← Chapters

အထူးစစ်ဆင်ရေး

Vol. 70 Ch. 1045

အထူးစစ်ဆင်ရေး

Vol. 70 Ch. 1045

" ကိုယ်ပိုင် .. ကိုယ်ပိုင် လေယာဉ် ... "

လူတိုင်း မသိစိတ်မှ ခေါင်းလှည့်ကြည့်လိုက်ကြပြီး သိပ်မဝေးသည့် တစ်နေရာတွင် ရပ်ထားသည့် Gulfstream G650 လေယာဉ်အား မြင်တွေ့လိုက်ကြရ၏။

ထိုအခါမှ လင်းရီ၏ ကြွယ်၀မှုက သူမစိတ်ကူးထားသည်ထက်ပင် ကျော်လွန်နေကြောင်း သိရှိလိုက်ရတော့သည်။

" နောက်ကျရင် မပြောခင် သေချာလေးစဉ်းစား... ဘာပဲဖြစ်ဖြစ် မင်းက အသင်းကို ဦးဆောင်မယ့်သူလေ... မဟုတ်ရင် ကိုယ့်ရဲ့ လက်အောက်ငယ်သားက မင်းကို လှောင်ရီနေလိမ့်မယ်...."

လင်းရီ ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါရမ်းရင်း သူ၏ ကိုယ်ပိုင် လေယာဉ်ထဲသို့ တက်လှမ်းသွားခဲ့သည်။

ချိုးယွီလော့၏ အမူအရာမှာ ကိုးရို့ကားယား နိုင်သွားခဲ့၏။ ပုန်းအောင်းနိုင်မည့် တစ်နေရာလောက် ဗြုန်းကနဲ ပေါ်လာပါစေဟုတောင် သူမ ဆုတောင်းနေမိသည်။

နင်ချဲ့ ချိုးယွီလော့၏ ပခုံးကို လေးလေးနက်နက် ပုတ်လိုက်ရင်း " ငါ ဒီတစ်လျှောက်လုံး ယောက်ျား ရှစ်ရာကျော်နဲ့ ဆုံခဲ့ဖူးတယ်... နင်ရဲ့ ဉာဏ်ဉာဏ်သွေးက သေချာပေါက် သူ့ပြိုင်ဘက် မဖြစ်နိုင်ဘူး... အနာဂတ်မှာ ထပ်မတွေ့နိုင်တော့ဘူးဆိုပေမယ့် တကယ်လို့ ပြန်တွေ့ဖြစ်ခဲ့ရင် နင် နှိမ့်ချပြီးနေသင့်တာ်... အဲ့တာမှပဲ ကိုယ့်ကိုယ်ကို အရှက်မရစေမှာ...."

" ငါတော့ ဘယ်တော့မှ ပြန်မတွေ့ဖို့ပဲ မျှော်လင့်တယ်...."

သူမကိုယ်သူမ တီးတိုးရေရွတ်လိုက်ရင်း ချိုးယွီလော့လည်း သူမ လူများနှင့်အတူ လေယာဉ်ပေါ်သို့ တက်လိုက်သည်။ ဤကိစ္စကို ပြီးဆုံးသွားပြီဟု မှတ်ယူ၍လည်း ရသည်။

တစ်ချိန်တည်းတွင် လင်းရီ လေယာဉ်ကတော့ လေပေါ် ရောက်နေနှင့်ပြီးဖြစ်၏။

သို့ရာတွင် ကျိုးဟိုင်သို့ ပျံသန်းနေခြင်းမဟုတ်။ အမေရိကန် ပြည်နယ်၊ မိုင်ယာမီသို့ ဦးတည်နေခဲ့ခြင်းပင်။

လေယာဉ်ပျံပေါ်တွင် ဆယ်နာရီထက်မနည်း အချိန်ကုန်ဆုံးပြီးနောက် လင်းရီ မိုင်ယာမီ လေဆိပ်တွင် လေယာဉ် ဆင်းသက်လိုက်သည်။

ဒေသ စံတော်ချိန် ကွာခြားမှုကြောင့် ညနေ တစ်နာရီလောက်တော့ ရှိနေပြီးဖြစ်၏။

ကွမ်တန် အပျော်စီး သင်္ဘောကြီးက နောက်ငါးနာရီတွင် စတင် ရွက်လွင့်မည် ဖြစ်သဖြင့် သူ့တွင် တော်တော်လေး အချိန် ပိုလျှံနေသည်။

