ရှန့်ထိုသားရဲကျူးရင်
Vol. 010 Ch. 902
“အစ်ကိုရီ...” လျူယွီက ခေါ်သည်။ သူမက ရီဖူရှင်းအား လှပသော မျက်လုံးနက်များဖြင့် နားမလည်စွာ ကြည့်သည်။ လျူဟန်ကလည်း လှမ်းကြည့် သော်လည်း ရီဖူရှင်း၏ နောက်ကျောကိုသာ မြင်ရသည်။ သို့သော်လည်း သားရဲအချို့ ဂိတ်တံခါးပေါက်၌ ပေါ်လာကြ၏။ တစ်ကောင်မှာ ရွှေရောင် အကြေးခွံများဖြင့် နဂါးကြီးဖြစ်ပြီး နောက်တစ်ကောင်မှာ ဧရာမလိပ်ကြီး ဖြစ်သည်။ သူတို့က ထွက်ပေါက်ကို စောင့်ကြပ် ထားကြ၏။ သူတို့ထံမှ ထွက်ပေါ် လာနေသော ကိုယ်ရောင် ကိုယ်ဝါများမှာ ကြောက်မက်ဖွယ် ကောင်းသည်။
ရီဖူရှင်း မျက်မှောင်ကြုတ် လိုက်သည်။ ကြည့်ရသည်မှာ သူတို့ ထွက်သွား၍ မရနိုင်တော့။ ထို့အပြင် သားရဲများက သူ့အား စိုက်ကြည့် နေကြသည်။ သူက လူအုပ်ထဲကို တိတ်ဆိတ်စွာဖြင့်သာ ပြန်လျှောက် လာခဲ့၏။ လျူဟန်က မေးသည် ... “ဘာဖြစ်တာလဲ ... စီနီယာရီ ...”
“လျူဟန် ... မင်းက နန်းတော်ကို စောင့်ကြပ်တဲ့ သားရဲတွေနဲ့ ပတ်သက်ပြီး ကြားဖူးလား...” ရီဖူရှင်းက မေးသည်။
“မကြားဖူးဘူး ... ဒါပေမဲ့ အစ်မတော့ သိလိမ့်မယ် ... ကျုပ် မေးလိုက်မယ် ...” လျူဟန်က ပြန်ပြောကာ လျူစီရွှမ်ကို မေးနေဟန်ရသည်။
အတန်ကြာလျှင် လျူစီရွှမ်က ရီဖူရှင်းအား ပြန်ကြည့်ကာ ပြောသည်... “ဒါက အပျက်အစီး နယ်မြေက နာမည်ကျော် ရှန့်ထိုသားရဲပဲ ... သူ့နာမည်က ကျူးရင်လို့ ခေါ်တယ် ... တစ်ချိန်တုန်းက အဆုံးမဲ့ ပင်လယ်မှာ သူက သားရဲတွေကို အုပ်စိုးမင်းမူခဲ့တာ ... နောက်ဆုံး သူ့ကို ပင်လယ်ဘုရင်က ထိန်းချုပ်ခဲ့ပြီး သူ့စီးတော် ဖြစ်စေခဲ့တယ် ... ပြောကြတာက ပင်လယ်ဘုရင် မဆုံးခင် ကျူးရင်ကို အပျက်အစီး နယ်ထဲမှာ ဖမ်းချုပ်ခဲ့ပြီးတော့ အချိန်နဲ့ လေဟာနယ်လှံကို စောင့်ကြပ် စေခဲ့တယ်...”
