← Chapters

ပါရမီရှင်စာရင်း

Vol. 119 Ch. 4.1304

ပါရမီရှင်စာရင်း

Vol. 119 Ch. 4.1304

"တကယ်​ကြီးလား?" ဟောက်ထျန်း မယုံနိုင်ခဲ့ပါဘူး။

လုရွှမ်က အသက်လည်း မ​ကြီးသေးပါဘူး။ ဘာလို့ သူ့ကို လူအိုကြီးလို ခံစားချက်မျိုးကို ပေး​နေရတာလဲ။

လုရွှမ် သူ့စိတ်ထဲတွင် ရှိုက်ကြီးတငင် ပြုံးနေမိသည်။ သူလည်း နယ်ပယ်ကို ရှေ့တိုးချင်သော်လည်း ဝိညာဥ်စွမ်းအင်ကို လုံလောက်အောင် မစုမိခဲ့။ ဒါပေမဲ့ သဘာဝအတိုင်း သူဒီလိုစကားမျိုး မပြောတတ်တာကြောင့် အဓိပ္ပာယ် ဖော်ရခက်တဲ့ အပြုံးကိုသာ ပြသခဲ့သည်။

"ဟေး... မင်းကြားပြီးပြီလား။ မကြာသေးခင်ကမှ လူတစ်ယောက်ကနေ မျိုးဆက်သစ်လူငယ်တွေအတွက် အရည်အချင်းစစ်စာရင်းကို ထုတ်ခဲ့တယ်တဲ့... ဟားဟား မင်းက ထိပ်တန်းဆယ်ယောက်ထဲမှာ အဆင့်သတ်မှတ် ခံထားရတယ်နော်"

"ထိပ်တန်းဆယ်ယောက်ထဲ ရောက်နေတာလား?"

လုရွှမ် ခပ်ဖျော့ဖျော့​လေး ပြုံးလိုက်သည်။ သူ ဤအဆင့် သက်မှတ်တာမျိုးအပေါ် စိတ်ဝင်စားမှုများစွာ ပျောက်ဆုံးခဲ့တာ အတော်ကြာနေပြီ။ သူဆိုတာက အခြားသူများ ကျေနပ်စေရန် ကြိုးစားနေသော အလုပ်များကို လုပ်တတ်သူ မဟုတ်ပေ။

ဒါတွေက တခြားလူတွေရဲ့ အမြင်မှာ အလားအလာသည် သာလွန်ကောင်းမွန်သော်လည်း တစ်ချိန်တည်းတွင်လည်း တန်ဖိုး လုံးဝမရှိဘူးဟု ဆိုနိုင်သည်။ ပင်ကိုယ်စွမ်းရည်ကို ခွန်အားအဖြစ်သို့ ပြောင်းလဲလိုက်သောအခါမှသာ လူတို့ကို ကြောက်လန့်စေလိမ့်မည်။

လုရွှမ်ရဲ့ အမူအရာကြောင့် ဟောက်ထျန်းက တဟားဟား အော်ရယ်လိုက်သည်။

"မင်း ဂရုမစိုက်ဘူးလား... မင်း ဂရုမစိုက်ဘူးလို့ တမင်တကာ ဟန်ဆောင်နေတုန်းပဲလား... မင်းအဆင့်က ဘယ်နေရာလဲ မှန်းကြည့်!"

ဟောက်ထျန်းသည် သာမန်လူများရှေ့တွင် အေးစက်သော အသွင်အပြင် ရှိပုံရကြောင်း သတိပြုမိနိုင်သော်လည်း သူက အနည်းငယ် စကားပြောတတ်ပါသည်။ လုရွှမ်လည်း သူ ပြန်မဖြေရင် ထိုသူက ဆက်ပြီး နှောင့်ယှက်မှာကို သိတာကြောင့် ပြုံးပြီးပြောလိုက်သည်။

"ကောင်းပြီ... မင်းက ဆယ်ယောက်ထဲ ပါတယ်လို့ ပြောမှတော့ ဆယ်ယောက်ထဲက တစ်ယောက်ပဲ ဖြစ်မှာပေါ့"

