ဓားတစ်ချက် ... ။
Vol. 152 Ch. 2125
အဆိပ်ပြင်းသော အခိုးအငွေ့များက သူ့အပေါ် ဖုံးလွှမ်းသွားလေသည်။ အဆိပ်များ သွေးအတွင်း လျင်မြန်စွာ စုပုံလာပြီး၊ မည်းနက် လောတော့၏။
မျက်စိတစ်မှိတ်အတွင်း အဆို့ရှင်များ ပိတ်ကုန်ကာ၊ နိဗ္ဗာန်ရောင်ဝါ ဖြင့်ပင် မလွန်ဆန် နိုင်သဖြင့် နဂါးရောင်ဝါကို ထုတ်ပေး လိုက်ရသည်၊
“ သေလိုက်တော့ ... ။ ”
ထိုစဉ် အရိပ် တစ်ရိပ်က လက်တစ်ကမ်း ရောက်လာသဖြင့် ပန်းသင်္ချိုင်းနှင့် ခုတ်ပိုင်းချ လိုက်သည်။
ဓားက ပုတ်သင်ညိုကို နှစ်ပိုင်းခွဲလျက် သွေးများ နေရာ အနှံ့အပြားသို့ ပျံ့ကျဲနေချိန်တွင် အစိတ်အပိုင်း နှစ်ခုမှ ပြန်လည် ပေါင်းစည်းရန် ကြိုးစားလာ၏။
“ ငါ စိတ်တိုလာပြီ။ ”
နိဗ္ဗာန်ရောင်ဝါ သွန်းလောင်းလျက် ပုတ်သင်ညိုကို ကြေမွသွားအောင် ဖျက်ဆီး ပစ်လိုက် တော့သည်။
“ အဲဒါက နဂါးရေပုတ်သင်ပဲ၊ သူ့ လျှာက အစွမ်းထက်တဲ့ အဆိပ်ကြောင့် နင့်ကို ထိမှန်ရင် ရုပ်သေးရုပ် ဖြစ်သွားနိုင်တယ်။ ”
ခရမ်းငယ်မှ ရှင်းပြသည်။
“ နည်းနည်းတော့ ဒုက္ခ ရောက်တယ် ငါ့သွေးကို နဂါးသွေး အဖြစ်သာ မပြောင်းလဲ ထားရင်၊ ဒီအဆိပ်က ကိုင်တွယ်ဖို့ ခက်တယ်။ ”
မိုးပြာ နဂါး နတ်ခန္ဓာကို ဖြန့်ကျက် လိုက်သဖြင့်၊ နဂါးသွေးများ ပွက်ပွက်ဆူ လာပြီး အဆိပ်ကို လျင်မြန်စွာ လောင်ကျွမ်း တော့၏။
“ ဒီနေရာက အရင် ထွက်သွားရအောင်။ ”
ဤနေရာတွင် အကြာကြီး မနေချင်ချေ။ ယဲ့ဇီလင်နှင့် အခြား သူများကို ရှာဖွေရပေမည်။ သို့သော် လမ်းခရီးတွင် နဖူးတွင် ဦးချိုပါသော မြွေဆယ်ကောင်နှင့် ဆုံ၏။
၎င်းတို့က ရက်စက် ကြမ်းကြုတ်လှပြီး၊ ဝိညာဉ်ကို ရိုက်ခတ် စေသော အသံလှိုင်းများ ထုတ်လွှတ် တိုက်ခိုက်တတ်သည်။
အကယ်၍သာ အခြား တစ်ယောက် ယောက်သည် သူတို့နှင့် ဆုံသော် ဒုက္ခ ရောက် မည်မှာ သေချော၏။
လင်းယွန်မှာမူ ဓားရည်ရွယ်ချက်သည် စိတ်ဝိညာဉ် တိုက်ခိုက်မှုများကို တားဆီးနိုင် သဖြင့် ကံကောင်း ချေပြီ။
“ ညှိုးနွမ်းနေသော သစ်ပင် အသက်ဝင်မည်။ ”
လင်းယွန် နောက်၌ ရှေးဟောင်း သစ်ပင်ကြီးတစ်ပင် ပေါ်လာသောအခါ ဓားကို လွှဲချလိုက်သည်။
ဓားရောင်ခြည်များက ပန်းပင်လယ်ကြီး ကဲ့သို့လွင့်ထွက်လျက် မြွေဆယ်ကောင်ကို ဖြိုခွဲ ပစ်လိုက်သည်။
