← Chapters

ဖိနှိပ်ခြင်း

Vol. 102 Ch. 1409

ဖိနှိပ်ခြင်း

Vol. 102 Ch. 1409

ဝမ်ပေါင်လဲ့က ပြောင်းပြန်ပူးကပ်ရေးပညာရပ်ကို အကြိမ်များစွာ လေ့လာခဲ့သည်။ သူက အားတိုင်းလေ့လာနေသည်ဟုပင် ဆိုနိုင်လေ၏။

ဝမ်ပေါင်လဲ့က သာမန်ကျင့်ကြံသူတစ်ယောက် မဟုတ်ပေ။ သူတကယ့်ခန္ဓာက ပဉ္စမအဆင့်ကျင့်ကြံသူများထက်ပင် အားနည်းခြင်း မရှိပေ။ သူ့ကိုယ်ပွားက တကယ့်ခန္ဓာကိုယ်ထက် နိမ့်ကျနေသော်လည်း သူ့ဗဟုသုတနှင့် သုံးသပ်ချက်တို့က တူညီလှသည်။

ဝမ်ပေါင်လဲ့က ဤပြောင်းပြန်ပူးကပ်ရေး နည်းစနစ်ကို သုံးသပ်ဖို့ အရည်အချင်း ပြည့်မှီသည်။ သူက သူ့ကိုယ်ပိုင်ခန္ဓာကိုယ်အရ နည်းစနစ်ကို အနည်းငယ်ပင် ပြောင်းလဲပြင်ဆင်ခဲ့သေးပြီး မသန့်စင်မှုတချို့ကို ဖယ်ရှားပစ်ခဲ့သည်။ ထိုအရာက နည်းစနစ်အား ပိုမိုကြောက်ဖို့ကောင်းလာစေ၏။

နဂိုနိယာမက ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲတွင်ရှိသည့် ဝါးမျိုရေးမျိုးစေ့နှင့် တစ်နည်းနည်း တူညီလေ၏။ သို့သော်လည်း ထိုအရာက သူ့ခန္ဓာကိုယ်ကို ချက်ချင်းလက်ငင်း တွင်းနက်ကြီးသဖွယ် ပြောင်းလဲလိုက်ခြင်းမျိုး မဟုတ်ပေ။ ထိုအစား ကပ်ပါးသဖွယ်ဖြစ်ပြီး တစ်ဖက်သူ၏ အကူအညီဖြင့် ပြီးမြောက်စေခြင်းဖြစ်သည်။ တခြားနည်းဖြင့် ပြောရမည်ဆိုလျှင် ဂီတတာအိုကိုယ်ပွားက ပူးကပ်မှုအောင်မြင်သွားသည်နှင့် ဝမ်ပေါင်လဲ့က ထိုအရာမှ အရာအားလုံးကို ရရှိလိမ့်မည်။

သို့သော်လည်း ထိုအရာက ဝမ်ပေါင်လဲ့၏ ပုံစံနှင့် မကိုက်ညီပေ။ သူက သဘောမကျသည့်အတွက် သူ၏ ဆင့်ကဲပြောင်းလဲမှုအောက်တွင် ပြောင်းပြန်ပူးကပ်ရေးနည်းစနစ်က ပိုမိုဗြောင်ကျ၏။ ထိုအရာက ဝါးမျိုခြင်း ဖြစ်ပေသည်။

ထိုအရာက အာသီသစည်းမျဉ်းဥပဒေသဖြင့် ပေါင်းစည်းထားသော ဝါးမျိုရေးနည်းစနစ်တစ်ခု ဖြစ်၏။

ထိုဝါးမျိုရေးနည်းစနစ်က ယခုအခိုက်အတန့်တွင် ပေါက်ကွဲထွက်လာကာ အားကောင်းလွန်းလှ၍ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်မှ ဆုတ်ခွာတော့မည့် ဂီတတာအိုကိုယ်ပွားကပင် အတင်းအကြပ် ဆွဲယူခံလိုက်ရသည်။

