ဖော်ထုတ်ပြသခဲ့
Vol. 119 Ch. 4.1297
ကျောက်ဟုန်၏ မျက်နှာက နီမြန်းလာပြီး စကားပြောတော့မည် ဖြစ်သော်လည်း ထန်လုံက ရုတ်တရက် ရှေ့သို့ လျင်မြန်စွာ ပြေးသွားလေသည်။ သူက ကျောက်ဟုန်ရှေ့သို့ ပြေးသွားကာ မျက်နှာကို ပြင်းထန်စွာ ပါးရိုက်လိုက်သည်။
ကျောက်ဟုန်ဘက်ကလည်း စတင်လှုပ်ရှားနေပြီ ဖြစ်ပေမယ့် ကွာဟချက်မှာ ကြီးမားလွန်းလှသည်။ ပါးစပ်ထောင့်က သွေးတွေ ချက်ချင်း ထွက်လာ၏။ ထန်လုံတစ်ယောက် ကျောက်ဟုန်ကို ပုတ်ခတ်စော်ကားလိုတာ ထင်ရှားပေသည်။
ကျောက်ဟုန် အလွန်ရှက်သွားပြီး ဒေါသတကြီးဖြင့် ထန်လုံဆီသို့ လျှပ်တပြက် ပြေးသွားပေမယ့် ကျောက်ဟုန်၏ မျက်နှာကို ပါးရိုက်လိုက်ပြန်သည်။ ဒီရိုက်ချက်ရဲ့ အင်အားက သိသိသာသာ တိုးလာတာကြောင့် ကျောက်ဟုန်လည်း အသက်ရှူကြပ်သွားပြီး ခဏတာမျှ မခံမရပ်နိုင် ဖြစ်သွားခဲ့ပါသည်။
"အတင့်ရဲလိုက်တာ!"
ကျောက်မိသားစု၏ အကြီးအကဲ ကျောက်ချန်ယန်မှ ဒေါသတကြီး ထအော်လိုက်သည်။
"ဒီကောင့်ကို ဖမ်းစမ်း!!"
သူက မျှော်စင် နယ်ပယ်၏ အဆင့်၈တွင် ရှိနေခဲ့တာကြောင့် အငယ်တန်းကို တိုက်ခိုက်ရန် အဆင်မပြေခဲ့ပေ။ ဤတစ်ကြိမ်တွင် နတ်မီးနယ်ပယ်မှ လူလေးယောက်က ပြတ်ပြတ်သားသား အော်ဟစ်သံကာ ပြေးလာကြလေသည်။ ထန်လုံသည်လည်း စူးရှ တောက်ပနေသော နတ်ဓားတစ်လက်ကို ဆွဲထုတ်လိုက်သည်။
သူက အေးစက်စက်နဲ့ ထပ်ပြောသေးသည်။
“ဒီမင်္ဂလာပွဲကို သွေးမြင်အောင် ဖြစ်ဖြစ် ဈာပနပွဲဖြစ်အောင် ဖြစ်ဖြစ် လုပ်ဖို့ သတ္တိရှိရင် ငါကလည်း သက်ညှာမနေဘူး”
'အဟွတ် အဟွတ်!'
ထိုအခိုက် ချောင်းဆိုးသံ တစ်သံ ထွက်ပေါ်လာသည်။ အသံက ပြတ်သားပြီး မမြင့်ပေမယ့် လူတော်တော်များများ ကြားရလေသည်။ လီထန်တို့ လူခုနစ်ယောက်ကလည်း ခေါင်းကို လှည့်ပြီး ချောင်းဆိုးသံ ထွက်လာတဲ့ လုရွှမ်တို့ သုံးယောက်ဆီ လှည့်ကြည့်လိုက်သည်။
ထန်လုံ၏ အေးစက်သော မျက်လုံးများသည်လည်း တစ်ချက် လှည့်ကြည့်လာသည်။ သူက သူတို့ သုံးယောက်ကို အေးစက်စွာ ကြည့်နေ၏။ မြောက်အရပ်သို့ မျက်နှာမူခြင်း နိယာမကို သူလည်း ကောင်းကောင်း သိပါသည်။
သူမပြောနဲ့ အားလုံးကလည်း ကျောက်မိသားစု ဘာတွေလုပ်နေလဲ သိချင်နေတာ ကြာပါပြီ။ လူသုံးဦးအနက် တစ်ဦး၏ အထောက်အထားများကိုပင် ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပေ။ ကျောက်ချန်ယန်လည်း အနည်းငယ်ရှက်သွားသည်။ လက်ဆောင်ပေးသူအား မေးမြန်းပြီးနောက် နတ်လက်နက်ကို အမှန်တကယ် လက်ခံခဲ့သည်။
