← Chapters

ကျုံးဝေ့တပ်ဖွဲ့၏ မစ်ရှင်

Vol. 70 Ch. 1041

ကျုံးဝေ့တပ်ဖွဲ့၏ မစ်ရှင်

Vol. 70 Ch. 1041

" နင် အဲ့လို တွေးတာ မှန်တယ်... ၀မ်မိသားစုက ဘာမှ မရပဲနဲ့တော့ အလကား ကူညီမှာ မဟုတ်ဘူး... အဲ့ မိသားစုတွေ တနင့်တပိုးကြီး ပေးလိုက်ရလောက်တယ်...."

" အဲ့လိုသာဆိုရင် ၀မ်မိသားစုက အနာဂတ်မှာ ပိုပိုပြီး ခိုင်မာ တောင့်တင်းလာတော့မှာပေါ့... လျန်မိသားစုက ကျော်ဖြတ်ဖို့ဆိုရင် တော်တော်လေး လွယ်ကူမှာ မဟုတ်လောက်တော့ဘူး..."

" အမှန်ပဲ..."ရှန်းရှုရီ ပွင့်လင်းစွာ ပြောလိုက်ပြီး " လျန်မိသားစုနဲ့ ၀မ်မိသားစုကြားမှာ ကွာဟချက် တစ်ချို့ ရှိနေပြီးသား... ဒီအဖြစ်အပျက်ပြီးတော့ အဲ့ဒီ ကွာဟချက်က ပိုပြီး ကြီးသွားတော့မှာ.... "

" အင်း... ကျွန်တော်လည်း သူတို့ကို ဖြုတ်ချပြီး လျန်မိသားစုကို ကူညီပေးချင်ပါတယ်ဆိုမှ .. ခုတော့ ပိုဆိုးအောင် လုပ်လိုက်သလိုတောင် ဖြစ်သွားပြီ...."

" အဲ့လောက်ကြီး အထိလည်း မဟုတ်သေးပါဘူး... ကောင်းတဲ့ အချက် တစ်ချို့လည်း ရှိပါသေးတယ်...."ရှန်းရှုရီ ပြောလိုက်ပြီး " ဒီလို ကိစ္စကြီး ဖြစ်သွားခဲ့တော့ ၀မ်မိသားစုလည်း တော်တော်လေး ပေးလိုက်ရမှာပဲလေ... သူတို့ စကားတစ်ခွန်း နှစ်ခွန်းနဲ့ ကိစ္စကို အဆုံးသတ်ဖို့ဆိုတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာ.... "

" ဒီစကား ကြားမှ ပိုပြီး နေသာ ထိုင်သာ ရှိသွားတော့တယ်..."

" ကောင်းပြီ .... နင့်ကို ဒီအကြောင်း ပြောချင်လို့ ခေါ်လိုက်တာ... ဒါပဲ .... ငါအခု ကားမောင်းနေလို့..."

" ကောင်းပါပြီ...."

ရှန်းရှုရီ ဖုန်းကိုချပြီးနောက် လင်းရီ ကုလားထိုင်ပေါ် မှီချလိုက်ပြီး လက်နှစ်ဖက်ကို ခေါင်းအုံးလုပ်လိုက်၏။

၀မ်မိသားစု၏ အင်အားက သူ စိတ်ကူးထားသည်ထက် အနည်းနှင့်အများ သာလွန်နေသည်။

၎င်းတို့က ယခုလို ဧရာမ ကိစ္စကြီးကိုပင် ပိတ်ပင် နိုင်ခဲ့သည်ဆိုတော့ သူ အရင်က တော်တော်လေး အထင်သေးထားမိခဲ့၏။

သို့ပေမယ့် ကောင်းသည့် အချက် တစ်ချို့ဆိုသည်က ဟန်မိသားစု ဦးဆောင်သည့် မိသားစု ငါးခု၏ အဆင့်အတန်းမှာ ရန်ကျင်းတွင် အများကြီး နိမ့်ကျသွားလောက်ပေသည်။ အထူးသဖြင့် လျန်မိသားစု ဖြစ်၏။ သူတို့ လျန်မိသားစုနှင့် ဆက်ပြီး ခြေရာတိုင်းဖို့ဆိုတာ မျိုးဆက် နှစ်ဆက်လောက်အထိ ဖြစ်နိုင်လိမ့်မည် မဟုတ်တော့ချေ။

ယခု အဖြစ်အပျက်နှင့်အတူ သူတို့၏ ခွန်အားများအား ၀မ်မျသားစုက စုပ်ယူသွားပြီး ၀မ်မျသားစု၏ နာမည် ဂုဏ်သတင်းကို အလိုအလျောက် ကျော်ကြားသွားစေမည်။

လင်းရီ မျက်လုံး နှစ်ဖက်ကို စုံမှိတ်လိုက်၏။

သူ ရန်ကျင်းရှိ အင်အားစုများကို အမှန်ပင် လျော့တွက်မိထားခဲ့လေသည်။

နောက် နှစ်လ အထိတိုင်အောင် လင်းရီ၏ ဘ၀ မျဉ်းကြောင်းပေါ်တွင် အစက်နှစ်စက်သာလျှင် ရှိ၏။