"ပါရမီရှင်စာရင်းမှာ စုစုပေါင်း ဆယ်ယောက်ပဲ ရှိတယ်... ဟုတ်တယ် မင်း စိတ်ဝင်စားမှု မရှိတာကို ကြည့်ပြီး မင်းက အဆင့်၅ လောက်ကို မြင့်လည်းမမြင့် နိမ့်လည်း မနိမ့်လောက်ဘူး"

လုရွှမ် ပိုပြီးတော့ စိတ်အားထက်သန်လာသည်။

"ငါက အဆင့်ငါးပေါ့ ကြွားတာ မဟုတ်ပေမယ့် ငါ့ထက် ဘယ်သူက အဆင့်ပို​နေတာလဲ"

ဟောက်ထျန်းက ရယ်လျက် - "ဟုတ်တယ် မဟုတ်ဘူးလား... အထူးသဖြင့် မင်းရဲ့ အရှိန်အဟုန်နဲ့ အစွမ်းသတ္တိကို အချိန်တိုအတွင်းမှာ ငါမျက်စိနဲ့ မြင်ခဲ့ပြီးပြီ... မင်း အဆင့် ၅ နေရာမှာ ရောက်နေတာက ​​မင်းကို အဆင့်သတ်မှတ်တဲ့လူက တာဝန်မဲ့လွန်းတယ်လို့ ပြောလို့ရတယ်"

"အို ဒါဆို ဘယ်သူက အဆင့်ပေးတာလဲ" လုရွှမ်ကလည်း ပြုံးလိုက်သည်။

"ဘယ်သူသိမှာလဲ... ဘာပဲဖြစ်ဖြစ် စာရင်းက ဒီလိုမျိုးပဲ ပြန့်နှံ့သွားတယ် ဘယ်လိုပဲဖြစ်ဖြစ် ဆယ်စုနှစ်အနည်းငယ်ကြာတိုင်း ဒီလို ကောလာဟလတွေ ရှိလာတတ်တယ်... တချို့က ပါရမီရှင် အဆင့်သတ်မှတ်တဲ့ ကျောက်ပြားတွေ ရှိတယ်လို့ ပြောကြတယ် မင်း ယုံလား"

ဟောက်ထျန်း၏ လေသံသည် လှောင်ပြောင်မှုများနှင့် ပြည့်နှက်နေပြီး လုရွှမ်ကိုလည်း ရယ်သည်။

"ငါ့ရှေ့ကလူတွေက ဘယ်သူလဲ"

"ဘယ်သူမှ မသိကြဘူး... မဟာဂိုဏ်းကလည်း ဒါမှမဟုတ် ရှေးဟောင်းမိသားစုတွေလား.. လူအစစ်လား အတုလား မသိဘူး... ဒါပေမဲ့ မင်းကို တမင်တကာ ရွံရှာနေတာတော့ သေချာတယ် ဒါနဲ့ မင်း ကျိုးယိကို အရမ်းစော်ကားခဲ့တာ သိလား... သူအရင်ကဆို အဆင့် ၁၀ နေရာမှာ ရှိနေတာလေ... အခု မင်းကြောင့် အညှစ်ခံလိုက်ရပြီ ဟားဟားဟား...."

လုရွှမ် တခဏတာမျှ အံ့အားသင့်သွားပြီးမှ ရယ်ရမလား ငိုရမလား မသိ ဖြစ်သွားသည်။

သူတို့နှစ်ယောက်လုံးက အဲဒါကို အလေးအနက်မထားကြပေ။ ဒါက ခွန်အားစာရင်း တစ်ခုသာ ဖြစ်ခဲ့မယ်ဆိုရင် စိုးရိမ်စရာ မဟုတ်တော့ချေ။ သို့သော် ဖြစ်နိုင်ချေရှိတဲ့ စာရင်းကို ဘယ်လိုအကဲဖြတ်မလဲ။

"အဲဒီလူတွေကို သွားနှုတ်ဆက်ရအောင်... တချို့က တော်တော်သဘောကောင်းပြီး ဟိုတုန်းကလည်း ငါ့ကို ကောင်းကောင်း ဂရုစိုက်ခဲ့တယ်"

ဟောက်ထျန်းက ဆိုရင်း လုရွှမ်ပုခုံးကို ပွေ့ဖက်လိုက်သည်။ ထို့နောက် သူတို့နှစ်ဦးသည် မျှော်စင်နယ်ပယ် လူများဆီသို့ လမ်းလျှောက်သွားကြသည်။

