← Chapters

တုံးအမှု

Vol. 102 Ch. 1421

တုံးအမှု

Vol. 102 Ch. 1421

ဝမ်ပေါင်လဲ့က ပျော်ရွှင်မှုမြို့သခင်နှင့် မြေအောက်နန်းဆောင်အတွင်း စကားပြောနေစဉ် ကျန့်ယွိမြို့နှင့် အဝေးတစ်နေရာရှိ ကန္တာရတစ်ခုအတွင်း ပုံရိပ်တစ်ခုက အလျင်အမြန် သွားနေသည်။ ထိုပုံရိပ်က ဝေဝါးနေခြင်းမရှိဘဲ အရာအားလုံးကို ရှင်းရှင်းလင်းလင်းမြင်နိုင်လေသည်။

အကယ်၍ ဝမ်ပေါင်လဲ့သာ ဤနေရာတွင် ရှိနေပါက ထိုပုံရိပ်သည် ကျန့်ယွိမြို့သခင်၏ နောက်ဆုံးကိုယ်ပွား ဖြစ်ကြောင်း သတိထားမိလိမ့်မည်။

သူက ထိုကိုယ်ပွားသည် ကျန့်ယွိမြို့မှ မည်သို့ထွက်သွားကြောင်း မသိလိုက်ပေ။

ထိုသူက သူ့အတွေးနှင့်သူ ကြိုးစားနေခြင်းသာ ဖြစ်၏။ အဆုံးသတ်၌ ကျန့်ယွိမြို့ကို လွှမ်းခြုံထားသည့် ချိတ်ပိတ်မှုက သူ့အပေါ် သက်ရောက်မှု မရှိတော့ကြောင်း သဘောပေါက်သွားခဲ့သည်။

သူက တုံ့ဆိုင်းမနေဘဲ ထွက်သွားဖို့ ရွေးချယ်ခဲ့ခြင်း ဖြစ်၏။ အချိန်အတွက်မူ သူ့ကိုယ်သူ ဖောက်ခွဲပစ်ပြီး ဒုတိယမြောက်နေ့တွင် ဖြစ်၏။ ထို့ကြောင့် သူသည် ကျန့်ယွိမြို့ထဲတွင် ဖြစ်ပျက်သမျှ အရာများကို မသိပေ။

သူ့စိတ်ထဲ၌ အတွေးတစ်ခုသာ ကျန်ရှိတော့သည်။ ထိုအရာက လက်စားချေမှုသာ ဖြစ်၏။

သူက နတ်ဧကရာဇ်၏ တပည့်ဟူသော သူ့ဇစ်မြစ်ကို မှီခိုကာ အထက်ကမ္ဘာသို့ ပြန်သွားပြီး သူ့ဆရာကို ရှာဖွေလိုသည်။ သူ့ဆရာအား သူ့အတွက် ဆုံးဖြတ်ချက်ချပေးစေလိုကာ လူအားလုံးကို ဖိနှိပ်စေလိုသည်။

သူ့က သတင်းစကားပို့ဖို့ရာ တွေးလိုက်မိသော်လည်း အကြောင်းအရင်းတချို့ကြောင့် သူ့သတင်းစကားက ဖြတ်တောက်ခံထားရသည်။ သူ မည်သို့ပင်လုပ်စေကာမူ ထိုအရာကို မပို့လွှတ်နိုင်ပေ။

သို့သော် ထိုအရာက အရေးမကြီးပေ။ သူ့အတွေးများက ခိုင်မာနေပြီး သတင်းစကားပို့ခြင်းက မဖြစ်နိုင်သည့်အတွက် သူကိုယ်တိုင် ပျံသန်းသွားမည်ဖြစ်၏။ အပြင်လူများအတွက် အထက်ကမ္ဘာကို သွားဖို့ရာ ခက်ခဲသော်လည်း သူ့ဇစ်မြစ်က ခက်ခဲမည်ဟု မထင်ပေ။