သူ အချိန်အများစုကို ကျိုးဟိုင်တွင်သာ ကုန်ဆုံးနေပြီး မကြာခဏတော့ ဟွမ်ရှီးကျေးရွာသို့ သွားရောက် လည်ပတ်၍ ရေလောင်းခြင်း၊ ပေါင်းသတ်ခြင်း ၊ မြေဩဇာဖြန်းခြင်း နှင့် ၀က်အစာကျွေးခြင်းတို့ကို လုပ်ဆောင်လျက်ရှိသည်။

လင်းရီ စိတ်ထွေနေခဲ့တော့၏။

သူက ဘီလီယမ်နာလား... ဒါမှမဟုတ် တောင်သူလား....

နှစ်လအတွင်း ၀က်ပေါက်လေးသည်လည်း ကီလို ၈၀ ကျော်အထိ ကြီးထွားလာပြီး ၉၀ သို့ပင် ရောက်လုရောက်ခင် ဖြစ်နေချေပြီ။ လင်းရီအတွက်လည်း မစ်ရှင်ပြီးမြောက်ဖို့ သိပ်မလိုတော့ချေ။

ထို့အပြင် ဖန်လုံအိမ်ထဲ စိုက်ပျိုးထားသည့် သစ်သီးပင်များသည်လည်း နီစိုစို ဖြစ်နေပြီး တစ်ချို့ဆို အသင့်ခူးစား၍တောင် ရနေပြီဖြစ်၏။

ထို့အတွက် ရွှေရောင် မြေစေးနှင့် အပင်ရှင်သန် ကြီးထွားဆေးရည်ကို ကျေးဇူးတင်ရလိမ့်မည်။ မဟုတ်ပါက ယခုလို အလွန်လျင်မြန်စွာဖြင့် ဖွံ့ထွားလာဖို့ရာ မဖြစ်နိုင်ပေ။

လင်းရီ တစ်ချက် အကြမ်းဖျင်း တွက်ချက်ကြည့်လိုက်၏။ တစ်ပတ်မှ လ၀က်အတွင်း သူ အသီးတစ်သုတ်ကို ခူးဆွတ်၍ ရလောက်ပြီ။ စိတ်ထဲတွင်တော့ အလွန်အမင်း မျှော်လင့်နေလျက် ရှိတော့၏။

ကလင် ကလင် ကလင်....

ဖန်လုံအိမ်ထဲရှိ အသီးများ ခူးနေစဉ် အိတ်ကပ်ထဲရှိ ဖုန်းသံက အသံမြည်လာသည်။ ထောက်ချိန်မှ ဆက်သွယ်လာခဲ့ခြင်းပင်။

" တစ်ခုခု ဖြစ်လို့လား..."

" အင်း... အသင့်ပြင်... မနက်ဖြန် ဆယ်နာရီ စခန်းမှာ လူစုမယ်... ငါတို့ အရေးကြီး ကိစ္စ ဆွေးနွေးဖို့ ရှိတယ်...."ထောက်ချိန် ပြောလိုက်သည်။

" မစ်ရှင် အသေးစိတ်ကို မင်း ရန်ကျင်းရောက်တော့ကျ ပြောပြပေးမယ်...."

" အိုကေ...."

သူတို့နှစ်ယောက်ကြား စကားဝိုင်းကတော့ ယခုလိုရှင်းတိုရှင်းသာဖြစ်သည်။ အရေးကြီးကိစ္စများ ပြောကြာပြီးနောက် သူ ဖုန်းချသွားခဲ့၏။ လင်းရီလည်း သူ၏ ပစ္စည်းပစ္စယတို့ သိမ်းဆည်းကာ ကျိုးဟိုင်သို့ ပြန်မောင်းထွက်လာသည်။

အချိန်အကြာကြီး စောင့်ဆိုင်းခဲ့ပြီးနောက် ပထမဦးဆုံး မစ်ရှင်မှာ ရောက်ရှိလို့ လာခဲ့ချေပြီ။

သူ့စိတ်ထဲ စနစ် လာခဲ့သည့် နေရာက မည်သို့နေရာမျိုးလဲ ဆိုတာ သိပ် သိချင်နေမိတော့သည်။

သူ ‌ကျိုကျုံး ဗီလာကို ရောက်တော့ အိမ်တွင် မည်သူမျှ ရှိမနေချေ။ ကျီချင်းရင်သည်လည်း ရုံးရောက်နေသည်။

" အမ်... နင် ပြန်လာပြီ...."

လင်းရီ ပြန်ရောက်နေသည်ကို မြင်တော့ ကျီချင်းရန် အံ့အားသင့်သွားခဲ့၏။

" အင်း... ငါ အလုပ်ကိစ္စ လေးတစ်ခုရှိလို့ ရန်ကျင်းကို ခရီး ခဏထွက်ရမှာ... ပြန်လာပြီး အ၀တ်တွေ လာယူတာလေ...."

