← Chapters

ထွက်ပြေး

Vol. 119 Ch. 4.1294

ထွက်ပြေး

Vol. 119 Ch. 4.1294

"အခု ခင်ဗျားတို့ကျုပ်ကို မမျှော်လင့်ဘဲ တိုက်ခိုက်လာတော့ ကျုပ် အရမ်းဒေါသထွက်နေတယ် ဒါပေမဲ့ ခင်ဗျားက မသေမျိုးနယ်ပယ်ကို တက်သွားတဲ့ လူတစ်ယောက်ပဲလေ...ကျုပ် ဒီနေရာမှာ ဖြစ်ပျက်ခဲ့တာတွေကို ဘာမှ မပြောဖို့ ကတိ​ပေးနိုင်ပေမယ့် ကျုပ်ရဲ့ စိတ်ပျက်သွားမှုတွေ အတွက် လျော်ကြေးပေးဖို့တော့ လိုလိမ့်မယ်... တခြားအရာတော့ မလိုချင်ပါဘူး... ကျုပ်ကိုခိုးဝှက်​ပြီး တိုက်ခိုက်ထားတဲ့ ခင်ဗျားရဲ့ သိုလှောင်လက်စွပ်ကို လိုချင်နေရုံပဲ"

လုရွှမ် စကားပြောနေရင်းနဲ့ကို တုန်လှုပ်သွားသည့် အရိပ်အယောင်ကိုတောင် မပြဘဲ တည်ငြိမ်စွာ ပြောလိုက်သည်။ ထိုအခါ ချောင်ထျန်းရဲ့ မျက်နှာလည်း မည်းမှောင်သွား၏။ အမှန်အတိုင်း ပြောရလျှင် လုရွှမ်ကို သတ်ပစ်ရန် အစောကတည်းက စဉ်းစားနေခဲ့သော်လည်း အဆုံးတွင် သူတို့ခမျာ စိတ်ထဲမငြိမ်မသက် ဖြစ်ပြီး တုံ့ဆိုင်းသွားသည်။

အရင်က ချောင်ထျန်းမှာ ဒီလူကို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခိုင်းပေမယ့် လုရွှမ် ပြောတာကို ကြားတော့ သူ တုံ့ဆိုင်းသွားပြန်သည်။ အမှန်တကယ်ပင်။ သူတို့၏ ယင်ယန် မဟာဂိုဏ်းတွင်ပင် တကယ့်ပါရမီရှင်များ ပေါ်ပေါက်လာပါက ရန်သူတွေကလည်း သေချာပေါက် ရှိလာပြီး မည်သူမျှ လုံခြုံမည်မဟုတ်ပေ။

ထို့အပြင် လုရွှမ် အမှန်တကယ် အသတ်ခံရပါက ရုတ်ရုတ်သဲသဲ ဖြစ်သွားလိမ့်မည်။ ဒြပ်စင်ငါးပါး မဟာဂိုဏ်းသည် ယင်ယန်မဟာဂိုဏ်းနှင့် အမှန်တကယ် ရန်ငြိုးဖွဲ့ကာ အကျိုးဆက်များကလည်း အမှန်တကယ် အဆုံးမသတ်နိုင်တော့ချေ။

ဂိုဏ်းထဲမှာတင် မကဘူး တခြားဂိုဏ်းများ၊ သန့်ရှင်းတဲ့နယ်မြေက ရှေးဟောင်းမိသားစု စတာတွေဟည လုရွှမ်ကို ၎င်းတို့ဂိုဏ်း၏ တပည့် မဖြစ်စေလိုသူ ဘယ်သူမှ မရှိကြောင်း သူသိသည်။ သို့သော် လုရွှမ်သည် နတ်ခြေလှမ်းနယ်ပယ်ကို တက်လှမ်းရန် အလားအလာ ရှိသူမို့ လုရွှမ်က သူတို့ကိုပြန်လာသတ်လိမ့်မည်။

ဒါပေမဲ့ အခုကိစ္စက ဖော်ထုတ်ခိုင်းလိုက်လို့ မရချေ။ ထို့ပြင် ဂိုဏ်းဂဏအားလုံးသည် တခြားဂိုဏ်းများ အမှားလုပ်မိမှာကို စိတ်အားထက်သန်စွာ စောင့်နေကြသူပင်။ ၎င်းတို့၏ စိတ်နှလုံးများက တခြားလူအား ပြင်းထန်သော ဒုက္ခများထဲ တွန်းပို့ရန် သို့မဟုတ် နည်းလမ်းတကျ ဖျက်ဆီးပစ်ရန် မလွဲမသွေ လုပ်ဆောင်ကြလိမ့်မည်။

အခုအချိန်က လုရွှမ်ကို ဖယ်ရှားပစ်ဖို့ အချိန်ကောင်းပဲ မဟုတ်​ပါလား။

လုရွှမ်ပတ်ဝန်းကျင်မှာ လူနဲ့ အကာအကွယ်တွေ ဘယ်လောက်ရှိတယ်ဆိုတာ သူတို့ မသိကြပါဘူး။

"ဟား ဟား ဟား!"

