← Chapters

ငါသတ်မယ်

Vol. 70 Ch. 1046

ငါသတ်မယ်

Vol. 70 Ch. 1046

ထျန်းရန် အပေါ်မှ ခြုံလွှာတစ်ထည်ကို ဝတ်ထားပြီး သူမ အပေါ် ကျရောက်နေသည့် အကြည့်များကိုလည်း လျစ်လျူရှုထား၏။

အကယ်၍ တစ်စုံတစ်ယောက်ကသာ သူမ၏ မျက်နှာကို မကြည့်မိဘူးဆိုပါက သူမ၏ ကိုယ်လုံးကိုယ်ပေါက်မှာ ဥရောပနှင့် အမေရိကားရှိ လေဒီတို့နှင့် နှိုင်းယှဉ်နိုင်လု နီးပါး ရှိသည်ကို မြင်တွေ့နိုင်သည်။ ထို့ကြောင့်ပဲ လူအများအပြား၏ အာရုံကို ညို့ငင် ဖမ်းစားနိုင်နေတော့၏။

သူမ အနားရောက်လာပြီး စကားပြောရန် ကြိုးစားကြသူများလည်း မနည်းမနောပင် ရှိသည်။ သို့ပေမယ့် အားလုံးက ထျန်းရန်၏ ငြင်းဆန်ခြင်းကို ခံလိုက်ရ၏။

နိုင်ငံခြားသားများက မဆိုးသယောင် ရှိသော်လည်း သူမ ဘော့စ်နှင့် နှိုင်းယှဉ်လိုက်သည်တွင် ကြီးမားသည့် ကွာဟမှုကြီး ရှိနေပေသည်။

အထူးသဖြင့် ဝမ်းဗိုက်တွင် နေရာ အပြည့်ယူထားသည့် သန်မာသည့် ကြွက်သားထုကြီး ရှစ်ခုပင်။ ထို အသားတုံးကြီးများက မိန်းမတစ်ယောက်ကို မိန်းမောသွားစေနိုင်သည်အထိ ဆွဲဆောင်မှုအား ပြင်းလွန်းလှ၏။

ထိုအခိုက်အတန့်တွင်တော့ ထျန်းရန်ကိုယ်တိုင်လည်း သူမကိုယ်သူမ လောဘကြီးနေမိသည်ဟု ဝန်ခံမိသည်။

နေရောင်ထဲတွင် နေဆာလှုံရင်း နှစ်ယောက်မှာ နေကာမျက်မှန်များ ဝတ်ရင်းဖြင့် ကမ်းခြေတွင် လဲလျာင်းနေခဲ့ကြ၏။

ဤနေရာတွင်တော့ အားလုံးက ရှားပါးလှသည့် မွန်းလွဲပိုင်း နေရောင်ကို မွေ့လျော်နေကြလေသည်။

“ ဥက္ကဌလင်း…. ရှင် မိုင်ယာမီကို ရုတ်တရက်ကြီး ထွက်လာတာ တစ်ခုခု အရေးကြီး ကိစ္စ ကိုင်တွယ်စရာ ရှိလို့မလား… ကျွန်မ ကူညီပေးနိုင်တာများ ရှိလား…” ထျန်းရန် မေးမြန်းလိုက်သည်။

“ အဲ့တာက လျှို့ဝှက်ချက်…”

“ ရှင်က ဒီခရီးစဉ်ကို လျှို့ဝှက်ထားဖို့ပြောပြီး တစ်ယောက်ကိုမှလည်း မသိစေချင်ဘူး… ရှင်ဒီကိုလာတာ ကောင်မလေးတွေနဲ့ ပျော်ပါးဖို့တော့ မဟုတ်ပါဘူး… ဟုတ်တယ်မလား…”

“ ငါက မင်းရဲ့ သူဌေး ဖြစ်နေသေးတုန်းပဲနော်… မင်းသိလား… မင်း အားရင် ချီကြီးဆီကနေ ကြည့်ပြီး သင်ယူသင့်တယ်… ဘာလို့ ဟော်ယွမ်ယွမ်လိုမျိုး ဖြစ်လာနေတာလဲ….”

