လူ့ သဘာဝက ရှုပ်ထွေးတဲ့ အရာပဲ
Vol. 70 Ch. 1043
“ ခွေးကောင် .. မင်း ဘာပြောလိုက်တယ်….” ကျန်းဟွေ့ ဒေါသတကြီးဖြင့် ဆဲရေး ကြိမ်းမောင်းလိုက်၏။
သူတို့နှစ်ယောက် အတူ ရင်းနှီးလာခဲ့သည်မှာ နှစ်တွေ မနည်း ရှိနေလေပြီ။ ကျုံးဝေ့တပ်ဖွဲ့ထဲဝင်ပြီး နိုင်ငံကို အတူတကွ အကျိုးပြုမယ်လို့လည်း သဘောတူခဲ့ကြသေးသည်။
သို့သော် သူ၏ ထိုသို့သော ညီကိုကောင်းက ယခုလို နှုတ်ထွက်စကား ဆိုလိမ့်မည်လို့ သူ တကယ်ပင် မထင်မှတ်ထားခဲ့ချေ။
ရယ်ရွှင်ဖွယ်လည်း ကောင်းလွန်းလှသည်။
“ ကျန်းကြီး… မင်းငါ့ကို ဒီလို လာပြီး အပြစ်တင်လို့တော့ ဘယ်ရမှာ…” ကော်ချင်းခွန် ပြောလိုက်ပြီး “ ငါ သေရမှာ ကြောက်တယ်ကွ….”
“ သောက်အဓိပ္ပာယ် မရှိတာ…. ငါတို့ ဖောင်တင်ကတည်းက သေချာ ရှင်းမပြခဲ့ဘူးလား…. ဘာလို့ အခုမှ လာပြီး နှုတ်ထွက်နေတာတုန်း မင်း…” ကျန်းဟွေ့ ကယောင်ချောက်ချား ပြောဆိုလိုက်၏။
“ ငါသိတယ်… ဒါပေမယ့် အဲ့ဒီတုန်းကတော့ ငါတို့ကို တမင်တကာ ခြောက်လှန့်နေတယ်လို့ပဲ ထင်တာလေ… အမှန်ဖြစ်နေလိမ့်မယ်လို့တော့ ဘယ်သူက ထင်ထားမှာလဲ….” ကော်ချင်းခွန် နှပ်ချေးတွေကျ ငိုယိုရင်း ပြန်အော်ပြောလိုက်၏။
“ ပြီးတော့ မင်းလည်း မြင်နေတာပဲ… ကော်ရစ်ဒါမှာ ချိတ်ထားတဲ့ သူရဲကောင်းအများစုက ဒဏ်ရာရထားတဲ့ သူတွေ ဒါမှမဟုတ် ဒုက္ခိတတွေချည်းပဲ…. ငါ အဲ့လို အခြေအနေမျိုးကို ဘယ်လိုနည်းနဲ့မှ လက်မခံနိုင်ဘူး….”
“ ဒါက….”
ကျန်းဟွေ့၏ အမူအရာမှာ နည်းနည်းလေး မတင်မကျ ဖြစ်သွားခဲ့ပြီး “ ဒါ မင်းကိစ္စပဲ… ငါ့မှာ မင်းကို တားပိုင်ခွင့်လည်း မရှိဘူး… မင်း သွားချင်ရင် သွားတော့…”
ကော်ချင်းခွန် ချိုးယွီလော့ကို ကြည့်လိုက်ပြီး “ အသင်းခေါင်းဆောင်ချိုး… ကျွန်တော် တကယ့်ကို တောင်းပန်ပါတယ်… ကျွန်တော်အခု နှုတ်ထွက်ချင်ပြီ.. ကျွန်တော့်ကို ကျေးဇူးပြုပြီး စိတ်မတိုပါနဲ့….”
