← Chapters

၆ခုမြောက် လိုအင်ဆန္ဒ

Vol. 102 Ch. 1422

၆ခုမြောက် လိုအင်ဆန္ဒ

Vol. 102 Ch. 1422

စိတ်ခံစားချက် ၇မျိုး ပေါင်းစည်းလိုက်ခြင်းက ၆ခုမြောက် လိုအင်ဆန္ဒကို ဖြစ်ပေါ်လာစေသည်။

ထိုလိုအင်ဆန္ဒက ထူးကဲလွန်းလှသည်။ ထိုအရာက အရာများစွာ ပါဝင်နေသည့် လိုအင်ဆန္ဒစွမ်းအားတစ်ခုဖြစ်၏။ ယခင် လိုအင်ဆန္ဒငါးခုထဲတွင် လိုအင်ဆန္ဒဟူသော အရိပ်အမြွက်ကို မြင်တွေ့နိုင်လေ၏။

ထို့ကြောင့် ထိုအရာက လျှို့ဝှက်ဆန်းကြယ်နေခြင်း ဖြစ်သည်။ ထိုအရာက ခွဲထွက်ကာ စိတ်ဆန္ဒ၇မျိုးအဖြစ် ပြောင်းလဲထားခြင်း ဖြစ်၏။

အလိုဆန္ဒက တွေးရုံဖြင့်သာ ရနိုင်သည့် အရာမျိုး ဖြစ်၏။ ထိုအတွေးကို လောဘအဖြစ် ဖော်ညွှန်းနိုင်သည်။ ကျော်ကြားမှုအတွက် လောဘကလည်း အလိုဆန္ဒတစ်ခု ဖြစ်ကာ လိင်ကိစ္စကို တပ်မက်မှုကလည်း အလိုဆန္ဒ ဖြစ်၏။ ချစ်ခြင်းမေတ္တာကို တောင့်တမှုကလည်း အလိုဆန္ဒ ဖြစ်ပေသည်။

ပို၍အတိအကျပြောရမည်ဆိုလျှင် အလိုဆန္ဒဆိုသည်က လူတစ်ယောက်အား အထွတ်အထိပ်အထိရောက်အောင် ထောက်ပံ့ပေးနိုင်သည့် စွမ်းအားတစ်ခု ဖြစ်၏။ ထိုအရာက အားလုံးတွင်ရှိသည့် အရာနီးပါး ဖြစ်ကြသည်။ ဝမ်ပေါင်လဲ့ကိုယ်တိုင်ပင် လွတ်မြောက်ပြီး မသေမျိုးဘဝကို ရောက်လို၏။

ထိုအရာကိုယ်တိုင်ကပင် လိုအင်ဆန္ဒ အမျိုးအစားတစ်ခု ဖြစ်နေသည်။ သို့သော်လည်း သာမန်အခြေအနေအောက်တွင် ထိုလိုအင်ဆန္ဒကို ဖိနှိပ်ထားပြီး ထိန်းချုပ်နိုင်သည်။ သို့သော် မူလစကြဝဠာတာအိုနေရာထဲ၌ အရာအားလုံးက ပြောင်းလဲသွား၏။ လိုအင်ဆန္ဒ ၆ပါးက စည်းမျဉ်းဥပဒေသများအဖြစ် ပြောင်းလဲသွားကြလေသည်။

ထို့ကြောင့် ထိုလိုအင်ဆန္ဒစည်းမျဉ်းဥပဒေသများကို ကျင့်ကြံထားသည့် ကျင့်ကြံသူများက သူတို့ကိုယ်သူတို့ လိုလားမှုများ ရှိလာကြသည်။

ဤသည်က ဆန်းကြယ်သည့် သဘောတရားတစ်ခု ဖြစ်၏။ အလိုဆန္ဒဆိုသည်က တခြားသော လိုအင်ဆန္ဒငါးပါးနှင့် ကွဲထွက်နေသည်။ ဤသည်က ပိုပြီး စစ်မှန်၏။