" အဲ့တာကို ဘာလို့ ငါ့ကို ကြိုမပြောတာလဲ... ငါ ပြန်ပြီး ထုပ်ပိုးထားပေးမှာပေါ့..."ကျီချင်းရန် စောဒက တက်လိုက်၏။

" အ၀တ်အများကြီး ယူစရာ မလိုပါဘူးဟာ... ခရီးဝေး သွားမှာမှ မဟုတ်တာ... ပစ္စည်းနည်းနည်းလောက် ကောက်ယူပြီး သွားလိုက်ရုံပဲ... ယောက္ခမကြီး အိမ်မှာ သွားနေလိုက်ဦးနော်.... "

" အင်းပါ... နင်လည်း အပြင်ထွက်ရင် ဂရုစိုက်ဦး... နင် ဟိုရောက်လို့ရှိရင်လည်း ငါ့ကို ဖုန်းဆက်ဖို့ မမေ့နဲ့..."

" ဒါပေါ့... ဘယ်မေ့မှာ...."

ကျီချင်းရန်နှင့် ခေတ္တမျှ စကားပြောပြီးနောက် လင်းရီ သူ ထုပ်ထားသည့် အ၀တ်အိတ်ကို ယူကာ လေဆိပ်သို့ ဦးတည်လိုက်သည်။

မွန်းလွဲပိုင်း လေးနာရီလောက်ရောက်တော့ သူ လေယာဉ်ပေါ်မှ ဆင်းပြီး ပန်ဂု ဟိုတယ်သို့ တန်းသွားလိုက်သည်။

နောက်တစ်နေ့ နံနက်... လင်းရီ တက္ကစီငှား၍ ကျုံးဝေ့တပ်ဖွဲ့၏ အခြေစိုက်စခန်းသို့ ရောက်ရှိလာသည်။

သူ ရောက်တော့ လူအများစုမှာ ရောက်နှင့်နေပြီးကြောင်း လင်းရီ တွေ့မြင်လိုက်ရသည်။

ခေါင်းဆောင်များနှင့် တရား၀င် အဖွဲ့သားများ အပြင် သူ့နည်းတူ လူသစ် ၁၁ ယောက်လည်း ရှိနေသည်။ အမျိုးသား ရှစ်ယောက်နှင့် ၊ အမျိုးသမီး သုံယောက်တို့အားလုံးက လေးထောင့် ပုံစံ အစည်းအဝေး စားပွဲတွင် နာခံစွာဖြင့် ထိုင်နေခဲ့ကြ၏။

သို့သော်လည်းပဲ အစည်းအဝေးခန်းထဲရှိ လေထုက အနည်းငယ် လေးလံသိပ်သည်းနေပြီး ရှူရှိုက်နေရသည့် လေပင် တောင့်တင်းနေသယောင် ခံစားနေရတော့၏။

ချိုးယွီလော့ကတော့ သူမ၏ ထိုင်ခုံနောက်သို့ ကျောမှီထားသည်။ နင်ချဲ့ကတော့ ခေါင်းကို လက်တစ်ဖက်ဖြင့် ထောက်ထားရင်း တစ်လောကလုံးကို ပိုက်ဆံ ချေးထားပေးရသည့် ချစ်တီးကြီးနှယ် အမူအရာတင်းနေသည်။

" တစ်နေရာရှာပြီး ထိုင်လိုက်...."ထောက်ချိန် လင်းရီကို ပြောလိုက်သည်။

အစည်းအဝေး စားပွဲတွင် ထိုင်ခုံ ဆယ်လုံးထက် မနည်း ရှိနေပြီး လင်းရီ တစ်လုံးဆွဲ၍ တံခါးအနီးတွင် ၀င်ထိုင်လိုက်၏။ ထို့နောက် အစည်းအဝေး စတင်မည်ကို စောင့်ဆိုင်းနေလိုက်သည်။

" ကောင်းပြီ... ခု လူလည်း စုံပြီဆိုတော့ ငါ မစ်ရှင် အကြောင်းကို ရှင်းပြပေးမယ်..."

လျိုဟုန် လေးနက်သည့် အမူအရာဖြင့် ပြောဆိုလိုက်ပြီး " ငါတို့ ဒီရဲ့ စမ်းသပ်စစ်ဆေးပွဲကို ကျင်းပရခြင်း အကြောင်းအရင်းက အရင်တစ်ခေါက် မစ်ရှင်ကြောင့်ပဲ... ငါတို့ ဒုတိယနဲ့ တတိယ အသင်းသားတွေ ခြုံခို တိုက်ခိုက်ခံခဲ့ရတယ်... ကံဆိုးစွာနဲ့ပဲ .. သူတို့က ရန်သူတွေရဲ့ ပြိုင်ဘက် မဟုတ်ခဲ့ဘူး....."

All Chapters