ဆင်းရဲမှုက တွေးခေါ်နိုင်စွမ်းကို မကန့်သတ်စေနဲ့
Vol. 70 Ch. 1044
“ အာ…. နင်က အဲ့တာလည်း ပြောနိုင်တယ်လား…” နင်ချဲ့ အံ့အားသင့်သည့် လေသံဖြင့် မေးမြန်းလိုက်၏။
လင်းရီ ချိုးယွီလော့နှင့် ထောက်ချိန်ကို ကြည့်လိုက်ပြီး “ သူတို့ ကျုပ် အကြောင်း မပြောပြဘူးလား…”
လင်းရီ ထိုသို့ ပြောပြီးနောက် သူက ထူးချွန်သည့် ခွဲစိတ်ဆရာဝန် တစ်လက်ဆိုတာကို နင်ချဲ့ သတိရသွားခဲ့လေသည်။
ထိုသို့ဆိုပါက စစ်မှန်နိုင်ခြေ ရာနှုန်း အတိုင်းအတာ တစ်ခုထိအောင် ရှိသည်။ နင်ချဲ့ ချိုးယွီလော့ဘက် လှည့်ကြည့်မိသွားခဲ့၏။
“ ကျစ် ကျစ်…. ဘယ်လောက်တောင် နာကျင်ဖို့ ကောင်းလိုက်လဲ… လူက အခုမှ အသက် သုံးဆယ်တည်း ရှိသေးတာကို ဒီလိုမျိုး ဖြစ်နေပြီ…”
ပထမဆုံးအကြိမ် ချိုးယွီလော့ နင်ချဲ့၏ ထေ့ငေါ့ပြောဆိုမှုကို ပြန်မငြင်းဆိုခဲ့ချေ။
သူမ၏ စိတ်တစ်ခုလုံးသည်လည်း မေးခွန်းသင်္ကေတတို့ဖြင့် ပြည့်နှက်နေသည်။
သူမ နှစ်ပေါင်းများစွာ ဗြဟ္မစရိယ ကျင့်ကြံနေပြီး ဘာကိုမျှလည်း မပြုလုပ်ခဲ့ချေ။ အဘယ်ကြောင့် ထိုသို့သော အခြေအနေမျိုး ရှိနေခဲ့ရသနည်း။
မကြာမီ လင်းရီမှလွဲ၍ ကျန်သုံးယောက်လုံး ၎င်းတို့၏ ဆန္ဒများကို ရေးသား၍ ပြီးဆုံးသွားခဲ့ချေပြီ။
လင်းရီကတော့ နှေးကွေးစွာ ရေးနေရင်း ဒုတိယ စာရွက်သို့ ရောက်ရှိလာခဲ့၏။
“ နှိုင်းယှဉ်ကြေးဆို နင်က သူများတွေထက်စာရင် သံယောဇဉ်တွေများတယ်… နင် သေမှာ မကြောက်ဘူးလား…” နင်ချဲ့ အပြုံးတစ်ပွင့်ဖြင့် မေးမြန်းလိုက်၏။
“ ကျုပ်က လက်လည်း မထပ်ရသေးဘူး… ကလေးလည်း မယူရသေးဘူး… ပိုင်ဆိုင်မှုတွေ အများကြီးနဲ့ မိန်းမတွေလည်း ရှိတယ်… ဒီတိုင်း သေသွားမယ်ဆိုရင် တကယ့်ကို ဆုံးရှုံးမှုကြီးပဲ…” “ အဲ့တာတောင် ကျုံးဝေ့တပ်ဖွဲ့ထဲကို ဝင်ချင်သေးတယ်ပေါ့…”
နင်ချဲ့ မေးလိုက်သည်က ကျန်သူများ အားလုံး၏ စိတ်ထဲ ရှိနေသည့် အရာပင်။
အားလုံးထဲတွင် လင်းရီက သူများထက်ကို သာလွန်နေပြီး လှည့်ကြည့်စရာလည်း ပိုများ၏။ ထို့ကြောင့် သူ၏ အတွေးအမြင်များကို လူတိုင်းက ကြားသိချင်နေကြသည်။
“ မင်းပြောလိုက်တဲ့ပုံကိုလည်း ကြည့်လိုက်ဦး.. ကျုံးဝေ့တပ်ဖွဲ့ထဲ ဝင်တာနဲ့ သေမယ်လို့ မင်းတို့ကို ဘယ်သူပြောလဲ… မင်းတို့လည်း အခုချိန်ထိ အသက်ရှင်နေသေးတာပဲ မဟုတ်ဘူးလား….”
