← Chapters

ပစ်မှတ် ပေါ်လာပြီ

Vol. 70 Ch. 1050

ပစ်မှတ် ပေါ်လာပြီ

Vol. 70 Ch. 1050

လင်းရီ အာယာနဲ မစ်ဆူကို သေချာအကဲခတ်ရင်း မေးစေ့ကို ကုတ်ခြစ်လိုက်သည်။

" မင်းဘက်က ဒီလောက်ထိ ပြောလာပြီးတာတောင် ဆက်ပြီငြင်းဆန်နေရင် ငါ မိုက်မဲရာ ကျသွားမှာပေါ့...."

" ကျေးဇူး တင်ပါတယ် မစ္စတာလင်း... အခုလို အခွင့်အရေး ရတဲ့အတွက် ကျွန်မကသာ ဂုဏ်ယူရမှာပါ...."

" ဂျပန် အမျိုးသမီးတွေက မင်းလိုပဲ နိမ့်ချလေ့ ရှိကြတာလား... "

" ကိုယ်နှစ်သက် သဘောကျနေတဲ့ ယောက်ျားသားရဲ့ရှေ့မှာ နည်းနည်းလေး နိမ့်ချလိုက်လို့လည်း ဘာမှ ဖြစ်မသွားဘူးလေ..."

" ကျစ် ကျစ် ... ဘာလို့ ဂျပန်မလေးတွေ နာမည်ကြီးနေလဲဆိုတာ ခုမှပဲ အဖြေပေါ်တော့တယ်... လူကိုယ်တိုင် တွေ့လိုက်ရတော့ တကယ့်ကို မျက်စိပွင့် နားပွင့်ပါပဲ..."

" မစ္စတာလင်း.. စိတ်မပူပါနဲ့... ဒီအတွက် ကျွန်မမှာ ဘာ မကောင်းတဲ့ ရည်ရွယ်ချက်မျိုးမှ မရှိပါဘူးနော်... ကျွန်မရဲ့ ပန်းဦးကို ပိုင်ဆိုင်ပေးဖို့ပဲ အလိုရှိတာပါ...."

အာယာနဲ မစ်ဆူ ထိုင်နေရာမှ မတ်တပ်ရပ်လိုက်ပြီး သူမ ၀တ်စုံ၏ ဇစ်ကို ဖြည်းညင်းစွာ ဖြည်ချလိုက်သည်။ ဖြူဖွေး ၀င်းမွတ်နေသည့် အသားအရေမှာ မျက်စိရှေ့ ထွက်ပေါ်လာပြီး ဘရာကြိုး အနက်ရောင် တစ်ချောင်းကိုလည်း မြင်တွေ့နေရ၏။ ဤကဲ့သို့ လျို့ဝှက်အပ်သည့် နေရာတစ်ချို့ကို ဖုံးကွယ်ထားသည့် အလှတရားက သူမ၏ ကိုယ်လုံးတီးပုံစံကို ကြည့်ရှုရသည်ထက်ပင် ပို၍ စိတ်၀င်စားဖို့ကောင်းနေတော့၏။

အာယာနဲ သူမ၏ ပွဲတက်၀တ်စုံကို ချွတ်ချလိုက်ပြီး အတွင်းခံ သပ်သပ်ဖြင့် လင်းရီရှေ့ မတ်တပ်လျက် ရှိသည်။

" ရှင့်အတွက် ရေဖြည့်ထားပေးပါ့မယ်... "

" ကျစ် ကျစ်... "လင်းရီ နှုတ်ခမ်း တွန့်ကွေး တက်သွားခဲ့သည်။

အာယာနဲ မစ်ဆူကို ငြင်းဆန်နိုင်ဖို့ဆိုတာ တော်တော်လေး ခက်ခဲတဲ့အရာပဲ....

