ဆရာ
Vol. 102 Ch. 1418
သူတို့က ထိုနေရာတွင် ဘာမှရှိဟန်မပေါ်သော်လည်း ထိုအရာက သာမန်ခရာတစ်လုံးကလွဲ၍ ဘာမှဟုတ်ဟန်မပေါ်သော်လည်း အထဲမှ ဆက်တိုက်ထုတ်လွှတ်နေသည့် ထူးကဲသည့် အငွေ့အသက်တစ်ခု ရှိနေသည်။
တစ်ချိန်တည်းဆိုသလို ဝမ်ပေါင်လဲ့က ရောက်ရှိလာသည်နှင့် သူ့ဝန်းကျင်တွင် စိတ်ခံစားချက် ၇မျိုး၏ အငွေ့အသက်များကလည်း သက်ဆင်းလာကာ ပျော်ရွှင်မှုမြို့သခင်နှင့် ဒေါသမြို့သခင်တို့၏ ပုံရိပ်အဖြစ် ပြောင်းလဲသွားခဲ့သည်။ သူတို့က ကျန့်ယွိမြို့သခင်၏ ကိုယ်ပွားကို ကြည့်လိုက်ကြ၏။
ကျန့်ယွိစည်းမျဉ်းဥပဒေသကြောင့် သူတို့က ဝမ်ပေါင်လဲ့ကို အာရုံမခံနိုင်သည့်အတွက် အခြေအနေကို မမြင်လိုက်ရပေ။ ထို့ကြောင့် သူတို့က ဝမ်ပေါင်လဲ့ အကြောင်းကြားပြီးသည့်နောက်မှသာ ရောက်လာခြင်း ဖြစ်၏။
ဝမ်ပေါင်လဲ့က တစ်ဖက်သူသည် သူ့ဝိညာဉ်ကို ရှင်းထုတ်ရုံမျှဖြင့် ရိုးရှင်းမည် မဟုတ်ကြောင်း ကောင်းကောင်းသိထားလေ၏။ အကယ်၍ သူသာ ထောင်ချောက်ဆင်ထားပါက သူ့အနေနှင့် ဒုတိယအစီအစဉ် ပြင်ဆင်ထားရမည်။ တစ်ဖက်သူက သူ့ကို ရှာတွေ့သွားသည်နှင့် သူသည် ထောင်ချောက်ကို ရင်ဆိုင်ရနိုင်ချေရှိ၏။
လက်တွေ့၌မူ ဝမ်ပေါင်လဲ့၏ အကဲဖြတ်ချက်က မှန်ကန်နေခဲ့သည်။ ကျန့်ယွိမြို့သခင်ကိုယ်ပွားက ဝမ်ပေါင်လဲ့အား လွန်ခဲ့သည့်သုံးရက်ခန့်ကတည်းက တွေ့ဖို့ရာ ကြိုးစားခဲ့ပြီး ဝမ်ပေါင်လဲ့၏ ခုခံမှုက မည်မျှအားကောင်းနေလဲ သဘောပေါက်သွားခဲ့သည်။ ထို့ကြောင့် သူက ပြင်ဆင်မှုများ စတင်ပြုလုပ်ထား၏။ လက်ရှိမြေအောက်နန်းဆောင်ကို သတ်ဖြတ်ရေးအစီအရင်အဖြစ် ပြောင်းလဲထားခဲ့သည်။
ထို့ကြောင့် သူ့မျက်ဝန်းအထက် ထိတ်ပျာမှုဟူ၍ မရှိဘဲ အမုန်းတရားသာ ရှိနေခြင်း ဖြစ်၏။
ပျော်ရွှင်မှုမြို့သခင်နှင့် တခြားသူများ ရောက်ရှိလာသည့်အခါ မြေအောက်နန်းဆောင်တွင် ဖြစ်ပျက်သမျှအရာအားလုံးကို မြင်လိုက်ရသည်။ သူတို့က သွေးစက်ကို မြင်သည့်အခါ အမူအရာ ပြောင်းလဲသွား၏။
“ဒီအရှိန်အဝါက …”
“ဒါက နတ်ဧကရာဇ်ရဲ့သွေးပဲ”
“မဖြစ်နိုင်ဘူး။ နတ်ဧကရာဇ်ရဲ့ သွေးက ကျန့်ယွိစည်းမျဉ်းဥပဒေအတွက် ခန္ဓာအဖြစ် ပြောင်းလဲပြီးသွားပြီလေ။ ဘယ်လိုလုပ် သွေးစက်ရှိနေဦးမှာလဲ”
