← Chapters

သွေးသန့်

Vol. 102 Ch. 1416

သွေးသန့်

Vol. 102 Ch. 1416

ကျန့်ယွိမြို့သခင်မှ ဖန်တီးထားသည့် ကိုယ်ပွားလေးယောက်က ဝမ်ပေါင်လဲ့အား မုန်းတီးနေကြသော်လည်း သူတို့တွင် ရွေးချယ်စရာ မရှိပေ။ ဝမ်ပေါင်လဲ့ မှန်းဆထားသည့်အတိုင်း သူတို့က သူတို့ကိုယ်သူတို့ မဖော်ထုတ်နိုင်ပေ။

အကယ်၍ တခြားသော မြို့သခင်များကို ထည့်မတွက်လျှင်ပင် ဝမ်ပေါင်လဲ့ တစ်ယောက်တည်းဖြင့် သူတို့ကို ဖိနှိပ်ပြီး ဝါးမျိုဖို့ရာ လုံလောက်နေပြီ ဖြစ်၏။ တစ်ချိန်တည်းဆိုသလို မြို့၏ ပိတ်ဆို့ထားမှုကလည်း သူတို့အား နားလည်သွားစေသည်။ ကျိန်စာအတားအဆီးက ကိုယ်တိုင် ဖောက်ခွဲပြီးသည့်နောက်တွင် ပျောက်ကွယ်သွားခဲ့သည်။ သို့သော်လည်း ယခုအခါ မြို့မှ ထွက်ပြေးဖို့ အင်မတန်ခက်ခဲနေဆဲသာ ဖြစ်၏။

နောက်တစ်ချက်ကမူ ထိုကိုယ်ပွားလေးယောက်က ကျန်းယွိမြို့သခင်၏ ကိုယ်တိုင်ဖောက်ခွဲမှုမှ ဖြစ်တည်လာပြီး သူ့အသိစိတ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သော်လည်း သူတို့က အချင်းချင်း မစုစည်းနိုင်ပေ။

သေချာသည့်အနေအထားအရ ထိုအရာသည် ကွဲပြားသည့် အကျင့်စရိုက်များရှိသည့် ကျန့်ယွိမြို့သခင် လေးယောက်ဟု ဆိုနိုင်လေ၏။ သူတို့သယ်ဆောင်ထားသည့် မှတ်ဉာဏ်များကလည်း တစ်ယောက်နှင့်တစ်ယောက် ကွဲပြားနေသည်။

သူတို့ကြားတွင် ကျန့်ယွိမြို့သခင်၏ တည်ရှိမှုကို ကိုယ်စားပြုသည့် ကိုယ်ပွားတစ်ယောက် ရှိ၏။ ထိုကိုယ်ပွားက မှတ်ဉာဏ်အများစုကို သယ်ဆောင်ထားသူ ဖြစ်သည်။ သူက ထောင့်တစ်နေရာတွင် ပုန်းအောင်းနေရင်း ဝမ်ပေါင်လဲ့အား မျက်မှောင်ကြုတ်ကာ ကြည့်နေလေ၏။

သေချာသည့်အချိန်အတွင်း တစ်ဖက်သူက သူ့ကို ရှာနိုင်မည်မဟုတ်ကြောင်း သေချာနေသည်။ ထိုအချိန်က သူ့အတွက် သူ့သွေးနှင့် စွမ်းအားကို ပြန်လည်ရယူဖို့ရာ အခွင့်ကောင်း ဖြစ်၏။

“တခြားကိုယ်ပွားသုံးယောက်က ဘယ်လိုအကျင့်စရိုက်မျိုးတွေရှိမလဲဆိုတာ မသိဘူး။ ဒါပေမဲ့ သူတို့တွေကို သိပ်ပြီး မှီခိုလို့တော့မရဘူး။ သူတို့ရဲ့ တာဝန်က အဲဒီလူရဲ့ အာရုံကို လွှဲပြောင်းဖို့ပဲ”