ဝမ်ပေါင်လဲ့က မျှော်နန်းဆောင်ထဲ မျက်လုံးမှိတ်ကာ တင်ပျဉ်ခွေထိုင်နေသည်။ သူ့ခန္ဓာကိုယ်ထဲမှ စိတ်ခံစားချက်၇မျိုး အမှတ်အသားများ ပေါင်းစည်းသွားသည့်အခါ သူက ဖြည်းဖြည်းချင်း ဉာဏ်အလင်းပွင့်လာလေ၏။ ဉာဏ်အလင်းပွင့်လာမှုကို ရရှိသည့်အခါ သူက အာရုံအားလုံးကို ရုတ်သိမ်းပြီး သီးသန့်ကျင့်ကြံရာ၌ အာရုံစိုက်ထားခဲ့သည်။

အကယ်၍ အန္တရာယ်ပေါ်ထွက်လာပါက သူ့လက်ရှိကျင့်ကြံဆင့်ဖြင့် ချက်ချင်းသတိထားမိလိမ့်မည်။

ဤသို့ဖြင့် အချိန်က ဖြည်းဖြည်းချင်း ကုန်လွန်သွားပြီး ကျန့်ယွိမြို့ထဲရှိ အရာအားလုံးက ပုံမှန်ပြန်ဖြစ်သွားခဲ့သည်။ မြို့ထဲတွင်ရှိနေသည့် ကျင့်ကြံသူအများစုကမူ မြို့သခင် ပြောင်းလဲသွားသည့်အချက်ကို မသိကြပေ။

မပြောရဲသည့်သူများလည်း ရှိ၏။ အကြောင်းအရင်းကမူ ကျန့်ယွိမြို့သခင်က ပြောင်းလဲသွားသော်လည်း ကျန့်ယွိစည်းမျဉ်းဥပဒေသတို့က ပြောင်းလဲသွားခြင်း မရှိပေ။ မြို့သခင်အသစ်က ကျန့်ယွိစည်းမျဉ်းဥပဒေသ၏ ဇစ်မြစ် ဖြစ်၏။

စိတ်ခံစားချက် ၇မျိုးမှ မြို့သခင်လေးယောက်က ကျန့်ယွိမြို့ထဲတွင် ကြာကြာမနေခဲ့ပေ။ တစ်ယောက်ပြီးတစ်ယောက်ဆိုသလို ထွက်ခွာသွားကြ၏။ သူတို့က သူတို့၏ ကိုယ်ပိုင်ကိစ္စများ ရှိနေသေးသည်။ ပထမဦးစွာ ထွက်ခွာသွားသည့်သူက ဒေါသမြို့သခင် ဖြစ်၏။

ဝမ်ပေါင်လဲ့ထံ ရှုံးနိမ့်ပြီးသည့်နောက်တွင် သူက ခုခံဖို့ အခွင့်အရေး မရှိပေ။ သူက ချက်ချင်းဆိုသလို ဖိနှိပ်ခံလိုက်ရသည်ဖြစ်ကာ သူ့မာနဖြင့်  တောင့်ခံနိုင်သည့်အရာမျိုး မဟုတ်ပေ။

ဒေါသမြို့သခင် ထွက်ခွာပြီးသည့်နောက် တခြားသော မြို့သခင်များကလည်း ထွက်လာကြသည်။ နောက်ဆုံးထွက်လာသည့်သူက ပျော်ရွှင်မှုမြို့သခင် ဖြစ်၏။ သူမက ထွက်မလာခင် ဝမ်ပေါင်လဲ့ရှိရာဖက် လှမ်းကြည့်လိုက်သည်။ သူမ၏ မျက်ဝန်းအထက် မျှော်လင့်စောင့်စားမှုတို့က ပိုမိုအားကောင်းလာလေ၏။

အကြောင်းအရင်းကမူ သူမက ကျန့်ယွိမြို့လယ်ခေါင်တွင် စည်းမျဉ်းဥပဒေသများ၏ ရင်းနှီးပြီးသား အငွေ့အသက်ကို ခံစားမိလိုက်သည်။

“အဲဒီအလိုဆန္ဒ ထွက်ပေါ်လာတာနဲ့ အထက်ကမ္ဘာဂိတ်ပေါက်က ပွင့်လာလိမ့်မယ်။ နတ်ဧကရာဇ် ဒီကမ္ဘာကို ပိုင်းခြားထားလည်း အသုံးမဝင်တော့ဘူး။ ကျွန်မတို့နဲ့ မကြာခင်ထပ်တွေ့မှာပါ”

