← Chapters

ရှေးဟောင်း မိုးကြိုး ကျောင်းတိုက်။

Vol. 152 Ch. 2126

ရှေးဟောင်း မိုးကြိုး ကျောင်းတိုက်။

Vol. 152 Ch. 2126

ထိုလူငယ်သည် သူ့ကိုယ်သူ မည်သို့ သေဆုံးသွားသည်မှန်း မသိလိုက်ချေ။ မဟာ တာအို အောက်တွင် အားလုံးမှာ ပုရွက်ဆိတ် များသာ ဖြစ်သည်။

ထိုအဆိုကို လင်းယွန်က လှောင်ရယ် ရယ်လိုက်သည်။ စီနီယာ အစ်ကို ပြောသည်မှာ မှန်၏။

မဟာတာအိုသည် မြှောက်ဖော်ကိန်း တစ်ခုမျှသာ ဖြစ်ပြီး ယုံကြည်ချက် လွန်ကဲသော် သေသွား ပေလိမ့်မည်။

ကြယ်ဓားသည် အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပြီး မည်သူမဆို မဟာတာအိုဖြင့် ဖိနှိပ်လိုပါက ဆဋ္ဌမတန်း သိုင်းရည်ရွယ်ချက် တစ်ခု ရှိရန် လိုပေမည်။

သည့်အပြင် သူသည် ကြယ်ဓား နှစ်လက် ပိုင်ဆိုင်ထားသဖြင့် သာမန် သိုင်းရည်ရွယ်ချက် များမှာ အလုပ်ဖြစ်မည် မဟုတ်ချေ။

ရုတ်တရက် အနက်ရောင် ပုရွက်ဆိတ်များ မြေပြင်မှ ထွက်ပေါ် လာပြီး အလောင်းများထံ ဝိုင်းလာသည်။

သူတို့သည် မီးမိစ္ဆာ ပုရွက်ဆိတ်များ ဖြစ်သည်။ အလောင်းများကို အရိုးများသာ ကျန်သည် အထိ ကိုက်စား လိုက်ကြ၏။

လင်းယွန် ထံမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် အငွေ့အသက် များကို သူတို့ ခံစားနိုင် သဖြင့် ရန်ပြုခြင်း မပြုကြချေ။

လင်းယွန် သည်လည်း သတိကြီးစွာ ထားနေရသည်။ ဤပုရွက်ဆိတ်များ ထံမှ မည်သည့် အကျိုးကျေးဇူးမှ မရှိကြောင်း သိထား၏။

“ ဒီမီးမိစ္ဆာ ပုရွက်ဆိတ်တွေက ပထမ အဆင့်ပဲ၊ သူတို့ရဲ့ ပုရွက်ဆိတ် ဘုရင်မ ကိုသာ ရှာနိုင်ရင် ... သူတော်စင်တွေကို တိတ်တဆိတ် သတ်နိုင်တဲ့ ... ကောင်းကင် နတ်မိစ္ဆာ ပုရွက်ဆိတ်တွေ အဖြစ်၊ ...

... ပြောင်းလဲ နိုင်မယ် ... ရှေးဦးခေတ် တုန်းက အင်းဆက်တွေကို ... ပြုစုပျိုးထောင်တဲ့ နည်းလမ်း တစ်ခု ရှိခဲ့တယ်၊ သူတို့ကို အင်းဆက် သခင်လို့ ခေါ်တယ်၊ သူတို့က တစ်ယောက် တည်း နေတတ်ပြီး ... ဘယ်သူမှ ရန်စဖို့ သတ္တိမရှိကြဘူး။ ”

လင်းယွန်မှ ခရမ်းငယ် စကားများကို စိတ်မဝင်စားချေ။ ပုရွက်ဆိတ် များထံ တစ်ချက် မျှသာ လှမ်းကြည့်သည်။

လျှို့ဝှက် နယ်မြေ၏ နေရာတိုင်း၌ ကြမ်းကြုတ်စွာ သတ်ဖြတ်မှုများ ဖြစ်ပေါ် နေခဲ့၏။

တိုက်ပွဲသည် ဖရိုဖရဲဖြစ်ပြီး ရတနာများ ပေါ်လာသည်နှင့် ပြိုင်ဆိုင်မှုများ ပိုမို ပြင်းထန် လာသည်။