နတ်လက်နက်များသည် သဘာဝအားဖြင့် ဒြပ်စင်ငါးပါး မဟာဂိုဏ်းအတွက် အလွန်တန်ဖိုးရှိပြီး ထိပ်တန်း တိုက်ရိုက်တပည့်များ၌သာ ရှိကြသည်။ နတ်လက်နက် တစ်ခုသည် ဒုတိယတန်းစား မိသားစုအတွက် မည်မျှစျေးကြီးကြောင်း စိတ်ကူးကြည့်နိုင်သည်။
နတ်လက်နက်ကြောင့် ထိပ်တန်း ဧည့်သည်တစ်ဦးအဖြစ် သတ်မှတ်ခံရဖို့ သဘာဝအားဖြင့် အလွန်သင့်လျော်ပါသည်။ သို့သော် ယင်းကြောင့် ၎င်းတို့ သုံးဦးအား စော်ကားမိမည်ကို စိုးရိမ်သောကြောင့် အထောက်အထား အစစ်အမှန်များကို မေးမြန်းခြင်း မရှိခဲ့ပေ။
ထို့ကြောင့် ထိုင်ခုံမြင့်မြင့်မှ လူသုံးဦးက ဘယ်သူ ဖြစ်ကြောင်း ဘယ်သူမှ မသိခဲ့ကြပေ။
"အိုး မင်းတို့သုံးယောက်က ငါ့ကို ကန့်ကွက်စရာရှိလို့လား"
ထန်လုံ ခဏလောက် စဉ်းစားပြီးမှ ပြောလိုက်သည်။ သူ့အမြင်အရတော့ ဒီလူသုံးယောက်ရဲ့ နောက်ခံသမိုင်းကြောင်းကို ကြည့်ရင် သူက ပထမတန်းစား မိသားစုရဲ့ တပည့်တစ်ယောက်လည်း မဟုတ်နိုင်ပေ။
သတို့သမီးလေးကိုကတော့ ရအောင်ယူရမှာပေါ့။ ဒါပေမဲ့ ဒြပ်စင်ငါးပါး မဟာဂိုဏ်းထဲက လူတွေကတော့ သူ့လမ်းကြောင်းကို ပိတ်ဆို့နေလေသည်။
လုရွှမ် ပြုံးပြီး ရေတစ်ငုံသောက်လိုက်သည်။ ကျောက်ထောင်းနဲ့ ယွမ်ရှင်းတို့သည် အရှက်ကွဲခဲ့ကြသော်လည်း ဂိုဏ်းတူအငယ်တန်း တစ်ယောက်အနေဖြင့် သတိရှိရမည် ဖြစ်သည်။
လုရွှမ်: "ကန့်ကွက်စရာ မရှိပါဘူး... ကန့်ကွက်ချင်နေတဲ့ အငယ်တန်းညီလေးပဲ ရှိတာ... ဂိုဏ်းတူညီလေးက ဒီနှစ်ယောက်ရဲ့ မင်္ဂလာပွဲက ပွဲကောင်းတစ်ခုလို့ ထင်နေတယ်... နောက်ဆုံးမှာ ချစ်သူတွေက ဘာလို့ လက်မထပ်နိုင်ရမှာလဲ... ဘာလို့ ဒီလိုပွဲကောင်းကို ဖျက်ချင်ရတာလဲ"
ကျောက်ထောင်း ဘာမှပြန်မပြောပေမယ့် သူ့မျက်လုံးတွေက ကျေးဇူးတင်စကားတွေ အပြည့်နဲ့။ စကားပြောဖို့ အစပြုခဲ့တဲ့ လူက သူ့ရဲ့ ဂိုဏ်းတူအစ်ကိုကြီးပဲ။
"ဒါ့အပြင် မင်း မင်းရဲ့ဓားကို တကယ်ဆွဲထုတ်ခဲ့တယ်နော်....ပြီးတော့ ဘယ်သူကန့်ကွက်မှာလဲလို့ မေးတယ် ငါ့ရဲ့ ဂိုဏ်းတူညီလေးက မကြိုက်ဘူး ဖြစ်နေတယ်... ငါ့ရဲ့ ညီလေးက မင်းကို သင်ခန်းစာတစ်ခု သင်ပေးသင့်တယ်လို့ ငါထင်တယ်"
ကျောက်ထောင်း အံ့ဩသွားသည်။ ဂိုဏ်းတူအစ်ကိုက သူ့ကို တိုက်စေချင်နေတာလား။ သူသည် သဘာဝအတိုင်း ချချင်သည်။ ဒြပ်စင်ငါးပါး မဟာဂိုဏ်း၏ တပည့်တစ်ဦး ဖြစ်သော်ငြားလည်း ဤပုဂ္ဂိုလ်နှင့် ယှဉ်နိုင်ပုံမပေါ်ကြောင်းကိုလည်း သူကောင်းကောင်း သိသည်။
ဤလူ၏ ရောင်ဝါသည် အလွန်ပျော့ပျောင်းခြင်း မရှိသော်လည်း သူ့ကို ယောင်ဝါးဝါး ကြောက်လန့်စေသည့် နားမလည်နိုင်သော စွမ်းအားတစ်ခု ရှိသည်။ ကျောက်ထောင်း လုရွှမ်ကို ကြည့်ပြီး အနည်းငယ် စိတ်ရှုပ်သွား၏။
