← Chapters

ညစ်ပတ်တဲ့နေရာ

Vol. 119 Ch. 4.1291

ညစ်ပတ်တဲ့နေရာ

Vol. 119 Ch. 4.1291

လုရွှမ်က "မင်းသတင်းရတာ မနှေးဘူးပဲ"

ပိုင်ထျန်းမှာ မျက်ရည်တွေ စီးကျလုမတတ် မုန်းတီးမှုတွေနဲ့ ပြည့်နှက်နေတော့သည်။ သူဘာလို့ အရင်က ထွက်လာခဲ့မိတာလဲ။ ဘာလို့ ဒီနေရာကို ရွေးခဲ့မိတာလဲ။ အရင်ကလည်း ဒီနေရာမှာ တပည့်တစ်ယောက် ပျောက်သွားတယ် မဟုတ်လား။

ဒီလောက် တော်တဲ့ ပါရမီရှင် တစ်ယောက်နဲ့ တွေ့မယ်ဆိုတာ ဘယ်သူက သိမှာလဲ။ လက်ရှိမှာ သူ လုရွှမ်ကို စော်ကားခဲ့မိတာ ထင်ရှားနေလေပြီ။

သူ လှည့်ကြည့်လိုက်ပေမယ့် အတည်မပြုရဲသေးချေ။ လုရွှမ်က ဘယ်သူလဲ၊ အခု သူက ကျင့်ကြံခြင်း လောကတစ်ခုလုံးရဲ့ နာမည်အကြီးဆုံး ပုဂ္ဂိုလ်ဖြစ်ပြီး တော်ဝင်မင်းဆက် ရှေးဟောင်း မိသားစုကနေ နံပါတ်တစ်ပါရမီရှင် ဆိုတဲ့ အမွေဆက်ခံသူ ကျိုးယိပင် မယှဉ်နိုင်တဲ့ ဂုဏ်ယူစရာ လူတစ်ယောက်ပဲ ဖြစ်သည်။

လူအများက 'နေလကောင်းကင်' ဟူသော စကားလုံးကို အလေးထား ခေါ်ဆိုနေကြပြီး ၎င်းအနက်မှ နေဟာ လုရွှမ်ကို ရည်ညွှန်းပါသည်။

၎င်းတို့အားလုံးသည် နတ်မီးနယ်ပယ်တွင်သာ ရှိကြသော်လည်း အနည်းဆုံး မျှော်စင်နယ်ပယ်၏ စတုတ္ထအဆင့်နှင့် ယှဉ်နိုင်သည်။ ၎င်းတို့၏ အစွမ်းသတ္တိကိုလည်း လူများက အသိအမှတ်ပြုထားပြီးသား ဖြစ်သည်။

၎င်းသည် ကျပန်းလူများနှင့် နှိုင်းယှဉ်ခြင်းမဟုတ်ဘဲ သန့်ရှင်းတဲ့မြေက ရှေးဟောင်း မိသားစုအတွင်းရှိ ပါရမီရှင်များနှင့် နှိုင်းယှဉ်ခြင်း ဖြစ်သည်။

သူ့အဆင့် ဘယ်လောက်ပဲမြင့်နေပါစေ ခွန်အားပြိုင်ဆိုင်မှု တကယ်ရှိခဲ့ရင် လုရွှမ်ရဲ့ ပြိုင်ဘက် မဖြစ်လာမှာ သေချာပါ၏။ ပြီးတော့ ဒီသက်ကြီးရွယ်အို ညီအကိုတွေ၊ အငယ်တန်း ညီအစ်မတွေနဲ့ သူတို့ ခွန်အားက သူ့လောက်တောင် မရှိဘူးမလား။

