ယင်ရှီ
Vol. 102 Ch. 1411
ဂီတတာအိုကိုယ်ပွား၏ အသိစိတ်ပင်လယ်ထဲမှ ထင်းယွိစည်းမျဉ်းဥပဒေသ နောက်ဆုံးအငွေ့အသက်ကို ဝမ်ပေါင်လဲ့က ဝါးမျိုပြီးသည့်နောက် သူ့ရှေ့တွင်ရှိသည့် ဂီတတာအိုကိုယ်ပွား၏ ခန္ဓာကိုယ်က ချက်ချင်းဆိုသလို တုန်ယင်သွားကာ အမှုန့်ဖြစ်သွားပြီး ဝမ်ပေါင်လဲ့၏ အသိစိတ်ပင်လယ်ထဲရှိ ကိုယ်ပွား၏ အသိစိတ်နှင့်အတူ မိုးမြေကြားမှ ပျောက်ကွယ်သွားလေ၏။
ယခုမှစ၍ ထင်းယွိမြို့သခင်၏ ကိုယ်ပွားသုံးခုထဲက တစ်ခုက ထာဝရပျောက်ဆုံးသွားပြီ ဖြစ်သည်။ တစ်ချိန်တည်းဆိုသလို ထင်းယွိစည်းမျဉ်းဥပဒေသ ၃၀ရာခိုင်နှုန်းကျော်က ထာဝရရှင်းထုတ်ခံလိုက်ရပြီး သူ့ထိန်းချုပ်မှုအောက် မရှိတော့ပေ။
ပို၍အရေးကြီးသည်က ထင်းယွိစည်းမျဉ်းဥပဒေသ စွမ်းအားသည် ထင်းယွိမြို့သခင်တစ်ယောက်တည်းအတွက် မဟုတ်တော့ဘဲ ဝမ်ပေါင်လဲ့နှင့် မျှဝေထားရ၏။
ဝမ်ပေါင်လဲ့၏ ထင်းယွိစည်းမျဉ်းဥပဒေသက ပြီးပြည့်စုံလုနီးပါး ဖြစ်လာသည်။
သေချာသည့် အနေအထားအရ သူက ထင်းယွိမြို့သခင်တစ်ပိုင်းဟုပင် မှတ်ယူနိုင်၏။
“မဖြစ်ဘူး”
ကိုယ်ပွားနှစ်ယောက်က စူးစူးရှရှ အော်ဟစ်လိုက်ကြသည်။ သူတို့က တန်ပြန်သက်ရောက်မှုကို ခံစားလိုက်ရ၍ သွေးအန်လိုက်ရ၏။ တစ်ချိန်တည်းဆိုသလို ဂီတတာအိုဂိုဏ်း၏ မီးတောင်အပြင်ဘက်တွင် ရှိနေသည့် ယင်ရှီ၏ မျက်ဝန်းအထက် ဝမ်းနည်းမှုတို့ဖြင့် ပြည့်နှက်လာသည်။ သူ ပိတ်ဆို့ထားသည့် တခြားသော တာအိုကလေးငယ်များကလည်း မတိုက်ခိုက်ကြတော့ပေ။ သူတို့မျက်နှာအထက် ခါးသီးမှုနှင့် ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေလေ၏။
နောက်တစ်ခုက ဂီတတာအိုဂိုဏ်း၏ မီးတောင်ထဲမှ အသံတစ်သံထွက်ပေါ်လာကာ ထင်းယွိမြို့တစ်ခုလုံးကို လွှမ်းမိုးသွားလေ၏။
“ပျော်ရွှင်မှု စည်းတံဆိပ် လွတ်မြောက်စေ”
ဝမ်ပေါင်လဲ့၏ အသံထွက်ပေါ်လာသည်နှင့် ထင်းယွိကမ္ဘာထဲရှိ ကွဲပြားသည့်နေရာ ၆ခုထဲတွင် မြင်တွေ့နိုင်သည့် သွေးနီရောင်ဝေါယာဉ် ၆ခုလုံးက တုန်ယင်လာကြသည်။
သွေးနီရောင်ဝေါယာဉ်က အလျင်အမြန် ပျောက်ကွယ်သွားပြီး ပျက်စီးသည့် အရိပ်အမြွက်များ ပျံ့နှံ့လာသည်။ မျက်စိတစ်မှိတ်အတွင်း ဝေါယာဉ် ၆ခုက သွေးနီရောင် မဟုတ်တော့ဘဲ ဖြည်းဖြည်းချင်း ပြာအဖြစ် ပြောင်းလဲသွားခဲ့သည်။
