← Chapters

ဟိတ်ကြီးဟန်ကြီး

Vol. 119 Ch. 4.1303

ဟိတ်ကြီးဟန်ကြီး

Vol. 119 Ch. 4.1303

စွမ်းအင် ကျင့်ကြံခြင်းလောကမှာ ဒြပ်စင်ငါးပါး မဟာဂိုဏ်းရဲ့ ဂုဏ်သတင်းက ဘာလဲ။

ဒြပ်စင်ငါးပါးသည် လူတိုင်း၏ နေ့စဉ်ကျင့်ကြံနေသော ကျင့်စဉ်နှင့် နီးကပ်စွာ ဆက်စပ်နေသော်လည်း လူအများ၏ စိတ်နှလုံးထဲတွင်မူ ဒြပ်စင်ငါးပါး ကျင့်စဥ်များ၏ အခြေအနေမှာ အလွန်နိမ့်ကျပါသည်။

ဒါဟာ သန့်ရှင်းတဲ့မြေက ရှေးဟောင်း မိသားစုတွင် တည်ရှိနေခြင်းကို မဆိုလိုသလို မဟာဂိုဏ်းကြီးငါးပါးတွင် အောက်ခြေမှာ ရှိနေသည်ကိုလည်း မဆိုလိုပေ။

နတ်နဂါး မိသားစု ပြန်ပေါ်လာခြင်းကြောင့်သာ မဟုတ်ပါက လုရွှမ်၏ နတ်ဘုရားခန္ဓာကိုယ်သည် ကျင့်ကြံခြင်း လောကတစ်ခုလုံးတွင် ထွန်းတောက်နေမည် မဟုတ်သလို ဒြပ်စင်ငါးပါး မဟာဂိုဏ်းကိုလည်း ဘယ်သူမှ ဂရုမစိုက်​လောက်ပေ။

ဂိုဏ်းက ဘေးချိတ်ခံထားရတဲ့ လူတစ်ယောက်လို တည်ရှိနေပေမယ့် တခြားလူတွေကတော့ သူတို့မျက်နှာကို ပြချင်နေကြသည်။ ယခု ဤအခိုက်တွင်တော့ ဒြပ်စင်ငါးပါး မဟာဂိုဏ်းက ရောက်ရှိလာလေပြီ။

နတ်နဂါးမိသားစုမှ စေလွှတ်လိုက်သော ဧည့်ကြိုက 'ဒြပ်စင်ငါးပါး ဂိုဏ်းချုပ်ကြီး ရောက်လာပြီ' ဟု ကျယ်လောင်စွာ ကြွေးကြော်လိုက်သည်။ အသံက ကြည်လင်ပြတ်သားပြီး ဧည့်သည်များ ရောက်လာသောအခါမှသာ တံခါးဖွင့် လက်ခံပေးတာ ထင်ရှား​ပေသည်။

တိခွင်း၏ မျက်နှာသည် အနည်းငယ် နီသွားကာ တခြားတောင်ထွတ်သခင် လေးယောက်ရဲ့ မျက်နှာလည်း အထူးတောက်ပနေပါသည်။

သင့်တွင် ကျင့်ကြံမှု အင်အားညံ့ဖျင်းပါက အချို့သော ပွဲများသို့ ဖိတ်ကြားခြင်း ခံရလျှင်ပင် ကျော်ကြားမှုမှာ တစ်နှစ်ထက်တစ်နှစ် လျော့နည်းသွားမည်။ ဒါ့ထက် အင်အားနည်းနေပါက ရရှိသင့်သည့် အကျိုးကျေးဇူးအချို့ကို ရရှိနိုင်မည် မဟုတ်ပေ။

ယခု လုရွှမ်၏ ကောင်းချီးကြောင့် ဒြပ်စင်ငါးပါး မဟာဂိုဏ်းသည် လူတိုင်း၏ အမြင်နယ်ပယ်ထဲသို့ တစ်ဖန်ဝင်ရောက်လာခဲ့ပြီ။ ယခုတစ်ကြိမ်တော့ ဂုဏ်ကျက်သရေရှိစွာ ထွက်လာခဲ့ခြင်းပင်။

