← Chapters

၀မ်မိသားစုက တစ်ကွက်ရွေ့သွားပြီ

Vol. 70 Ch. 1040

၀မ်မိသားစုက တစ်ကွက်ရွေ့သွားပြီ

Vol. 70 Ch. 1040

" ကောလိပ် မားကတ်တင်း..."လင်းရီ ပြောလိုက်သည်။

" ဒါပေမယ့် ဒီ နယ်ပယ်ကိုလည်း တော်တော်လေး စိတ်၀င်စားလို့... ဒါတွေ ထားပါ.. မင်း ကိုယ့်စာအုပ်ကိုသာ သွားရွေး... ငါ့ကို ဂရုစိုက်မနေနဲ့..."

" ဟုတ်ပါပြီ... "

လင်းရီ စာအုပ်ကို ယူ၍ လှန်လော ဖတ်ရှုကြည့်လိုက်သည်။ ရေးသားထားသည့် အကြောင်းအရာများက အလွန်တရာကို အခြေခံ ကျလွန်းနေပြီး သိပ်လည်း လက်တွေ့မကျချေ။ ထို့ကြောင့် သူ ပြန်ချထားလိုက်၏။ ထို့နောက် ချစ်ပ် ဒီဇိုင်းနှင့် ထုပ်ပိုးခြင်း ဆိုသည့် စာအုပ်ကို နှစ်ခြိုက်စွာဖြင့် ဖတ်ရှုကြည့်လိုက်သည်။

လက်ရှိ အခြေအနေအရ ဖိုတိုလီတို ဂရပ်ဖီစက်က မကြာခင် ရရှိတော့မည်မှာ မှန်သော်ငြားလည်းပဲ ဟွာရှက အဆင့်မြင့် ချစ်ပ်များကို ထုတ်လုပ်နိုင်နေပြီဟု မဆိုလိုပေ။ ဤသည်က ဘာကြောင့်လဲဆိုတော့ စက်မှုနယ်ပယ်၏ ရေစုန်နှင့် ရေဆန် ( ကုန်ကြမ်းစီးဆင်းမှုနှင့် ကုန်ချောထုတ်လုပ်မှု)ကွင်းဆက်ကြောင့်ဖြစ်သည်။

ချစ်ပ်၏ ဒီဇိုင်းနှင့် ထုပ်ပိုးမှုက အရေးအကြီးဆုံး ကဏ္ဍနှစ်ရပ် ဖြစ်ပြီး ဤအခြေအနေတွင် လင်းယွင်အုပ်စုက ထိုအရာများအား ကိုင်တွယ်နိုင်စွမ်း ကင်းမဲ့နေသည်။ သူတို့ ရင်းနှီးမြုပ်နှံထားသည့် ကုမ္ပဏီ တစ်ချို့က အချိန်တိုအတွင်း နိုင်ငံခြား နည်းပညာများအား လိုက်မှီနိုင်မည်လောဟု မျှော်လင့်ရင်း စောင့်ကြည့်ရန်သာ လိုအပ်လေသည်။ ဤသည်က အောင်မြင်မှုအတွက် အဓိက ကျသည့် သော့ချက် တစ်ခုဖြစ်၏။

သူလည်း ငြီးငွေ့နေသဖြင့် ချစ်ပ် ဒီဇိုင်းနှင့် ထုပ်ပိုးခြင်း အကြောင်းအရာနှင့် ပတ်သက်သည့် စာအုပ် အများအပြားကို ဆက်လက် ကောက်ယူ၍ လေးလေးနက်နက် ဖတ်ရှုနေလိုက်သည်။

ဤသို့ဖြင့် နာရီ၀က်ခန့် အချိန်ကုန်ဆုံးသွားခဲ့လေသည်။

ထိုအချိန်တွင်ပဲ လင်းရီ သူ ရင်းနှီးနေသည့် ပုံရိပ်တစ်ခုကို မမျှော်လင့်ထားစွာဖြင့် မြင်တွေ့လိုက်ရ၏။

" ဒီကောင့်ကို ဒီမှာ လာတွေ့မယ်လို့တောင် မထင်ထားဘူး...."