အဝေးကနေတောင် လုရွှမ် ဤလူများဟာ အလွန်အားကောင်းပြီး အလွန်မြင့်မားသော အဆင့်တွင် ရှိနေတာ ခံစားမိသည်။ ဒါပေမဲ့ သူတို့ပတ်ဝန်းကျင်က လူတွေနဲ့ ဝေးကွာပြီး သူတို့တွေရဲ့ ယဉ်ကျေးပျူငှာမှုနဲ့ နှိုင်းယှဥ်ကြည့်တော့ ဒီလူတိုင်းက နည်းနည်း ထူးခြားတယ်လို့ ထင်မြင်စေ၏။

ပတ်ဝန်းကျင်ရှိ လူများက မထီမဲ့မြင်ပြုကြသော်လည်း တခြားသူများက သူတို့ကို ခွန်အားဖြစ်ပေး၊ တွန်းအားပေးနေသကဲ့သို့ပင် လျစ်လျူရှုထားသည်။ သူတို့က ပြုံးကာ တောင်ကုန်းများပေါ်တွင် ရပ်ရင်း လေပြင်းများကို ဂရုမစိုက်ပေ။

ဟောက်ထျန်းရဲ့ အရိပ်အယောင်သည်လည်း အမှန်တကယ်ပင် အနည်းငယ် စိတ်ကူးယဉ်ဆန်သည်။ သူနဲ့ လုရွှမ် ဖြတ်လာတာကို မြင်တော့ ထိုလူများက ပြုံးပြုံးရွှင်ရွှင်နဲ့ ဟောက်ထျန်းကို နှုတ်ဆက်လာကြသည်။

မိတ်ဆက်ပေးစရာ မလိုပါဘူး။ လုရွှမ်ရဲ့ တည်ရှိမှုအကြောင်းကို အဲဒီလူတွေက အစောကတည်းက သဘာဝကျကျ သိထားပြီးပါပြီ။ လုရွှမ်ဟာ နတ်မီးနယ်ပယ်ရဲ့ တတိယအဆင့်မှာတင် ဒဏ္ဍာရီလို ဖြစ်နေတာကို တွေ့ရတော့ အံ့သြဖို့ကောင်းကြောင်း လက်ခံခဲ့ကြသည

ဟောက်ထျန်း တစ်ချိန်က ပြောခဲ့သော စကားအရ လုရွှမ်၏အင်အားသည် သူ့ထက်သာနေသေးသည်။ ထို့ကြောင့် အနည်းဆုံးတော့ မျှော်စင်နယ်ပယ်ရဲ့ တတိယအဆင့် စွမ်းအားရှိနေ​လောက်ပြီ ဖြစ်သည်။

အရည်အချင်းရှိ ပါရမီရှင်စာရင်းတွင် ပါဝင်နေခြင်းသည် စစ်မှန်သောပုံ ပေါ်သည်။

"လာ... စိန်ခေါ်တဲ့ ကွင်းကို သွားကြည့်ရအောင် ဒီမှာ နေရတာ ဒီလူကြီးတွေရဲ့ သူရဲဘောကြောင်တဲ့ အမူအရာတွေကို ထိုင်ကြည့်ရတာပဲ အဖက်တင်တယ်... မျက်လုံးလည်း ပင်ပန်းတယ်"

"ဟုတ်တယ်..အဲဒီလူကြီးတွေက တစ်ယောက်နဲ့တစ်ယောက် ပေါင်းသင်းဆက်ဆံရပုံကိုပဲ သိတယ်... မင်းမှာ ခွန်အားမရှိရင် ဘယ်သူက ဂရုစိုက်မှာလဲ အရေးကြီးဆုံးက မင်းရဲ့ ခွန်အားကို မြှင့်တင်ဖို့ပဲ"

"အဟုတ်ပဲ... ကိုယ့်ကိုယ်ကိုထက် တခြားသူတွေဆီက အကူအညီ တောင်းတာက အချိန်တိုင်း ပိုကောင်းလာတာမျိုး မရှိဘူး... ကိုယ့်ကိုယ်ကို သန်မာ​အောင် လုပ်ဖို့က အရာအားလုံးရဲ့ အခြေခံအုတ်မြစ်ပဲ"

