရ လိမ့်မယ်။ ”

လင်းယွန်မှ တုန့်ပြန်ခြင်း မရှိချေ။ ၎င်းကို လျစ်လျူရှုကာ လီတာ့ယန်ထံ လှည့်ကြည့်၏။

( မင်း စဉ်းစားပြီးပြီလား။ )

လီတာ့ယန်က နှစ်ကိုယ်တည်း ကြားနိုင်ရုံမေး၏။

( ယဲ့ဖုန်း ပြောတာ တွေက ... အဓိပ္ပါယ် ရှိတယ်၊ အညံ့ဆုံးကို ရွေးချယ်လို့ မင်းကျရှုံးခဲ့ရင် မကောင်းဘူး၊ ငါတို့နဲ့ သွားမယ်ဆိုရင် ကူညီလို့ ရတယ်။ )

( ကျွန်တော် စဉ်းစားပြီး ပါပြီ။ )

လင်းယွန်မှ တိတ်ဆိတ်စွာ ပြန်ဖြေ၏။

“ ကောင်းပြီ ... မင်းစိတ်ထဲ ရှိနေမှတော့ ငါတားမှာ မဟုတ်ဘူး။ ”

လီတာ့ယန်မှ လွှတ်လိုက်သည်။ ရှင်းယန်၊ ပိုင်ချင်းယွီက လင်းယွန်ကို သူတို့နှင့်အတူ လိုက် စေလိုသော်လည်း သက်ပြင်းချ လိုက်၏။

“ ဝှစ် ... ။ ”

“ ဟိတ် ... ။ ”

မြင့်မြတ်မြေမှ သန့်ရှင်းသော သားတော်နှင့် သမီးတော် များစွာက ကောင်းကင်ပေါ် ပျံတက် လာကြသည်။

လင်းယွန်က အဖွဲ့မှ ခွဲထွက်ကာ စစ်မှန်သော နဂါး လျှို့ဝှက် နယ်မြေသို့ ဦးတည် လာခဲ့သည်။ သူ့ဂုဏ် သတင်းကြောင့် လူများစွာမှ လှည့်ကြည့် လာ၏။

“ ဒီကောင်က စစ်မှန်သော နဂါးလမ်းကို ရွေးလိုက်တာလား၊ နတ်နဂါး အထက်တန်းစား တစ်ရာ အတွင်းမှာ သူပါတယ် မဟုတ်လား။ ”

“ ဟုတ်တယ် သူ့လို လူက ... လွယ်တဲ့ လမ်းကို လိုက်နေတာပဲ၊ အရှက်မဲ့ လိုက်တာ။ ”

“ သူ့ရဲ့ ဂုဏ်သတင်းက ကြောက်စရာ ကောင်းလွန်းတယ်၊ နောက်ဆုံး အဆင့် ပေမယ့် အစွမ်းထက်တယ်၊ ဒါပေမယ့် ဒီရွေးချယ်မှုက လူတိုင်းရဲ့ ပစ်မှတ်ဖြစ်ဖို့ များပါတယ်။ ”

ပတ်ဝန်းကျင်မှ ဆွေးနွေးသံများ မဆုံးခင် လင်းယွန်က စစ်မှန်သော နဂါး လျှို့ဝှက်နယ်မြေ အတွင်း ဝင်ရောက် ပေျာက်ကွယ် သွားသည်။

လျှို့ဝှက် နယ်မြေထဲ ရောက်ပြီးနောက် အာကာသ အတက်အကျ လှိုင်းများက သူ့ကို ခေါ်ဆောင်သွား၏။

အချိန်မည်မျှ ကုန်သွားသည်ကို မသိသော်လည်း အမြင်အာရုံများ ပြန်ရချိန်၌ အနက်ရောင် မြူမှုန်များ ဖုံးလွှမ်းနေသော စိမ့်စမ်း တစ်ခုအတွင်း သူ့ကိုယ်သူ တွေ့ရှိ လာသည်။