ယခုအချိန်တွင် ဤလူများသည် ယင်ယန်မဟာဂိုဏ်းမှ ဆင်းသက်လာသောကြောင့် လုရွှမ်၏ ဒဏ္ဍာရီပုံပြင်ကို သဘာဝအတိုင်း ကြားသိခဲ့ရသည်။ ၎င်းတို့ကို စိတ်ဆင်းရဲစေသည့် အရာမှာ လုရွှမ်၏ အောင်မြင်မှုပင်။ ဒြပ်စင်ငါးပါး မဟာဂိုဏ်းနှင့် ယင်ယန်မဟာဂိုဏ်းတို့သည် အမြဲတမ်း အလွန်ရန်လိုနေကြခြင်း ဖြစ်သည်။

ဂိုဏ်း၂ခု၏ တပည့်များကလည်း တစ်ယောက်ကိုတစ်ယောက် ရန်သူအဖြစ် မြင်ခဲ့ကြသော်လည်း ယခု လုရွှမ်က သူတို့၏ လျှို့ဝှက်ချက်ကို တွေ့ရှိသွားခဲ့ပြီ။

ခဏတာ တွေးတောကြည့်ပြီးနောက် လူသတ်ချင်လာသော ရည်ရွယ်ချက်များ ပေါ်လာပြီး အားလုံးက ပြင်းထန်သော မျက်လုံးများဖြင့် လုရွှမ်ကို ကြည့်လိုက်ကြသည်။

လုရွှမ် သူ့စိတ်ထဲမှာ လှောင်ရယ်လိုက်ပြီ။ ဒီရဲရင့်တဲ့ကောင်တွေ ဘယ်လောက်ကြာကြာ စောင့်နိုင်မလဲလို့ တွေးနေပေမယ့် သူတို့မှာ ဒီလိုရဲတင်းချင်တဲ့ သတ္တိရှိနေဦးမယ်လို့ သူ မမျှော်လင့်ထားပါဘူး။

လုရွှမ်လည်း အမှိုက်အားလုံးကို ရှင်းပစ်ရန် အဆောက်အအုံကို ပိတ်ပစ်တဲ့အထိ စောင့်နေလိုက်သည်။

"အားလုံးအတူတူ ချကြရအောင်... ငါတို့တွေဘက်မှာ လူ အများကြီး ရှိတယ် ငါတို့နယ်ပယ်က သူ့ထက်မြင့်တယ်....သူ့ကို မဖျက်ဆီးနိုင်ဘူးလို့ ငါမယုံဘူး"

လူတိုင်းသည်လည်း ကျယ်လောင်စွာ တုံ့ပြန်ကြပြီး ကိုယ့်ကိုယ်ကိုယ် အားပေးကြသော်လည်း ၎င်းတို့၏ အသံများထဲက တုန်လှုပ်နေမှုက နှလုံးသားထဲက ရှက်ရွံ့မှုကို လုံးလုံးလျားလျား ပေါ်လွင်လာစေသည်။

လုရွှမ်မှလွဲ၍ အကြီးအကဲရှီ မြေပြင်ပေါ်တွင် လဲလျောင်းနေရာမှ မည်သူမျှ သတိမထားမိဘဲ တိတ်တဆိတ် ထကာ ရှောင်ထွက်သွားချင်နေတာကို မတွေ့ခဲ့ပေ။ သို့သော် လုရွှမ် ဤကိစ္စကို ဂရုမစိုက်ခဲ့ပေ။

ယင်ယန်မဟာဂိုဏ်းရှိ လူတစ်ဦးတည်းသာ ဤစွမ်းအားကို ပိုင်နိုင်သည်ဟု ဆိုပါက တော်သေးသည်ဟု ဆိုရမည်။ ထိုအရာသည် အမြဲတစေ အစွန်းအထင်း ရှိသော်လည်း ယခုကြည့်လျှင် ယင်ယန်မဟာဂိုဏ်းတွင် ယောက်ျားမိန်းမ အယောက် ၂၀ ကျော် ရှိနေကာ အားလုံး လျှို့ဝှက်ချက်ကို တက်ကျွမ်းနေတာ သေချာပါသည်။

