← Chapters

ကိုယ့်ဘာသာ ဖောက်ခွဲခြင်း

Vol. 102 Ch. 1414

ကိုယ့်ဘာသာ ဖောက်ခွဲခြင်း

Vol. 102 Ch. 1414

“ငါ့ကို ကောင်းကောင်းသိနေတဲ့ပုံပဲ” သွေးကန်ထဲတွင် ဖိနှိပ်ခံနေရသည့် ဝမ်ပေါင်လဲ့က ကျန့်ယွိမြို့သခင်အား မှုန်မှိုင်းမှိုင်းအမူအရာဖြင့် ကြည့်ကာ ပြောလိုက်သည်။

“မင်း ထင်ထားတာထက် ပိုပြီး မင်းကို နားလည်တယ်” ကျန့်ယွိမြို့သခင်က သွေးကန်ထဲ တင်ပျဉ်ခွေထိုင်ကာ လက်ခုပ် တီးလိုက်သည့်အချိန် စည်းတံဆိပ်များက ပျံ့နှံ့သွားပြီး သွေးကန်နှင့် ပေါင်းစည်းသွားသည်။ ထိုအရာက သွေးကန်ထဲရှိ ရေများက စတင် ဆူပွက်မည့် အရိပ်အယောင်များ ပြသလာလေ၏။

“အတိအကျပြောရရင် မင်း ဒီကမ္ဘာထဲ ရောက်လာကတည်းက မင်းရဲ့ အငွေ့အသက်ကို ခံစားမိခဲ့တယ်” ကျန့်ယွိမြို့သခင်က ဝမ်ပေါင်လဲ့ကို လောဘတကြီးဖြင့် ကြည့်နေရင်း အင်မတန် ပျော်ရွှင်နေမိသည်။ သူက ဝမ်ပေါင်လဲ့ကို စကားနည်းနည်းပြောရ၍ စိတ်ထဲမထားပေ။

“ငါ မင်းကို ဒီရောက်လာဖို့ ဘယ်လောက် အားစိုက်ထုတ်ခဲ့ရတယ်ဆိုတာကို သိမှာမဟုတ်ဘူး။ ငါက ပျော်ရွှင်မှုမြို့သခင်နဲ့တွဲပြီး သူ့ကိုတောင် အကူအညီပေးခဲ့ရသေးတယ်။ ဒါတွေအားလုံးက မင်းအတွက်ပဲ”

 ဝမ်ပေါင်လဲ့က တည်ငြိမ်နေဟန်ပေါ်သော်လည်း ထိုစကားများကြောင့် စိတ်ထဲ ဂယက်ရိုက်သွားလေသည်။ သူက သူ့ရှေ့တွင်ရှိနေသည့် ကျန့်ယွိမြို့သခင်ကို ကြည့်ကာ ရုတ်တရက် ပြောလိုက်၏။

“အဲဒါက ဒီခန္ဓာကိုယ်ကြောင့်လား”

ကျန့်ယွိမြို့သခင်က မျက်မှောင်ကြုတ်လိုက်ပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့ကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်သည်။

“မင်းက ဒီလောက် မြန်မြန်သတိထားမိတယ်လား။ ကြည့်ရတာ မင်းက ပြီးပြည့်စုံတဲ့ အရာပဲ”

“ခင်ဗျားနဲ့ အဲဒီခန္ဓာနဲ့က သဟဇာတဖြစ်တဲ့ပုံ မပေါ်ဘူး” ဝမ်ပေါင်လဲ့က ယခင်က ထိုအရာကို သတိမထားမိခဲ့ပေ။ ယခုအခါ သူက ကျန့်ယွိမြို့သခင်ကို သေချာကြည့်ပြီး တစ်စုံတစ်ခုကို သဘောပေါက်သွားခဲ့၏။ တစ်ဖက်သူ၏ စိတ်ဝိညာဉ်နှင့် ခန္ဓာက တစ်ခုတည်းဖြစ်နေဟန်မပေါ်ပေ။