“ နင့်မှာ လွတ်လွတ်လပ်လပ် ဆုံးဖြတ်နိုင်ခွင့် ရှိပြီးသားပဲ… ငါ စိတ်မတိုပါဘူး… ဒါတွေ မလိုပါဘူး…”
“ ဒါ … ဒါဆို … ငါအရင်သွားနှင့်ပြီ အားလုံးပဲ…”
ကော်ချင်းခွန် အစီအငေါ် တည့်အောင်ပင် ကောင်းကောင်း မပြောဆိုနိုင်တော့ပဲ မျက်နှာကြီး ရဲရဲနီစွာဖြင့် ထွက်ခွာသွားခဲ့၏။
ယခုလို အခိုက်အတန့်တွင်မှ သူရဲဘောကြောင်သူ တစ်ယောက်ဖြစ်ကြောင်း ဝန်ခံရသည့်အဖြစ်အတွက်လည်း မိမိကိုယ်ကို အရှက်ရမိနေတော့သည်။
ပြောပြီးနောက် ကော်ချင်းခွန် အစည်းအဝေးခန်းထဲမှ လျင်မြန်စွာဖြင့် ထွက်ခွာသွားခဲ့လေသည်။
၎င်းနောက်… အခန်းထဲရှိ လေထုသည်လည်း စတင် တင်းကြပ်လာခဲ့တော့၏။
လူတိုင်းက ဖောင်တိန်ကို ကိုင်ထားကြသော်ငြားလည်းပဲ မည်သူကမျှ မရေးဝံ့ကြချေ။
“ အသင်းခေါင်းဆောင်ချိုး… ကျ.. ကျွန်မလည်း ထွက် .. ထွက်ချင်လို့….”
ပြောလိုက်သူကတော့ ဆံပင်အတိုနှင့် မိန်းမငယ်လေး ဖြစ်သည်။ သူမ၏ မြောက်ထားသည့် လက်ပင် မသိမသာ တုန်ခါနေရှာသည်။
ချိုးယွီလော့ ဘဝင်မကျစွာဖြင့် မျက်မှောင်ကြုတ်လိုက်ပြီး ရှိနေကြသည့် လူတိုင်းအား ဝေ့ကြည့်လိုက်သည်။
“ ထွက်ချင်တဲ့ လူတွေ ရှိလား… ရှိရင် တစ်ခါတည်းထွက်.. မဟုတ်ရင် အရမ်း နောက်ကျသွားမယ်…. နင်တို့မှာ တစ်မိနစ် စဉ်းစားဖို့ အချိန်ရှိတယ်… မစဉ်းစားချင်ရင် နင်တို့ရဲ့ နောက်ဆုံးစကားတွေကို ချရေး… ခုချက်ချင်း လုပ်ကြ.. နင်တို့ လေယာဉ်ပေါ် ရောက်ပြီးတာနဲ့ အားလုံး နောက်ကြသွားလိမ့်မယ်…”
“ အဲ့ဒါက…..”