“သော့ချက်က ဒီနေရာမှာ လုပ်မဲ့ကိစ္စပဲ။ ကံကောင်းတာက ငါက ကြိုတင်ပြင်ဆင်ထားခဲ့လို့ပေါ့”

ကျန့်ယွိမြို့သခင်၏ ကိုယ်ပွားက မျက်မှောင်ကြုတ်ပြီး ထိုနေရာမှ ထွက်ခွာသွားလိုက်သည်။ သူ ပြန်လည်ပေါ်ထွက်လာသည့်အခါ ကျန့်ယွိမြို့ထဲ ရောက်ရှိနေပြီဖြစ်၏။

ပြောရမည်ဆိုလျှင် ရေတွင်း တစ်တွင်းအောက် ဖြစ်သည်။ ထိုရေတွင်းက အတော်လေး သာမန်ဆန်ပြီး အတက်အကျလှိုင်းဟူ၍ မရှိသည့်အတွက် အထဲတွင် ဘာရှိနေမှန်း မည်သူမှ မသိကြပေ။ ထိုအရာက လျှို့ဝှက်ချက်တစ်ခုသာ ဖြစ်၏။

ဤသည်က ပိတ်ဆို့ထားသည့် ခရားတစ်လုံး ရှိ၏။

ထိုအခိုက်အတန့်၌ ကျန့်ယွိမြို့သခင်၏ ကိုယ်ပွားက ထိုခရားဘေးတွင် ပေါ်ထွက်လာသည်။ သူ့ရှေ့တွင်ရှိနေသည့် ခရားကို ကြည့်နေရင်း သက်ပြင်းချလိုက်၏။

ထိုခရားက ကျန့်ယွိမြို့သခင်အတွက် အရန်အစီအစဉ်သာ ဖြစ်၏။ လွန်ခဲ့သည့်နှစ်များစွာခန့်က ကျန့်ယွိမြို့သခင်သည် သူ့ဆရာ နတ်ဧကရာဇ် သီးသန့်ကျင့်ကြံနေစဉ်အတွင်း သူ့ခန္ဓာကိုယ်က ဖြည်းဖြည်းချင်း အသက်ဓာတ်ဆုံးရှုံးလာပြီး ခန္ဓာကိုယ်နှင့် မြဲနေစေရန် အသက်ဓာတ်များကို ဆက်လက်စုပ်ယူနေဖို့ လိုအပ်ကြောင်း သိရှိသွားခဲ့သည်။ အကယ်၍ ဤသို့သာ ဆက်ဖြစ်နေပါက သူသည် ပိုမိုအားနည်းလာနိုင်ကြောင်း သိထား၏။ သူ့ခန္ဓာကိုယ်နှင့် ဝိညာဉ်က သဟဇာတ မဖြစ်တော့ဘဲ တစ်ရက်လျှင် သူ့ခန္ဓာကိုယ်ကို တစ်စုံတစ်ယောက်က လုယူသွားနိုင်ချေရှိသည်။

ထိုခန္ဓာက ကျန့်ယွိစည်းမျဉ်းဥပဒေသကို သယ်ဆောင်ထားသည့်အတွက် ထိုအရာကို ပိုင်ဆိုင်သည့်သူက ကျန့်ယွိစည်းမျဉ်းဥပဒေသ၏ ပြယုဂ် ဖြစ်လာလိမ့်မည်။

သူက ဤသို့သော အရာမျိုးဖြစ်လာမည်ကို အင်မတန် စိုးရိမ်နေခဲ့၏။ ထို့ကြောင့် ထိုသို့ဖြစ်ပျက်လာသည့်အခါ သူက ရင်ဆိုင်ဖို့ အင်အားကင်းမဲ့နေလိမ့်မည်။ ထို့ကြောင့် သူက အခြေအနေကို ပြောင်းပြန်လှန်ဖို့ တွေးထားခဲ့၏။