“ ဒါက သူဌေးအပေါ် ပြသတဲ့ ဂရုစိုက်မှု တစ်မျိုးပဲလေ… တကယ်လို့ ရှင်သာ ဒီက ကိစ္စတွေကို တာဝန်ယူမယ်ဆိုရင် အကျိုးသက်ရောက်မှုတွေက ပိုကောင်းမယ်လို့ ထင်တယ်….”

“ အချမ်းသာဆုံး ဖြစ်ဖို့တောင် စိတ်မဝင်စားတာကို ဒီလို အသေးအမွှားကိစ္စလေးတွေကို ဘာလို့ ဂရုစိုက်နေရမှာ…”

ပြောပြီးနောက် လင်းရီ အဝေး ဆိပ်ကမ်း တစ်နေရာတွင် ရပ်နားထားသည့် ကွမ်တမ် အပျော်စီး သင်္ဘောကြီးအား လက်ညိုးထိုးပြလိုက်သည်။ “ ဒီည အဲ့သင်္ဘောပေါ်မှာ ပွဲတစ်ခု ရှိတယ်… ငါ သွားကြည့်ကြည့်မလို့…”

နာမည်ကြီး သတင်းစာ အကုန်လုံးက ကွမ်တမ် အပျော်စီး သင်္ဘောကြီး အကြောင်း တင်ပြထားပြီး ဖြစ်သောကြောင့် ထျန်းရန်လည်း နည်းနည်းပါးပါးတော့ သိသည်။

သို့တိုင်အောင် လင်းရီ ဤအတွက် ရောက်ရှိလာလိမ့်မည်လို့တော့ သူမ တစ်ခါမှပင် မစဉ်းစားခဲ့ဖူးချေ။

“ ဥက္ကဌလင်း… ကျွန်မကို ခွင့်ပေးလို့မရဘူးလား…. ကျွန်မလည်း သွားကြည့်ချင်တယ်…” “ မရဘူး… အဲ့နေရာက မင်းသွားလို့ ကောင်းတဲ့ နေရာမဟုတ်ဘူး…”

ထျန်းရန်၏ အမူအရာ ပြောင်းလဲသွားခဲ့သည်။ တစ်စုံတစ်ခု မှားယွင်းနေသည်ဟု သူမ ခံစားလိုက်ရ၏။

လင်းရီသည်က သာမန် သူဌေးတစ်ဦး မဟုတ်ချေ။ သူ၏ စည်းမျဉ်းစည်းကမ်းများကို မဆန့်ကျင်သရွေ့တော့ သူမ သွားဖို့ကို ငြင်းဆန်လိမ့်မည် မဟုတ်သည်မှာ သေချာပေသည်။

ယခု သူမကို အမှန်ပင် ငြင်းဆန်သွားခဲ့၏။ ဆိုလိုသည်က ကွမ်တမ် သင်္ဘောကြီးနှင့် ပတ်သက်၍ တစ်စုံတစ်ခု မှားယွင်းနေပြီ ဆိုတာပင်။

သို့ပေမယ့်လည်း ထျန်းရန် အနည်းငယ်တော့ ပဟေဠိ ဖြစ်နေခဲ့မိ၏။ သူမလို လူစားမျိုးကို သူဌေးက ဘာလို့ စိတ်မဝင်စားတာပါလိမ့်..။ သူမ ဤ အဆီဖုကြီး နှစ်ခုကို အားသွန်ခွန်စိုက် ပျိုးထောင်ခဲ့ရသည်မှာ အချည်းနှီး ဖြစ်သွားခဲ့ပြီ မဟုတ်ပေဘူးလော။

“ ကျွန်မ ကြားတာတော့ သင်္ဘောပေါ်တက်ဖို့ VIP ကတ်တွေ ရှိတယ်တဲ့…” ထျန်းရန် သူမ ခြေထောက်များကို နေကာခရင် လိမ်းရင်း ပြောလိုက်သည်။

“ ရှေ့ရက်တွေတုန်းက တိုင်ကွန်းတစ်ယောက် သင်္ဘောပေါ်မှာ ကစားဖို့ ကျွန်မကိုတောင် လာဖိတ်ခဲ့သေးတယ်… သူပြောတာ သူက VIP ချာနယ်ကို အသုံးပြုဖို့ အရည်အချင်းမှီတယ်တဲ့…”

