အခန်း (၁၄၁၉)
Vol. 102 Ch. 1419
ထိုသက်ပြင်းချမှုထဲတွင် စိတ်ရှုပ်ထွေးမှုတို့ ကိန်းအောင်းနေလေ၏။
ဝမ်ပေါင်လဲ့က ဤကမ္ဘာ၏ အမှန်တရားကို မတွေးချင်သော်လည်း အချက်အလက်များက သူ့ရှေ့တွင် ထပ်မံထပ်မံပေါ်ထွက်လာပြီး သူ့အား ရှောင်ရှားလို့မရနိုင်အောင် ပြုလုပ်နေသည်။
“ပင်မခန္ဓာကိုယ်က ဒါတွေအားလုံးကို သိသေးမှာ မဟုတ်ဘူး” ဝမ်ပေါင်လဲ့က ရှေးဟောင်းရေတွင်းမှ တိတ်တဆိတ်ထွက်ခွာလာပြီး ကောင်းကင်ယံ၌ ပေါ်ထွက်လာသည်။ သူက သူ့ဝန်းကျင်တွင်ရှိသည့် အမူအရာ အပြောင်းအလဲများကို ဂရုမစိုက်ပေ။ အထူးသဖြင့် ပျော်ရွှင်မှုမြို့သခင်နှင့် တခြားသူများက သူ့အား ကြည့်နေကြလေသည်။ သူက မူမမှန်မှုကြောင့် အာရုံဆွဲဆောင်ခံထားရသည့် တိုက်ရိုက်တပည့်များကိုပင် မကြည့်ပေ။
သူက လေထဲတွင် ရပ်နေရင်း ပင်မခန္ဓာကိုယ်ရှိရာဆီ လှမ်းကြည့်နေသည်။
ထိုအခိုက်အတန့်၌ ဝမ်ပေါင်လဲ့က ပင်မခန္ဓာကိုယ်ကို အားကျနေမိ၏။
“ဘာမှမသိတာကလည်း ပျော်ရွှင်မှုတစ်မျိုးပဲ”
ရှုပ်ထွေးနေသည့် စိတ်ခံစားချက်များအလယ်တွင် သူ့ဝန်းကျင်တွင် ရှိနေသည့် စိတ်ခံစားချက် ၇မျိုးမှ မြို့သခင်များက သတိကြီးကြီး ထားထားကြပြီး ခြွင်းချက်ကမူ ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေသည့် ပျော်ရွှင်မှုမြို့သခင် ဖြစ်ပေသည်။
“ မင်းက…” ဒေါသမြို့သခင်က အရင်ဦးစွာ ပြောလိုက်သည်။ သူ့အသံက မိုးခြိမ်းသံသဖွယ် ကျယ်လောင်နေသည်။
“ကျန့်ယွိမြို့သခင်နဲ့ တွေ့ကြ” ဝမ်ပေါင်လဲ့က ပြောလိုက်သည့်အခါ ကျန့်ယွိမြို့သခင်ကို တွေ့ဖို့ အပြေးအလွှား ထွက်လာကြသည့် တိုက်ရိုက်တပည့်က အံ့အားသင့်ကာ သံသယများဖြစ်နေကြသော်လည်း ဝမ်ပေါင်လှည့်ရှေ့မှောက် ဒူးထောက်လိုက်ကြသည်။
တပည့်အများစုက ကောင်းမွန်သည့် ကျင့်ကြံဆင့်တို့ ရှိကြ၏။ သူတို့အားလုံးက ကျန့်ယွိစည်းမျဉ်းဥပဒေသ၏ သေချာသည့် အနေအထားတစ်ခုသို့ ရောက်ရှိနေပြီဖြစ်ကာ အစားကြူးနတ်ဘုရား သို့မဟုတ် ထင်းယွိမြို့တော်မှ တာအိုကလေးငယ်များဖြင့် ယှဉ်နိုင်လေသည်။ စုစုပေါင်း ၇ယောက်ရှိပြီး ၄ယောက်က အမျိုးသမီးဖြစ်ပြီး ၃ယောက်က အမျိုးသား ဖြစ်၏။