မကြာမီ ရေချိုးခန်းထဲ ရေများ ပြေးလွှားနေသည့် အသံတို့ ထွက်ပေါ်လာခဲ့သည်။

အာယာနဲ မစ်ဆူမှ ထွက်လာရန် အလျင်မလိုပဲ လင်းရီသည်လည်း ၀င်သွားဖို့ ရည်ရွယ်ချက် မရှိချေ။ လေထုက ဖိစီး သိမ်မွေ့သ‌ယောင် ရှိနေသည်။

အာယာနဲ ဘုံဘိုင်ခေါင်းကို ပိတ်တော့မည့် အချိန်တွင်ပဲ တံခါးကို ဝုန်းဒိုင်းပြုနေသည့် အသံများအား ကြားလိုက်ရ၏။

သူမ ပြေးထွက်လာပြီး လင်းရီကို ကြည့်လိုက်သည်။ ဘာဖြစ်နေလဲဆိုတာကို သူမ သိချင်နေသည်။

လင်းရီ ကိုယ်ကို ကုန်း၍ သူမ၏ အ၀တ်များကို ကောက်ပစ်ပေးလိုက်သည်။

" အ၀တ်တွေ အရင်ပြန်၀တ်လိုက်..."

" အင်း... "

အာယာနဲ အ၀တ်များကို ကောက်ယူ၍ ၀တ်ဆင်လိုက်ပြီး ကျယ်လောင်သည့် အသံဖြင့် " အပြင်မှာ ဘာဖြစ်နေကြတာလဲ...."

ခရက်....ဘုန်း

အပြင်ဘက်မှ ပြန်ဖြေသည့် အသံ ထွက်ပေါ်မလာချေ။ ထိုအစား ချိုးဖြတ်ခံလိုက်ရသည့် အသံကသာ ထွက်ပေါ်လို့ လာခဲ့၏။

တံခါးမှာ တွန်းဖွင့်ခံလိုက်ရပြီး အမျိုးသား သုံးယောက် ၀င်ရောက်လာခဲ့သည်။ အာယာနဲ၏ ဘော်ဒီဂတ် နှစ်ဦီးကတော့ ကြမ်းပြင်တွင် လဲလျောင်း အိပ်စက်နေရချေပြီ။

ရိုရှီ ဟီဂါရှီနို မည်သည့် အမျိုးသမီးသည်လည်း ထို့အတူပင်။

သို့ပေမယ့်လည်း သူမ၏ အခြေအနေက နည်းနည်းလေး ပိုကောင်း၏။ သို့‌သော် လှုပ်ရှားနိုင်စွမ်းတော့ ကင်းမဲ့နေသည်။

၀င်ရောက်လာသည့် လူသုံးယောက်ကို မြင်တော့ လင်းရီ သူငယ်အိမ် မှေးကျဉ်း သွားခဲ့သည်။

ဤလူက သူရှာနေခဲ့သည့် ဂျင်မီဆိုသူပင်။

" ရှင် ဒါ ဘာလုပ်တာလဲ..." အာယာနဲ အေးစက်စွာ မေးမြန်းလိုက်၏။

" မင်းတို့ရဲ့ အပျော်လေးကို နှောင့်ယှက်လိုက်မိတာ စိတ်မကောင်းပါဘူး..."

အာယာနဲ မစ်ဆူ၏ ဖရိဖရဲဖြစ်နေသည့် အ၀တ်အစားများကို မြင်တော့ ဂျင်မီ မည်သည်ကိုမျှ ဖုံးကွယ်ထားခြင်း မရှိဘဲ တပ်မက်သော အကြည့်တို့ဖြင့် စူးစိုက်ကြည့်လျက် ရှိ၏။

သူ့ကြည့်ရသည်မှာ အကောင်လိုက် ဝါးမျိုချင်နေသည့်ပုံပင် ပေါ်သည်။

အာယာနဲမစ်ဆူ၏ အမူအရာက တည်ငြိမ်လို့နေသည်။ သူမရှေ့ ရောက်နေသူကို လုံး၀ ထိတ်လန့်နေခြင်း မရှိချေ။

" ရှင် ဒီလိုလုပ်တာ မစ်ဆူ မိသားစုကို အရိုအသေ တန်တာနဲ့ အတူတူပဲဆိုတာ သိလား..."