သိပ်မကြာခင် ဘယ်ဖက်လက်က လွတ်မြောက်လာကာ ညာဖက်လက်၊ ခြေထောက်များနှင့် အပေါ်ပိုင်းကလည်း လွတ်မြောက်လာသည်။ နောက်ဆုံးအနေဖြင့် ပျော်ရွှင်မှုမြို့သခင်၏ ဦးခေါင်း ပါဝင်နေသည့် ဝေါယာဉ်က လေထုထဲ ပေါ်ထွက်လာ၏။ ထို့နောက် ပျော်ရွှင်မှုမြို့သခင်က မျက်လုံးဖွင့်လာသည်။
သူမ မျက်လုံးဖွင့်လိုက်သည်နှင့် သူမ၏ ပြန့်ကျဲနေသော ခန္ဓာကိုယ် အစိတ်အပိုင်းများက အဖက်ဖက်မှ စုဝေးလာသည်။ သူတို့ အတူတကွ စုံဆည်းသွားသည့်အခါ ခန္ဓာကိုယ်တစ်ခု ဖြစ်တည်လာ၏။
ထိုအရာက ပြိုင်ဖက်ကင်းအလှပဂေး တစ်ယောက် ဖြစ်ပေသည်။
သူမက အနီရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး သူမ၏ အလှတရားက တစ်ကမ္ဘာလုံးတွင် အရောင်တစ်ရောင်တည်း ထင်ကျန်နေစေသကဲ့သို့ ထင်းထွက်နေသည်။
“ဒါက မပြီးပြည့်စုံသေးဘူး” သူမက အသက်ပြင်းပြင်းရှူကာ ပြောလိုက်သည်။ ထို့နောက် သူမက ဘယ်ဖက်လက်ကို မြှောက်ကာ ကြည့်လိုက်၏။
သူမ၏ ဘယ်ဖက်လက်က လက်ငါးချောင်းလုံး ပြီးပြည့်စုံစွာ ရှိနေသော်လည်း ဘယ်ဖက်လက်ကို မြှောက်ကာ လေထဲ လက်ညှိုးထိုးလိုက်သည်။
ရုတ်ချည်းဆိုသလို ပြင်ပလောကမှ ဂီတတာအိုဂိုဏ်း၏ မီးတောင်ဝတွင် ရှိနေသည့် ယင်ရှီက ရုတ်ချည်းဆိုသလို တုန်ယင်သွားလေ၏။ သူက သူ့နဖူးအထက်မှ လက်ချောင်းတစ်ခု ဖြည်းဖြည်းချင်း ပျံသန်းသွားပြီး ပျောက်ကွယ်သွားသည်ကို ကြည့်လိုက်မိသည်။
ထိုလက်ချောင်း ပျောက်ကွယ်သွားသည့်အခါ ယင်ရှီက စွမ်းအားတချို့ ဆုံးရှုံးသွားဟန်ပေါ်သည်။ သို့သော်လည်း သူ့မျက်ဝန်းရှိ အမူအရာက ပြောင်းလဲသွားခြင်း မရှိပေ။ သူက ထိုနေရာတွင် ခေါင်းမာစွာဖြင့် ရပ်နေဆဲဖြစ်ကာ တာဝန်ပြီးမြောက်အောင် စောင့်ဆိုင်းနေသည်။
သူ့မူလနာမည်က ယင်ရှီဟု မခေါ်ဆိုပေ။ သူက လွန်ခဲ့သည့်နှစ်များစွာခန့်က အတိတ်ဘဝမှ မှတ်ဉာဏ်များကို မနိုးထခင် ထင်းယွိမြို့သခင်၏ ဆင့်ခေါ်မှုကို ခံခဲ့ရပြီး လက်ချောင်းကို ချိတ်ပိတ်ခံခဲ့ရသည်။ ထို့နောက် သူက ယင်ရှီဟူသော နာမည်ရလာခြင်း ဖြစ်၏။
သူက လက်ချောင်း သူ့မျက်ခုံးကြား ဝင်ရောက်သွားသည်ကို ကြည့်နေရင်း ထင်းယွိမြို့သခင်၏ တီးတိုးမှုများကို ဘယ်သောအခါမှ မမေ့နိုင်ခဲ့ပေ။