အစည်းအဝေးခန်းထဲရှိ လေထုက လူတိုင်း၏ လည်ပင်းအား ဖျစ်ညစ်ထားသယောင် ပို၍ ပို၍ တင်းကြပ်လာခဲ့တော့သည်။
စဉ်းစား ဆုံးဖြတ်ချက်ချရန် အချိန်က တစ်မိနစ်တည်းသာ ရှိသည်။ ဤသည်က လူတိုင်းအတွက် စမ်းသပ်မှု တစ်ခုလည်း ဖြစ်၏။
ဤမိနစ်ပိုင်းက သူတို့ မစ်ရှင်ကို ထမ်းဆောင်မည်လော သို့မဟုတ် နှုတ်ထွက်မည်လောကို ဆုံးဖြတ်ရခြင်း မဟုတ်။ ထိုအစား သူတို့၏ အသက်တစ်ချောင်းအား သေခြင်းနှင့် ရှင်ခြင်း မျဉ်းကြားတွင် ဆုံးဖြတ်ချက် ချရသည်နှင့်ပင် ပိုဆင်တူနေတော့သည်။
“ ကျ…ကျွန်တော် နှုတ်ထွက်ချင်ပါတယ်…” ဗိုလ်ကေနှင့် ကောင်လေး တစ်ယောက်မှ သူ့လက်ကို မြှောက်၍ ပြောလာခဲ့၏။
“ ကောင်းပြီ… နင်တို့ ထွက်ချင်သပဆို ထွက်သွားကြ… ငါ့ကို ပြောနေစရာ မလိုဘူး… နင်တို့ ခြေထောက်နဲ့ နင်တို့ ထွက်သွားကြ…” ချိုးယွီလော့ အကျည်းတန်သည့် အမူအရာဖြင့် ပြောလိုက်၏။
နင်ချဲ့ ထိုင်ခုံ တစ်လုံးကို ဆွဲလိုက်ပြီး လေဒီ စီးကရက်ကို မီးညှိလိုက်သည်။ ထို့နောက် ဆေးလိပ်သောက်ရင်း မြင်ကွင်းကို စောင့်ကြည့်နေတော့သည်။
တစ်ချိန်တည်းတွင် သူမ ဖုန်းထုတ်၍ အချိန် တစ်မိနစ် သတ်မှတ်လိုက်လေသည်။ စခရင်ပေါ်တွင် အချိန် တစ်မိနစ်သည် ပြေးလွှားနေတော့၏။
ထွက်ခွာသွားကြသည့် အမျိုးသား၊ အမျိုးသမီးများသည် သူတို့၏ ခေါင်းကို မမော်ဝံ့ကြ။ ငုံ့လျက်သာ အခန်းထဲမှ ထွက်သွားကြသည်။
စက္ကန့်က အချိန်နှင့်အမျှ ကုန်ဆုံးနေပြီး အသက်ရှိုက် အနည်းငယ် အတွင်းမှာပဲ စက္ကန့်နှစ်ဆယ်ကျော် ကုန်ဆုံးသွားခဲ့ချေပြီ။ ထိုအခိုက်အတန့်တွင် တစ်စုံတစ်ယောက်မှ သူ၏ ဖောင်တိန်ကို စားပွဲပေါ်ချပြီး ခေါင်းငုံ့လျက် ထွက်ခွာသွားခဲ့၏။
မကြာမီ အချိန် တစ်မိနစ် ပြည့်သွားခဲ့သည်။ လင်းရီ အပါအဝင် စမ်းသပ်မှု အောင်မြင်သည့် လူဆယ့်နှစ်ယောက်ထဲက အမျိုးသား ငါးယောက်နှင့် အမျိုးသမီး တစ်ယောက်သာလျှင် ကျန်နေရစ်ခဲ့၏။
နင်ချဲ့ ဆေးလိပ်ပြာကို တောက်လိုက်ပြီး သူမ ဖုန်းကို ပြန်သိမ်းလိုက်သည်။
“ ငါ ပြောဖို့ လိုအပ်တာတွေ အကုန်ပြောပြီးသွားပြီ… နင်တို့က မထွက်သွားချင်ဘူး ဆိုမှတော့ နင်တို့ရဲ့ နောက်ဆုံးစကားတွေကို ချရေးကြတော့…” ချိုးယွီလော့ ပြောလိုက်၏။
“ အသင်းခေါင်းဆောင်… ခဏလေးနေပါဦး….” ကျန်းဟွေ့ ပြောလိုက်၏။
“ ဘာလဲ….” “ ကျ…ကျွန်တော်လည်း ထွက်ချင်လို့…”
လင်းရီ “……”
သူပဲ ခုနကတင် မထွက်ဘူး လုပ်နေပြီး ထွက်မယ်လုပ်တဲ့ ကော်ချင်းခွန်ကိုတောင် ဆဲဆို ကြိမ်းမောင်းနေသေးတာ မဟုတ်ဘူးလား… ခုကျ သူကိုယ်တိုင် နှုတ်ထွက်နေပြီ…။