“ ဒီလျှို့ဝှက်နယ်မြေ မှာရှိတဲ့ နတ်ဆိုး သားရဲတွေ အားလုံးက ရှေးဦးခေတ် အနွယ်ဝင် တွေပဲ၊ သူတို့က ပုံသဏ္ဍာန် အမျိုးမျိုးနဲ့ ဖြစ်ပြီး သတိ မထားရင် ... နင် နာလိမ့်မယ်။ ”
အရေးအကြီးဆုံးမှာ လျှို့ဝှက်နယ်မြေရှိ စမ်းသပ်မှုများသည် ဤမျှ လွယ်ကူ လိမ့်မည် မဟုတ်ကြောင်း ပြောနိုင်ခြင်း ဖြစ်သည်။
ဤအရာသည် စစ်မှန်သော နဂါး လျှို့ဝှက် နယ်မြေ ဖြစ်၏။ သားရဲ များသည် ပုံသဏ္ဍာန် အမျိုးမျိုးဖြင့် ပေါက်ဖွားပြီး ရှေးဟောင်း စွမ်အင်များ ပိုင်ဆိုင်ထားသည်။
စိမ့်တောအုပ်က ကျယ်ပြောချေပြီ။ လေးနာရီကြာ လမ်းလျှောက် နေခဲ့သည့်တိုင် တောအုပ် အတွင်းမှ မထွက်နိုင် ဖြစ်နေ၏။
လမ်းတစ်လျှောက်တွင် ထူးခြားသော စွမ်းရည်များ ပိုင်ဆိုင်ထားသည့် နတ်ဆိုး သားရဲ မျိုးစုံနှင့် ကြုံရသည်။
၎င်းတို့သည် အဆိပ်ကို ကျွမ်းကျင်ပြီး ပုံမှန် မဟုတ်သော အသံလှိုင်းများ ထုတ်လွှတ်ကာ တိုက်ခိုက်ကြ၏။
နောက်ဆုံး သတ်ခဲ့သော သားရဲသည် လေထဲတွင် ပုန်းကွယ်လျက် လျှပ်စီးများဖြင့် မှုတ်ထုတ် နိုင်သည်။
ဓားရောင်ဝါက ၎င်းကို မတားဆီး နိုင်ချေ။ ထို့ကြောင့် မိုးကြိုး မုန်တိုင်း ရည်ရွယ်ချက်ကို ထုတ်ဖော်ကာ နဂါး ထွက်သက်ဖြင့် ဆုပ်ကိုင် ချေမွှ လိုက်ရသည်။
“ ဒါ ... ။ ”
ရုတ်တရက် မီတာ တစ်ထောင် အကွာ၌ ထူးခြားသော အရိပ် အယောင်ကို ထုတ်လွှတ် နေသော အပင်တစ်ပင် ရှိနေသည်။
စိမ့်တော အတွင်းတွင်၊ ထိုကဲ့သို့ သဘာဝ ဆေးဘက်ဝင် အပင်များကို တွေ့ရခဲ ပေ၏။ ရှိလျှင်ပင် စောင့်ကြပ် နေသော တန်ခိုးကြီး သားရဲများ ရှိနေတတ်သည်။
“ အမြင် မှားနေတာလား။ ”
သတိထားနေစဉ် အပင်မှ ထွက်သော ရောင်ခြည်များ ပျောက်ကွယ် သွားလေသည် ။ မြေပြင်ကို ခြေတစ်ချက် ပုတ်ကာ မီတာ တစ်ထောင် အကွာသို့ ပျံသန်း လိုက်၏။
“ ဝှစ် ... ။ ”
အပင်ရှေ့ ဆင်းသက်လိုက်ချိန်၌ အပင်က ရုတ်တရက် ‘ဝပ်တွား’သွား၏။ ၎င်းတွင် ဝိညာဉ် စွမ်းအင် မပါရှိ သော်လည်း လိမ္မာပါးနပ်မှု ရှိသည်။
“ ထူးခြားတယ်။ ”
လင်းယွန် မျက်ဝန်းများ တောက်ပလာ လေသည်။ အစောင့် သားရဲများ မရှိဘဲ၊ သက်ရှိ ကဲ့သို့ ရှောင်တိမ်းနိုင်သော အသိဉာဏ် ရှိပေ၏။
“ မလှုပ်နဲ့ ... ။ ”
စိတ်လှုပ်ရှားစွာဖြင့် လေဟာနယ် တစ်ခုလုံးကို ဓားဖြင့် ကန့်သတ် ပစ်လိုက်သည်။ ရွှေရောင် မီးလျှံများ ကောင်းကင်ပေါ် ပျံတက်လာ၏။