“ပျော်ရွှင်မှုစွမ်းအားကို ငှားယူထားတာကပဲ ငါ့စိတ်ရဲ့ ကြည်လင်မှုကို ထိန်းထားနိုင်မှာ။ ဒါပေမဲ့ အဲဒီနောက်မှာ ငါက မင်းကိုဘာပြောခဲ့တယ်ဆိုတာ မှတ်မိမှာ မဟုတ်တော့ဘူး။ အရင်ဘဝမှာရော ဒီဘဝမှာရော မင်းက ငါ့ရဲ့ ပထမဦးဆုံးတပည့်ပဲ။ တကယ်လို့ မင်း နိုးထလာပြီးတော့ ငါ့ရဲ့ လွှမ်းမိုးမှုအောက်မှာ ရှိနေတယ်ဆိုရင် မင်းရဲ့နှလုံးသားနောက်ကို လိုက်ဖို့ မှတ်ထား။ ငါ့ကို ဖိနှိပ်ပြီးတော့ ရှင်းထုတ်လိုက်။ မင်းရဲ့ ဆရာက လွတ်မြောက်ချင်ပြီ”
“ဆရာ” ထိုမှတ်ဉာဏ်များက ယင်ရှီ၏ စိတ်ထဲတွင် ပေါ်ထွက်လာလေ၏။ ထိုအရာက ပထမဦးဆုံးအကြိမ် မဟုတ်သော်လည်း သူ့ခန္ဓာကိုယ်နှင့် အသံတို့က တုန်ယင်သွားလေသည်။ သို့သော်လည်း သူ့မျက်ဝန်းအထက် ဆုံးဖြတ်ချက်ပြတ်သားနေဆဲသာ ဖြစ်၏။
လက်ချောင်းက ပျောက်ကွယ်သွားသည်နှင့် ထူးထူးဆန်းဆန်း စွမ်းအားတစ်ခုက နေရာအနှံ့ ပြည့်နှက်လာသည်။ စိတ်ခံစားချက် ၇မျိုးမှ ကျင့်ကြံသူများက တောက်ပနေသည့် တံခါးဆီ ပြန်လည်ဝင်ရောက်သွားကြ၏။ ဂိုဏ်းကြီးသုံးဂိုဏ်းမှ ကျင့်ကြံသူများအတွက်မူ သူတို့က မထိန်းချုပ်နိုင်စွာ တုန်ယင်နေကြပြီး မျက်နှာအထက် အပြုံးများ ရှိနေကြသည်။
ပျော်ရွှင်မှုက တိုက်ခိုက်ရေးကွင်းတစ်ခုလုံး ပြည့်နှက်သွားလေ၏။ စိတ်ခံစားချက် ၇မျိုးမှ မြို့သခင် ၃ယောက်လည်း နောက်ဆုတ်လိုက်ကြသည်။ ထင်းယွိမြို့သခင်၏ ကိုယ်ပွားနှစ်ယောက်၏ မျက်နှာအထက် မလိုလားသည့် အမူအရာတို့ကို မြင်တွေ့နိုင်လေ၏။
ဝမ်ပေါင်လဲ့ကလည်း အတူတူ ဖြစ်နေမိသည်။ ယခုအခါ သူက ဂီတတာအိုဂိုဏ်း၏ မီးတောင်မှ ထွက်ပေါ်လာ၏။ သူ ပေါ်ထွက်လာသည့်အခါ လေထဲ ဝဲပျံနေသည်။ သူက ဘေးပတ်လည်ကို ကြည့်ရင်းဖြင့် ထင်းယွိမြို့သခင်၏ ကိုယ်ပွားနှစ်ယောက်က သူ့အား အမုန်းတရားဖြင့် စိုက်ကြည့်နေသည်ကို သတိထားမိသွားသည်။
ထို့နောက် လေထဲတွင် အနီရောင်ပုံရိပ်တစ်ခု ဖြည်းဖြည်းချင်း ပေါ်ထွက်လာသည်ကို မြင်လိုက်ရသည်။ ထိုအရာက ဖြည်းဖြည်းချင်း ရှင်းလင်းလာကာ လှပကြော့ရှင်းသည့် အမျိုးသမီးတစ်ယောက်အသွင် ပြောင်းလဲသွားသည်။
“ပျော်ရွှင်မှုမြို့သခင်” ထင်းယွိမြို့သခင်၏ ကိုယ်ပွားနှစ်ယောက်က ဒေါသတကြီးဖြင့် ရေရွတ်လိုက်ကြသည်။
