မကောင်းတဲ့ အရှုံးသမား (၁)
Vol. 21 Ch. 313
[ပါရမီ- ကျင့်ကြံမှုတိုးတက်နှုန်း + ၂၀၀ %]
လင်းရှန်သည် စွမ်းရည်အသစ်ကို ကြည့်ရင်း ပြုံးလိုက်သည်။
လဝက်ကျော်လောက် စွမ်းရည်တွေကို ထပ်ခါတလဲလဲ ပြန်လည်ဆန်းသစ်ပြီးတဲ့ နောက်မှာတော့ နောက်ထပ်ကောင်းတာတစ်ခုကို ရရှိခဲ့သည်။
ယခင် စွမ်းရည်စီးဆင်းမှုနှင့် နှိုင်းယှဉ်ပါက ပါရမီ၏ အကျိုးသက်ရောက်မှုမှာ အလွန်
အစွမ်းထက်သည်။ ၎င်းသည် ယခင်ထက် လေးဆပိုမိုအားကောင်းခဲ့သည်။
ထို့အပြင် ၎င်းသည် ယန်စွမ်းအား ကျင့်ကြံနည်းများပေါ်တွင်သာလုပ်ဆောင်သည့် သန့်စင်သောယန်စွမ်းအားခန္ဓာကိုယ်ကဲ့သို့သော စွမ်းရည် သို့မဟုတ် ကြီးမားသောဘေးထွက်ဆိုးကျိုးများရှိသည့် အလွန်အမင်းဉာဏ်ကောင်းခြင်းက ထိခိုက်စေသည်ကဲ့သို့သော စွမ်းရည်မျိုးမဟုတ်ပေ။
မှော်စွမ်းအားများ၊ ကျင့်ကြံနည်းစနစ်များ သို့မဟုတ် နတ်တန်ခိုးများဖြစ်ပါစေ၊ ၎င်းတို့အားလုံးအတွက် ဘေးထွက်ဆိုးကျိုးမရှိဘဲ ထိရောက်မှုရှိသည်။ ၎င်းသည် ကျင့်ကြံမှုအမျိုးအစားအားလုံးအတွက် အရှားပါးဆုံးနှင့် အပြင်းထန်ဆုံး စွမ်းရည်ဖြစ်နိုင်သည် ။
လင်းရှန်က ကျေနပ်စွာ ခေါင်းညိတ်သည်။ ဒါက သူ၏ ဒုတိယမြောက်စွမ်းရည် ဖြစ်လာမှာပင်။
ဘုရားသခင်၏မနာလိုမှု ကင်းစင်သွားကတည်းက ကျင့်ကြံတဲ့ အချိန်မှာ သူ့တိုးတက်မှု အရှိန်ကို မတိုးနိုင်ပေ။ ကံကောင်းထောက်မစွာ သူသည် မကြာသေးမီက စိတ်
ဝိညာဉ် မဏ္ဍိုင်သွေးကြောကို ပေါင်းစည်းထားသောကြောင့် သက်ရောက်မှုက အဲ့လောက် မကြီးမားပေ။
အစကတော့ သူသည် အနာဂတ်တွင် နည်းစနစ်ကျစွာ ကျင့်ကြံပြီး ဘာလုပ်ရမည်ကို တွေးနေသေးသည်။ ယခုတော့ ပြဿနာကို ဖြေရှင်းပေးသော ပါရမီစွမ်းရည်ကို သူရရှိခဲ့သည်။
ကျင့်ကြံမှုအမြန်နှုန်း၂၀၀%သည် သာမန်ကျင့်ကြံသူများထက် အဆပေါင်းများစွာ ထိရောက်မှုရှိသည်။