ဒီလို ကပ်ဘေးဒဏ်ကို ဒီမြို့အပြင် တခြားနယ်က လူတွေ ဘယ်လောက်ထိ ခံစားနေရလဲ မသိချေ။ လုရွှမ်သည် ကယ်တင်ရှင် စိတ်ဓာတ်မရှိသော်လည်း ထိုအရာများကို မြင်ဖူးသောကြောင့် လက်ပိုက်ကြည့်နေချင်တာလည်း သူ့ပုံစံမဟုတ်ပေ။

"အရမ်းကောင်းတယ် မင်းတို့အတူ တိုက်ချင်ရင် အတူတူလာခဲ့ကြ!"

"သတ်ပစ်!"

ပိုင်ထျန်းက ဟောက်ပေမယ့် သူကအရင် မထွက်လာသလို တခြားသူတွေကလည်း မလှုပ်မရှားဘဲ ရှက်ရွံ့စွာနဲ့ ရပ်နေတာကို တွေ့လိုက်ရလေသည်။ လုရွှမ် လှောင်ပြုံးဖြင့် ​ပြောလိုက်သည်။

"မင်းတို့ မလုပ်မှတော့ ငါကိုယ်တိုင် လုပ်ပေးရမှာပေါ့"

ဓားရည်ရွယ်ချက်ရှိ ထွက်လာသည်နှင့် တပြိုင်နက် ဓားစွမ်းအင်များ တဖျပ်ဖျပ် ခတ်သွားကာ အော်ဟစ်သံများ ကြားလိုက်ရပြီး အသွေးအသား အပိုင်းအစများ ကွဲအက်သွားကာ ကျန်ခြေလက်များ လွင့်ပျံလာသည်။

သရဲတစ္ဆေများ၏ အော်ဟစ်ငိုယိုသံများကဲ့သို့ပင် တစ်ယောက်ပြီးတစ်ယောက် စိတ်ဆင်းရဲစွာ အော်ဟစ်ကာ ပြေးလွှားနေခဲ့သည်။

လုရွှမ်ကသာ လှုပ်ရှားခဲ့ပြီး လူတိုင်းက ခုခံရန် အစီအစဉ်ကို လုံးဝ လက်လျှော့လိုက်ကြရသည်။ ထိုကဲ့သို့ ထက်မြက်သော ဓားစွမ်းအင်သည် ၎င်းတို့ ခုခံရန် အချိန်ရလျှင်ပင် မြန်မြန် ထွက်ပြေးလိုက်ဖို့က ပိုအရေးကြီးသည်။

ဒါပေမဲ့ အဆောက်အဦး သေးသေးလေးရဲ့ အပြင်ဘက်ကို ပြေးထွက်လာတဲ့အခါ ထူးထူးခြားခြား ထွက်မသွားနိုင်တာကို တွေ့ရပေသည်။ အဆောက်အဦက သူတို့ကို ပိတ်ဆို့ထားလေပြီ။

"ဒီအခင်းအကျင်းကို ဘယ်သူက စဖွင့်တာလဲဟ!"

တစ်စုံတစ်ယောက်က ဖြိုဖျက်ဖို့ ကြိုးစားပေမယ့် အခင်းအကျင်း အလင်းလွှာက လုံးဝ လှုပ်ရှားမှု မရှိခဲ့ပေ။

လုရွှမ်၏ ဓားစွမ်းရည်သည် အလွန်လျင်မြန်ပြီး လေထဲတွင် ပျံဝဲနေသည်။ ဓားစွမ်းအင်များ ပြေးထွက်သွားစဥ် ဥက္ကာပျံများ တဟုန်းဟုန်း ပြေးချလာသလို လူအများကို ထိမှန်ကာ မ​သေသော်လည်း ပြင်းထန်စွာ ဒဏ်ရာများ ရရှိစေပါသည်။