လင်းရီ မြင်တွေ့လိုက်သူကတော့ ဟော်ယွမ်ယွမ်၏ ရည်းစားဟောင်း ချိုးရွှီချိန်ပင်။

သို့သော်လည်း တစ်ဖက် ငနဲကတော့ လင်းရီကို မြင်ပင်မမြင်ချေ။ အကယ်၍ သူတို့နှစ်ယောက် ပက်ပင်းတိုးခဲ့လျှင်ပင် လင်းရီက သူ့ဘော့စ်ဆိုတာကို သူ မှတ်မိလိမ့်မည် မဟုတ်ပေ။

ဤသည်က ဘာကြောင့်လဲဆိုတော့ သူ လင်းရီ၏ အမည်ကို ကြားရုံမျှ ကြားဖူးပြီး ဓာတ်ပုံထဲတွင်သာ တစ်ကြိမ်တစ်ခါမျှ မြင်ဖူးထားသောကြောင့် ဖြစ်သည်။ အပြင်တွင် လူကိုယ်တိုင်တော့ တစ်ကြိမ်မျှ မမြင်တွေ့ဖူးသေးချေ။

ထို့ကြောင့် ယခုအချိန် ပက်ပင်းတိုးလျှင်ပင် ချက်ချင်းကြီး မှတ်မိသွားရန် ခက်ခဲလွန်းလှ၏။

လင်းရီလည်း ချိုးရွှီချိန်အပေါ် မည်သည့် ခံစားချက်တို့မျှ ရှိမနေ။ ထိုငနဲက ဟော်ယွမ်ယွမ်နဲ့ ဇာတ်လမ်းဟောင်းလေး တစ်ပုဒ် ရှိထားခဲ့ဖူးသော်လည်း အားလုံးက အတိတ်တွင်သာ ကျန်ရစ်ခဲ့ပြီ။

ထို့ပြင် ထိုငနဲ၏ အရည်အချင်းကလည်း အမှန်ပင် ထူးကဲသာလွန်နေသဖြင့် အကြောင်းပြချက်မရှိ အလုပ်ထုတ်စရာ အကြောင်း မရှိချေ။

မည်သို့ပင်ဆိုစေ ထိုသူများက သူ့အတွက် အသုံး၀င်သော လူများ ဖြစ်လေသည်။ အကယ်၍ အလုပ်ထုတ်လိုက်မည်ဆိုပါက သင့်တော်သူ တစ်ဦးကို ရှာဖို့ရန်က အလွန်အမင်း ခက်ခဲသွားလိမ့်မည်။

လင်းရီ ချိုးရွှီချိန် စာအုပ်ဆိုင်ကို ဘာလာလုပ်လဲဆိုတာ စောင့်ကြည့်နေသည်။ သူ့စိတ်ထဲတွင်တော့ semiconductor သို့မဟုတ် ကွန်ပျူတာနှင့် ဆက်စပ်သည့် စာအုပ်တစ်ချို့ လာ၀ယ်ခြင်း ဖြစ်လိမ့်မည်ဟု တွေးထင်ထားခဲ့သော်လည်း အံ့အားသင့်ဖို့ ကောင်းစွာဖြင့် တစ်ဖက်သူမှာ ပရော်ဖက်ရှင်နယ် အင်္ဂလိပ်စကားပြော စာအုပ်နှင့် နေ့စဉ်သုံး ဂျပန် သင်ခန်းစာ စာအုပ်များအား ၀ယ်ယူသွားခဲ့လေသည်။

" ဒီကောင်က တယ်လည်း ကြိုးစားပြီး လေ့လာလှချည်လားကွ...."

