← Chapters

ငှက်စိမ်းကြီး၏ တိုက်ခိုက်မှု၊ ကောင်းကင်ကို ခြုံလွှမ်းထားသော အမိုးကာ

Vol. 83 Ch. 1074

ငှက်စိမ်းကြီး၏ တိုက်ခိုက်မှု၊ ကောင်းကင်ကို ခြုံလွှမ်းထားသော အမိုးကာ

Vol. 83 Ch. 1074

ကောင်းကင်နတ်အရှင်ယွင်၊ ယွဲ့နှင့် လင်တို့သည် မဟာလေဟာနယ်အပြင်သို့ ရောက်လာသည့်အခါ နောက်ပြန်လှည့်ကြည့်မိကြ၏။ ယခင်က ဟင်းလင်းပြင်ထဲတွင် ပုန်းကွယ်နေခဲ့သော မဟာလေဟာနယ်မှာ မဟာဧကရာဇ်၏ ဖျက်စီးခြင်း ခံနေရသောကြောင့် အလင်းတန်းများ တလက်လက် ဖြာထွက်နေကြောင်း မြင်လိုက်ရသည်။

ကောင်းကင်ဟန် ‌ကောင်းကင်နတ်ဘုံ၊ ကောင်းကင်နတ်အရှင်လင်၏ နန်းတော်တွင်

ချင်မူ ပန်းချီများကို ချကာ မျက်လုံးမှိတ်လိုက်သည်။

မဟာလေဟာနယ်စစ်ပွဲ၏ မြင်ကွင်းများက သူ့စိတ်ထဲတွင် တရိပ်ရိပ် ဖြတ်ပြေးနေချေပြီ။‌ ကောင်းကင်နတ်အရှင်ယွင်၏ ခြေလှမ်းတိုင်းသည် သူ၏စိတ်ထဲတွင် ထင်ထင်ရှားရှား ထင်ဟပ်နေ၏။

မဟာဧကရာဇ်က အသိစိတ်အလျဉ်ဖြင့် တည်ဆောက်ထားသော မဟာလေဟာနယ်၏ မြေပြင်ကို ဖျက်စီးခဲ့သည်။

‌‌မရေမတွက်နိုင်သည့် ဖန်ဆင်းရှင်တို့၏ ‌သေဆုံးမှုနှင့် ကစဉ့်ကလျား အသိစိတ်အလျဉ်၏ တိုက်ခိုက်မှု။

မဟာဧကရာဇ်ကို ထောင်ချာက်ထဲသို့ မျှားခေါ်နိုင်ခဲ့သော ဖန်ဆင်းရှင်ခေါင်းဆောင်များ။‌

မဟာဧကရာဇ်၏ တံဆိပ်တော်နှင့် ယဇ်ပလ္လင်တို့အား ကောင်းကင်နတ်အရှင်လင်၏ ဖျက်စီးခြင်း၊ ကောင်းကင်နတ်အရှင်ယွင်၏ ခြုံခိုတိုက်ခိုက်မှုနှင့် အဆင့်မြင့်အသိစိတ်အလျဉ်နယ်အတွင်းထဲက ကောင်းကင်နတ်အရှင်လင်၏ ထောင်ချောက်။

သူ့အနေဖြင့် ဤအရာအားလုံးကို ကိုယ်တိုင်ကိုယ်ကျ မတွေ့မြင်ခဲ့ရသော်လည်း ကောင်းကင်နတ်အရှင်လင်၏ ပန်းချီများအပေါ် အခြေခံ၍ စစ်ပွဲ၏ အခြေအနေများအား အသေးစိတ် ပြန်ထုတ်နုတ်နိုင်သည်။

တခဏကြာသော် ချင်မူက မျက်လုံးဖွင့်လိုက်သည်။ သူ၏အကြည့်က ရိပ်ခနဲ လင်းလက်နေပြီး သူက တည်ကြည်စွာ ပြောလေသည်။ “မမကြီးယန်အာ၊ လုံပိ၊... ကောင်းကင်ဟန်ကောင်းကင်နတ်ဘုံအပြင်က ကောင်းကင်နတ်မြစ်အပေါ်မှာ စောင့်ကြစို့”

ယန်အာမှာ သိချငိစိတ်တဖွားဖွား ဖြစ်နေသည်။ “ဘယ်သူ့ကို စောင့်နေတာလဲ... ကောင်းကင်နတ်အရှင်ယွင်တို့ကိုလား...”