" အဲ့လိုမဟုတ်သေးဘူးလေ မိန်းကလေး မစ်ဆူကလည်း... အဲ့လိုကြီးတော့ မပြောလိုက်ပါနဲ့..."ဂျင်မီ၏ အမူအရာမှာ အလွန်အမင်းချဲ့ကားလျက်ရှိသည်။ သို့သော် သူ့မျက်နှာထက်တွင်တော့ ကြောက်ရွံ့စိတ် တစ်စက်မျှ ရှိမနေချေ။

" မင်းရဲ့ မစ်ဆူ မိသားစုက ကမ္ဘာတစ်လွှားမှာ လွှမ်းမိုးနိုင်စွမ်းရှိတယ်... ပုံမှန်ဆို ငါတို့ ယှဉ်သာနိုင်တဲ့ အရာမဟုတ်ဘူး... ငါ ဘာလို့ မင်းကို လာပြီး ငါနဲ့ ကုန်သွယ်စေချင်တယ်ဆိုတာကလည်း မလိုလားအပ်တဲ့ မတော်တဆမှုတွေကို ရှောင်ကြဉ်နိုင်အောင်လို့ပဲ... ဒါပေမယ့် မင်းက သဘောမတူမှတော့ ငါလည်း လူကိုယ်တိုင် လာရုံရှိတော့တာပေါ့... ခုလေးတင် ရိုင်းပြမိသလို ဖြစ်သွားတာကို မစ်ဆူ မိန်းကလေး စိတ်မရှိပါနဲ့...."

တိုက်ရိုက် ပြန်ဖြေမည့် အစား သူမ ဂျင်မီ လက်ထဲရှိ သေတ္တာပေါ် သို့ အကြည့်ရောက်သွားခဲ့သည်။

" ရှင့်နဲ့ လေကုန်မခံနိုင်ဘူး... ရှင့်ဘက်က ယူလာခဲ့ပြီးပြီ ဆိုမှတော့ ပိုက်ဆံနဲ့ ပစ္စည်းကို လက်လွှဲပေးလို့ရပြီ..."

" ပြဿနာ မရှိဘူး... ဒါပေမယ့် ဒီနေရာမှာ မျက်စိရှုပ်စရာလေးတွေ ရှိနေတယ်... သူတို့ကို အရင် ကိုင်တွယ်လိုက်ကြရင် ပိုမကောင်းဘူးလား...."

" သူက ကျွန်မလူ... ရှင် သူ့ကို ထိရဲထိကြည့် ဒီနေ့ ကိစ္စ ပျက်ပြီပဲ... ရှင့်ကိုပါ ဒီကမ္ဘာပေါ်ကနေ ပျောက်ကွယ်သွားအောင် လုပ်ပစ်လိုက်မယ်...."

အာယာနဲ မစ်ဆူ လင်းရီကို သဘောကျချင် ကျလိမ့်မည်။ သို့သော်လည်း သူ့အတွက် ဘာမဆို ပေးဆပ်ရလောက်သည်အထိတော့ ဟုတ်မနေချေ။

ယခုလို ပြောလိုက်သည် ဆိုတာကလည်း လင်းရီကို သူမအနား ခေါ်ထားချင်သောကြောင့်သာ ဖြစ်၏။

သူမ လင်းရီ၏ အရည်အချင်းကို ကောင်းကောင်း သိသည်။ သူ ရှိနေမည်ဆိုပါက သူမကိုပါ ကာကွယ်ပေးထားသလို ဖြစ်နေပေမည်။

နှစ်ယောက်မှာ အများကြီး ရင်းနှီးသည် မဟုတ်သော်ငြား အကူအညီ တောင်းခံဖို့ရာတော့ ပြဿနာ ရှိမည် မဟုတ်ချေ။

ထို့ကြောင့် မည်သို့ပင် ဖြစ်လာပါစေ။ သူမ လင်းရီကို သူမအနားကနေ ခွာခွင့် ပေးလိမ့်မည် မဟုတ်ပေ။ ဤသည်က သူမ၏ တစ်ခုတည်းသော အာမခံချက် ဖြစ်၏။

ဂျင်မီ လင်းရီကို အထက်အောက် အစုန်အဆန် အကဲခတ်ကြည့်လိုက်သည်။ ထို့နောက် အာယာနဲ မစ်ဆူကို ကြည့်လိုက်၏။

" သူ ဘယ်သူလဲ ငါ စိတ်မ၀င်စားဘူး... ငါတို့ရဲ့ အပေးအယူကို မထိခိုက်သရွေ့ အဆင်ပြေတယ်...."