"ငါက ကောင်းမွန်တဲ့ ဝိညာဉ်ခန္ဓာကိုယ် စွမ်းရည်ကို ရယူပြီး ပါရမီစွမ်းရည်နဲ့ ပေါင်းစပ်နိုင်ရင် ပိုကောင်းလိမ့်မယ်”
ထို့နောက်တွင် လင်းရှန်သည် ထူးဆန်းသောအမူအရာဖြင့် ပေါ်လာသည့် အခြားစွမ်းရည်များကို ကြည့်လိုက်သည်။
[ကြယ်စီးသန့် - တိုက်ခိုက်ရေးစွမ်းအား + ၃၀ %, ကံကောင်းခြင်း - ၅၀%။ မိသားစုနှင့် သူငယ်ချင်းများ သေဆုံးခြင်းနှင့် ဘေးဥပဒ်များ ကြုံတွေ့ရနိုင်ခြေသည် အလွန်များပြားသည်။ ရင်းနှီးလေလေ၊ ပိုတိုးလေပင် ။]
ရိုးရိုးသားသားပြောရလျှင် တိုက်ခိုက်ရေးအင်အား ၃၀ % တိုးလာခြင်းသည် အလွန်အစွမ်းထက်သော စွမ်းရည်အကျိုးသက်ရောက်မှုဟု ယူဆနိုင်သည်။
ဒါကို လင်းရှန်အနေနဲ့ ပထမဆုံးမြင်လိုက်ရတော့ သူတော်တော် စိတ်လှုပ်ရှားသွားသည်။
သို့သော် အကျိုးသက်ရောက်မှု၏ နောက်ဆက်တွဲဖော်ပြချက်က သူ့ကို အနှောင့်အယှက်ဖြစ်စေခဲ့သည်။
သူ့ကံက ၅၀% လျော့သွားတာနဲ့တောင် မလုံလောက်ဘဲ သူ့မိသားစုနဲ့ သူငယ်ချင်းတွေအတွက် သေဆုံးနိုင်ခြေနဲ့ ဘေးဥပဒ်ဖြစ်နိုင်ခြေက အရမ်းတိုးလာမှာပင်။
စွမ်းရည်နဲ့ လဲလှယ်ဖို့ သူ့သူငယ်ချင်းတွေနဲ့ မိသားစုဘဝကို အသုံးချရမှာလား။
လင်းရှန်က ပြုံးလိုက်သည်။
ဒီလို စွမ်းရည်မျိုးကို မေ့လိုက်။
သူ့တွင် ဆွေမျိုးမရှိသော်လည်း သူငယ်ချင်းအနည်းငယ် ရှိသေးသည်။ ထို့အပြင် အနာဂတ်တွင် သခင်ကို ရှာဖွေရပေမည်။ ဒီစွမ်းရည်ကြောင့် သူ့သခင်တစ်ခုခုဖြစ်ခဲ့ရင် ဆုံးရှုံးမှုကြီးကြီးမားမားဖြစ်လိမ့်မည်ပင်။
"ငါဆက်ပြီး အသစ်ယူရမယ်”
လင်းရှန်သည် စိတ်ဝိဥာဉ် အမျိုးအစား စွမ်းရည်ကို ရှာဖွေရန် စီစဉ်နေသောကြောင့် သူသည် အကြာကြီး တုံ့ဆိုင်းမနေဘဲ ဆုံးဖြတ်ချက်ကို အမြန်ချလိုက်သည်။
မျက်နှာပြင်ကို ပိတ်လိုက်ပြီး တံခါးခေါက်သံကြားလို့ ထတော့မည်ပင်။
“ညီလေးလင်း၊ ငါတို့ နဂါးမြို့ကို ရောက်ခါနီးနေပြီ”
၎င်းက ရှန်ကျီနင်၏အသံဖြစ်သည်။