ရီဖူရှင်း၏ မျက်နှာ အမူအရာက ပြောင်းလဲ သွားသည်။ ရှန့်ထိုသားရဲ...။ ထို့အပြင် နာမည်ကျော် ကျူးရင်သားရဲ...။ တော်ဝင်မြေသုံးခုမှ လူများအားလုံး သည်ကိစ္စကို သိကြပေလိမ့်မည်။ သူတို့အားလုံးက ရှေ့ကို ဆက်တိုးသွားလျှင် ပိုမိုများပြားသော သားရဲများ ခန်းမထဲတွင် ပေါ်လာကြသည်။ တော်ဝင်မြေမှ တန်ခိုးရှင်များ အားလုံး မျက်မှောင်ကြုတ် လိုက်ကြသည်။ အခြေအနေကား ယခင်ကနှင့် မတူတော့ပေ။
ရုတ်တရက် ကြမ်းတမ်း ခက်ရော်သော အရောင်အဝါများ ထွက်ပေါ်လာသည်။ ရွှေရောင် လင်းနို့သားရဲများ လျှပ်စီးတန်းများအလား ပျံသန်းလာကြပြီး မမြင်ရသော အသံလှိုင်းများအား ထုတ်လွှတ် ကြသည်။ နားကွဲမတတ် စူးရှသော အသံများမှာ သူတို့၏ နားစည်ကို လာရောက် ရိုက်ခတ်ပြီး သူတို့၏ စိတ်စွမ်းအားများမှာ ပြိုလဲ တော့မည်ကဲ့သို့ ခံစားကြရသည်။
“ရွှေလင်းနို့ သားရဲက အသံလှိုင်း တိုက်ခိုက်မှုမှာ အားကောင်းတယ် ... ပြီးတော့ အနီးကပ် တိုက်ခိုက်ရေး သမားတွေ အတွက်လည်း အားနည်းတယ်…” သူ့ရှေ့မှ တန်ခိုးရှင်က အားလုံးကို သတိပေးသည်။ လင်းနို့သားရဲများ အားလုံး၏ မျက်လုံးများမှာ သွေးနီရောင် လွှမ်းနေသည်။ သူတို့ အားလုံးမှာ ခန်းမကြီးတွင် ပြည့်နှက် လာနေပြီး တစ်ချိန်တည်းမှာပင် လူအများအား စတင် တိုက်ခိုက်ကြသည်။
လျူယွီ၏ မျက်နှာမှာ ပြာနှမ်း သွား၏။ အသံလှိုင်း တိုက်ခိုက်မှုများ၏ အောက်၌ သူမ၏ စိတ်အသိမှာ ပြိုလဲတော့မည် ကဲ့သို့ ဖြစ်လာသည်။ သူမက နာကျင်စွာဖြင့် မျက်လုံးကို မှိတ်လိုက်သော အခိုက်တွင်ပင် သန်မာသော လက်တစ်ဖက်က သူမ၏ လက်မောင်းအား လာရောက် ဆုပ်ကိုင်သည်ကို ခံစားလိုက် ရသည်။ ရီဖူရှင်း၏မျက်လုံးက တစ်ဖန် မုန်တိုင်း ထန်လာပြန်သည်။ ရွှေလင်းနို့ သားရဲများက သူ၏အကြည့်နှင့် ဆုံသော အခိုက်တွင်ပင် အန္တရာယ်၏ အငွေ့အသက်ကို ခံစား မိသည့်အလား သူတို့က နောက်လှည့်ကာ ထွက်ပြေး သွားကြတော့သည်။
ရီဖူရှင်း၏ မျက်လုံးများက ယခင်ကထက် ပိုမို ညို့မှိုင်းလာခဲ့၏။ ကြောက်မက်ဖွယ် စိတ်ဝိညာဉ်အားမှာ လင်းနို့များ၏ စိတ်နယ်ပယ်ထဲကို ထွင်းဖောက် သွားကြသလို လင်းနို့ အချို့မှာလည်း ပြင်းထန်စွာ ရုန်းကန် နေကြရဟန် ရှိသည်။ မကြာမီ သူတို့၏ သွေးနီရောင် လွှမ်းနေသော မျက်လုံးများမှာ ငြိမ်သက်သွားပြီး နောက်ဆုတ် သွားကြသည်။ သူက နောက်ဆုတ် သွားသော လင်းနို့သားရဲများအား ထိန်းချုပ် ထားလိုက်ပြီး ဖြစ်သည်။
