← Chapters

အဲ့လူကို ရှာမတွေ့ဘူး

Vol. 70 Ch. 1048

အဲ့လူကို ရှာမတွေ့ဘူး

Vol. 70 Ch. 1048

လောင်းကစား ပြုလုပ်သည့် ဧရိယာ နေရာရှိ လေထုသည် အလွန်အမင်း လှုပ်ရှားသက်ဝင်လျက် ရှိသည်။

ဤနေရာ၌ အမျိုးသားများသာ ရူးသွပ်နေကြသည် မဟုတ်ပဲ အမျိုးသမီးများပင် တူညီစွာ ရှိနေကြ၏။

အမျိုးသမီး အများစုက လောင်းကြေးငွေ တစ်စက်မျှ မပါလင့်ကစား ကြေးတင်သူတို့၏ ကြွယ်ဝချမ်းသာမှုကို ဘေးမှ အဖော်ပြုရင်းဖြင့် နှစ်ခြိုက်စွာ အသုံးတော်ခံနေကြလေသည်။

လင်းရီကတော့ လောင်းကစား ပြုလုပ်ရန် ဝါသနာ မပါပေ။ အကြောင်းအရင်းကတော့ သူက မည်သို့ လိမ်လည် ကစားရမည်ကို သိရှိနေသောကြောင့်ဖြစ်သည်။

တစ်စုံတစ်ယောက်၏ အရည်အချင်းကသာ လုံလောက်အောင် ကောင်းမွန်နေသရွေ့ ဒေါ်လာ ရှစ်သောင်း တစ်သိန်း ရရှိရန်က ပြဿနာ မရှိချေ။ သို့သော်လည်း ဒေါ်လာ တစ်သန်း အနိုင်ရရှိရန်ကတော့ မဖြစ်နိုင်ချေ။

အကြောင်းအရင်းကတော့ ဒိုင်ဘက်ကလည်း အချိန်အကြာကြီး ဖဲရှုံးနေရန်က ယုတ္တိမတန်သောကြောင့် ဖြစ်သည်။

သို့ဖြစ်စေကာမူ အချိန်အခါကြောင့် လင်းရီ ဒေါ်လာ သောင်းဂဏန်း တန်ကြေးရှိသည့် ချစ်ပ်တစ်ချို့ လဲလှယ်ထား၏။ မဟုတ်ပါက ဤနေရာသို့ တစ်ယောက်တည်း စူးစမ်းနေသည့် သောက်ရူးတစ်ကောင်ကဲ့သို့ ဖြစ်သွားလိမ့်မည်။

“ မစ္စတာလင်း.. ”

လင်းရီ လျှောက်ပတ် စူးစမ်းကြည့်နေစဉ် တစ်စုံတစ်ယောက် စကားပြောသံကို ကြားလိုက်ရ၏။

သူ မထင်မှတ်ပဲ အဲလစ်ဂရို့ဖ်ကို မြင်တွေ့သွားခဲ့သည်။

“ ရှင့်ကို ခုမှပဲ တွေ့ရတော့တယ်…”

“ ငါ့ကို ရှာနေတာလား… မင်း အဖေက ရှာခိုင်းလိုက်တာလား…”

အဲလစ် ခေါင်းညိမ့်လိုက်၏။ “ ကျွန်မက အော်လန်ဒိုကို အလုပ်ကိစ္စနဲ့ ခရီးရောက်နေခဲ့တာလေ… အဖေက ရှင် ဒီမှာ ရောက်နေတယ်ဆိုတာ သိတော့ ချက်ချင်း ပြန်လာခိုင်းပြီး ရှင်နဲ့ အတူ နေခိုင်းလိုက်တာ….”

“ တော်တော်ချစ်ဖို့ကောင်းတဲ့ အဖေပဲ…”

အဲလစ် ခါးသီးစွာ ပြုံးလိုက်ပြီး အနည်းငယ် ဝမ်းနည်းမိသွားခဲ့၏။

အကယ်၍ သူမသာ အရင်တုန်းက ထိုကဲ့သို့ ဆုံးဖြတ်ချက်မျိုး မချမှတ်ခဲ့ဘူးဆိုပါက ယခုလို အခြေအနေမျိုး ဖြစ်လာလိမ့်မည် မဟုတ်ချေ။