ပျော်ရွှင်မှုမြို့သခင်၏ အမူအရာက ကွဲပြားနေ၏။ သူမက နှစ်များစွာ ချိတ်ပိတ်ခံထားရပြီး ခန္ဓာကိုယ်ကို အပိုင်းပိုင်းအစအစ ခုတ်ထစ်ခံထားရသော်လည်း ယခုရောက်လာသည့်အခါ ထင်းယွိမြို့သခင်အပေါ် အငြိုးတရားဟူ၍ မရှိပေ။ တကယ်တော့ သူမ မျက်ဝန်းအထက် စိတ်ရှုပ်ထွေးသည့် ခံစားချက်မျိုး ရှိနေလေ၏။
“နင် မေ့သွားပြီလား။ အဲဒီနှစ်တွေတုန်းက နင့်ကို ကူညီဖို့ ငါ့ကို ဖိတ်ခဲ့တာ နင်လေ”
သူမ၏ စကားများကို တုံ့ပြန်လာသည့်အနေဖြင့် ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်မိသွားသည်။ ထင်းယွိမြို့သခင်ကမူ ခါးသီးစွာ ရယ်မောလိုက်၏။
“အဓိပ္ပာယ်မရှိတာတွေ”
သူက ပြောလိုက်ရင်းဖြင့် ထင်းယွိမြို့သခင်၏ ကိုယ်ပွားက ချက်ချင်းဆိုသလို ပေါင်းစည်းသွားသည်။ ထင်းယွိစည်းမျဉ်းဥပဒေသ၏ အဆုံးမဲ့စွမ်းအားက ယခုအခါ ပေါက်ထွက်လာလေ၏။
ညက ကုန်ဆုံးတော့မည် ဖြစ်သော်လည်း ထင်းယွိမြို့သခင်၏ ကိုယ်ပွားများ ပေါင်းစည်းသွားသည်နှင့် အဖက်ဖက်မှ အနက်ရောင်မြူခိုးများ ပျံ့နှံ့လာကာ ညကို ဆက်လက် ဖြစ်တည်စေသည်။
တစ်ပြိုင်နက်ဆိုသလို အထက်ကမ္ဘာမှ အသိစိတ်တစ်ခုက အဖြစ်အပျက်ကို ခံစားမိဟန်ဖြင့် နေရာကို စတင်စစ်ဆေးကြည့်နေသည်။
ဤသည်က ထင်းယွိမြို့သခင် သူမကိုယ်သူမ ကယ်တင်ဖို့ရာအတွက် တွေးမိသည့် နောက်ဆုံးနည်းလမ်း ဖြစ်ပေသည်။ သူမက ဝမ်ပေါင်လဲ့ကို ဖမ်းဆီးဖို့ မဟုတ်ဘဲ သူမကိုယ်သူမ ကယ်တင်ဖို့ရာအတွက် လုပ်နေခြင်း ဖြစ်၏။
သူမ၏ လက်ရှိအခြေအနေဖြင့် စိတ်ခံစားချက် ၇မျိုးမှ မြို့သခင်လေးယောက်အတွက် ပြိုင်ဖက် မဟုတ်ကြောင်း သိထားလေ၏။ ထို့ကြောင့် အထူးသဖြင့် အပြင်လူက သူမ၏ လုပ်ပိုင်ခွင့်ကို ခိုးယူသွားသည့်အခါတွင် ဖြစ်သည်။ သူမသာ ကိုယ့်ကိုယ်ကိုယ် မကယ်တင်နိုင်လျှင် ဤနေရာ၌ ပျောက်ကွယ်သွားနိုင်ချေ ရှိ၏။
အတိတ်တုန်းက ထိုအရာကို ကြောက်ရွံ့မည် မဟုတ်ပေ။ သူမက ပျောက်ကွယ်သွားနိုင်မည် မဟုတ်ပေ။ သို့သော် အများဆုံး သူမက ချိတ်ပိတ်ခံထားရလိမ့်မည်။ သို့သော်လည်း ဝမ်ပေါင်လဲ့က ပထမဦးဆုံးအကြိမ် ပေါ်ထွက်လာပြီး ထင်းယွိမြို့သခင်တစ်ပိုင်း ဖြစ်လာခဲ့သည့်အတွက် သူမက အန္တရာယ်ကို ခံစားမိနေသည်။
ထို့ကြောင့် သူမက အဖြစ်အပျက်ကို သိသာအောင် လုပ်ရမည်။ ဆက်သွယ်မှုက ပိတ်ဆို့ခံထားရသော်လည်း ဒုတိယကမ္ဘာရှိ ထူးထူးဆန်းဆန်း အဖြစ်အပျက်များကို အပြည့်အဝ ဖုံးကွယ်မထားနိုင်ပေ။
