ပြည်နယ်ကိုးခုက ပြောင်းလဲလိမ့်မည်
Vol. 009 Ch. 899
အဆုံးမဲ့ပင်လယ်၏ ကောင်းကင်ကား မိုးပြာရောင်များ စွန်းထင်းနေကာ တိမ်များ ကင်းစင်နေသည်။
လူတစ်စုကား ခွန်ပန်နှင့်အတူ ခရီးနှင်နေကြကာ ကြီးမားသော အရှိန်အဝါများ ရှိပေသည်။ သူတို့အုပ်စုကား ကမ်းပါးမြို့မှ ခရီးနှင်လာခဲ့ကြသော ပင်လယ်နန်းတော် ဦးဆောင်သော အဖွဲ့ဖြစ်သည်။
ကြောက်မက်ဖွယ် ခွန်ပန်သားရဲ သတ္တဝါဆန်းကား အနီးပတ်လည်မှ သားရဲများအား ကြောက်လန့်စေရာ မည်သည့် အတားအဆီးမှ မရှိပေ။
နာမည်အတိုင်းပင် အဆုံးမဲ့ပင်လယ်ကား အဆုံးအစမဲ့အောင် ကျယ်ပြောပေသည်။ အပျက်အစီး နယ်မြေ၏ နေရာက လျှို့ဝှက်ချက် မဟုတ်သော်လည်း ရီဖူရှင်း တစ်ယောက်တည်းဖြင့် ရှာဖွေရန်မူကား ထိုမျှ မလွယ်ကူပေ။ အဆုံးမဲ့ပင်လယ်၏ အထက်တွင် အရပ်မျက်နှာကိုပင် ခန့်မှန်းရန် မလွယ်ပေ။
ပင်လယ် နန်းတော်ကား အဆုံးမဲ့ပင်လယ်မှ တော်ဝင်မြေ သုံးခုအထဲ တစ်ခုဖြစ်သည်။ သူတို့တွင် အပျက်အစီး နယ်မြေ၌ စောင့်ကြပ် ခိုင်းထားသည့် တန်ခိုးရှင်များပင် ရှိကာ ထိုနေရာသို့ သွားရန် နည်းလမ်းများ ရှိကြပေသည်။
ထိုအခိုက်တွက် ရီဖူရှင်းအနီးသို့ လူတစ်ယောက် လျှောက်လာကာ ဦးညွတ်လျက် နှုတ်ဆက်သည်... “စီနီယာ...”
ရီဖူရှင်း၏ မျက်လုံးများက လူငယ်ထံကို ရောက်သွားသည်။ သူကား အသက် ၂၅ခန့်မျှ ရှိကာ ချောမော ခန့်ညားသော ရုပ်ရည် ရှိပေသည်။
“ကျုပ်နာမည် လျူဟန်ပါ ... ခင်ဗျား သုံးလိုက်တဲ့ လှံချက်က ရိုးရှင်းတယ် ထင်ရပေမဲ့ လောက စွမ်းအားတွေနဲ့ ပေါင်းစပ်ထားတယ် ... ကျုပ်က မိသားစုထဲမှာ ထူးခြား ထက်မြက်တဲ့ ပညာရပ်တွေ အများကြီး မြင်ဖူးတယ် ... ဒါပေမဲ့ ဒီလောက်ကောင်းတဲ့ လှံချက် မတွေ့ဖူးဘူး...” လျူဟန်က တိုးညင်းစွာ ပြောသည်။
“အဲဒါ လျူကလန် ခေါင်းဆောင်ရဲ့မြေးပဲ... လျူစီရွှမ်ရဲ့ မောင်ငယ်လေးလည်း ဖြစ်တယ်... သူ့တန်ခိုးအဆင့်က ကျွန်မအဆင့်နဲ့ အတူတူပဲ...” လျူယွီက ရီဖူရှင်းအား စိတ်ဖြင့် ပြောသည်။ ရီဖူရှင်းက လျူဟန်ကို ပြောသည်... “ဒီအကွက်က သင်ပေးလို့ ရပါတယ်... ဒါပေမဲ့ အဆင့်မြင့် တိုက်ကွက်တော့ မဟုတ်ဘူး ...”