နင်ချဲ့ ပခုံးတွန့်လိုက်ပြီး “ ငါတို့ အခုထိ အသက်ရှင်နိုင်တယ်ဆိုတာ ကံကြောင့်လည်း အနည်းနဲ့အများ ပါတယ်… ငါတို့ ပြောနေတယ်ဆိုတာက ခြောက်လှန့်နေတာမဟုတ်ဘူး… မစ်ရှင်တွေက တကယ် အန္တရာယ်ရှိလို့ ပြောနေရတာ…”
နင်ချဲ့မှာ ပွင့်လင်းမြင်သာပြီး ရဲတင်းလှသော်ငြားလည်းပဲ စီစစ်သည့် လူတစ်ယောက်ဖြစ်သည်။
လင်းရီ ကျုံးဝေ့တပ်ဖွဲ့ထဲ ဝင်လာစေဖို့ စကားချိုချိုလေးများ သုံး၍လည်း မဆွဲဆောင်ချင်ပေ။ ထို့ကြောင့် အခြေအနေကို ရှင်းအောင် ပြောပြထား၏။
“ ကျုပ်တော့ဖြင့် ကြောက်ဖို့ကောင်းတယ် မထင်ပါဘူး.. တကယ်လို့ တစ်ခုခု ဖြစ်ပြီဆိုရင် ပြေးမှာပေါ့…” လင်းရီ ပြောလိုက်ပြီး “ သူတို့ကို မချနိုင်ဘူးဆိုရင်တောင် ပြေးလို့မလွတ်ဘူးဆိုတာတော့ ကျုပ်မယုံဘူး…”
နင်ချဲ့ အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့ပြီး “ တကယ်လို့ တစ်ခုခု ဖြစ်ရင် နင်က ထွက်ပြေးမယ်လို့ လာပြောနေတာလား….”
“ တကယ်လို့ ကျုပ်ရဲ့ လုံခြုံရေးကို အာမခံနိုင်မယ်ဆိုရင်တော့ သေချာပေါက် မပြေးဘူးပေါ့.. ဒါပေမယ့် အခြေအနေတွေက မှားယွင်းသွားလို့ အသက်အန္တရာယ် ရှိလာမယ် ဆိုရင်တော့ ကျုပ် သေချာပေါက် ထွက်ပြေးမှာပဲ.. မဟုတ်လို့ ဘာလဲ လုပ်ရမှာ… “
“ နင့် အသင်းဖော်က ကာဗာပေးဖို့ လိုအပ်နေတယ်ဆိုရင်ကော….”