" မဆိုင်တဲ့လူတွေကို ဒီထဲ ၀င်ပါခွင့် ပြုရလောက်အောင် ကျွန်မကရော တုံးအတယ်လို့များ ရှင်ထင်နေတာလား...."

အကယ်၍ ဖြစ်နိုင်မည်ဆိုပါက အာယာနဲ မစ်ဆူလည်း လင်းရီကို ဤနေရာ၌ ရှိမနေစေချင်ပေ။ သို့‌ပေမယ့်လည်း သူမတွင် ရွေးချယ်စရာက မရှိ။ အဘယ်ကြောင့်ဆိုသော် ရွှေနက် ကော်ပိုရေးရှင်းမှ လူများက အကျိုးဆက်ကို မကြောက်မရွံ့ လုပ်ဆောင်လာနိုင်သောကြောင့်ဖြစ်၏။

သို့သော်လည်း သူမ ထိုအဆင့်ရောက်သည်အထိတော့ စိုးရိမ်ပူပန်မနေချေ။ သူမ ဂရုစိုက်နေသရွေ့ လင်းရီလည်း အပေးအယူအကြောင်း သိရှိသွားမည် မဟုတ်ပဲ နောက်ဆက်တွဲ ကိစ္စရပ်များကို နှောင့်ယှက်လာနိုင်မည် မဟုတ်ချေ။

ဂျင်မီ ပခုံးတွန့်လိုက်ပြီး " ခုစလိုက်ကြတာပေါ့... ဘယ်မလဲ မင်းပစ္စည်းတွေ..."

အာယာနဲ မစ်ဆူ သူမအခန်းသို့ပြန်သွားပြီး အနက်ရောင် လက်ဆွဲ သေတ္တာ အသေးလေး တစ်လုံးကို ထုတ်လာခဲ့၏။ ထို့နောက် တစ်ဖက်သူထံ ကမ်းပေးလိုက်သည်။

နှစ်ယောက်သား လင်းရီကိုပင် မကြည့်ပဲ သေတ္တာများကို ပြိုင်တူ ဖွင့်၍ စစ်ဆေးလိုက်ကြ၏။

လင်းရီကတော့ ဆိုဖာပေါ်တွင် ထိုင်ကာ ရေနွေးကြမ်းကို အေးအေးလူလူ ငဲ့သောက်နေသည်။ သို့သော်လည်းပဲ သူ၏ ဦးနှောက်ကို အဆက်မပြတ် အလုပ်ပေးနေလျက်ရှိပြီး ဤကိစ္စကို မည်သို့ ကိုင်တွယ်ရကောင်းနိုးနိုး စဉ်းစားလျက် ရှိနေတော့၏။

ဂျင်မီ လက်ထဲရှိ သေတ္တာက ဘက်စ် သတ္တုရိုင်း ဖြစ်လိမ့်မည်လို့ လင်းရီ မှန်းဆထားသည်။ သို့သော်လည်း အာယာနဲ မစ်ဆူ ယူလာခဲ့သည့် အရာက ဘာလဲဆိုတာကိုတော့ သူ စဉ်းစားလို့ မပေါက်နိုင်ချေ။

ထိုအကြောင်း တွေးမိတော့ လင်းရီ တော်တော်လေး သိချင်မိသွားခဲ့၏။ ဂျင်မီ လက်ထဲက သတ္တုရိုင်းတွေအတွက် မစ်ဆူ မိသားစုက ဘာတွေများ ကမ်းလှမ်းပေးခဲ့တာပါလိမ့်….။

ဘက်စ် သတ္တုရိုင်း၏ တန်ဖိုးနှင့်ဆိုပါက တန်ဖိုးကြီးသည့် မည်သည့် ပစ္စည်းနှင့်မဆို လဲလှယ်နိုင်သည်။

တစ်မိနစ် အတွင်းမှာပဲ နှစ်ဖက်မှ သေတ္တာများကို ပြိုင်တူနီးပါး ပိတ်လိုက်ကြသည်။ မျှော်လင့်မထားသည့် မည်သည့်အရာမျှ ဖြစ်ပျက်မလာချေ။

“ ပစ္စည်းက အိုကေတယ်… မိန်းကလေး မစ်ဆူနဲ့ အလုပ်တွဲလုပ်ခွင့်ရတာ ဝမ်းသာစရာပါပဲ…” ဂျင်မီ အပြုံးဖြင့် ပြောလိုက်၏။

“ တကယ်လို့ မိန်းကလေးသာ တတ်နိုင်ရင် ငါ့ကို အခွင့်အရေးပေးသင့်တယ်… ဘုရားသခင် ကောင်းချီးပေးလာမှာ အသေအချာပဲ…”

အာယာနဲ သေတ္တာကို ပိတ်လိုက်ပြီး “ အခု ကျွန်မရှေ့က ထွက်သွားတော့… အပိုစကားတွေ လာမပြောစမ်းနဲ့..”