ဤနေရာ၌ အနှံ့အပြား ပြေးလွှား ထွက်ပြေးနေသူတိုင်း သုတ်သင်ခံရလေ၏။ ဤနေရာက ကျင့်ကြံမှု အမြင့်ဆုံး အကြီးအကဲရှီပင် အသည်းကွဲနေပြီဖြစ်ပြီး တုတ်တုတ်မှ မလှုပ်ရဲချေ။ ပိုင်ထျန်းက မျှော်စင်နယ်ပယ် အဆင့်၂ ဖြစ်သော်လည်း လုရွှမ် အမြင်အရ ၎င်းတို့က အသုံးမဝင်ပေ။

လုရွှမ် သူ့ဓားသိုင်းပညာကို ရုပ်သိမ်းပြီးနောက် လူများက နေရာအနှံ့ ညည်းတွားနေတာကို ကြည့်နေလိုက်သည်။ ယင်ယန်မဟာဂိုဏ်းမှ ဆင်းသက်လာသူ စုစုပေါင်း နှစ်ဆယ့်သုံးဦးရှိကာ အမျိုးသမီး ရှစ်ဦးနှင့် အမျိုးသား ဆယ့်ငါးဦး ရှိသည်။

"မင်း ငါတို့ကို သတ်​​တော့မှာလား"

ယင်ယန်မဟာဂိုဏ်းက လူဟာ လုရွှမ် သူတို့အသက်ကို ချန်ထားခဲ့တာကို တွေ့လိုက်ရတော့ သူတို့ကို ဖော်ထုတ်ချင်နေတာ ထင်ရှားနေကြောင်း သဘောပေါက်သွားသည်။ သူတို့ရဲ့ လုပ်ရပ်တွေကို တခြားသူတွေ သိသွားပါက ယင်ယန်မဟာဂိုဏ်းက သူတို့အတွက် သေခြင်းထက် ပိုဆိုးတဲ့ဘဝကို ဖန်တီးပေးလိမ့်မယ်။

လုရွှမ်: "မင်းရဲ့ဂိုဏ်းကလူတွေကို အခုပဲ ဆက်သွယ်လိုက်!.... မင်း ငါတို့ရဲ့ ဒြပ်စင်ငါးပါး မဟာဂိုဏ်းက လူတွေကို ဆက်သွယ်ချင်လည်း ရတယ်"

လုရွှမ်ရဲ့ဂိုဏိးနဲ့ ဆက်သွယ်ရတာ အဆင်မပြေပေမယ့် ယင်ယန်မဟာဂိုဏ်းကို ဆက်သွယ်လိုက်မယ်ဆိုရင် သူ့မှာ မျှော်လင့်ချက်တွေ တောက်ပလာမှာပဲ။ ပိုင်ထျန်းလည်း သူ့ဂိုဏ်းမှ လူများကို တွန့်ဆုတ်စွာ ဆက်သွယ်ခဲ့သည်။

"သူတို့ ဒီကို အမြန်ဆုံး ရောက်လာမှာပါ"

"အရမ်းကောင်းတယ်.... အခုပြောရအောင် မင်းတို့ဘာလို့ ဒီနေရာကို ရောက်လာတာလဲ"

ဒီအကြောင်းတွေ ပြောရရင်တော့ ပိုင်ထျန်း လွန်စွာ နောင်တရနေပါပြီ။ သူက စိတ်ထဲမှနေ၍ ခါးခါးသီးသီး ကျိန်ဆဲခဲ့သည်။

"ကျွန်တော်တို့မှာ လီရှန်ဆိုတဲ့ တပည့်တစ်ယောက် ရှိတယ်... သူ"

လီရှန်?