နတ်ဖီးနစ်နှင့် နတ်နဂါး ပုံများ ရေးထွင်းထားသည့် သစ်သီး ပါရှိသော သစ်ပင် တစ်ပင် ဖြစ်လေသည်။ အသီးသည် ရွှေရောင် အိုးတစ်လုံး ပုံသဏ္ဌာန် ဖြစ်သည်။
နဂါးသွေး ပါရှိသော မွေးရာပါ သူတော်စင် ရူရ်များ ပါရှိသည့် အနှစ် တစ်သောင်း ရွှေရောင် အိုးပုတ်ပင် ဖြစ်၏။
“ အိုး ... မယုံနိုင်စရာပဲ။ ”
အံ့အားသင့် နေစဉ် နဂါး-ဖီးနစ် ကမ္ဘာဖျက် ဆေးအိုးကြီးက တုန်ခါလျက် အချက်ပြလာလေ သည်။
၎င်းဒဏ်ကြောင့် သွေးများ ပွက်ပွက်ဆူ လျက်၊ အတွင်း အင်္ဂါများ ပေါက်ကွဲလု နီးပါး ယိမ်းထိုးကုန်၏။
“ ကောင်းလိုက်တာ ... ဒါက မွေးရာပါ သူတော်စင် သစ်သီးပဲ၊ နင့် ကံကြမ္မာက အရမ်း ကောင်းလွန်းတယ်။ ”
ခရမ်းငယ်က မနာလိုစွာ ပြောသည်။
“ နတ်နဂါး လျှို့ဝှက်နယ်မြေ (၇)ခုမှာ ... ၊ ဒီလို မွေးရာပါ သူတော်စင် အသီးမျိုး မရှိဘူးလို့ ငါ ပြောရဲတယ်။ ”
ထိုစကား ကြားသောအခါ လင်းယွန် တစ်ယောက် ဝမ်းသာ သွား၏။ ဤဆေးပင်ကို ရှာဖွေတွေ့ရှိ ခြင်းသည် ကံကောင်းချေပြီ။
“ အရှုံးပေးစမ်း ... ”
သစ်ပင်က အစွမ်းကုန် ကြိုးစား ရုန်းကန် နေဆဲဖြစ်သည်။ လင်းယွန်က ခွင့်မပြုဘဲ မိုးကြိုး လိပ်နက် သံကြိုး ကိုးချောင်းဖြင့် သစ်ပင်၏ အမြစ်များကို တူးယူလိုက်သည်။
အပင်၏ အမြစ်များသည် မိုင် တစ်ရာကျော်သည် အထိ ပျံ့ကားနေ၏။ အံသြ စရာ ကောင်းပေသည်။
“ ရပြီ ... ။ ”
နောက်ဆုံးတွင် နတ်ခန္ဓာအစွမ်းဖြင့် ကြမ်းကြမ်းတမ်းတမ်း ဆွဲနှုတ် ပစ်လိုက်ရသည်။ ရွှေရောင် အိုးပုတ်ပင်သည် ရှားပါးပြီး အဖိုးတန် ချေ၏။ ဤအပင်သည် နှစ်ပေါင်း တစ်သောင်း သက်တမ်း ရှိသောကြောင့် ဆိုဖွယ် မရှိချေ။
၎င်းတွင် နဂါး-ဖီးနစ် ကမ္ဘာဖျက် ဆေးအိုးကြီးနှင့် ဆင်တူသော နတ်ဖီးနစ်နှင့် ကောင်းကင်နဂါး ရူရ်များ ပါရှိသည်။
“ ဒါက တကယ့် ရတနာပဲ ... ။ ”
ရွှေအိုးပုတ်သစ်သီးတွင် အကန့်အသတ် မရှိသော သူတော်စင် ရောင်ဝါများကို ရှင်းရှင်း လင်းလင်း ခံစားနိုင်သည်။
ထို့အပြင် နဂါးသွေးလည်း ပါဝင်၏။ နတ်ခန္ဓာကို လေ့ကျင့်ရန် များစွာ အကျိုးရှိ ပေမည်။
၎င်းသည် အမည်ခံ သူတော်စင် နယ်မြေသို့ ရောက်အောင်ပင် ကူညီပေး နိုင်မည်ဟု သံသယ ဝင်လာ၏။