စိတ်ခံစားချက်၇မျိုးမှ မြို့သခင်သုံးယောက်၏ အမူအရာက ပျက်ယွင်းကာ နောက်ဆုတ်လိုက်ကြသည်။ သို့သော်လည်း သူတို့က နောက်ကျလွန်းသွားခဲ့၏။ သူတို့က ကျန့်ယွိမြို့သခင်၏ ကိုယ်ပွားကို မြင်လိုက်ရသည့်အခါ ထိုလူက အရူးတစ်ယောက်လို ရယ်မောနေ၏။
“မင်းတို့တွေ ဒီရောက်လာမယ်ဆိုတာ သိတယ်။ ဒီရောက်လာပြီဆိုမှတော့ ဘာလို့ အလျင်စလို ထွက်သွားနေဦးမှာလဲ။ ပေါက်ကွဲစမ်း”
သူ ပြောလိုက်သည့်အခါ ထိုနေရာတွင် ထားရှိထားသည့် သွေးခရားက ရုတ်ချည်းဆိုသလို လှုပ်ခတ်လာသည်။ ထို့နောက် မျက်နှာပြင်အထက် အက်ကြောင်းများ ပျံ့နှံ့လာပြီး ကြီးမားသည့် အရှိန်အဝါတစ်ခု ပေါက်ထွက်လာသည်။ ထိုအရာက အံ့မခန်းဖိအားနှင့် အကြောက်တရားတို့ဖြင့် ပြည့်နှက်နေပြီး အရာအားလုံးကို ရှင်းထုတ်နိုင်သည့် ဖိအားမျိုး ကိန်းအောင်းနေသည်။
ထိုအရာက စိတ်ခံစားချက် ၇မျိုးမှ မြို့သခင်များ၏ အမူအရာကို ပျက်ယွင်းသွားစေပြီး နာကျင်သည့်မှတ်ဉာဏ်များ ပြန်လည်ရောက်ရှိလာသကဲ့သို့ဖြစ်သည်။
ဝမ်ပေါင်လဲ့၏ အမူအရာကလည်း ပြောင်းလဲသွားခဲ့၏။ သို့သော်လည်း သူ့မျက်ဝန်းအထက် ထူးဆန်းသည့် အကြည့်တစ်ချက် ဖြတ်ပြေးသွားသည်။
နောက်အခိုက်အတန့်လေး၌ သွေးခရား၏ အက်ကြောင်းများက ကန့်သတ်ချက်သို့ ရောက်ရှိလာကာ အသံကျယ်ကြီးနှင့်အတူ ပေါက်ကွဲထွက်သွားသည်။
အထဲတွင်ရှိနေသည့် အရှိန်အဝါက ရုတ်ချည်းဆိုသလို ပျံ့နှံ့သွားပြီး သွေးနီရောင်မြူခိုးများအဖြစ် ပြောင်းလဲကာ နေရာအနှံ့သို့ အလုံးအရင်း ဝင်ရောက်ကာ အရာအားလုံးကို လွှမ်းခြုံသွားလေ၏။
စိတ်ခံစားချက် ၇မျိုးမှ မြို့သခင်များကလည်း ထိုသွေးနီရောင်မြူခိုးဖြင့် မထိတွေ့ရဲသကဲ့သို့ ပြိုင်တူနောက်ဆုတ်လိုက်ကြသည်။ သူတို့က ကျန့်ယွိမြို့သခင် အရူးတစ်ယောက်လို ရယ်မောနေသည်ကို ကြည့်လိုက်ကြသည်။ သူ့မျက်နှာအထက် ပျော်ရွှင်မှုနှင့် ရူးသွပ်မှုတို့ ကိန်းအောင်းနေ၏။
“သေကြစမ်း၊ မင်းတို့အားလုံး သေကြစမ်း”
