ငေွရောင် ခေါင်းတလား။
Vol. 152 Ch. 2128
သုံးဦးသား ကြေးတံခါးထဲသို့ လှမ်းဝင် လိုက်သော အခါ အတွင်းခန်းသည် ကျယ်ဝန်း သော်လည်း အလယ်ဗဟို၌ ငွေခေါင်းတလား မှလွဲ၍ အခြား ရတနာများ မရှိခဲ့ချေ။
“ ဒါက သင်္ချိုင်းပဲ။ ”
မိုလီမှ ငြိမ်သက် သွား၏။ ငွေရောင် ခေါင်းတလားမှ သူတော်စင် ရောင်ဝါများကဲ့သို့ အလင်းများ ပြိုးပြက်နေသည်။
ခေါင်းတလား၏ မျက်နှာပြင်သည် နှင်းလွှာကဲ့သို့ ချောမွေ့နေပြီး ဆန်းကြယ်သော ပုံများ ရေးထွင်း ထား၏။
၎င်းပုံများမှာ နတ်နဂါးခေတ်၏ ပုံစံမျိုး မဟုတ်ချေ။ ပန်းသရဖူ၊ ရွှေချည်မျှင်၊ နွယ်ပင်နှင့် ကြယ်တာရာများ ဖြစ်ချေသည်။
“ ဒီအခေါင်းက ရတနာလား။ ”
ချောင်ယန်က ခေါင်းတလားကို ကြည့်ပြီး စိတ်ပျက်လက်ပျက် ပြောကြား လာတော့သည်။ မိုလီမှ ခေါင်းညိမ့် ပြ၏။
“ ရှေးဟောင်း မိုးကြိုး ကျောင်းတိုက် ဆိုတာက ဗုဒ္ဓဘာသာရဲ့ သန့်ရှင်းသော မြေပဲ၊ ဒါဆို မင်းက ဘာလို့ စိတ်ပျက်ပြ နေရတာလဲ။ ”
“ ငါ ဒီအကြောင်းကို ပေါ့ပေါ့ပါးပါး ပြောနေတာ၊ ဒီလောက် ဆိုးရွားတဲ့ အရာ တစ်ခု ရှိနေလိမ့်မယ်လို့ မထင်ထား မိဘူး။ ”
သင်္ချိုင်း အများအပြားရှိ၊ ခေါင်းတလားနှင့် အလောင်းများသည် ဝိညာဉ် နတ်မိစ္ဆာ မိသားစု များနှင့် ချိတ်ဆက် နေတတ်၏။
ထို့ကြောင့် ၎င်းတို့သည် နတ်ဆိုး အလောင်းများ ဖြစ်ကုန်ကြပြီး ခေါင်းတလားကို တွေ့ခြင်းသည် အန္တရာယ် ရှိပေသည်။
“ ဒါကို အရင် ဖွင့်ကြည့် ရအောင် ... ၊ ဒီခေါင်းတလားက မြင့်မြတ်တဲ့ အသွင်အပြင်မျိုး ပြသနေတယ်၊ အထဲမှာ ငါတို့ ထင်ထားသလို အန္တရာယ်မျိုး မရှိလောက်ပါဘူး။ ”
ချောင်ယန်မှ အကြောက်အလန့် မရှိဘဲ အကြံပြုလိုက်၏။ ဗုဒ္ဓ ဘာသာဝင် ရဟန်းများမှာ သဘာဝလွန် ဖြစ်ရပ်များကို ကိုင်တွယ် ဖြေရှင်းရန် နည်းလမ်း များစွာ ရှိ၏။
ထို့ကြောင့် ချောင်ယန်က နတ်ဆိုး ဝိညာဉ်ဖြစ်စေ၊ အလောင်းကောင် ဖြစ်စေ သူ ဖြေရှင်း နိုင်မည်ဟု ယုံကြည်၏။
ဤနယ်မြေသည် သူ့အိမ် ဖြစ်သည်။ ကံကောင်းသော် လင်းယွန်နှင့် မိုလီကို သတ်ရန် အခွင့်အရေး ရနိုင်၏။