ထင်းယွိမြို့ထဲရှိ ညက ပုံမှန်အတိုင်း မပျောက်ကွယ်သွားသရွေ့ အထက်ကမ္ဘာက သေချာပေါက် အာရုံစိုက်လာလိမ့်မည်။
ဤသည်က သူမကိုယ်သူမ ကယ်တင်နိုင်မည့် တစ်ခုတည်းသော နည်းလမ်း ဖြစ်၏။
ထိုအရာက သက်ရောက်မှု ရှိသည်ဟုပင် ဆိုရပေမည်။ စိတ်ခံစားချက် ၇မျိုးမှ မြို့သခင်သုံးယောက်၏ မျက်နှာထားက ပြောင်းလဲသွားလေ၏။ ပျော်ရွှင်မှုမြို့သခင်၏ အမူအရာကသာ ယခင်အတိုင်း ကျန်ရှိနေသည်။ သူမက ထင်းယွိမြို့သခင်ကို ကြည့်ပြီး သက်ပြင်းချကာ အလင်းတန်းကြားထဲ ဝင်ရောက်သွားသည်။
စိတ်ခံစားချက် ၇မျိုးမှ မြို့သခင်သုံးယောက်ကလည်း ပျံသန်းကာ ထွက်ခွာသွား၏။ မီးတောင်ဝမှ ခုန်ထွက်လာသည့် သူတစ်ယောက်လည်း ရှိနေသည်။ ထိုသူက ယင်ရှီ ဖြစ်၏။ သူက သူ့ဆရာကို စိတ်ရှုပ်ထွေးသည့် အမူအရာဖြင့် ကြည့်ပြီးသည့်နောက်တွင် ပျော်ရွှင်မှုမြို့သခင်နောက်မှ လိုက်၍ အလင်းတံခါးထဲ ဝင်ရောက်သွားခဲ့သည်။
ဝမ်ပေါင်လဲ့အတွက်မူ သူက လိုက်မဝင်ခဲ့ပေ။ ထိုအစား သူ့ခန္ဓာကိုယ်က ဖြည်းဖြည်းချင်း ပျောက်ကွယ်လာလေ၏။ သူက ယခုအခါ ထင်းယွိမြို့သခင်တစ်ပိုင်းဖြစ်နေပြီဖြစ်ကာ ဤနေရာမှ အလွယ်တကူ ထွက်သွားနိုင်သည်။
ထင်းယွိမြို့သခင်က ဝမ်ပေါင်လဲ့ကို လိုက်မရှာပေ။ သူမက သူ့ကို မမြင်နိုင်သည့်အတွက် သူသည် ထွက်သွားပြီးပြီဖြစ်ကြောင်း မှန်းဆထားသည်။ ထို့နောက် အထက်ကမ္ဘာမှ အသိစိတ်က ပိုမိုအားကောင်းလာလေ၏။
အလင်းတံခါးက အလင်းတန်းထဲ ပျောက်ကွယ်သွားပြီး ကောင်းကင်ယံအထက် ထိုးခွင်းထွက်သွားသည်။
ထိုဖြစ်စဉ်တစ်ခုလုံးအတွင်း ထင်းယွိမြို့သခင်ကသာ မလိုလားသည့်အမူအရာဖြင့် ထိုင်နေလျက် ရှိ၏။ သူမက ဘာမှမတားဆီးနိုင်ခဲ့ပေ။ ထိုအလင်းတန်း ပျောက်ကွယ်သွားသည့်အခါ ဝမ်ပေါင်လဲ့ပင် မရှိတော့ကြောင်း သိလိုက်ရသည်။ ထို့နောက် သူမက သွေးအန်လိုက်ရ၏။ သူမ၏ ခန္ဓာကိုယ်က မပေါင်းစည်းနိုင်တော့ဘဲ ကိုယ်ပွားနှစ်ခုအဖြစ် ကွဲထွက်သွားသည်။ သူတို့နှစ်ယောက်လုံးက ခြောက်သွေ့နေပြီး ဟိန်ချင်းဂိုဏ်းနှင့် လေးကြိုးမျဉ်းဂိုဏ်းတို့ဆီ ဦးတည်လိုက်၏။ ဤတစ်ခေါက် သူတို့၏ ဒဏ်ရာများကို ကုစားဖို့ အချိန်အတော်ကြာမြင့်လိမ့်မည်။ ထိုဒဏ်ရာများက ယခင်ထက် ပိုမို ပြင်းထန်နေသည်။