လူတစ်ယောက်က သူ့ထက် ကြီးမားသည့် အဝတ်အစားများကို ဝတ်ဆင်ထားသကဲ့သို့ဖြစ်နေသည်။

“စိတ်ဝင်စားစရာပဲ” ထိုအရာကို မြင်ကာ ကျန့်ယွိမြို့သခင်က ရယ်မောလိုက်သည်။

“မင်းလည်း မြင်ပြီးပြီဆိုတော့ အဲဒီကျန့်ယွိစည်းမျဉ်းဥပဒေသကို ပိုင်ဆိုင်တာက ငါ မဟုတ်ဘဲနဲ့ ဒီခန္ဓာကိုယ်ဆိုတာလည်း မင်း နားလည်လောက်ပြီ”

“အဲဒါဆိုတော့ ပြန်လည်အသက်ရှင်ဖို့ အသွေးအသားတွေ လိုအပ်တာလား” ဝမ်ပေါင်လဲ့က မေးလိုက်သည်။

“ဟုတ်တယ်။ ဒီခန္ဓာကိုယ်က ငါ့ဝိညာဉ်နဲ့ သဟဇာတ မဖြစ်ဘူး။ အဲဒါဆိုတော့ ပေါင်းစည်းလို့ မရဘူး။ အဲဒါကြောင့် အပျက်အစီးပဲ။ ဒါကို ထိန်းသိမ်းထားဖို့ အသက်ဓာတ်အမြောက်အများလိုအပ်တယ်။ အကြောင်းအရင်းကိုတော့ မသိရပေမဲ့ မင်းကတော့ လိုက်ဖက်ညီနေတယ်။ မင်းကို ဝါးမျိုပြီးတဲ့နောက်မှာ ငါက ဒီခန္ဓာကိုယ်ရဲ့ လိုအပ်နေတဲ့ အသက်ဓာတ်ပြဿနာကို ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မယ်”

“ဒီခန္ဓာကိုယ်ရဲ့ နဂိုဇစ်မြစ်ကရော” ဝမ်ပေါင်လဲ့က ထပ်ပြောလိုက်သည်။

“သိချင်တာလား” ကျန့်ယွိမြို့သခင်က ပြုံးပြီးသည့်နောက်တွင် သူ့မျက်ဝန်းအထက် အလင်းတစ်ချက် ဖြတ်ပြေးသွားသည်။

“ကံဆိုးတာက အချိန်ပြည့်ပြီ။ မင်းက တမင် အဖမ်းခံတယ်ဆိုတာ သိတယ်။ ငါကလည်း ဒီနည်းလမ်းနဲ့ အချိန်နှောင့်နှေးထားခဲ့တာပဲ။ အခု အချိန်လုံလောက်ပြီ”

ကျန့်ယွိမြို့သခင်က စကားအဆုံးသတ်ပြီးသည့်နောက်တွင် ရယ်မောလိုက်သည်။ သူ ရှိနေသည့် သွေးကန်ကြီးက ရုတ်ချည်းဆိုသလို ပွက်ပွက်ဆူလာလေ၏။ သွေးလှိုင်းလုံးများကလည်း အဖက်ဖက်သို့ ပျံ့နှံ့သွားသည်။ တစ်ပြိုင်နက်ဆိုသလို သူ့ခန္ဓာကိုယ်မှ စုပ်ယူမှုတစ်ခု ထွက်ပေါ်လာသည်။

ထိုစုပ်ယူမှုက ဝမ်ပေါင်လဲ့ကို ပစ်မှတ်ထားထားပြီး သူ့ခန္ဓာကိုယ်အား တုန်ခါလာစေသည်။ စွမ်းအင်များက သူ့ချွေးပေါက်များနှင့် ဒွာရ၇ပေါက်မှ စီးထွက်ကာ ကျန့်ယွိမြို့သခင်ဆီ ရောက်ရှိသွားလေသည်။

ဤသို့သော အရေးကြီးသည့်အခိုက်အတန့်မျိုး၌ ဝမ်ပေါင်လဲ့က ရုတ်တရက်ပြောလိုက်သည်။

“တကယ်လို့ ငါးကြီးကြီး ဖမ်းချင်တယ်ဆိုရင် ငါးစာ လုံလုံလောက်လောက်ရှိရမယ်လို့ တစ်ယောက်က ပြောလိုက်တယ်။”

“အဲဒီငါးအကြီးကြီးက မင်းလား၊ ငါလားဆိုတာကိုတော့ မသိသေးဘူး”