“ ဒါဆိုလည်း မရဘူး… ကျုပ်တို့က အချိန်ကောင်းကို မျှဝေ ခံစားပေးလို့ရတယ်…. ဒါပေမယ့် ပြဿနာ ရှိလာရင်တော့ ထွက်ပြေးဖို့ ရှက်နေလို့ ဘယ်ရမှာ…”
“ နင် အဲ့လို အတွေးမျိုးနဲ့ ကျုံးဝေ့တပ်ဖွဲ့ထဲ ဝင်မယ်ဆိုရင် နင် ဒီ ဆန္ဒတွေကို ရေးဖို့ မလိုတော့ဘူးလို့ ငါထင်တယ်… ကျုံးဝေ့တပ်ဖွဲ့က နင့်လို လူစားမျိုးကို မလိုအပ်ဘူး…”
“ ဘာတွေ လာပြောနေတာ…” လင်းရီ ပြောလိုက်ပြီး “ ကျုပ်က ခင်များရဲ့ စွန့်လွှတ် အနစ်နာခံမှု တန်ဖိုးနဲ့ ကိုက်ညီဖို့ ရပ်ပြီး လည်လှီးခံရမှာလား…”
“ ငါတို့က စွန့်လွှတ်အနစ်နာခံတာကို အားမပေးဘူး… ဒါပေမယ့် နင့်လိုမျိုး အရေးကြီးတဲ့ အချိန်မှာ အသင်းဖော်ကို စွန့်ပြီး ကိုယ်လွတ်ရုန်းမယ့် လူစားမျိုးကိုလည်း ကျုံးဝေ့တပ်ဖွဲ့က မလိုဘူး…” ချိုးယွီလော့ ပြောလိုက်ပြီး “ ငါ ဘော့စ်လျိုကို နင့်အကြောင်း ပြောပြလိုက်မယ်…. နင် စိတ်မပြောင်းသေးသရွေ့ပေါ့….”
“ ချီးပဲ…. အလကားသပ်သပ် အချိန်လာဖြုန်းနေတယ်…”
လင်းရီ သူ့ဖောင်တိန်ကို ကောက်ပစ်လိုက်ပြီး အစည်းအဝေးခန်းထဲမှ လှည့်ထွက်သွားခဲ့တော့၏။
လူသစ် သုံးယောက်ကတော့ အိုးကင်းပူပေါ် ရောက်နေသည့် ပုရွက်ဆိတ်များကဲ့သို့ ဖင်ဂနာမငြိမ် ဖြစ်နေလေသည်။
' ကဏ္ဍအားလုံးမှာ ဗိုလ်စွဲထားတဲ့ လူက သွားရှုပ်လို့ ရတဲ့ လူစားမျိုး မဟုတ်ဘူးပဲ… သူက အသင်းခေါင်းဆောင်ကိုတောင် ကျိန်ဆဲသွားတယ်…'
“ ကောင်းပြီ… မင်းတို့ရဲ့ ဆန္ဒတွေကို ရေးပြီးသွားပြီဆိုတော့ အရင်ဆုံး သွားနှင့်ကြ…” ထောက်ချိန် ပြောလိုက်၏။
“ ဟုတ် ဟုတ်…”
“ ဟင့်… အဲ့ကောင်က အဲ့လိုလူစားမျိုးမှန်း သိရင် သွားပြီး ခေါ်မလာခဲ့ပါဘူး…” ချိုးယွီလော့ ဒေါသတကြီး ထိုင်ပြီး ပြောလိုက်၏။
သူမ လင်းရီ အပေါ် အများ အများကြီး မျှော်လင့်ထားခဲ့မိသည်။ ထို့ပြင် စမ်းသပ်ပွဲသို့ ပြန်ရောက်လာခဲ့သည့် အတွက်လည်း တိတ်တခိုးကြိတ်၍ ပျော်ရွှင်ခဲ့မိ၏။
သို့သော် ယခုတော့ ထိုအကောင်က ထိုစကားမျိုး ပြောထွက်လာသည်။ ဤသည်က ချိုးယွီလော့ လက်မခံနိုင်သည့် အရာမျိုးပင်။
မည်သို့ပင်ဖြစ်စေ၊ စစ်မြေပြင်တွင် အသင်းဖော်ကို စွန့်ပစ်ခြင်းက အင်မတန် အရှက်တရားမဲ့သည့် လုပ်ရပ်မျိုး ဖြစ်၏။
ကျုံးဝေ့တပ်ဖွဲ့က ထိုသို့သော လူစားမျိုးကို အလိုမရှိချေ။