သူတို့ တစ်ယောက်ချင်းစီက ရုပ်ရည်သွင်ပြင်အရ ပြီးပြည့်စုံကြလေသည်။ အထူးသဖြင့် အမျိုးသမီးတပည့်တစ်ဦး ဖြစ်၏။ ဝမ်ပေါင်လဲ့ ကိုယ်တိုင်ပင် သူမကို မြင်တွေ့ပြီးသည့်နောက်တွင် သူမက သူ မြင်တွေ့ဖူးသမျှထဲ အလှပဆုံးအမျိုးသမီးဖြစ်ကြောင်း ဝန်ခံရလိမ့်မည်။
သို့သော် ထိုသို့သော အလှတရားမျိုးက လူအများအား အတုယောင် ခံစားချက်ကို ပေးစွမ်းသည်။
ထိုတပည့်က စိုးရိမ်ပူပန်မှုအများဆုံး ရှိနေပြီး ဝမ်ပေါင်လဲ့အကြောင်း စိုးရိမ်နေဟန်ပေါ်သည်။
ထိုတပည့်များကို စစ်ဆေးကြည့်ပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့က ဒေါသမြို့သခင်ကို ကြည့်လိုက်၏။
ဝမ်ပေါင်လဲ့နှင့် အကြည့်ချင်းဆုံပြီးသည့်နောက်တွင် အားကောင်းသည့် ဒေါသမြို့သခင်ပင် တုန်လှုပ်သွားလေသည်။ ဝမ်ပေါင်လဲ့ဆီမှ မဖော်ပြနိုင်ဖွယ် ဖိအားတို့က ထွက်ပေါ်လာဟန်ပေါ်၏။ ထိုဖိအားက သူ့အား လွန်ခဲ့သည့်နှစ်များစွာခန့်က တွေ့ကြုံခံစားခဲ့ရသည့် နာကျင်မှုမှတ်ဉာဏ်များအား ပြန်လည်နိုးထလာစေသည်။
“ဒေါသမြို့သခင် ခင်ဗျား မပိုင်တဲ့ဟာတွေကို ယူမထားနဲ့” ဝမ်ပေါင်လဲ့က ဒေါသမြို့သခင်အား ဖြည်းဖြည်းချင်း စိုက်ကြည့်ကာ ပြောလိုက်သည်။
ဝမ်ပေါင်လဲ့၏ စကားများ ထွက်ပေါ်လာသည်နှင့် ပျော်ရွှင်မှုမြို့သခင်၊ ဝမ်းနည်းမှုမြို့သခင်နှင့် အငြိုးတရားမြို့သခင်တို့က ကြောင်အမ်းသွားကြ၏။ သူတို့က ဒေါသမြို့သခင်ကို ကြည့်လိုက်ကြသည်။
ဒေါသမြို့သခင်က ကြောင်အမ်းသွားပြီး သူ့မျက်ဝန်းအထက် ဒေါသအရိပ်အမြွက်တို့ ပေါ်ထွက်လာသည်။ သူက စိတ်ထဲမှ မသက်သာမှုကို ဖိနှိပ်ထားပြီး ဝမ်ပေါင်လဲ့ကို စိုက်ကြည့်ပြီး အံကြိတ်ကာ ပြောလိုက်သည်။
“ဘာတွေပြောနေတာလဲ”
“ကျုပ် ပြောတာက…” ဝမ်ပေါင်လဲ့က တည်ငြိမ်စွာ ကြည့်နေရင်း ဒေါသမြို့သခင်ကို ပြောလိုက်၏။
“မပိုင်တာကို လာမယူနဲ့”
“ပေးလိုက်တော့” ထိုနောက်ဆုံးစကား ပြောလိုက်သည့်အခါ ဝမ်ပေါင်လဲ့က မြို့သခင်ရှေ့ ရောက်ရှိနေပြီ ဖြစ်၏။ သူ့ခန္ဓာကိုယ်မှ သွေးနှင့်စွမ်းအားတို့က အနီရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ကို လွှမ်းမိုးသွားသည်။
သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် ဖိအားက ဒေါသမြို့သခင်နှင့် တခြားသူများကို တုန်လှုပ်သွားစေသည်။ ပျော်ရွှင်မှုမြို့သခင်ကလွဲ၍ ကျန်နှစ်ယောက်က ဝမ်ပေါင်လဲ့သည် ရှေးဟောင်းရေတွင်းမှ အဖြစ်အပျက်ကို ဖြေရှင်းပြီးသည့်နောက်တွင် ဤသို့သော အရှိန်အဝါမျိုး ရရှိလာနိုင်သည့် အကြောင်းအရင်းကို နားမလည်နိုင်ကြပေ။