သူ လေဆိပ်မှ ထွက်လာတော့ ထျန်းရန်မှာ အချိန်အကြာကြီးကတည်းက လာရောက် စောင့်ဆိုင်းနေခဲ့ပြီးဖြစ်သည်။

ထျန်းရန်၏ ၀တ်စုံက မိုင်ယာမီကမ်းခြေ၏ စတိုင်နှင့် လိုက်ဖက်ညီနေသည်။

ပန်းပွင့်ပုံစံ အဖြူနှင့် အစိမ်းရောင် ဂါ၀န်လေးက သူမကိုယ်ပေါ်တွင်တော့ အလွန်တရာကို ဆွဲဆောင်မှု ရှိနေပေတော့၏။

သို့ပေမယ့်လည်း လန်းဆန်းပြီး ငယ်ရွယ်သည့် ၀တ်စုံ အရောင်လေးမှာ ထျန်ရန်၀တ်လိုက်သည့် အချိန်တွင်တော့ သူမ၏ ကြီးမားသည့် ရွှေရင် အစုံတို့ကြောင့် ငယ်ရွယ် လန်းဆန်းမှုတို့ ပပျောက်သွားခဲ့ရ၏။

ထျန်းရန်က ယခင် နှစ်လ ကတည်းကပင် အမေရိကားသို့ ရောက်နှင့်နေပြီး ကမ္ဘာ့ရောင်း၀ယ်ဖောက်ကားမှု ပြုရန်အတွက် ပြင်ဆင်နေခဲ့ခြင်းပင်။ သူမ ပြန်မလာခဲ့သည်မှာ ထိုအချိန်ကတည်းက ဖြစ်သည်။

" ဥက္ကဌလင်း...."

ထျန်းရန် ရောက်လာပြီး လင်းရီကို ခရီးဦးကြိုပြုသည်။

" ဒီမှာ သုံးလတောင် ရှိသွားပြီဆိုတော့ မင်းလည်း တော်တော် ခက်ခဲခဲ့ရမှာပဲ..."

ထျန်းရန် ပြုံးလိုက်သည်။ " ဒါက စင်ဂယ် အမှုဆောင် အရာရှိ တစ်ယောက် ဖြစ်ရခြင်းရဲ့ ကောင်းကျိုးတွေပဲလေ... ကျွန်မ ဘယ်နေရာကိုပဲ ပို့ခံရရ ကိစ္စ မရှိဘူး..."

" မင်းက အရမ်း အကောင်းမြင်တာပဲ..."လင်းရီ ပြောလိုက်ပြီး " တကယ်လို့ ဒါရိုက်တာထျန် လက်ထပ်တဲ့ အချိန်ကျရင် ငါ ဟုန်ပေါင်း ကြီးပေးမယ်လေ..."

" ကျွန်မကတော့ ဥက္ကဌလင်းလောက် ခန့်ညားချောမောတဲ့သူကို တွေ့မှ လက်ထပ်ယူဖို့ ဆုံးဖြတ်ထားတယ်...."

" အဲ့တာဆိုလည်း တစ်ကိုယ်တည်းသာ သေလိုက်တော့...."

ထျန်းရန် ဆွဲဆောင်မှုရှိစွာ တခစ်ခစ် ရယ်မောလိုက်ပြီး တသိမ့်သိမ့် တုန်ခါနေသည့် လှိုင်းလုံးကြီးများအား ဖန်တီးနေတော့သည်။

သူတို့ စကားပြောရင်း ဆိုရင်း ထျန်းရန် လင်းရီကို ကမ်းခြေ အနီးရှိ ဟိုတယ်တစ်ခုထံသို့ ခေါ်ဆောင်လာခဲ့လေသည်။

ဤသည်ကလည်း သူ နောက်ပိုင်း လှုပ်ရှားသည့် အခါကျ လွယ်ကူစေရန်အတွက် လင်းရီမှ ကြိုတင်စီစဉ်ထားခြင်းဖြစ်၏။

နှစ်ယောက်သား ဟိုတယ် စားသောက်ဆိုင်တွင် စားစရာအချို့ အော်ဒါမှာလိုက်ကြသည်။

စားသောက်နေစဉ်တွင် ... လင်းရီ မေးလိုက်၏။

" ဒီက စီးပွားရေး အခြေအနေကော ချောချောမွေ့မွေ့ပဲလား...."