လူသားတွေရဲ့ သဘာဝက သိပ်လည်း စိတ်ဝင်စားဖို့ ကောင်းပါလား..။
ချိုးယွီလော့ ဒေါသထောင်းကနဲ ဖြစ်သွားခဲ့ပြီး သူမ ရင်ဘက်ပင် နိမ့်တုံ မြင့်တုံ ဖြစ်လာခဲ့သည်။
“ သွား…. ကျုံးဝေ့တပ်ဖွဲ့က နင်တို့လို သူရဲဘောကြောင်တဲ့သူတွေကို မလိုအပ်ဘူး…”
ကျန်းဟွေ့ ရှက်ရွံ့သလို ခံစားနေရပြီး တစ်ခွန်းမျှ ပြန်မပြောဝံ့ပေ။ သူ့ ပစ္စည်းများ သိမ်းဆည်းပြီး အစည်းအဝေးခန်းထဲမှ ထွက်ခွာသွားခဲ့တော့၏။
ချိုးယွီလော့ သူမ နာရီကို ကြည့်လိုက်ပြီး “ ခု နင်တို့ လေးယောက်ပဲ ကျန်တယ်… ငါ နင်တို့နဲ့ ပေါက်တတ်ကရ ပြောဖို့လည်း အချိန်မရှိဘူး… ထွက်ချင်ရင် အခုထွက်….မထွက်ဘူးဆို နင်တို့ရဲ့ နောက်ဆုံး စကားကိုရေး…”
ကျန်လူများကတော့ ယတိပြတ် စိတ်ပိုင်းဖြတ်ထားခဲ့ကြသည့် ပုံပင်။ လက်ထဲဖောင်တိန်ကိုင်၍ ချိုးယွီလော့ ပြောသည့်အတိုင်း သူတို့ရင်ထဲ ရှိရာများကို နောက်ဆုံး အချိန်အခိုက်အတန့် ရောက်နေသကဲ့သို့ ချရေးနေတော့၏။
“ ဒီနှစ်ကတော့ မစွံပါဘူး… အရင်နှစ်တွေနဲ့ စာရင် တော်တော်လေး ချို့ယွင်းလွန်းတယ်…”နင်ချဲ့ ပြောလိုက်ပြီး “ အရင်ကလည်း အရေးကြီးတဲ့ အခိုက်အတန့်ရောက်ရင် နှုတ်ထွက်သွားကြတဲ့သူတွေ မရှိဘူး မဟုတ်ဘူး ရှိတယ်… ဒါပေမယ့် ဒီလောက်တော့ မများဘူး…”
“ သူတို့ အဖေတွေ အဘိုးတွေကတော့ ကျုံးဝေ့တပ်ဖွဲ့ထဲမှာ ရွပ်ရွပ်ချွံချွံ ရှိခဲ့ကြတာ… သူတို့ မျိုးဆက်တွေကတော့ ……… “
“ ဘာပဲပြောပြောလေ... ခေတ်တွေ ပြောင်းလဲကုန်ပြီ... ခံစားချက်တွေဆိုတာ စားလို့မှမရတာ… သူတို့အကုန်လုံးက အလိုလိုက်ခံထားရတဲ့ ကလေးတွေ.. ငါတို့လောက်တောင် မကောင်းဘူး…”
ချိုးယွီလော့ ဘာမျှ ပြန်မပြောဘဲ နင်ချဲ့၏ စကားများကို ထောက်ခံလိုက်သည်။
“ လင်းရီ… မင်း ဘာလို့လဲ ဘာမှ မရေးတာ… တခြား စိတ်ကူး ရှိနေလို့လား….” ထောက်ချိန် မေးမြန်းလိုက်၏။
စမ်းသပ်နေစဉ် အတောအတွင်း လင်းရီက သူတို့ကို အကြီးကြီး အံ့အားသင့်သွားစေသည်။
အခြားသူများ နှုတ်ထွက်သည်ကို သူတို့ ခံသာသေးသည်။ အကယ်၍ လင်းရီကသာ နှုတ်ထွက်မည်ဆိုလျှင်တော့ ကျုံးဝေ့တပ်ဖွဲ့အဖို့ ဆုံးရှုံးမှုကြီး တစ်ခု ဖြစ်သွားပေမည်။
ချိုးယွီလော့နှင့် နင်ချဲ့တို့လည်း လင်းရီကို နားမလည်နိုင်စွာ ကြည့်လိုက်ကြသည်။
သူမတို့ လင်းရီကို နှုတ်ထွက်မည်လို့ တစ်ကြိမ်တစ်ခါမျှ မစဉ်းစားခဲ့ဖူးကြချေ။ သို့သော်လည်း အမှန်တရားက သူမတို့ စိတ်ကူးယဉ်ထားသည်နှင့် ခြားနားနေသည်။
“ သေမှာကြောက်ရင်လည်း ထွက်သွား… ဒီလာပြီး အချိန်လာဖြုန်းမနေနဲ့….”
