လက်ထပ်ပွဲ
Vol. 119 Ch. 4.1296
ကျောက်ထောင်းနဲ့ ယွမ်ရှင်းကလည်း သူတို့ပါးစပ်ကနေ အကြီးအကဲလို့ အခေါ်ခံရဖို့ စောင့်နေတဲ့ ထိုသုံးယောက်ကို လျစ်လျူရှုထားကြသည်။
လုရွှမ် ကျောက်ထောင်းကို ကြည့်ပြီး မေးလိုက်သည်။
"ဒီသုံးယောက်က ဘယ်လိုလဲ?"
"ဂိုဏ်းနယ်မြေလို့ ခေါ်တဲ့ မဟာဂိုဏ်း တစ်ခုစီရဲ့ အနီးအနားမှာ နေကြတာ... သူတို့ ရှင်သန်ဖို့အတွက် မဟာဂိုဏ်းကို အားကိုးတဲ့ မိသားစုတွေ အများကြီးရှိတယ်။ ပြီးတော့ မဟာဂိုဏ်းကလည်း နေ့စဉ်နဲ့အမျှ ကျယ်ပြန့်လာတယ်... လွန်ခဲ့တဲ့ လေးနှစ်လောက်က ကျွန်တော်တို့လည်း အရည်အချင်းစစ် အကဲဖြတ်မှုတွေ ပြုလုပ်ပြီးမှ ဂိုဏ်းထဲဝင်ဖို့ ရွေးချယ်ခံခဲ့ရတာ...."
"ဒီမိသားစုသုံးစုက အဲဒီလိုမိသားစုတွေထဲကပဲ... သာမန်မိသားစုတွေက တခြားမိသားစုတွေကနေ အိမ်ထောင်ဖက်ကို သဘာဝအတိုင်း ရွေးချယ်ကြပါတယ် ဘာကြောင့်လဲဆိုတော့ အဲဒီလိုကလေးတွေမှာ အရည်အချင်းတွေ ပိုရှိလို့ပဲ"
"ဥပမာ ကျွန်တော်တို့ရဲ့ ဒြပ်စင်ငါးပါး မဟာဂိုဏ်းအနီးမှာဆို ပထမတန်းစား မိသားစုသုံးစု၊ ဒုတိယတန်းစားမိသားစု ကိုးခုနှင့် တတိယတန်းစားမိသားစု ရာနဲ့ချီရှိတယ်... လုံးဝ အဆင့်နိမ့်တဲ့ မိသားစုတွေ ပူးပေါင်းလိုက်တော့မှ ကျွန်တော်တို့ရဲ့ ဒြပ်စင်ငါးပါး မဟာဂိုဏ်းရဲ့ တပည့်စုဆောင်းတဲ့ ပေါင်းစပ်ဖွဲ့စည်းမှု ဖြစ်လာတာ"
လုရွှမ် နားလည်သွားသည်။
အရင်က ဒီလူသုံးယောက် ပြောခဲ့တဲ့ စကားအရ စုစုပေါင်း ဒုတိယတန်းစားမိသားစု ကိုးခုရှိပေမယ့် အခုဒီမိသားစု ၃ စုက ရောက်လာပြီး ကျန်တဲ့လေးမိသားစုက မလာခဲ့ပေ။
အနည်းဆုံးတော့ တစ်စုံတစ်ယောက်ကို လွှတ်လိုက်သင့်တယ် မဟုတ်လား။
ဒါပေမဲ့ အခုထိ ဘယ်သူမှ ရောက်မလာသေးတဲ့အတွက် သိပ်ဂရုမစိုက်ကြဘူး ဆိုတာ သိသာပါ၏။ အထူးသဖြင့် မိသားစုနှစ်စုကြား စဉ်ဆက်မပြတ် လက်ထပ်ခြင်းသည် မိသားစုနှစ်စု၏ အဆင့်အတန်းသည် ဆက်လက် ကျဆင်းနေကြောင်း သံသယဖြစ်ဖွယ် ပြသနေသည်။