ချောင်ထျန်းက အော်ရယ်လိုက်သည်။

"ချစ်တူလေး ဒါကြီးက တကယ် ရယ်စရာကောင်းတယ်နော်... ငါတို့ရဲ့ ယင်ယန်မဟာဂိုဏ်းနဲ့ ဒြပ်စင်ငါးပါး မဟာဂိုဏ်းက သဘာဝအတိုင်း စည်းစည်းလုံးလုံး ရှိခဲ့တာပဲလေ... ငါတို့ အချင်းချင်း ဘယ်လိုလုပ် သတ်ဖြတ်နိုင်မှာပဲလေ... အခုနတုန်းက မင်းက လူတွေ ဖန်တီးထားတဲ့ နံပါတ်တစ် ပါရမီရှင်အဆင့်နဲ့ ထိုက်တန်ရဲ့လား သိဖို့ စမ်းသပ်နေရုံပါ"

လုရွှမ်ကလည်း ရယ်လျက်။

"ပြောပါရစေဦး... ကျုပ်တို့ရဲ့ ဒြပ်စင်ငါးပါးနဲ့ ယင်ယန်က ​​တစ်ခုနဲ့တစ်ခု ဆက်စပ်နေတာမလား... ကျုပ်တို့က ​​ဆွေမျိုးတွေကို နာကျင်အောင် လုပ်ပြီး ရန်သူတွေကို ပျော်ရွှင်အောင် လုပ်လို့ ဘယ်ဖြစ်မလဲ..အဲဒီအစ်ကိုရဲ့ သိုလှောင်လက်စွပ်က အရမ်းလှတယ်နော်"

ချောင်ထျန်း၏ မျက်နှာမှာ ကြည်ကြည်လင်လင် ဖြစ်သွားသော်လည်း လက်စွပ် ဆုံးရှုံးရတော့မယ့် ထိုလူ၏ မျက်နှာကတော့ မလှပတော့ပေ။ သူ့စည်းစိမ်ဥစ္စာ အားလုံးကို လုရွှမ်အား ဒီအတိုင်းသာ ပေးအပ်ခဲ့မည်ဆိုလျှင် ကြီးမားစွာ ဆုံးရှုံးသွားရလိမ့်မည်။

လုရွှမ်က ဘာမှထပ်မပြောဘဲ ပေါ့ပေါ့ပါးပါး ပြုံးပြီး ချောင်ထျန်းကိုသာ ကြည့်လိုက်သည်။ ချောင်ထျန်း မျက်နှာသည်လည်း အနည်းငယ် မည်းမှောင်လာ၏။ သို့သော် ယင်ယန်မဟာဂိုဏ်း၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းအောင် မလုပ်နိုင်တာကြောင့် ဘာမျှ မတတ်နိုင်ပေ။

"သူ့ကို အစည်းအဝေး လက်ဆောင်အဖြစ် ပေးလိုက်ပါ..."

ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ရန် စီစဉ်ခဲ့သူမှာ မကျေနပ်သော်လည်း ချောင်ထျန်း၏ စကားကို နားမထောင်ဝံ့ပေ။ သူ့မြေးကိုတောင် သွေးအေးအေးနဲ့ သတ်နိုင်တဲ့သူဟာ နာခံမှုမရှိတဲ့ သူကို ဘယ်လိုလုပ် ချန်ထားပါ့မလဲ။

ထိုလူရဲ့ သိုလှောင်လက်စွပ်ကို ယူပြီးနောက် လုရွှမ်က သက်ပြင်းချလိုက်သည်။

"ကျေးဇူးပဲ ကျုပ်ရုတ်တရက် ချမ်းသာလာပြီ"

ကျန်လူနှစ်ယောက်သည် သူတို့၏ ကံဆိုးခြင်းအတွက် ရင်ခုန်နေပုံရသည်။ သို့သော် လုရွှမ် သူတို့၏ အကြံအစည်ကို ရိပ်မိသွားမှာ စိုးရိမ်သောကြောင့် အသံမထွက်ရဲပေ။ လုရွှမ်က ပြုံးပြီး လက်ညှိုးပေါ်၌ လက်စွပ်ကို မြှောက်ထားလိုက်သည်။ လူပေါင်းများစွာရဲ့ အံ့အားသင့်နေတဲ့ အမူအရာတွေကို ကြည့်ရင်း သူက ပြော၏။