ဒါပေမဲ့ အခု အကြီးတန်း အစ်ကိုက ပြောပြီးပြီ ဆိုတော့ ညီလေးရဲ့ အခွင့်အာဏာကို မဆုံးရှုံးစေဖို့ မတ်တပ်ရပ် ရမယ်။
"မင်း လက်ဗလာနဲ့ မတိုက်ရပါဘူး"
လုရွှမ် ကျောက်ထောင်းဆီ ဓားတစ်လတ် ပစ်ပေးလိုက်သည်။ ကျောက်ထောင်း ဓားသွားကို ဆွဲထုတ်လိုက်တဲ့အခါ ဓားအလင်းက တောက်ပလာကာ နတ်လက်နက်တစ်ခု ဖြစ်သွားသည်။ ၎င်းအထဲမှ ကောင်းကင်နှင့်မြေကြီး၏ မှုန်မှိုင်းသော အငွေ့အသက်များ ထွက်လာသည်။
သာမာန်လူတွေပင် ဒါကို ခံစားနိုင်လေရာ သူတို့ရဲ့ မျက်လုံးတွေကလည်း ကြယ်ရောင်တွေနဲ့ ပြည့်နေတော့၏။
"ဒါက လုံးဝ သေသေချာချာ မသန့်စင်ရသေးဘူး... အရင်သုံးလိုက်ပါ ပြီးတော့ သူ မင်းရဲ့ နတ်ဘုရားဓား ဖြစ်လာဖို့ အချိန်တန်ရင် လုံးလုံးသန့်စင်သွားလိမ့်မယ်"
ကျောက်ထောင်း အောက်ကို ငုံ့ကြည့်လိုက်ရာ ဓား၏ မည်သည့် အစိတ်အပိုင်းကိုမျှ မသန့်စင်ထားနိုင်တာ တွေ့ရသည်။ ဂိုဏ်းတူအစ်ကိုဖြစ်သူက ရှဲ့ဖေးဖေးအတွက် နတ်ဓားတစ်လက်ကို ပေးခဲ့သောအခါတွင် သူလည်း အလွန်မနာလို ဖြစ်ခဲ့၏။ သို့သော်လည်း အလွန်အမင်း မတွေးဝံ့ခဲ့ပေ။
အခု ဂိုဏ်းတူအစ်ကိုက နတ်ဓားဖြစ်မယ့် ဓားတစ်လတ်ကို လက်ဆောင်ပေးမယ်လို့ သူ့ခမျာ မမျှော်လင့်ထား။
"မင်းလည်း ရမှာပါ" လုရွှမ် ပြုံးပြီး ယွမ်ရှင်း၏ ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။
"ကျေးဇူးတင်ပါတယ် အစ်ကို"
ယွမ်ရှင်း ဝမ်းသာအားရ အော်လိုက်သည်။
နတ်လက်နက်က ဘာလဲ။ ဒါမှမဟုတ် သူတို့နှစ်ယောက်ကို ဘာပေးလိုက်တာလဲ။ ဒီကောင်လေးက ဘယ်လိုသူဌေးမျိုးလဲဟ။
သို့သော် ကျောက်ချန်ယန်က လုံးဝ မအံ့သြသွားပေ။ သူသည် နတ်ဓားတစ်လက်ကို လက်ဆောင်အဖြစ် ပေးခဲ့ခြင်းမှာ သာမန်ဖြစ်သည်။ ဤလူသည် လက်နက် သန့်စင်ရေး၌ ကျွမ်းကျင်သည့် နတ်မီးနယ်ပယ်က ကျင့်ကြံသူ မဖြစ်နိုင်ဘူးလား။
ကျောက်ထောင်း နတ်ဓားကို ဝှေ့ယမ်းလိုက်သည်။ နတ်ဓားပါတော့ သူ့ဓားကျွမ်းကျင်မှု အလွန်တိုးတက်လာသလို ခံစားလိုက်ရပြီး ခွန်အားသည်လည်း အနည်းဆုံး နှစ်ဆတိုးလာခဲ့သည်။ ကျောက်ထောင်း ယုံကြည်မှုအပြည့်ဖြင့် ထန်လုံသို့ ရောက်လာ၏။
လုရွှမ်လည်း သတို့သားဘက်သို့ လှမ်း၍ ကူညီပေးသော သတို့သမီးကို စိုက်ကြည့်လိုက်သည်။ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ပွေ့ဖက်ထားကြသည်။ လုရွှမ် လျှို့ဝှက်စွာ ခေါင်းညိတ်လိုက်၏။ ထိုသို့သောလူသည် အကူအညီ ပေးထိုက်ပေသည်။ မဟုတ်ပါက ဤမိန်းမသာ အပြောင်းအလဲ မြန်ပါက အနည်းငယ် ရွံရှာဖွယ် ကောင်းပေလိမ့်မည်။
"လာစမ်းပါ... ငါ့ရဲ့ အကြီးတန်းအစ်ကိုက ပြောတယ်... မင်းက တခြားသူတွေရဲ့ မင်္ဂလာဆောင်မှာ ပြဿနာရှာနေတာတဲ့..."