“တိုက်ကွက်က ရိုးရှင်းလွန်းပြီး ဒီလောက် အားကောင်းတဲ့ စွမ်းအားကို ထုတ်နိုင်တယ်... ဒါပေမဲ့လည်း ဒီတိုက်ကွက်က စီနီယာရဲ့ တကယ့် စွမ်းအားကို ထုတ်ပြခဲ့တာ မဟုတ်ဘူး...” လျူဟန်က ယဉ်ကျေးစွာ ပြောသည် ... “ဒီခရီးပြီးရင် စီနီယာက ကမ်းပါးမြို့ကို ပြန်မှာလား...”
ရီဖူရှင်းက ခေါင်းညိတ်ကာ မျက်လုံးကို ရှေ့သို့ ကြည့်သည်။ ကလန်များ၏ မျိုးဆက်များမှာ ပုံမှန်အားဖြင့် မောက်မာ ကြသော်လည်း တကယ့်စွမ်းရည် ရှေ့တွင်မူကား လေးစားကာ ယဉ်ကျေးရပေသည်။
လျူဟန်က အဆင့်မြင့် နိုဘယ် ဖြစ်သော်လည်း အာရုံခံနိုင်စွမ်း မြင့်ကာ ရီဖူရှင်း၏လှံချက်က မရိုးရှင်းကြောင်း ခံစားမိသည်။
“စိတ်မကောင်းစရာပဲ.. ကျွန်တော်က စီနီယာဆီမှာ အကြံပေး လမ်းညွှန်မှုတွေ ခံယူချင်တာ...” လျူဟန်က ပြောသည်။
သူတို့ဘေးတွင် လျူယွီ၏ လှပသော မျက်လုံးများက အရောင်လက် သွားသည်။ ရီဖူရှင်းအတွက် လျူဟန်ကို သင်ပေးခြင်းက အခွင့်အလမ်းကောင်း ဖြစ်ကာ သူ့အတွက် လျူကလန်၏ ပင်မမိသားစုထဲသို့ ဝင်ရန် အခွင့်အရေး ရပေမည်။
“သို့သော်လည်း ရီဖူရှင်း၏အကြည့်က ရှေ့ကို ရောက်သွားကာ မည်သို့မှ စိတ်မဝင်စားဟန်ဖြင့် အေးဆေးစွာ ပြောသည်… “မင်းမိသားစုက စွန့်စားသွားလာဖို့ ခွင့်ပြုမှတော့ သူတို့က မင်းကို ဒီခရီးမှာ စွမ်းဆောင်ရည် ကောင်းတွေ ပြနိုင်ပြီး ပင်လယ် နန်းတော်ထဲကို ဝင်စေချင်လိမ့်မယ်...”
လျူဟန်က ပြုံးလျက် ခေါင်းယမ်းသည် ... “အပျက်အစီး နယ်မြေက ဘယ်လိုနေရာလဲ ဆိုတာ စီနီယာသိမှာပါ ... ကျွန်တော့်အဆင့်နဲ့ ဘာအစွမ်းပြလို့ ရမှာလဲ...”
“ငါက အပျက်အစီး နယ်မြေနဲ့ ပတ်သက်ပြီး စာအုပ် နည်းနည်း ဖတ်ဖူးတယ်... အဲဒီနေရာက ပင်လယ်ဘုရင်ရဲ့ နေရာပဲ... ပင်လယ်ဘုရင် သေဆုံးသွားတဲ့အခါ သူ့နန်းတော်ကလည်း ကျွန်းစုတစ်ခုလုံးနဲ့ အတူ ရေအောက်ထဲကို နစ်မြုပ်သွားတယ်...” ရီဖူရှင်းက ပြောသည်။
ရီဖူရှင်းကလည်း အချိန်နှင့် လေဟာနယ်လှံကို ရယူလိုမှတော့ သူကလည်း အချို့သော စုံစမ်းလေ့လာမှုများကို ပြုလုပ် ထားပေသည်။
အချိန်နှင့် လေဟာနယ်လှံကား ပိုင်ရှင်မဲ့ လက်နက်ဖြစ်ကာ နှစ်ပေါင်းများစွာ တိုင်အောင် အဆုံးမဲ့ပင်လယ်၏ စွမ်းအား အမြင့်ဆုံး တန်ခိုးရှင်ဖြစ်သော ပင်လယ်ဘုရင်၏ လက်ထဲတွင် ရှိနေခဲ့၏။ သူ့ခေတ်အခါ၌ ပင်လယ်ဘုရင်ကား အဆုံးမဲ့ ပင်လယ်ကို အုပ်စိုးပေသည်။ ထိုစဉ်က အဆုံးမဲ့ပင်လယ်၌ မည်သည့် တော်ဝင်မြေများမှ မရှိဘဲ ပင်လယ်ဘုရင် တစ်ပါးတည်းကသာ အုပ်စိုးခဲ့ပေသည်။ ယနေ့ ပင်လယ် နန်းတော်မှာ ပင်လယ်ဘုရင်၏ မျိုးဆက်များဟု သူတို့ဘာသာ ပြောဆို ကြပေသည်။