လူအုပ်စု ဝင်လာတော့ ၎င်းတို့ပတ်ဝန်းကျင်ရှိ တခြားမဟာဂိုဏ်းဝင်များ၏ အမူအရာများမှာ အနည်းငယ် ပြောင်းလဲသွားကာ ငြူစူနေသော အမူအရာများကို ပြသနေကြသည်။ နတ်နဂါး မိသားစု၏ အကြီးအကဲ ကိုးဦးကလည်း နှုတ်ဆက်ရန် ထွက်လာ၏။ ရှေ့မှ လျှောက်လာသူမှာ မိသားစု၏ အကြီးအကဲကြီး လုံယွင်ဖုန်းပဲ ဖြစ်သည်။

ပြောရလျှင် လုံယွင်ဖုန်းနဲ့ တိခွင်းတို့ဟာ မျိုးဆက်တစ်ခုတည်းမှ မဟုတ်ပေ။ သူတို့ရဲ့ အသက်အရွယ်အရ သူတို့ဟာ တခြားသူတွေဆီက ဘိုး​ဘေးအကြီးအကဲလို့ အခေါ်ခံရနိုင်တဲ့ အဆင့်မှာ ရှိနေကြပါ၏။

သို့သော် လွန်ခဲ့သော တစ်လက နတ်နဂါး မိသားစုကို မွေးဖွားလာသောအခါ လုံယွင်ဖုန်းသည် အရာအားလုံးကို လက်ရှိ အခြေအနေထဲ အာရုံစိုက်ထားပြီး ဂိုဏ်းပေါင်းစုံ၊ ရွယ်တူများနှင့် ဆွေးနွေးနေပါသည်။

သို့သော်လည်း လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာက အဘိုးအိုနှင့် ရင်ဆိုင်ရသောအခါတွင် တခြားလူတွေခမျာ တန်းတူရည်တူ မဟုတ်ဘဲ လေးစားမှု အရိပ်အယောင်ဖြင့် ပါဝင်ခဲ့ကြသည်။

ယခုအခါတွင် လုံယွင်ဖုန်းသည် သူတို့အား နှုတ်ဆက်ရန်အတွက် အကြီးအကဲကိုးဦးကို အတူတကွ ခေါ်ဆောင်သွားကာ ဒြပ်စင်ငါးပါး မဟာဂိုဏ်းအား မျက်နှာသာများစွာ ပေးခဲ့သည်။ သူ့အပြုအမူ တခြားသူများ၏ အမြင်တွင် ဒြပ်စင်ငါးပါး မဟာဂိုဏ်းကို တစ်သက်လုံး ထောက်ပံ့တော့မည် ဖြစ်ကြောင်း ကြေညာလိုက်သလိုပင်။

ကျန်လူများက ၎င်းတို့ကို မျက်နှာပေးရန်အတွက် လိုက်လုပ်သော်လည်း အရည်အချင်း မရှိပေ။ တိခွင်းတို့က တစ်ယောက်ပြီးတစ်ယောက် အလျင်စလို နှုတ်ဆက်ကြပြီး နတ်နဂါးမိသားစုရှိ လူတိုင်းကလည်း တစ်ဦးကိုတစ်ဦး ဦးညွှတ်ကာ လက်ဆောင်ပစ္စည်းများ ပေးအပ်ကြသည်။

မည်သည့် မဟာဂိုဏ်းကြီးမဆို သန့်ရှင်းတဲ့မြေက ရှေးဟောင်းမိသားစုများနှင့် ပေါင်းသင်းဆက်ဆံရေးကို ထူထောင်ချင်သည်။ ဒါက မမြင်ရသော ဂုဏ်သတင်းကို ဖော်ပြခြင်းမပြုဘဲ အနာဂတ်တွင် ကြီးမားသော အကျိုးကျေးဇူးများက ဆောင်ကြဉ်းလာဖို့ပဲ ဖြစ်သည်။

