← Chapters

အခန်း (၁၄၁၂)

Vol. 102 Ch. 1412

အခန်း (၁၄၁၂)

Vol. 102 Ch. 1412

ဝမ်ပေါင်လဲ့က ထင်းယွိမြို့တွင် ဖြစ်ပျက်ခဲ့သမျှ အရာများကို ဂရုမစိုက်ပေ။ သူက ထင်းယွိစည်းမျဉ်းဥပဒေသကို အသုံးပြုနိုင်သည် ဖြစ်သည့်အတွက် အရှိန်က အံ့မခန်းအနေအထားသို့ ရောက်ရှိနေပြီ ဖြစ်၏။ သဘောတရားအရ သူသည် ထင်းယွိစည်းမျဉ်းဥပဒေသအဖြစ် ပြောင်းလဲလိုက်သည့်အချိန် အသံရှိသည့် နေရာတိုင်းကို ဖြတ်သန်းသွားလာနိုင်သည်။

ဤသည်က ထင်းယွိမြို့သခင်ပင် ဤသို့မလုပ်နိုင်သည့်အရာမျိုး ဖြစ်၏။ ပြောရလျှင် ထင်းယွိမြို့သခင်က ကျိန်စာသင့်နေပြီး ထင်းယွိစည်းမျဉ်းဥပဒေသကို သယ်ဆောင်ထားသည့် ရုပ်သေးရုပ်မျှသာ ဖြစ်လေသည်။ တခြားတစ်ဖက်တွင် ဝမ်ပေါင်လဲ့ကမူ ကွဲပြား၏။ ထင်းယွိစည်းမျဉ်းဥပဒေသက သူ့အတွက် နည်းလမ်းများစွာထဲမှ တစ်ခုမျှသာ ဖြစ်သည်။

သို့သော် လက်တွေ့၌မူ ဝမ်ပေါင်လဲ့က ထိုအခြေအနေကို အချိန်အတော်ကြာ ထိန်းမထားနိုင်ပေ။ သူက ထွက်ပြေးရာတွင်သာ အသုံးပြုနိုင်၏။ အသက်ရှိုက်စာ အနည်းငယ်ကြာမြင့်ပြီးသည့်နောက်တွင် သူက ထင်းယွိမြို့မှ အပြီးတိုင်ထွက်ခွာလာပြီး ဒုတိယကမ္ဘာရှိ တောအုပ်ထဲ လျှောက်လှမ်းနေသည်။

ကောင်းကင်က လင်းထိန်နေပြီး ဝမ်ပေါင်လဲ့က အဝေးတစ်နေရာဆီ လှမ်းကြည့်လိုက်သည့်အချိန် သူ့အကြည့်များက တောက်ပသွား၏။ ထင်းယွိမြို့တော်ဆီ သွားခဲ့သည့် ခရီးက အံ့မခန်းရလဒ်တို့ သယ်ဆောင်လာသည်။

“ငါက ပျော်ရွှင်မှုမြို့သခင်နဲ့ တခြားသူတွေဆီကနေ လှည့်ဖျားခံလိုက်ရသေးတာပဲ” ဝမ်ပေါင်လဲ့က အေးစက်စက်သရော်ပြီး မျက်မှောင်ကြုတ်လိုက်၏။

ဝမ်ပေါင်လဲ့က သူသည် ထင်းယွိတာအို၏ ပြယုဂ်ဖြစ်သော ထင်းယွိစည်းမျဉ်းဥပဒေသကို စုပ်ယူပြီးသည့်နောက်မှသာ ထိုလှည့်ဖျားမှုကို သဘောပေါက်ခဲ့သည်။

စည်းမျဉ်း၏ မူလဇစ်မြစ်နှင့် ပတ်သက်လာသည့်အခါ သူတို့၏ ကိုယ်ပိုင်စည်းမျဉ်းကို ကျင့်ကြံထားသည့်သူအားလုံးကို အာရုံခံနိုင်လေ၏။ တခြားနည်းဖြင့် ပြောရလျှင် ပျော်ရွှင်မှုမြို့သခင်က သူ့ခန္ဓာကိုယ်ထဲမှ ပျော်ရွှင်မှုစည်းမျဉ်းဥပဒေသကြောင့် ရှာတွေ့ခြင်း ဖြစ်သည်။