“မဟုတ်ဘူး”

ချင်မူ့မျက်ဝန်းများသည် တောက်ပနေ၏။

“တဟုန်ကို စောင့်နေတာ”

“မဟာဧကရာဇ် သေသွားပြီဆိုရင် တဟုန်က ဒီနေရာကို အာဃာတအပြည့်နဲ့ ရောက်လာလိမ့်မယ်.... ကောင်းကင်ဟန်ကောင်းကင်နတ်ဘုံကို ဖျက်ဆီးပစ်ချင်လိမ့်မယ်”

ချင်မူက အေးဆေးစါာ ပြောသည်။ “‌အနောက်နတ်မင်းကျားဖြူရဲ့ ‌အနောက်ဝင်ရိုးစွန်းမှာ အနောက်နတ်မင်းကို ဆက်ပြိး အန္တရာယ်မပြုနိုင်အောင် ကျွန်တော် ဟုန်ကို တားခဲ့တယ်.... သူက အနောက်နတ်မင်းကို အန္တရာယ်ပြုစရာ အကြောင်းရင်း မရှိတာတောင် ကျွန်တော့်ဆီက အကြွေးစာချုပ်တောင်းခဲ့ပြီးတော့ အကြွေးတင်သွားပြီလို့ ပြောခဲ့တယ်.. သူလိုလူဆိုတာ ဘယ်သူ့ကို ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် အလွတ်ပေးမှာမဟုတ်ဘုး... ကောင်းကင်နတ်အရှင်ယွင်က သူ့ရုပ်ခန္ဓာကို သတ်ပြီး သူ့အသိစိတ်အလျဉ်ကို ပိတ်လှောင်ခဲ့တာဆိုတော့ သေချာပေါက် ကလဲ့စားလာချေလိမ့်မယ်”

ယန်အာနှင့် နဂါးချီလင်မှာ ထိတ်လန့်သွားပြီး ကောင်းကင်ဟန် ကောင်းကင်နတ်ဘုံအပြင်သို့ သူ့နောက်မှ အလောတကြီး လိုက်လာကြသည်။ ထို့နောက် နဂါးချီလင်က ရထားလှည်းအား အသင့်ပြင်လိုက်သည်။

ချင်မူသည် ရထားလှည်းထဲရှိ ပုလဲကန့်လန့်ကာများနောက်တွင် ထိုင်နေ၏။ သူက စိတ်ကို တည်ငြိမ်အောင် ထိန်းကာ ဓားစက်လုံးတစ်လုံး ထုတ်သည်။ ဓားစက်လုံးက တစ်ချက်မျှ ခါ၍ စတင်လှည့်ပတ်လာကာ သူ့ဒူးအထက်အတွင် အလျားလိုက် လဲလျောင်းနေသော နတ်ဓားတစ်လက်အဖြစ် ပြောင်းလဲသွားသည်။

ကောင်းကင်နဂါးခြောက်ကောင်က ရထားလှည်းကို ကောင်းကင်ဟန် ကောင်းကင်နတ်ဘုံအရှေ့ရှိ ကောင်းကင်နတ်မြစ်ဆီ ဆွဲသွားကာ ရပ်တန့်လိုက်ကြသည်။ ချင်မူက ဒူးပေါ်တွင် ဓားတင်၍ မျက်လုံးပိတ်ကာ တိတ်တဆိတ် စောင့်ဆိုင်းနေချေသည်။

မဟာလေဟာနယ်ထဲတွင် မဟာဧကရာဇ်အား သတ်ဖြတ်ရသည့် ကောင်းကင်နတ်အရှင်ယွင်၏ အစီအစဉ်အား ချင်မူ ‌ရှင်းရှင်းလင်းလင်း နားလည်သည်။