သူနှင့် ချိုးရွှီချိန်ကြားတွင် အထက်လူကြီးနှင့် လက်အောက် ငယ်သား ဆက်ဆံရေးမှ အပ အခြားသော ထိတွေ့ဆက်ဆံမှုများ မရှိသောကြောင့် လင်းရီ သူ့ကို လျစ်လျူရှုထားလိုက်ပြီး ကွန်ပျူတာ စာအုပ်များကိုသာ ဆက်လက်ရွေးချယ် ဖတ်ရှုနေလိုက်သည်။

" အစ်ကိုကြီးလင်း... ညီမတို့ ပြီးပြီ... အခု သွားရင် သွားလို့ရပြီ...."

" အင်း...."

သုံးယောက်သား ပိုက်ဆံရှင်းပြီးနောက် ကားထဲသို့ တစ်ယောက်ပြီး တစ်ယောက် ၀င်ရောက်လိုက်ကြသည်။ လင်းရီ ဂျီပီအက်စ်ထဲရှိ တည်နေရာ လမ်းညွှန်မှုအတိုင်း မောင်နှင်ရင်းဖြင့် ဆင်ခြေဖုံး ရပ်ကွက် တစ်နေရာရှိ လယ်သမား ဈေးတစ်ခုသို့ ရောက်ရှိလာသည်။

ကမ်းရိုးတန်း ဧရိယာ တစ်ခု ဖြစ်သည့် အလျောက် ဤနယ် တစ်ဝိုက်တွင် အကြီးမားဆုံးသော စိုက်ပျိုးရေး ပစ္စည်းများ ရောင်းချရာ ဈေးကြီးတစ်ခု ဖြစ်သည်။

ဈေး၏ အရွယ်အစားက တိုင်းတာ၍ မရနိုင်သည့် အဆင့်သို့ပင် ရောက်ရှိနေပြီဟု ဆိုနိုင်သည်။ စိုက်ပျိုးရေးနှင့် ဆက်စပ်သည့် ပစ္စည်းမှန်သမျှ ဤနေရာသို့ လာရောက်၀ယ်ယူမည်ဆိုပါက မရှိမည်ကို စိုးရိမ်ပူပန်နေရန် မလိုချေ။

လယ်ယာသုံး စက်ပစ္စည်း ကိရိယာများ ၊ မွေးမြူရေး ဆေးဝါး ထုတ်ကုန်များ ၊ မျိုးစေ့များ ၊ ဓာတ်မြေဩဇာများ နှင့် အခြား ဆက်စပ်သည့် အရာမှန်သမျှကိုလည်း အဆင်သင့် ရရှိနိုင်ပါသည်။

" အစ်ကိုကြီး လိုအပ်တာက ပေါင်းသတ်ဆေး... ဟုတ်တယ်နော်..."ဈေးထဲ၀င်တော့ သူယောင်မှ မေးလိုက်သည်။

" ဟုတ်တယ်..."

" ညီမ ဒီကို အဖေနဲ့ တစ်ခါ လာခဲ့ဖူးတယ်... ပေါင်းသတ်ဆေးတွေ ဘယ်နေရာမှာ ရောင်းလဲ ညီမသိတယ်... ညီမ ခေါ်သွားပေးမယ်..."

" သွားစို့... ဒါ၀ယ်ပြီးတာနဲ့ ငါတို့ အိမ်ပြန်လို့ရပြီ..."

သူယောင်၏ ဦးဆောင်မှုအောက်တွင် သူတို့ လေးယောက်မှာ လယ်သမားဈေး၏ ခြောက်လွှာသို့ ရောက်ရှိလာသည်။

ဤသည်က ပေါင်းသတ်ဆေးများ ရောင်းချသည့် ဧရိယာ ဖြစ်သည်။ အမျိုးမျိုးသော ပေါင်းသတ်ဆေး ဘရန်းများကို ဤနေရာတွင် စုံလင်စွာဖြင့် ရွေးချယ်နိုင်၏။ ထိုမတိုင်ခင် ရောင်ပင်းမှ သူ လိုအပ်သည့် ဘရန်းနှင့် ပေါင်းသတ်ဆေး အရည်အသွေးများကို စာရင်းပြုစုထားပြီး ဖြစ်စည်။

