← Chapters

နံပါတ်၅ အနောက်ပိုင်း ဆင်ခြေဖုံး

Vol. 70 Ch. 1037

နံပါတ်၅ အနောက်ပိုင်း ဆင်ခြေဖုံး

Vol. 70 Ch. 1037

" နောက်ဆုံးတော့ စားရတော့မယ်... ငါတော့ဖြင့် ဗိုက်ဆာလိုက်တာ ရင်ဘက်ကြီးတောင် လျော့သွားပြီ..." ဖန်းဖေး ရှေ့နောက်မကြည့်တော့ပဲ ပြောလိုက်၏။

ထို့နောက် သူယောင်နှင့် ဖန်းဖေးတို့ ကားထဲမှ ထွက်လိုက်ကြလေသည်။

နံပါတ်ငါး အနောက်ဘက် ဆင်ခြေဖုန်း ၏ ၀င်ပေါက်ကို မြင်တော့ ကော်ဖေး မျက်မှောင် အနည်းငယ် ကြုတ်သွားခဲ့သည်။

" ဒါ ဘယ်နေရာကြီးတုန်း.. ဘာလို့ လမ်းဘေးဆိုင်နဲ့ တူတယ်လို့ ခံစားနေရတာ... ငါမင်းကို ပိုကောင်းတဲ့ နေရာလေး ရှာပါလို့ မပြောထားဘူးလား...."

" ငါတော့ ဒါက လုံလောက်ပြီလို့ ထင်တယ်..."လင်းရီ ပြောလိုက်ပြီး " ပန်းတွေနဲ့ အပင်တွေကို ကြည့်လိုက်လေ... ရှုခင်းလေးလည်း မဆိုးဘူးမလား...."

" ဘာ ခမ်းနား ကြီးကျယ်တာမျိုးလည်း မရှိဘူး... ငါအရင်က သွားခဲ့တဲ့ ကြယ်ငါးပွင့် ဟိုတယ်ကြီးနဲ့များ တခြားစီပဲ..."ကော်ဖေး အထင်သေး ကြီးစွာဖြင့် ပြောဆိုလိုက်ပြီး " မင်း ဒီလို အဆင့်နိမ့်တဲ့ နေရာမျိုး ရွေးမယ်မှန်းသိရင် မင်း ပြောတာကို ငါ လက်မခံလိုက်ပါဘူး...."

ပြောပြီးနောက် ကော်ဖေး လက်ကို စိတ်မရှည်စွာ ဝေ့ရမ်းလိုက်ပြီး " တခြားနေရာ သွားကြစို့... ငါတို့ ကျိုးဟိုင်ကို အမြဲတမ်း ရောက်ဖြစ်တာလည်း မဟုတ်ဘူး... မင်းတို့ကို စားကောင်းတာလေးတွေ ငါ လိုက်ကျွေးမယ်...."

" နေရာ ရွေးမနေပါနဲ့တော့ဟယ်... ငါ အရမ်း ဗိုက်ဆာနေပြီ..."ဖန်းဖေး ပြောလိုက်ပြီး " ပြီးတော့ ငါတို့က အတန်းဖော်တွေချည်းပဲလေ... ငါတို့ထဲ အပြင်လူလည်း မပါဘူး... ဘယ်နေရာမှာ စားစား ကိစ္စမရှိဘူး... ပြီးတော့ နင့်မိသားစုရဲ့ ပိုက်ဆံကလည်း အပင်ပေါက်ပြီး ရလာမှ မဟုတ်ပဲနဲ့... နည်းနည်းလေး ချွေတာလိုက်တော့ ပိုမကောင်းဘူးလား...."

" ငါလည်း နေရာမရွေ့ချင်တော့ဘူး..."သူယောင် ပြောလိုက်သည်။

" အစ်ကိုကြီးလင်းက ကျိုးဟိုင် ဒေသခံလေ.. သူ ရွေးလိုက်တဲ့ဆိုင်က အရသာ ဆိုးမှာ မဟုတ်ဘူးလို့ ငါယုံကြည်တယ်.... "

" မဟုတ်ဘူးကွ... အစားအသောက်နဲ့ ပတ်သက်လာရင် ကိုယ်ပေးသလောက်ပဲ ကိုယ်ပြန်ရတာ... အရသာက တကဏ္ဍ... ပါ၀င်ပသ္သည်းတွေကလည်း အရမ်း အရေးကြီးတယ်... "

' ဘာတွေ ဇီဇာလာကြောင်ပြနေမှန်းကို မသိဘူး.. ရှုပ်လိုက်တာ တကယ်တည်း... ဒီက ဗိုက်ဆာနေပါပြီ ဆိုနေ....'ဖန်းဖေး တွေးနေလိုက်၏။

" ငါတို့ အားလုံးက နယ်ဘက်ကတွေ မဟုတ်လို့လား.. ကျောင်းတက်တုန်းကဆို ဒီတိုင်း အစပ်ချောင်းတွေတောင် စားခဲ့တာကိုပဲ ဘာမှ အရေးကြီးတာတွေ လုပ်မနေနဲ့တော့... ဘယ်သူမှ ဂရုစိုက်မနေဘူး... သွားစားကြစို့... ငါ အရမ်း ဆာနေပြီ...."