သူတို့စကားပြောနေစဉ် အနောက်ဘက်မှ ဆူညံသံများ ထွက်ပေါ်လာပြီး နောက်ထပ် လူလေးယောက် ဝင်လာသော်သည်။ သူတို့၏ ခွန်အားမှာ ဤအကြီးအကဲ သုံးယောက်ထက် အနည်းငယ် ပိုမြင့်နေကာ အနိမ့်ဆုံးကတင် မျှော်စင်နယ်ပယ် အဆင့် (၆) တွင်ရှိပြီး လူတစ်ဦး အမှန်တကယ်ပင် အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပြီ။
လုရွှမ် ဤလူများကို ငုံ့ကြည့်ကာ ခေါင်းကို အနည်းငယ် ခါယမ်းမိသည်။ ဤလူများသည် ဒြပ်စင်ငါးပါး မဟာဂိုဏ်းနှင့် ၎င်းတို့၏ ဆက်ဆံရေးကို ချိတ်ဆက်ထားသော်လည်း ကျင့်ကြံမှုတွေက နောက်ကျကျန်နေသေးသည်။
ကျင့်ကြံမှု အတိုင်းအတာပေါ် မူတည်ပြီး နှိုင်းယှဥ်ကြည့်ရလျှင် ကောင်းကင်ဂူများနှင့်သာ တူသည်။ မဟာဂိုဏ်းတစ်ဝိုက်တွင်တော့ ဤမိသားစုကြီးများသည် ကြီးမားသော ကွာဟချက်များ ရှိနေသေး၏။ ၎င်းတို့မိသားစုထဲက တပည့်တစ်ဦး မဟာဂိုဏ်းထဲသို့ ဝင်လိုက်သည်နှင့် ငါးကြင်းတစ်ကောင် နဂါးတံခါးကို ခုန်တက်သွားသလို အဓိပ္ပာယ် ရှိသွားပြီ။
လူသုံးယောက်က အရှိန်ပြင်းပြင်းနဲ့ ရှေ့ကို ပြေးပြီး သုံးယောက်နောက်ကို ထားခဲ့တယ်။
လုရွှမ် ဂရုမစိုက်သလို ကျောက်ထောင်းနဲ့ ယွမ်ရှင်းကလည်း ထိုလူများကို အာရုံစိုက်ရန် စိတ်မ၀င်စားပေ။ ထိုလူလေးယောက်သည် အခြားဒုတိယတန်းစား မိသားစုလေးခု၏ ကိုယ်စားလှယ်များ ဖြစ်ပေလိမ့်မည်။ အခြားတတိယတန်းစား မိသားစုများ အတွက်မူ ၎င်းတို့သည် ဤလဥယျာဉ်သို့ ဝင်ရောက်ရန် အရည်အချင်း မပြည့်မီပေ။
"ဒီမှာ နတ်မီးနယ်ပယ် အငယ်တန်းသုံးယောက်က ဘာလို့ ရောက်နေတာလဲ?"
လူတစ်ယောက်က မေးလိုက်သည်။ အရင်က သရုပ်ဆောင်ဖူးတဲ့ ဟဲ့ချန်ခုန်းက အခုလည်း ပြုံးပြီးပြော၏။
"ဟာဟား... ဘယ်သူကသိမှာလဲ ကျုပ်တို့ သုံးယောက်တောင် ဘယ်သူမှန်း မသိပါဘူး ကျုပ်တို့ကို လာတွေ့ဖို့ နေနေသာသာ ဂါဝရတောင် မပြုကြဘူး... ရိုက်ချက် အကြီးကြီးတွေရဲ့ မျိုးဆက်တွေ ဖြစ်နိုင်တယ်...."