တစ်ချိန်တည်းတွင် လင်းရီလိုအပ်သည့် ပေါင်းသတ်ဆေးများကိုလည်း တစ်ပါတည်း စာရင်း ပြုစုထားပေးလေသည်။ ထို့ကြောင့် သူ တစ်ခုချင်း ရွေးချယ် ၀ယ်ယူနေစရာ မလိုအပ်တော့ချေ။

အထူးသဖြင့် လင်းရီလို ချမ်းသာပြီး ပိုက်ဆံပြတ်လပ်မနေသည့်သူက ဈေး၀ယ်ရာတွင်ထွေထူး ဈေးဆစ်မနေချေ။ ထို့ကြောင့် နာရီ၀က်အတွင်း လိုအပ်သည်များအားလုံး ၀ယ်ယူသွားပြီး ဖြစ်၏။

ထို့ပြင် သူဌေးကလည်း တည့်တိုးဆန်ပြီး ၀ယ်ထားသည့် ပစ္စည်းများကို လူတစ်ယောက်ဖြင့် ကားနားအထိ လိုက်ပို့ပေးသည်။

သူတို့ ၀ယ်ယူလာခဲ့သည့် ပစ္စည်းတို့က သိပ်မများ။ ကားနောက်ဖုံးနှင့် ဆံ့သောကြောင့် ကားငှားပြီး သယ်ယူနေရမည့် အချိန်လည်း သက်သာသွားခဲ့သည်။ မဟုတ်ပါက ထရပ်တစ်စီး ငှားယူနေရမည် ဖြစ်၏။

လိုအပ်သည်များ ၀ယ်ယူပြီး‌နောက် အနီးတစ်နေရာတွင် ရှမ်းခေါက်ဆွဲ စားလိုက်ကြပြီး စစ်ဖန်းမြို့သို့ ပြန်လည် ထွက်လာခဲ့ကြ၏။

မြို့ထဲရောက်တော့ ကော်ဖေးနှင့် ဖန်းဖေးတို့ ကားပေါ်မှ ဆင်းလိုက်ကြသည်။ လင်းရီနှင့် သူယောင်တို့ကတော့ ဟွမ်ရှီးကျေးရွာသို့ ဆက်လက် ခရီးနှင်လေသည်။

" အစ်ကိုကြီးလင်း... ညီမကို စာအုပ်လိုက်၀ယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... အစ်ကိုကြီးလည်း ဒီနှစ်ရက်ကို ပိုက်ဆံ အများကြီး သုံးလိုက်ရပြီ..."သူယောင် ရှက်ရွံ့စွာဖြင့် ကျေးဇူးတင်စကား ဆိုလိုက်၏။

" အားနာလွန်းနေပါပြီ ညီမယောင်...."

နှုတ်ဆက်စကား ‌ဆိုပြီးနောက် လင်းရီ အိမ်သို့ မောင်းလာခဲ့လိုက်သည်။

ရောင်ပင်းနှင့် သူ့ဇနီးက လယ်ကွင်းထဲတွင် အလုပ်များနေသဖြင့် လင်းရီ ပေါင်းသတ်ဆေးကို သူ၏ ခြံ၀န်းထဲ ခေတ္တထား၍ သူတို့ ပြန်အလာကို စောင့်ဆိုင်းနေလိုက်လေသည်။

ပေါင်းသတ်ဆေး ၀ယ်ပြီးနောက် လင်းရီ ပေါင်းပင်များကို စတင်မျိုးဖြုတ်တော့၏။ မသိလိုက် သည့် အချိန်တွင်ပဲ ညနေ ခြောက်နာရီသို့ ထိုးသွားခဲ့လေသည်။

ညနေခင်း ခုနစ်နာရီ ၀န်းကျင်လောက်ရောက်တော့ ရောင်ပင်းနှင့် သူ့ဇနီးတို့ တောထဲမှ ပြန်လာခဲ့ကြသည်။ သူတို့ လင်းရီကို ပေါင်းသတ်ဆေးများအတွက် ပိုက်ဆံပေးရန် ဟန်ပြင်သည်။