“စိတ်ခံစားချက် ၇မျိုးက ကျုပ်ကို ရှာနိုင်တယ်။ တကယ်လို့ ကျုပ် ဝါးမျိုခံရရင် ကျုပ်ကနေတဆင့် ခင်ဗျားကို ရှာနိုင်မှာပဲ။ ဒါက ကျုပ်ရဲ့ ကိုယ်ပွားတစ်ခုပဲ။ ဆုံးရှုံးသွားလို့ ကိစ္စမရှိဘူး။ ဒါပေမဲ့ ခင်ဗျားက ဆုံးရှုံးဖို့ တတ်နိုင်တာ သေချာရဲ့လား”

“အဲဒါဆိုတော့ ဘာလို့ ခုထိ ထွက်မလာသေးတာလဲ။”

ဝမ်ပေါင်လဲ့၏ စကားအဆုံးတွင် ကျန့်ယွိမြို့သခင်က မျက်မှောင်ကြုတ်မိသွားသည်။ သူက လက်ဝှေ့ပြီး မြေအောက်နန်းဆောင်၏ အတားအဆီးများကို အပြီးတိုင် အသက်သွင်းလိုက်သည်။ သို့သော်လည်း သူက ကောင်းကင်ယံမှ ဆင်းသက်လာသည့် အဖြူရောင်အလင်းတန်းကို မတားဆီးနိုင်ပေ။ ထိုအရာက မြေကြီးကို ထိုးဖောက်ကာ အတားဆီးအားလုံးကို ဖြတ်ကျော်ပြီး ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲ ကျရောက်လာလေ၏။ ထိုအရာက အသံကျယ်ကြီးနှင့်အတူ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲရှိ စိတ်ခံစားချက်၇မျိုးမှ လေးမျိုးအား တည်ကြက်အဖြစ် ထားကာ ကြီးမားသည့် အရှိန်အဝါသုံးခုက တိုက်ရိုက်ဆိုသလို ဆင်းသက်လာသည်။

ထိုအရှိန်အဝါသုံးခုက ပျော်ရွှင်မှု၊ ဝမ်းနည်းမှုနှင့် အငြိုးတရားတို့ ဖြစ်၏။ ထိုစဉ် ကျန့်ယွိမြို့အပြင်ဘက်တွင် ဒေါသမြို့သခင်၏ အငွေ့အသက်က ကျရောက်လာသည်။ သို့သော် သူက မြေအောက်ထဲ မဝင်ရောက်ခဲ့ပေ။ ထိုအစား သူက လက်ကိုဝှေ့ယမ်းလိုက်ပြီး ဒေါသစည်းမျဉ်းဥပဒေသကို အသက်သွင်းကာ ကျန့်ယွိမြို့တစ်ခုလုံးကို လွှမ်းခြုံသွားသည့် စည်းတံဆိပ်တစ်ခုလုံးကို ထုတ်ဖော်လာသည်။

ထိုမြင်ကွင်းက မြန်ဆန်လွန်းသည့်အတွက် ကျန့်ယွိမြို့သခင်က ထိုအရာကို မြင်သည့်အခါ အမူအရာ ပြောင်းလဲသွားလေသည်။ သူ့ခန္ဓာကိုယ်က သွေးကန်ထဲမှ နောက်ဆုတ်တော့မည့်ဆဲဆဲတွင် ဝမ်ပေါင်လဲ့၏ မျက်ဝန်းက ဖျတ်ခနဲလက်သွားပြီး ပြောင်းပြန်ပူးကပ်ခြင်းနည်းကို ထပ်မံအသုံးပြုလာသည်။

ထိုအခိုက်အတန့်၌ သူ့ခန္ဓာကိုယ်မှ ကြီးမားသည့် စုပ်ယူအားတစ်ခု ထွက်ပေါ်လာကာ ကျန့်ယွိမြို့သခင်၏ စုပ်ယူအားနှင့် ထိပ်တိုက်တွေ့ဆုံသွားပြီး နှစ်ဦးသားအား နောက်မဆုတ်ဘဲ အချုပ်အနှောင်ကြား မိသွားစေဟန်ပေါ်သည်။