လင်းရှန်က တံခါးကို တွန်းဖွင့်ပြီး ထွက်လာခဲ့သည်။
သူတို့နောက်ဆုံးတွေ့တာ ရက်အနည်းငယ်ရှိချေပြီ။ သူ့ဝန်းကျင်ရှိ အရောင်အဝါသည် ပို၍ စုစည်းလာပြီး အတွင်းအပြင်မှ ဝိညာဉ်ရေးရာ အာရုံခံစားမှုများ တဟုန်ထိုး ထွက်ပေါ်လာသည်။
လင်းရှန်က သူ့ကို ကြည့်ပြီး ပြုံးပြသည်။
“ဒီကာလမှာ မင်းအများကြီး တိုးတက်လာပုံရတယ်။ ဂုဏ်ယူပါတယ်”
"ကျေးဇူးတင်ပါတယ်” ရှန်ကျီနင်က တောက်ပစွာပြုံးလိုက်သည်။
မှော်အဆီအနှစ်အရည်သုံးစက်ကြောင့် သူ၏ ဝိညာဉ်မဏ္ဍိုင်သွေးကြော ၂၇ခုကို အောင်မြင်စွာ ပေါင်းစည်းနိုင်ခဲ့သည်။
သူ ဒီထက်ပိုပြီး မတိုးတက်နိုင်ရင်တောင် အနည်းဆုံးတော့ တတိယတန်း ဝိညာဉမဏ္ဍိုင်သွေးကြောကို ဖန်တီးနိုင်မှာပင်။ ဒါမှ နေကိုးစင်းဂိုဏ်းတွင် တောက်ပတဲ့ အနာဂတ်ကိုသေချာမှာပင်။
သူ့ပန်းတိုင်က အဲဒီ့ထက် အများကြီး ပိုသည်။
ဒုတိယတန်းဝိညာဉ်မဏ္ဍိုင်သွေးကြောသည် သူ၏ပန်းတိုင်ဖြစ်သည်။
"သွားရအောင်။ စီနီယာအကိုချွီက ကုန်းပတ်ပေါ်မှာ ငါတို့ကို စောင့်နေပြီ။”
လင်းရှန်က ခေါင်းညိတ်ပြပြီး ရှန်ကျီနင်နှင့် ဘေးချင်းကပ်လျက် ကုန်းပတ်ဆီသို့ လျှောက်သွားသည်။
သင်္ဘောအစွန်းမှာ ချွီခယ်က အဝေးကို လှမ်းကြည့်နေသည်။
မိုးကုပ်စက်ဝိုင်းအဆုံးတွင် နဂါးမြို့တော်၏ကြီးမားသောနေရာကိုမြင်နေရသည်။
နဂါးပျံသင်္ဘော၏အရှိန်ဖြင့် ၎င်းတို့သည် အနည်းဆုံး ၁၅မိနစ်အတွင်း ရောက်ရှိနိုင်မည်ဖြစ်သည်။
သူတို့အသံတွေကြားတော့ ချွီခယ်က လှည့်ပြီး သူတို့ကို ပြုံးပြနှုတ်ဆက်သည်။ ထို့နောက် သူက မေးသည်။
"နဂါးမြို့ကိုပြန်ရောက်ပြီးရင် မင်းဘာအစီအစဉ်ရှိလဲ"
ရှန်ကျီနင်က ခဏလောက်စဉ်းစားပြီး " နဂါးမြို့မှာ ဂိုဏ်းက ဝိညာဉ်မဏ္ဍိုင်သွေးကြော ပေါင်းစပ်ထားတဲ့ တပည့်တွေကို ဖိတ်ခေါ်တဲ့ အရည်အသွေးမစ်ရှင်တွေ ထုတ်ပေးနေတယ် ကြားတယ် ။ ဆုကြေးက ဝိညာဉ်ပုံဖော်ခြင်းဆေးဆို။ အဲ့တာ တကယ်လား?"