" ကောင်းကောင်းမွန်မွန်တော့ သွားနေပါတယ်... အန်ဒီဂရို့ဖ်ကလည်း တက်တက်ကြွကြွ ပူးပေါင်းပေးတော့ ကျွန်မတို့ အခက်အခဲတွေ မကြုံသလောက်ပဲ..."ထျန်းရန် ပြောလိုက်သည်။

" ကျွန်မ အရင်ရက်တွေတုန်းက ဒါရိုက်တာရှန်းနဲ့ စကားတွေ အများကြီး ပြောဖြစ်ခဲ့သေးတယ်... လက်ရှိ တိုးတက်တဲ့ အခြေအနေအတိုင်းဆိုရင် ဒီက ကျွန်မ အလုပ်တွေက နောက်တစ်လဆိုရင် အဆုံးသတ်တော့မှာတဲ့... နောက်တစ်လဆိုရင် ဖိုတိုလီတိုဂရပ်ဖီစက်က အသင့်ဖြစ်ပြီ...."

လင်းရီ အသက်ပြင်းပြင်း ရှုရှိုက်လိုက်၏။ " ငါ နောက်ဆုံးတော့ အဲ့ပစ္စည်းကို ရတော့မယ်ပေါ့.... "

" အမှန်ပဲ... တော်တော်လေး ရင်ထဲထိဖို့ ကောင်းတယ်နော်... မူကြမ်းကနေ တစ်ဆင့်ချင်း ဒီအဆင့်ထိရောက်အောင် အင်အားတွေ အများကြီး ရင်းနှီးထားခဲ့ရတာ..."ထျန်းရန် အနည်းငယ် စိတ်ခံစားချက် ပြင်းထန်နေပြီး " အချိန်ကျလာရင် ဒီက ကျွန်မတို့ရဲ့ ကုမ္ပဏီနဲ့ Intel ရဲ့ ရှယ်ယာတွေ ပိုင်ဆိုင်ထားတယ်ဆိုတာလည်း ဖော်ထုတ်ခံရတော့မှာ....."

" အချိန်တစ်ခုပါပဲ..."လင်းရီ စက္ကန့် အနည်းငယ် ကြာအောင် တွေးတောလိုက်ပြီး " ငါ့အထင် .. အခုတောင် လူတော်တော်များများက ငါတို့ကို သံသယ ၀င်နေကြပြီ ဟုတ်တယ်မလား.... "

" အမှန်ပဲ... လွန်ခဲ့တဲ့ အပတ်တုန်းက သူတို့ရဲ့ ကုန်ပစ္စည်း တင်ပို့မှုတွေ ရပ်ဆိုင်းချင်တဲ့ ပေးသွင်းသူ နှစ်ယောက်ရှိတယ်... သူတို့က ပို့မယ့် အချိန်အတိအကျကိုလည်း မပြောဘူး... အဲ့ဒီအချိန်ကတည်းက သူတို့နောက်က အရင်းရှင်ကြီးတစ်ချို့ တစ်ခုခုကို အနံ့ခံမိသွားပြီဆိုတာ ကျွန်မ အတပ် သိလိုက်တာပဲ..."

" မင်း ဘယ်လို ဖြေရှင်းလိုက်လဲ...."

ထျန်းရန် ဂုဏ်ယူစွာဖြင့် ဆံပင်ကို လက်ဖြင့် ခါလိုက်ပြီး " ပြည်တွင်း ဥပဒေရဲ့ အားသာချက်ကို သုံးပြီး သူတို့ကို တရားစွဲပစ်လိုက်တယ်လေ.. အဲ့တော့ကျမှ နာနာခံခံနဲ့ ပစ္စည်းတွေ ပို့ပေးတော့တာ... ကံကောင်းတာ ကျွန်မတို့ဘက်က မြန်သွားပေလို့ပေါ့... တကယ်လို့ နောက်ဆယ်ရက် လ၀က်လောက်သာ ကြန့်ကြာနေခဲ့မယ်ဆိုရင် အခြေအနေက တစ်မျိုး ပြောင်းသွားနိုင်တယ်.... "

" ဒီလူတွေရဲ့ စီးပွားရေး အမြင်က တော်တော်လေး ထက်ကြတာပဲ... လျင်လျင်မြန်မြန်နဲ့ တုံ့ပြန်လာကြတယ်... ငါ ထင်ထားတာထက်တောင် ကျော်နေသေး...."