တူညီလှစွာ တခြားသော စိတ်ခံစားချက်မြို့သခင် သုံးယောက်က ပေးထားသည့် စည်းမျဉ်းများကလည်း ဝမ်ပေါင်လဲ့ စုပ်ယူပြီးသည့်နောက်တွင် သူ့ကို အာရုံခံနိုင်လိမ့်မည်။ သူတို့က သူတို့၏ အသိစိတ်ကို ဖြတ်တောက်နိုင်သည်ဆိုလျှင်ပင် ထိုသို့လုပ်နိုင်ဆဲ ဖြစ်၏။

ဤသည်က လှုံ့ဆော်မှု မဟုတ်ဘဲ ဆွဲငင်ခြင်းစည်းမျဉ်းသာ ဖြစ်၏။

ဝမ်ပေါင်လဲ့က အကြိမ်ကြိမ်များစွာ ရရှိခဲ့သော်လည်း လျှို့ဝှက်အန္တရာယ်များစွာ ကျန်ရှိနေလေသည်။ ကျန်ရှိသည့်အနေအထားအရ သူသည် အတိတ်တုန်းကလိုမျိုး ကောင်းမွန်စွာ မပုန်းအောင်းနိုင်တော့ပေ။

အတိတ်တုန်းက သူသည် အာသီသစည်းမျဉ်းနှင့် ပျော်ရွှင်မှုစည်းမျဉ်းသာ ရှိ၏။ ရှေ့တစ်ခုက သူ့ကို ထိခိုက်အောင် မလုပ်သလို နောက်တစ်ခုကို ချိတ်ပိတ်ထားလေသည်။ သို့သော် ယခုတွင် စိတ်ခံစားချက် ၇ပါးအနက် သုံးမျိုးနှင့် ထင်းယွိစည်းမျဉ်းဥပဒေသတို့က သူ့ထိန်းချုပ်မှုမှ လွတ်ကင်းနေလေ၏။

ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်ပြီး သုံးသပ်တော့မည့်ဆဲဆဲတွင် ရုတ်ချည်းဆိုသလို နောက်လှည့်ကာ ကြည့်ပြီး အမူအရာပြောင်းလဲသွားခဲ့သည်။

သူ့နောက်တွင် လေဟာနယ်က ပုံပျက်ယွင်းလာကာ အနီရောင်ပုံရိပ်တစ်ခု ဖျတ်ခနဲပေါ်ထွက်လာသည်။ ထို့နောက် နေရာအနှံ့ ပဲ့တင်ထွက်နေသည့် ရယ်မောသံကိုပင် ကြားလိုက်ရ၏။

“ပျော်ရွှင်မှုမြို့သခင်” ဝမ်ပေါင်လဲ့၏ မျက်ဝန်းထဲ အေးစက်စက် အကြည့်တစ်ချက်ဖြတ်ပြေးသွား၏။ သူက အနီရောင်အလင်းတန်း ပေါ်ထွက်လာသည့်နေရာကို ကြည့်လိုက်သည်။ ထိုအလင်းက အလျင်အမြန် စုဝေးသွားပြီး မှုန်ဝါးဝါးပုံရိပ်တစ်ခု ဖြစ်ပေါ်လာသည်။

ထိုအရာက အရှိန်အဝါတစ်ခုမှ ဖွဲ့စည်းထားသည့် ကိုယ်ပွားတစ်ခုမျှသာ ဖြစ်ကြောင်း သတိထားမိပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့၏ အမူအရာက အနည်းငယ် ပျော့ပျောင်းသွား၏။ သို့သော်လည်း သူ့မျက်ဝန်းထဲရှိ အေးစက်မှုက ကျန်ရှိနေဆဲသာ ဖြစ်သည်။