သူက မူလခန္ဓာကိုယ်ကို အသုံးပြုစဉ်အခါက ပင်မသွေးတစ်စက်ကို သန့်စင်နိုင်ခဲ့သည်။

ထိုသွေးက သန့်စင်မှုအားဖြင့် နတ်ဧကရာဇ်၏သွေးနှင့် အတော်လေး နီးစပ်၏။

ထိုသွေးစက်က ခန္ဓာကိုယ်နှင့် တူညီသည့် ဇစ်မြစ်ရှိသည့်အတွက် ခန္ဓာကိုယ်၏ အရာအားလုံးကို အဝေးကနေ ထိန်းချုပ်နိုင်သကဲ့သို့ ဖြစ်သည်။

ဤသည်က သူ့အတွက် ချန်ထားသည့် နောက်ခံအစီအစဉ် ဖြစ်၏။ ထိုအကြောင်းအရင်းကြောင့် ကိုယ်တိုင်ဖောက်ခွဲပြီး လွတ်မြောက်ဖို့ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ သူက ထိုအရာကို သူနှင့်အတူ ယူဆောင်သွားဖို့ လုံခြုံသည်ဟု မထင်ပေ။ ထို့ကြောင့် သူက ဤနေရာကို ရွေးချယ်ခဲ့ခြင်း ဖြစ်၏။ ဤသို့သော ရတနာမျိုးကို ဤရှေးဟောင်း ရေတွင်းအောက် ဝှက်ထားလိမ့်မည်ဟု မည်သူကမှ တွေးကြည့်မိမည် မဟုတ်ပေ။

ထို့အပြင် ကျန့်ယွိမြို့သခင်အနေဖြင့် သူက သေသေချာချာ စောင့်ကြည့်နေဖို့ မလိုပေ။ သူက ကြားရက်များတွင် တခြားသူများ ထိုနေရာကို သတိမထားမိအောင် လုပ်ဖို့ရာသာ လိုအပ်၏။

ထိုအခိုက်အတန့်၌ သူက မျက်မှောင်ကြုတ်ပြီး ထိုခရားကို ယူဆောင်ကာ အဝေးတစ်နေရာ၌ ပျောက်ကွယ်သွားလေသည်။

အချိန်က ဖြည်းဖြည်းချင်းကုန်လွန်သွားပြီး သုံးရက်တာ ကြာမြင့်သွားခဲ့သည်။

ထိုသုံးရက်တာအတွင်း မြို့ထဲရှိ ကျင့်ကြံသူအားလုံးက မူမမှန်မှုကို လိုက်လံရှာဖွေနေကြသည်။ ပျော်ရွှင်မှုမြို့သခင်နှင့် တခြားသူများကလည်း သူတို့၏ နတ်ဘုရားအသိစိတ်ဖြင့် ဆက်လက် စုံစမ်းနေကြသော်လည်း သဲလွန်စဟူ၍ မတွေ့ရပေ။ ကိုယ်ပွားလေးယောက်က အပြီးတိုင် ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်၏။

ဝမ်ပေါင်လဲ့အတွက်မူ ထိုသုံးရက်အတွင်း သူက ခန္ဓာကိုယ်မှ စည်းမျဉ်းဥပဒေသနှင့် စွမ်းအားနှင့် သွေးများကို အပြီးတိုင် စုပ်ယူခဲ့သည်။ ယခုအခါ ခွန်အားအရ သူသည် မြို့သခင်သုံးယောက်ထက် အားနည်းမည် မဟုတ်ပေ။

အထူးသဖြင့် သူက သူကျွမ်းကျင်နေသည့် အရာက အင်မတန် ရှုပ်ထွေးသည့်အခါတွင် ဖြစ်၏။ စိတ်ခံစားချက် ၇မျိုးအနက် သူက ၄မျိုးကို ကျင့်ကြံထားသည်။ ထိုအနေအထားက သိပ်မမြင့်မားသော်လည်း တစ်ဦးနှင့်တစ်ဦး ဆက်နွယ်နိုင်ဖို့ လုံလောက်နေပြီ ဖြစ်၏။

