နတ်သမီးပေါ်လာပြီ
Vol. 119 Ch. 4.1305
"ဓားသိုင်း.... မင်းတို့ရဲ့ဒြပ်စင်ငါးပါး မဟာဂိုဏ်းရဲ့ ဒြပ်စင်ငါးပါး ဓားသိုင်းကို ပြောနေတာ မဟုတ်ဘူးလား?"
လူတစ်ယောက် ရုတ်တရက် ဝင်အော်လာသည်။ ထိုလူဟာ ရှင်ထျန်းပဲ ဖြစ်လေသည်။
ထိုလူ၏ ခန္ဓာကိုယ်တွင် လူသတ်ချင်နေသော အရိပ်အယောင်များ ပြည့်နေပြီး သူ့အသံမှာလည်း အေးစက်သော လေထုတစ်ခု ရောပါနေသည်။ ဒါပေမဲ့ သူ့မျက်နှာကတော့ တည့်မတ်နေကာ သူ့မျက်လုံးတွေက ငြိမ်သက်နေ၏။ တကယ်လို့သာ သူ့ကိုယ်သူ ဖော်ထုတ်ဖို့ မလုပ်ဆောင်ဘူးဆိုရင် ရှင်ထျန်းမဟာဂိုဏ်းရဲ့ တပည့်ဖြစ်မယ်ဆိုတာ ဘယ်သူမှ မသိနိုင်လောက်ချေ။
လုရွှမ်လည်း ခေါင်းညိတ်လိုက်သည်။
"အကြီးတန်း အစ်ကိုလန်ဖုန်းက အဲဒါကို ကြားဖူးတယ်လား"
လန်ဖုန်းက တဟားဟား ရယ်ပြီး "အဲဒါကို ငါကြားဖူးရုံတင်မကဘူး... နာမည်ကြီးတယ်လေ ကျင့်ကြံခြင်း လောကမှာ အရမ်းနာမည်ကြီးတဲ့ ဓားသိုင်း အများကြီးရှိတယ်လို့ မင်းထင်လား"
ဒီတစ်ခါတော့ လုရွှမ် ခေါင်းခါလိုက်သည်။ ဒါကို သူတကယ် မသိသေးပါဘူး။
"ဟောက်ထျန်း... ဒီနေ့ ကျင့်ကြံခြင်းလောကမှာ အကျော်ကြားဆုံး ဓားသိုင်းက ၇ခု ရှိတာ မင်းသိပါတယ်... ဒါပေမဲ့ တကယ်တမ်းတော့ မူရင်းဒဏ္ဍာရီမှာ ဓားသိုင်းရှစ်ခု ရှိတယ်..."
"ဟေး ငါသိတယ် ငါပြောပြမယ်"
ထိုအသံကတော့ သူ့တစ်ကိုယ်လုံးနဲ့ ဆံပင်တွေ ရှုပ်ပွနေတဲ့ လူတစ်ယောက်ပင်။ သူ့နာမည်က ချောင်ယန်။ ဟောက်ထျန်းရဲ့ ဂိုဏ်းတူအစ်ကိုဖြစ်ပြီး သူက လူတော်တော်များများရဲ့ ကြားထဲမှာ အမြင့်ဆုံးအဆင့်ရှိပြီး မျှော်စင်နယ်ပယ်ရဲ့ ကိုးအဆင့်ကို ရောက်နေပါပြီ။
ဟောက်ထျန်း စကားပြောတတ်တဲ့ သဘောထား ရှိတာက ချောင်ယန်ရဲ့ လွှမ်းမိုးမှုကြောင့် ဖြစ်ပေမည်။ စကားမပြောပါက စိတ်မသက်မသာ ဖြစ်ရမည်။