“ ခရမ်းငယ် ... ဒါနဲ့ အမည်ခံ သူတော်စင် ဖြစ်နိုင်မလား။ ”
လင်းယွန်မှ မေးလိုက်သည်။
“ မဖြစ်နိုင်ဘူး ... နင်ရဲ့ အုတ်မြစ်က နက်ရှိုင်းတဲ့ အတွက် အတားအဆီး တော်တော် ကြီးတယ်၊ လင်းယွန် တစ်ယောက်ယောက် လာနေတယ်။ ”
များမကြာခင် လျင်မြန်သော အဟုန်ဖြင့် မရဏ မူလ အဆင်မှ အမည်ခံ သူတော်စင်များ ရောက်ရှိလာသည်။
“ ကောင်လေး ... ရွှေရောင် အိုးပုတ်ပင်ကို လွှဲပေးပါ၊ ငါတို့ အတင်းအကြပ် မလုပ်ချင်ဘူး။ ”
သူတို့က လင်ယွန်းကို ကြည့်ကာ ဝိုင်းရံ ပိတ်ဆို့ လိုက်ကြသည်။
“ မင်းတို့ သေချင် နေကြတာပဲ။ ”
လင်းယွန်က ၎င်းတို့နှင့် အချိန်မဖြုန်း လိုခဲ့ချေ။ ဤလူများသည် မဟာ တာအိုပင် မရှိသော ပုရွက်ဆိတ်များ ဖြစ်ချေ၏။
သူ့ဓားကို လွှဲလိုက်သော အခါတွင် လူသုံးယောက် ပျောက်ကွယ် သွားလေသည်။ ဤမြင်ကွင်းက ကျန်လူများကို ကြောက်လန့် စေ၏။
“ ပြေး ... ။ ”
အဆုံးတွင် ခြေဦးတည့်ရာ ထွက်ပြေး သွားသော အမည်ခံ သူတော်စင် တစ်ပါးသာ လွတ်မြောက် သွားသည်။
သို့သော် ဓားအလင်းက ၎င်းနောက် လိုက်ပါပြီး ပျောက်ကွယ် သွားစေတော့သည်။ ထိုအချိန်တွင် ခရမ်းရောင် ဝတ်ဆင်ထားသော လူငယ်တစ်ယောက်က ကျောက်ဆောင်၌ ထိုင်ပြီး ပြုံးကာ ကြည့်နေခဲ့သည်။
“ ဝှစ် ... ။ ”
၎င်း၏ ခရမ်းရောင် အဝတ်အစားသည် ထူးခြားသော သူတော်စင် ချပ်ဝတ် ဖြစ်ချေ၏။ သူက ကျောက်ဆောင် ပေါ်မှ ခုန်ချကာ လင်းယွန်ထံ လျှောက်လှမ်း လာသည်။
“ ယဲ့ချင်းရှန် ... သတင်းတွေ အတိုင်းပဲ မရဏ မူလအဆင့် အမည်ခံ သူတော်စင် (၆) ပါးကို၊ မင်း အလွယ်တကူ သတ်ပစ်နိုင်တယ်၊ ဒါပေမယ့် ငါကတော့ မတူဘူး ...
... ငါက လွန်ခဲ့နှစ်က မဟာ တာအိုကို ဆုပ်ကိုင်ထားတယ်၊ နတ်နဂါး အထက်တန်းစား အဆင့် မဝင်ပေမယ့် ... ဒီလူတွေလို အမှိုက် မဟုတ်ဘူး၊ မဟာ တာအိုအောက်မှာ ... ။ ”
“ ရွှပ် ... ။ ”
လူငယ် စကား မပြီးဆုံးမီ သူတော်စင် ချပ်ဝတ်ကွဲ နှစ်ပိုင်းကွဲကာ သေဆုံး သွားသည်။ လင်းယွန်က ခြေဆယ်လှမ်း အကွာမှ သူ့ကို သတ်ပစ် နိုင်လိမ့်မည်ဟု မထင်ထားချေ။
အနည်းဆုံးတော့ သူ့ကို နာမည် မေးကာ စကားအချို့ ပြောလိမ့်မည်ဟု ယူဆ ထားမိခဲ့၏။ ထို့ကြောင့် အနည်းငယ် ခြိမ်းခြောက်မှု ပေးရန် ကြံရွယ်ကာ လျှောက်လှမ်းစဉ် ကြေကွဲဖွယ် အဆုံးသတ် သွားရသည်။
***