ပျော်ရွှင်မှုမြို့သခင်က ရုတ်တရက် ရယ်မောလိုက်၏။ သူမ မျက်ဝန်းအထက် ထူးဆန်းမှုတို့ ရှိနေလေသည်။ သို့သော်လည်း သူမက လှည့်ထွက်ကာ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားလေသည်။

ကောင်းကင်ထဲတွင် မှိန်ဖျဖျ ပေါ်ထွက်လာသည့်လူကိုပင် သတိမထားမိခဲ့ပေ။ ထိုသူက သူမကို သတိမထားမိစေဘဲ သူမအား စောင့်ကြည့်နေလေ၏။

ထိုသူက အနက်ရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး သူ့ခေါင်းအား အနက်ရောင်ဝတ်ရုံဖြင့် လွှမ်းခြုံထားသည်။ သူက လေထဲတွင် ရပ်တန့်နေလေ၏။ အချိန်အတော်ကြာမြင့်ပြီးသည့်နောက်တွင် ပျော်ရွှင်မှုမြို့သခင်ရှိရာမှ အကြည့်ရုတ်သိမ်းကာ ကျန့်ယွိမြို့ထဲ ဝင်ရောက်ခဲ့သည်။

“အချိန်သိပ်မကြာသေးဘဲ ငါ့ကိုယ်ပွားက ဒီလောက်ထိ ကြီးထွားလာတယ်ပေါ့။ တကယ်လို့ သူ့ရဲ့ အသိအမြင်လိုအပ်ချက်ကြောင့်သာ မဟုတ်ရင် ငါ သူ့ကို ရန်လိုမှုပြမှာ မဟုတ်ဘူး။ ငါ ရောက်လာတာနဲ့ သူ သတိထားမိလောက်တယ်တူတယ်” ကောင်းကင်အထက်တွင်ရှိနေသည့် ထိုပုံရိပ်က ရေရွတ်လိုက်သည်။ ထိုအခိုက်အတန့်၌ လေပြင်းတစ်ချက် ဖြတ်တိုက်သွားကာ ဝတ်ရုံက လွင့်ထွက်သွားပြီး သူ့မျက်နှာ ပေါ်ထွက်လာသည်။

ဤသည်က ဝမ်ပေါင်လဲ့၏ တကယ့်ခန္ဓာ ဖြစ်၏။

သူက ကျန့်ယွိမြို့ကို တိတ်တဆိတ်စောင့်ကြည့်နေပြီး စိတ်ရှုပ်ထွေးသည့် အရိပ်အယောင်တို့ ပေါ်ထွက်လာသည်။ အချိန်အတော်ကြာမြင့်ပြီးသည့်နောက်တွင် သူက သက်ပြင်းချလိုက်၏။ သူ့အတွက် ခက်ခဲသည့် တစ်စုံတစ်ခုကို ဆုံးဖြတ်ချက်ချလိုက်သကဲ့သို့ ဖြစ်သည်။ အဆုံးသတ်၌ သူက ခေါင်းအသာယမ်းလိုက်သည်။ သူက အဖြေကို မရရှိသေးသကဲ့သို့ ကောင်းကင်မှ လှည့်ထွက်သွားဖို့ ပြင်လိုက်၏။

ကိုယ်ပွားက အစစ်အမှန်ခန္ဓာ ထွက်သွားသည်ကို သတိမထားမိခဲ့ပေ။ ထိုအခိုက်အတန့်၌ ဝမ်ပေါင်လဲ့သည် မြေအောက်နန်းဆောင်အတွင်းတင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံနေ၍ဖြစ်၏။ သူ့ခန္ဓာကိုယ်ထဲရှိ စိတ်ခံစားချက်၇မျိုး အမှတ်အသားက ယခုအခိုက်အတန့်၌ ပေါင်းစည်းရာ၌ အရေးကြီးသည့် အခိုက်အတန့်သို့ ရောက်ရှိနေလေသည်။