ပြောရမည်ဆိုလျှင် ဆရာနှင့် တွေ့လိုသည့် ကိုယ်ပွားလေးယောက်က ကွဲပြားသည့် အကျင့်စရိုက်ကို ပိုင်ဆိုင်ထားကြပြီး ဤတစ်ခုကမူ တုံးအမှုနှင့် စိတ်လိုက်မာန်ပါလုပ်မှုတို့ကို သက်ဆိုင်သည့် အကျင့်စရိုက်မျိုးကို သယ်ဆောင်ထားဟန်ပေါ်သည်။

နဂိုအစီအစဉ်အရ သူသည် ကောင်းကင်၏ အဆုံးသတ်ဆီ ပျံသန်းသွားသင့်သော်လည်း ပျံသန်းသွားပြီးသည့်နောက်တွင် အထက်ကမ္ဘာ၏ တည်ရှိမှုကို မခံစားမိသေးပေ။ သူက စိတ်ရှုပ်ထွေးစွာဖြင့် ကြုံရာကျပန်း လျှောက်သွားနေလေ၏။ တစ်ရက်ကျ သူသည် သူ့ကို စိတ်လှုပ်ရှားစေသည့် အငွေ့အသက်တစ်ခုကို ခံစားမိခဲ့သည်။

ထိုအငွေ့အသက်ကို မှားယွင်းစွာ မှတ်မိဖို့  မဖြစ်နိုင်ပေ။ ထိုအရာက သူ့ဆရာ နတ်ဧကရာဇ်၏ အငွေ့အသက် ဖြစ်၏။

“ဆရာက သီးသန့်ကျင့်ကြံရာကနေ ထွက်လာပြီလား”

ထိုကိုယ်ပွားက စိတ်လှုပ်ရှားကာ ပျော်ရွှင်လာမိသည်။ သူက နေရာကို ပြောင်းလဲပြီး သူခံစားမိသည့် အငွေ့အသက်ဘက်ကို ဦးတည်လိုက်၏။

ဤသို့ဖြင့် အချိန်အတော်ကြာ ပြေးလွှားပြီးသည့်နောက်တွင် ကန္တာရထဲ၌ ရောက်ရှိလာလေသည်။

ထိုကန္တာရက သူ့အတွက် မရင်းနှီးသော်လည်း ဝမ်ပေါင်လဲ့အတွက်မူ ဤနေရာက အင်မတန် ရင်းနှီးနေလေသည်။ အကြောင်းအရင်းကမူ သူ့တကယ့်ခန္ဓာကိုယ်ရှိနေ၍ ဖြစ်သည်။

“ဒီမှာ ဆရာ ရှိနေတယ်” ကျန့်ယွိမြို့သခင်၏ ကိုယ်ပွားက ပိုမိုစိတ်လှုပ်ရှားလာမိ၏။ ယခု အကြည့်တို့က စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်လာသည်။

“ကျစ် စိတ်ခံစားချက်၇မျိုးနဲ့ အပြင်လူတွေ။ ဒီတစ်ခေါက်တော့ မင်းတို့တွေ သေပြီသာမှတ်။ ဆရာပေါ်လာတာနဲ့ မင်းတို့တွေ သေပြီ”

ထိုအတွေးဖြင့် ကျန့်ယွိမြို့သခင်ကိုယ်ပွားက အေးစက်စက် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူက အရှိန်မြှင့်ပြီး ကန္တာရအတွင်း ဝင်ရောက်ခဲ့၏။ ခံစားမိသည့် အငွေ့အသက်နောက် လိုက်ကာ မြေအောက်ထဲ တိုးဝင်ခဲ့ပြီး ဝမ်ပေါင်လဲ့၏ တကယ့်ခန္ဓာကိုယ် ရှိရာဆီ ဦးတည်ခဲ့သည်။

သိပ်မကြာခင် သူတို့က အတားအဆီးများကို ချိုးဖောက်ပြီး အနက်ပိုင်းသို့ ရောက်ရှိလာ၏။ လျှပ်တစ်ပြက်အတွင်း သူက ဝမ်ပေါင်လဲ့ သီးသန့်ကျင့်ကြံသည့်နေရာဆီ ရောက်ရှိသွားသည်။

“ဆရာ ကျွန်တော်ရောက်လာပြီ”

“ဆရာ”

“ဆရာ”