သူတို့မျက်လုံးထဲမှာတော့ လုရွှမ်တို့သုံးယောက်ကို အရေးကြီးတဲ့ ပုဂ္ဂိုလ်တွေအဖြစ် ဘယ်တုန်းကမှ မမှတ်ယူခဲ့ကြပါဘူး။ လုရွှမ်တို့ ကျင့်ကြံမှု အဆင့်ကို ကြည့်ရင် အများစုဟာ အတွင်းစည်းတပည့်သာ ဖြစ်နိုင်လို့ သူတို့ကလည်း လုံးဝ မကြောက်ဘူး။
လုလို့ ခေါ်တဲ့ ပညာရှင်တွေက ဘယ်သူတွေလဲ။ ကျင့်ကြံခြင်း အစားအစာအတွက် ဒြပ်စင်ငါးပါး မဟာဂိုဏ်းကို မှီခိုအားထားသူများသည် ဒြပ်စင်ငါးပါး မဟာဂိုဏ်း၏ တပည့်များထက် ဒြပ်စင်ငါးပါးကို ပိုမိုတိကျစွာ နားလည်ကြသည်။
ဒါပေမဲ့ လုလို့ခေါ်တဲ့ လူကြီးတစ်ယောက်မှ မရှိချေ။
တခြားနေရာကလား။ ဒြပ်စင်ငါးပါး မဟာဂိုဏ်းရဲ့ နာမည်ကို အကြောင်းပြချက် အနေနဲ့ သုံးပြီး ပြဿနာဖြစ်အောင် လုပ်ဖို့ သတ္တိရှိရင် ကိုယ့်အသက်ကို မလိုချင်တော့သူတွေပဲ ဖြစ်လိမ့်မည်။
"ဟမ့် အငယ်တန်းတွေကို ဂရုမစိုက်နေဘူး!"
ပြောလိုက်သူက ကျင့်ကြံမှု အမြင့်ဆုံးလူဖြစ်သည်။ သူ့နာမည်က လီထန်၊ သူ့လေသံက ကဲ့ရဲ့လှောင်ပြောင်နေကြောင်း သိသာစွာ သူ့အမူအရာကလည်း အလွန်မာနကြီးနေ၏။ လုရွှမ် ဤအသေးအမွှား ကိစ္စနှင့် ပတ်သက်၍ ရန်ပွဲကြီးများထဲတွင် ပါဝင်ရန် စိတ်မဝင်စားပေ။ သူက လူငယ်နှစ်ယောက်ကို စကားအနည်းငယ်ဖြင့် နှစ်သိမ့်ခဲ့သည်။
"ငါတို့ လဥယျာဥ်ထဲ ကောင်းကောင်း သွားလည်ကြမလား"
ကျောက်ထောင်းက သဘောတူသည်။ ယွမ်ရှင်းကို ကြည့်လိုက်တော့ သူမမျက်လုံးထဲမှာ အရှက်အကွဲကြီး ဖြစ်နေတာကို တွေ့လိုက်ရ၏။ သူတို့နှစ်ယောက်လုံးက လုရွှမ်ကို အကူအညီတောင်းဖို့ ရည်ရွယ်ချက် မရှိဘူးဆိုတာကို လုရွှမ်လည်း ရှင်းရှင်းလင်းလင်း မြင်နေရသည်။
ဤသည်မှာ လုရွှမ်၏ တန်ခိုးနှင့် ဂုဏ်သိက္ခာကို အားကိုးရမည့်အစား ၎င်းတို့၏ ကိုယ်ပိုင်ကိစ္စကို ကိုယ်တိုင်သာ ဖြေရှင်းချင်သည်။
ထို့ကြောင့် လုရွှမ်လည်း သူတို့နှစ်ဦးနဲ့ ပြန်လည်ဆုံတွေ့သောအခါက အလွန်သဘောကျခဲ့သည်။ ကိုယ့်အတိုင်းအတာကို သိကြသလို မည်သည့်အရာကိုမျှ လျစ်လျူမရှုဘဲ အလုပ်ကြိုးစားပြီး တိုးတက်အောင်မြင်ရန် ကိုယ့်ကိုကိုယ် အလွန်တင်းကျပ်သော သတ်မှတ်ချက်များ ထားရှိသည်။