" အေးပါ.. ဟုတ်ပါပြီ...."ကော်ဖေး တွန့်ဆုတ်စွာ ပြောလိုက်သည်။

" ဒါဆိုလည်း အရင်ဆုံး ရိုးရိုးရှင်းရှင်းပဲ စားလိုက်ကြတာပေါ့... နောက်ကျမှ ငါမင်းတို့ကို ဆိုင်ကောင်းကောင်း ခေါ်သွားပေးမယ်... ဘာပဲဖြစ်ဖြစ် အစားလေးတော့ ကောင်းကောင်း စားရသင့်တယ်လေ... "

" အာဟား... ကြည့်ရတာ ငါ့ရဲ့ ရွေးချယ်မှုက မှားယွင်းသွားတဲ့ပုံပဲနော်... ဒီတော့လည်း ခံတွင်းရှင်းစာလောက်ပဲ စားကြတာပေါ့.... "လင်းရီ ပြုံးလိုက်၏။

လေးယောက်သား နံပါတ်ငါး အနောက်ဘက် ဆင်ခြေဖုံး ဆိုင်ထဲသို့ ၀င်ရောက်လိုက်ကြသည်။

အပြင်ဘက် ဒီဇိုင်းက သာမန် ဆန်နေသော်လည်း အတွင်းဘက် အပြင်အဆင်က တော်တော်လေးကို ထူးခြားလှသည်။

စိမ်းစိုနေသည့် ရေတံခွန်နဲ့ လက်လုပ် ကန်အငယ်စားလေး၊ လေတိုက်တိုင်း သာယာသည့် မြည်သံကို ပေးသည့် ခေါင်းလောင်းလေး။ အခြားသော စိတ်ကူးယဉ် ပန်းချီ အနုပညာ ပစ္စည်းများလည်း ဆိုင်ထဲ အများအပြား ရှိနေသည်။ ၎င်းတို့က မည်သည့် အဓိပ္ပာယ်ကို ဖော်ကြူးထားမှန်း သူမတို့ နားမလည်သော်ကြည်း သာမန် ကြည့်နေရုံမျှဖြင့် အမြင်ကို ကြည်နူးပြီး ရင်ကို အေးချမ်းသွားစေသလို ခံစားနေရ၏။

ကော်ဖေးကတော့ ဟိုကြည့် ဒီကြည့်နှင့် ဤဆိုင်၏ အနေအထားက မဆိုးကြောင်း လက်ခံလိုက်သည်။ လမ်းဘေး စားသောက်ဆိုင်နှင့် နည်းနည်းလေးမျှ မတူချေ။

ဈေးနှုန်းက သူ၏ သုံးစွဲမှု စံနှုန်းနှင့် ကိုက်ညီလောက်၏။

လင်းရီ ရှေ့ဆုံးမှ ဦးဆောင်ပြီး တံခါးကို တွန်းဖွင့်လိုက်သည်။

စားသောက်ဆိုင်ကို အလယ်ခေတ် ဒီဇိုင်း ဖန်တီးထားပြီး ပရိဘောဂ အားလုံးကို မဟော်ရနီသားဖြင့် ထုဆစ်ထား၏။

ကြမ်းခင်းထပ်တွင် စားပွဲ ရှစ်လုံးရှိပြီး ငါးလုံးတွင် လူရှိနေသည်။

" ဒီနေရာက တော်တော်လေး ဆန်းပြားတယ်နော်..."ဖန်းဖေး တောင်ကြည့် မြောက်ကြည့် လုပ်ရင်း ဆာလောင်မှုကိုပင် မေ့တေ့တေ့ ဖြစ်သွားခဲ့တော့၏။ " တခြားဆိုင်တွေမှာ ဒီလို ဒီဇိုင်းမျိုး ငါ မမြင်ဖူးသေးဘူး..."