"ကျုပ်က ကျုပ်စကားကို အမြဲတမ်း လိုက်နာတယ်... တစ်မိသားစုလုံးကို သတ်ပစ်မယ် လို့ ကျိန်ဆိုရင် တစ်မိသားစုလုံးကို သတ်ပစ်လိုက်မှာပဲ... ကတိမတည်တာမျိုး မလုပ်ပါဘူး"

တစ်မိသားစုလုံးကို သတ်ချင်တယ်လို့ ပြောရင်တော့ ဒါက ခြိမ်းခြောက်စကားပါပဲ။

"နှုတ်ဆက်ပါတယ် အားလုံးပဲ ဒီနေရာက တော်တော်စိတ်ဝင်စားဖို့ ကောင်းတယ်နော်... ဒေသဓလေ့ထုံးစံတွေက အရမ်း ကောင်းတယ် အရည်အချင်းကောင်းတွေလည်း ရှိတယ် အကြီးအကဲတို့ ဒီမှာ တပည့်တွေ စုဆောင်းနိုင်တယ်နော်..."

လုရွှမ် ပြုံးကာ ကောင်းကင်သို့ ပျံတက်၍ ပို့ဆောင်ခြင်းအစီအရင် ဆီသို့ ပြေးသွားတော့သည်။ သူ့ကျောက စိုစွတ်နေပြီ။

"ဂိုဏ်းတူအစ်ကို"

ကျောက်ထောင်းနဲ့ ယွမ်ရှင်းတို့သည် လုရွှမ်ကို မြင်သည်နှင့် ချက်ချင်း ထအော်လိုက်၏။ သူတို့၏ မျက်နှာများမှာ အနည်းငယ် ရုပ်ဆိုးနေကြသည်။ ယင်ယန်မဟာဂိုဏ်းမှ နတ်ခြေလှမ်း နယ်ပယ်က လူတစ်ယောက် ရောက်ရှိလာသည်ကို အမှန်ပင် မြင်လိုက်ရသဖြင့် လုရွှမ် တစ်ခုခု ဖြစ်သွားမည်ကို စိုးရိမ်​နေခဲ့သည်။

"ဘာမှမ​ပြောနဲ့​ အရင်​သွားရ​အောင်​"

လုရွှမ် စကားဆုံးသော် သူတို့နှစ်ဦးဟာ ပို့ဆောင်ခြင်းအစီအရင်ထဲသို့ ဖျက်ကနဲ ဆွဲသွင်းခံလိုက်ရကာ တိုက်ရိုက်အဝေးသို့ ပြေးထွက်ခဲ့သည်။ အဲဒီနောက် ဘယ်မြို့မှာမှ မနေရဲတော့ဘဲ အဆက်မပြတ် တယ်လီပို့ကာ နောက်ဆုံးတွင် တစ်နေရာ၌ ရပ်သွား၏။

ကျောက်ထောင်းနဲ့ ယွမ်ရှင်းတို့က နံဘေးတွင် လဲလျောင်းနေပြီး အန်စပြုနေပြီ။ ယခုလို ကြီးမားသော ပို့ဆောင်ခြင်းအစီအရင်က ငွေများစွာ သုံးစွဲရသလို နတ်မီးနယ်ပယ်၌ မရှိလျှင် လုံးဝ မစီးနိုင်ပေ။

လုရွှမ် ယခင်က ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို ပြန်ပြောပြပြီးနောက် လုရွှမ် အဘယ်ကြောင့် ရိုင်းစိုင်းစွာ ပြေးလာရသလဲ သိကာ ထိတ်လန့်သွားကြသည်။

သို့သော် ရန်မြို့တွင်တော့ ချောင်ထျန်းရဲ့ အမူအရာက ရုတ်တရက် ပြောင်းလဲသွား၏။ သူသည် ပို့ဆောင်ခြင်း အစီအရင်ဆီသို့ အလျင်အမြန် ပြေးသွားပြီး ခြေရာအချို့ကို ရှာရန် ကြိုးစားသော်လည်း မတွေ့တော့ပေ။

ချောင်ထျန်းက ပြင်းပြင်းထန်ထန် ကျိန်ဆဲလေ၏။ ကျန်သုံးယောက်မှာ ဒေါသထွက်နေသော်လည်း စကားမပြောရဲကြချေ။ အထူးသဖြင့် သူ့လက်စွပ်ကို လုယက်ခံရတဲ့ မျှော်စင် နယ်ပယ်ရဲ့ သခင်ပင်။

လုရွှမ်တို့ကတော့ ခဏတာ အနားယူကြပြီး ခွန်အားများ ပြန်လည်ရရှိလာတဲ့အခါ ကျောက်ထောင်းတို့၏ မွေးရပ်မြေဆီသို့ ခရီးဆက်ကြသည်။