လုရွှမ်သည်လည်း ဤလူများသည် ဟောက်ထျန်းလို တူညီသော စိတ်ထားရှိနေကြောင်း နောက်ဆုံးတွင် နားလည်သဘော ပေါက်သွားသည်။ သူတို့ အနာဂတ်မှာ သူငယ်ချင်းများ ဖြစ်လာနိုင်ပါရဲ့။

"လုရွှမ် သဘာဝတရားက လမ်းကြောင်းမှန်ပေါ် ရောက်နေလည်း.. မင်းကို စိန်ခေါ်ချင်တဲ့သူတွေကို ဖုံးကွယ်ထားလို့ မရဘူး သူတို့ဆီသွားပြီး ရဲရဲဝံ့ဝံ့ အနိုင်ယူလိုက်... အရာအားလုံး ပြေလည်သွားလိမ့်မယ်"

လုရွှမ်နဲ့ ဟောက်ထျန်း အချင်းချင်း ကြည့်ရင်း တစ်ပြိုင်တည်း ရယ်မောလိုက်သည်။

ဤလူများသည် စူးရှသော သို့မဟုတ် နက်ရှိုင်းသော အသက်ရှုသံများ ရှိကောင်းရှိနိုင်သော်လည်း ၎င်းတို့ စကားပြောသောအခါတွင် ဆူးပင်များကဲ့သို့ပင် တခြားလူတွေအား ခုတ်ထွင်ရှင်းလင်းချင်စိတ် ပေါ်လာစေ၏။ သို့သော်လည်း လုရွှမ် နားထဲတွင်တော့ အလွန်လန်းဆန်းနေသည်။

ဤလူများသည် တစ်ကိုယ်ကောင်းဆန်သည်ဖြစ်စေ ပြောဆိုဆက်ဆံရပုံအား မသိသည်ဖြစ်စေ အရေးမကြီးပေ။ ခွန်အားကို မြှင့်တင်စေချင်တဲ့ လုရွှမ်အတွက်ကတော့ ရွှင်လန်းပြီး သက်တောင့်သက်သာ ဖြစ်စေသည်။

"သွားကြစို့... လာတဲ့သူတွေကို ဖုံးကွယ်လို့ မရဘူး သူတို့မျက်လုံးတွေကို ကြည့်ပြီး ငါ့မျက်လုံးတွေတောင် လွင့်ထွက်တော့မယ်လို့ ခံစားရ​နေတယ်... စိန်ခေါ်ချင်တာတောင် ကြောက်နေကြသေးတယ်.... သူတို့က ခပ်ခွာခွာနေသလို ဟန်ဆောင်နေကြတာ သူတို့ကို ကြည့်ရုံနဲ့ ပင်ပန်းချင်လာပြီ.... စိန်ခေါ်ကွင်းကို သွားပြီး ကြည့်လိုက်ရအောင်"

တချို့ လူအုပ်စုသည် ကျယ်လောင်စွာ အော်ဟစ်​နေကြသည်။ လုရွှမ်တို့လည်း အနီးနားရှိ လူများကို လျစ်လျူရှုကာ စိန်ခေါ်ကွင်းဆီသို့ အတူတူ ပြေးလာခဲ့ကြသည်။

လူများစွာသည် လုရွှမ် ရောက်လာတာကို မြင်ပြီးနောက် သူတို့ဆီက အသံများကို နားထောင်ရန် တမင်တကာ နားစွင့်နေကြသည်။ ထုံးစံအတိုင်း လုရွှမ်တို့ စိန်ခေါ်ကွင်းသို့ သွားနေကြကြောင်း သိသည်နှင့် တစ်ယောက်ပြီးတစ်ယောက် လိုက်လာကြသည်။