အထူးသဖြင့် ထိုအငွေ့အသက်က သူတို့၏ စိတ်နှလုံးသားကို တုန်လှုပ်၏။ ထိုအရာက နတ်ဧကရာဇ်ဆီမှ အငွေ့အသက် ဖြစ်ပေသည်။
“မင်း…”
ဒေါသမြို့သခင်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။ သို့သော် ထိုအရာက လျော့ကျမသွားဘဲ ပိုမိုအားကောင်းလာလေ၏။ သူက အနည်းငယ် နောက်ဆုတ်လိုက်သည်။
“မပေးချင်ဘူးလား။ ကျုပ်ကိုယ်တိုင် ယူမယ်” ဝမ်ပေါင်လဲ့၏ အမူအရာက အစမှအဆုံးထိ တည်ငြိမ်နေသည်။ သူက ညာဖက်လက်ကို မြှောက်ပြီး ဝှေ့ယမ်းလိုက်၏။ ရုတ်ချည်းဆိုသလို သွေးနှင့်စွမ်းအားတို့ ထွက်ပေါ်လာကာ မုန်တိုင်းကြီးသဖွယ် ဖြစ်တည်ပြီး အဖက်ဖက်သို့ ပျံ့နှံ့သွားသည်။ အဝေးမှ ကြည့်လျှင် သွေးနီရောင်လက်ကြီးနှင့် တူ၏။
ထိုသွေးနီရောင်လက်ဝါးထဲတွင် ဝမ်ပေါင်လဲ့၏ သွေးနှင့်စွမ်းအားတို့ ပါဝင်နေသော်လည်း လက်ငါးချောင်းကမူ ကွဲပြားပေသည်။ လက်မက အာသီသစည်းမျဉ်းဥပဒေမှ ဖွဲ့စည်းထားပြီး လက်ညှိုးကမူ ထင်းယွိစည်းမျဉ်းဥပဒေသမှ ဖွဲ့စည်းထားကာ လက်ခလယ်ကမူ ကျန့်ယွိစည်းမျဉ်းဥပဒေသမှ ဖွဲ့စည်းထားခြင်း ဖြစ်၏။ ထိုစည်းမျဉ်းသုံးခုအလယ်တွင် ဝမ်ပေါင်လဲ့က ကျန့်ယွိစည်းမျဉ်းဥပဒေသအတွက် ဇစ်မြစ်တစ်ခုဖြစ်နေပြီး ထင်းယွိစည်းမျဉ်းဥပဒေသအတွက်မူ တစ်စိတ်တစ်ပိုင်းဟု ခေါ်ဆိုနိုင်သည်။ အာသီသစည်းမျဉ်းဥပဒေသအတွက်မူ ပင်မစည်းမျဉ်း မဟုတ်သော်လည်း အဆုံးစွန်ထိ ရောက်ရှိနေပြီ ဖြစ်၏။
ထို့ကြောင့် ထိုလက်ချောင်းသုံးခုက အင်မတန်အားကောင်းလှသည်။ ကျန်နှစ်ခုထဲတွင် စိတ်ခံစားချက် ၇မျိုးမှ သက်ဆိုင်ရာ စိတ်ခံစားချက် ၄မျိုးပါဝင်နေသည့်အချက်ကို မပြောရသေးပေ။ ဤနည်းဖြင့် ထိုလက်ဝါး၏ စွမ်းအားက စိတ်ခံစားချက် ၇ပါးနှင့် လိုအင်ဆန္ဒ ၆ပါးတို့ကိုကျော်လွန်သွားလေသည်။
ထိုသွေးလက်ဝါး ရောက်ရှိလာသည်ကို မြင်ပြီး ဒေါသမြို့သခင်က အသက်ပြင်းပြင်းရှူလိုက်သည်။ သူက လက်သီးဆုပ်လိုက်ပြီး ဒေါသစည်းမျဉ်းဥပဒေသကို ထုတ်လွှတ်လိုက်၏။ ထို့နောက် ဒေါသကြီး နဂါးအသွင်ပြောင်းလဲသွားကာ ဝမ်ပေါင်လဲ့ဆီ ခုန်အုပ်လာသည်။
ထိုတုံ့ပြန်မှုက ဓားခုတ်ကောင်က ရထားလုံးကို တားဖို့ ကြိုးစားနေသကဲ့သို့ ဖြစ်ပြီး အသုံးမဝင်ခဲ့ပေ။