ထို့ကြောင့် တိခွင်းတို့ လူငါးဦးကို ကြည့်ရင်း တွေးပြီး လုပ်ကြံချင်လာကြသည်။ လုရွှမ်နဲ့ နတ်နဂါးမိသားစုရဲ့ လက်ရှိဆက်ဆံရေးကို အခွင့်ကောင်းယူပြီး တံတားတစ်စင်း တည်ဆောက်ရာတွင် ကူညီရန်အတွက် ကြီးလေးသော လက်ဆောင်တစ်ခု ပေးပို့ခဲ့သည်။

နတ်နဂါး မိသားစုသည် နှစ်ထောင်ပေါင်းများစွာကြာအောင်ပင် သက်တမ်းအကြာဆုံး ရှေးဟောင်းမိသားစု ဟူသည့် အမွေကို ဆက်ခံခဲ့သော နံပါတ်တစ် မိသားစုဖြစ်သည်။ ထိုအခြေခံအုတ်မြစ်သည် အခြားသော ရှေးဟောင်းမိသားစုများက နှိုင်းယှဉ်၍ မရပေ။

လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာ အတွင်း တခြားရှေးဟောင်း မိသားစုများ၏ တပည့်များက ပိုမိုတိုးပွားလာသော်လည်း ပင်တိုင်တိုက်ခိုက်ရေး စွမ်းအားအရ သန့်ရှင်းတဲ့နယ်မြေတွင် ဘယ်သူမှ နတ်နဂါးမိသားစုနဲ့ ယှဥ်နိုင်ကြောင်း မပြောဝံ့ကြပေ။

နတ်နဂါး မိသားစု ပြန်လည် ရောက်ရှိလာခြင်းနှင့် ပတ်သက်၍ လုရွှမ်နဲ့ ကျိုးယိတို့က ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ သို့သော် နောက်ဆုံး ခွဲခြမ်းစိတ်ဖြာမှုတွင် ဤအရာအားလုံးသည် နတ်နဂါသ မိသားစုမှ နှစ်ပေါင်းရာနှင့်ချီ၍ ချမှတ်ခဲ့သော အစီအစဉ်တစ်ခု ဖြစ်ကြောင်း မည်သူမှ မသိနိုင်ချေ။

နေနဲ့လ နတ်ဘုရားလောင်းတွေ တစ်ပြိုင်နက်ပေါ်လာဖို့ ၎င်းတို့က စောင့်နေခဲ့တာပင်။ ဤနှစ်ပေါင်းထောင်ပေါင်း များစွာ၏ အခြေခံအုတ်မြစ်ကိုလည်း ဘယ်သူမှ နားမလည်နိုင်ကြောင်း တွေးကြည့်နိုင်ပါသည်။

"သူငယ်​ချင်းလေး လုရွှမ် ငါတို့ပြန်​ဆုံကြပြန်ပြီနော်"

လုံယွင်ဖုန်း အော်​​ပြောသည်​။ လုရွှမ်လည်း ထိုသူ့အား ဂါဝရပြုရန် လျင်မြန်စွာ ရှေ့တိုးလာကာ နတ်နဂါး မိသားစု၏ အကြီးအကဲများကလည်း သူ့အား ချီးကျူးခဲ့သည်။ ချန်ရှီးသည် သတိမပြုမိဘဲ မနေရဲကာ ဘေးနားတွင် ရပ်လိုက်သည်။

နတ်နဂါးမိသားစုသည်လည်း ပါရမီရှင်များစွာကို တွေ့မြင်ရ၏။ ချန်ရှီးသည် ဂုဏ်ယူဝံ့ကြွားစွာ ခေါင်း​မော့ထားသော်လည်း လုရွှမ်ကတော့ ချန်ရှီး ဤအခိုက်အတန့်တွင် ဒေါသပေါက်ကွဲချင်နေကြောင်း သိနေပါပြီ။