စစ်မှန်သော နဂါးလျှို့ဝှက် နယ်မြေ တောင်ကြား တစ်ခုထဲတွင် ထူးဆန်းသော ရောင်ဝါဖြင့် သွေးမြစ်တစ်စင်း ရှိ၏။

“ မြန်မြန် ထွက်သွား ... ရှောင်ဟုန်ဖေး ရူးနေပြီ။ ”

“ ဒီလူက စစ်မှန်သော နဂါး လျှို့ဝှက်နယ်မြေမှာ ဘာလုပ် နေတာလဲ၊ ငါတို့ အားလုံး သေပြီ။ ”

လူတိုင်းက ထွက်ပြေးရန် အစွမ်း ကုန်ကြိုးစားလျက် တောင်ကြား အတွင်းမှ ပြေးတက်လာ ကြသည်။

တောင်ကြား အတွင်း အော်ဟစ် သံများ ပြည့်နှက် သွားသည်။ ရတနာများ ရှာဖွေရန် ရည်ရွယ်ချက် မရှိကြတော့ချေ။

“ ဟား ဟား ဟား ... ဘာလို့ အလျင် လိုနေကြတာလဲ။ ”

အနက်ရောင် ၀တ်ဆင်ထားသော ရှောင်ဟုန်ဖေးက ရယ်မောပြီး ကြက်သွေးရောင် ဓါးရောင်ခြည် တစ်စင်း ပစ်လွှတ် လိုက်သည်။

ဓါးရောင်ခြည်သည် ကြောက်စရာ ကောင်းပြီး ထိတွေ့ သူတိုင်းကို နှစ်ပိုင်းဖြတ် တော့၏။

သူသည် အဆင့် သတ်မှတ်ချက် ခြောက်ဆယ့်ရှစ်တွင် ရပ်တည်နေပြီး မည်သူမျှ သူ့ကို ခုခံနိုင်စွမ်း မရှိကြချေ။

တစ်ချိန်တည်းမှာပင် စစ်မှန်သော နဂါး လျှို့ဝှက်နယ်မြေ တစ်နေရာရှိ ရေကန် တစ်ခု၌ မရေမတွက် နိုင်သော အလောင်းများ မျောပါ နေတော့သည်။

ယင်းသည် အထက်တန်းစား အဆင့်ဝင် ဖန်ဟွာရှင်း လူသတ် နေခြင်း ဖြစ်သည်။ ခဏ အတွင်းမှာပင် လူအများအပြားသည် သူ့ကြောင့် သေဆုံးကုန်၏။

လက်ဖဝါးကို တွန်းထုတ် လိုက်သော အခါတွင်၊ အနက်ရောင် မီးလျှံများ ဖုံးလွှမ်း နေသည့် လက်သည်း အဖြစ် ပေါ်လာပြီး လူတိုင်း အသက်ပေးလိုက်ရ၏။

မည်သူမျှ ခံနိုင်ရည် မရှိကြပေ။ နတ်ဆိုး လက်သည်းက သူတော်စင်ရောင်ဝါကို ဆုတ်ဖြဲ ခဲ့ပြီး၊ နှလုံးသားများ နှိုက်ယူ သွား၏။

“ အသက် ရှင်တဲ့လူ မရှိတော့ဘူးလား။ ”

ဖန်ဟွာရှင်းက ရေကန်ပေါ်တွင် လွင့်မျောနေသော လူသေ အလောင်း များကို သံသယ စိတ်ဖြင့် ကြည့်ရှု နေခဲ့သည်။

နေရာအနှံ့ တွင် အလားတူ လူသတ်ပွဲများ ဖြစ်ပွားနေသည်။ အခြားသော လျှို့ဝှက်နယ်မြေ များနှင့်မတူဘဲ၊ ဤနေရာသို့ ဝင်လာကြသည့် လူအများစုမှာ အားနည်း ကြ၏။