လင်းရီ ခေါင်းညိမ့်လိုက်သည်။ ထိုသို့သော စည်းမျဉ်းမျိုးဖြင့် သူ စိမ်းသက်မနေချေ။

အမေရိကားကို မဆိုထားနှင့် ဟွာရှ၌ပင် အရင်းရှင် အသားပေးသည့် များပြားလှသည့် စည်းမျဉ်းစည်းကမ်းတို့ ရှိပေသည်။

“ VIP လမ်းကြောင်းကို သုံးဖို့ ဘယ်လို အရည်အချင်း မီရတာလဲ…”

“ ကျွန်မ မသိဘူး…” ထျန်းရန် သူမ ခေါင်းကို ခါရမ်းလိုက်ပြီး “ အဲ့တုန်းက ကျွန်မလည်း အလုပ်အရမ်းများနေပြီး ဒီလို ကိစ္စတွေ အာရုံစိုက်ဖို့ အချိန် မပေးနိုင်ဘူးလေ… ဒါပေမယ့် သူ့ကို ဖုန်းဆက်ပြီး မေးကြည့်လို့တော့ ရတယ်… သူ ကျွန်မကို ကူညီပေးမှာ သေချာပေါက်ပဲ…”

“ မလိုပါဘူး.. အဲ့လောက် အသေးအမွှားလေးလောက်ကတော့ ငါ့ဘာငါ လုပ်လည်း ရတယ်…”

ပြောပြီးနောက် လင်းရီ အန်ဒီဂရို့ဖ်ကို ဖုန်းဆက်လိုက်ပြီး အခြေအနေကို တစ်ချက် ပြောပြလိုက်သည်။ မိနစ်အနည်းငယ် ကြာပြီးနောက် သူ ဖုန်းချလိုက်၏။

“ အန်ဒီဂရို့ဖ်က ဘာပြောလဲတဲ့….”

“ ဒေါ်လာ ငါးသန်း ပိုင်ဆိုင်ကြောင်း သက်သေပြဖို့ပဲ လိုတယ်…”

“ ဟွာရှက သူဌေးကြီးတွေ ဒီပြောင်းလာချင်ကြတာလည်း မထူးဆန်းတော့ပါဘူး… သူတို့ ပိုက်ဆံ ရှိရင် ရှိသလောက် တော်ဝင်မျိုးနွယ်တွေလို ဆက်ဆံခံရတယ်… ရိုးရှင်းပြီး ရက်စက်တာပဲ…”

ထျန်းရန် မယုတ်မလွန် ခေါင်းညိမ့်၍ “ အရင်တုန်းက ကျွန်မ သူများပြောတာ ကြားဖူးတာတော့ ပိုက်ဆံသာရှိရင် ဒီမှာ လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကိုတောင် ဝယ်လို့ရတယ်တဲ့… အဲ့တုန်းကတော့ ဘယ်လိုမှ သဘောမထားခဲ့ဘူး… အခု ကျွန်မမှာ ပိုက်ဆံရှိပြီး လူတွေနဲ့ ပိုပြီး ထိတွေ့ကြည့်တော့မှ အမှန်ဆိုတာ သိလာခဲ့ရတာ…”

“ ဒါကြောင့်မို့ ဒီလိုနေရာမျိုးမှာ ချမ်းသာတဲ့သူတွေကလည်း ကျိကျိတက် ချမ်းသာကြပြီး ဆင်းရဲတဲ့ သူတွေကလည်း တကယ့်ကို ဆင်းရဲကြတယ်…”

“ တကယ်ဆို မိုင်ယာမီ မဆိုးဘူးလို့ ပြောလို့ရသေးတယ်… ကျွန်မ ချီကာဂိုမှာ တုန်းကဆိုရင် ညနေ ခြောက်နာရီကျော်တာနဲ့ အပြင်မထွက်ရဲတော့ဘူး… အရမ်း ပရမ်းပတာ ဖြစ်လွန်းတယ်…”

“ ဒါကြောင့်မို့ ဒီမှာနေရင် ဂရုစိုက်ဖို့လိုတာပေါ့… ပိုက်ဆံဆိုတာ ဘာပဲဖြစ်ဖြစ် နောက်ဆုံးကျ ရုပ်ဝတ္ထု ပစ္စည်း သပ်သပ်ပဲလေ… ဒါကြောင့်နဲ့ ပြဿနာဖြစ်ဖို့ မထိုက်တန်ဘူး…”