စိတ်ထဲမှာ ရယ်စရာကောင်းတယ်လို့ ခံစားရသော်လည်း သူက ချန်ရှီးနဲ့ စကားအနည်းငယ် ပြောဖို့ပင် စိတ်မဝင်စားတဲ့အတွက် နတ်နဂါးမိသားစုဝင်များ နောက်ကို နတ်နဂါးမိသားစု အိမ်တော်ထဲကို လိုက်သွားခဲ့သည်။

တိခွင်းနှင့် အခြားသူများသည်လည်း လုံယွင်ဖုန်းအား အချိန်များကို မဖြုန်းတီးစေချင်သလို နတ်နဂါး မိသားစုသည်လည်း ၎င်းတို့၏ အာရုံငါးပါးလုံးကို ဖြုန်းတီးချင်မည် မဟုတ်ပေ။

စကား အနည်းငယ် ဖလှယ်ပြီးနောက် သူတို့လည်း ထွက်သွားပြီး တခြားလူတွေကို သွားရောက် နှုတ်ဆက်ဖို့ ထွက်သွားကြသည်။ လူငါးဦးဟာ မြင့်မြတ်သော နယ်ပယ်ရှိသော်လည်း ၎င်းတို့သည် လူသားများ ဖြစ်​​နေဆဲဖြစ်ပြီး ၎င်းတို့တွင် စိတ်ခံစားမှု ခုနစ်မျိုးနှင့် ကာမဂုဏ်ခြောက်ပါးတို့ ရှိဆဲပင်။

လုရွှမ်နဲ့ ချန်ရှီး အသက်ကြီးသူများနှင့် အတူ ရှိနေပုံက မိဘများ ဦးစီး​နေသော ကလေးများကဲ့သို့ပင်။

"ဟမ့် ကောင်လေး....တစ်နေ့မှာ လူတွေ ဒြပ်စင်ငါးပါး မဟာဂိုဏ်းအကြောင်း ပြောကြတဲ့အခါ သူတို့ထင်တဲ့ ပထမဆုံးလူက ငါ ချန်ရှီးပဲ ဖြစ်ရမယ်"

လုရွှမ် ရယ်မောလိုက်ပြီး။

"အနိုင်ကျင့်ခံရတာကို မရှက်ဘူးဆိုရင် ပိုကောင်းမယ်"

တစ်ဖက်ကို လှည့်ကြည့်လိုက်တော့ ရင်းနှီးတဲ့ သူငယ်ချင်းတစ်ယောက်ကို တွေ့လိုက်ရသည်။

"ဟောက်ထျန်း!"

လုရွှမ် လက်လှမ်း​ပြလိုက်သည်။ ချန်ရှီးမှာ ဤနေရာ၌ သူ့ရဲ့သေးငယ်သော လှုပ်ရှားမှုကြောင့် လူများက ရယ်မောကြမည်ကို သိသဖြင့် တိုးတိုးလေး အသံပြုကာ လှည့်ထွက်သွား၏။

လုရွှမ်နဲ့ ဟောက်ထျန်း နှစ်ယောက်သား ဘေးချင်းကပ် ရပ်လိုက်ကြပြီး စတင်၍ စကားပြောကြသည်။

"ဒါဆို တခြားသူ​တွေ မူး​နေတဲ့အချိန်​မှာ ငါတစ်​​ယောက်​တည်း မူး​နေရတော့မယ်လို့ ထင်နေတာ"

လုရွှမ်က ပြုံးပြီး​ ပြောသည်​။ ဟောက်ထျန်းလည်း ရယ်လျက်။

"အဟား... စမ်းကြည့်လို့ ရတယ်လေ အခုလည်း လုပ်ပေါ့ ဘယ်သူမှ မင်းရဲ့ သူငယ်ချင်း ဖြစ်ချင်မှ မဟုတ်ဘူး သူတို့က မင်းရဲ့ ကျော်ကြားမှုကိုပဲ တွေးနေကြတာ... မင်းကို အနိုင်ယူပြီး ကျော်ကြားလာချင်တာမျိုးလေ"

လုရွှမ်: "အခုလေးတင် လူတော်တော်များများက ကျွန်တော့်ကို သွားပျော်ဖို့ တောင်းဆိုနေကြတာ..."