“မင်း လုပ်ရဲတယ်လား” စူးစူးရှရှအသံတစ်ခု ထွက်ပေါ်လာကာ ဝမ်ပေါင်လဲ့၏ စိတ်ထဲ ပျံ့နှံ့လာသည်။ ထိုအရာက ထင်းယွိတာအို၏ ပြယုဂ်အလား ဖြစ်၏။ အသံထွက်ပေါ်လာသည့်အခါ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲ ပြင်းထန်သည့် တွန်းကန်အားတို့က အသည်းအသန် ထွက်ပေါ်လာသည်။

ထိုတွန်းကန်အားက ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲမှ ထင်းယွိတာအိုမျိုးစေ့ဆီမှ ထွက်ပေါ်လာခြင်း ဖြစ်၏။

ထိုတာအိုမျိုးစေ့က သော့နှင့် တူလေသည်။ ထိုအရာက ဂီတတာအိုကိုယ်ပွားနှင့် တူညီသည့် ဇစ်မြစ်ကို ရှိခွင့်ပြုထားစဉ် သူ့ခန္ဓာကိုယ်ကို ဖွင့်လှစ်ကာ ထိုသူ ရောက်ရှိလာမှုကို ကြိုဆိုဖို့ရာအတွက် ဖြစ်၏။

ထိုတည်ရှိမှုမျိုးက သစ်သားမြင်းရုပ်ကဲ့သို့ ဖြစ်ပြီး … ထိုအခိုက်အတန့်လေး၌ ဂီတတာအိုကိုယ်ပွားမှ ငြင်းဆန်မှုက ဝမ်ပေါင်လဲ့၏ အသိစိတ်ကို လွှမ်းခြုံသွားခဲ့သည်။

ထိုအခိုက်အတန့်၌ ဂီတတာအိုကိုယ်ပွားဆီမှ ခုခံမှုက ချက်ချင်းဆိုသလို ပျံ့နှံ့လာ၏။

ဝမ်ပေါင်လဲ့၏ စိတ်က ထင်းယွိတာအိုမျိုးစေ့ကြောင့် ရုတ်တရက် ယိုင်လဲသွားတော့မည့်ဆဲဆဲတွင် ဆက်တိုက်ဆိုသလို တွန်းကန်ကာ ထင်းယွိစည်းမျဉ်းဥပဒေ၏ စည်းမျဉ်းဖြင့် ပေါင်းစည်းကာ ဝမ်ပေါင်လဲ့အား ဖိနှိပ်နေသည့် ဂီတသင်္ကေတတာအိုမျိုးစေ့က ရုတ်ချည်း တုန်ခါသွား၏။

ထိုတာအိုမျိုးစေ့ပေါ်တွင် သွားရာကဲ့သို့ သေးငယ်သည့် အက်ကြောင်းတစ်ခု ပေါ်ထွက်လာ၏။ ထိုပေါ်ထွက်လာမှုနှင့် တာအိုမျိုးစေ့က ပိုမိုတုန်ခါလာသည်။ နောက်အခိုက်အတန့်လေး၌ အသံကျယ်ကြီးနှင့်အတူ ပြိုလဲသွားလေ၏။

ထိုအရာ ပြိုလဲသွားသည့်အခါ ထိုအထဲတွင် ပါဝင်နေသည့် ထင်းယွိစည်းမျဉ်းဥပဒေသက ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်နှင့် အသွေးအသားတို့ဖြင့် ချက်ချင်း ပေါင်းစည်းသွားခဲ့သည်။

ထိုမြင်ကွင်းက ဂီတတာအိုကိုယ်ပွားအား အသိစိတ်ထဲ ဂယက်ထသွားစေသည်။

“ဒါက…”

“ကျုပ် ပြောတဲ့အတိုင်းပဲ။ ခင်ဗျားက ကျုပ်အပိုင် ဖြစ်နေပြီ”

သူ့ကို ပြန်လည်တုံ့ပြန်လာသည့် အရာက ဝမ်ပေါင်လဲ့၏ နတ်ဘုရားအသိစိတ်သာ ဖြစ်၏။ ထိုအရာက ဧရာမလှိုင်းလုံးကြီးသဖွယ် ပြောင်းလဲသွားကာ ဂီတတာအိုကိုယ်ပွား၏ အသိစိတ်ကို ဝါးမျိုပစ်လိုသကဲ့သို့ ဖြစ်သည်။