သို့သော် ကောင်းကင်ဟန် ကောင်းကင်နတ်ဘုံသည် မဟာလေဟာနယ်၏ မြေပြင် မဟုတ်‌‌ပေ။ ထို့ကြောင့် ချင်မူမှာ ကောင်းကင်နတ်အရှင်ယွင်၏ အစီအစဉ်အတိုင်း ပြန်လည်မလုပ်ဆောင်နိုင်ပေ။

မဟာဧကရာဇ်၏ တံဆိပ်တော်နှင့် ယဇ်ပလ္လင်တို့ကို ချိုးဖျက်ခဲ့သည့် ကောင်းကင်နတ်အရှင်လင်၏ နည်းလမ်းကသာ အသုံးဝင်လိမ့်မည်။

သို့သော် တဟုန်မှာ အင်မတန် စွမ်းအားကြီးပေသည်။ ဘိုးဘေးနန်းတော်တွင် ဖြစ်ပွားခဲ့သော ကောင်းကင်နတ်ဧကရာဇ်နှင့် တိုက်ပွဲတွင် သူ၏ ကြောက်မက်ဖွယ် အတိုက်အခိုက်စွမ်းရည်က ပေါ်လွင်ခဲ့၏။

ချင်မူမှာ သူ့အစွမ်းအစက မဟာဧကရာဇ်ထက် များစွာ နိမ့်ကျကြောင်း ကောင်းကောင်းသိသည်။ ကောင်းကင်နတ်အရှင်လင်၏ နည်းလမ်းဖြင့် မဟာခြုံလွှမ်းအဆင့်မြင့်အသိစိတ်အလျဉ်နှင့် အဆင့်မြင့်အသိစိတ်အလျဉ်နယ်တို့အား ချိုးဖျက်နိုင်မည်ဟု ချင်မူ ယုံကြည်ချက်မရှိချေ။

ကောင်းကင်နတ်မြစ်၏ မြစ်ရေတို့သည် အဆုံးမရှိသော ခမ်းနားထည်ဝါမှုဖြင့် အနောက်မှ အရှေ့သို့ စီးဆင်းရငး် ကောင်းကင်ထဲတွင် ပျံဝဲနေ၏။

ကောင်းကင်နဂါး ရတနာရထားလှည်းမှာ ကောင်းကင်ဟန် ကောင်းကင်နတ်ဘုံ၏အပြင်တွင် နေရာယူထားသည်။ ရေများက တသွင်သွင် စီးဆင်းနေသော်လည်း ရထားလှည်းမှာတော့ လှုပ်ရှားမှုမရှိချေ။

နေလုံးကြီးသည် ‌အနောက်အရပ်သို့ ငုပ်လျှိုးကွယ်ပျောက်သွားသဖြင့် ရထားလှည်းရှေ့တွင် ချိတ်ဆွဲထားသည့် မီးအိမ်များ လင်းလာကြသည်။ ထို့နောက် အရှေ့ပင်လယ်မှ နေပြန်ထွက်လာသည်။

ထိုသို့ဖြင့် ရက်အနည်းငယ် ကုန်ဆုံးသွားခဲ့သည်။ ထိုအတောအတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့သော နေ့တစ်ရက်ပင် ရှိခဲ့သည်။ ကမ္ဘာဦးဘုံတွင် မိုးခေါင်နေခဲ့သဖြင့် မျိုးနွယ်စုများသည် ယောက်ျားလေး၊ မိန်းကလေး သုံးတွဲအား မိုးမင်းသား ရှေးဟောင်းနတ်ဘုရားဆီသို့ ယဇ်ပူဇော်ခဲ့ကြခြင်း ဖြစ်၏။

မိုးမင်းသားက ကလေးများကို စားကာ ကမ္ဘာဦးဘုံတွင် မိုးရွာသွန်းစေခဲ့သည်။ သို့သော် ယဇ်ပူဇော်မှုမှာ သေးနုပ်လွန်းသည့်အတွက် မိုးစက်အနည်းငယ်သာ ပါခဲ့သည်။ သူက မိုးထပ်မံရွာသွန်းစေလိုလျှင် ကလေးများအား ထပ်မံဆက်သရန် သူ၏ မိုးခြိမ်းသံကြီးဖြင့် သတိပေးခဲ့လေသည်။