ဟောက်ထျန်းရဲ့ စိတ်စွမ်းအင်ဖြင့် အသံပို့တာက သူ၏အကြီးတန်းအစ်ကိုက လေ့ကျင့်ပေးသည့် လျှို့ဝှက်ပညာ တစ်ခုဖြစ်မည်။ လုရွှမ် သူတို့အကြား ဝင်မပြောလိုက်ချေ။ အဆက်မပြတ်ပြောနေရမည့် လျှို့ဝှက်နည်းလမ်းကို မသိခဲ့ပေ။
"နတ်နဂါးမိသားစုရဲ့ ယင်နဂါးဓားသိုင်းနဲ့ နိဗ္ဗာနဓားသိုင်းက နာမည်ကြီးတယ်....ဟူး...သူတို့က ရှေးကျတဲ့ မိသားစုတစ်ခုဆိုတော့ ဘယ်သူမှ မတတ်နိုင်တဲ့ ထိပ်တန်းဓားသိုင်းတွေ အများကြီး ရှိတယ်...နတ်နဂါး မိသားစုရဲ့ နတ်အလင်းဓားသိုင်းကလည်း အံ့သြစရာ ကောင်းလောက်အောင် နာမည်ကြီးတယ်.... ငါတခါက ကြုံဖူးတယ် အစွမ်းထက်တယ် လူက ပိုတောင် အစွမ်းထက် ပိုလို့တောင် လှသေးတယ်... ဟေး အဲဒီအချိန်က ငါ အရမ်းသိမ်ငယ်လွန်းခဲ့တယ်လေ... မဟုတ်ရင် ဒီအချိန်မှာ ဟောက်ထျန်းရေ မင်းမှာ မရီးတစ်ယောက် ရှိနေလောက်ပြီ... ဒီတစ်ခါ ငါလာပြီ... ဒီအချိန်ရောက်လို့ သူမကို ထပ်တွေ့ရရင် ငါ့အချစ်ကို ထပ်ပြီးဝန်ခံရမယ်...မင်းတို့ ဘယ်လိုထင်လဲ"
လုရွှမ် စကားသိပ်မပြောဖြစ်။ ကျန်လူများ အားလုံးကတော့ ချောင်ယန်ရဲ့ စကားကို မအံ့သြသလို ကြည့်နေကြသည်။
ဟောက်ထျန်း: "ဆရာတူအစ်ကို... အကြီးတန်းအစ်မ မင်လင်က သူမကိုလက်ထပ်ချင်ရင် သူမကိုအရင် နိုင်အောင် တိုက်ရမယ်လို့ ပြောခဲ့တယ်လေ..."
"ဟေး အရိုးကျိုးအောင် ရိုက်မှ အသည်းစွဲအောင် ချစ်တာတဲ့.. အခု ငါ...."
ဟောက်ထျန်းလည်း လုရွှမ်အား ဝမ်းနည်းသော အမူအရာဖြင့် တစ်ချက်ကြည့်၍ အစ်ကိုဖြစ်သူအား မင်လင်အကြောင်း ဆွေးနွေးရန် အဝေးသို့ ဆွဲထုတ်သွားခဲ့သည်။
ရှင်ထျန်း ခေါင်းကို အသာအယာ ယမ်းလိုက်ပြီး။
"တတိယဓားသိုင်းက ဟွမ့်သွမ့်သန့်ရှင်းတဲ့မြေ ကမောက်ကမသူတော်စင်ဓားသိုင်း.... အဲ့ဓားသိုင်းကို ဘယ်သူမှ မကျွမ်းကျင်သေးဘူး အနည်းဆုံးတော့ ငါသိသလောက်တော့ ဘယ်သူမှ အဆုံးထိ မကျွမ်းကျင်သေးဘူး..."