ဤသည်က ၆၀ ရာခိုင်နှုန်း ပြီးမြောက်နေပြီ ဖြစ်၏။

ထိုအခိုက်အတန့်၌ ပေါင်းစည်းမှုကို ပြောင်းပြန်လှန်၍ မရတော့ပေ။ သူက အမှတ်အသား ၇ခုသည် ကြေမွလာပြီး သူတို့သည် အချင်းချင်းပေါင်းစည်းကာ စည်းမျဉ်းဥပဒေသအသစ်အဖြစ် ပြောင်းလဲလာကြောင်း ခံစားမိလိုက်သည်။ ဤသို့ဖြင့် ဆယ်ရက်၊ ရက်နှစ်ဆယ်၊ ရက်သုံးဆယ်ကြာမြင့်သွားလေသည်။

စိတ်ခံစားချက်၇မျိုး အမှတ်အသားများ၏ ပေါင်းစည်းမှုက ၈၀ရာခိုင်နှုန်းမှ ၉၀ရာခိုင်နှုန်းအထိ ရောက်ရှိသွားလေသည်။

ထိုသို့ဆိုလျှင်ပင် စည်းမျဉ်းဥပဒေသအသစ်က မွေးဖွားမလာသေးပေ။ ထိုအရာ၏ အငွေ့အသက်က ဆက်တိုက်ပျံ့နှံ့နေဆဲသာဖြစ်၏။ သို့သော်လည်း ထိုအငွေ့အသက်က သေချာသည့် အနေအထားထိ စုဝေးလာသည့်အခါ ဒုတိယကမ္ဘာအပေါ် သက်ရောက်မှုရှိလာစေသည်။

ပထမဆုံးသက်ရောက်ခံရသည့်သူက စိတ်ခံစားချက်၇မျိုး အမှတ်သားများ၏ မြို့သခင်များ ဖြစ်ပေသည်။ သူတို့က သူတို့ခန္ဓာကိုယ်ထဲမှ စည်းမျဉ်းဥပဒေသသည် ဆက်တိုက်အားနည်းလာကြောင်း ခံစားမိလိုက်ကြသည်။ စိတ်ခံစားချက်၇မျိုးကို ကျင့်ကြံကြသည့်  ကျင့်ကြံသူများပင် တူညီသည့် အရာကို ခံစားနေကြရ၏။

စိတ်ခံစားချက်၇မျိုး၏ စည်းမျဉ်းဥပဒေသက ပြောင်းလဲသွားသကဲ့သို့ ဖြစ်သည်။ သို့သော်လည်း ကျင့်ကြံသူများနှင့် ယှဉ်လိုက်ပါက မြို့သခင်များက အကြောင်းအရင်းကို သေသေချာချာ သိထားကြ၏။ ထို့ကြောင့် သူက မတုန်လှုပ်ဘဲ စိတ်ရှည်လက်ရှည်စောင့်ဆိုင်းနေသည်။

အကြောင်းအရင်းကမူ သူတို့ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် စိတ်ခံစားချက် ၇မျိုး စည်းမျဉ်းဥပဒေသက ခြောက်သွေ့သွားပြီး ယခင်က ဖိနှိပ်ခံထားရသည့် သူတို့အပိုင်ဖြစ်ခဲ့သော စည်းမျဉ်းဥပဒေသစွမ်းအားက ပြန်လည်ကောင်းမွန်လာနိုင်သည်။

ထို့အပြင် ဒုတိယကမ္ဘာပင် သက်ရောက်ခံလိုက်ရ၏။ ကောင်းကင်ကြီးက မှောင်မဲလာကာ လျှပ်စီးတလက်လက်လက်နေပြီး မိုးခြိမ်းသံများက ပဲ့တင်ထွက်နေသည်။

ကုန်းမြေကပင် လှုပ်ခတ်သွားလေ၏။ အထူးသဖြင့် လိုအင်ဆန္ဒမြို့ ငါးခု ဖြစ်ပေသည်။ ထိုနေရာတွင်ရှိနေသည့် ကျင့်ကြံသူများက ကြီးကြီးမားမား တစ်စုံတစ်ခုဖြစ်တော့မည်ဟု ခံစားချက်မျိုး ရနေကြ၏။