“ မင်း စောက်ရူးလား…. ဘာကိစ္စ ကျုပ်အပေါ် ဒေါသလာသွန်ချနေတာ…” လင်းရီ ပြောလိုက်ပြီး “ ကျုပ် ဘာမှ မရေးချင်ဘူးလို့ ဘယ်သူပြောလဲ….”
ချိုးယွီလော့ လင်းရီကို ပစ်မှတ်ထား တိုက်ခိုက်နေခြင်း မဟုတ်ပဲ သူ၏ အရည်အချင်းနှင့် စွမ်းဆောင်ရည်ကိုပင် အသိအမှတ်ပြုထားသည်။
လူတိုင်း ထွက်သွားကြပြီး လင်းရီ ထွက်မသွားသရွေ့ ကျုံးဝေ့တပ်ဖွဲ့ စမ်းသပ်မှုမှာ ထိုက်တန်သည်ဟုပင် သူမ ခံစားနေရလေသည်။
သို့ပေမယ့် ယခု ကိုယ်တော်က ဖောင်တိန်ကို ထိပင် မထိသဖြင့် သူမ ရင်ဘက်ထဲ ဒေါသတွေ အလိပ်လိုက်တက်လာပြီး မည်သို့မျှ စိတ်မထိန်းနိုင်တော့ပဲ ပြောလိုက်မိခြင်း ဖြစ်၏။
“ နင် မကြောက်ဘူးဆိုရင် ဘာလို့ မရေးလဲ… ဘာ ချီတုံချတုံ ဖြစ်နေစရာ အကြောင်းရှိလို့…. “ ချိုးယွီလော့ ပြောပြီးနောက် အခန်းထဲ ကျန်ခဲ့သည့် တစ်ဦးတည်းသော မိန်းကလေးကို ကြည့်ကာ “ ကျန်းချင်တောင် နင့်လောက် မပျော့ညံ့ဘူး…”
“ ကျုပ်က ဆန္ဒလေးခု ရေးချင်တာ…. ဒီ သောက်ကျိုးနဲ စာရွက်တစ်ခုတည်းနဲ့ ကျုပ် ရေးချင်တာတွေ ဘယ်လိုရေးရမှာတုန်း…”
“ ဆန္ဒ လေးခုဆိုတာ နင် ဘာဆိုလိုချင်တာလဲ..” နင်ချဲ့ မေးလိုက်၏။
“ ကျုပ်က မျှတခြင်းမှာ သက်ဝင်ယုံကြည်တဲ့ကောင်… လူတိုင်းက အသိအမှတ်ပြုခံရဖို့ ထိုက်တန်တယ်… ကျုပ်ရဲ့ အကြီးမားဆုံးသော အရည်အသွေးက မျက်နှာမလိုက်တာပဲ…. တစ်ဦးချင်း တစ်ယောက်ချင်းစီတိုင်းက ကျုပ် ရင်ဘက်ထဲမှာ ထူးထူးခြားခြား နေရာယူထားတဲ့သူတွေချည်းပဲ…”
ချိုးယွီလော့ “….. “
နင်ချဲ့ “ …… “
ဒီအကောင်က ရုပ်လေး ကြည့်ကောင်းတာနဲ့ပဲ အရမ်း မောက်မာသွားတာလား….