တခြားသော တန်ခိုးရှင်များ မှာလည်း ပြင်းထန်စွာ တိုက်ခိုက် နေကြသည်။ ရှီတန်ခိုးရှင်များ၏ စွမ်းရည်များမှာ ကြောက်မက်ဖွယ် ကောင်းပေသည်။ ပြင်းထန်သော လောကဓာတ်များ ခန်းမထဲတွင် အဆက်မပြတ် ပေါက်ကွဲနေကြကာ လင်းနို့ သားရဲများစွာမှာလည်း သတ်ဖြတ်ခြင်း ခံရသည်။ ထို့အတူ တော်ဝင်မြေမှ တန်ခိုးရှင်များ မှာလည်း အသတ်ခံရ၏။ လင်းနို့များမှာလည်း အဆင့် ကွဲပြားမှုရှိပြီး အချို့မှာ တန်ခိုးအဆင့် အလွန်မြင့်ကာ အချို့မှာ တန်ခိုးအဆင့် နိမ့်ပေသည်။
သူတို့၏ရှေ့တွင် အတောင်ပံများက ဓားသွားလို ထက်ရှကာ သွေးနီရောင် မျက်လုံးများဖြင့် ဧရာမ လင်းနို့ကြီး တစ်ကောင် ရှိနေသည်။ ရွှေလင်းနို့ သားရဲများမှာ မျိုးပွားနှုန်း မြင့်မားသော အမျိုးအစား ဖြစ်ကြသည်။ သူတို့က နက်မှောင်သော နေရာများကို ကြိုက်နှစ်သက်ကြကာ သွေးနှင့် သေဆုံးခြင်း အငွေ့အသက်များကို ခုံမင်ကြ၏။ သို့သော်လည်း သူတို့၏ ကြီးထွားနှုန်းမှာ အကန့်အသတ် ရှိကာ ရှီအဆင့်သို့ တက်လှမ်းရန် ခက်ခဲကြပေသည်။ သို့သော်လည်း သည်အပျက်အစီး နယ်မြေတွင် ထိုလင်းနို့ကား အံ့အားသင့်ဖွယ် ကောင်းအောင် ကြီးမားပေသည်။ လင်းနို့သားရဲ ဘုရင်၏ ကိုယ်ရောင် ကိုယ်ဝါကား ထိပ်သီး ရှီအဆင့်၌ ရှိနေသည်။ သူ့ဘေးတွင်ကား များစွာသော ရှီအဆင့် လင်းနို့သားရဲများ ရှိနေသည်။ သူတို့အားလုံး၏ မျက်လုံးများတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ပြင်းထန်စွာ ဖြစ်ပေါ်နေကြသည်။
အတောင်ပံ ခတ်သံများ ကြားရကာ စူးရှသော အော်သံနှင့်အတူ ခန်းမထဲမှ လူများ အားလုံးမှာ ညည်းသံများ ထွက်ပေါ် လာကြသည်။ တော်ဝင်မြေမှ လူများ အားလုံး၏ မျက်နှာများမှာလည်း ပြောင်းလဲ သွားကြသည်။ ယခင်က ဤသို့သော များစွာသော လင်းနို့ သားရဲများကို မမြင်ဖူးကြပေ။ မည်သို့ ဖြစ်သွားသနည်း။
“လင်းနို့ သားရဲဘုရင်ကို အရင်သတ်... အပျက်အစီး နယ်မြေနဲ့ ပတ်သက်ပြီး တစ်ခုခု ထူးဆန်းနေပြီ ... အားလုံး အစွမ်းကုန် တိုက်ခိုက်ကြ...” ပန်ခွန်က တော်ဝင်မြေမှ လူများကို ပြောသည်။ အားလုံးက ခေါင်းညိတ် လိုက်ကြသည်။ မကြာမီ ကြီးမားသော တိုက်ပွဲတစ်ခု ဆင်နွှဲရတော့မည်ဟု သူတို့အားလုံး ခံစားကြရသည်။
“သွားရအောင်...” ပန်ခွန်ထံမှ အရောင်တစ်ချက် လက်သွားကာ သူ၏လက်၌ ငွေရောင်လှံရှည် တစ်လက် ဖြစ်ပေါ် လာသည်။ သူက ရှေ့ကို မြန်ဆန်စွာပင် ထိုးနှက် လိုက်သည်တွင် ငွေရောင် လေပွေလှိုင်းတစ်ခု ရှေ့သို့ တိုးဝင်သွားသည်။ လင်းနို့သားရဲဘုရင်၏ မျက်လုံးက အရောင်တစ်ချက် လက်သွားကာ သူ၏ ပါးစပ်အား ဟပ်လိုက်သည်။ မမြင်ရသော အသံလှိုင်းတစ်ခု ဖြစ်ပေါ်လာကာ လေပွေလှိုင်းအား ချိုးဖျက် သွား၏။ တစ်ချိန်တည်းမှာပင် နားကွဲမတတ် အသံတစ်သံ ထွက်ပေါ်လာကာ ရှေးဟောင်းခန်းထဲမှ လင်းနို့သားရဲများ အားလုံး ရှေ့ကို တိုးဝင်လာကြသည်။