လိုအင်ဆန္ဒမြို့သခင် လေးယောက်က ခံစားချက် အရှင်းလင်းဆုံး ဖြစ်၏။ ယခင်က ဒဏ်ရာရရှိပြီး သီးသန့်ကျင့်ကြံနေသည့် ထင်းယွိမြို့သခင်ပင် ရုတ်ချည်းဆိုသလို မျက်လုံးပွင့်လာလေသည်။ သူ့မမျက်ဝန်းအထက် မယုံကြည်နိုင်မှုတို့ ကိန်းအောင်းနေလေ၏။

ထိုအရှိန်အဝါ၏ လှုံ့ဆော်မှုကြောင့် သတိမေ့နေသည့် အာသီသမြို့သခင်ကပင် ထိုအရှိန်အဝါ၏ လှုံ့ဆော်မှုအောက်တွင် နိုးထလာပြီး ကျန့်ယွိမြို့ရှိရာဆီ လှမ်းကြည့်လာသည်။

ရနံ့မြို့သခင်နှင့် အထိအတွေ့မြို့သခင်တို့ကလည်း ရှိနေသေးသည်။ သူတို့က ဝမ်ပေါင်လဲ့ကို မမြင်ဖူးကြသော်လည်း ထိုအငွေ့အသက်ကြောင့် တုန်လှုပ်နေကြဆဲဖြစ်၏။

ပေါင်းစည်းမှုက ဆက်တိုက်ဖြစ်တည်နေကာ ကမ္ဘာကြီးက ဆက်တိုက်ပြောင်းလဲနေသည်။

တတိယကမ္ဘာတွင်ပင် ပြောင်းလဲသွားလေ၏။ မြေအောက်ထဲတွင် လှိုဏ်ဂူထဲတွင် ချုပ်နှောင်ခံထားရသည့် ပုံရိပ်များက ဖြည်းဖြည်းချင်း နိုးထလာသည့် အရိပ်အယောင်တို့ ပြသလာသည်။

၃၉ ရက်မြောက်နေ့၌ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲက စိတ်ခံစားချက် ၇မျိုးအမှတ်အသားက အပြီးတိုင် ပေါင်းစည်းသွားသည့်အခါ ကမ္ဘာထဲတွင် အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့သည့် စည်းမျဉ်းဥပဒေသက ရုတ်ချည်းဆိုသလို မွေးဖွားလာလေ၏။

ထိုအခိုက်အတန့်၌ ကောင်းကင်နှင့် မြေကြီးက အရောင် ပြောင်းလဲသွားကာ လေနှင့်တိမ်တိုက်တို့က စတင်လှုပ်ခတ်လာသည်။

စိတ်ခံစားချက်၇မျိုး မြို့သခင်တို့က တုန်လှုပ်သွားပြီး လိုအင်ဆန္ဒမြို့သခင် လေးယောက်တို့ကလည်း အံ့အားသင့်နေကြသည်။

သက်ရှိအားလုံးကလည်း တုန်လှုပ်အံ့အားသင့်နေကြ၏။

အလိုရှိခြင်းဟု ခေါ်ဆိုသည့် စည်းမျဉ်းဥပဒေသတစ်ခု မွေးဖွားလာလေသည်။

ထိုအရာ ပေါ်ထွက်လာသည်နှင့် ဝမ်ပေါင်လဲ့က ပထမဦးဆုံး ရရှိသူဖြစ်ကာ တစ်ဦးတည်းသောသူ ဖြစ်၏။ ထို့ကြောင့် သူသည် ဇစ်မြစ်ဖြစ်လာကာ အလိုဆန္ဒမြို့သခင် ဖြစ်လာလေသည်။

သူ့ခန္ဓာကိုယ်မှ အားကောင်းသည့် အငွေ့အသက်တို့ ပေါက်ထွက်လာကာ ကောင်းကင်တစ်ဝှမ်း ချီများကို စုဝေးသည့် မုန်တိုင်းသဖွယ်ဖြစ်လာပြီး ကောင်းကင်အထက် ပေါက်ကွဲထွက်သွားသည်။  

All Chapters