ကျန့်ယွိမြို့သခင်၏ စိတ်လှုပ်ရှားနေသည့် ကိုယ်ပွားက ဆက်တိုက် ခေါ်နေလေ၏။ ရုတ်ချည်းဆိုသလို စကားက ရပ်တန့်သွားခဲ့သည်။ သူက ရှေ့တွင်ထိုင်နေသည့် ပုံရိပ်ကို ကြည့်ပြီးသည့်နောက်တွင် သူ့ခန္ဓာကိုယ်က တုန်ယင်နေပြီး မယုံကြည်နိုင်မှုတို့ ဖြတ်ပြေးသွားလေ၏။

သူ့ရှေ့တွင် ဝမ်ပေါင်လဲ့၏ နဂိုခန္ဓာက သိချင်စွာ မျက်လုံးဖွင့်ထားပြီး သူ့ရှေ့မှ လူကို ကြည့်လာသည်။

ပတ်ဝန်းကျင်တစ်ခုလုံးက တိတ်ဆိတ်သွားလေ၏။ နှစ်ယောက်သားကသာ အချင်းချင်းကြည့်နေကြသည်။ သို့သော်လည်း နောက်အခိုက်အတန့်လေး၌ ကျန့်ယွိမြို့သခင်ကိုယ်ပွားက စူးစူးရှရှအော်ဟစ်ရင်း အလျင်အမြန် နောက်ဆုတ်သွားသည်။

သူက ဆရာကို ရှာရင်း ရောက်လာသော်လည်း သူ့ခန္ဓာကိုယ်ကို ပူးကပ်ထားသည့်သူ၏ နဂိုခန္ဓာကိုယ်ကို တွေ့လိမ့်မည်ဟု ထင်မှတ်မထားပေ။

သို့သော်လည်း သူက မလွတ်မြောက်နိုင်ကြောင်း သိသာလှ၏။ နောက်အခိုက်အတန့်လေး၌ သူ့ပုံရိပ်က အားကောင်းသည့် စွမ်းအားတစ်ခုကြောင့် ပြန်လည်ဆွဲယူခံလိုက်ရသည်။ သူက ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲ ဆွဲယူခံလိုက်ရပြီး သွေးချီအဖြစ် ပြောင်းလဲကာ သူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်သွား၏။

ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်က အပြင်းအထန် တုန်ယင်သွားသည်။ ခဏအကြာတွင် သူက ကိုယ်ပွားနှင့် ပတ်သက်ပြီး အရာအားလုံးကို ချေဖျက်ပြီးသည့်နောက်တွင် မျက်လုံးဖြည်းဖြည်းချင်း ပွင့်လာသည်။ သူ့မျက်ဝန်းအထက် စိတ်ရှုပ်ထွေးသည့် အရိပ်အမြွက်တို့ ရှိနေလေ၏။

“ဒါက ဒီလိုကိုး”

တစ်ချိန်တည်းဆိုသလို ကျန့်ယွိမြို့ထဲ၌ ပျော်ရွှင်မှုမြို့သခင်နှင့် စကားပြောနေသည့် ဝမ်ပေါင်လဲ့က ချက်ချင်းဆိုသလို ရပ်ကာ အဝေးတစ်နေရာကို လှမ်းကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။

သူက သူ့ပင်မခန္ဓာကိုယ်နှင့် ပတ်သက်ပြီး တစ်စုံတစ်ခုထူးဆန်းနေသည်ကို ခံစားမိလိုက်သည်။ တစ်ချိန်တည်းဆိုသလို ကျန့်ယွိစည်းမျဉ်းဥပဒေသကလည်း လှုပ်ခတ်သွားဟန်ပေါ်သည်။ သို့သော် သူ့ခန္ဓာကိုယ် ပြည့်စုံလာပြီးသည့်နောက်တွင် ကျန့်ယွိစည်းမျဉ်းဥပဒေသကလည်း ပြီးပြည့်စုံလာပြီး ပြင်ပလောကကြောင့် သက်ရောက်မခံရတော့ပေ။