“ အကုန်လုံးက အလုပ်ရဲ့ တစ်စိတ်တစ်ပိုင်းတွေပဲလေ…” အဲလစ် ပြောလိုက်ပြီး “ ဒါပေမယ့် ရှင်ဒီကို ရောက်နေတာကတော့ ကျွန်မ တော်တော်လေး အံ့ဩမိတာ သိလား… ဒီနေရာက လူချမ်းသာတွေ လောင်းကစား လုပ်တဲ့ နေရာလေ… ညစ်ညမ်းတဲ့ ကိစ္စတွေမှ အများကြီးပဲ… ကျွန်မ မှတ်မိသလောက်ဆိုရင် ရှင်က အဲ့လို လူစားမျိုး မဟုတ်ပါဘူး…”

“ မင်း ငါ့ကို တော်တော်လေး အကောင်းမြင်ထားတာပဲ..” လင်းရီ အပြုံးလေးဖြင့် ပြောလိုက်သည်။ တစ်ချိန်တည်းတွင် ဤပင်လယ်ရေကြောင်း ခရီးကိုလည်း အကြမ်းဖျင်း နားလည်သွားခဲ့၏။

“ ရှင် ဘယ်လိုလူစားမျိုးလဲဆိုတာ ကျွန်မတို့ အားလုံး သိပြီးသားပဲလေ… အဲ့လို မဟုတ်လို့လား…” အဲလစ် ပြောလိုက်ပြီး “ ကျွန်မ ဟွာရှန့်လူမျိုးတွေ အများကြီးနဲ့ ဆုံခဲ့ဖူးတယ်… တစ်ယောက်မှ ကျွန်မကို မခြောက်လှန့်နိုင်ကြဘူး… ရှင်က တစ်ဦးတည်းသောလူပဲ….”

“ ကောင်းပြီ… ငါ့ကို မြှောက်ပင့် ပြောနေတာတွေ တော်လိုက်တော့…” လင်းရီ ဘေးဘီကို ကြည့်လိုက်ရင်း သံသယဖြစ်ဖို့ ကောင်းသည့် လူတစ်ဦးတစ်ယောက်ကိုမျှ သတိမထားမိသောကြောင့် သာမန်လျှံကာ လေသံဖြင့် “ မင်း အဖေဘက် အခြေအနေဘယ်လို ရှိလဲ… Intel ရဲ့ ဒါရိုက်တာ ဘုတ်အဖွဲ့ဝင်တွေက သူ့ကို သံသယ ရှိနေကြပြီလား…”

အဲလစ်၏ မျက်နှာ အမူအရာ အနည်းငယ် ဝိရောဓိ ဖြစ်သွားခဲ့ပြီး “ သိပ်တော့ မဟန်ဘူး… အဖေက ဒီတစ်လျှောက်လုံး ဒါရိုက်တာထျန်နဲ့ တော်တော်လေး ရင်းနီးနေတော့ ဒါရိုက်တာ နှစ်ယောက်က သတိထားမိသွားခဲ့ပြီ… ကျွန်မအထင်…. သူတို့ သိပ်မကြာခင် လှုပ်ရှားကြလိမ့်မယ် ထင်တာပဲ… အဲ့ခါကျ ကျွန်မ အဖေလည်း ဖော်ထုတ်ခံရတော့မှာ….”

“ အခြေအနေက သိပ်ကောင်းမနေဘူးပဲ…”

ထျန်းရန် ဖော်ထုတ်ခံရမည့် အရေးကို လင်းရီ အချိန်အတော်ကြာကတည်းက မျှော်လင့်ထားပြီးဖြစ်သည်။ သို့ပေမယ့် အန်ဒီဂရို့ဖ်သည်လည်း သံသယ ဖြစ်ခံလိုက်ရလေသည်။ ၎င်းကိုတော့ သူ မျှော်လင့်မထားခဲ့ချေ။

အဆုံးတွင်တော့ သူ ဝေါစထရိရှိ အရင်းရှင်ကြီးများအပေါ် သူ အထင်သေးနေခဲ့စဲပင်။

“ အမှန်ပဲ… ကျွန်မ ဒီတစ်ကြိမ် အော်လန်ဒိုကို ရောက်နေတုန်းက နောက်ကနေ လိုက်ပြီး ထောက်လှမ်းနေကြတဲ့သူတွေတောင် ရှိတယ်… ဒါပေမယ့် ကျွန်မ သူတို့ကို ခါချခဲ့တယ်လေ…”