“ နင်က မြုံလည်း မြုံနေပြီ… ဒေါသ အရမ်းမကြီးရင် ပိုကောင်းမယ်နော်… မတန်ပါဘူးဟယ်…” နင်ချဲ့ ပြောလိုက်၏။
သူမတို့ နှစ်ယောက်က မကြာခဏ တွတ်ထိုးကြလေ့ ရှိသော်လည်း သေခြင်း ရှင်ခြင်းကို အတူတကွ ဖြတ်ကျော်ခဲ့ဖူးသည့် ရဲဘော်ရဲဘက်များလည်း ဖြစ်ပေသည်။ စိတ်ထဲတွင် တစ်ယောက်ကို တစ်ယောက် ဂရုစိုက်နေကြစဲ ဖြစ်၏။
“ ငါသူ့ကို အစကတည်းက သိပ်ကြည့်ရတာ မဟုတ်ဘူး… ခုလိုမျိုး ထွက်သွားတော့ ပိုတောင်ကောင်းသေး…” ချိုးယွီလော့ ပြောလိုက်ပြီး
“ တကယ်လို့ သူ အနာဂတ်ကျ မစ်ရှင် ထမ်းဆောင်တဲ့ အချိန်ကျရင် အရေးကြီးတဲ့ အခိုက်အတန့်ကျ အသင်းဖော်ကို စွန့်ပစ်မှာပဲ မဟုတ်ဘူးလား…”
“ ဒါပေမယ့် သူ့အတွေးအခေါ်ကလည်း ဒီနေ့ခေတ် လူ့ဘောင် အဖွဲ့အစည်းရဲ့ မျဉ်းအတွင်းမှာ ရှိနေတယ်လေ…” နင်ချဲ့ ပြောလိုက်ပြီး “ သူ့မှာ ကြွယ်ဝမှုလား.. အဆင့်အတန်းလား… မိန်းမလား… အာဏာလား…. အကုန်ရှိတယ်… သူ့ကိုယ်သူ စွန့်လွှတ် အနစ်နာခံရအောင် သောက်ရူးမို့လား…. အဲ့လောက်ထိ လုပ်ဖို့ မလိုပါဘူး….”
“ ပြီးတော့ ငါနင့်ကို တစ်ခု ပြောဦးမယ်… တကယ်လို့ ဒီမစ်ရှင်ကသာ ငါတို့ရဲ့ ဆုံးရှုံးသွားတဲ့ ရဲဘော်ရဲဘက်တွေအတွက် လက်စားချေဖို့ဆိုတာ သိရင် သူ ဒီလာခဲ့မယ်တောင် မထင်ဘူး….”
“ ဘာလို့ အဲ့သလို ပြောနိုင်ရတာ… တကယ်လို့ သူ မလာဘူးဆိုရင် ကျုံးဝေ့တပ်ဖွဲ့ရဲ့ စမ်းသပ်မှုကို ဘာလို့ လာဖြေနေသေးလဲ..”
“ သူ့ အသက်အရွယ်လေးနဲ့ ယောက်ျားတစ်ယောက်မှာ ရှိသင့်ရှိထိုက်တာတွေ အကုန်ရှိနေပြီ… ကျုံးဝေ့တပ်ဖွဲ့က ကမ်းလှမ်းတာတွေကို သူသေချာပေါက် စိတ်မဝင်စားဘူး…” နင်ချဲ့ နောက် စီးကရက် တစ်လိပ်ထုတ်၍ မီးညှိလိုက်ပြီး “ သူ ဂရုစိုက်တာက တိလိရာ့ ကျွန်းအကြောင်းပဲ… အဲ့တာကလွဲရင် ဒီကမ္ဘာကြီးမှာ သူစိတ်ဝင်စားတာ ရှိမှာမဟုတ်ဘူးဆိုတာ ငါလောင်းရဲတယ်… ပြီးတော့ နင်က ဒီ ဘာ ဆက်နွယ်မှုမှ မရှိတဲ့လူကို ငါတို့ရဲ့ ရဲဘော်တွေအတွက် လက်စားချေတဲ့ မစ်ရှင်မှာ လာပြီး ပါဝင်စေချင်နေတယ်… နင့်ကို ဘယ်သူက အဲ့လို အခွင့်အရေး ပေးထားလို့လဲ… နင်က မြုံနေတယ်ဆိုတာနဲ့ပဲ သာမန်အတိုင်း လိင်ဆက်ဆံနိုင်တယ်လို့ ထင်နေတာလား… နင့်ကိုယ်နင် ရယ်စရာကောင်းတယ်လို့ မထင်ဘူးလား….”
