← Chapters

ဆွေမျိုးတွေကို အသိအမှတ်ပြုခြင်း

Vol. 119 Ch. 4.1298

ဆွေမျိုးတွေကို အသိအမှတ်ပြုခြင်း

Vol. 119 Ch. 4.1298

ထန်လုံက ငယ်ရွယ်သန်စွမ်းသူ ဖြစ်သည်။ သူဟာ ဒီဓားသိုင်းကို တစ်ခါမျှ မမြင်ဖူးသောကြောင့် လုရွှမ်နှင့် အခြားသူများ၏ နောက်ခံကို ဖော်ထုတ်ရန်နေနေသာသာ ဓားသိုင်းကိုပင် သဘာဝကျကျ သိကျွမ်းခြင်း မရှိပေ။

သူ့ခမျာ ကျောက်ထောင်းကို အနိုင်ယူဖို့ ခက်ခက်ခဲခဲ တိုက်ပွဲဝင်နေရသည်။

ဒါပေမဲ့ ကျောက်ထောင်းရဲ့ ဓားသိုင်းကလည်း ပိုသွက်လက်လာသည်။ မကြာခင်မှာပဲ အခြေအနေက ပြောင်းပြန် ဖြစ်လာပြီး ထန်လုံက သူ့ကို တဖြည်းဖြည်း အသာစီး ရလာပြန်သည်။

ကျောက်ထောင်း၏ နတ်ဓားကလည်း တိုက်ပွဲအင်အားကနေ အကျိုးကျေးဇူးများကို ပို၍ပို၍ ခံစားလာရပြီး မီးထွက်ဓားသိုင်းကို အသုံးပြုရာတွင် တဖြည်းဖြည်း ရင့်ကျက်လာကာ ထန်လုံတစ်ယောက် ထောင့်ထဲ၌ ညှစ်ထုတ်ခံထားရသလို ဖြစ်လာသည်။

ကျောက်ထောင်းဟာ သူတို့ကျောက်မိသားစု မင်္ဂလာဆောင်တွင် အမှန်တကယ် ဒုက္ခပေးလာသောကြောင့် ဤကောင်လေးကို နှလုံးသားထဲက မုန်းတီးခဲ့သည်။ ဒီကောင်က ကျောက်မိသားစု၏ မျက်နှာကို နှစ်ချက်ဆက်တိုက် ရိုက်ပစ်သဖြင့် ဒေါသထွက်ကာ မသက်ညှာတော့ပေ။

သူသည် ထန်လုံကိုမသတ်ဘဲ ခန္ဓာကိုယ်ကို ဓားချက်တွေနဲ့ တစ်ချက်ပြီးတစ်ချက် ဆွဲခြစ်ကာ ခုတ်ထစ်လိုက်ကာ သွေးအမှတ်အသားများ တစ်ခုပြီးတစ်ခု ထွက်လာခဲ့သည်။ သိပ်မကြာခင်မှာပဲ ထန်လုံလည်း ​အလွန်အရှက်ကွဲလို့ သွေးစွန်းတဲ့လူအဖြစ် ပြောင်းလဲသွားပါတော့သည်။

အသံနှင့်အတူ သူ့အဝတ်အစားများ အပိုင်းပိုင်းကွဲသွားကာ သူ့ဆံပင်ရှည်များကိုပါ ကျောက်ထောင်းက ပြောင်နေအောင် ရိတ်ပစ်လေတော့သည်။ ယခုအချိန်တွင် ထန်လုံသည် ယခင်ကလို ဘုန်းတန်ခိုးကြီးခြင်း မရှိတော့ဘဲ သူတောင်းစားထက်ပင် ပိုဆိုးနေ၏။

"မဟုတ်ဘူး... ငါ လက်မခံဘူး ယွမ်ကျောင်း​က ငါ့အပိုင် သူ့ခန္ဓာကိုယ်က ငါ့အပိုင်ပဲ.... ငါ ဒြပ်စင်ငါးပါး မဟာဂိုဏ်းထဲကို ဝင်ချင်ရင် ဘယ်သူမှ ငါ့ကို မတားနိုင်ဘူး"