မျက်စိတစ်မှိတ်အတွင်း သွေးမြူက ဝမ်ပေါင်လဲ့၏ ပုံရိပ်အပါအဝင် အရာအားလုံးကို လွှမ်းခြုံသွားလေ၏။ စိတ်ခံစားချက် ၇မျိုးမှ မြို့သခင် ၄ယောက်အတွက်မူ သူတို့က မြေအောက်နန်းဆောင်မှ လွတ်မြောက်ပြီး ရှေးဟောင်းရေတွင်းအပြင်ဘက်သို့ ရောက်ရှိလာကြသည်။ သူတို့က သူတို့၏ အချိန်မီ ထွက်ပြေးမှုကြောင့် သွေးမြူဖြင့် အနည်းငယ် စွန်းထင်းခံရသော်လည်း သူတို့၏ မျက်နှာက ဖြူဖျော့နေလေ၏။ သူတို့က သူတို့၏ ခန္ဓာကိုယ်မှ သွေးမြူ၏ လွှမ်းမိုးမှုကို ဖယ်ထုတ်ဖို့ အကောင်းဆုံးကြိုးစားနေဟန်ပေါ်သည်။
ပျော်ရွှင်မှုမြို့သခင်က ရှေးဟောင်းရေတွင်းကို တိတ်တဆိတ် စိုးရိမ်စွာ ကြည့်လိုက်၏။
“ကြည့်နေဖို့ မလိုတော့ဘူး။ ငါတို့တွေ ကျရှုံးသွားပြီ”
“အဲဒီအရူးက ဧကရာဇ်ရဲ့ သွေးစက် ရှိနေလိမ့်မယ်လို့ ဘယ်သူကများ ထင်ထားမိမှာလဲ”
“အဲဒါကို ကြည့်လိုက်ဦး။ သူက လွန်ခဲ့တဲ့ နှစ်အများကြီးကလည်းက ခန္ဓာကိုယ်ဆီကနေ သန့်စင်ထားပြီး သူ့ဝှက်ဖဲအဖြစ် ပြောင်းလဲထားတာ နေမယ်။ တကယ်လို့ သူ ပူးကပ်တုန်းက အဲဒါကို အတူတူ ယူသွားမယ်ဆိုရင် ငါတို့တွေ အတော်လေး ဆုံးရှုံးမှုကြီးမားသွားနိုင်တယ်”
ဒေါသမြို့သခင်နှင့် တခြားသူများက အံကြိတ်ကာ ပြောလိုက်ကြသည်။
“အဲ့လိုမဖြစ်နိုင်တာလည်း ဖြစ်နိုင်တယ်” ပျော်ရွှင်မှုမြို့သခင်က ရုတ်တရက် ပြောလာခဲ့သည်။
ဒေါသမြို့သခင်က မျက်ခုံးပင့်ကာ ဘာမှမပြောပေ။ သို့သော်လည်း သူ့မျက်နှာအထက် သဘောမတူသည့် အရိပ်အမြွက်တို့ မြင်တွေ့နိုင်လေ၏။
တစ်ချိန်တည်းဆိုသလို ရှေးဟောင်းရေတွင်းထဲရှိ မြေအောက်နန်းဆောင်ထဲတွင် သွေးမြူက နေရာတစ်ဝိုက်ကို လွှမ်းခြုံသွားခဲ့သည်။ ကျန့်ယွိမြို့သခင်၏ ရယ်မောသံကို ကြားနေရဆဲသာ ဖြစ်၏။ တစ်ချိန်တည်းဆိုသလို မြူခိုးက လှုပ်ခတ်လာကာ နံရံမှ အက်ကြောင်းများမှ ပုံရိပ်ယောင် ပုံရိပ်များစွာ ထွက်ပေါ်လာသည်။
ထိုပုံရိပ်ယောင်များက ကျန့်ယွိမြို့သခင်၏ ကိုယ်ပွားများ ဖြစ်ကြသော်လည်း အားနည်းလွန်းကြသည်။ ထိုအရာက ကျန့်ယွိမြို့သခင်၏ ကိုယ်ပွားလေးခုထဲမှ ဒုတိယကိုယ်ပွား ဖြစ်လေသည်။
ဒုတိယမြောက်ကိုယ်ပွားကမူ အင်မတန် ဉာဏ်များလှသည်။ သူ ပုန်းအောင်းသည့် နည်းလမ်းက သူ့ကိုယ်သူ ကိုယ်ပွားရာချီအဖြစ် ပြောင်းလဲပြီး တစ်ယောက်ချင်းစီကို ပုန်းအောင်းစေခြင်း ဖြစ်၏။