"နံပါတ်လေးကတော့ ထိုက်ချူးသန့်ရှင်းတဲ့မြေက မူရင်းဓားသိုင်း... အငယ်တန်း တစ်ယောက်ကတော့ တံခါးဖွင့် အဆင့်ထဲ ရောက်ထားတယ်တဲ့...နံပါတ်၅က ထျန်းယိသန့်ရှင်းတဲ့မြေက ကောင်းကင်နံပါတ်တစ်ဓားသိုင်း... အရမ်း အစွမ်းထက်တယ်"
ရှင်ထျန်း ဒီလိုပြောလာတဲ့အခါ သူ့မျက်လုံးတွေ ကျဉ်းမြောင်းသွားသည်။ သူအရင်က သင်ခန်းစာယူခဲ့ပြီး အများကြီးလည်း ခံစားခဲ့ရတာ ထင်ရှားပါ၏။
"နံပါတ်၆နေရာမှာက ကျစ်ဝေသန့်ရှင်းတဲ့မြေက ကျစ်ဝေနတ်ဓားသိုင်း... အဲဒီဓားကို နတ်ဘုရားမအတွက် အထူးဖန်တီးထားတာ... ဓားသိုင်းမှာ အပိုအကျိုးသက်ရောက်မှု ရှိတယ်လို့ ကြားဖူးတယ် လျှော့တွက်လို့ မရဘူး... ၇ကတော့ ထျန်းကျီးသန့်ရှင်းတဲ့မြေက ကောင်းကင်အခွင့်အလမ်း ဓားသိုင်း... ဒါပေမဲ့ အဲ့ဓားသိုင်းကိုတော့ ကောလဟာလတွေအရဆို အနှစ်တစ်သောင်းအတွင်း ဘယ်သူမှ မကျွမ်းကျင်သေးဘူး"
"ရှစ်ခုမြောက် ဓားသိုင်းက ဒြပ်စင်ငါးခုပါတဲ့ ဓားမဟုတ်ပေမယ့် အဲဒါနဲ့လည်း သက်ဆိုင်တယ်.... အဲဒါက မင်းရဲ့ ဒြပ်စင်ငါးပါး မဟာဂိုဏ်းနဲ့ ယင်ယန်မဟာဂိုဏ်းရဲ့ ဒြပ်စင်ငါးပါးယင်ယန်ဓားသိုင်း... ကောင်းကင်နဲ့မြေကြီးရဲ့ စွမ်းအင်ရှိတဲ့ မင်းရဲ့အဓိက မဟာဂိုဏ်းကြီးနှစ်ခုက စုံတွဲတစ်တွဲလို ဖြစ်နေတုန်းလေ... ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ သူတို့က ရန်သူတွေဖြစ်လာတယ်... ဒါတော့ မင်းနားလည်ပါတယ်"
လုရွှမ် နားလည်သော်လည်း ဒြပ်စင်ငါးပါး မဟာဂိုဏ်းနဲ့ ယင်ယန်မဟာဂိုဏ်းက ထိုကဲ့သို့ ဆက်နွှယ်နေမည်ဟု မမျှော်လင့်ထားပေ။
"ဒါပေမဲ့ ဒြပ်စင်ငါးပါး ဓားသိုင်းကလည်း အရမ်းကောင်းပါတယ် နည်းနည်းလေး နောက်ကျနေရုံပဲ.... မင်းအခုလည်း သိပ်ကောင်းနေပါပြီ"
လုရွှမ်မှာ ဒြပ်စင်ငါးပါး ဓားသိုင်းက ဒီလောက် အစွမ်းထက်ကြောင်း ကြားလိုက်ရတာကြောင့် လျှို့ဝှက်စွာ အံ့အားသင့်သွားလေသည်။ ဓားသိုင်းနှစ်ခုကို ပေါင်းစပ်ထားသည့် ဓားနည်းပညာသည် ထိပ်တန်းဓားသိုင်း ရှစ်ခုအနက် နောက်ဆုံး ဖြစ်သည်။
နတ်နဂါး မိသားစုကတော့ နံပါတ်တစ်မိသားစု ဖြစ်ရန် ထိုက်တန်ပါ၏။ ဒီလောက် နှစ်ထောင်ပေါင်းများစွာ ပျောက်ဆုံးသွားတာတောင် အံ့ဩစရာ ကောင်းလောက်အောင် မဟာဂိုဏ်းခွဲကြီးများနှင့် ရှေးဟောင်း မိသားစုများ၏ နံပါတ်တစ်ဖြစ်နေဆဲ ဖြစ်သည်။