ထန်လုံက ဟောက်လေသည်။ သူ့မျက်လုံးတွေက သွေးတွေကြောင့် နီရဲနေကာ ရူးလုမတတ် ဖြစ်နေသည်။

"ဟမ့် နင်သာ သူများတွေကို အနိုင်ကျင့်ရင် သူများတွေကလည်း နင့်ကို အနိုင်ကျင့်မှာပဲ"

ယွမ်ရှင်းက ထကျိန်ဆဲလိုက်တော့သည်။ ယွမ်ကျောင်းက သူ့ဝမ်းကွဲဖြစ်ပြီး ဒီလူက သူ့ညီမကို အခုလိုစော်ကားနေတာ ကြားရတော့ သူမ စိတ်မချမ်းသာတော့ချေ။

နောက်ကလူတွေကတော့ လုရွှမ်တို့သုံးယောက်သည် ဒြပ်စင်ငါးပါး မဟာဂိုဏ်းမှ ဖြစ်နိုင်သည်ဟု မှန်းဆထားလို့ စကားမပြောရဲကြသော်လည်း ခွန်အားမရှိသော လူများကတော့ ထန်လုံတစ်ယောက် မြေပြင်ပေါ်သို့ အထပ်ထပ် အထပ်ထပ် ခေါက်ချခံလိုက်ရသဖြင့် အံ့အားသင့်သွားကြသည်။

ကျောက်ချန်ယန်ပင်လျှင် သည်းမခံနိုင်တော့ဘဲ အနည်းငယ် စိတ်ပူစပြုလာသည်။ ဧည့်သည်တွေ ထွက်သွားပြီးနောက် သူတို့မိသားစုသည် ထန်မိသားစု၏ ဒေါသကို ခံ​ကြရပေလိမ့်မည်။

လုရွှမ်ကတော့ သက်ပြင်းအသာ ချလေ၏။ ကျောက်ထောင်းသည် အမြဲတမ်း သန်မာပြီး ကြိုးစားကြောင်း သိသော်လည်း ဤအချိန်တွင် မိသားစု၏ ရှက်ရွံ့မှုကို မြင်တွေ့ပြီးနောက်တွင် သူ မလွှဲမရှောင်သာ စွမ်းအားတွေ လွတ်ထွက်သွားခဲ့သည်။

ဤအချိန်တွင် စက်ဝိုင်း၏ အလယ်ဗဟိုက သူသည် လူတိုင်း၏အာရုံကို ဆွဲဆောင်မိရန် အကောင်းဆုံးလူ ဖြစ်သည်။

"ကျောက်ထောင်း... ထားလိုက်တော့ စိတ်အေးအေးထားပါ!"

ယွမ်ရှင်းက အနားကို ပျံသန်းသွားပြီး ကျောက်ထောင်းရဲ့ လက်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်သည်။ တစ်ဖက်လူကလည်း နောက်ဆုံးမှာ ရပ်တန့်လိုက်ပြီး အသက်ရှူထုတ်ရင်း သူ့မျက်နှာက တဖြည်းဖြည်း ငြိမ်သက်သွားသည်။

ကျောက်ဟုန်နဲ့ ယွမ်ကျောင်းကလည်း ယွမ်ရှင်းပါးစပ်ကနေ ကျောက်ထောင်းဟု ခေါ်လိုက်သံအား သဘာဝအတိုင်း ကြားနေရသည်။ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ကျောက်ဟုန် မထိန်းနိုင်ဘဲ ဟစ်အော်လိုက်သည်။

"မင်းက ကျောက်မျိုးရိုးပဲ... ငါ့ညီလေး"

ကျောက်ထောင်း လေးလေးနက်နက် ခေါင်းညိတ်ပြလိုက်တော့ ကျောက်ဟုန်ကလည်း ပွေ့ဖက်ရန်အတွက် ရှေ့တိုးလာခဲ့သည်။

"အနှစ်တစ်ရာနီးပါး ကုန်သွားခဲ့ပြီနော်.... နောက်ဆုံးတော့ မိသားစုမေးခွန်းကို ကျွန်တော် ပြန်ဖြေခဲ့ပြီ"