လူခုနစ်ယောက် အတူတူ စကားစမြည် ပြောနေကြစဥ် လုရွှမ်တို့ သုံးယောက်က လဥယျာဥ် တစ်ခုလုံးကို လှည့်ပတ်သွားနေကြသည်။ အနောက်ဘက်တွင် အနီရောင် နေရောင်သည် တဖြည်းဖြည်း ဝင်လာ၍ မှောင်ကျလာသည်နှင့် ပွဲစတော့မည်ပင်။
အစောတုန်းက လူငယ်လေး ကျောက်လင်က သူတို့ သုံးယောက်ကို စားပွဲကို ဖိတ်ဖို့ ရောက်လာ၏။ လုရွှမ်လည်း ထိုင်ခုံတွေရဲ့ အဆင်မပြေမှုကို ချက်ချင်း သတိထားမိလိုက်သည်။ ကျောက်ထောင်းနဲ့ ယွမ်ရှင်းပင် အနည်းငယ် ရှက်ရွံ့သွားသလို ခံစားလိုက်ရသည်။
ထိုင်ခုံများသည် မြောက်ဘက်နှင့် တောင်ဘက်သို့ မျက်နှာမူကာ သဘာဝအတိုင်း စီစဥ်ထားသောကြောင့် အထူးခြားဆုံး ဧည့်သည်များသည် မြောက်ဘက်တွင် ရှိနေသော်လည်း အခြားနေရာများနှင့် နှိုင်းယှဉ်ပါက ဤနေရာသည် အလွန်လူသူ ကင်းမဲ့နေပုံရသည်။
အထက်တန်းစား မိသားစုသုံးစုသည် မည်သူ့ကိုမျှမစေလွှတ်ဘဲ ဒုတိယတန်းစားမိသားစု ခုနစ်စုမှာ ကိုယ်စားလှယ် ခုနစ်ဦးသာ ရှိ၏။ ထို့နောက်တွင် လုရွှမ်တို့ သုံးဦးရှိခဲ့သည်။ ဒြပ်စင်ငါးပါး မဟာဂိုဏ်းကနေ ကိုယ်စားလှယ် လာဖို့ဆိုတာ ကျောက်၊ ယွမ်မိသားစုအတွက် တွေးတောင် မတွေးဝံ့ပေ။
ထိုအချိန်တွင် လုရွှမ်နှင့် အခြားလူနှစ်ယောက်သည် ကျောက်မိသားစု၏ သခင်ငယ်လေးက လက်ထပ်တော့မည့်သူ ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိလိုက်ရသည်။
ကျောက်ထောင်းက တိုးတိုးလေး ပြော၏။
"လတ်စသတ်တော့ ကျောက်ဟုန်ကိုး.. သူက ကျွန်တော့်ဝမ်းကွဲ သူ မဟာဂိုဏ်းထဲ ဝင်ဖို့ နည်းနည်းပဲ လိုသွားတာ.... သနားစရာပဲ ဒီနေ့ သူလက်ထပ်သွားပြီ"
ကျောက်ဟုန်၏ အသွင်အပြင်သည် ကျောက်ထောင်းနှင့် ခပ်ဆင်ဆင် တူသော်လည်း သူ့ပုံစံက အသက်ကြီးသည်။ ကျင့်ကြံမှု အဆင့်သည် နတ်မီးနယ်ပယ် ပထမအဆင့်တွင် ရှိပြီး ကျောက်ထောင်းနဲ့ များစွာကွာခြားပုံ မပေါ်သော်လည်း တကယ်တော့ ၎င်းတို့နှစ်ဦးကြား ကွာဟချက်က ကြီးမားပါသည်။
သတို့သမီးလေးက အရမ်းလှပြီး ရယ်မောနေခဲ့ကာ သူတို့နှစ်ဖက်က အလွန်လိုက်ဖက်ပေသည်။
မင်္ဂလာပွဲက ပုံမှန်အတိုင်းဘဲ ချောမွေ့လွန်းနေပုံရပေမယ့် ကောင်းကင်က နည်းနည်းတော့ မကြိုက်ပုံပါပဲ။ လင်မယားအဖြစ် သုံးကြိမ်တိုင်တိုင် ဦးညွှတ်နေကြစဉ်တွင် အသံတစ်သံနဲ့အတူ လူတစ်ယောက် ထွက်ပေါ်လာ၏။
"မင်းတို့ရဲ့ မင်္ဂလာပွဲကို ငါသဘောမတူဘူး!"