ဤတစ်ကြိမ် သူက တခြားကိုယ်ပွား၏ အကြံကို အာရုံခံမိသည့်အတွက် ရောက်လာကာ ပူးပေါင်းခဲ့ခြင်း ဖြစ်သည်။ သူက ဤတိုက်ကွက်ကို အဆုံးသတ်ခဲ့ခြင်း ဖြစ်၏။
ထိုအခိုက်အတန့်၌ ကိုယ်ပွားက ဓားများအသွင်ပြောင်းလဲသွားလေသည်။ ကျန့်ယွိမြို့သခင်က သူကလွဲ၍ မည်သူကမှ နတ်ဧကရာဇ်၏ သွေးမြူထဲတွင် အသက်ရှင်သန်နိုင်မည် မဟုတ်ကြောင်း ယုံကြည်ထားဟန်ပေါ်သော်လည်း သူက ပြင်ဆင်မှုနှစ်ခု ပြုလုပ်ထားလေ၏။
ကိုယ်ပွားများမှ ဖွဲ့စည်းထားသည့် ဓားများက ဝမ်ပေါင်လဲ့၏ နေရာအနှံ့ ထိုးစိုက်သွားလေသည်။ အသံကျယ်ကြီးနှင့်အတူ သွေးများကို မြင်တွေ့နိုင်လေ၏။
“မင်း ဘယ်လောက်ပဲ တွက်ချက်တတ်တတ် အခု ဘာလုပ်နိုင်မှာလဲ။ အစကတည်းက မင်းဟာ မဟုတ်ဘူး” ထိုကိုယ်ပွားက အရူးတစ်ယောက်လို ရယ်မောနေ၏။ သူက ဝမ်ပေါင်လဲ့ ပျက်သုဉ်းသွားမည်ကို စောင့်နေလိုက်သည်။ သူက ထိုအရာကို ပေါင်းစည်းလိုက်သည်နှင့် သူသည် ကျန့်ယွိမြို့သခင် ထပ်မံဖြစ်လာမည်ဖြစ်ကာ အပြင်ဘက်မှ စိတ်ခံစားချက် ၇မျိုးမှ မြို့သခင်များအကြောင်း စိုးရိမ်စရာမလိုတော့ပေ။
ဝမ်ပေါင်လဲ့၏ လွှမ်းမိုးမှု မရှိဘဲ သူဖြင့် ပေါင်းစည်းလိုက်ခြင်းဖြင့် သူ့ကျန့်ယွိမြို့ထဲတွင် သူက စိတ်ခံစားချက်၇မျိုးကို ဖိနှိပ်ထားနိုင်လိမ့်မည်ဟု ယုံကြည်ချက်ရှိနေသည်။
အကယ်၍ ထိုအရာ အလုပ်မဖြစ်ပါက သူသည် ဒေါသမြို့သခင်၏ စည်းတံဆိပ်ကို ချိုးဖောက်ပြီး ဧကရာဇ်စိတ်ဝိညာဉ်ကို ဆင့်ခေါ်နိုင်လေသည်။
ကျန့်ယွိမြို့သခင်ကိုယ်ပွား၏ အကဲဖြတ်ချက်တို့နှင့် ကိုက်ညီနေသည့် မြင်ကွင်းက အလျင်အမြန် ပေါ်ထွက်လာသည်။ သွေးနီရောင်မြူခိုးက ပတ်ဝန်းကျင်ဆီ ပျံ့နှံ့နေသည့် သွေးနီရောင်မြူခိုးက ရုတ်ချည်းဆိုသလို စုဝေးလာသည်။
သို့သော်လည်း ကိုယ်ပွားက စိတ်လှုပ်ရှားနေစဉ် သူ့အမူအရာက ရုတ်ချည်း ပြောင်းလဲသွားခဲ့၏။ အကြောင်းအရင်းကမူ သွေးမြူထဲမှ ထွက်ပေါ်လာသည့် ပုံရိပ်တစ်ခုကို မြင်လိုက်ရ၍ ဖြစ်သည်။
ထိုအရာက ထွက်ပေါ်လာရင်း ကိုယ်ပွားများမှ ဖွဲ့စည်းထားသည့် ဓားများက သွေးချီအဖြစ် ပြောင်းလဲကာ စုပ်ယူခံလိုက်ရသည်။