မိုးမင်းသားဆီမှ မိုးရွာသွန်းမှုပြီးနောက် မိုးခေါင်မှု ပြန်လည်ဖြစ်ပွားသည်။ မိုင်ထောင်ပေါင်းများစွာတလျှောက်တွင် သစ်ပင်ဟူ၍ မရှိဘဲ ခြောက်ကပ်နေသော အနီရောင်မြေကြီးကသာ နေရာယူထား၏။

ကောင်းကင်နတ်သိုင်းပညာရှင်များစွာမှာ ရထားလှည်းကို ဖြတ်ကျော်၍ ကောင်းကင်ဟန်ကောင်းကင်နတ်ဘုံဆီ လာရောက်ကာ မိုးခေါင်မှုကို ဖျောက်ဖျက်ပေးရန် နတ်ဘုရားများထံ တောင်းဆိုကြသည်။

ချင်မူသည် ထိုင်မြဲတိုင်း ထိုင်နေ၏။

ယန်အာမှာ စောင့်ရင်းစောင့်ရင်း စိတ်မအေးတော့ပေ။ သူမ၏‌ခေါင်းလေးက ဟိုဟိုသည်သည် လှည့်ကြည့်လိုက်ရာ မိုးကြိုးနတ်ဘုရားနှင့် လျှပ်စီးနတ်ဘုရားမတို့သည် လက်များမှ လျှပ်စီးမိုးကြိုးများ ထုတ်လွှတ်၍ တိမ်တိုက်များအကြား ပြေးလွှားနေကြကြောင်း တွေ့လိုက်ရသည်။ မိုးခြိမ်းသံများက တဂျိန်းဂျိန်း မြည်ဟီးနေပြီး လျှပ်စီးတို့ကား နေရာတိုင်းတွင် လက်နေချေသည်။ သူတို့သည် ရွှမ်တုသို့ ခိုး၀င်၍ ကောင်းကင်မီးလျှံကို ခိုးယူခဲ့သော သူခိုးများအား ရှာဖွေနေကြခြင်းပင်။

ကမ္ဘာဦးဘုံရှိ နိစ္စဒူဝကား သာမန်အတိုင်းသာ ဖြစ်၏။ ရှေးဟောင်းနတ်ဘုရားတို့က လူသားတို့၏ရင်ထဲတွင် ကြီးကြီးမားမား နေရာယူထားဆဲလည်း ဖြစ်သည်။ မှန်ပါသည်၊ ‌မျိုးဆက်သစ်များ မွေးဖွားလာလျှင်တော့ နည်းပါးသွားလိမ့်မည်။

ယန်အာမှာ ဟိုကြည့်သည်ကြည့် လုပ်နေရင်း ရုတ်တရက် အဝေးမှ ကျယ်လောင်လှသော ဆွဲဆွဲငင်ငင် အသံကြီးတစ်သံကို ကြားလိုက်ရသည်။ “တဟုန်... တဟုန်”

ယန်အာ ဒိန်းခနဲ ရင်ခုန်သွားပြီး နဂါးချီလင်က ငေါက်နဲ ထရပ်သည်။ ကောင်းကင်နဂါးခြောက်ကောင်မှာမူ ရုတ်တရက် ပျော့ခွေသွားပြီး လေဖြတ်သွားကြသကဲ့သို့ မြစ်ပေါ်တွင် မလှုပ်တော့ပေ။

အဝေးတွင် ဧရာမအစိမ်းရောင်ငှက်ကြီးတစ်ကောင်က သူတို့ထံ ပျံသန်းလာနေသည်။ ၎င်းက ‌အစိမ်းရောင်နှင့် ရွှေရောင် ရောစပ်နေသော တောင်ပံများက ကောင်းကင်ကို အုပ်မိုးလျက် ကောင်းကင်ဟန် ကောင်းကင်နတ်ဘုံဆီသို့ တိမ်တိုက်ကြီးတစ်ခုအလား တရွေ့ရွေ့ ပျံသန်းလာနေသည်။

ငှက်ကြီးကား နီးကပ်လာလေလေ ပိုကြီးလာလေလေပင်။ ၎င်း၏ ပြန့်ကားနေသော တောင်ပံများက ကောင်းကင်ဟန် ကောင်းကင်နတ်ဘုံအား အပြည့်အ၀ ဖုံးအုပ်ပစ်တော့မည့်အလားပင်။