“ နေဦး ... ။ ”
သို့သော် မိုလီ မျက်နှာသည် ချက်ချင်း ပြောင်းလဲသွားပြီး၊ ချောင်ယန်ကို ဟန့်တား လိုက်လေသည်။
“ အဆင် ပြေပါတယ်၊ စွန့်စားမှုနဲ့ ဆုလာဘ်တွေက အမြဲ ယှဉ်တွဲနေတာပဲ၊ မင်းတို့ နှစ်ယောက် အတွက် ငါစွန့်စားပေးမယ်။ ”
ခေျာင်ယန်က နားမထောင်ဘဲ၊ ခေါင်းတလားကို ပြုံးပြီး ဖွင့်ချလိုက်တော့သည်။ လင်းယွန်နှင့် မိုလီမှ ဖမ်းဆွဲ လိုသော်လည်း မမီတော့ချေ။
“ ဝုန်း ... ။ ”
သို့သော် ခေါင်းတလားကို တစ်ဝက် မျှသာ ဖွင့်လိုက်ရသည်။ တစ်ဝက် ပွင့်သွားချိန်၌ လူရိပ် တစ်ရိပ် ခေါင်းတလား အဖုံးကို ကန်လျက် ခုန်ထွက်လာ၏။
၎င်းနဖူးမှ တတိယ မျက်လုံး ပွင့်လာပြီး ငွေရောင် အလင်းတန်း တစ်ခုဖြင့် ပစ်လွှတ်ရာ လေဟာနယ် တစ်ခုလုံး တုန်ယင်သွားသည်။
“ ဝေါ့ ... ။ ”
ငွေရောင် အလင်းတန်းက ရင်ဘတ်ကို ထိမှန်သည့် အတွက် ချောင်ယန် တစ်ယောက် အံ့အားသင့် သွားပြီး သွေးများ အန်လျက် လွင့်စင်သွား တော့၏။
“ ငွေမျက်လုံး အလောင်းကောင်။ ”
လင်းယွန်နှင့် မိုလီမှာ မျက်နှာများ ပြောင်းလဲသွားပြီး၊ အသက်ပြင်းပြင်း ရှူလိုက် ကြသည်။
“ ဘာလဲ ... ဒီကောင် ဒီမှာ ဘာလုပ် နေတာလဲ။ ”
ချောင်ယန်မှ ကြောက်လန့်စွာ အော်ဟစ် လိုက်သည်။ ငေွမျက်လုံး အလောင်း ကောင်မှာ မည်မျှ ကြောက်စရာ ကောင်းသည်ကို သိ၏။
၎င်းအသက်ရှင် နေချိန်တွင် သူတော်စင် အဆင့် ကျွမ်းကျင်သူ ဖြစ်သည်။ သေပြီးသော်မှ ကြောက်စရာ ကောင်းသေး၏။
ချောင်ယန်မှ မျက်စိတစ်မှိတ် အတွင်း လှုပ်ရှားမှုပေါင်း တစ်ဒါဇင်ကျော် ဖလှယ်ခဲ့ပြီး ဗုဒ္ဓ၏ နည်းမျိုးစုံကို လုပ်ဆောင်ခဲ့သည်။
သို့သော် တိုက်ခိုက်မှုတိုင်းမှာ အချည်းနှီး ဖြစ်ချေ၏။
“ မိုးကြိုး ရွှေခန္ဓာ ... ။ ”
ချက်ချင်းပင် အပြင်းထန်ဆုံး ဝှက်ဖဲကို ထုတ်ဖော်လိုက်သည်။ ခန္ဓာကိုယ် တစ်ကိုယ်လုံး ဖောင်းကားလျက် အဝတ်အစား ကွဲထွက်ကာ ရွှေရောင် အသားအရည် ပေါ်လွင်လာ၏။