“စိတ်မလှုပ်ရှားစမ်းပါနဲ့။ ငါက နင့်ကို ရှာတွေ့နိုင်တာကို မအံ့ဩဘူးဆိုတာ သိပြီးသား။ နင်လည်း ထင်းယွိစည်းမျဉ်းဥပဒေသကို နားလည်ပြီးတော့ ထင်းယွိမြို့သခင်တစ်ပိုင်းလို့တော့ မှတ်ယူလို့ရပြီဆိုတော့ ငါတို့ စည်းမျဉ်းကို ကျင့်ကြံတဲ့သူအားလုံးကို နေရာခံနိုင်တယ်ဆိုတာကို သဘောပေါက်မှာပဲ”

ဝမ်ပေါင်လဲ့၏ အမူအရာက အနည်းငယ် မလိုလားသေးပေ။ သို့သော်လည်း သူက တစ်ဖက်သူသည် သူ့ကို ထောင်ချောက်ဆင်ထားလား မပြောနိုင်ပေ။

“ဒီကို စွမ်းရည်လာပြတာတော့ မဖြစ်နိုင်ဘူး။” ဝမ်ပေါင်လဲ့၏ မျက်ဝန်းအထက် အန္တရာယ်အရိပ်အယောင် တစ်ချက် ဖြတ်ပြေးသွားသည်။ သူက ဝှက်ဖဲ မရှိ၍ မဟုတ်ပေ။ အလွန်ဆုံး သူက ပင်မခန္ဓာကိုယ်ကို ရှာဖွေလိုက်ရုံမျှသာ ဖြစ်၏။

သူ့ပင်မခန္ဓာကိုယ်၏ စွမ်းရည်သည် သူသည် အနည်းနှင့်အများ ပြဿနာကို ဖြေရှင်းနိုင်လိမ့်မည်။ သို့သော်လည်း အကြွင်းမဲ့ မလိုအပ်လာသရွေ့ ဝမ်ပေါင်လဲ့က ပင်မခန္ဓာကိုယ်ဆီ မသွားလိုပေ။

ဤသည်က သူ့ခန္ဓာကိုယ်ထဲ စုဝေးနေသည့် စည်းမျဉ်းများစွာ ရှိနေသည့်အခါတွင်ဖြစ်၏။ ပင်မခန္ဓာကိုယ်သာ ထိုအရာကို မမြင်လိုက်ပါက ပင်မခန္ဓာကိုယ်အပေါ် နားလည်ထားနိုင်မှုအရ ပင်မခန္ဓာကိုယ်သည် သူနှင့်ပေါင်းစည်းဖို့ အလျင်လိုလာမည်ကို ကြိုမြင်နေမိသည်။

“ဘယ်ဟုတ်ပါ့မလဲ” ပျော်ရွှင်မှုမြို့သခင်က ပြုံးကာ ပြောလိုက်၏။

“မဟာမိတ်တစ်ယောက်အနေနဲ့ ငါက နင့်ကို အလေးအနက် ထည့်ပြီး စဉ်းစားပေးပါတယ်။ ငါ့ရဲ့ အာရုံခံမှုကို အပြီးတိုင် ပိတ်ဆို့ဖို့ဆိုတာက မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ နင့်ကို ကျန့်ယွိမြို့ဆီ သွားဖို့ အကြံပြုချင်တယ်။  အဲဒီစည်းမျဉ်းကို ကျွမ်းကျင်သွားသရွေ့ မင်းရဲ့ ဇစ်မြစ်ကို ပြောင်းလဲဖို့ ပိုမိုလွယ်ကူသွားလိမ့်မယ်။ ဒါက မင်းအတွက် ဇစ်မြစ် မပေါက်ကြားဖို့ တစ်ခုတည်းသောနည်းလမ်းပဲ”

ထိုသို့ပြောပြီးသည့်နောက်တွင် ပျော်ရွှင်မှုမြို့သခင်က ပြုံးလိုက်၏။ သူမက များစွာ မပြောခဲ့ပေ။

သို့သော်လည်း သူမက ပျောက်ကွယ်သွားတော့မည့်ဆဲဆဲတွင် အတွေးနက်နေသည့် ဝမ်ပေါင်လဲ့ကို တစ်ချက်ကြည့်ကာ အဓိပ္ပာယ်ပါသည့် စကားတစ်ခု ပြောလာခဲ့သည်။