ပတ်ဝန်းကျင်၌ သစ်ပင် မြင့်မြင့်များ ဝိုင်းရံနေပြီး၊ အဆုံးမရှိ တောအုပ်ကြီး ဖြစ်ချေပြီ။

“ ဘာလဲ ဒါကြီးက တကယ့် စစ်မှန်တဲ့ နဂါးလျှို့ဝှက် နယ်မြေလား၊ ငါ့ မျှော်လင့်ချက်နဲ့ မတူဘူး။ ”

သူတော်စင် ရောင်ဝါများ ထုတ်ဖော် ကာကွယ် လျှင်ပင်၊ အဆိပ်များက ခန္ဓာကိုယ် အတွင်း၌ တဖြည်းဖြည်း စုပုံလာပေမည်။

ဆိုလိုသည်မှာ ဤနယ်မြေ အတွင်း အချိန်ဖြုန်းသော် အန္တရာယ် ရှိချေ၏။ သို့သော် လင်းယွန်သည် ချွင်းချက် ဖြစ်သည်။

မိုးပြာနဂါး နတ်ခန္ဓာကို ပိုင်ဆိုင်ထား သောကြောင့် အဆိပ်များမှ ဒုက္ခမပေးနိုင်ချေ။ ချက်ချင်း ခရီးဆက် တော့မည့် အချိန်တွင် ထူးထူး ခြားခြား အပင် တစ်ပင်ကို သတိပြုမိသည်။

အနား လျှောက်သွားသော အခါ ရွှေရောင် ဆေးအိုး နဂါးသွေး ဆေးပင်မှန်း မှတ်မိလာ၏။ အသီးများမှာ ရင့်မှည့် နေချေပြီ။

အသီးသည် အိုးပုံသဏ္ဍာန် ဖြစ်ပြီး အလွန်တန်ဖိုး ရှိ၏။ နဂါးသွေး စွန်းထင်သော မြေပြင်များ ၌သာ ပေါက်ရောက် နိုင်မည်။

“ ကံကောင်း လို့လား ... ဒါမှမဟုတ် ရတနာတွေနဲ့ ပြည့်နေတဲ့ လျှို့ဝှက်နယ်မြေ ဖြစ်နေလို့လား။ ”

လင်းယွန်က တွေးဆ မနေတော့ဘဲ လက်ဝှေ့ယမ်းကာ ရွှေရောင် ဆေးအိုး နဂါးသွေး ဆေးပင်ကို သိမ်းယူသည်။

“ ဝှစ် ... ။ ”

ဆေးပင်ထံ လက်မရောက်နိုင်ခင် အနက်ရောင် ပျော့တွဲတွဲ အရာတစ်ခုက မြူများ အတွင်းမှ ပြေးထွက် လာ၏။

“ ဘာကြီးလဲ ... ။ ”

ဤသည်မှာ ပုတ်သင်ညို၏ လျှာဖြစ်၏။ ၎င်းလျှာတွင် အဆိပ်ပါရှိကာ အန္တရာယ် ပေးနိုင် လေသည်။ ထို့ကြောင့် တုန်လှုပ်မိ၏။

“ ဓား မသုံးနဲ့ ... ။ ”

ခရမ်းငယ်မှ သတိပေး လာ၏။ သို့သော် အရမ်း နောက်ကျသွားသည်။ လင်းယွန်က ဓား ဆွဲပြီး လျှာကို ဖြတ်ပစ် လိုက်ပြီ ဖြစ်၏။

“ ဖောင်း ... ဖောင်း ... ဖောင်း ... ။ ”

လျှာက အပိုင်းအစများ အဖြစ်သို့ ပြောင်းလဲကာ ပတ်ဝန်းကျင် အနှံ့ ပျံ့ကျဲလျက်၊ ပေါက်ကွဲကုန် သဖြင့် ရှောင်တိမ်းရန် နေရာလွတ် မကျန်တော့ချေ။

***

All Chapters