လင်းယွန်က စိမ့်တွင်းမှ ထွက်ခွာရန် အချိန် အနည်းငယ် ကြာခဲ့သည်။ အဆုံးတွင် ရပ်တော်မူ ဗုဒ္ဓရုပ်ပွားတော်ကြီး အပေါ်တွင် ရပ်လျက် ရှေ့တူရှုသို့ မျှော်ကြည့် နေမိသည်။

မျက်စိတစ်ဆုံး မိုးကုပ်စက်ဝိုင်းဖြင့် ထိစပ်နေသော အဝါရောင် သဲကန္တာရ ကြီးဖြစ် လေသည်။

“ ဒီနေရာမှာ ထူးဆန်းတာ တစ်ခု ရှိတယ်။ ”

လင်းယွန် ပြန်လှည့်ကြည့် လိုက်ချိန်၌ သူထွက်လာသော စိမ့်တောအုပ် ပျောက်ကွယ် သွားသည် ။

“ ဒါက ပုံရိပ်ယောင်များလား။ ”

ထို့ကြောင့် သူတော်စင် သစ်သီးကို အမြန် ထုတ်ယူ ကြည့်လိုက်၏။ ယင်းသည် အစစ်အမှန် ဖြစ်ကြောင်း အတည်ပြု ပြီးနောက် သက်ပြင်း တစ်ချက်ချ မိသည်။

သို့သော် ပတ်ဝန်းကျင် မြေပြင်သည် မှန်းဆ၍ မရနိုင် လောက်အောင် ရှုပ်ထွေးပြီး ခေါင်းကိုက် စရာ ဖြစ်၏။

သူ့တွင် ရတနာများ မလိုအပ် သဖြင့် ဓားဂိုဏ်း ကိုသာ ရှာဖွေလိုသည်။

“ ဆက်ကြ ရအောင်။ ”

ဗုဒ္ဓရုပ်ပွားတော် အထက်မှ ခုန်ချကာ သဲကန္တာရထဲ ပြေးဝင်လိုက်သည်။ သဲစီးကြောင်း တစ်ခု ပေါ်လာသဖြင့်၊ ခုန်ရှောင်ရန် စဉ်းစား မိသော်လည်း အဆုံးတွင် အလိုက်သင့် စီးမျောသွား မိသည်။

သဲဝါစီးကြောင်းက နံရံနှစ်ဖက်တွင် ဖယောင်းတိုင်များ တွဲလောင်းကျ နေသည့် မှောင်မိုက်သော စင်္ကြံတစ်ခုသို့ ပို့ဆောင် ပေးသည်။

နံရံမှ ဖယောင်းတိုင်ကို ဆွဲယူလိုက်သည်။ ဖယောင်းတိုင် ထံမှ ရောင်ဝါတွေ ထွက်လာပြီး လေးလံ နေသလို ခံစားရ၏။

“ စိတ်ဝင်စားစရာပဲ၊ ဖယောင်းတိုင်နဲ့ မီးတောက်တွေက ထူးခြားတယ်။ ”

ဖယောင်းတိုင် များကို စစ်မှန်သော နဂါး သွေးရည်ကြည် များဖြင့် ပြုလုပ်ထား၏။

“ မျှော်လင့်ထားတဲ့ အတိုင်းပဲ၊ ဖယောင်းတိုင်တွေ ကိုတောင် နင်က အလွှတ် မပေးဘူး။ ”

ခရမ်းငယ်မှ ပြော၏။ ဖယောင်းတိုင်သည် ဤနေရာတွင် အရေးမပါဟု ထင်ရသော်လည်း ပြင်ပ ကမ္ဘာ၌ ထူးထူးခြားခြား ဖြစ်ပေမည်။

လမ်းတစ်လျှောက် ဖယောင်းတိုင် ဆယ်တိုင်ကို သိမ်းယူ နိုင်ခဲ့သည်။ စင်္ကြံအဆုံး တစ်နေရာတွင် နန်းတော်တစ်လုံး ရှိ၏။

နန်းတော် တစ်ခုလုံးကို အလင်းပေး ကျောက်မျက်များဖြင့် အလှဆင် ထားခဲ့ပြီး ကျောက်တိုင်များစွာ ပါရှိသည် ။