“မကောင်းဆိုးဝါး အကောင်တွေ...” မြောက်ဘက် ချောက်နက်မှ တန်ခိုးရှင်များ၏ မျက်နှာများက အလွန်အမင်း တင်းမာ ခက်ထန် နေကြသည်။ သူတို့ ခန္ဓာကိုယ်ထံမှ အေးစက်သော လှိုင်းများ ထွက်ပေါ် လာသောအခါ အနီး ရောက်လာသော ရွှေလင်းနို့များမှာ ရေခဲများဖြင့် ရစ်ပတ် သွားကြသည်။ မြောက်ဘက် ချောက်နက်မှ တန်ခိုးရှင် တစ်ယောက်က လက်ဆန့်တန်းကာ ရေဝဲတစ်ခု ထုတ်လွှတ် လိုက်ရာ ထိုအရာက ရွှေလင်းနို့များအား လုံးဝ ဝါးမျို သွားတော့သည်။
“သခင်မလေးကို ကာကွယ်ကြ...” လျူကလန် တန်ခိုးရှင်များ မှာလည်း လျူစီရွှမ်နှင့် လျူရှီတို့ထံသို့ ပြေးဝင်လာကြရာ ရုန်းရင်းဆန်ခတ် တိုက်ပွဲတစ်ခု ဖြစ်ပွား လာတော့သည်။
“အစ်ကိုရီ...” လျူယွီက အနည်းငယ် ဦးညွှတ်သည်။ ဤနေရာသို့ မလာမီက သူမကား ပြင်ပ လောကကြီးကို မြင်တွေ့ လိုခဲ့သည်။ အပျက်အစီး နယ်မြေသို့ လာခြင်းမှာ အတွေ့အကြုံ ရရန်မျှသာ ဖြစ်သည်။ သို့သော်လည်း ရီဖူရှင်းကြောင့်သာ မဟုတ်ပါက သူမအား အသက်ဘေးမှ လွတ်မြောက်ရန်ပင် အခွင့်အရေး ရှိမည် မဟုတ်ပေ။
“ဒါက ဘာမှ မဟုတ်ဘူး ... ငါ့နောက်ကိုသာ လိုက်ခဲ့ ...” ရီဖူရှင်းက တီးတိုး ပြောသည်။ လျူယွီက ရီဖူရှင်း၏ နောက်ကျောကို ကြည့်ကာ အလွန် အားကောင်းသော ယုံကြည်မှု တစ်ခုအား ရသည်။ သူမက အနီးတစ်ဝိုက်အား အကဲခတ် ကြည့်သည်။ ကောင်းကင်နှင့် မြေပြင်အား တုန်ခါစေသော ထိတ်လန့်ဖွယ် တိုက်ပွဲတစ်ခု ဖြစ်ပွား နေသည်။ သို့သော်လည်း ရီဖူရှင်းကား ရှေ့ကို တစ်လှမ်းချင်း သွားနေသည်။ မည်သည့် သားရဲကမှ သူ့အား မတိုက်ခိုက်ကြပေ။ သူတို့က ရီဖူရှင်းအနီးကို ရောက်လာလျှင်ပင် ဘေးမှ ပတ်သွားကာ တခြားလူများအား သွားရောက် တိုက်ခိုက်ကြသည်။
ခန်းမကြီးကား လင်းနို့သားရဲ အပိုင်းအစများဖြင့် ပြည့်နှက်နေကာ လူအများမှာ နန်းတော်ထံသို့ တိုးဝင် နေကြသည်။
နာကျင်စွာ အော်ဟစ်သံနှင့်အတူ ရွှေလင်းနို့ သားရဲဘုရင်ကား တော်ဝင်မြေများမှ တန်ခိုးရှင်များ၏ ပူးပေါင်း တိုက်ခိုက်မှုကြောင့် သေဆုံး သွားရသည်။ လင်းနို့ သားရဲများမှာလည်း ချက်ချင်းပင် လှိုင်းလုံးကြီးအလား နောက်ကို ဆုတ်ခွာ သွားကြကာ မျက်လုံးတစ်မှိတ် အတွင်း၌ ခန်းမကြီးကား အသေကောင်များဖြင့်သာ ကျန်ရစ်ခဲ့တော့သည်။
တော်ဝင်မြေသုံးခုမှ လူများက အနီးတစ်ဝိုက် လိုက်လံ ကြည့်ရှုကြသည်။ အချို့သော တန်ခိုးရှင်များမှာ သေဆုံး သွားပြီ ဖြစ်သည်။ ထိုအခိုက်တွင် လူတစ်ယောက်က နောက်လှည့်ကာ ရီဖူရှင်းအား ကြည့်လျက် မေးသည်... “မင်း ဘယ်သူလဲ...”