ကျောက်ထောင်းက ယုံကြည်မှုအပြည့်နဲ့ ဒီလူရှေ့မှာ ရပ်နေခဲ့လေသည်။ ဒီယုံကြည်မှုတွေက ဘယ်က ရလာမှန်းတောင် မသိချေ။ ယခုမူ ထန်လုံထံမှ ထွက်လာသော ရောင်ဝါက မျိုသိပ်ထားသကဲ့သို့ ယခုတော့ လုံးဝ မရှိတော့ပါ။
ဒါက ဒီဓားရဲ့ လုပ်ဆောင်ချက် ဖြစ်နိုင်ပြီး ဂိုဏ်းတူအစ်ကိုက သူ့ကို ဒီမပြီးဆုံးသေးတဲ့ နတ်လက်နက်ကို ပေးရခြင်းရဲ့ အကြောင်းရင်းလည်း ဖြစ်ရပါမည်။ သူက အရာအားလုံးကို ဖြေရှင်းပြီး ဒီနတ်လက်နက်ရဲ့ စွမ်းအားက ဒီမိသားစုရဲ့ ထူးဆန်းတဲ့ အသွင်အပြင်ကို ချိုးနှိမ်ထားနိုင်တယ်ဆိုတာ သူသိလိုက်သည်။
ထန်လုံရဲ့ မျက်နှာအရောင်လည်း အနည်းငယ် ပြောင်းလဲသွားသည်။ သို့သော် သူသည် ရက်စက် ကြမ်းကြုတ်လေ့ရှိသော လူတစ်ဦးဖြစ်သည်။ မဟုတ်ပါက သူတစ်ယောက်တည်း ဤနေရာတွင် ရှိနေမည် မဟုတ်ပေ။
"ဟမ့် ဘယ်သူ့က ကြောက်နေတာလဲ"
ထန်လုံက ဓားရှည်ကို ဝေ့ယမ်း၍ ကျောက်ထောင်းအား ခုတ်ထစ်ချလိုက်ပါ၏။ ကျောက်ထောင်း၏ သူ့နှလုံးသားထဲတွင်လည်း ကြောက်ရွံ့မှု မရှိတော့ဘဲ သဘာဝအတိုင်း သူ့ဓားလှုပ်ရှားမှုများက ပိုမိုချောမွေ့လာသည်။
သူသည် မီးထွက်ဓားသိုင်းကို အသုံးပြုလိုက်ရာ မီးပွားအနည်းငယ် ထွန်းတောက်လာကာ ညဘက်တွင် ပို၍ပင် ခမ်းနားထည်ဝါစွာ ဖြာထွက်သည်။ အနီးနားရှိ လူများလည်း ကျောက်ထောင်း၏ ဓားသိုင်းကိုကြည့်ပြီး ထိတ်လန့်သွားကြသည်။ နောက်ဆုံးတွင် ၎င်းတို့သည် ဒြပ်စင်ငါးပါး မဟာဂိုဏ်း၏ ပတ်ဝန်းကျင်က မိသားစုများ ဖြစ်ကြသည်။
ဒီလူသုံးယောက်က တကယ်ပဲ ဒြပ်စင်ငါးပါး မဟာဂိုဏ်းဝင်တွေ ဖြစ်နိုင်လား။
ကျောက်ချန်ယန် ထိတ်လန့်သွားသော်လည်း အားလုံးကတော့ သူတို့ သုံးယောက်ကို ထိပ်မှာ ထားထားတာက အံ့သြစရာ မရှိပါဘူးလို့ပဲ တွေးနေကြ၏။