" အဆင်ပြေပါတယ်... အနည်းဆုံးတော့ လမ်းဘေးဆိုင် မဟုတ်ဘူးပေါ့... ဒီမှာ ရိုးရိုးရှင်းရှင်းလေးပဲ စားကြစို့..."ကော်ဖေး သာမန်လျှံကာ စတိုင်ဖြင့် ထိုင်ခုံကို နောက်သို့ ဆွဲထိုင်လိုက်ဖြင့် ဂုဏ်ကြီး ဝါကြီး ပုဂ္ဂိုလ်ကြီး တစ်ပါးနယ် ဖြစ်နေတော့သည်။

" ကောင်းသော ညနေခင်းပါ ဆရာတို့ .. မီနူးက ဒီမှာပါ.... ဘာများ သုံးဆောင်ကြမလဲခင်ဗျ...."

စားပွဲထိုး တစ်ယောက် ရောက်လာပြီး ကိုယ်ကို အနည်းငယ် ဦးညွှတ်၍ ပြောလိုက်သည်။ သူ၏ ၀န်ဆောင်မှုက သိပ်ပြီး ကောင်းမွန်နေသည်။

ကော်ဖေး သူယောင်နှင့် ဖန်းဖေး တို့ဘက် မျက်စပစ်ပြလိုက်၏။

" လေဒီဖာ့စ်... သူတို့ကို ဘာမှာမလဲ အရင်မေးလိုက်...."

စားပွဲထိုးကလည်း လျှင်သည်။ သူ ချက်ချင်းပဲ မီနူးကို သူယောင်နှင့် ဖန်းဖေးတို့ဘက် ချပေးလိုက်၏။

ကော်ဖေးက ပိုက်ဆံရှင်းမည့်သူဆိုတာ သေချာပေသည်။ ထို့ကြောင့် သူ၏ စကားအတိုင်း သူ လိုက်နာသင့်သည်။

သူယောင်တို့လည်း မီနူး စာအုပ်ကို ဖွင့်ကြည့်လိုက်ပြီး တစ်မဟုတ်ချင်းပဲ သူမတို့၏ လက်နှင့် မျက်နှာ အမူအရာမှာ ချက်ချင်း အေးခဲသွားလေတော့သည်။

သူမတို့၏ မျက်လုံးက သူမတို့ကို မျက်လှည့်ပြနေသလားဟုတောင် ခံစားနေရတော့၏။

ဈေးအကြီးဆုံး ဟင်းပွဲက ယွမ် ၁၀,၀၀၀ ကျော်နေတယ်...

ဈေးအပေါဆုံး ဟင်းပွဲကလည်း ယွမ် ၂၀၀ အောက်ကို မလျော့ဘူး..

ဒါ ဘယ်လို စားသောက်ဆိုင်မျိုးလဲ....

ဒါကြီးကတော့ အရမ်း ဈေးကြီးလွန်းသွားပြီ...

နှစ်ယောက်လုံး မီနူးစာအုပ်ကို အချိန်အကြာကြီး ငေးကြည့်နေပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်နေလေသည်။

အကယ်၍ သူမတို့ မှာလိုက်မည်ဆိုလျှင် ဤတစ်နပ်စာနှင့်တင် ယွမ်တစ်သောင်းကျော်ခန့် ကုန်ကျသွားလိမ့်မည် မဟုတ်ပေလော။

" ကော်ဖေး... ငါတို့ တခြား တစ်နေရာ သွားသင့်တယ် ထင်တယ်... "ဖန်းဖေး ပြောလိုက်၏။

" ဘာလို့ နေရာပြောင်းမှာ... မင်းတို့ ဗိုက် အရမ်း ဆာနေကြတယ် မဟုတ်ဘူးလား..."ကော်ဖေး ခြေတင်ချိတ်၍ သူ့ထိုင်ခုံ နောက်သို့ မှီလိုက်ရင်း " မင်းတို့ စားချင်သာတွေမှာကြ... ငါ့ကို အားနာမနေကြနဲ့...."

" ဒါပေမယ့် အစားအသောက်တွေက နည်းနည်း ဈေးကြီးလွန်းတယ်... ထားလိုက်တော့... ငါတို့က အပြင်လူတွေမှ မဟုတ်တာ...."

" ငါက သည့်မတိုင်ခင် ကြယ်ငါးပွင့် စားသောက်ဆိုင်ကြီးမှာပါ စားလာခဲ့တဲ့ကောင်ပါကွာ... အဲ့တာတောင် ဈေးကြီးတယ်လို့ မထင်တာ ဒီစားသောက်ဆိုင် အသေးစားလေးက ဘယ်လောက်မျှ ဈေးကြီးနိုင်မှာမို့... "

" ဒါပေမယ့် ဒီက ဈေးအပေါဆုံး ဟင်းတစ်ခွက်ကို ယွမ် ၂၀၀ ကျော်တယ်နော်... ဈေးနှုန်းက နည်းနည်းလေး မြင့်လွန်းနေတယ်.... "

" ဈေးအပေါဆုံးကို ယွမ် ၂၀၀ ကျော်နေတယ် ဟုတ်လား...."