သိပ်မကြာခင်မှာပဲ အဲဒီမှာ စောင့်နေတဲ့ လူတွေအားလုံး လိုက်လာကြ၏။

ဂိုဏ်းအသီးသီးက အကြီးအကဲများ ခေါ်ဆောင်လာနိုင်သည့် သူများသည် သဘာဝအားဖြင့် ထိပ်တန်း အရည်အချင်း ရှိသူများ ဖြစ်သည်။ သဘာဝအားဖြင့် သန့်ရှင်းတဲ့နယ်မြေက ရှေးဟောင်းမိသားစုတွေဟာ ၎င်းတို့နှင့်အတူ နောက်ထပ် လူအနည်းငယ်ကို ခေါ်ဆောင်လာကာ မဟာဂိုဏ်းကတော့ လူနှစ်ဦး သို့မဟုတ် သုံးဦးသာ ရှိသည်။

လူများထဲတွင် လုရွှမ်က အဆိုးဆုံး ဖြစ်သည်။ အကျော်ကြားဆုံး လူအများစုမှာ မျှော်စင်နယ်ပယ်တွင် မရှိကြသော်လည်း ၎င်းတို့သည် နတ်မီးနယ်မြေ၏ အဆင့်၁၀ (သို့) အထက်တွင် ရှိနေကြသည်။

လုရွှမ်သည် လူငယ်တစ်ဦး ဖြစ်လင့်ကစား တတိယအဆင့်နဲ့ ဤမျှကြီးကျယ်သော နာမည်ကျော်ကြားမှုကို ရရှိနိုင်တာကို ဘယ်သူကမှ ယုံကြည်နိုင်မည် မဟုတ်။

လုရွှမ်ကိုယ်တိုင်လည်း ထိုလူများ၏ ဒေါသကြောင့် ကောင်းကောင်းသိနေကာ ထိုလူအများစုသည် ၎င်းတို့၏ နှလုံးသားထဲတွင် လှောင်ပြောင် သရော်​မှုများ ရှိနေကြောင်း သိသည်။

သူ့အား ကံကောင်းသွားတယ်လို့ ထင်နေပုံပဲ။

နတ်နဂါးမိသားစုကို ကယ်တင်ပုံအကြောင်း ယေဘူယျ အသေးစိတ် အချက်အလက်များကို ပြောကြကာ လုရွှမ်နဲ့ ကျိုးယိရဲ့ နတ်ခန္ဓာကိုယ်များကို သုံးခဲ့ကြောင်း ပြောသော်လည်း လုရွှမ် ခွန်အားက ဘယ်လောက်ရှိကြောင်း ဖော်ပြခြင်းမရှိပေ။

လုရွှမ် ကံကောင်းသူ တစ်ယောက်ပဲ။

စိန်ခေါ်ကွင်းကို ရောက်တော့ အလွန်ပင် အသက်ဝင်လှတာကို တွေ့လိုက်ရသည်။

မျိုးဆက်သစ် လူငယ်များ၏ လှုပ်ရှားမှုများကို ကြည့်နေသော နတ်ခြေလှမ်းနယ်ပယ်က သခင်များ အားလုံးကိုလည်း ထင်ရှားစွာ တွေ့မြင်နိုင်ပါသည်။ သူတို့အားလုံး ရယ်မောနေကြပြီး ငြိမ်ငြိမ်မနေနိုင်ကြချေ။

နတ်နဂါး မိသားစု၏ စိန်ခေါ်ကွင်းသည် ကြီးမားကျယ်ပြန့်သော နေရာတစ်ခုဖြစ်သည်။ ကျင့်ကြံသူ များစွာက ဤနေရာ၌ စုဝေးနေကြကာ ပိုမိုစိတ်လှုပ်ရှားဖွယ်ရာ ပြိုင်ပွဲများကို စောင့်မျှော်နေ၏။ ထိုစဥ် အသံတစ်သံ ထွက်ပေါ်လာစဥ် လူတိုင်း လှည့်ကြည့်လိုက်ကြသည်။

"အဲဒါလုရွှမ်ပဲ!"

ဟောက်ထျန်း တခစ်ခစ်ရယ်ပြီး "လူတိုင်း မင်းကိုကြည့်နေတော့ နည်းနည်း ထူးခြားတယ်လို့ ခံစားရလား"

လုရွှမ် သူ့မေးစေ့ကို ပွတ်သပ်ပြီး ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။

"ဓားသိုင်းအသစ်ကို လေ့လာထားတာနဲ့ အတော်ပဲ....ဒီပြိုင်ဘက်တွေဆီမှာ လေ့ကျင့်ရမယ်!"

All Chapters