လိုအင်ဆန္ဒ၆ပါးအနက် ထင်းယွိစည်းမျဉ်းဥပဒေသကလွဲ၍ အာသီသစည်းမျဉ်းဥပဒေသက ပထမနေရာတွင် ရှိ၏။ သူက ထင်းယွိစည်းမျဉ်းဥပဒေသ၏ ၃၀ ရာခိုင်နှုန်းကို ကျွမ်းကျင်ထားသော်လည်း အင်မတန် အားကောင်းနေလေသည်။ ထိုအရာက ဇစ်မြစ်မှ ကွဲထွက်နေလေ၏။

ကျန့်ယွိစည်းမျဉ်းဥပဒေသအတွက်မူ သူက ၆၀ ရာခိုင်နှုန်းကို ရရှိထားသည်။ သူကိုယ်တိုင်က ကျန့်ယွိမြို့သခင်တစ်ယောက် ဖြစ်လာလေ၏။

ဤနည်းဖြင့် ထိုစည်းမျဉ်းများ ပေါင်းစည်းခြင်းမှ ပြသလာသည့် တိုက်ခိုက်စွမ်းရည်က ဝမ်ပေါင်လဲ့ကို ပိုမိုယုံကြည်ချက် ရှိစေသည်။ သို့သော် ထိုသို့ဆိုလျှင်ပင် သူ့နတ်ဘုရားအသိစိတ်က ထိုသုံးရက်တာအတွင်း ဖြန့်ကျက်ထားလျက်ရှိပြီး ကိုယ်ပွားလေးယောက်ကို ရှာမတွေ့သေးပေ။

 သူက ကျန့်ယွိစည်းမျဉ်းဥပဒေသနှင့် သွေးစွမ်းအား ၆၀ရာခိုင်နှုန်းကို ပေါင်းစည်းလိုက်သည့်အချိန် နောက် ၄၀ရာခိုင်နှုန်းကို ရဖို့ ပိုမိုစိတ်အားထက်သန်လာမိသည်။ အားလုံးကို ဝါးမျိုနိုင်သည်နှင့် သူသည် ပြီးပြည့်စုံသည့်အနေအထားသို့ ရောက်ရှိသွားနိုင်သည်ကို ခံစားမိနေသည်။

“ငါက လေးခုလုံး မလိုဘူး။ နှစ်ခု၊ သုံးခုဆို ရပြီ…”

ဝမ်ပေါင်လဲ့က ရေရွတ်ပြီး ယနေ့အတွက် လေ့ကျင့်မှုကို အဆုံးသတ်လိုက်သည်။ သူက သွေးကန်ထဲတွင် တင်ပျဉ်ခွေထိုင်နေရင်းဖြင့် နတ်ဘုရားအသိစိတ်ကို ဖြန့်ကျက်ကာ ဆက်လက်ရှာဖွေဖို့ ပြင်လိုက်၏။

သို့သော် ထိုအခိုက်အတန့်၌ သူ့အမူအရာက ပြောင်းလဲသွားခဲ့သည်။ သူ့နားထဲ ရုတ်ချည်းဆိုသလို အသံကျယ်ကျယ်တစ်ခု ထွက်ပေါ်လာလေ၏။ ထိုအသံက အားကောင်းလွန်းသည့်အတွက် သူ့ခန္ဓာကိုယ်ပင် တုန်လှုပ်သွားစေသည်။ ထို့နောက် သူ့ခန္ဓာကိုယ်ထဲ စုပ်ယူထားသည့် သွေးနှင့်ချီ ၆၀ရာခိုင်နှုန်းမှ ပြင်းထန်သည့် တွန်းကန်အားတစ်ခု ထွက်ပေါ်လာကာ ဝမ်ပေါင်လဲ့၏ ဝိညာဉ်ကို တွန်းလှန်နေသည်။

ထိုအရာက ဝမ်ပေါင်လဲ့အား သတိလက်လွတ် ဖြစ်သွားစေ၏။ သူ့စိတ်နှင့် ဝိညာဉ်တို့က ဂယက်ရိုက်သွားစဉ် သူ့ခန္ဓာကိုယ်မှ အနည်းငယ် လှုပ်ခတ်လိုက်သလို ဖြစ်သွားသည်။ အကယ်၍ တစ်ယောက်ယောက်တွင် ဝိညာဉ်မျက်လုံးကို အသုံးပြုလျှင် ခပ်ထွားထွား အမျိုးသားတစ်ယောက်က ထိုနေရာတွင် ထိုင်နေပြီး သူ့ဝိညာဉ်က ခန္ဓာကိုယ်မှ ထွက်သွားသည်ကို မြင်ရလိမ့်မည်။