သို့တိုင် အနိုင် မယူနိုင်ချေ။ ပိုဆိုးသည်မှာ ထွက်ပြေး ချင်သော်လည်း အလောင်းကောင်မှ သူ့ကို ခွင့်မပြုဘဲ အာရုံစိုက် နေသည်။
“ ညီအစ်ကိုတို့ ... ငါ့ကို ကယ်ပါဦး။ ”
လင်းယွန်နှင့် မိုလီကို ဤအခွင့်အရေးဖြင့် သတ်ပစ်လိုသော သူ့အတွေးမှာ ဟာသ တစ်ပုဒ် ဖြစ်သွားရ၏။
“ ကောင်းကင် မှတ်စု သူတော်စင်လက်။ ”
မိုလီ၏ နောက်ကျော၌ ဧရာမ ရုပ်သွင်ကြီး တစ်ခု ထွက်ပေါ်လာပြီး၊ အလောင်းကောင်ကို ပျံသန်း သွားစေသည်။
တစ်ချိန်တည်းမှာပင် သူ့အပေါ် ရွှေရောင် အလင်းများ ဖြာဆင်းလျက် ခေါင်းလောင်းကြီး တစ်ခုဖြင့် အုပ်မိုး ကာကွယ်လိုက်၏။
၎င်းသည် ဘုန်းဝိညာဉ် နှစ်ပါး လက်ရာ ဖြစ်ပြီး ခေါင်းလောင်းသံ မြည်လာသော အခါ၌ မဟာတာအို သီချင်း ထွက်ပေါ်လာသည်။
သူ့လက်တွင် လျှပ်စီးများ လက်လာပြီး၊ ငွေမျက်လုံး အလောင်းကောင်၏ လည်ပင်းကို ချိန်ရွယ်လျက် ဖမ်းဆုပ်လိုက်၏။
“ ဝှစ် ... ။ ”
ဤတိုက်ခိုက်မှုသည် ကြောက်မက်ဖွယ် ကောင်းလွန်းသဖြင့်၊ ငွေမျက်လုံး အလောင်းမှ ပြန်လည် ဆုတ်ခွာသွား ခဲ့သည်။
“ ညှိုးနွမ်းနေသော သစ်ပင် အသက်ဝင်မည်။ ”
လင်းယွန်က နိဗ္ဗာန် ရောင်ဝါကို ဓားတွင် လောင်းချကာ ဓားအလင်းဖြင့် လွှတ်ထုတ်လိုက် လေသည်။
“ ရွှပ် ... ။ ”
အလောင်းကောင်မှာ အနားမကပ်နိုင်ခင် ဓားအလင်းကြောင့် လွင့်ပျံသွားပြီး ပြတ်ရှရာ ရသွား၏။
နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ပြန်ကြည့်ကာ၊ တိုက်ခိုက်ခြင်း မရှိဘဲ ရပ်ကြည့်နေ လိုက်သည်။
၎င်းတို့ နှစ်ဦးမှ ခွန်အားကို ထိန်ချန်နေ သောကြောင့် ချောင်ယန်က စိတ်ပျက်သွားပြီး၊ ခေါင်းလေးလုံးနှင့် လက်ရှစ်ချောင်း ပါရှိသော ဗုဒ္ဓကို ဆင့်ခေါ်လိုက်ရ၏။
မိနစ် အနည်းငယ်ကြာ ပြီးနောက်၊ ငွေမျက်လုံး အလောင်းကောင်မှ တတိယ မျက်လုံး ပွင့်လာသည်။
“ ကယ်ပါဦး ... ၊ ငါ့ကို ကယ်ပါ။ ”
ဤတစ်ကြိမ်၌ ခေျာင်ယန်မှာ မနေဝံ့တော့ချေ။ အော်ဟစ် အကူညီ တောင်း လိုက်ရသည်။
“ သွားကြရအောင်။ ”