ကစားတယ်ဆိုတဲ့ အဓိပ္ပာယ်က ရန်ဖြစ်တယ်ဆိုတာ သိသာပါ၏။

"နယ်ပယ် ဖြတ်ကျော်သွားတာ အံ့သြစရာပဲနော်!"

လုရွှမ် ပြုံးပြုံးရွှင်ရွှင်နဲ့ ချီးကျူးလိုက်သည်။ ဟောက်ထျန်းဟာ ယခုအချိန်မှာတော့ နတ်မီးနယ်ပယ်ကို ဖြတ်ကျော်ပြီး မျှော်စင် နယ်ပယ်ရဲ့ ပထမအဆင့်ကို တရားဝင် ဝင်ရောက်ခဲ့ပါပြီ။

ဟောက်ထျန်းက ပြုံးပြီး "မင်းဘာလုပ်နေတာလဲ လှုပ်ရှားမှုလည်း မရှိသေးဘူး... မင်းရဲ့တိုးတက်မှုက ငါမျှော်စင် နယ်ပယ်ကို တိုးဖို့ထက်တောင် ပိုခက်နေသလိုပဲ"

လုရွှမ်လည်း သူ့နှာခေါင်းကို ပွတ်သပ်ပြီး ပြုံးလိုက်သည်။

"ဟိုဟိုဒီဒီ ပြေးလွှား အလုပ်ရှုပ်နေတော့ လေ့ကျင့်ဖို့ အချိန်မရှိဘူး"

"ဒါဆို မင်းကတော့ ဒီတစ်​ခါ စိတ်​မ​ကောင်း ဖြစ်​​နေရတော့မယ်... အပြာ​ရောင်​မျက်​လုံး​တွေနဲ့ ဒီလူ​တွေကို မင်းမြင်​လား? သူတို့က သူတို့ရဲ့ စွမ်းအင်​ကို ဆုပ်​ကိုင်​ထားပြီး မင်းကို စိန်​​ခေါ်ချင်​​နေတယ်​.... ဒီလမှာ နတ်နဂါးမိသားစုရဲ့ ညစာစားပွဲမှာ ပါဝင်​ဖို့ တပည့်တိုင်းက ကျင့်ကြံမှုမှာ တတ်နိုင်သမျှ မြန်မြန်ဆန်ဆန် တိုးတက်အောင် လုပ်ကြတယ်... အောင်မြင်မှုတွေ ရရှိအောင်လည်း ကြိုးစားနေကြတယ်”

"ဒါပေမဲ့ မင်းက နတ်နဂါး မိသားစုမှာ နာမည်ကြီးလာပြီးသား...အခုလည်း ကျေကျေနပ်နပ်ကြီး လှည့်ပတ်ပြေးနေတုန်း... မင်း စိတ်ထား​တွေပဲ လွှတ်ကောင်း​နေတာလား ဒါမှမဟုတ် အေးအေးဆေးဆေး ဖြစ်နေတယ်လို့ ပြောရမလား​တောင် မသိတော့ဘူး"

ချန်ရှီး မျှော်စင်နယ်ပယ် အဆင့်၅ တွင် အချိန်အတန်ကြာ တပ်စွဲထားတာ အံ့သြစရာ မဟုတ်ပေ။ ဒီလမှာ အဆင့်ကို ဖြတ်ကျော်တာကလည်း ဒီနတ်နဂါးမိသားစုမှာ ဇာတ်ပွဲတစ်ခုလုပ်ဖို့ပဲလို့ ထင်ရပါသည်။

လုရွှမ်: "ဒါကို မေ့လိုက်တော့.... ဘယ်သူက တိုက်ခိုက်ချင်လဲ တိုက်ကြတာပေါ့... ဘာပဲဖြစ်ဖြစ် ဖြည်းဖြည်းချင်း အဆင့်ဆင့်နဲ့ ပုံမှန် လေ့ကျင့်နေရရင် လုံလောက်ပြီ"

All Chapters