“တကယ်လို့ ငါးကြီးကြီးကို ဖမ်းချင်တယ်ဆိုရင် ငါးစာ လုံလုံလောက်လောက် ရှိရမယ်လေ”

ဝမ်ပေါင်လဲ့က ထိုစကားကို ကြားသည့်အခါ အကြည့်တစ်ချက် ဖြတ်ပြေးသွားသည်။ သူက ပျော်ရွှင်မှုမြို့သခင်ကို ကြည့်လိုက်၏။ သူက ပျောက်ကွယ်သွားတော့မည့် ပုံရိပ်ဖြင့် အကြည့်ချင်းဆုံသွားလေသည်။ တစ်ဖက်သူ ပျောက်ကွယ်သွားသည်ကိုသာ ကြည့်နေလိုက်၏။ သူ့ပတ်ဝန်းကျင်တစ်ခုလုံးက တည်ငြိမ်သွားပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့က အတွေးနက်နေမိသည်။

“ကျန့်ယွိမြို့တော်ဆီ သွားရမှာတဲ့လား… စိတ်ဝင်စားစရာပဲ” ဝမ်ပေါင်လဲ့က အတွေးနက်နေမိသည်။ သူက ထင်းယွိမြို့သခင်သည် အထက်ကမ္ဘာကို အဘယ်ကြောင့် အကြောင်းမကြားလဲ တွေးနေမိသည်။ ထိုအစား သူက ညတာ ဆွဲဆန့်ထားဖို့ နည်းလမ်းကိုသာ အသုံးပြုခဲ့သည်။

အဖြေက သိသာလှ၏။ သူသည် အထက်ကမ္ဘာကို သတင်းမပို့၍ မဟုတ်ဘဲ တားဆီးခံလိုက်ရ၍သာ ဖြစ်၏။

ဝမ်ပေါင်လဲ့က သူ မည်သို့တားဆီးခံလိုက်ရသည်ကို မသိသော်လည်း ကြီးမားသည့် လှည့်ကွက်တချို့ရှိနေမည်ဖြစ်ကြောင်း မှန်းဆမိသည်။ ထိုအရာက စိတ်ခံစားချက် ၇မျိုးဖြစ်နိုင်သလို တခြားသော အံ့ဩလောက်ဖွယ် ဓမ္မလက်နက်လည်း ဖြစ်နေနိုင်သည်။ တစ်ချိန်တည်းဆိုသလို အမည်မသိ အင်အားကြီးပုဂ္ဂိုလ်က သူ့ကို ကူညီပေးတာမျိုးလည်း ဖြစ်နေနိုင်၏။

ဝမ်ပေါင်လဲ့က အတိအကျကို မသိသော်လည်း ပျော်ရွှင်မှုမြို့သခင် ရောက်ရှိလာမှုကြောင့် အကြောင်းအရင်းကို သတိထားမိလာသည်။

အကြိမ်တချို့တွေးပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့က ရုတ်တရက် ရေရွတ်လိုက်၏။

“ငါက ဆုံးရှုံးမခံနိုင်ဘူး။ မင်းကလည်း ဆုံးရှုံးမခံနိုင်ဘူး။ ဒါပေမဲ့ ငါက အဆုံးရှုံးမခံနိုင်ဘူးဆိုတာကို မသိသေးဘူးဆိုတာက အံ့ဩဖို့ကောင်းတယ်”

“ဒါက ပျော်ဖို့ ကောင်းတော့မှာပဲ” ဝမ်ပေါင်လဲ့၏ မျက်ဝန်းအထက်  ထူးဆန်းသည့်အလင်းတစ်ချက် ဖြတ်ပြေးသွားသည်။ သူက ကျန့်ယွိမြို့ဆီ ဦးတည်လိုက်သည်။

ဝမ်ပေါင်လဲ့၏ အရှိန်အရ ကျန့်ယွိမြို့တော်ဆီ ရောက်ဖို့ သုံးရက်မျှ ကြာမြင့်ခဲ့သည်။ သို့သော်လည်း သူက ၇ရက်မျှ အချိန်ယူခဲ့သည်။ အပိုလေးရက်ကမူ ဝမ်ပေါင်လဲ့က ဤခရီးစဉ်အတွက် ကြိုတင်ပြင်ဆင်ထားခြင်း ဖြစ်၏။