လုရွှမ် မထိန်းနိုင်ဘဲ တခစ်ခစ် ရယ်ချလိုက်သည်။

"မင်း သူ့ကိစ္စတွေကို စုံစမ်းဖို့ ဒီကိုလာတာပေါ့လေ"

"သခင်လေးလုရွှမ်က သူ့ကို သိလား?"

"အဲဒီလူက လူယုတ်မာပဲလေ... ငါပဲ သူ့ကိုသတ်လိုက်တာ"

ပိုင်ထျန်းမှာ သွေးအန်ချင်စိတ်ကို တကယ် ခံစားရသော်လည်း မနည်းကို သည်းခံထားရလေသည်။ သူ့မျက်လုံးထဲမှာ ဒေါသတွေ ပြည့်နှက်နေ၏။ ​​ဘာကြောင့် ဒီလိုဖြစ်ရတာလဲ။

လုရွှမ်: "ဟမ့် လူတွေကို ကောင်းကင်က စောင့်ကြည့်နေတယ်လေ...မြစ်နားမှာ တစ်ချိန်လုံး ရပ်နေမယ်ဆိုရင် မင်းတို့ရဲ့ ဖိနပ်တွေ မစိုအောင် ဘယ်လို ထိန်းထားနိုင်မလဲ မင်းတို့ မကောင်းမှု ကျူးလွန်တာ များလွန်းတယ်"

လူတိုင်းက ခေါင်းငုံ့ပြီး ပြန်မဖြေရဲ​ကြ။

"ဒါဆို မင်းတို့ဒီကိုလာတာ ရှဲ့မိသားစုကို ပြဿနာရှာဖို့လား... မင်းတို့ ဘာလုပ်နေတာလဲ"

"သခင်လေးလုရွှမ် အဲဒါက မဟုတ်ဘူးဗျ.... သူတို့ကိုယ်တိုင် အစပြုပြီး ကျွန်တော်တို့နဲ့ ဆက်ဆံရေးကို ထူထောင်ချင်နေကြတာ... ယင်ယန်မဟာဂိုဏ်းနဲ့ အဆက်အဆံ လုပ်ချင်ကြတဲ့ လူက များတယ်မလား.... မဟာဂိုဏ်းတွေက ဘယ်လောက် ဆွဲဆောင်မှု ရှိတယ်ဆိုတာ မင်းလည်း သိတာပဲ... အဲဒါတွေကို ကျွန်​တော်တို့လည်း မငြင်းရက်ဘူး...အရင်က ပေးလှူတဲ့ အမျိုးသမီးတွေက သူတို့ ဇနီးမောင်နှံတွေ ဖြစ်သွားပြီ..."

နောက်​ထပ်​စကား​တွေ​ ပြောပြီး​နောက်​ ပိုင်ထျန်းရဲ့မျက်​နှာက နီရဲလာပြီး ​နောက်​ထပ်​ ဆက်မပြောရဲတော့ချေ။

"ပြီးတော့ရော?"

ပိုင်ထျန်းလည်း ဒီအချိန်လေးမှာ ထုတ်မပြောရင် သေရတော့မယ် ဆိုတာ သိတာကြောင့် သိသမျှကို အဆုံးမသတ်ဘဲ ပြောပြလိုက်သည်။

"အဘိုးကြီးရှဲ့မှာ လျှို့ဝှက်ချက်ရှိတယ်ကွ... သူတို့မှာ ယင်ဓာတ်တွေကို ထင်ရှားအောင် စွမ်းဆောင်နိုင်တဲ့ နတ်ဆိုးမျိုးရိုးတွေရဲ့ ဦးချိုကို ရခဲ့တယ်တဲ့.... ဒါ့အပြင် သူ့မှာ သမီးနှစ်ယောက် ရှိ​သေးတယ်... ကျွန်တော်တို့လည်း သေချာပေါက် မငြင်းနိုင်ဘူးလေ... အဲဒါက လူသားတွေ လုပ်တတ်တာပဲ မဟုတ်ဘူးလား”

All Chapters