ကောင်းကင်နဂါး ရတနာရထားလှည်း၏ အမိုးမှာ ရုတ်တရက် မြောက်တက်သွားပြီး ကောင်းကင်ထက်တွင် အကြိမ်ကြိမ် လှည့်ပတ်သွားသည်။ အမိုးကာ မြင့်သထက် မြင့်တက်နေစဉ် ‌၎င်း၏ဒေါက်တိုင်များလည်း ထောင်မတ်လာကာ ကောင်းကင်နှင့် ပေါင်းစည်း၍ ကောင်းကင်ဟန် ကောင်းကင်နတ်ဘုံတစ်ခုလုံး လွှမ်းခြုံသွား‌သော ကောင်းကင်တာအို ၄၉ ခုအဖြစ် ပြောင်းလဲသွားသည်။

ချင်မူက ရထားလှည်းအတွင်းတွင် ထိုင်နေလျက် တည်ငြိမ်‌အေးဆေးစွာ မေးလိုက်သည်။ “တဟုန်၊ မတွေ့တာကြာပြီ‌နော်..... ဘာလို့ ကျွန်တော့်ကို လာမတွေ့ရတာလဲ”

သူ့အသံကို ကြားသည်နှင့် စိမ်းရွှေရောင်ငှက်ကြီး၏ စူးရှသော မျက်လုံးများက သူ့တို့ထံ လှမ်းကြည့်လာသည်။ အင်အားကြီးမားသော အသိစိတ်အလျဉ်က တဟုန်ထိုး ထွက်ပေါ်လာကာ ကောင်းကင်နှင့် မြေကြီးအား လွှမ်းခြုံသွား၏။

ယင်းကား တဟုန်၏ အသိစိတ်အလျဉ်ပင်။ သူသည် အဆင့်မြင့်အသိစိတ်အလျဉ်နယ်ပယ်ကို မသုံးခဲ့ချေ။ ချင်မူကဲ့သို့ သေးငယ်သိမ်နုပ်သော လူသားတစ်ယောက်အတွက် ထိုသို့အန္တိမစွမ်းရည်မျိုး သုံးစရာမလိုဟု ထင်မှတ်နေသယောင်ပင်။

ချင်မူ ဓားကို ဆုပ်ကိုင်ထားသော်လည်း တုပ်တုပ်မလှုပ်မိချေ။ သူ လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို လှည့်ပတ်လိုက်သည့်အခါ သူ၏အသိစိတ်အလျဉ်သည် မဟာခြုံလွှမ်းအဆင့်မြင့်အသိစိတ်အလျဉ်အဖြစ် ချက်ချင်း ပြောင်းလဲသွားပြီး ရထားလှည်းအား ဖုံးလွှမ်းသွား၏။

သူတို့၏အသိစိတ်အလျဉ်များ တစ်ခုနှင့်တစ်ခု ၀င်တိုက်သွားကြသဖြင့် အောက်ရှိ ကောင်းကင်နတ်မြစ်တွင် လေလှိုင်းလုံးများ ထန်လာတော့သည်။ ကောင်းကင်နဂါး ရတနာရထားလှည်း၏ ပေတစ်ထောင်ပတ်လည်သာ ဘေးကင်းတော့သည်။

ဧရာမစက်လုံးကြီးတစ်လုံးသည် ကောင်းကင်နဂါး ရတနာရထားလှည်းကို ‌ဗဟိုပြု၍ ဖြစ်တည်လာ၏။ စက်လုံးအပြင်ဘက်တွင် လှိုင်းများက တဝုန်းဝုန်း ရိုက်ခတ်နေသော်လည်း စက်လုံးအတွင်း၌မူ တိတ်ဆိတ်ငြိမ်သက်နေသည်။

ချင်မူက အာရုံစူးစိုက်၍ အသက်ရှူအောင့်ထားသည်။ သူ၏သိုင်းအဆင့်မှာ မမြင့်သော်လည်း သူ၏အသိစိတ်အလျဉ်‌ကတော့ အင်မတန် သန်မာသည်။ တဟုန်ကလည်း စွမ်းအားအကုန် ထုတ်မသုံးဘဲ အသိစိတ်အလျဉ်ဖြင့်သာ တိုက်ခိုက်နေနေသာကြောင့် ချင်မူ ခံနိုင်ရည်ရှိသေးသည်။