“ဟမ်...” လျူဟန်က ခေါင်းညိတ်သည် ... “ဒီနေ့အထိ အပျက်အစီး နယ်မြေက အဆုံးမဲ့ပင်လယ်မှာ နတ်ဘုရား နယ်မြေလိုပဲ အမြင့်ဆုံး အဆင့်အတန်းမှာ ရပ်တည်နေတုန်းပဲ... ရှန့်ထိုတွေတောင် အထဲကို မဝင်နိုင်ဘူး ... ပင်လယ်ဘုရင်ရဲ့ ဝိညာဉ် အပိုင်းအစက ပင်လယ်ဘုရင် ရုပ်တုထဲမှာ ရှိနေပြီးတော့ အခုထိ တည်ရှိနေတုန်းလို့ လူတွေက ပြောကြတယ်...”
လွန်ခဲ့သော နှစ်ပေါင်းများစွာက နတ်ဘုရားမှာ သက်ရှိထင်ရှား မရှိတော့သည့်တိုင် ယနေ့ ခေတ်ရှန့်ထိုများကို ဖိနှိပ် ထားနိုင်ခြင်းမှာ အလွန်ပင် အံ့ဖွယ် ကောင်းပေသည်။
“နှစ်ပေါင်းများစွာ ကြာအောင် တော်ဝင်မြေတွေက ရတနာလှံကို ရယူဖို့ ကြိုးစားခဲ့ကြပေမဲ့ မအောင်မြင်ခဲ့ကြဘူး ... ဒီတစ်ခေါက် ဘာလို့ ကြိုးစား ကြတာလဲ...” ရီဖူရှင်းက မေးသည်... “ငါ သိသလောက် အခု တော်ဝင်မြေတွေရဲ့ တပည့်တွေ အတော်များများက တော်ဝင်မြေတွေမှာ ရှိမနေကြဘူး...”
“ကျွန်တော်လည်း မသေချာဘူး ... ပင်လယ် နန်းတော်က လူတွေကို မေးတာ ပိုသေချာမယ် ထင်တာပဲ...” လျူဟန်က ပြောသည်။
“တခြားလူတွေ မအောင်မြင်တာနဲ့ပဲ ကျုပ် မအောင်မြင်ဘူးလို့ ဘယ်သူ ပြောတာလဲ...” ခွန်ပန်၏ ဦးထက်တွင် ရပ်နေသော ငွေရောင်ဝတ်စုံဖြင့် လူငယ် တစ်ယောက်က ပြောသည်။ သူ၏မျက်လုံးများက အလွန်မောက်မာ ဝင့်ကြွားသော အငွေ့အသက်များ စိမ့်ထွက်နေသာ အေးစက်သော မျက်လုံးများဖြင့် ရီဖူရှင်းကို ကြည့်သည်။
ချက်ချင်းပင် မရေမတွက်နိုင်သော လူများက စကား ပြောလိုက်သူထံသို့ ရောက်သွားသည်။ သူကား ပင်လယ်နန်းတော် တန်ခိုးရှင်များ အကြားတွင် ရပ်နေသည်။ လျူရှီနှင့် လျူစီရွှမ်တို့လည်း သူ့ဘေးတွင် ရပ်နေကြ၏။ အများစုက ထိုလူငယ်အား သိကြသည်။
“လျူယွီက ပင်လယ်နန်းတော် ရှန့်ထိုရဲ့ တပည့်ပဲ ... သူက ပြီးခဲ့တဲ့၂နှစ် ပြည်နယ်ကိုးခု ညီလာခံမှာ ထိပ်သီး ဆယ်ယောက် စာရင်းထဲကို ဝင်ခဲ့တယ် ... အခု သူက အလယ်အလတ် ရှီအဆင့်ပဲ...” လျူဟန်က ရီဖူရှင်းအား စိတ်ဖြင့် ပြောသည်။ ရီဖူရှင်းက သူစကားပြော မှားသွားသည်ကို သိလိုက်သည်။