ဤသည်က သူ့အတွက် အရန်အစီအစဉ် ဖြစ်ပေသည်။ သူက အမှားအယွင်း လုပ်ပြီး မဖြေရှင်းနိုင်သည်နှင့် အရာအားလုံး ပြောင်းပြန်လှန်ဖို့ အခွင့်အရေးရှိတာ သေချာအောင် ပြုလုပ်ထားသည်။

၇ရက်ကြာမြင့်ပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့က မြို့အပြင်ဘက်တွင် ပေါ်ထွက်လာ၏။ အဝေးမှကြည့်လျှင် ထိုမြို့က ခေါက်ချိုးညီနေလေသည်။

တစ်မြို့လုံးက လမ်းဖြစ်စေ၊ ပစ္စည်းများဖြစ်စေ ပြီးပြည့်စုံသည့် ခံစားချက်ကို ပေးစွမ်းလေ၏။ အထဲတွင် ရှိနေသည့် လမ်းသွားလမ်းလာများကပင် တူညီနေသည်။ သူတို့တစ်ယောက်ချင်းစီက ကမ္ဘာပေါ်တွင်ရှိသမျှ အလှတရားအားလုံးကို ပေါင်းစည်းထားသကဲ့သို့ ဖြစ်နေသည်။ သူတို့၏ ရုပ်ရည်ဖြစ်စေ၊ သွင်ပြင်ဖြစ်စေ၊ အရှိန်အဝါဖြစ်စေ အားလုံးက လျှို့ဝှက်ဆန်းကြယ်ကမ္ဘာတစ်ခုနှင့် တူနေသည်။

ဒီကမ္ဘာက အမြင်နဲ့ ပတ်သက်နေရမယ်…

ဝမ်ပေါင်လဲ့က ထိုလိုအင်ဆန္ဒမြို့ဆီ လျှောက်လှမ်းသွားလိုက်သည်။ သူက မြို့တော်ထဲ ဝင်ရောက်လိုက်သည့်အချိန် မြို့တော်၏ အလယ်၌ အတက်အကျလှိုင်းတစ်ခု ပဲ့တင်ထွက်လာ၏။

ထိုအတက်အကျလှိုင်းက မြေအောက်နန်းဆောင်ဆီမှ ဖြစ်သည်။

မြေအောက်နန်းဆောင်ထဲတွင် သွေးကန်ကြီးတစ်ခု ရှိပြီး ချပ်ဝတ် ဝတ်ဆင်ထားသည့် ခပ်ထွားထွားပုံရိပ်က တင်ပျဉ်ခွေကာ ထိုင်နေသည်။ ထိုအခိုက်အတန့်၌ ပုံရိပ်က ခေါင်းမော့ကာ မျက်လုံးဖွင့်လာပြီး သွေးနီရောင်မျက်ဆံတို့ကို ပြသလာသည်။

“နောက်ဆုံးတော့ ဒီရောက်လာပြီ။ အချိန်အတော်အကြာကြီး မင်းကို စောင့်နေရတာ။ ငါ့ရဲ့ ထင်ကြေးက မမှားဘူးပဲ။ သူ့ကိုယ်ကို ဝါးမျိုပြီးသွားရင် ငါ့ရဲ့ကျိန်စာကို သေချာပေါက် ဖျက်ဆီးနိုင်လိမ့်မယ်”

ခပ်ထွားထွား ပုံရိပ်က လောဘအရိပ်အယောင်ဖြင့် ပြည့်နှက်လာသည်။ သူက သွေးကန်မှ ထကာ ရပ်လိုက်၏။ သူ့ခန္ဓာကိုယ်မှ သွေးနီရောင်အလင်းတန်း တောက်ပနေသည်။ သွေးနီရောင်အလင်းတန်း ပိုမိုတောက်ပလာပြီးသည့်နောက်တွင် ထိုအရာဆီမှ ထူးဆန်းသည့် အတက်အကျလှိုင်းများ  ထွက်ပေါ်လာနေသည်။

All Chapters