ပတ်ဝန်းကျင် တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။ ထန်လုံကို ပညာပေးခဲ့သော ဤလူသည် မထင်မှတ်ဘဲ ကျောက်မိသားစုမှ ဖြစ်နေခဲ့၏။

ကျောက်ချန်ယန်လည်း အလွန် စိတ်လှုပ်ရှားနေပြီး သူ့မျက်နှာပေါ်က အပြုံးတွေ ပွင့်လန်းနေတာကိုတောင် မရပ်တန့်နိုင်ပေ။ ထက်မြက်သော ဤလူငယ်လေးသည် ကျောက်မိသားစု၏ ကလေးတစ်ဦး ဖြစ်​နေခဲ့သည်မှာ အံ့သြစရာ ကောင်းလှသည်။

အစောက သူ အနည်းငယ် ရှက်သွားခဲ့ရသော်လည်း ယခုအချိန်တွင်တော့ ဘယ်သူက အရှက်ရနေပြီလဲ။ နောက်ပြီး သူသည် မျှော်စင် နယ်ပယ်က သခင်ဖြစ်သော်လည်း သူ၏ အဆင့်အတန်းမှာ ဒြပ်စင်ငါးပါး မဟာဂိုဏ်းရှိ အတွင်းတပည့် တစ်ယောက်ကဲ့သို့ မကောင်းနိုင်ပေ။

"ဦးလေး ထောင်းအာ ပြန်လာပါပြီ"

ကျောက်ချန်ယန်လည်း စိတ်အားထက်သန်စွာ ရွှင်မြူးနေ၏။ သူက ကျောက်ထောင်းကို အလျင်အမြန် ကူညီပေးကာ ထပ်ခါထပ်ခါလည်း ချီးမွမ်း​နေခဲ့သည်။

ယွမ်ရှင်းကလည်း ရှေ့ကို လှမ်းလာပြီး ယွမ်ကျောင်းကို ပွေ့ဖက်လိုက်သည်။

"ဝမ်းကွဲညီမလေး... ငါလည်း နင့်ကို မတွေ့ရတာ ကြာပြီ ငါက မင်းရဲ့ အစ်မ ယွမ်ရှင်းပါ"

"အစ်မယွမ်ရှင်းလား.... ဝူးဝူး ညီမ အစ်မကို အရမ်းလွမ်းတာပဲ"

ညီအစ်မနှစ်ယောက်က တစ်ယောက်ကို တစ်ယောက် ပွေ့ဖက်ရင်း ငိုကုန်ကြသည်။ အနီးနားရှိ လူတိုင်းကတော့ အဆုံးမရှိ မနာလိုစိတ်ဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။

"ဘယ်သူက ငါ့သားကို နာ​​​အောင်လုပ်တာလဲကွ!"

အနက်ရောင် အရိပ်တစ်ခုက ကောင်းကင်မှ လွင့်ပျံလာပြီး အောက်သို့ ဆင်းလာသည်။ ၎င်းရဲ့ အားကြောင့် မြေပြင်တောင် ကျုံ့သွားသည်ကို တွေ့လိုက်ရသည်။ ထိုသူက ထန်လုံကို ကောက်ယူလိုက်ပြီး သူ့သားရဲ့ ဒဏ်ရာတွေကို ကြည့်ရင်း ကျောက်မိသားစုဘက်သို့ ဒေါသတကြီး ဟောက်လိုက်၏။

ကျောက်ချန်ယန်ရဲ့ မျက်နှာက မည်းမှောင်သွားသည်။ ရောက်လာသည့် ဧည့်သည်မှာ ထန်ကျိုက်ဟုန်ပဲ ဖြစ်သည်။

ကျောက်ချန်ယန်: "ထန်ကျိုက်ဟုန်... ဒါ ငါတို့ကျောက်မိသားစုရဲ့ ပိုင်နက်ပဲ... မင်း မာနကြီးရမယ့် နေရာမဟုတ်ဘူး"

"ဒါက ငါ့ကိစ္စ မဟုတ်ဘူးပေါ့ ငါ့သားက မင်းအိမ်မှာ ဒဏ်ရာရနေတာ မင်းကိစ္စမှ မဟုတ်တာလား!"