“ ကောင်လေး… ငါနင့်ကို မြင့်မြင့်မှန်းထားတယ်နော်…” နင်ချဲ့ တခစ်ခစ် ရယ်မောလိုက်ပြီး “ ထောက်ချိန် …. ကျန်တဲ့ စာရွက်တွေကို သူ့ဆီ ယူလာခဲ့…”
ထောက်ချိန် ငိုရမသိ ရယ်ရမသိ ဖြစ်နေရင်း စာရွက်ကို လင်းရီထံ ကမ်းပေးလိုက်သည်။ လင်းရီလည်း ဖောင်တိန်ကို ကိုင်၍ စတင် ရေးခြစ်လေသည်။ သူ အလျင်မလိုပေ။ ပုံမှန်အတိုင်းသာ ရေးဆွဲသည်။
“ ဟိတ်… လေးယောက်လုံး ပြိုင်တူ လာရင် နင့်ကျောက်ကပ်က ခံနိုင်ပါ့မလား..” နင်ချဲ့ စနောက်လိုက်၏။
“ စမ်းသပ်တုန်းက ကျုပ် ဘယ်လိုတွေ စွမ်းဆောင်နိုင်လဲ မင်း မမြင်လိုက်ဘူးလား…. ကျုပ်ရဲ့ ခါးက ကောင်းပြီးသား…”
“ ကျစ် ကျစ်… ဒေါသထွက်ချင်စရာပဲ…” နင်ချဲ့ နာရီကို တစ်ချက်ကြည့်လိုက်ရင်း “ နင် ရေးစရာ ရှိတာတွေ ရေးပြီးရင် ငါတို့ ခဏလောက် လျှောက်လည်ကြရင်ကော…. ငါလည်း ပျော်ရွှင်မှုက ဘာလဲ ဆိုတာ ခံစားကြည့်ချင်တယ်လေ… မပူနဲ့… ငါ့ဆေးနဲ့ငါ လာမှာ….”
“ ရတာပေါ့… ကျုပ်တို့ သေချာပေါက် အချိန်ကောင်းလေးတွေ ရှိမယ်ဆိုတာ အာမခံရဲတယ်…”
အစည်းအဝေးခန်းထဲ ရောက်နေကြသည့် လူတိုင်း ဆွံ့အသွားခဲ့ကြသည်။
“ ကိုယ့်ပုံရိပ်ကိုယ်လည်း ထိန်းဦး.. နင်က ကျုံးဝေ့တပ်ဖွဲ့ရဲ့ အရှက်ရဖွယ်ပဲ…” ချိုးယွီလော့ ပြောလိုက်သည်။
“ နင့်လို နှစ်တစ်သောင်း အပျိုဟိုင်းကြီး လုပ်ရမှာထက် စာရင်တော့ သာပါသေးတယ်ဟယ်…. နင့်ရဲ့ အန်ဒိုကရင်း ဟော်မုန်းတွေဆို မမျှတတော့ဘူး….”
“ ငါ့ဆီကနေ ကြည့်ပြီး သင်ယူစမ်းပါ…. နင် ပျော်စရာလေးတွေ လုပ်တော့မယ်ဆို ဆေးလေး ဆောင်ထား… နှစ်ဦးနှစ်ဖက် လုံခြုံလေ ပိုကောင်းလေပေါ့….”
“ သူက မလိုဘူးလေ… မြုံနေတာ… စားလည်း အလကားပဲ…”