အကယ်၍ တခြားသောအချိန်များဆိုပါက ကျန့်ယွိမြို့သခင်၏ စုပ်ယူအားသည် ဝမ်ပေါင်လဲ့ကို အတင်းအကြပ် ဖိနှိပ်လိမ့်မည်။ သို့သော် ယခုတွင် ပျော်ရွှင်မှုမြို့သခင်နှင့် တခြားသူများရှိလာမှုကြောင့် သူတို့၏ အရှိန်အဝါက အဟန့်အတားဖြင့် ပြောင်းလဲသွားပြီး ကျန့်ယွိမြို့သခင်အား ဆက်တိုက်ဖိနှိပ်လိုက်သည်။

ဤနည်းဖြင့် စိတ်ခံစားချက် ၇မျိုးမှ မြို့သခင်၃ယောက်နှင့် ဝမ်ပေါင်လဲ့တို့၏ ပူးပေါင်းမှုကြောင့် ကျန့်ယွိမြို့သခင်ကို ဝါးမျိုဖို့ အရည်အချင်းပြည့်မှီသွားသည်။

ထိုမြင်ကွင်းကို မြင်ကာ ကျန့်ယွိမြို့သခင်က မယုံကြည်နိုင်စွာ ရေရွတ်လိုက်၏။

“မဖြစ်နိုင်တာ။ ငါ အားလုံးကို တားဆီးပြီးသွားပြီ။ ဘယ်သူကမှ ဒီလူကို နေရာခံနိုင်မှာမဟုတ်ဘူး။ မင်းတို့တွေ…”

“အဲဒါက တခြားနေရာဆိုရင်တော့ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ သူက ကွဲပြားတယ်” ပျော်ရွှင်မှုမြို့သခင်က တီးတိုးပြောလိုက်သည်။ ထို့နောက် ဝမ်ပေါင်လဲ့ကို တစ်ချက်ကြည့်လိုက်၏။ ထို့နောက် သူက စိတ်ခံစားချက်များ ရှုပ်ထွေးနေပြီး ဒေါသတကြီးဖြစ်နေသည့် မြို့သခင်ကို ကြည့်ကာ ဦးညွှတ်လိုက်သည်။

“ကျန့်ယွိမြို့သခင် ကျွန်မအားနာပါတယ်။ ဒါပေမဲ့ ဒါက ကျွန်မတို့အတွက်ပဲ” ပျော်ရွှင်မှုမြို့သခင်က တီးတိုးပြောပြီးသည့်နောက်တွင် လက်ကိုဝှေ့ယမ်းလိုက်သည့်အခါ ပျော်ရွှင်မှုစည်းမျဉ်းဥပဒေသတို့ ထွက်ပေါ်လာသည်။ ဝမ်းနည်းမှု မြို့သခင်နှင့် အငြိုးတရားမြို့သခင်တို့၏ အတူတကွ ပေါင်းစည်းမှုဖြင့် စိတ်ခံစားချက် ၃ခုက ကျန့်ယွိမြို့သခင်ကို တိုက်ရိုက်လွှမ်းခြုံသွားလေ၏။ ထို့နောက် သူ့အမူအရာက ရုတ်ချည်းဆိုသလို ပြောင်းလဲသွားကာ သူ့အတွေးများက စိတ်ရှုပ်ထွေးလာလေသည်။

ဝမ်ပေါင်လဲ့အတွက်မူ သူက သူ့ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို အာရုံစိုက်ထားလေ၏။ ရလဒ်အနေဖြင့် သူစုပ်ယူအားက ပိုမိုအားကောင်းလာလေသည်။ ဤသွေးကန်အတွင်း ကျန့်ယွိမြို့သခင်၏ ခန္ဓာကိုယ်နှင့် သွေးတို့က ချီနှင့် သွေးအဖြစ် ပြောင်းလဲကာ ဝမ်ပေါင်လဲ့ကို လွှမ်းခြုံသွားပြီး ဆက်တိုက်ဆိုသလို သူ့ဒွာရ၇ပေါက်နှင့် ချွေးပေါက်များမှ စီးဝင်ကာ သူ့ခန္ဓာကိုယ်ဖြင့် ပေါင်းစည်းထားသည်။

ဝမ်ပေါင်လဲ့၏ စိတ်ဝိညာဉ်ထဲတွင် မဖော်ပြနိုင်ဖွယ် ပျော်ရွှင်မှုတို့ ဖြစ်ပေါ်လာလေ၏။ သူက သူ့ခန္ဓာကိုယ်၊ ဝိညာဉ်နှင့် အရာအားလုံးက အလျင်အမြန် ကြီးထွားနေသည်ကို ခံစားမိလိုက်သည်။ အတိအကျပြောရမည်ဆိုလျှင် သူက ပိုမိုစစ်မှန်လာသကဲ့သို့ ဖြစ်၏။