တော်ဝင်စစ်ပွဲကြောင့် လွန်ခဲ့သော ၂နှစ်ခန့်က ပြုလုပ်သော ပြည်နယ်ကိုးခု ညီလာခံအား မြေရိုင်းပြည်နယ်က တက်ရောက်ခဲ့ခြင်း မရှိပေ။ သို့သော်လည်း သူက ပြည်နယ်ကိုးခု ညီလာခံ ထိပ်သီး ဆယ်ယောက် စာရင်းသို့ ဝင်နိုင်ခြင်းမှာ အမှန်တကယ် ထူးချွန် ပြောင်မြောက်၍ ဖြစ်ပေမည်။
ပြည်နယ်ကိုးခုမှ တော်ဝင်မြေ တပည့်များမှာ သူ၏အဆင့်၌ မရှိဟု သူပြောခဲ့သည်။ တခြားလူများ မတတ်နိုင်သော အရာကို သူလုပ်မည် ဟူသော ယုံကြည်ချက် ရှိနေဟန်ရ၏။
“တောင်းပန်ပါ....” လျူယွီ၏ဘေးမှ လျူရှီ၏ မျက်လုံးများက ရီဖူရှင်းထံကို ရောက်လာကာ တည်ငြိမ်စွာ ပြောသည်။
ရီဖူရှင်းက လျူကလန်မှ လူများဖြင့် လာခြင်းဖြစ်သည်။ ရီဖူရှင်း မည်သူ ဖြစ်သည်ကို သူမသိသော်လည်း သူက လျူကလန်မှ တန်ခိုးရှင် တစ်ယောက် ဖြစ်ကြောင်း ခန့်မှန်းမိပေသည်။
သူ၏ သတိလက်လွတ် စကားက ပင်လယ်နန်းတော်မှ လင်းယွီအား သဘောမကျ ဖြစ်စေပါက သူ့တွင် တောင်းပန်ရန် တာဝန် ရှိပေသည်။
ရီဖူရှင်း၏ မျက်လုံးများက လျူရှီထံသို့ ရောက်လာသည်။ မျက်နှာဖုံးအောက်မှ သူ၏မျက်လုံးများမှာ အလွန် တည်ငြိမ်လွန်းရကား လျူရှီကို ရှိသည်ဟုပင် သဘောထားပုံ မရပေ။
တစ်ဖက်လူက ပြည်နယ်ကိုးခု ညီလာခံ၌ ထိပ်သီး ဆယ်ယောက် စာရင်းဝင် ဖြစ်သောကြောင့် သူက တောင်းပန်ရန် လိုသည်လား။
သူပြောသော စကားက နားလည်မှု လွဲနိုင်သော်လည်း အမှန်တကယ် အားဖြင့် သူပြောသည်မှာ အနည်းငယ်မျှပင် မမှားပေ။ တော်ဝင်မြေများမှ လူများမှာလည်း လက်ရှိတွင် သူတို့၏ တော်ဝင်မြေများ၌ မရှိကြပေ။
“အစ်မ...” လျူဟန်က သူ၏အစ်မလျူစီရွှမ်အား ကြည့်ကာ စိတ်ဖြင့် လှမ်းခေါ်သည်။ မည်သို့ဆိုစေ ရီဖူရှင်းကား သူနှင့် စကားပြောနေရင်း လင်းယွီကို စိတ်မကျေမနပ် ဖြစ်အောင် ပြုမိခြင်း ဖြစ်သည်။ သူက ရီဖူရှင်း ပြဿနာ ဖြစ်မည်ကို မလိုလားပေ။
တစ်ဖက်လူကား ပင်လယ် နန်းတော်မှ ဖြစ်သည်။
လျူယွီ၏မျက်နှာက အနည်းငယ် ပြာနှမ်းသွားသည်။ လင်းယွီကား ထိုနေရာတွင် အေးအေးလူလူ ရပ်နေခြင်းကပင် လျူကလန်မှ လူများအား ဖိအားများ ဖြစ်စေနိုင်ပေသည်။
“သူက တခြား အဓိပ္ပာယ်နဲ့ပြောတာ မဟုတ်ပါဘူး...” လျူစီရွှမ်က တီးတိုး ပြောသည်။ မည်သို့ဆိုစေ ရီဖူရှင်းကား လျူကလန်နှင့်အတူ လာခြင်းဖြစ်သည်။
လျူယွီ၏ အကြည့်က ရီဖူရှင်းထံကို ရောက်နေဆဲ ဖြစ်သည်။ ထို့နောက် သူက အနည်းငယ် ပြုံးလိုက်ကာ ပြောသည်... “ဒါက အဆင်ပြေပါတယ် ... သူပြောတာ ပြဿနာ မရှိဘူး...”