ဒီအခြေခံအုတ်မြစ်က တကယ်ကို ကျယ်ပြောလွန်းတာပဲ။
ဤအခိုက်တွင် လုရွှမ်သည် လုံယွင်ဖုန်း ဦးဆောင်သော အကြီးအကဲကိုးဦး ကိုယ်တိုင်ကိုယ်ကျ နှုတ်ဆက်လာခြင်းအတွက် အလွန်ဂုဏ်ယူမိလာသည်။ တောင်ထွတ်သခင် ငါးဦးထဲက နတ်သမီး ချီးဖုန့်ကျူပင် အလွန်စိတ်လှုပ်ရှားနေတာ အံ့သြစရာတော့ မဟုတ်ပေ။
ဤကြင်နာမှုသည် ၎င်းတို့အား ဒြပ်စင်ငါးပါး မဟာဂိုဏ်း၏ ဂုဏ်သတင်းကို အမှန်တကယ် တက်သွားစေသည်။
ရုတ်တရက် ဟောက်ထျန်းနဲ့ ချောင်ယန်တို့သည် မယုံနိုင်တဲ့ တစ်စုံတစ်ရာကို မြင်လိုက်ရသလို တုန်လှုပ်ချောက်ချားသော အမူအရာများဖြင့် ပြန်ပြေးလာကြသည်။
"ဘာဖြစ်တာလဲ?"
"နတ်သမီးတစ်ယေက်ကို ငါတို့ တွေ့လိုက်တယ်... သူမဘယ်လိုဓားသိုင်းမျိုး သုံးသွားလဲ မင်းသိလား... ကျစ်ဝေနတ်ဓားသိုင်းကွ! .... အကုန်လုံး သွားကြည့်ကုန်ပြီ... ငါတို့လည်း မြန်မြန် သွားရအောင်"
ကျစ်ဝေနတ်ဓားသိုင်း ?
ဒါက နတ်ဘုရားမအတွက် ဖန်ဆင်းထားတာလို့ ပြောခဲ့တာ မဟုတ်ပါလား။ နတ်ဘုရား မဟုတ်သော နတ်ဘုရားမသည် ယခု ကျစ်ဝေသန့်ရှင်းတဲ့မြေကနေ ပေါ်ထွက်လာခဲ့တာ ဖြစ်နိုင်လား။
လူတစ်စု တဟုန်ထိုး ပြေးလာနေစဥ် ထိုနေရာ၌ လူအများအပြားက စုဝေးနေကြပြီးပြီ။ ကွင်းအလယ်မှာတော့ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဖြစ်သည်။
ထိုယောက်ျား၏ ကျင့်ကြံမှုသည် မျှော်စင်နယ်ပယ် အဆင့်၇ တွင်ရှိပြီး မိန်းကလေးကတော့ နတ်မီးနယ်ပယ် ဒုတိယအဆင့်တွင်သာ ရှိနေသည်။ သို့သော် ယခုအချိန်တွင် မိန်းကလေးက ယောက်ျားလေးအား တိုက်ခိုက်လာရန် တွန်းအားပေးနေခြင်း ဖြစ်သည်။
ဓားစွမ်းအင်က လေထုထဲ၌ တောက်ပနေပြီး အလွန်လျှို့ဝှက် ဆန်းကြယ်သည်။ ဓားလှုပ်ရှားမှုက သေသေသပ်သပ်နဲ့ အလွန်ပေါ့ပါးသလို လှပသည်။ လူသတ်ရန် ရည်ရွယ်ချက်မရှိသော်လည်း ထိုလူကို ထပ်ခါတလဲလဲ ခုခံရန် အတင်းအကြပ် တွန်းအားပေးနေကာ ဓားကို အဆက်မပြတ် ထိုးသတ်နေဆဲဖြစ်သည်။
ယောက်ျားပျိုမှာ သက်ညှာပေးဖို့ တောင်းချင်သော်လည်း မပြောနိုင်။
"အဲဒါက ချောင်ထျန်းမဟာဂိုဏ်းက ရွှမ်းလုံ မဟုတ်ဘူးလားဟင် အဲဒီလူယုတ်မာက အရမ်းတပ်မက်တယ်၊ ပြီးတော့ သူ့အဖေက ဂိုဏ်းချုပ်ဆိုတော့ မာနကလည်း ကြီးတယ်တဲ့... ဟဲဟဲ ဒီတစ်ကြိမ်တော့ ထိုက်တန်တယ် သူက နတ်ဘုရားမကို စော်ကားလိုက်တာပဲဟ!"