နှစ်ယောက်လုံး၏ အသိစိတ်အလျဉ်မှာ တစ်ခုနှင့်တစ်ခု ၀င်တိုက်သွားချေပြီ။ ထို့နောက် ချင်မူက ရုတ်တရက် ဗျူဟာပြောင်း၍ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာနယ်ပယ်ကို အသက်သွင်းလိုက်၏။ ဝိညာဉ်သန္ဓေသားက တာအိုနှင့် တစ်သားတည်း ဖြစ်လျက် ယင်နှင့်ယန်အား ထိုက်ကျိအဖြစ် ပေါင်းစည်းထားသည်။ ထို့နောက် ကောင်းကင်နှင့် မြေကြီးကို ဖွင့်၍ မြေ၊ ရေ၊ လေ၊ မီးတို့ကို ဆင့်ခေါ်လိုက်သည်။

ကြယ်တာရာများက ကောင်းကင်ထက်တွင် ဖွဲ့တည်လာပြီး ကောင်းကင်နယ်စားမင်း၊ မြေအောက်ဘုံအရှင်သခင်နှင့် အခြားနတ်ဘုရားများသည် နေရာကိုယ်စီ ယူထားကြ၏။ သူတို့က လေပေါ်သို့ မြောက်တက်နေသော ကိုယ်ပိုင်နန်းတော်များအတွင်း၌ ထိုင်နေကြသည်။

သူ၏နယ်ပယ်သည် လှိုင်းတစ်ချက် ထုတ်လွှတ်ကာ လှိုင်းထ၍ တဟုန်၏အသိစိတ်အလျဉ်အား အင်တိုက်အားတိုက် ချိုးနှိမ်လိုက်သည်။

ကောင်းကင်နတ်မြစ်၏ ရေလှိုင်းလေလှိုင်းများ ရုတ်ချည်းဆိုသလို ပျောက်ကွယ်သွားပြီး တဟုန်၏ အသိစိတ်အလျဉ်ကြောင့် ဖြစ်ပေါ်လာသည့် ပေတစ်ထောင်မြင့်မားသော လှိုင်းလုံးများသည်လည်း ဝှစ်ခနဲ ပျောက်ကွယ်သွားကာ ငြိမ်သက်သွား၏။

သူတို့နှစ်ယောက်၏ ကောင်းကင်နတ်သိုင်းများ ထိတွေ့သည်နှင့် တဟုန်က အမိုးကာဆီသို့ လက်ဖြင့် လှမ်းလျက် ပြေး၀င်လာသည်။

အမိုးကာသည် နှစ် ၇၀၀၀၀၀ ကြာပြီးနောက်တွင် ကောင်းကင်နတ်အရှင်များ၏ ရထားလှည်းအတွက် တစ်စိတ်တစ်ပိုင်းအဖြစ် ကောင်းကင်နတ်ဘုံ သန့်စင်ထားသော အရာဖြစ်၏။ ရထားလှည်းက ရတနာအမျိုးမျိုး ကိန်းဝပ်နေသော ‌ရှားပါးရတနာတစ်မျိုး ဖြစ်ကာ ၎င်းအပေါ်တွင် ရေးဆွဲထားသည့် အမှတ်အသားများမှာ ကောင်းကင်နယ်စားမင်း၊ မြေအောက်ဘုံအရှင်သခင်နှင့် နတ်မင်းလေးပါးတို့၏ အမှတ်အသားများ ဖြစ်ချေသည်။

ချင်မူနှင့် ရှေးဟောင်းနတ်ဘုရားတို့ကြားရှိ သင့်မြတ်မှုကို ပျက်စီးစေရန် ကောင်းကင်နတ်အရှင်ဆယ်ပါးသည် ရတနာရထားလှည်းအား ပေးအပ်ခဲ့ခြင်း ဖြစ်၏။