“ ငါ မင်းတို့ရဲ့ မိသားစု အရေးကို ဝင်စွက်ဖက်မှာ မဟုတ်ဘူး…” လင်းရီ ပြောလိုက်ပြီး “ ငါ မင်းအဖေကို ပေးတဲ့ ငွေက သူ အနားယူဖို့ ကောင်းကောင်းကြီး လုံလောက်တယ်…”

“ ကျွန်မလည်း သိတယ်… ကျေးဇူးပါ မစ္စတာလင်း…”

လင်းရီ ခေါင်းညိမ့်လိုက်ပြီး ထိုအကြောင်းကို ဆက်မပြောတော့ချေ။ သူ မေးလိုက်၏။

“ ဒါက သင်္ဘောပေါ်မှာရှိတဲ့ အပန်းဖြေစရာ အကုန်ပဲလား… တခြား ဘာမှ မရှိတော့ဘူးလား…”

“ ဒါတွေအပြင် ကျန်တဲ့ အပန်းဖြေစရာဆိုလို့ မိန်းမနဲ့ ပတ်သက်တာတွေပဲ ရှိတော့မှာ… မစ္စတာလင်းက အဲ့လို လူစားမျိုး မဟုတ်ဘူးမလား..”

“ ဘာလို့ မဟုတ်ရမှာ… ငါက ဘုန်းကြီးလည်း မဟုတ်….”

“ တကယ်လို့ မစ္စတာလင်း တစ်ခုခု လိုအပ်တယ်ဆိုရင် ကျွန်မဆီ လာရှာလို့ ရနေတာပဲ… အနည်းဆုံးတော့ ကျွန်မက အဲ့ဒီ မိန်းကလေးတွေထက် ပိုပြီး သန့်ရှင်းနေတာပေါ့…”

“ အာ…. ငါပြောနေတာ အဲ့ကိစ္စ မဟုတ်ဘူး…”

လင်းရီ ဟောခန်းမထဲရှိ လူများကို လက်ညိုးထိုးပြရင်း “ ငါ့စိတ်ထဲ ဒီလူတွေက နည်းနည်းလေး အဆင့်နိမ့်နေသလားလို့…”

အဲလစ် အနည်းငယ် စိတ်ထွေသွားခဲ့သည်။ “ ဒါက သင်္ဘောပေါ်မှာ မရှိမဖြစ် ရှိသင့်တဲ့ အရာပဲလေ… ဒါပေမယ့် တစ်ချို့လူတွေကတော့ တစ်ယောက်တည်း အခန်းထဲမှာ သီးသန့်နေကြတယ်… သူတို့ ဘာတွေ လုပ်ကြလဲတော့ ကျွန်မတို့လည်း မသိဘူးပေါ့… ဒါပေမယ့် မိန်းမနဲ့ လောင်းကစား မပါဘဲနဲ့တော့ သူတို့ ဘာမှ လုပ်လို့ရမှာ မဟုတ်ဘူး… အိုး ဟုတ်သား… တရားမဝင် စီးကရက်(မူးယစ်ဆေး)တွေ သောက်တာကိုလည်း ဒီမှာ ခွင့်ပြုထားသေးတယ်..”

လင်းရီ ခေါင်းညိမ့်လိုက်၏။ သူ့စိတ်ထဲ ဤနေရာနှင့် စပ်လျဉ်းပြီး မျှော်လင့်ချက် သိပ်မရှိတော့ချေ။

သူ၏ လက်တော့မှ စကန်ဖတ်ခြင်း ပြီးဆုံးသည်အထိ စောင့်ဆိုင်းရပေမည်။ ချိုးယွီလော့နှင့် ကျန်သူများ အဖို့တော့ သူတို့က ပို၍ပင် အမှောင်ထဲ ရောက်နေကြလိမ့်မည် ဖြစ်ကြောင်း လင်းရီ ခန့်မှန်းထားသည်။

အဘယ်ကြောင့်ဆိုသော် သူမအား ကူညီထောက်ပံ့ပေးနိုင်မည့် အလွန်နည်းပါးသည့် အသုံးဝင်သော သတင်းအချက် အလက် တချို့ရှိနေမည်မှာ သေချာနေသောကြောင့် ဖြစ်၏။

ခန်းမထဲ လှည့်ပတ် လမ်းလျှောက်ကြည့်ပြီးနောက် လင်းရီနှင့် အဲလစ်တို့ ထမင်းစားသည့် နေရာသို့ သွား၍ တစ်ခုခု စားသောက်လိုက်ကြသည်။