တစ်ဖက်ကလည်း ဒေါသတကြီး ပြန်လည် အော်ဟစ်လိုက်ပြီး သားဖြစ်သူကို သနားစဖွယ် ပွေ့ဖက်ကာ ကြည့်လိုက်သည်။ လက်တစ်ဖက်က ယွမ်ကျောင်းအား စုပ်ယူအားနဲ့ ဆုပ်ကိုင်လိုက်၏။

ယွမ်ကျောင်းက ထိုလူရဲ့ စုပ်ယူမှုအားကို ဘယ်လိုလုပ် ခံနိုင်ရည်ရှိပါ့မလဲ။ တစ်ဖက်လူက မျှော်စင်နယ်ပယ် အဆင့်၉ ခွန်အားရှိပြီး ပြီးပြည့်စုံမှု ကာလကို ထိုးဖောက်လုနီးပါး ဖြစ်နေပြီ။

သူမသည် ဤအင်အားကို လုံးဝ မခုခံနိုင်တော့ဘဲ လွင့်သွားလေရာ ကျောက်ဟုန်ကလည်း သူမ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး သူမနဲ့အတူ လွင့်သွားခဲ့သည်။

ထန်ကျိုက်ဟုန်က ဟစ်အော်လိုက်ပြီး သူ့လက်ကောက်ဝတ်ကို ပွတ်လိုက်သောအခါ ယွမ်ကျောင်း၏ ခန္ဓာကိုယ်မှ မိုးခြိမ်းသံနှင့် လျှပ်စီးများ လက်ထလာကာ ကျောက်ဟုန်အား ရိုက်ခတ်ပစ်လေသည်။ ကျောက်ဟုန် သွေးအပြည့် အန်လိုက်စဥ် ယွမ်ကျောင်းမှာ အရှိန်ပြင်းပြင်းဖြင့် စုပ်ယူခံလိုက်ရ၏။

ကျောက်ချန်ယန် သူမကို ဖမ်းတော့မည် ဖြစ်သော်လည်း ထန်ကျိုက်ဟုန်က သူ့လက်တစ်ဖက်ကို လှန်လိုက်သဖြင့် သူလည်း နောက်ပြန်ဆုတ်သွားရကာ ယွမ်ကျောင်း အဖမ်းခံလိုက်ရသည်အား ကူကယ်ရာမဲ့ စောင့်ကြည့်နေခဲ့ရသည်။

"သား.... မင်းက ဒီ​ကောင်မလေးကို လိုချင်တယ် ဆိုမှတော့ ဖေဖေ မင်းအတွက် ဖမ်း​​ပေးမယ်"

ယွမ်ကျောင်းရဲ့ ခန္ဓာကိုယ်က လေထဲတွင် အေးခဲနေ၏။ အကြောင်းမှာ လက်တစ်ဖက်က သူမ၏ ခြေကျင်းဝတ်ကို ဆုပ်ကိုင်ထားသောကြောင့်ပင်။

"ကောင်လေး မင်းက ဘယ်သူလဲ"

ထန်ကျိုက်ဟုန် ထပ်ပြီး အင်အားသုံးချင်ပေမယ့် ယွမ်ကျောင်းကို လေထဲကနေ ဆွဲမချနိုင်တော့တာ တွေ့လိုက်ရသည်။ လုရွှမ် သူ၏လက်တစ်ဖက်ကို အသုံးပြုကာ မတူညီသော စုပ်ယူမှုအားကို အသုံးပြုထားသည်။

လုရွှမ် ခန္ဓာကိုယ်မှ လေ​ပြင်းတစ်ချက် ရိုက်ခတ်သွားသည်။ သူက လက်ဖဝါးကို မြှောက်လိုက်ပြီး ယွမ်ကျောင်းအား မြေပြင်ပေါ်တွင် သက်သက်သာသာ တင်ထားလိုက်သည်။ ဤလှုပ်ရှားမှုကြောင့် လူတိုင်း ထိတ်လန့်သွားရ၏။ ခွန်အားက အလွန်အစွမ်းထက်လှတယ် မဟုတ်လား။