သူက ထိုသို့ ပြောလိုက်သည်နှင့် ပတ်ဝန်းကျင်လေထု တင်းကျပ်နေသည်များ အားလုံး ပျောက်ကွယ် သွားသည်။
လျူရှီက ရီဖူရှင်းအား စွေစောင်း၍ တစ်ချက် ကြည့်သည်။ သူကား ပင်လယ် နန်းတော်ကို ယခုမှ ဝင်ရောက်ခြင်း ဖြစ်ရာ သူ့ကလန်မှ လူတစ်ယောက်က ပင်လယ်နန်းတော်မှ ပါရမီရှင်များအား အပြစ် လုပ်မိမည်ကို သူ မလိုလားပေ။
“ဒီနေ့ခေတ် ပြည်နယ်ကိုးခုမှာ တော်ဝင်လမ်းကို အဆင့်မီတဲ့ ပါရမီရှင်တွေ အများကြီး ပေါ်ထွက် လာခဲ့ကြတယ်… စီရွှမ်… သူတို့ကို မင်းကြားဖူးလား...” လင်းယွီက ညင်သာစွာ ပြောသည်။
လျူစီရွှမ်က ခေါင်းညိတ်သည်။ သူမက အလွန် ဂုဏ်ယူဝင့်ကြွားကာ မာနကြီးသော်လည်း ကမ်းပါးမြို့က ပြင်ပလောကနှင့် ယှဉ်လျှင် ဘာမှ မဟုတ်ကြောင်း သူမကိုယ်တိုင်က သိနားလည်ပေသည်။
“ပြည်နယ်ကိုးခု ကျောင်းတော်ရဲ့ တပည့်တွေဖြစ်တဲ့ တွန်ဟေးနဲ့ လင်းရှာပိုင်တို့က တော်ဝင်လမ်းကို ဆက်ခံဖို့ ပါရမီ ပါကြတယ် ကြားတယ်... ပြီးတော့ တော်ဝင် အလင်းနန်းတော်က ကျိမို၊ ရှီဟွာတောင်က လျူကျောင်းတို့က နာမည် ကျော်ကြားတယ်...” သူမက ဆက်ပြောသည်... “ပြီးတော့ မြေရိုင်းပြည်နယ်က ရီဖူရှင်း… သူ့ပါရမီက မျိုးဆက်တစ်ခုလုံးကို လွှမ်းမိုးနိုင်စွမ်း ရှိတယ်...”
ရီဖူရှင်း၏ ဘေးတွင် ရပ်နေသော လျူဟန်က အနည်းငယ် စိတ်လှုပ်ရှားဟန်ဖြင့် ရီဖူရှင်းကို စိတ်ဖြင့် လှမ်းပြောသည်... “မြေရိုင်းပြည်နယ် တော်ဝင်ကျဲ နန်းတော်သခင် ရီဖူရှင်းနဲ့ ပတ်သက်ပြီး အစ်မက တစ်ခါ ပြောဖူးတယ် ... သူက ဘယ်နေရာက ထွက်လာမှန်း မသိပေမဲ့ သူ့ပါရမီနဲ့ ရုပ်ရည်က ပြိုင်ဘက် ကင်းတယ်တဲ့.. ကျုပ်က သူ့ကို ကိုယ်တိုင် မတွေ့ဖူးပေမဲ့ ကျုပ်တို့ မောင်နှမအတွက် သူက လေးစား အားကျရတဲ့သူပဲ...”