ကျောက်တစ်မိသားစုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ လုရွှမ် လီထန်ဘက်သို့ ကြည့်လိုက်၏။ အဲဒီပွဲဖျက်လူငယ် ရောက်လာတော့ လီထန်ပြောတာကို သူ ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။
"ဒါကမှ စိတ်ဝင်စားစရာ ကောင်းတာ"
ကျောက်ထောင်း သူ့လက်သီးတွေကို ဆုပ်ထားကာ ယွမ်ရှင်းကလည်း ဧည့်သည်ကို မုန်းတီးစွာ စိုက်ကြည့်နေသည်။ သို့သော် ကြင်စဦးဇနီးမောင်နှံများ၏ အမူအရာများလည်း ပြောင်းလဲသွားသည်ကို လုရွှမ် သတိပြုမိသည်။
"မင်းတို့ရဲ့ မင်္ဂလာပွဲကို ငါသဘောမတူဘူး"
လူငယ်က ထပ်အော်တယ်။
"ဟမ့် ဒါက ငါတို့ရဲ့ ကျောက်မိသားစုရဲ့ ကိစ္စပဲ... ဒီကောင်ကို တုတ်နဲ့ ရိုက်ကြစမ်း!"
အသံနက်ကြီး ထွက်ပေါ်လာ၏။ သူသည် အမှန်တကယ်ပင် ကျောက်မိသားစု၏ အကြီးအကဲဖြစ်ပြီး ကျောက်ဟုန် ဖခင်အရင်းပဲ ဖြစ်သည်။ ထိုအချိန်တွင် လူနှစ်ယောက် ပြေးထွက်လာပြီး ထိုလူငယ်ကို လှမ်းဆွဲလိုက်သည်။
ဟမ့်!
လူငယ်က ညင်သာစွာ အော်ဟစ်လိုက်ပြီး သူ့ခန္ဓာကိုယ် တုန်ခါသွားကာ နတ်မီးနယ်ပယ် အဆင့်၉ လေ့ကျင့်သူနှစ်ဦးကို အမှန်တကယ် တုန်လှုပ်သွားစေခဲ့သည်။ ထိုလူငယ်၏ ကျင့်ကြံမှု အဆင့်မှာမူ နတ်မီးနယ်ပယ် အဆင့်၄၌သာ ရှိသေးသည်။
"ငါ့နာမည်က ထန်လုံ... ငါဘယ်သူလဲဆိုတာ မင်းတို့သိထားသင့်တယ် နောက်တစ်ခါ ထပ်မလာနဲ့... မဟုတ်ရင် ငါသက်ညှာမှာ မဟုတ်ဘူး"
သူ၏ မျိုးရိုးအမည်မှာ ထန်ဖြစ်ကြောင်း ပြောလိုက်သောအခါ သူ့ပတ်ဝန်းကျင်ရှိ ဧည့်သည်များ ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။
ယွမ်ရှင်း: "အထက်တန်းစား မိသားစု သုံးစုထဲက တစ်ခုက ထန်ပဲ..."
ကျောက်ဟုန်က ပေါ့ပေါ့ပါးပါး နှာချေလိုက်ပြီး သတို့သမီးကို ကာကွယ်ပေးလိုက်သည်။
"ထန်လုံ... မင်း ငါ့ကို အရမ်းကြီး ဖိအားမပေးနဲ့... ငါ ကျောက်ဟုန်က မင်းကို ကြောက်နေမယ်လို့ ထင်နေတာလား"
ထန်လုံက ကျောက်ဟုန်ကို အထင်အမြင်သေးစွာ ကြည့်လာ၏။
"ငါ့ကို စကားလာမပြောနဲ့... မင်းနဲ့ မတန်ဘူး!"