စားသောက်ဆိုင်၏ ဒီဇိုင်းနှင့် အပြင်အဆင်ကတော့ မီချယ်လင်း ကြယ်သုံးပွင့်ဆိုင်တို့၏ စံနှုန်းအတိုင်း ပြုလုပ်ထားပေသည်။

ထို့ပြင် နိုင်ငံ အသီးသီးမှ ဟင်းလျာများကိုလည်း ထောက်ပံ့ပေးထားသေး၏။ တော်တော်လေး စဉ်းစားတွေးခေါ်တတ်သည်ဟုလည်း ပြော၍ရသည်။

ညစာ စားပြီးနောက် အဲလစ် လင်းရီကို လမ်းအတူ လျှောက်ရန် ဖိတ်ခေါ်ချင်နေခဲ့သည်။ သူမ အဖေ ပေးထားသည့် မစ်ရှင်က လင်းရီကို အဖော်ပြုပေးရန်ပင်။

သို့သော်ငြားလည်းပဲ ခက်သည်က လင်းရီတွင် အခြားအတွေးတို့ ရှိမနေခဲ့ချေ။ သူမကို လိုက်ပို့ပေးပြီးနောက် သူ့အခန်းသူ ပြန်လာခဲ့၏။

တံခါးကို လော့ခ်ချပြီးနောက် လင်းရီ လက်တော့ကို ကိုင်လိုက်သည်။ သတင်းအချက် အလက် စုဆောင်းပြီး စကန်ဖတ်နေသည့် ဖြစ်စဉ်က ပြီးဆုံးသွားပြီ ဖြစ်ကြောင်း သတိထားမိသွားခဲ့သည်။

ကျန်သည်ကတော့ သူအလိုရှိသည့်လူကို ရှာဖွေရန်ပင်။

သင်္ဘောပေါ်တွင် လူချမ်းသာ များများစားစား မရှိသော်လည်း နှစ်ရာကျော်လောက်တော့ ရှိနေသည်။ လင်းရီ အဖို့ ထိုသည်က နည်းပါးသည့် ပမာဏ ဟုတ်မနေချေ။

“ ဟမ်… သူ ဘာလို့ ဒီရောက်နေတာလဲဟ….”

လင်းရီ ပစ်မှတ်ကို ရှာဖွေနေတခိုက် အာယာနဲ မစ်ဆူ၏ နာမည်ကို မြင်တွေ့လိုက်ရသည်။

နာမည်တူညီသည့် အခြားလူတစ်ယောက် ဖြစ်နေလိမ့်မည်လို့တော့ လင်းရီ မထင်ချေ။ သို့သော်လည်းပဲ သူမ၏ ထွက်ပေါ်လာမှုကတော့ သိပ်ကို ထူးဆန်းနေခဲ့တော့၏။

တစ်ချိန်တည်းတွင် ထိုအချင်းအရာက လင်းရီကို သံသယ ဖြစ်ပွားသွားစေသည်။

အာယာနဲ မစ်ဆူသည်က မစ်ဆူစီးပွားရေး အုပ်စု၏ အကြီးဆုံး သမီးတော် ဖြစ်ပြီး သူမ၏ ရာထူးအဆင့်အတန်းက တော်တော်လေးလည်း စကားပြောသည်။

သူမကိုယ်တိုင် ပြုလုပ်သည့် မည်သည့်အရာကမျှ မရိုးရှင်းနိုင်ချေ။

ထိုသို့ဆိုပါက သူမကိုယ်တိုင် ဤနေရာသို့ ရောက်လာရအောင် မည်သည့်အရာကများ ဆွဲဆောင်နေခဲ့သနည်း။

“ ချီးပဲ..”

လင်းရီ ရုတ်တရက် ဖြစ်နိုင်ချေ တစ်ခုကို တွေးတောမိသွားခဲ့၏။

စခန်းတွင် အစည်းအဝေးပြုလုပ်စဉ်က ဂျင်မီ အမည်မသိ လူတစ်ယောက်နှင့် ဘက်စ် သတ္တုရိုင်း ဖလှယ်မည်ဟု လျိုဟုန် ပြောခဲ့လေသည်။