မျက်နှာဖုံးအုပ်မှ ရီဖူရှင်း၏ အမူအရာမှာ ပိုမို၍ ထူးဆန်း လာသည်။ သူ၏နာမည်က ထိုမျှ ကျော်ကြားသည်လား။
သည်မျှ ဝေးကွာသော အဆုံးမဲ့ ပင်လယ်၌ပင် သူနှင့် ပတ်သက်သော အကြောင်းများ ပျံ့နှံ့နေခဲ့သည်။
“မှန်တယ် ... ဒီလူတွေက ပြည်နယ်ကိုးခုရဲ့ လူငယ် မျိုးဆက်ထဲမှာ တကယ်ပဲ ထူးချွန်သူတွေပဲ ... ဒါပေမဲ့ အချိန်တွေက အဆက်မပြတ် ပြောင်းလဲနေတယ် ... ရီဖူရှင်း မကျော်ကြားခင်က သူ့ကို ဘယ်သူတွေ သိကြလို့လဲ ... အနာဂတ်မှာ သူ့နေရာကို အစားထိုးသူတွေလည်း နောက်ထပ် ရှိလာမှာပဲ... နှစ်ပေါင်းများစွာ ရတနာလှံကို ဘယ်သူမှ မယူနိုင်ခဲ့ပေမဲ့လည်း နောက်ပိုင်း ဘယ်သူမှ မရဘူးလို့ မပြောနိုင်ဘူး...”
လင်းယွီက တည်ငြိမ်စွာ ပြောသည်။
“တော်ဝင်မြေသုံးခုက အပျက်အစီး နယ်မြေကို လာရောက် ရှာဖွေတယ် ဆိုတာကလည်း အခု ပြည်နယ်ကိုးခုမှာ ဖြစ်နေတဲ့ ကိစ္စရပ်တွေက ခေတ်သစ်တစ်ခုကို ဦးတည်နေလို့ပဲ... ပြည်နယ်ကိုးခု တော်ဝင်မြေတွေက နောက်ထပ် အပြောင်းအလဲကြီး တစ်ခုကို ကြုံတွေ့ရလိမ့်မယ်... အချိန်နဲ့ လေဟာနယ်လှံက ထွက်လာဖို့ အချိန်တန်ပြီ...” လင်းယွီက ပြောသည်။
မြေရိုင်းပြည်နယ်၏ တိုးတက်လာမှု၊ တော်ဝင် စစ်ပွဲဖြစ်ပေါ်လာမှု၊ ထူးဆန်းသော ပြည်နယ်ကိုးခု တမန်တော်က ပါရမီရှင်များအား ဦးဆောင်ကာ အထက်ဘုံသို့ ခေါ်ဆောင်သွားမှု ... စသည်တို့က ပြည်နယ်ကိုးခုမှာ မကြာမီ ပြောင်းလဲတော့မည်ဟု ဆိုလိုနေသည်။
ဤသို့သော အပြောင်းအလဲများတွင် ထူးခြား ပြောင်မြောက်သူများလည်း ထွက်ပေါ် လာမည်မှာ သေချာပေသည်။
ထိုသို့သော သူများထဲတွင် လင်းယွီက သူ၏နာမည်လည်း ပါဝင်ရန် လိုလားပေ၏။
ရီဖူရှင်း၏ စိတ်နှလုံးကလည်း အနည်းငယ် လှုပ်ရှားမိသည်။ ပြည်နယ်ကိုးခုက မကြာခင် ကြီးမားသော လှုပ်ခတ်မှုများ ဖြစ်လာတော့မည်ကို သူလည်း ခံစားရပေသည်။ ထို့အတူ မြေရိုင်း ပြည်နယ်က ကြီးမားသော ဘေးအန္တရာယ်နှင့်လည်း ကြုံတွေ့ ရပေလိမ့်မည်။ ထို့ကြောင့်ပင် သူက အဆုံးမဲ့ ပင်လယ်သို့ ရောက်လာခြင်း ဖြစ်သည်။
လင်းယွီ၏ စကားအရ ပင်လယ်နန်းတော်မှ ရှန့်ထိုများမှာလည်း ထိုသို့သော ခံစားချက်များ ရှိနေကြောင်း သူရိပ်မိပေသည်။ ထို့ကြောင့် တော်ဝင်မြေသုံးခုက အချိန်နှင့် လေဟာနယ်လှံကို ရယူရန် ကြိုးစားကြခြင်း ဖြစ်ပေမည်။
ပြည်နယ်ကိုးခုကား မကြာခင် ပြောင်းလဲ ပေတော့မည်။
***