“ရိုင်းပြလိုက်တာ”

ဂီတတာအိုကိုယ်ပွားက အေးစက်စက် သရော်လိုက်၏။ နောက်အခိုက်အတန့်လေး၌ ထင်းယွိစည်းမျဉ်းဥပဒေသ အမြောက်အများက ထွက်ပေါ်လာကာ ဝမ်ပေါင်လဲ့ဆီ ပြေးဝင်လာပြီး ဝမ်ပေါင်လဲ့၏ ပြောင်းပြန်ပူးကပ်ရေးနည်းစနစ်နှင့် ထိပ်တိုက်တွေ့ဆုံလိုက်သည်။

သူ့ခန္ဓာကိုယ်မှ အသံကျယ်ကြီး ထွက်ပေါ်လာလေ၏။ သူတို့၏ အသိစိတ်များက ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ကို တိုက်ခိုက်ရေးကွင်းအဖြစ် အသုံးပြုကာ ဆက်လက်တိုက်ခိုက်နေကြသည်။

သို့သော်လည်း ဂီတတာအိုကိုယ်ပွားက ထင်းယွိစည်းမျဉ်းဥပဒေသကို ၃၀ရာခိုင်နှုန်း ထိန်းချုပ်ထားနိုင်သည့်အတွက် ဝမ်ပေါင်လဲ့က သူ့ကို အောင်အောင်မြင်မြင် မဝါးမျိုနိုင်သေးပေ။

“ကိစ္စမရှိဘူး” ဝမ်ပေါင်လဲ့က စိတ်မှတဆင့် အတွေးကို ပို့ဆောင်လိုက်၏။ နောက်အခိုက်အတန့်လေး၌ ဂီတတာအိုကိုယ်ပွား၏ အသိစိတ်အား အပြင်းအထန် တုန်လှုပ်သွားစေမည့် အရာ ထွက်ပေါ်လာသည်။

ထိုအရာက ဒေါသမြို့သခင်၊ ဝမ်းနည်းမှုမြို့သခင်၊ အငြိုးတရားမြို့သခင်နှင့် ပျော်ရွှင်မှုမြို့သခင်တို့၏ စည်းမျဉ်းဥပဒေသများ ဖြစ်၏။ ထိုအခိုက်အတန့်လေး၌ သူတို့က ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲ စီးဝင်လာသည်။

စိတ်ခံစားချက် ၇မျိုးမှ ၄မျိုး၏ စည်းမျဉ်းဥပဒေသများက ချွန်ထက်သည့် ဓားများသဖွယ် ပြောင်းလဲသွားဟန်ပေါ်၏။ ထိုအရာက ဂီတတာအိုမျိုးစေ့၏ အသိစိတ်ကို ဆက်တိုက်ထိုးနှက်နေသည်။ သူတို့က အရာအားလုံးကို ထိုးခွင်းပြီး ဂီတတာအိုကိုယ်ပွားအား စူးစူးရှရှအော်ဟစ်လာစေသည်။

“မင်းတို့အားလုံး … ”

ဂီတတာအိုကိုယ်ပွားက မဖော်ပြနိုင်ဖွယ် အန္တရာယ်ကို ခံစားမိလိုက်သည့်အချိန် အော်ဟစ်ရင်း ရုန်းကန်ဖို့ ကြိုးစားလိုက်သည်။ သူက ထင်းယွိစည်းမျဉ်းဥပဒေကို အကာအရံအနေနှင့် အသုံးပြုပြီး ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်မှ ထွက်သွားဖို့ ကြိုးစားလိုက်၏။

သူသာ ထွက်သွားသရွေ့ အရာအားလုံးကို ပြန်လည်ပြင်ဆင်နိုင်သည်။

သို့သော်လည်း ထိုအခိုက်အတန့်၌ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲ ထင်းယွိစည်းမျဉ်းဥပဒေသအပြင် ပျော်ရွှင်မှု၊ ဒေါသ၊ ဝမ်းနည်းမှုနှင့် အငြိုးတရားစိတ်ခံစားချက် ၄ခုအပြင် ၆ခုမြောက် စည်းမျဉ်း ပေါ်ထွက်လာသည်။ ထိုအရာက အာသီသစည်းမျဉ်းဥပဒေသ ဖြစ်၏။