“ ဟိတ် ... ။ ”

“ တိုက် ... ။ ”

နန်းတော်ကို တံခါး ရှစ်ပေါက်နှင့် ချိတ်ဆက်လျက် ခန်းမအတွင်း၌ စောလျင်စွာ ရောက်ရှိ နေသူများက တိုက်ပွဲဝင်နေ၏။

ထို့ကြောင့် ဖြစ်စဉ်များ၊ သူတော်စင် ရောင်ဝါနှင့် နက္ခတ် မျိုးစုံတို့ ပွင့်နေ ကြသည်။ အလောင်း အများအပြား မြေပြင်၌ လဲလျောင်းနေ၏။

အသန်မာဆုံး လူသည် အဖြူဝတ် သခင် အဆင့် ၌သာ ရှိသဖြင့်၊ လင်းယွန် တစ်ယောက် စိတ်ဝင်စားမှု လျော့နည်းသွားသည်။

ထို့ကြောင့် ရလဒ်ကို စောင့်မျှော်ရန် စိတ်မဝင်စားဘဲ အခန်းထဲ လှမ်းဝင် လိုက်သည်။ သူ ပေါ်လာသည့် အခိုက်တွင် တိုက်ပွဲရပ်ကာ သတိထား လှည့်ကြည့် လာ၏။

“ နဂါး သူတော်စင် ဆေးလုံးရဲ့ နောက်ကို ငါးလေး တစ်ကောင် လိုက်လာတာပဲ။ ”

“ အကျိုး ကျေးဇူးကို ... ခွဲဝေယူချင် နေတာလား၊ အိပ်မက် မက်လိုက် ... သူ့ကို အရင်သတ် ရအောင်။ ”

နှစ်ဖက်လုံးသည် အချိန်အတော်ကြာ တိုက်ပွဲဝင်ခဲ့ပြီး အခြားသူ တစ်ဦးဦးကို အကျိုး ခံစားခွင့်ပေးရန် ဆန္ဒမရှိ ကြချေ။

ထို့ကြောင့် လင်းယွန် ဝင်လာသည်နှင့် လျင်မြန်စွာ လှုပ်ရှား လာခဲ့ကြသည်။ သို့သော် အနားပင် မကပ်နိုင်ချေ။

“ ဝှစ် ... ။ ”

“ ဘုန်း ... ဘုန်း ... ဘုန်း ... ။ ”

ကလေးနှင့် လူကြီးကဲ့သို့ လက်သီး တစ်ချက်တည်းဖြင့် လူတိုင်း လွင့်စဉ်ကုန်သည်။ လက်သီးက နဂါးဖြူ တစ်ကောင်အဖြစ် ပေါ်လွင်နေသည်။

နဂါးဖြူ လမ်း၌၊ မဟာ တာအို ဆုပ်ကိုင် မထားသော လူတို့သည် ချက်ခြင်း အသက်ပေး လိုက်ရ၏။

မဟာတာအို ဆုပ်ကိုင် ထားသူ သုံးဦး သည်သာ အသက် မသေဘဲ၊ သွေးအန်လျက် ကျန်ရစ်ခဲ့သည်။

၎င်းတို့က ထိတ်လန့်စွာ ပြန်မော့ကြည့်၏။

“ နတ်နဂါး အထက်တန်းစား တစ်ရာ။ ”

လင်းယွန်သည် အထက်တန်းစား ကျွမ်းကျင်သူ တစ်ဦး ဖြစ်ကြောင်း အတည်ပြု နိုင်ခဲ့ကြသည်။

နတ်နဂါး အထက်တန်းစား တစ်ရာသည် ခွန်လွန်၏ အသန်မာဆုံး လူတစ်ရာ ဖြစ်ချေ၏။ လူတိုင်း လုံးဝ ထူးချွန်ကြသည်။

“ ပြေး ... ။ ”

သုံးယောက်သား လှည့်ပြေးတော့သည်။ ထိုအချိန်တွင် အခြားသော တံခါးပေါက် ထံမှ ခြေသံတစ်စုံ နီးကပ်လာ၏။