ပျော်ရွှင်မှုမြို့သခင်နှင့် တခြားသူများက မတားဆီးကြပေ။ သွေးနီရောင်လက်ဝါးကြီးက အရာအားလုံးကို ဖိနှိပ်ပြီး ဒေါသကြီးနဂါးဆီ ကျရောက်လာသည်။ ဒေါသကြီးနဂါးက ထိုအခိုက်အတန့်တွင် အော်ဟစ်လိုက်ပြီး အစိတ်စိတ်အမြွာမြွာ ကြေမွသွားကာ အော်ဟစ်လိုက်သည်။ ထိုအရာက သွေးနီရောင်လက်ဝါးရှေ့တွင် တားဆီးဖို့ အရည်အချင်းရှိဟန် မပေါ်ပေ။
သွေးနီရောင်လက်ကြီးက အဟန့်အတား မရှိဘဲ ဒေါသကြီးနဂါးကို ခြေမွပစ်ပြီး ဒေါသမြို့သခင်ဆီ ရောက်ရှိလာကာ သူ့ကို ဖမ်းဆုပ်လိုက်သည်။
ထိုဖြစ်စဉ်တစ်ခုလုံးက အသက်ရှိုက်စာ အနည်းငယ်မျှသာ ကြာမြင့်ခဲ့၏။ ဒေါသမြို့သခင်က သေမျိုးတစ်ယောက်လို ကျိုးပဲ့လွယ်နေသည်။
ဒေါသမြို့သခင်က အဖမ်းဆီးခံလိုက်ရသည့်အခါ ပျော်ရွှင်မှုမြို့သခင်နှင့် တခြားသူများက အလျင်အမြန် ပြောလိုက်ကြ၏။
“သက်ညှာပေးပါ”
“ကျန့်ယွိမြို့သခင် ဒီမှာ နားလည်မှုလွဲနေလို့နေမှာပါ”
ပျော်ရွှင်မှုမြို့သခင်၏ ခန္ဓာကိုယ်က ဝမ်ပေါင်လဲ့ရှေ့မှောက် ပေါ်ထွက်လာသည်။ သူမက စိတ်ရှုပ်ထွေးသည့် အမူအရာမျိုးဖြင့် အသက်ပြင်းပြင်းရှူကာ ဝမ်ပေါင်လဲ့ရှေ့ ပေါ်ထွက်လာ၏။
“အခွင့်အရေးတစ်ခု ပေးလို့ရမလား”
ဝမ်ပေါင်လဲ့က တည်ငြိမ်နေလေ၏။ သူက ဝမ်းနည်းမှုမြို့သခင်နှင့် အငြိုးတရားမြို့သခင်တို့ကို ကြည့်ပြီး ပျော်ရွှင်မှုမြို့သခင်ကို ကြည့်လိုက်သည်။ ခဏအကြာတွင် သူက ပြောလိုက်၏။
“ကောင်းပြီလေ”
ပြောလိုက်သည်နှင့် ဝမ်ပေါင်လဲ့က အင်္ကျီလက်ကို ဝှေ့ယမ်းပြီး ဒေါသမြို့သခင်ကို လွှတ်လိုက်သည်။ ထိုအခါ ဒေါသမြို့သခင်က အလျင်အမြန် နောက်ဆုတ်သွားလေ၏။ သူ့ခန္ဓာကိုယ်က တုန်ယင်နေကာ ဝမ်ပေါင်လဲ့အား ကြောက်လန့်တကြီးဖြင့် ကြည့်လိုက်သည်။ ထိုအခိုက်အတန့်၌ သူက အစစ်အမှန် သေဆုံးမှုကို ခံစားမိခဲ့သည်။
ဖြည်းဖြည်းချင်းဖြင့် ပြောရမည်ဆိုလျှင် စိတ်ခံစားချက် ၇မျိုးနှင့် အလိုဆန္ဒ၆ပါးတို့က ဖျက်ဆီးပစ်၍ မရသော်လည်း ဝမ်ပေါင်လဲ့၏ သွေးနီရောင်လက်ကြီးထဲတွင် နတ်ဧကရာဇ်၏ အရှိန်အဝါ ပါဝင်နေသည့်အတွက် ထိုအရှိန်အဝါက အရာအားလုံးကို ကြေမွသွားစေနိုင်သည်။
“ဒေါသမြို့သခင် ဘာလို့ ထုတ်မပေးသေးတာလဲ” ပျော်ရွှင်မှုမြို့သခင်မှ သက်ပြင်းချကာ ဒေါသမြို့သခင်ကို မကျေမနပ်ကြည့်လိုက်သည်။