ထျန်းရန် လင်းရီကို အပြုံးလေးဖြင့် ကြည့်လိုက်ပြီး “ ဥက္ကဌလင်း… ကျွန်မ တစ်နေ့ ဒီမှာနေရင်း မဖွယ်မရာ ပြုကျင့်ခံရမယ်ဆိုရင် ရှင် ဘယ်လိုလဲ လုပ်မှာ…”

“ ငါသတ်မယ်… ငါ လုပ်တဲ့ကောင်ကိုလည်း သတ်မယ်…” လင်းရီ သာမန်လေသံဖြင့် ပြောလိုက်ပြီး “ ပြီးရင် အပိုဘောနပ်စ်အနေနဲ့ သူတို့ တစ်မိသားစုလုံးကိုပါ သတ်မယ်…”

ထျန်းရန် နှစ်ခြိုက်စွာ ပြုံးလိုက်၏။ ထိုကဲ့သို့ အာမခံချက်မျိုးဖြင့် သူမ ဘာကိုမျှ စိုးရွံ့နေရန် မလိုအပ်တော့ချေ။

ညနေ ငါးနာရီ ဝန်းကျင်လောက်တွင် နှစ်ယောက်လုံး ပစ္စည်းပစ္စယတို့အား သိမ်းဆည်း၍ ဟိုတယ်သို့ ပြန်လာခဲ့ကြ၏။

ဒီတစ်ချိန်လုံး ထျန်းရန်သည် လင်းရီဘေးနား ရှိနေပြီး VIP အသိအမှတ်ပြု လက်မှတ် ရရှိရန်အတွက်လည်း ကြိုးစားပေးလျက် ရှိ၏။ အောက်လက် ငယ်သား တစ်ဦးအနေဖြင့် သူမ တတ်စွမ်းသည်ကို အကောင်းဆုံး ကြိုးစားပေးနေသည်။

“ ဥက္ကဌလင်း… ရှင်… ရှင် သင်္ဘောပေါ်ကို အဲ့တာတွေ ယူသွားမလို့လား..”

လင်းရီ စကေဘာနှင့် အနက်ရောင် MOD ခုခံရေး ဓားမြောင်ကို လက်ထဲ ကိုင်ထားနေသည်အား မြင်တော့ ထျန်းရန်၏ အမူအရာမှာ အံ့အားသင့်နေသည့် အရောင် သမ်းသွားခဲ့၏။

အပျော်စီး သင်္ဘောတို့မည်သည် အံ့ဩဖို့ကောင်းလောက်အောင် ပျော်ရွှင်ဖို့ကောင်းလိမ့်မည်မှာ သံသယ ရှိနေရန် မလိုချေ။ သို့သော်လည်းပဲ ဤပစ္စည်းနှစ်ခု၏ တည်ရှိနေမှုကြောင့် လေထုသည်လည်း ရုတ်တရက် ပြောင်းလဲသွားခဲ့တော့၏။

“ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ ယူသွားရုံတင်ပါကွာ…” လင်းရီ သာမန်လျှံကာ ပြောဆိုလိုက်ပြီး “ ငါ မင်းကို ခြောက်လှန့်မိသွားလို့လား..”

“ တကယ်ပဲ…” ထျန်းရန် ခေါင်းညိမ့်လိုက်သည်။ “ ရှင့်လို အဆင့်အတန်းမျိုးနဲ့ လူတောင် ဒီလို ကိရိယာတွေ သယ်သွားဖို့ လိုတယ်ဆိုတော့ ဘာလို့ ရဲရုပ်ရှင် ရိုက်နေသလိုမျိုး ခံစားနေရတာ…”

“ ဟားဟားဟား…. “

လင်းရီ ခေတ္တရပ်တန့်၍ “ ရှုထောင့်တစ်ခုအထိတော့ နည်းနည်းလေး ဆင်တူတယ်…”