ဝမ်ပေါင်လဲ့က တုန်လှုပ်သွားမိ၏။ ထိုခန္ဓာကိုယ်၏ တွန်းကန်မှုက ရုတ်ချည်းဆိုသလို ရောက်လာလေသည်။ ဝမ်ပေါင်လဲ့က ဖိနှိပ်ထားဖို့ ခက်ခဲနေလေ၏။

ကြည့်ရသည်မှာ သူ့ခန္ဓာကိုယ်ကို တစ်စုံတစ်ယောက်က ထိန်းချုပ်ပြီး သူ့ဝိညာဉ်ကို တွန်းလှန်ဖို့ အကောင်းဆုံး ကြိုးစားနေဟန်ပေါ်သည်။

ကံကောင်းစွာဖြင့် ထိုဖြစ်စဉ်က တစ်နာရီခန့်သာ ကြာမြင့်ခဲ့၏။ ဝမ်ပေါင်လဲ့က ထိုတစ်နာရီအတွင်း ရှိသမျှ စွမ်းအား အားလုံးကို ထုတ်သုံးခဲ့သည်။ ထိုအခိုက်အတန့်၌ သူ့အမူအရာက ဖြူဖျော့နေပြီး သူ့ခန္ဓာကိုယ်က ချွေးများဖြင့် ရွှဲနစ်နေသည်။ သူက အသက်လုရှူနေရပြီး ရုတ်ချည်းဆိုသလို ခေါင်းမော့လိုက်၏။ သူက နတ်ဘုရားအသိစိတ်ကို အဖက်ဖက်သို့ ဖြန့်ကျက်လိုက်သော်လည်း ဘာမှမရလိုက်ပေ။ ထိုအရာက သူ့ကို အမူအရာ ပျက်ယွင်းသွားစေ၏။

“ကျန့်ယွိမြို့သခင် ဒါက မင်းရဲ့ နောက်ခံအစီအစဉ်လား” ဝမ်ပေါင်လဲ့က အသံတိုးတိုးဖြင့် ပြောလိုက်သည်။

တစ်ချိန်တည်းဆိုသလို ကျန့်ယွိမြို့ထဲရှိ ရှေးဟောင်းရေတွင်းထဲ ကျန့်ယွိမြို့သခင်၏ ကိုယ်ပွားကလည်း အမူအရာ ပျက်ယွင်းနေလေ၏။ သူက ရေတွင်းအောက်ခြေတွင် ရှိပြီး  ထိုနေရာကို မြေအောက်နန်းဆောင်ငယ်အဖြစ် ပြောင်းလဲထားခဲ့သည်။

သူက သွေးကန် နဂိုရှိရာနေရာ၌ သွေးကို ချထားလိုက်သည်။

“မင်း ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်ပါဘူး။ မင်းရဲ့ ထိန်းချုပ်မှုက ငါ့ရဲ့ သန့်စင်သွေးစက်ကို အချိန်တိုအတွင်း ကျော်လွန်နိုင်လိမ့်မယ်လို့ မယုံဘူး”

ကျန့်ယွိမြို့သခင်၏ ကိုယ်ပွားက အေးစက်စက် အော်ဟစ်ရင်း ပြောလိုက်သည်။

“တစ်ရက်မှာ တစ်ခါပဲ အသက်သွင်းနိုင်တာ နှမြောဖို့ကောင်းတယ်။ ဒါပေမဲ့ ကိစ္စမရှိပါဘူး။ မင်း ဘယ်လောက်ကြာကြာတောင့်ခံနိုင်မလဲဆိုတာ ကြည့်ရသေးတာပေါ့”

All Chapters