ဒါက နည်းနည်းတော့ ထူးဆန်းနေတယ်…

ဝမ်ပေါင်လဲ့၏ မျက်ဝန်းအထက် စိတ်ရှုပ်ထွေးမှုတို့ ဖြစ်ပေါ်လာလေ၏။ သူက စဉ်းစားနေရင်းဖြင့် သူ့စိတ်ထဲ ရယ်ရသည့် အတွေးတစ်ခုပေါ်ထွက်လာသည်။

ကျန့်ယွိမြို့သခင်ကိုယ်ပွားက ငါ့ခန္ဓာကိုယ်ကို တွေ့သွားတာလား…

ဝမ်ပေါင်လဲ့က အမူအရာ ထူးဆန်းနေ၏။ ပျော်ရွှင်မှုမြို့သခင်က ထိုမြင်ကွင်းကို မြင်သည့်အခါ သူ့မျက်ဝန်းအထက် အလင်းတစ်ချက် ဖြတ်ပြေးသွားသည်။

“ဘာဖြစ်လို့လဲ”

“ဘာမှမဖြစ်ပါဘူး။ ခင်ဗျားပြောမဲ့ကိစ္စက စိတ်ခံစားချက်၇မျိုး စည်းမျဉ်းဥပဒေသတွေ အားလုံး လိုလိမ့်မယ်။ နောက်ထပ် သုံးခုလိုနေသေးတယ်” ဝမ်ပေါင်လဲ့က ပျော်ရွှင်မှုမြို့သခင်ကို ကြည့်ရင်း ပြောလိုက်သည်။

“ငါ့ဆီမှာ သူတို့ကို ရှိတယ်” ပျော်ရွှင်မှုမြို့သခင်နှင့် ဝမ်ပေါင်လဲ့တို့က အချင်းချင်းကြည့်ပြီး ပြောလိုက်ကြ၏။ စိတ်ခံစားချက်၇မျိုးက ပျော်ရွှင်မှု၊ ဒေါသ၊ တုန်လှုပ်မှု၊ အတွေး၊ ဝမ်းနည်းမှု၊ ကြောက်ရွံ့မှုနှင့် အငြိုးတရားတို့ ဖြစ်ပေသည်။

သူတို့ကြားတွင် ဝမ်ပေါင်လဲ့က ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ ဒေါသနှင့် အငြိုးတရားတို့ကို ရရှိထားလေ၏။

ထို့ကြောင့် သူလိုအပ်နေသည့် စည်းမျဉ်းသုံးခုက အတွေးစည်းမျဉ်းဥပဒေသ၊ အကြောက်တရားစည်းမျဉ်းဥပဒေသနှင့် တုန်လှုပ်မှု စည်းမျဉ်းဥပဒေသတို့ ဖြစ်ပေသည်။

နောက်အခိုက်အတန့်လေး၌ ပျော်ရွှင်မှုမြို့သခင်က လက်ကိုမြှောက်ကာ ဝှေ့ယမ်းလိုက်လျှင် ပုလင်းသုံးခုက ဝမ်ပေါင်လဲ့ရှေ့မှောက် ပေါ်ထွက်လာသည်။

ထိုပုလင်းသုံးခုကို ချိတ်ပိတ်ထားလေ၏။ သို့သော်လည်း ဝမ်ပေါင်လဲ့က ထိုပုလင်းသုံးခုထဲမှ တာအိုမျိုးစေ့သုံးခုကို ခံစားမိလိုက်သည်။

ထိုတာအိုမျိုးစေ့သုံးခုက သူလိုအပ်နေသည့် စိတ်ခံစားချက်၇မျိုးမှ စည်းမျဉ်းဥပဒေသ ၃ခုကို ကိုယ်စားပြုသည်။

ဤသို့သောပြီးပြည့်စုံသည့် ပြင်ဆင်မှုက ဝမ်ပေါင်လဲ့အား ပျော်ရွှင်မှုမြို့သခင်ကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်စေသည်။

ပျော်ရွှင်မှုမြို့သခင်က ရှင်းမပြပေ။ ပုလင်းသုံးပုလင်းကို ထုတ်ပြီးသည့်နောက်တွင် သူမက ဝမ်ပေါင်လဲ့ကို ဦးညွှတ်ပြီး မြေအောက်နန်းဆောင်မှ ထွက်သွားလိုက်သည်။ ဝမ်ပေါင်လဲ့ တစ်ယောက်တည်းသာ ကျန်ရှိတော့၏။