ထိုအခါမှပဲ လင်းရီ အဘယ်ကြောင့် သူမကို သင်္ဘောပေါ်သို့ မခေါ်သွားလဲဆိုတာ ထျန်းရန် သိရှိလိုက်ရတော့သည်။ ထိုနေရာက အပေါ်ယံ အမြင်လောက် မရိုးရှင်းသည့် ပုံပင်။

“ ဒါပေမယ့် ဒီတစ်ခါ သင်္ဘောပေါ် တက်ကြမယ့် လူတွေ အကုန်လုံးနီးပါးက ချမ်းသာတဲ့ စီးပွားရေး သမားတွေချည်းပဲ… သင်္ဘောပေါ် မတက်ခင် သူတို့ ဒီပစ္စည်းတွေ ပါမပါ စစ်ဆေးဖို့ သေချာသလောက်ရှိတယ်နော်… ဒီ အပိုင်းမှာတော့ သူတို့က အရမ်းတင်းကြပ်တာ….”

“ အဆင်ပြေပါတယ်… ငါ ဘယ်လို ဖြေရှင်းမလဲ စဉ်းစားပြီးသွားပြီ…”

ထျန်းရန် ခေါင်းညိမ့်၍ ဘာမျှ ဆက်မပြောတော့ချေ။

လင်းရီ၏ စွမ်းရည်နှင့် အဆင့်အတန်းက သူမထက် အများကြီး သာလွန်နေပြီး ဤပစ္စည်းများကို သယ်ဆောင်ဝံ့နေမှတော့ သူ့တွင်လည်း သူ့နည်းသူ့ဟန်နှင့် ရှိရပေမည်။

ဆယ်မိနစ်ကြာပြီးနောက် လင်းရီ ပြင်ဆင်လို့ ပြီးသွားခဲ့၏။

“ ငါ ဒီမှာ ဘာလုပ်စရာမှ မရှိတော့ဘူး… မင်း လုပ်စရာရှိတာ သွားလုပ်တော့… တကယ်လို့ ပြဿနာ တစ်ခုခု တက်ရင် အချိန်မရွေး ဖုန်းဆက်လိုက်….”

“ နားလည်ပါပြီ ဥက္ကဌလင်း…”

ပြောပြီးနောက် နှစ်ယောက်မှာ ဟိုတယ်ထဲမှ ထွက်၍ မတူညီသည့် လမ်းကြောင်းများ ရှိရာဘက်သို့ ဦးတည်လိုက်ကြသည်။

လင်းရီက အပျော်စီး သင်္ဘောဘက်သို့ လမ်းလျှောက်သွားနေပြီး ထျန်းရန်ကတော့ လေဆိပ်ဆီ သွားခဲ့လေသည်။

သင်္ဘောက ရွက်လွင့်ချိန် မတန်သေးချေ။ သို့ပေမယ့် အောက်တွင် တန်းစီနေကြသည့် လူတန်းကြီးက ငါးမီတာလောက် ရှိ၏။ ၎င်း၏ ကျော်ကြားမှုက လင်းရီ စိတ်ကူးထားသည်ထက်ပင် ကျော်လွန်နေတော့သည်။

ရောက်လာကြသူများထဲတွင် ဟွာရှန့်လူမျိုး မျက်နှာသွင်ပြင်နှင့် လူများလည်း ပါရှိပြီး ရင်းနှီးသည်ဟူသော ခံစားချက်မျိုးကို ပေးစွမ်းနေခဲ့၏။

ထျန်းရင် ယခင်က ပြောခဲ့ဖူးသကဲသို့ အမေရိကားက ပို၍ ဖရိုဖရဲ ဖြစ်နေပြီး လှေပေါ်တက်မည့် လုပ်ငန်းစဉ်သည်လည်း ပို၍ပင် ရှုပ်ယှက်ခက်နေသည်။ လေဆိပ်တွင် မြင်တွေ့နေကြ လုံခြုံရေး စက်ကိရိယာ တစ်စုံရှိပြီး ၎င်းတို့က သင်္ဘောပေါ် တက်မည့်သူများ အန္တရာယ် ရှိသည့် လက်နက်တို့ ကိုင်ဆောင်ထားခြင်း ရှိမရှိ စစ်ဆေးနေကြသည်။