ထျန်းရန် အပို မပြောပဲ ခေါင်းညိမ့်ပြလိုက်သည်။

" ဝေါစထရိက အရင်းရှင်တွေက တကယ့်ကို သာမန်မဟုတ်တာ... အကုန်လုံးက ခွေးတွေထက်တောင် အနံ့ခံ ကောင်းနေသေး...."

" အမှန်ပဲ.. အဲ့ ကဏ္ဍမှာတော့ ဆိုရှယ်လစ်တွေက အရင်းရှင်တွေကို ဘယ်တော့မှ လိုက်မီမှာ မဟုတ်ဘူး... ဘာလို့ဆို ကမ္ဘာကြီးကို လူချမ်းသာတွေကပဲ အုပ်စိုးကြတာ... ဒီတော့ သူတို့ဘက်မှာ ကိုးကားချက်တွေ ပိုရှိတယ်...."လင်းရီ ပြောလိုက်ပြီး " ငါတို့နိုင်ငံနဲ့လည်း မတူဘူး... ငါတို့ ဆီမှာ မင်းက သာမန်လူတွေဆီကနေ ခြင်တစ်ကောင်လို သွေးစုပ်လို့ရတယ်... ဒါပေမယ့် သွေးစုပ်ဖုတ်ကောင် ဖြစ်လာမယ် ဆိုရင်တော့ စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့အစည်းက မင်းမျက်နှာကို လာပြီး ဖြတ်ရိုက်လိုက်လိမ့်မယ်.... "

" ရှေ့သုံးလေးလတုန်းက ဘော့စ်မားလိုပေါ့... ကျွန်မအထင် သူ အခုတလော အချိန်ကောင်းလေးတွေ ရှိမှာ မဟုတ်ဘူးလို့ ထင်တယ်..."ထျန်းရန် အပြုံးလေးဖြင့် ပြောလိုက်သည်။

" ဒါကြောင့်မို့ ငါ အချမ်းသာဆုံးလူ မဖြစ်ချင်တာ... လူတွေ ငါ့အကြောင်း နေ့တိုင်း စဉ်းစားနေကြမယ်ဆိုတာ တွေးမိတာနဲ့တင် ငါ အိပ်လို့တောင် မပျော်ဘူး...."

" ဒါပေမယ့် ဖိုတိုလီတိုဂရပ်ဖီစက် ထွက်ပေါ်လာတာနဲ့ လင်းယွင် အုပ်စုကလည်း နိုင်ငံတကာ စီးပွားရေး ဈေးကွက်ထဲကို ၀င်ရောက်ရတော့မှာ... ဒါက ကျွန်မတို့အတွက် မကြံစဖူး လှိုင်း အသစ် တစ်ခု ဖြစ်လာနိုင်တယ်... "ထျန်းရန် ပြောလိုက်ပြီး " ရှင်က မဖြစ်ချင်ရင်တောင် အချမ်းသာဆုံး ဆိုတဲ့ ရာထူးက ရှင့်လက်ထဲကို ကျရောက်လာမှာပဲလေ... စီးပွားရေးရဲ့ ဆက်စပ်နေတဲ့ အန္တရာယ်တွေကလည်း တစ်ခါတည်း လိုက်ပါလာခဲ့ကြမှာ..."

" ဒီခြေလှမ်းကို အနှေးနဲ့ အမြန် လှမ်းရမှာ အတူတူပဲ... ငါတို့ လမ်းပေါ်မှာ ရှိသမျှကို ကိုင်တွယ်သွားမယ်... အများကြီး စဉ်းစားနေစရာ မလိုဘူး... ငါက အဖိုးတန်တဲ့အရာတွေကို ထိန်းချုပ်နေသရွေ့ ပြဿနာ မရှိပါဘူး... "

လင်းရီကတော့ စားရာသောက်ရာတွင် အလွန်လျင်မြန်လွန်းသည်။ ထျန်းရန်ကတော့ မိန်းမသားဆန်သည့် ပုံရိပ်ကို ထိန်းသိမ်းရမည် ဖြစ်သောကြောင့် အများကြီး မစားခဲ့ချေ။

" ဥက္ကဌလင်း... ရှင် ခဏနေကျရင် ဘာလုပ်ဖို့ စီစဉ်ထားလဲ..."ထျန်းရန် အပြုံးဖြင့် မေးလိုက်ပြီး " ကျွန်မတို့က မိုင်ယာမီ ရောက်နေတာလေ... လမ်းအတူ ကြရင်ကော......."

" မင်း ဒီ တစ်ခါမှ မရောက်ဖူးဘူးလား...."