“ ဒါပေမယ့် ငါတို့ အကုန်လုံးက ဒီနှစ်တွေထဲ ကောင်းအတူ ဆိုးဘက် ဖြစ်လာတာလေ… ဒါကြောင့်မို့ ငါတို့ရဲ့ အသက်ကို အချိန်မရွေး စွန့်လွှတ် အနစ်နာခံဖို့ ပြင်ဆင်ထားသင့်တာပေါ့….”
“ ငါတို့ရဲ့ စံနှုန်းက တကယ့်ကို အဲ့လို… ဒါပေမယ့် လူတိုင်းကိုလည်း ဒီလိုပဲ ဖြစ်ရမယ်လို့တော့ ဘယ်မျှော်လင့်လို့ ရမှာ….” နင်ချဲ့ နောက်ဆုံး တစ်ရှိုက် ရှိုက်လိုက်ပြီး “ ဒါပေမယ့် နင်လုပ်ခဲ့တာလည်း ကောင်းပါတယ်… သူ့လို လူစားမျိုးက ရည်းစား တော်ဖို့ပဲ ကောင်းတယ်… ရဲဘော်ရဲဘက်ဖြစ်ဖို့တော့ မသင့်ဘူး…”
“ ဟင်း….”
နင်ချဲ့နှင့် ခေတ္တမျှ စကားပြောပြီးနောက် ချိုးယွီလော့ စိတ်ခံစားချက်တို့ ပို၍ ကောင်းမွန်လာသည်။
“ ကဲပါ… ဒီအကြောင်းတွေ ဆက်မပြောကြစို့… အသင်း လူစုထားလိုက်… ငါ အဲ့ကောင်တွေကို ကျိန်းသေပေါက် အလွတ်မပေးဘူး.. လက်စားချေမှကို ရမယ်….”
“ ဘာလို့ ငါလဲ.. နင်က ဘယ်သွားမှာမို့လို့…”
“ ငါ ဆေးရုံသွားစရာ ရှိလို့… နင်တို့နဲ့ နောက်မှဆုံမယ်…”
“ သားဖွားမီးယပ် ဌာနကို သွားမှာတော့ မဟုတ်ဘူးမလား… “
“ ငါက အခုမှ သုံးဆယ်တည်း ရှိသေးတာလေ… တကယ်ကြီး အဲ့ဒီ ပြဿနာသာ ရှိနေလို့ကတော့ ငါ အသက်ဆက် မရှင်ချင်တော့ဘူး ချီးပဲ….”