ရုတ်တရက် အားလုံး၏ အကြည့်က ရီဖူရှင်းထံကို ရောက်လာသည်။ လင်းယွီက ပြောသည်... “မင်းက လျူကလန်ကနဲ့ တူတယ် ... မင်းက ဘယ်လို လုပ်ခဲ့တာလဲ...”
ရီဖူရှင်း တစ်ယောက်တည်းသာ တိုက်ခိုက်ခြင်း မခံခဲ့ရပေ။
“ကျုပ်က သားရဲတွေကို သက်ရောက် စေနိုင်တဲ့ စိတ်စွမ်းအားကို လေ့ကျင့်တယ်...” ရီဖူရှင်းက ထူးမခြားနားစွာ ပြောသည်။
“ခင်ဗျားရဲ့ မျက်နှာအစစ်ကို ဘာလို့ ဖုံးကွယ် ထားတာလဲ...” လင်းယွီက မေးသည်။
“အလေ့အထ တစ်ခုပါပဲ...” ရီဖူရှင်းက ဖြေသည်။
“မင်းရဲ့ မျက်နှာဖုံးကို ဖယ်လိုက်...” လင်းယွီဘေးမှ လျူရှီက ရီဖူရှင်းအား ကြည့်လျက် ပြောသည်။
ရီဖူရှင်းက မျက်မှောင်ကြုတ် လိုက်ကာ လျူရှီအား ကြည့်သည်။ သည်တစ်ခါကား ဒုတိယအကြိမ် ဖြစ်သည်။
“ကျုပ် မင်းကို ပြောနေတာ...” ရီဖူရှင်းက သူ့အား ဘာမှ ပြန်မဖြေသည်ကို မြင်လျှင် လျူရှီက မျက်မှောင်ကြုတ် လိုက်သည်။ တစ်ချိန်တည်းမှာပင် သူက ဘေးမှ လျူယွီအား လှမ်းကြည့်သည်။
“အသေးအမွှား ကိစ္စတွေကို စိတ်ပူမနေပါနဲ့...” လျူရှီဘေးမှ လျူစီရွှမ်က ပြောသည်။
လင်းယွီက ပြုံးလျက် ပြောသည်... “ကောင်းပြီ ... ထားလိုက်တော့...”
“ရှေ့ကို ဆက်သွားရအောင်...” ဖုန်းတူက ပြောသည်... “အပျက်အစီး နယ်မြေက ဒီတစ်ခါ ထူးဆန်းနေတယ်...”