အသိစိတ်မရှိသည့် စည်းမျဉ်းဥပဒေသခန္ဓာက ကိုယ်တိုင်လှုပ်ရှားနိုင်မည် မဟုတ်သလို ကိုယ်ပွားများမှ ပြောင်းလဲထားသည့် ဓားများကိုလည်း ဝါးမျိုနိုင်မည် မဟုတ်ပေ။ ထိုသို့လုပ်နိုင်သည်မှာ တစ်စုံတစ်ယောက်က ထိုခန္ဓာကိုယ်ထိန်းချုပ်နေဆဲ ဖြစ်နေ၍ ဖြစ်သည်။
“ဒါက …” ကိုယ်ပွား၏ အမူအရာက ရုတ်ချည်း ပြောင်းလဲသွားခဲ့သည်။ သွေးမြူထဲက ပုံရိပ်က ပိုမိုထင်ရှားလာလေ၏။ သူက ထွက်ပေါ်လာသည့်အခါ နေရာထဲမှ မြူခိုးက ပိုမိုစုဝေးလာပြီး သူ့မျက်ဝန်း၊ နား၊ နားရွက်နှင့် ချွေးပေါက်အားလုံးမှ စိမ့်ဝင်သွားလေ၏။
နောက်ဆုံးမြူခိုးပေါင်းစည်းသွားသည့်အခါ ပုံရိပ်က ကျန့်ယွိမြို့သခင်၏ ကိုယ်ပွားရှေ့ ရောက်ရှိနေပြီဖြစ်သည်။ သူ့တစ်ကိုယ်လုံးက သွေးရောင်ရဲနေပြီး သူ့ဆံပင်များကပင် သွေးနီရောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။ သူ့မျက်ဝန်းကပင် သွေးနီရောင် တောက်ပနေပြီး သူ့ခန္ဓာကိုယ်က ပြင်းထန်သည့် အငွေ့အသက်တို့ဖြင့် တောက်ပနေ၏။
ဤသည်က ဝမ်ပေါင်လဲ့ ဖြစ်ပေသည်။
သူက ပတ်ဝန်းကျင်ကို တည်တည်ငြိမ်ငြိမ်ကြည့်လိုက်၏။
“မင်းက ဘယ်သူလဲ။ ဘယ်လိုလုပ် ငါ့ဆရာရဲ့ သွေးကို စုပ်ယူနိုင်တာလဲ” ထိုပုံရိပ်က မယုံကြည်နိုင်စွာ မျက်လုံးအပြူးသားဖြစ်နေလေ၏။
ဝမ်ပေါင်လဲ့က တိတ်ဆိတ်နေသည်။ သူက ညာဖက်လက်ကို မြှောက်ကာ ထိုသူ၏ ခေါင်းကို ဖိကပ်လိုက်သည်။ ထိုပုံရိပ်က ကြောက်လန့်နေပြီး မရှောင်ရှားရဲနိုင်ပေ။
ထိုဖိကပ်မှုဖြင့် ထိုပုံရိပ်၏ခန္ဓာကိုယ်က တုန်ယင်လာပြီး အလျင်အမြန် ပြိုလဲသွားသည်။ သူ့ခန္ဓာကိုယ်နှင့် ဝိညာဉ်က အပြီးတိုင် ဖျက်ဆီးခံလိုက်ရ၏။
သူက နောက်ဆုံးအနေဖြင့် ဝမ်ပေါင်လဲ့ကို စိုက်ကြည့်ပြီး တစ်စုံတစ်ခု ခံစားမိဟန်ဖြင့် ရေရွတ်လိုက်သည်။
“ဆရာ…” ထိုစကားက သူ့ပါးစပ်မှ နောက်ဆုံးထွက်လာသည့် စကားများ ဖြစ်၏။ ကိုယ်ပွားက လေထုထဲ ပျောက်ကွယ်သွားကာ သွေးချီအဖြစ် ပြောင်းလဲသွားပြီး ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲ စီးဝင်သွားသည်။
ဝမ်ပေါင်လဲ့က အစမှအဆုံးထိ စကားပင် မပြောခဲ့ဘဲ ထိုနေရာ၌ အချိန်အတော်ကြာ ရပ်နေခဲ့သည်။ အဆုံးသတ်၌ သူက သက်ပြင်းချပြီး ထွက်သွားဖို့ လှည့်လိုက်သည်။