ထိုမတိုင်ခင်က သူသည် ကိုယ်ပွားတစ်ယောက်မျှသာ ဖြစ်၏။ သူက အမှီအခိုကင်းသည့် အသိစိတ်ပိုင်ဆိုင်ထားသော်လည်း သူ့ခန္ဓာကိုယ်က နဂိုခန္ဓာမှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ သို့သော် ယခုတွင် ချီနှင့်သွေးတို့၏ ပေါင်းစည်းမှုကြောင့် ဝမ်ပေါင်လဲ့သည် ဤအသက်ဓာတ်က သူ့အပိုင်သာဖြစ်ကြောင်း ခံစားမိ၏။

၃၀ရာခိုင်နှုန်း…၄၀ရာခိုင်နှုန်း

ကျန့်ယွိမြို့သခင်၏ ခန္ဓာကိုယ်က မမြင်နိုင်လောက်အောင် ညှိုးနွမ်းခြောက်ကပ်လာ၏။ သူက ရုန်းကန်လိုသော်လည်း အသုံးမဝင်ခဲ့ပေ။ သူ့ခန္ဓာကိုယ်က အရေပြားနှင့် အရိုးသာ ကျန်ရှိတော့၏။ သူ့သွေးနှင့်စွမ်းအား ၆၀ ရာခိုင်နှုန်းကို ဝမ်ပေါင်လဲ့က စုပ်ယူထားပြီးသား ဖြစ်၏။ ထို့နောက် ကျန့်ယွိစည်းမျဉ်းဥပဒေသသည်လည်း ဝမ်ပေါင်လဲ့ဆီ အမြောက်အများ စီးဝင်သွားသည်။ အရာအားလုံးက ပြောင်းပြန်လှန်နိုင်တော့ဟန်မပေါ်ပေ။

ထိုအခိုက်အတန့်၌ ကျန့်ယွိမြို့သခင်၏ မျက်ဝန်းအထက် ရူးသွပ်မှုတို့ကိန်းအောင်းလာကာ အော်ဟစ်ရင်းဖြင့် နန်းဆောင်မှ အတားအဆီးအားလုံးကို ထုတ်လွှတ်ပြီး ထူးဆန်းသည့်အလင်းရောင်တစ်ချက် ထုတ်လွှတ်လာခဲ့သည်။ ထိုအခိုက်အတန့်၌ အတားအဆီးအားလုံးက ပေါက်ကွဲထွက်သွားပြီး မြေအောက်နန်းဆောင်တစ်ခုလုံးက ပြိုလဲကျသွားသည်။

ထိုပြိုလဲမှုက ကျန့်ယွိမြို့တစ်ခုလုံးအား ငလျင်အသေးစား လှုပ်ခတ်သွားသကဲ့သို့ ဖြစ်၏။ မြေအောက်နန်းဆောင်ကြီးက ပေါက်ကွဲမှုအလယ်တွင် ရှိနေသည့်အတွက် မုန်တိုင်းသဖွယ် သက်ရောက်ခံလိုက်ရကာ ဝမ်ပေါင်လဲ့၏ စုပ်ယူမှုနှင့် စိတ်ခံစားချက် ၇မျိုးတို့ကို ယာယီရပ်တန့်သွားစေ၏။

ထိုအခွင့်အရေးကို အရယူကာ မျှော်လင့်ချက် ကုန်ခမ်းနေသည့် ကျန့်ယွိမြို့သခင်က သူ့ကိုယ်သူဖောက်ခွဲပစ်ဖို့ ရွေးချယ်လိုက်သည်။

ထိုအော်သံကြီးအလယ်တွင် ကျန့်ယွိမြို့သခင်၏ ခန္ဓာကိုယ်က ဖောက်ခွဲရာ၌ လေးပိုင်း ကွဲထွက်သွားလေ၏။ ထို့နောက် ကိုယ်ပွားများက သွေးကန်မှ ထွက်ကာ အဖက်ဖက်သို့ ပြေးထွက်သွားသည်။

All Chapters