ကော်ဖေး ဆက်၍ အေးဆေး မထိုင်နေနိုင်တော့ချေ။ ဤဈေးက အမှန်ပင် မပေါချေ။ သူသွားခဲ့ဖူးသည့် ကြယ်ငါးပွင့် ဟိုတယ်ကြီးထက်ပင် ပို၍ ဈေးကြီးနေသည်။

" ရတယ်... မင်းတို့ ကြိုက်သာတာ မှာလိုက်..."

ကော်ဖေး သူယောင်နှင့် ဖန်းဖေးတို့အား ကောင်းစွာ နားလည်ထား၏။ သူမတို့က ငွေကို ဗုန်းဗေါလအော သုံးဖြုန်းတတ်သည့် လူစားမျိုးထဲတွင် မပါ၀င်ပေ။

ထို့ကြောင့် သဘာ၀အလျောက် သူမတို့က ဈေးအကြီးဆုံး ဟင်းပွဲကို မှာကြလိမ့်မည် မဟုတ်ချေ။ အကယ်၍ သူ ပျှမ်းမျှ ဈေးနှုန်းအတိုင်း တွက်ချက်မည် ဆိုပါက ဟင်း ငါးပွဲ သို့မဟုတ် ခြောက်ပွဲမှာ ယွမ် သုံးလေးထောင်မျှသာ ကျသင့်ပေလိမ့်မည်။ ထိုမျှလောက်ကိုတော့ သူ အံ့ကြိတ်ပြီး သည်းခံနိုင်ပါသည်။

ထိုအကြောင်း စဉ်းစားရင်း ကော်ဖေး လင်းရီကို မကျေမနပ် ကြည့်လိုက်၏။

ဒီကောင်က တော်တော် မယဉ်ကျေးတဲ့ကောင်ပဲ ... သူ တကယ်ကြီး ဒီလောက် ဈေးကြီးတဲ့ နေရာကို ရွေးလိုက်တယ်... ငါ့ကို တမင် အရှက်ကွဲအောင် လာလုပ်နေတာလား...

ဒါပေမယ့် ငါ့လက်ထဲ ရှိတဲ့ ပိုက်ဆံနဲ့ဆိုရင် ဒီလောက်ငွေလေးလောက်တော့ ပြဿနာ မရှိဘူးဆိုတာ ဒီကောင် မသိလောက်သေးဘူး...

ဘယ်လောက်တောင် အတွေ့အကြုံ မရင့်ကျက်လိုက်လဲ...

ကော်ဖေးက ထိုသို့ ပြောလာသည်ကို မြင်တော့ သူယောင်နှင့် ဖန်းဖေးတို့လည်း ဘာမျှ မပြောကြတော့ချေ။ သူမတို့ မီနူးကို ကိုင်ပြီး ခေတ္တမျှ ကြည့်၍ ထူးထူးဆန်းဆန်းရှိသည့် ယွမ် ၂၀၀ ကျော်တန် ဟင်းပွဲများကို လက်ညိုးထောက်ပြလိုက်သည်။

" ကျွန်မက ဒီရဲ့ အက်စ်ပရတ်ဆို ယူမယ်... "

" ကောင်းပါပြီဗျ... စပါဂတီ လေးပွဲနဲ့ အက်စ်ပရတ်ဆို တစ်ခွက်နော်..." စားပွဲထိုးမှ ပြောလိုက်သည်။

" မဟုတ်ဘူး မဟုတ်ဘူး... ရှင် နားကြားမှားနေပြီနဲ့ တူတယ်... ကျွန်မတို့က တစ်ပွဲစာပဲ မှာချင်တာ...."

" ဒါပေမယ့် ဟင်းတစ်ပွဲကို လူတစ်ယောက်ပဲ စားလို့ရတာလေ... " " ဒါက...."