သူတို့နှစ်ယောက်လုံးဟာ ကျင့်ကြံသူ မိသားစုကနေ မွေးဖွားလာကြတာ ဖြစ်သည်။ တကယ်တော့ ပေါ့ပါးပြီး စိမ်းလန်းစိုပြေတဲ့ မြေကမ္ဘာကြီးမှာ လူတိုင်းနီးပါး ကျင့်ကြံနိုင်ကြသည်။

ထို့ကြောင့် ထုံးစံအတိုင်း ကြီးကြီးငယ်ငယ် အမျိုးမျိုးသော မိသားစုများ ပေါ်ပေါက်လာသည့်အထဲ အမှန်ပင် ရှေးဟောင်းမိသားစုများက ထိပ်တန်းဖြစ်သည်။ သူတို့အောက်တွင် အမျိုးမျိုးသော အကြီးအငယ် မိသားစုများ ဖြစ်ကြသည်။

ထိုမိသားစုများသည်လည်း အရွယ်အစားနှင့် ခွန်အားပေါ်မူတည်၍ သဘာဝအတိုင်း ကွဲပြားကြသည်။

ဥပမာ မိသားစုတစ်ခုတွင် နတ်ခြေလှမ်းနယ်ပယ်သို့ တက်သွားသော သခင်များ ရှိနိုင်လျှင် ၎င်းကို ပထမတန်းစား မိသားစုဟု သတ်မှတ်နိုင်သည်။ တခြားလူအပေါ် လွှမ်းမိုးထားနိုင်တာကို သူရဲကောင်းလို့ ခေါ်နိုင်ပြီး ထိပ်တန်း ကောင်းကင်ဂူများလည်း ရှိသေး၏။

မသေနိုင်သောဘုံသို့ တက်လှမ်းခဲ့သော သခင်များက များစွာ မရှိသော်လည်း မျှော်စင်နယ်ပယ် သခင်များစွာ ရှိပါက ဒုတိယတန်းစား မိသားစုများ ဖြစ်လာနိုင်ပြီး ၎င်းတို့သည် ကောင်းကင်ဂူ၏ ခွန်အားနှင့် ညီမျှ​လေသည်။

မျှော်စင်နယ်ပယ် သခင်တွေတောင် မရှိကြတဲ့ မိသားစုငယ်လေးတွေမှာတော့ နတ်မီးနယ်ပယ်များက များလွန်းတာကြောင့် တတိယတန်းစား မိသားစုလို့ ခေါ်ကြပေမယ့် ယေဘူယျအားဖြင့်တော့ ဘယ်သူကမှ အဲဒီလို မခေါ်ကြဘဲ ရိုးရိုးရှင်းရှင်းနဲ့ သာမန်လူတွေလိုပဲ သတ်မှတ်ကြလေသည်။

ကျောက်ထောင်းနဲ့ ယွမ်ရှင်းတို့၏ မိသားစုများသည် ဒုတိယတန်းစား မိသားစုများ ဖြစ်သော်လည်း ကံမကောင်းစွာဖြင့် ၎င်းတို့သည် ဒုတိယတန်းစား မိသားစုများကြားတွင်ပင် အောက်ခြေ၌ ရှိနေ၏။ မိသားစုတစ်စုတွင် မျှော်စင်နယ်ပယ် လူတစ်သောင်းကျော် ရှိပြီး ရာနှင့်ချီသော ကျင့်ကြံသူများ ရှိသည်။ သို့သော် မျှော်စင်နယ်ပယ် အဆင့်၅ အထက်တွင် လူက ၁၀ယောက်ထက်ပင် မပိုချေ။

မိသားစုသည် ကြီးကြီးမားမား မဟုတ်သောကြောင့် လွှမ်းခြုံနိုင်မှု အတိုင်းအတာသည် သဘာဝအားဖြင့် မကြီးမားသည့်အပြင် အရင်းအမြစ်များလည်း နည်းပါးပါသည်။ ဒါကလည်း ကျောက်ထောင်းနဲ့ ယွမ်ရှင်းကို အတွင်းစည်းတပည့်တွေက ငြင်းဆိုရတဲ့ အကြောင်းရင်းပါပဲ။

ထုံးစံအတိုင်း ဆင်းရဲသားနှစ်ယောက်က သူဌေးနဲ့ မပေါင်းနိုင်ဘူးလေ။ သူတို့နှစ်ယောက်ကတော့ ငယ်စဉ်ကလေးဘဝက ချစ်စရာတွေအဖြစ် ကြီးပြင်းလာခဲ့ကြတာ ဖြစ်လေသည်။ အိမ်ချင်းကလည်း သိပ်မဝေးကြချေ။

All Chapters