သို့သော် လင်းရီက လက်မခံ။ စုစုပေါင်း ယွမ် နှစ်ထောင်မျှ ကျသင့်သောကြောင့် ဝိုင်နှစ်ပုလင်းလောက်ပင် တန်ဖိုးမရှိချေ။ သူ့အတွက် ထိုမျှလောက်ကို လက်ခံရန်လည်း အမှန်ပင် လိုအပ်မနေချေ။

အရာအားလုံး ကိုင်တွယ်ပြီးနောက် လင်းရီ ၀က်ခြံထဲသို့ သွားပြီး အခြေအနေကို တစ်ချက်ကြည့်လိုက်သည်။

၀က်ပေါက်လေးမှာ ကောင်းကောင်းမွန်မွန် ကြီးထွားလျက်ရှိ၏။ နောက်ထပ် နှစ်လဆိုလျှင် ကီလို တစ်ရာအထိ အသားတက်လာပေတော့မည်။ အရာအားလုံးက အဆင်ပြေပြေနှင့် ရှေ့ဆက်လျက် ရှိပေသည်။

၀က်ပေါက်လေးကို စစ်ဆေးပြီးတော့ လင်းရီ ကျိုးဟိုင်သို့ ပြန်မသွားပေ။ ထိုအစား ရေနွေးကြမ်း တစ်အိုးဖောက်၍ ခြံထဲ ထိုင်ရင်း အတွေးနက်နေသည်။

မိုဘိုင်းဖုန်း စီးပွားရေးသည်လည်း မှန်ကန်သည့် လမ်းကြောင်းပေါ်သို့ ရောက်ရှိနေနှင့်ပြီ။ ဤပရောဂျက်က တစ်ရက်ပြီး တစ်ရက် ရင့်ကျက်ကြီးထွားလာပြီး တစ်ချိန်တွင် အရင်းရှင်များ၏ သတိပြုမိမှုကို သေချာပေါက် ခံရမည်။

ထိုအချိန်တွင် ဖိုတိုလီတိုဂရပ်ဖီစက်အတွက် ပရောဂျက်များသည်လည်း အသွင်ဆောင် အကောင်ထည်ပေါ်လာပြီး ဤ ပရောဂျက် နှစ်ခုက နိုင်ငံတကာ စက်မှုလုပ်ငန်းဆီသို့ ‌ဘလက်ဂျက် ဂိမ်း၏ အေ့စ် အစုံနှင့်ပင် ဆင်တူနေသေးသည်။

ထိုအချင်းအရာက မည်ကဲ့သို့ ငွေကြေးဆူနာမီဘေးကို သယ်ဆောင်လာမည်လဲ မည်သူကမျှ မသိနိုင်ချေ။

နီးစပ်သော အနာဂတ်တွင် အဆိုပါ စာရင်း၀င်ထားသည့် ကုမ္ပဏီများက လင်းယွင်အုပ်စု၏ အောက်တွင် နိုင်ငံခြား စက်မှုလုပ်ငန်းများ၏ စစ်မှန်သည့် လှိုင်းလုံးတစ်ချို့နှင့် ကျိန်းသေပေါက် ရင်ဆိုင်ရလိမ့်မည်။ ၎င်းတို့၏ ရှင်သန်ခြင်း သို့မဟုတ် သေခြင်းတရားကတော့ ကိစ္စများအား မည်သို့ ဖြေရှင်းမလဲဆိုသည့် အပေါ်တွင် မူတည်နေလေသည်။

ထို့ထက်ပိုသည်က လင်းယွင်အုပ်စု၏ အနာဂတ်သည် လက်ဝါးကြီး အုပ်ကြီးစိုးမည့် ခြေလှမ်းကို တက်လှမ်းနေရမည် ဖြစ်သည်။

ပြည်တွင်းအဆင့်တွင်တော့ ဤအရေးကို မည်သို့ ကိုင်တွယ်ဖြစ်မလဲ သူလည်း မသေချာပေ။ လျန်မိသားစုက အခြေအနေကို မည်သို့ ကိုင်တွယ်မလဲ ဆိုသည့် အပေါ်တွင်သာ မူတည်လိမ့်မည်။

ကလင် ကလင် ကလင် ...