လင်းယွန်က အလောင်းများ အလယ်၌ ရပ်လျက် တိုင်များပေါ်တွင် ရေးထွင်း ထားသော ပန်းချီကားများထံ စိုက်ကြည့် နေခဲ့သည်။

ထွက်ပြေးသွား သူများကို စိတ်မဝင်စား သကဲ့သို့၊ အသစ် ဝင်ရောက်လာသူ အပေါ်လည်း ဂရုမစိုက်ချေ။

“ တကယ်ပါပဲ ... စစ်မှန်သော နဂါး လျှို့ဝှက်နယ်မြေမှာ အမှိုက်တွေ အများကြီး ရှိနေ တာကိုး။ ”

ကတုံး တုံးထားသော လူငယ် တစ်ဦးက လှောင်ပြောင် ညည်းတွား သံနှင့်အတူ လှမ်းဝင် လာသည်။

ဤပုဂ္ဂိုလ်သည် အနောက် ကန္တာရ၏ ရှေးဟောင်း ဗုဒ္ဓ ကျောင်းတိုက်၏ သူတော်စင် တပည့် တစ်ဦး ဖြစ်၏။

နတ်နဂါး အထက်တန်းစား အဆင့်တွင် (၇၈)ဖြစ်သည်။

“ ဟမ် ... ဒီမှာ တစ်ယောက်ယောက် ရှိနေတာလား။ ”

သူ့ အမည်မှာ ချောင်ယန် ဖြစ်၏။ ၎င်းက လင်းယွန် တည်ရှိမှုကြောင့် အနှောက်အယှက် ဖြစ်သွားလေသည်။

“ အိုး ... ၊ ဘယ်သူများ လဲလို့ ... သန့်ရှင်းသော သမီးတော် သတ်သူ ပါလား။ ”

လင်းယွန်သည် ပန်းချီကားများကို စစ်ဆေးနေရာမှ ခေါင်းညိတ် ပြလိုက်သည်။ ကျောက်တိုင်များတွင် အသွင်မတူသော နဂါးပုံများ ရေးဆွဲထားသည်။

“ ငါ့ကို တွေ့တာတောင် ... မင်းက ဒီမှာ ဆက်နေဖို့ သတ္တိရှိတယ်လား၊ စိတ်ဝင်စားစရာပဲ၊ မင်းကို ကူညီဖို့ ဒီမှာ သန့်ရှင်းသော သမီးတော် တစ်ပါးမှ မရှိဘူးနော်။ ”

ချောင်ယန်မှ ပြုံးကာ ပြောသည်။

“ ဒါဆို မင်းဘာလို့ လာမစမ်းကြည့် တာလဲ။ ”

လင်းယွန်က အခြားတိုင်များ ထံသို့ လျှောက်လှမ်းသွား နေလျက်မှ ပေါ့ပေါ့ ပါးပါး ပြန်ပြော လိုက်သည်။

ဤတိုင်များနှင့် ပတ်သက်၍ ထူးခြားမှု တစ်ခု ရှိနေကြောင်း သူ ပြောနိုင်သည်။

“ မင်း ... ။ ”

ချောင်ယန် တစ်ယောက် ဒေါသများ တောက်လောင်ကာ လူသတ်ရန် ရည်ရွယ်ချက် များနှင့် ပြေးတက်လာ၏။

“ ဖျပ် ဖျပ် ဖျပ် ... ။ ”

ခြေလှမ်းတိုင်းတွင် မဟာ တာအိုများ ပါ၀င်နေပြီး ကောင်းကင်နှင့် မြေကြီး ပြိုကျသွား သကဲ့သို့ ဖိအားများ ထွက်လာ၏။

သို့သော် လင်းယွန်မှ လှည့်ကြည့် လိုက်သောအခါ ချောင်ယန်မှ ရပ်တန့်သွား လေသည်။

အဘယ့်ကြောင့် ဆိုသော် အန္တရာယ် အငွေ့အသက်ကို ခံစားလိုက်ရပြီး နှလုံးသား တစ်ခုလုံး တင်းကြပ် လာသောကြောင့် ဖြစ်၏။

***

All Chapters