အားလုံးက ထိုအချက်ကို ခံစားမိသည်။ တစ်ယောက်ပြီး တစ်ယောက် ရှေ့ကို တက်သွား ကြသည်။ ကြီးမားသော နန်းတော်မှာ အပျက်အစီးများ အဖြစ် ပြောင်းလဲသွားပြီး ဖြစ်ကာ အပျက်အစီး နယ်မြေ တစ်ခုစီက သားရဲပေါင်း များစွာ ရှိ၏။ သို့သော်လည်း သူတို့က တန်ခိုးရှင်များကို မြင်သော်လည်း မည်သို့မှ မလှုပ်ရှားကြပေ။
သူတို့က ရှည်လျားသော နန်းတော် ခန်းမကြီး တစ်လျှောက် လျှောက်လာခဲ့ကြကာ လှေကားလမ်း တစ်ခုထံသို့ ရောက်လာခဲ့ကြ၏။ ရုတ်တရက် ဘေးတစ်ဖက် တစ်ချက်တွင် များစွာသော သားရဲများ ထွက်ပေါ် လာခဲ့ကြကာ တိတ်ဆိတ်စွာ ရပ်ကြည့် နေကြသည်။
“သူတို့ကို သွားခွင့်ပေးလိုက်...” နန်းတော် အတွင်းပိုင်းထံမှ အသံတစ်သံ ထွက်ပေါ်လာခဲ့ကာ သားရဲများက ဘေးကို ဖယ်ပေးကြသည်။
စောင့်ကြည့် ခံနေရသည် ဟူသော ခံစားချက်မှာ ပိုမို အားကောင်း လာခဲ့သည်။ မမြင်ရသော ဖိအားက အားလုံးကို ဖုံးအုပ်ထား၏။ သူတို့က ရွှေရောင် ကြမ်းပြင်အတိုင်း လျှောက်လာခဲ့ကြပြီး သူတို့အနီးတွင် များစွာသော သားရဲများ အဆက်မပြတ် ရောက်လာ နေကြသည်။ ကြမ်းပြင်တွင် ဧရာမ အလင်းတန်းများ လင်းလက် လာသည်။ ထိုအရာက ဝင်္ကပါ အစီအရင် တစ်ခုနှင့် ဆင်တူသည်။ ဝင်္ကပါ အစီအရင်က နန်းတော်၏ အစိတ်အပိုင်းတိုင်းနှင့် ဆက်သွယ် ထားဟန်ရကာ အတွင်းပိုင်းသို့ အထိ ရောက်၏။
ထိုအခိုက်တွင် စင်မြင့်အလယ်၌ အဖြူရောင် ဝတ်ထားသော လူတစ်ယောက် ငြိမ်သက်စွာ ရပ်နေသည်။ သူ့အား ကြည့်ရသည်မှာ သက်လတ်ပိုင်း စာပေသမား တစ်ယောက်နှင့် ဆင်တူပေသည်။ သူ၏မျက်လုံးများက ပြုံးရောင်သန်း နေသော်လည်း မကောင်းသော အငွေ့အသက်များ ကပ်ငြိနေဟန် ရသည်။
သူ့ဘေးတွင် အစီအရင်၏ ဘေး၌ များစွာသော သားရဲများ ထွက်ပေါ် လာနေကြသည်။ စင်မြင့်အထက် အနောက်ဘက် ခပ်လှမ်းလှမ်းတွင်လည်း လှံရှည် တစ်လက်ကို ကိုင်ဆောင် ထားသော ရုပ်တုတစ်ခုအား မြင်တွေ့ကြရသည်။
“အချိန်နဲ့ လေဟာနယ်လှံ ...” အားလုံးက နတ်ဘုရားလှံရှည်ကို မြင်တွေ့ ကြပေသည်။ သူတို့၏နှလုံးက ပြင်းထန်စွာ တုန်ခါလာကြ၏။ ထိုလှံကား ပြည်နယ် ကိုးခုလုံး၌ အဆင့်၃ရှိသော ရတနာဖြစ်သည်။
“အားလုံးကို ကြိုဆိုပါတယ်...” သတ်လတ်ပိုင်း စာပေသမားက အလယ်တွင် ရပ်ကာ အားလုံးကို ပြုံးလျက် ကြည့်သည်။
“ကျုပ်တို့ကို လာခွင့်ပေးတာ ကျေးဇူးတင်ပါတယ်... စီနီယာ...” တော်ဝင်မြေ သုံးခုမှ လူများက သက်လတ်ပိုင်း လူကြီးအား ဦးညွှတ်ကာ ပြောသည်။
“သိပ်မတွေးနဲ့...” သူက ပြုံးသည် ... “နောက်ထပ်ကတော့ ... မင်းက ငါ့ကို ကျော်ဖြတ်နိုင်သရွေ့ မင်းတို့က နောက်ဆုံး အဆင့်မှာ အချိန်နဲ့ လေဟာနယ်လှံကို ကြိုးစားနိုင်တယ်... ဘယ်သူ အရင်ဆုံး ကြိုးစား ကြည့်မလဲ...”
အားလုံး၏ မျက်လုံးများက အရောင်လက် သွားကြသည်။ ထိပ်သီး ရှီတန်ခိုးရှင် တစ်ယောက်က ရှေ့ကို တက်သွားကာ ပြောသည်.. “ကျုပ် ကြိုးစား ကြည့်ပါ့မယ် ... စီနီယာ...”