“ ဟားဟား… ပျော်ရွှင်ဖွယ် ပူးပေါင်းမှုပါ မိန်းကလေး မစ်ဆူ….”

ဂျင်မီ ရယ်မောပျော်ရွှင်စွာဖြင့် ဆုတောင်းပေးခဲ့ပြီး သူ့လူများနှင့်အတူ ထွက်ခွာသွားခဲ့သည်။ အာယာနဲ၏ စကားကို သူ မည်သို့မျှ မနေချေ။

“ ကျွန်မ တကယ့်ကို တောင်းပန်ပါတယ်နော်… ဒီလိုတွေ ဖြစ်လာလိမ့်မယ်လို့ တကယ် မထင်ထားလို့ပါ…” အာယာနဲ အားတောင့်အားနာ လေသံဖြင့် ပြောလိုက်၏။

“ ရပါတယ်... နိုင်ငံကို ဂုဏ်ကျက်သရေ ဆောင်ကြဉ်းပေးမယ့် ကိစ္စတွေ နောက်မှ ပြောကြတာပေါ့…” လင်းရီ အပြင်ဘက်ရှိ လူများအား လက်ညိုးထိုးပြပြီး “ မင်း လူတွေကို အရင် ဂရုစိုက်လိုက်ပါဦး….”

အာယာနဲ ခေါင်းညိမ့်လိုက်သည်။ ယခုလို အဖြစ်အပျက်များ ဖြစ်သွားခဲ့ပြီးနောက် တခြား ဘာကိုမျှ ပြုလုပ်ရန် စိတ်မဝင်စားတော့ချေ။

လင်းရီ မတ်တပ်ရပ်၍ ထထွက်သွားခဲ့၏။ သူအခန်းဆီသို့ မြန်နိုင်သမျှ မြန်အောင် မြန်မြန်ရောက်ချင်နေသည်။

တံခါးကို အသေအချာ လော့ခ်ချပြီးသည့်နောက် လင်းရီ သူ၏ လက်တော့ကို ထုတ်၍ တစ်ဖန် ပြန်လှုပ်ရှားတော့သည်။

မကြာမီ သင်္ဘော တစ်ခုလုံး၏ လုံခြုံရေး စနစ်ထဲ ဖောက်ဝင်သွားနိုင်ပြီး အချိန်ပြည့် စောင့်ကြည့်ရေး မြင်ကွင်းတို့အား ဆွဲထုတ်လိုက်၏။

လင်းရီ လက်တော့ စခရင်ကို ငေးကြည့်နေလျက်ရှိသည်။ ဂျင်မီနှင့် ကျန်သူများက အနက်ရောင် သေတ္တာနှင့်အတူ အခန်းအပြင်ဘက်သို့ ထွက်ခွာသွားခဲ့ကြ၏။ ထို့နောက် သင်္ဘော၏ ဒုတိယ အလွှာသို့ ဆင်းသွားပြီး ရှေ့ဘက် ဆယ်ခု မြောက်အခန်းထဲ ဝင်သွားခဲ့ကြသည်။

လင်းရီ အသက် ပြင်းပြင်း ရှူသွင်း၍ ခါးရှိ စကေဘာနှင့် ဓားမြောင်ကို ထိလိုက်သည်။ အားလုံး အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း အတည်ပြုပြီးနောက် တံခါးဖွင့်၍ အခန်းထဲမှ ထွက်ခွာလာခဲ့၏။

သူ၏ ဦးတည်ရာကတော့ သင်္ဘော၏ ဒုတိယအလွှာပင် ဖြစ်ပေတော့သည်။

စာစဉ် (၇၀) ပြီး၏။

All Chapters