သို့သော်လည်း လှေပေါ်သို့ မတက်စဉ်ကပင် ထိုမျှ အခြေခံကျသည့် သတင်းအချက်အလက်ကို လင်းရီ သိရှိထားပြီးဖြစ်၏။ ထို့ကြောင့် သူ လက်ဆွဲအိတ်ထဲတွင် ကာကွယ်သည့် ကိရိယာ တစ်ခုကို ကြိုတင်၍ တပ်ဆင်ထားခဲ့သည်။ ဤမျှ ထောက်လှမ်းသည့် အဆင့်ကိုတော့ ကိုင်တွယ်ရန် ပြဿနာ မရှိချေ။ ထို့ကြောင့် သူ ဘာကိုမျှ စိုးရိမ်မနေချေ။

ထို့ပြင် လင်းရီ သိပ်မဝေးသည့် တစ်နေရာ၌ လှေပေါ်တက်သည့် လမ်းတစ်ခုကို လင်းရီ မြင်တွေ့လိုက်ရ၏။

သို့သော်လည်း ထိုလမ်းက အနည်းငယ် လူပြတ်လပ်နေသည်။

လူသုံးလေး ငါးယောက်လောက်သာ ရှိနေပြီး ရှာဖွေ စစ်ဆေးသည့် ကိရိယာ ဆိုသည်ကလည်း

မရှိချေ။ အရာအားလုံးက သိပ်ကို သာမန်ဆန်လွန်းနေသည်။

ထိုလမ်းကို မြင်တော့ ကောင်းကင်ဘုံမှ သူ့ကို ကူညီပေးနေသည်ဟု လင်းရီ ခံစားလိုက်ရတော့၏။ အံ့အားသင့်နေရန် မလို။ ထိုလမ်းက VIP လမ်းဖြစ်၏။

လုံခြုံရေး စစ်ဆေးသည့် ကိရိယာများ မရှိတော့ သူ့အတွက် အန္တရာယ်လည်း တော်တော်များများကြီးကို လျော့နည်းသွားခဲ့သည်။

လက်ရှ် အခြေအနေကို နားလည်နှင့်ပြီး ဖြစ်သော်လည်းပဲ လင်းရီ သင်္ဘောပေါ်တက်ရန် အလျင်မလိုချေ။

ဘာကြောင့်လဲဆိုသော် ချိုးယွီလော့နှင့် ကျန်သူများလည်း သင်္ဘောတက်ဖို့ ဟန်ပြင်နေကြသည်ကို မြင်တွေ့လိုက်ရသောကြောင့်ဖြစ်သည်။

သူတို့က စုစုပေါင်း လူကိုးယောက် ရှိနေသည်။ အသင်း ၂ မှ လူသုံးယောက်အပြင် နင်ချဲ့ဘေးရှိ မရင်းနှီးသည့် အမျိုးသား နှစ်ယောက်လည်း ရှိနေခဲ့၏။

လင်းရီ အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။ သူ ထို မရင်းနှီးသည့် ကောင်လေးများကို လေဆိပ်တွင် မမြင်တွေ့ခဲ့ဖူးချေ။

သို့သော် ယခု နင်ချဲ့နှင့်အတူ ရပ်နေသောကြောင့် အသင်း ၃ အဖွဲ့၀င်များဖြစ်ကြောင်း ဖော်ပြနေသည်။ ထိုသူတို့က မိုင်ယာမီကို ကြိုရောက်နေကြခြင်း ဖြစ်လောက်၏။

ကိုးယောက်မှ လူသုံးယောက်ဆီ သုံးအုပ်စု ခွဲ၍ မတူကွဲပြားသည့် နေရာ၌ ရပ်နေကြသည်ကို မြင်တော့ လင်းရီလည်း မာ့စ်တပ်ရင်း သူ့အား မှတ်မိခြင်း မရှိစေရန် ပြုလုပ်လိုက်သည်။

ဤ စစ်ဆင်ရေးက သီးသန့် လုပ်ဆောင်ရမည်။

အကယ်၍ နင်ချဲ့တို့သာ သူ့အား မှတ်မိသွားခဲ့မည် ဆိုပါက သူ၏ လုပ်ရပ်များမှာ အဓိပ္ပာယ် မရှိ ဖြစ်သွားပေလိမ့်မည်။

All Chapters