“အရမ်း ကောင်းတယ် ... ကြိုးစားကြည့်ပါ...” သက်လတ်ပိုင်း စာပေသမားက ယဉ်ကျေးစွာ ပြောသည်။
တန်ခိုးရှင်၏ အနောက်တွင် အတော်ပံတစ်စုံ ပေါ်ထွက်လာခဲ့ကာ မရေမတွက် နိုင်သော အရိပ် သဏ္ဌာန်များ အဖြစ် ပြောင်းလဲသွား၏။ လျှပ်တစ်ပြက်ပင် သူက သက်လတ်ပိုင်း လူကြီးအား ဖြတ်ကျော်သွားပြီး ခန်းမ အနက်ပိုင်းသို့ ရောက်သွားသည်။
သူလုပ်နိုင်ခဲ့ပြီ ... အားလုံးက တွေးလိုက် ကြသည်။
သို့သော်လည်း ထိုအခိုက်တွင် အလွန် အားကောင်းသော ကိုယ်ရောင်ကိုယ်ဝါ တစ်ခု ထွက်ပေါ်လာသည်။ ဘန်းခနဲ မြည်သံနှင့်အတူ သက်လတ်ပိုင်းလူကြီး ပျောက်ကွယ်သွားကာ သူ၏နေရာတွင် ခေါင်းကိုးလုံးသားရဲကြီး တစ်ကောင် ပေါ်လာ၏။
အားလုံး၏ စိတ်နှလုံးများ ပြင်းထန်စွာ တုန်ခါ သွားကြသည်။ သားရဲခေါင်းတစ်လုံးက ရှည်လျား သွားကာ ရှီတန်ခိုးရှင်အား သွားရောက်ခဲ့သည်။
နာကျင်စွာ အော်ဟစ်သံတစ်ခု ထွက်လာသည်။ သားရဲက ရှီတန်ခိုးရှင်အား ကိုက်ခဲလိုက်သည်။ ရှီတန်ခိုးရှင်ကား ပခုံးသားကို ကိုက်ခဲခံရ၏။ သွေးပျက်ဖွယ် မြင်ကွင်းက အားလုံးကို တုန်လှုပ်စေသည်။ သားရဲ၏ခေါင်းက လေထဲတွင် လှုပ်ယမ်းနေကာ သူ၏မျက်လုံးကိုးစုံက မိစ္ဆာ အငွေ့အသက်များ ဖုံးလွှမ်းနေသည်။ တိတ်ဆိတ်နေသော ခန်းမထဲတွင် နာကျင်စွာ အော်ဟစ်သံများသာ ရှိနေသည်။ ရှီတန်ခိုးရှင်ကား သေဆုံးခြင်း မရှိသေးပေ။
“ကျူးရင်...” အားလုံး၏ မျက်နှာက ပြာနှမ်း သွားကြသည်။ ပင်လယ်ဘုရင်၏ စီးတော်… ရှန့်ထိုသားရဲ ကျူးရင်။
ပိုမို ကြောက်မက်ဖွယ် ကောင်းသည်ကား သူ၏ အချုပ်အနှောင်များ ကင်းမဲ့ သွားခြင်းပင်။
“ကျုပ်က လူသားသွေးကို အရသာ မခံဖြစ်တာ တော်တော် ကြာပြီ...” အသံတစ်သံ ထွက်လာသည်။ သူက စာပေသမား အသွင်သို့ ပြန်လည် ပြောင်းလဲ သွားသော်လည်း သူ့ကို ကြည့်နေသော တန်ခိုးရှင်များ၏ မျက်လုံးများမှာ အကြောက်တရား များသာ ရှိသည်။
“မကြောက်နဲ့...” သက်လတ်ပိုင်း လူကြီးက အားလုံးကို ပြောသည်... “စည်းမျဉ်းက အရင်အတိုင်းပဲ ... မင်းတို့ ငါ့ကို ကျော်ဖြတ်နိုင်ရင် မင်းတို့ကို လွှတ်ပေးမယ် ... ဒါက ငါ့ဆရာသခင် ချမှတ်ခဲ့တဲ့ စည်းမျဉ်းပဲ ... ငါက သေချာပေါက် လိုက်နာရမယ်...” သူ၏ ဆရာသခင်ဟု ပြောသော အခိုက်အတန့်၌ကား သူ၏လေသံမှာ ငရဲပြည်မှ ထွက်ပေါ်လာသော အသံတစ်သံနှင့်ပင် တူနေသည်။
***