ဒေါသမြို့သခင်က ခါးသီးစွာဖြင့် အသက်ရှိုက်စာအနည်းငယ် တိတ်ဆိတ်သွားလေ၏။ သူက လက်ကိုဝှေ့ကာ နဖူးကို ဖိကပ်လိုက်သည်။ နောက်အခိုက်အတန့်လေး၌ အလွှာများစွာဖြင့် ပိတ်ဆို့ထားသည့် ပုံရိပ်တစ်ခုက သူ့နဖူးမှ ထွက်ပေါ်လာလေ၏။
ထိုအခါ ဝမ်ပေါင်လဲ့က လေထဲမှ ဆွဲယူလိုက်သည်။
ထိုအရာအပေါ်ရှိ စည်းတံဆိပ်များက တစ်လွှာပြီးတစ်လွှာ ကြေမွသွားပြီး နဂိုသွင်ပြင် ထွက်ပေါ်လာသည်။ ထိုအရာက ယခင် ကျန့်ယွိမြို့သခင်ဟောင်း ဖြစ်၏။
ဝမ်ပေါင်လဲ့က ဒေါသမြို့သခင်သည် ကျန့်ယွိမြို့သခင်၏ ကိုယ်ပွားကို မြင်ခဲ့ဖူးသည့်အချက်ကို လျှို့ဝှက်ထားခြင်းအား ခံစားမိသည်မှာ နတ်ဧကရာဇ်၏ သွေးကို စုပ်ယူပြီးသည့်နောက်တွင် ဖြစ်၏။ ထိုကျန့်ယွိမြို့သခင်၏ ကိုယ်ပွားများက သူ့အတွက် လျှို့ဝှက်ချက်တစ်ခု မဟုတ်တော့ပေ။
ထို့ကြောင့် သူက ဒေါသမြို့သခင်ထဲတွင် ထိုအငွေ့အသက်ကို ခံစားမိခဲ့ခြင်း ဖြစ်သည်။
ထိုအရာကို ဆွဲယူပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့က အသာခြေမွလိုက်သည်။ သူ့လက်ထဲတွင် ရှိနေသည့်ကိုယ်ပွားက ချက်ချင်းဆိုသလို ကြေမွသွားပြီး သွေးနှင့်ချီအဖြစ် ပြောင်းလဲကာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲ ပေါင်းစည်းသွားလေသည်။ သို့သော် သိပ်မကြာခင် ဝမ်ပေါင်လဲ့က မျက်ခုံးပင့်လိုက်၏။
“ဟမ်” သူက တစ်စုံတစ်ခု မှားယွင်းနေသည်ကို ခံစားမိလိုက်သည်။ ထိုမတိုင်ခင် သူက နတ်ဧကရာဇ်၏ သွေးကို စုပ်ယူခဲ့လေ၏။ သူက သူ့ပတ်ဝန်းကျင်ကို အာရုံခံမိသည့်အခါ အပြင်ဘက်တွင် ဒေါသမြို့သခင်၏ ကိုယ်ပွားနှစ်ယောက်၏ အငွေ့အသက်ကို ခံစားမိခဲ့သည်။ ထိုအချိန်တွင် သူက ရှေးဟောင်းရေတွင်းထဲမှ ကိုယ်ပွားနှစ်ယောက်ကိုလည်း စုပ်ယူခဲ့သေး၏။
ထို့ကြောင့် သူက ကိုယ်ပွားလေးခုလုံး ပြီးပြည့်စုံသည်ဟု ထင်ထားခဲ့သည်။
သို့သော် ယခုကိုယ်ပွားကို စုပ်ယူပြီးသည့်နောက်တွင် မူမမှန်မှုတစ်ခုကို သတိထားမိသွားသည်။ ထိုကိုယ်ပွားတွင် ပါဝင်နေသည့် သွေးနှင့်စွမ်းအားတို့က နည်းလွန်းနေသည်။ ဆယ်ရာခိုင်နှုန်း သွေးနှင့် စွမ်းအားရှိထားသည့် ကိုယ်ပွားနှင့် မတူဘဲ သူ ယခင်က ဖျက်ဆီးခဲ့သည့် ကိုယ်ပွားရာချီထဲမှ တစ်ခုမျှသာ ဖြစ်နေလေ၏။