ထိုသို့ဆိုပါက အဆိုပါ အမည်မသိသည် အာယာနဲမစ်ဆူ မဖြစ်နိုင်ပေဘူးလော။

စဉ်းစားကြည့်လိုက်တော့ ဖြစ်နိုင်ချေက အရမ်းများနေသည်ဟု လင်းရီ ခံစားလိုက်ရ၏။

မဟုတ်ပါက အာယာနဲ မစ်ဆူကိုယ်တိုင် အကြောင်းအရင်း မရှိ သင်္ဘောပေါ်သို့ ရောက်ရှိလာလိမ့်မည် မဟုတ်ပေ။ သူမ၏ အချိန်က တန်ဖိုးရှိလွန်းသည် မဟုတ်ပါလား။

လင်းရီ အသက်ပြင်းပြင်း ရှူရှိုက်ရင်း အာယာနဲ မစ်ဆူကိစ္စကို ဘေး ခေတ္တ ချိတ်ထားလိုက်သည်။

ပထမ ဦးစားပေးက ဂျင်မီဆိုသည့် ငနဲသားကို ရှာဖွေဖို့ရာပင်။ မဟုတ်ပါက သူလာခဲ့သည့် ခရီးစဉ်မှာ အချည်းနှီး ဖြစ်သွားပေလိမ့်မည်။

သို့သော်လည်း လင်းရီကို စိတ်ပျက်သွားစေခဲ့သည်က သူ တစ်နာရီကျော်ကြာသည်အထိ သုံးကြိမ်တိုင်တိုင် ရှာဖွေခဲ့သည်တောင်မှ လိုက်ပါလာသူ စာရင်းတွင် ‘ ဂျင်မီ ‘ ဆိုသည့် နာမည်ကို ရှာမတွေ့ခဲ့ခြင်းပင်။

လင်းရီ မျက်မှောင်ကြုတ်လိုက်ပြီး တစ်ခုခု မူမမှန်နေသည်ကို ခံစားလိုက်ရ၏။

ယုတ္တိရှိရှိ ပြောရမည်ဆိုပါက ဂျင်မီ၏ အဆင့်အတန်းဖြင့် အကယ်၍ သူ သင်္ဘောပေါ် လိုက်ပါလာမည်ဆိုလျှင် သေချာပေါက် လေးလွှာနှင့် အထက်တွင် ရှိရပေမည်။

သို့သော်လည်း ယခုအချိန်အထိ ထိုငနဲ၏ ခြေရာ လက်ရာ တစ်စုံတစ်ရာကိုမျှ တွေ့ရခြင်း မရှိသေးချေ။

ဤသည်ကို သတိပြုမိတော့ လင်းရီ အတွေးနက်သွားခဲ့ရသည်။ ဖြစ်နိုင်သည်က…. စုံထောက် ဒရာမာကားထဲကကဲ့သို့ သူ၏ အထောက်အထားကို ဖုံးကွယ်ရန်လို့ငှာ သာမန်လူများနှင့် နှီးနှောနေသည်လော။

ဤသည်ကလည်း ဖြစ်နိုင်သည်။ ဘက်စ် သတ္တုရိုင်းများက အင်မတန် ရှားပါးလွန်းပြီး တရားမဝင် ပစ္စည်းအဖြစ် သေချာပေါက် သတ်မှတ်ထားခံရမည် ဖြစ်သည်။ သူ ဂရုစိုက်မည်ဆိုလျှင်လည်း ၎င်းက သာမန်ပင်။

ထိုအကြောင်း စိတ်ထဲ ထားရင်း လင်းရီ လက်တော့ကို ပြန်ယူ၍ ပထမထပ်နှင့် တတိယထပ်ရှိ ဧည့်သည်များ စာရင်းကို စတင် စစ်ဆေး ရှာဖွေတော့သည်။

ကံဆိုးစွာဖြင့် နှစ်နာရီကျော် ကြာပြီးသည့်တိုင်အောင် လင်းရီ ဂျင်မီဆိုသူကို ရှာမတွေ့နိုင်သေးချေ။

ထို့အပြင် သူ လူတစ်ယောက်ကိုမျှ မကျော်သွားခဲ့သည်မှာ သေချာလေသည်။ အနှစ်ချုပ်လိုက်မည်ဆိုပါက သူ အသည်းအသန် ရှာဖွေနေသည့် ဂျင်မီဆိုသူသည် ဤသင်္ဘောပေါ်တွင် မပါလာခဲ့ချေ။

“ ချီးပဲ… ဟိုသောက် တပ်ဖွဲ့ ရထားတဲ့ သတင်းကပဲ မှားနေတာလား….”

All Chapters