ဝမ်ပေါင်လဲ့က ထိုပုလင်းသုံးခုကို မကြည့်တော့ပေ။ ထိုအစား သူက နံရံကို မှီကာ သေရည် သောက်သုံးနေလေ၏။ ခဏကြာပြီးသည့်နောက်တွင် သူက ရုတ်တရက် ရယ်မောလိုက်သည်။

“ပင်မခန္ဓာက အရက်သောက်ရတာ မကြိုက်ဘူး။ သူက ဝိညာဉ်ရေခဲရေကိုပဲ ကြိုက်တာ။ တကယ်တမ်းတော့ အရက်က ပိုပြီးကောင်းတယ်ဆိုတာကို သူ မသိဘူးလေ”

သူက ပြောရင်းဖြင့် လက်ကိုဝှေ့ယမ်းလိုက်ပြီး ချက်ချင်းဆိုသလို စိတ်ခံစားချက်၇မျိုးမှ စည်းမျဉ်းဥပဒေသသုံးခု၏ တာအိုမျိုးစေ့တို့က သူ့ဆီ ရောက်ရှိလာသည်။

“ငါ ကြိုးစားကြည့်ရမယ်”

နောက်အခိုက်အတန့်လေး၌ ပုလင်းသုံးခုက ကြေမွသွားလေသည်။ အထဲတွင်ရှိနေသည့် တာအိုမျိုးစေ့များက တောက်ပနေပြီး ဝမ်ပေါင်လဲ့ဆီ ရောက်ရှိလာ၏။ ထိုအခိုက်အတန့်၌ ထိုအရာက နတ်ဧကရာဇ်၏ ချီနှင့်သွေးဖိနှိပ်မှုဖြင့် သူ့ခန္ဓာကိုယ်ဖြင့် ပေါင်းစည်းသွားကာ ကျန်ရှိနေသည့် အသိစိတ်တို့ကို ပယ်ဖျက်ပြီး သန့်စင်သည့် တာအိုမျိုးစေ့ဖြစ်လာလေသည်။

ထိုသန့်စင်မှုက ဇစ်မြစ်မှ ဆက်နွယ်မှုကို ဖြတ်တောက်လိုက်ခြင်း ဖြစ်၏။ ယခုအခိုက်အတန့်တွင် ထိုအရာက အင်မတန်သန့်စင်နေပြီး ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်နှင့် ပေါင်းစည်းသွားသည်။ ထိုခန္ဓာကိုယ်ထဲတွင် စည်းတံဆိပ်သုံးခုအဖြစ် ပေါင်းစည်းသွားခဲ့၏။

သူတို့က ယခင်ရှိနေသည့် စိတ်ခံစားချက်၇မျိုးမှ စည်းတံဆိပ်များဖြင့် သဟဇာတဖြစ်နေဟန်ပေါ်သည်။ တစ်ခုချင်းစီက ပိုမိုတောက်ပလာလေ၏။

ဝမ်ပေါင်လဲ့၏ အရှိန်အဝါက ယခုအခိုက်အတန့်တွင် အသံကျယ်ကြီးနှင့်အတူ ပေါက်ထွက်လာသည်။

သူတို့ပေါက်ထွက်လာသည့်အခါ စိတ်ခံစားချက်၇မျိုး အမှတ်အသားက တစ်ခုနှင့်တစ်ခု ပေါင်းစည်းသွားသကဲ့သို့ အချင်းချင်း ချဉ်းကပ်သွားပြီး စုဝေးလာသည်။

တစ်ချိန်တည်းဆိုသလို မျှော်နန်းဆောင်မှ ထွက်လာသည့် ပျော်ရွှင်မှုမြို့သခင်က မျှော်နန်းဆောင်ရှိရာဘက် လှည့်ကြည့်လာသည်။ သူမက အသက်ပြင်းပြင်းရှူရင်း မျက်ဝန်းအထက် မျှော်လင့်တောင့်တသည့် အမူအရာတို့ ရှိနေလေ၏။

All Chapters