လင်းရီ ထိုအကြောင်းများ တွေးနေတခိုက် အိတ်ကပ်ထဲရှိ ဖုန်းက အသံမြည်လာသည်။ ရှန်းရှုရီက ဆက်သွယ်လာခဲ့ခြင်းပင်။

" ဟယ်လို အန်တီရှန်း..."

" နင် အခု အားလား.. ငါနင့်ကို ပြောစရာလေး ရှိလို့.... "

" အားပါတယ်ဗျ... ကျွန်တော်လည်း အိမ်မှာ ထိုင်ရင်း စိတ်ကူးယဉ်နေတာလေ...."

ရှန်းရှုရီ ပြုံးလိုက်ပြီး " ဒါဆိုရင်တော့ အရေးကြီး ကိစ္စတွေ စဉ်းစားနေတာပဲ ဖြစ်ရမယ်...."

" ဒီတိုင်း ရောက်တတ်ရာရာပါဗျာ... အရေးကြီးတာ မဟုတ်ပါဘူး..."လင်းရီ ပြုံးလိုက်သည်။

" အန်တီရှန်းက ဒီအချိန်ကြီး ဖုန်းဆက်လာတယ်ဆိုတော့ ကျိန်းသေပေါက် တစ်ခုခု အရေးကြီးတာ ရှိလို့ပဲ ဖြစ်ရမယ်.. ကျွန်တော် မှန်တယ်မလား...."

" အင်း.... နင် အန်တီ့ကို ပေးလိုက်တဲ့ ဗွီဒီယိုက သိပ်ပြီး အလုပ်မဖြစ်လိုက်ဘူး... အဲ့ဒီအကြောင်း နင့်ကို ပြောပြချင်လို့..."

" အလုပ်မဖြစ်ဘူးလား... ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...."

လင်းရီ အလွန် အံ့အားသင့်သွားခဲ့သည်။ ရှန်းရှုရီ မည်သို့သော လူစားမျိုး ဖြစ်မှန်းကို သူနားလည်သည်။ ထို့ပြင် လျန်မိသားစုက မည်မျှ လွှမ်းမိုးမှုရှိကြောင်းကိုလည်း သူ သိရှိထား၏။

သူတို့လက်ထဲရှိ ဗွီဒီယိုနှင့်ဆိုပါက အကျိုးသက်ရောက်မှုမှာ သူကိုယ်တိုင် အသုံးပြုသည်ထက် ပို၍ပင် ကောင်းမွန်နေသင့်သည်။ အကျိုးမရှိခြင်းက မည်သို့မျှ မဖြစ်နိုင်ရာ။

" ဘာတွေဖြစ်နေတာလဲ... တစ်စုံတစ်ယောက်က ကြား၀င်လာခဲ့တာလား..."

" အင်း... ၀မ်မိသားစုက ထွက်လာပြီး သူတို့ကို ကယ်တင်သွားခဲ့တယ်...."

" ၀မ်မိသားစု..."လင်းရီ ရေရွတ်လိုက်ပြီး " ၀မ်မြန် ရှိတဲ့ ၀မ်မိသားစုကလား..." " နင်လည်း သူ့နာမည်ကို ကြားဖူးတယ်ပေါ့...."

" အရင်က ကြားဖူးတာပါ... ဒါပေမယ့် သူတို့အဆင့်နဲ့ဆို မက်လောက်စရာ အကျိုးအမြတ်မရှိပဲနဲ့တော့ အလကား လှုပ်ရှားပေးမှာ မဟုတ်လောက်ဘူး....မှန်တယ်မလား... "လင်းရီ ပြောလိုက်ပြီး " ပြီးတော့ ဒီလိုကိစ္စကြီးကို မြေမြုပ်ပစ်ဖို့ဆိုတာကလည်း သေချာပေါက် လွယ်ကူတဲ့ ကိစ္စ မဟုတ်ဘူး...."

All Chapters