မိုလီက ရွှေခေါင်းလောင်းကို ထိန်းချုပ်ကာ ပြေးဝင်သွားသည်။ လင်းယွန် သည်လည်း ဘုန်း ဝိညာဉ် နှစ်ပါးကို အသက်လျက် လိုက်ပါ သွား၏။
“ စွပ် ... ။ ”
ခေါင်းလောင်းသည် ငွေမျက်လုံး အလောင်းကောင်ကို ချုပ်နှောင်စဉ် ပန်းသင်္ချိုင်း ဓားက နဖူးထံ ထိုးဖောက်ကာ၊ နံရံ၌ ချိတ်ဆွဲ ပစ်လိုက်သည်။
ခေျာင်ယန်မှ သူတော်စင် ဆေးလုံး တစ်လုံးကို ချက်ချင်း သောက်သုံးကာ၊ ‘ဒါက သူတော်စင် တစ်ပါး နီးပါးပဲ၊’ -ဟု မုန်းတီးစွာ ရေရွတ် လိုက်တော့သည်။
နံရံတွင် ချိတ်ဆွဲ ခံထားရသော ငွေမျက်လုံး အလောင်းကောင်သည် ဓားမှ လွတ်မြောက်ရန် ချက်ချင်း ရုန်းကန် လာ၏။ ကြယ်ဓားသည် သူ့ကို ကြာကြာ ထိန်းထားနိုင်ပုံ မရချေ။
“ မင်းတို့ သူ့ကို ထိန်းထားလိုက် ... ငါသူနဲ့ ကစားမယ်။ ”
ထိုမြင်ကွင်းကို ကြည့်ပြီး ချောင်ယန်မှ ဒေါသတကြီး ပြောကြား လာသည်။
“ ကောင်းပြီ ... ။ ”
လင်းယွန်နှင့် မိုလီက ပြတ်သားစွာ လှုပ်ရှားတော့သည်။ လင်းယွန်မှ နဂါးငွေ့တန်း များကို ပန်းသင်္ချိုင်း၌ ရစ်ပတ်စေကာ၊ ပို၍ တင်းကြပ်စွာ ထိုးစိုက်လိုက်၏။
မိုလီသည်လည်း ကောင်းကင် မှတ်စု နတ်မိစ္ဆာကျမ်း၏ မိုးကြိုး နတ်မိစ္ဆာ မှတ်စုကို တီးခတ်ရန် ဗျပ်စောင်း တစ်လက် ထုတ်ယူ လိုက်သည်။
“ ဒင် ... ။ ”
မတော်တဆမှုများ ဖြစ်မလာ စေရန် ရွှေခေါင်းလောင်းကို အလောင်းကောင် ဦးခေါင်း အထက်၌ ပျံဝဲစေလိုက်၏။
“ မြင့်မြတ်သော အနက်ရောင် မီးကြာပန်း။ ”
ထိုအချိန်တွင် ချောင်ယန်ထံမှ (卍) ပုံသဏ္ဌာန် အနက်ရောင် တံဆိပ်တစ်ခု ပျံထွက် လာပြီး ငွေမျက်လုံး အလောင်းကောင်ထံ ကျရောက်သွားသည်။
“ ဝုန်း ... ။ ”
ကြောက်မက်ဖွယ် မီးတောက်များက ငွေမျက်လုံး အလောင်းကောင်ကို လောင်ကျွမ်း သွားတော့၏။
“ သာမန် မြင့်မြတ်တဲ့ မီးတောက်တွေက ဒီကောင့်ကို မသတ်နိုင်ပေမယ့် မြင့်မြတ်သော အနက်ရောင် မီးကြာပန်းက သတ်နိုင်တယ်။ ”
ခေျာင်ယန် နဖူးတွင် ချွေးများဖြင့် ဖုံးလွှမ်းလာသည်။ နောက်ဆုံးတွင် ငွေမျက်လုံး အလောင်းကောင်မှာ အရိုးစု ဖြစ်သည် အထိ၊ လောင်မြိုက် ခံလိုက်ရတော့၏။
***