လုရွှမ်သည် သူမ၏ ဓားသိုင်းထဲမှာ ကျစ်ဝေနတ်ဓားသိုင်းရဲ့ အရိပ်အယောင် ရှိမရှိ မသိသော်လည်း ဓားပညာမှာ ဝိညာဉ်ရှိသည်။ ၎င်းက ကျစ်ဝေနတ်ဓားသိုင်း မဟုတ်ရင်တောင် ဒြပ်စင်ငါးပါး ဓားသိုင်းထက်တော့ မနိမ့်ပေ။
"အဲဒီနတ်သမီးနာမည်က ဘာလဲ"
"ဘယ်သူသိမှာလဲ.. သူမနာမည်ကို ကျွန်တော်လုံးဝ မကြားဖူးဘူး... ကျစ်ဝေသန့်ရှင်းတဲ့မြေက တစ်ခါမှ လူသိရှင်ကြား မပြဖူးဘူး... ရွှမ်းလုံက သူမရဲ့ အလှကို မြင်တော့ ပရောပရီ သွားလုပ်တယ်လေ... ဟဲဟဲ သူနဲ့တန်တယ်!!"
မိန်းကလေးက လုရွှမ်ဘက်သို့ ဖျက်ကနဲ ကြည့်လာသည်။ လုရွှမ်လည်း သူ့ရဲ့ နတ်ဘုရားခန္ဓာကိုယ်မှာ အနည်းငယ်သော အာရုံခံစားမှုကို ခံစားလိုက်ရတာကြောင့် ဒီမိန်းကလေးမှာလည်း ရုပ်ပိုင်းဆိုင်ရာ တစ်ခုခု ရှိနေသင့်တယ်လို့ သူယုံကြည်သွား၏။
ရွှမ်းလုံရဲ့ ကျင့်ကြံမှုက ထူးထူးခြားခြား ရှိသည်။ သူသည် အနည်းငယ် အသက်ရှုရင်း လွတ်မြောက်ရန် အခွင့်အရေးကို ရယူကာ လူအုပ်ထဲသို့ ပြေးဝင်ကာ အထပ်ထပ် တောင်းပန်လိုက်သည်။
မိန်းကလေး: "ဒါက နတ်နဂါး မိသားစုသာ မဟုတ်ရင် နင်သေပြီ!!"
သူမ ဓားကို ပြန်ထည့်ပြီး လှပစွာ ထွက်ခွာသွားခဲ့သည်။ သူမ ထွက်သွားတာကို လူတိုင်းက ကြည့်နေစဥ် ဟောက်ထျန်းက လုရွှမ်လက်မောင်းကို အပြင်းအထန် ကိုင်ကြည့်ပြီး။
"ဟုတ်တယ်မလား?"
လုရွှမ်ကလည်း နတ်ခန္ဓာကိုယ်ပဲဆိုတော့ နတ်ခန္ဓာကိုယ်ရှိမရှိ သဘာဝကျကျ သိနိုင်တယ်လေ။ လုရွှမ်ကလည်း ခေါင်းညိတ်ပြီး အသက်ရှူသွင်းလိုက်သည်။
"အဲဒီမိန်းကလေးမှာ နတ်ခန္ဓာကိုယ် ရှိတာ လုံးဝ သေချာတယ်"
"ဟာဟား... နတ်နဂါးမိသားစုကတော့ အရမ်းအသက်ဝင်လာတော့မယ်!"
ရှင်ထျန်းကလည်း ရုတ်တရက် ရယ်မောလိုက်ပြီး အသက်ပြင်းပြင်း ရှူလိုက်၏။
"လူသတ်ချင်တဲ့ အငွေ့အသက် ရှိနေတယ်"