ထိုစည်းမျဉ်း ပေါ်ထွက်လာသည်နှင့် ဝါးမျိုရေးစွမ်းအားတို့က ပိုမိုပြင်းထန်လာသည်။ ဂီတတာအိုကိုယ်ပွား၏ အသိစိတ်က မလွတ်မြောက်တော့ဘဲ ဝမ်ပေါင်လဲ့ကြောင့် ဝါးမျိုခံရလုနီးပါး ဖြစ်နေ၏။

“ကမ္ဘာနဲ့ ပေါင်းစည်းမယ်”

နောက်အခိုက်အတန့်လေး၌ ဂီတတာအိုကိုယ်ပွား၏ အသိစိတ်က ထင်းယွိကမ္ဘာထဲ တိုက်ရိုက်ပေါင်းစည်းခဲ့သည်။ ထိုအရာက ယင်ရှီရှေ့ရှိ အရာကို ကျော်လွန်ပြီး ထင်းယွိကမ္ဘာနှင့် ပေါင်းစည်းသွားသကဲ့သို့ဖြစ်၏။

ဤသည်က သူမ၏ ဝှက်ဖဲ ဖြစ်ပေသည်။ သူမက အရာအားလုံးကို ပြောင်းပြန်လှန်ပစ်လို၏။ သူမသာ ထင်းယွိကမ္ဘာထဲ ဝင်ရောက်လိုက်သည်နှင့် မည်သူကမှ သူမကို ထိခိုက်အောင် လုပ်နိုင်မည် မဟုတ်ပေ။ ပြောရလျှင် ထင်းယွိကမ္ဘာက သူမတစ်ယောက်တည်းသာ ဝင်နိုင်သည့်အရာမျိုး ဖြစ်၏။

သို့သော်လည်း ဂီတတာအိုကိုယ်ပွားက အသိစိတ်ကို ဖြန့်ပြီး ထင်းယွိကမ္ဘာထဲ ပေါ်ထွက်လာသည်နှင့် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲမှ  ထပ်ဆင့်ဂီတသင်္ကေတများက ပေါက်ကွဲထွက်လာကာ သူမနှင့်အတူ ထင်းယွိကမ္ဘာထဲ ဝင်ရောက်ခဲ့သည်။

“မဖြစ်နိုင်ဘူး” ဂီတတာအိုကိုယ်ပွားက ရေရွတ်လိုက်သည်။ သူမ၏ အသိစိတ်က အပြင်းအထန်လှုပ်ခတ်နေ၏။ သူမက မြင်နေသည့်အရာကို မယုံကြည်နိုင်ပေ။ သူမက ဝမ်ပေါင်လဲ့ကို ကြည့်နေရင်း သူ့ခန္ဓာကိုယ်ထဲတွင် ထူးကဲသည့် ဂီတသင်္ကေတများရှိကြောင်း သိလိုက်သည်။ သို့သော်လည်း ထင်းယွိကမ္ဘာနှင့် ပေါင်းစည်းနိုင်ဖို့ရာက ကွဲပြားသည့် သဘောတရားတစ်ခု ဖြစ်၏။ သူမ အကဲဖြတ်ထားသလောက် ဝမ်ပေါင်လဲ့သည် ယင်ရှီကဲ့သို့ဖြစ်ကာ အရည်အချင်းပြည့်မှီရုံမျှသာ ဖြစ်သည်။

သို့သော်လည်း ဤသို့ဟုတ်ဟန် မပေါ်ပေ။

တစ်ယောက်ယောက်က မင်းကို ကူညီပေးနေတာပဲ။ မဟုတ်သေးဘူး ဒါက ကူညီပေးနေတာ မဟုတ်ဘူး။ မင်းရဲ့ ဇစ်မြစ်ပဲ။ အဲဒါ မင်းပဲ … မင်းက ထင်းယွိမြို့ထဲကို ပေါ်ထွက်လာသေးတယ်လား…