ဤတစ်ကြိမ်တွင်တော့ ကော်ဖေးနှင့် ကျန်သည့် နှစ်ယောက်လုံး အေးဆေး ထိုင်မနေနိုင်တော့ချေ။ သူမတို့ အခြားဟင်းပွဲများ မမှာယူလျှင်ပင် ဤ လေးပွဲမျှနှင့် ယွမ်တစ်ထောင်ခန့် ရှိသွားပြီဖြစ်ဟ။

အကယ်၍ အခြား တွဲဖက် ဟင်းလျာများကိုပါ ထည့်တွက်လိုက်မည် ဆိုပါက ဈေးနှုန်းမှာ မိုးထိုးသွားလောက်ချေပြီ။

" ဒါဆိုလည်း လေးပွဲပေါ့... ကော်ဖေး ဒီည ဒကာခံမယ်လို့ ပြောပြီးပြီ မဟုတ်ဘူးလား... ရှင်းမယ့်သူကတောင် မှာချင်တာမှာ ဆိုနေတာကို ငါတို့က သူ့အစားချွေတာပေးနေစရာ မလိုဘူးလေ ဟုတ်တယ်မလား...."လင်းရီ မီနူး ဆွဲယူပြီးနောက် တစ်ချက်ကြည့်၍ " ဆာကေး လေးပုလင်းနဲ့ အမြည်းကို ခေါင်းတစ်လုံး ခရုချ၌း... အသားကြပ်တိုက် စဉ်းကောရယ်... ဆားနဲ့ ထုပ်ကင်ထားတဲ့ ဘဲကင်ရယ်...ရူဗတ်ပန်းနဲ့ အဓိက ဟင်းပွဲကို ကဏန်းစွပ်ပြုတ် ဖက်ထုပ် နှစ်ပွဲပေး... နောက်ပြီး ထမင်းကြော်ရယ်... လိမ္မော်ရည် နှစ်ခွက်နဲ့ ကုတ် နှစ်ဘူး ယူမယ်..."

" ဟုတ်ကဲ့ပါဆရာ ... ကျေးဇူးပြုပြီး ခေတ္တ စောင့်ပေးပါဦး ခင်ဗျ.... "

စားပွဲထိုးမှ မီနူး စာအုပ်ကို ပြန်သိမ်းယူပြီး ထွက်ခွာသွားခဲ့၏။ စားပွဲရှိ လေထုသည်လည်း တိတ်ဆိတ်သွားခဲ့တော့သည်။

" အစ်ကိုကြီးလင်း... ဒီရဲ့ ဈေးက နည်းနည်းလေး ကြီးလွန်းမနေဘူးလား... ရှင်မှာလိုက်တဲ့ ခေါင်းတစ်လုံး ခရုဆို တစ်ပွဲကို ယွမ် တစ်သောင်းကျော်တယ်... လေးပွဲနဲ့တင် ယွမ် ငါးသောင်းကျော်နေပြီ..."သူယောင် တိုးတိုးလေး ပြောလိုက်သည်။

" ငါလည်း ဘယ်တတ်နိုင်မှာ.. ကော်ဖေးက ဒီနေရာကို သိပ်သဘောတွေ့တာ မဟုတ်ဘူးလေ... သူစိတ်ကျေနပ်အောင် ဈေးကြီးတဲ့ ဟင်းပွဲ နည်းနည်းလောက်တော့ မှာပေးမှပေါ့... တကယ်လို့ ငါတို့က ဈေးပေါတာတွေချည်းမှာလိုက်ရင် သူ့ကို အထင်သေးတာလား ဆိုပြီး ဖြစ်နေလိမ့်မယ်.... "

ကော်ဖေး၏ မျက်နှာက ဖြူတစ်လှည့် နီတစ်လှည့် ဖြစ်ပေါ်နေပြီး သူ၏ ခန္ဓာကိုယ်ပင် တဆတ်တဆတ် တုန်ယင်နေသည်။

ဤတစ်ခေါက် သူ နှင့်အတူ ယွမ်တစ်သောင်းကျော် ထည့်လာခဲ့သည်။

သို့သော်လည်း သူပါလာသည့်ငွေက ဤ ထမင်းဝိုင်းကို ရှင်းပေးရန် မဆိုထားနှင့် မှာလိုက်သည့် ဟင်းပွဲတစ်၀က်စာကိုပင် တတ်နိုင်လိမ့်မည် မဟုတ်ချေ။

သောက်ကျိုးတော့ နည်းချေပြီ။

ပိုက်ဆံရှင်းသည့် အခါတွင်တော့ သူ့မိသားစု၏ Ali pay အား သုံးလို့ရမရ သူ သိချင်နေမိတော့၏။ မဟုတ်ပါက သူမည်သို့မျှ တတ်နိုင်လိမ့်မည် မဟုတ်ချေယ

" ဒါ... ဒီနေရာက အဆင်ပြေပါတယ်... အဆင်ပြေရုံလောက်လေးပေါ့…”

All Chapters