စခန်းမှ ထွက်ခွာလာခဲ့ပြီးနောက် လင်းရီ ထွက်ခွာရန် အလျင်မလိုခဲ့ပေ။ သူ တစ်နေရာရှာ၍ စားသောက်လိုက်ပြီး တက္ကစီငှား၍ လေဆိပ်သို့ ရောက်ရှိလာသည်။
လင်းရီ လေယာဉ် တက်ဖို့ အချိန်ကျတော့ ချိုးယွီလော့၊ နင်ချဲ့နှင့် ကျန်သူများ လေဆိပ်ထဲမှ ထွက်လာကြသည်ကို မြင်တွေ့လိုက်ရသည်။
လင်းရီကို တစ်ဖန် မြင်တွေ့လိုက်ရတော့ ချိုးယွီလော့၏ စိတ်ဘဝင်မှာ သိသိသာသာ တိုးတက်လာသည်။
နင်ချဲ့ပြောသည့် အတိုင်း လင်းရီကို သူမ ဖြစ်စေချင်သည့် စံနှုန်းနှင့် ကိုက်ညီဖို့ တောင်းဆိုလို့ မရချေ။
သူ့တွင်လည်း သူ့ဘဝနှင့်သူ ရှိပြီး ကျုံးဝေ့တပ်ဖွဲ့နှင့် မကိုက်ညီရုံတင်။
သူ့ရဲ့ စွမ်းရည်နှင့် အဆင့်က အလွန်အမင်း မြင့်မားနေသည်ကတော့ တစ်ခု နှမြောဖို့ကောင်း၏။ အကယ်၍ သူသာ ကျုံးဝေ့တပ်ဖွဲ့ထဲ ဝင်ရောက်ခဲ့မည်ဆိုပါက အနာဂတ်တွင် ကျိန်းသေပေါက် အောင်မြင်မှုကြီးများ ရရှိနိုင်ပေမည်။
သို့ပေမယ့်လည်း သူတို့အားလုံးက မတူညီသည့် လမ်းကြောင်းပေါ်သို့ လျှောက်လှမ်းနေခဲ့ကြပြီး ဖြစ်သည်။ အချို့အရာများက အတင်းလုပ်ယူဖို့ရာ မဖြစ်နိုင်ချေ။
“ ငါတို့နောက် ခိုးလိုက်လာရင်တောင် အလကားပဲနော်… ကျုံးဝေ့တပ်ဖွဲ့က နင့်လို လူစားမျိုးကို မလိုအပ်ပါဘူးလို့ ငါဘော့စ်လျိုကို ပြောပြီးသွားပြီ…” ချိုးယွီလော့ ပြောလိုက်သည်။
“ ဟမ်....” လင်းရီ ချိုးယွီလော့ကို ငကြောင်တစ်ကောင်အား ကြည့်သည့် အကြည့်မျိုးဖြင့် ကြည့်လိုက်ပြီး “ မင်းတို့နောက် လိုက်လာတယ်လို့ ဘယ်သူပြောလဲ… ဘာတွေ လာရူးထနေတာ…”
“ ဒါဆို နင် ဒီမှာ ဘာလဲ လာလုပ်တာ…”
“ ကျုပ်က ကျိုးဟိုင် ပြန်မသွားရတော့ဘူးလား…”
ချိုးယွီလော့ ထူမခြားနားသည့် အမူအရာကို ဆက်လက်ထိန်းသိမ်းထားပြီး “ ကျိုးဟိုင်လေယာဉ်က ထွက်ဖို့ အချိန်မကျသေးဘူး… နင်က ဘယ်လိုလဲ ပြန်မှာ… ဘတ်စ်ကားလိုမျိုး ဒီတိုင်းလာပြီး လေယာဉ်စောင့်လို့ ရတယ်လို့များ နင် ထင်နေတာလား…”
“ ကျုံးဝေ့တပ်ဖွဲ့က မင်းလို ငကြောင်မျိုးကို ဘယ်လိုများ ခေါ်ထားပါလိမ့်…” လင်းရီ သူ့ ကိုယ်ပိုင် လေယာဉ်ကို လက်ညိုးထိုးပြလိုက်ပြီး “ ကျုပ်မှာ ကိုယ်ပိုင် လေယာဉ်ရှိတယ်.. ဒါကြောင့်မို့ အထူး စီးပွားရေး လမ်းကြောင်းကနေ သွားမှာ… ဆင်းရဲမှုက မင်းရဲ့ တွေးခေါ်နိုင်စွမ်းကို မကန့်သတ်စေနဲ့… ဟုတ်ပြီလား...”