ဂီတတာအိုကိုယ်ပွား၏ အသိစိတ်က အပြင်းအထန် တုန်ယင်သွားကာ ဝမ်ပေါင်လဲ့၏ ဇစ်မြစ်ကို မှန်းဆမိသွားသည်။

ထိုအခိုက်အတန့်လေး၌ လေးကြိုးမျဉ်းဂိုဏ်းနှင့် ဟိန်ချင်းဂိုဏ်းတို့ရှိ မီးတောင်ထဲတွင် တင်ပျဉ်ခွေထိုင်နေသည့် ပုံရိပ်နှစ်ခုက ရုတ်ချည်းဆိုသလို မျက်လုံးဖွင့်လာလေ၏။ ထိုပုံရိပ်နှစ်ခုက ပြီးပြည့်စုံသည့် အနေအထားတွင် ရှိသည့်အတွက် သူတို့၏ အရှိန်အဝါက အံ့မခန်း ဖြစ်ပေသည်။ သူတို့က မျက်လုံးဖွင့်လာသည်နှင့် ခက်ထန်သည့် အမူအရာမျိုး ထုတ်ပြလာသည်။ သူတို့က ညာဖက်လက်ကို မြှောက်ကာ လက်ထဲမှ ကျောက်စိမ်းပြားကို ခြေမွလိုက်ပြီး အထက်မှ နတ်ဧကရာဇ်စိတ်ဝိညာဉ်ကို အသိပေးဖို့ ပြင်လိုက်သည်။

သို့သော်လည်း ထိုအခိုက်အတန့်၌ ထင်းယွိမြို့နှင့် အလှမ်းဝေးသည့် နေရာတစ်ခုတွင် မြို့ကြီးတစ်ခု ရှိနေသည်။

ထိုမြို့အလယ်တွင် မြေအောက်နန်းဆောင်တစ်ခု ရှိလေသည်။ ထိုနေရာတွင် သွေးကန်ကြီးတစ်ခု ရှိ၏။ ထိုသွေးကန်ထဲတွင် တရားထိုင်နေသည့် ခပ်ထွားထွားပုံရိပ်တစ်ခု ရှိနေသည်။ သူက ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး ဆံပင်ရှည်ရှည် ရှိသော်လည်း သူ့မျက်နှာကို မမြင်ရပေ။ ထင်းယွိမြို့မှ ကိုယ်ပွားနှစ်ယောက်က ကျောက်စိမ်းပြားကို ခြေမွလိုက်ပြီး အထက်မှ နတ်ဧကရာဇ်စိတ်ဝိညာဉ်ကို ဆင့်ခေါ်လိုက်သည်နှင့် ထိုပုံရိပ်က ချက်ချင်းဆိုသလို ညာဖက်လက် မြှောက်ကာ ကောင်းကင်ကို ဆွဲကိုင်လိုက်သည်။

ထိုဆွဲကိုင်မှုဖြင့် အလင်းတန်းနှစ်ခုက ချက်ချင်းဆိုသလို စုပ်ယူခြင်း ခံလိုက်ရသည်။ သူက လက်ဖဝါးထဲတွင် ခြေမွပြီး သတင်းစကားကို ဖြတ်တောက်လိုက်၏။

ထို့နောက် သူက မျက်လုံးဖွင့်လာပြီး သွေးနီရောင်မျက်ဆံကို ထုတ်ပြလာသည်။ သူက ထင်းယွိမြို့တော်ဘက်ကို လှမ်းကြည့်ရင်း သူ့မျက်ဝန်းထဲတွင် လောဘအရိပ်အယောင်တို့ ရှိနေလေ၏။

“ပျော်ရွင်မှုမြို့သခင် … ကျုပ်ဘက်က တာဝန်ကျေပြီ။ နောက်တစ်ခုက ခင်ဗျားရဲ့ ကတိစကားကို ဖြည့်စည်းရမဲ့ အချိန်ပဲ။ ဒီသခင်ကြီးက မစောင့်နိုင်တော့ဘူး”

All Chapters