ထန်ကျိုက်ဟုန်ရဲ့ မျက်နှာက နီနေခဲ့သည်။ သူ့မျက်လုံးတွေက ရုတ်တရက် ပြူးကျယ်သွားပြီး ခပ်ကြမ်းကြမ်း ဟစ်အော်လိုက်သည်။

"ကောင်လေး မင်း ဘယ်သူလဲ"

လုရွှမ် သူ့လက်ကို ဝှေ့ယမ်းလိုက်၍ ကျောက်ထောင်းနဲ့ ယွမ်ရှင်းအား ဝင်မပါရန် တားလိုက်သည်။ တခြားသူများက လုရွှမ် လက်ရှိအမည်ကို မသိသော်လည်း ကျောက်ချန်ယန်ကတော့ အနည်းငယ် သံသယဝင်နေပြီ။ ထန်ကျိုက်ဟုန်က ဒီကောင်လေးနဲ့ စစ်တိုက်ချင်နေတယ် ဆိုရင်တော့ ဒီလူက မာနကြီးလွန်းတယ်လို့သာ ပြောရမည်။

"ကျုပ်ဘယ်သူလဲ ခင်ဗျားနဲ့မဆိုင်ဘူး... ခင်ဗျားရဲ့သားကို ကျုပ် ရိုက်ထားတာ... ခင်ဗျားမှာ ဘာပြောစရာရှိလို့လဲ"

အနီးနားရှိ လူတိုင်းသည် ကျောက်ထောင်းနဲ့ ယွမ်ရှင်းက သူ့ကို ဂိုဏ်းတူအစ်ကိုဟု ခေါ်ဆိုကြသောကြောင့် သူသည်လည်း ဒြပ်စင်ငါးပါး မဟာဂိုဏ်း၏ တပည့်တစ်ဦးဖြစ်မှန်း သိသာသည်။

သူတို့ကိုယ်တိုင်က ဒြပ်စင်ငါးပါး မဟာဂိုဏ်းအောက်မှာ ရှိနေတာမို့ သူတို့ရဲ့ ကျင့်စဥ်တွေဟာ ဒြပ်စင်ငါးပါး မဟာဂိုဏ်းနဲ့ ဝေးကွာတယ်ဆိုတာ သဘာဝကျကျ သိကြပါ၏။ ကြီးကြီးမားမား အဆင့်နိမ့်တဲ့ တပည့်တွေကတောင် သူတို့ကို ရိုက်နှက် နိုင်ခဲ့လေသည်လေ။

ကွာဟချက်က အရမ်းကြီးတယ်။

ဒါပေမဲ့ မျှော်စင်နယ်ပယ် အဆင့်ငါးကို ရောက်ပြီးနောက်မှာတော့ သေးငယ်တဲ့ အဆင့်တစ်ခုစီရဲ့ ခွန်အားဟာ ဘယ်လောက်ပဲ ပြင်းထန်နေပါစေ အဲဒီနယ်ပယ်ရဲ့ သခင်တွေကို အခွင့်ကောင်းယူနိုင်မှာ မဟုတ်ပါဘူး။

ထို့အပြင် လုရွှမ်သည် နတ်မီးနယ်ပယ် တတိယအဆင့်တွင်သာရှိပြီး ထန်ကျိုက်ဟုန်ကတော့ မျှော်စင်နယ်ပယ် အထွတ်အထိပ် ကာလတွင် ရှိနေပြီ။

လုရွှမ်ရဲ့ စကားကို ကြားပြီးနောက် ထန်ကျိုက်ဟုန်၏ မျက်လုံးများ ရုတ်တရက် နီရဲလာလေသည်။

"မင်း ငါ့သားကို ဒဏ်ရာရသွားတာလား... ကောင်းပြီ ဒီလိုဆိုရင်တော့ မင်း အသေပဲ!"

All Chapters