ချင်မူက အမိုးကာကို မြှင့်ကာ ကောင်းကင်နယ်စားမင်းအဖြစ်သို့ ပြောင်းလဲစေလိုက်သည်။ တဟုန် အမိုးကာကို ဦးတည်လာသောအခါ ချင်မူ၏နယ်ပယ်က ဝှစ်ခနဲ အသံဖြင့် ငြင်သာစွာ ကျယ်ပြန့်သွားပြီး ကောင်းကင်ဟန်ကောင်းကင်နတ်ဘုံကို ဖုံးလွှမ်းလိုက်တော့သည်။

သူ၏နယ်ပယ်အတွင်းရှိ ကောင်းကင်တွင် သူ၏ပုံရိပ်က ရောင်ပြန်ဟပ်နေသည်။ ချင်မူ့မျက်နှာဖြင့် ကောင်းကင်နယ်စားမင်းတစ်ဦးသည် လေထဲသို့ ခုန်ဆက်၍ အမိုးကာ၏ မဟာတာအိုဖြင့် ပေါင်းစည်းကာ တဟုန်၏တိုက်ကွက်ကို ခုခံလိုက်၏။

‌စိမ်းရွှေရောင်ငှက်ကြီး၏ လက်သည်းများ အမိုးကာနှင့် ၀င်တိုက်သွားသည်။ အမိုးကာအောက်ရှိ ကောင်းကင်နယ်စားမင်းမှာ တိုက်ကွက်ကို မခုခံနိုင်ဘဲ အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားချေပြီ။

ကောင်းကင်ဟန် ကောင်းကင်နတ်ဘုံထဲတွင် လူသားမျိုးနွယ်နတ်ဘုရားများနှင့် ကမ္ဘာခေတ်နှောင်းမျိုးနွယ်များလည်း ရုတ်ရုတ်သဲသဲ ဖြစ်လာကြသည်။ ရှေးဟောင်းနတ်ဘုရားစစ်တပ်များ ထွက်ပေါ်လာကာ ဧရာမငှက်ကြီးကို တိုက်ခိုက်ကြ၏။ ချင်မူ၏အသိစိတ်အလျဉ်က လှိုင်းများ ဖြန့်ကျက်လျက် ဟိန်းဟောက်လိုက်သည်။ “ငါက ကောင်းကင်နတ်အရှင်မူပဲ... တပည့်တွေအားလုံး ငါ့အမိန့်လိုက်နာကြ.... အမိုးကာကို အတူအသက်သွင်းကြမယ်”

ကောင်းကင်ဟန် ကောင်းကင်နတ်ဘုံ၌ နတ်ဘုရားများ ထောင်သောင်းချီ၍ ရှိသည်။ ချင်မူစကားကို ကြားသည်နှင့် သူတို့၏မူလဝိညာဉ်များက အလျင်အမြန် ထွက်ပေါ်လာပြီး ချီစွမ်းအင်ကို သုံး၍ အမိုးကာ၏ စွမ်းအားကို မြှင့်တင်ပေးနေကြသည်။

ကောက်းကင်နတ်ဘုံကို ဖုံးလွှမ်းပေးထားသော အမိုးကာမှာ တောက်ပလာပြီး ကောင်းကင်တာအို ၄၉ ခုသည် ကောင်းကင်ဟန်ကောင်းကင်နတ်ဘုံအား ပိတ်ပေးထား၏။

စိမ်းရွှေရောင်ငှက်ကြီးက ခုန်တက်ပြီး အကြိမ်များစွာ တစ်ဆက်တည်း တိုက်ခိုက်သော်လည်း အမိုးကာကို မချိုးဖျက်နိုင်ချေ။ ရုတ်တရက် ၎င်းက ကောင်းကင်ကို ဖုံးလွှမ်းထားသည့် အစိမ်းရောင်ငှက်မွှေးများအား ရုတ်သိမ်းလိုက်သည်။

တဟုန်ကား သူ့ရှေ့သို့ ရောက်လာပြီသဖြင့် ချင်မူ့မျက်လုံးထောင့်စွန်းများ တွ့န်သွားလေသည်။

“ကောင်းကင်နတ်အရှင်မူ၊ မင်း ငါ့ကို လုံးဝ တားရမှ ဖြစ်မှာလား”

All Chapters