" ကျွန်မက အမြဲတမ်း အလုပ်ရှုပ်နေတဲ့သူလေ... တကယ်လို့ ရှင်သာ ရောက်မလာဘူးဆိုရင် ကိုယ့်ကိုယ်ကိုတောင် အနားပေးဖြစ်မှာ မဟုတ်ဘူး..."

" ကောင်းပြီ.. သွားစို့... ငါလည်း လုပ်စရာရှိတယ်..."လင်းရီ ပြောလိုက်ပြီး " စကားမစပ် ငါ ဒီရောက်လာတာ ဘယ်သူ့မှ မသိစေနဲ့နော်...."

" အရည်အချင်းရှိ လက်အောက် ငယ်သား တစ်ယောက်အနေနဲ့ ဘော့စ်ရဲ့ လျှို့ဝှက်ချက်ကို ကူ ထိန်း‌သိမ်းပေးရမှာပေါ့.... "

ထျန်းရန် အပြုံးလေးဖြင့် ပြောလိုက်ပြီး " ကျွန်မလည်း ဥက္ကဌကျီ ကျွန်မတို့ နှစ်ယောက်ကြား တစ်ခုခုဖြစ်ထားတယ်လို့ အထင်လွဲမှာကို မလိုချင်ပါဘူး..."

လင်းရီ ထျန်းရန် အရှေ့ရှိ ရင်ဖိုစရာ လှိုင်းကြီးများကို ကြည့်ရင်း " မင်းရဲ့ အရွယ်အစားနဲ့ဆိုရင် တကယ်ပဲ အထင်လွဲလောက်တယ်..."

" ဒီတိုင်း အဆီဖုကြီးတွေပါရှင်... ဒါတွေက ဘာမှ မဟုတ်ပါဘူး..."

" မင်းတို့လူတွေက တကယ်လည်း မတင်းတိမ်နိုင်ကြဘူးပဲ... "လင်းရီ ပြောလိုက်ပြီး " တကယ်လို့ မင်းလို ကြီးတဲ့ မိန်းကလေးမျိုး လိုချင်ရင် တစ်ည ယွမ် နှစ်သိန်းလောက် အနည်းဆုံး သုံးဖို့လိုတယ်... ဒါကြောင့် မင်းတို့က အစကတည်းကရင် သူများတွေထက် ပိုပြီး သာနေပြီးသား...."

" ဥက္ကဌလင်း.. ကျွန်မကိုလာပြီး ဟားတိုက်မနေပါနဲ့.. ဥက္ကဌကျီရဲ့ ပစ္စည်းတွေကလည်း မသေးပါဘူး... "

" အတူတူချင်းပါပဲ... "

ညစာ စားပြီးနောက် လင်းရီ သူ၏ ခရီးဆောင်အိတ်ကို ဟိုတယ်ထဲထား၍ ထျန်းရန်နှင့်အတူ ကမ်းခြေသို့ ရောက်လာခဲ့သည်။

သူမ အမေရိကားသို့ ရောက်ရှိနေသည်မှာ သုံးလကျော် ကြာမြင့်နေပြီး ထိုသုံးလအတွင်းတွင်လည်း တောက်လျှောက် အလုပ်များနေခဲ့သည်။ ထို့ကြောင့် ယခု အချိန်ကို သူမ အနားယူသည့် အချိန်အဖြစ် သဘောထားရင်း အကျိုးအမြတ်တစ်ချို့ ပေးရန် လင်းရီ စိတ်ကူးလိုက်သည်။

သို့ပေမယ့်လည်း သူတို့ နှစ်ယောက် ရေကူး၀တ်စုံ လဲပြီး ကမ်းခြေကိုလာတော့ သူက သူမကို အကျိူအမြတ် ပေးနေခြင်း မဟုတ်ပဲ သူမကသာ သူ့ကို အကျိုးအမြတ်ပေးနေခြင်း ဖြစ်ကြောင်း လင်းရီ သိရှိသွားခဲ့ရသည်။

ဤ ရင်မြွှာအစုံက ရက်ရက်စက်စက် ပိုးဆိုးပက်စက်ကို ကြီးလွန်းလှသည်။

သူမ ပုံမှန်ဆို ဘရာပင် ၀တ်နိုင်ရဲ့လားဆိုတာကတော့ ဖြေရှင်းဖို့ အင်မတန် ခက်ခဲလှသည့် ပုစ္ဆာတစ်ပုဒ် ဖြစ်နေပေတော့၏။

All Chapters