“ဒါလည်း ငါကြားဖူးတယ်။ ဒါအမှန်ဟုတ်လောက်တယ်” ချွီခယ်က ခေါင်းညိတ်သည်။
“ဒီလိုဆိုရင် ကျွန်တော် ဝိညာဉ်ဂူကို သွားလိုက်မယ်” ရှန်ကျီနင်က မဆိုင်းမတွ ပြောလိုက်သည်။
သူသည် စစ်ယွမ်ဖေ၏ တပည့်ဖြစ်သော်လည်း သူ့သခင်က သူ့ကိုပေးနိုင်သော ဝိညာဉ်ပုံဖော်ခြင်းဆေးပြား အရေအတွက်ကအကန့်အသတ်သာ ရှိသေးသည်။ အများစုကို သူကိုယ်တိုင် ရယူရန် လိုအပ်နေသေးသည်။
ပြီးတော့ ဝိညာဉ်ပုံဖော်ခြင်းဆေးတွေ အများကြီးလိုသည်။ ဂိုဏ်းရှိ သာမာန်အရည်အသွေး မစ်ရှင်များကိုသာ အားကိုးလျှင် စုဆောင်းဖို့ တစ်သက်တာ အချိန်ယူရပေလိမ့်မည်။
ထို့ကြောင့် အထူးမစ်ရှင်ကိုသာ အာရုံစိုက်နိုင်ခဲ့သည်။
ဝိညာဉ်ဂူထဲသို့ဝင်ကာ သွေးပင်လယ်ဂိုဏ်းကို တိုက်ခိုက်တာက အန္တရာယ်ရှိသော်လည်း ဆုလာဘ်များသည် သေချာပေါက် အများအပြားဖြစ်လိမ့်မည်။
အရာအားလုံး ချောချောမွေ့မွေ့ ဖြစ်သွားခဲ့ပါက သူသည် အနည်းဆုံး နှစ်နှစ်မှ သုံးနှစ်အတွင်းတွင် ဒုတိယတန်း ဝိညာဉ်မဏ္ဍိုင်သွေးကြော ကို ပုံဖော်နိုင်သင့်သည်—ယင်းအချက်မှာ ဝိညာဉ်မဏ္ဍိုင်သွေးကြော ၃၆ခုသို့ ရောက်ရှိရန် လိုအပ်သည်။
ချွီခယ်မှာလည်း အလားတူအခြေအနေမျိုးရှိခဲ့သည်။ သူက ပြုံးပြီးပြောသည် “ ငါလည်း အဲ့ဒီအစီအစဉ်ပဲ။ ငါတို့အတူတူ ခရီးထွက်လို့ရတယ်”
ရှန်ကျီနင်က ငြင်းမှာမဟုတ်ပေ။ သူချက်ချင်း သဘောတူလိုက်သည်။
ထို့နောက် သူတို့နှစ်ဦးသည် လင်းရှန်ကို ကြည့်လိုက်ကြသည်။
"ညီလေး လင်း၊ မင်း ဘာအစီအစဉ်ရှိလဲ"
လင်းရှန်က ပြုံးပြီးပြောသည် “ ကျွန်တော် အဲ့ဒါကို မစဉ်းစားရသေးဘူး။ ကျွန်တော် အရင်ဆုံး အရှေ့ခရိုင်ကို ပြန်ရမယ်။"
ရွှမ်တုတောင်သို့ ခရီးသည် သုံးလနီးပါးကြာသည်။ အိုက်ဘယ်လိုနေနေလဲ မသိတာကြောင့် အရှေ့ဘက်ခရိုင်ကို ပြန်သွားကြည့်ချင်သည်။
အမှန်တော့ ကျင့်ကြံသူသခင် ဖြစ်ပြီးသည်နှင့် အချိန်အတော်ကြာ အပြင်ထွက်နိုင်မည်မဟုတ်ပေ။
သူ့မှာ အချိန်ရှိတုန်း ဒီကိစ္စကို အရင်ရှင်းရမည်။
လင်းရှန်၏စကားကိုကြားတော့ ချွီခယ်နဲ့ရှန်ကျီနင်က ခေါင်းညိတ်ပြီး ဘာမှပြန်မပြောပေ။
လင်းရှန်က သူတို့ထက် အများကြီး သန်မာသည်။ ဤတစ်ချိန်လုံးတွင် သူတို့နှစ်ယောက်သည် လင်းရှန်ကို ချည်နှောင်ထားရန် မမျှော်လင့်ခဲ့ပေ။
တကယ်တော့ ရွှမ်တုအစည်းအဝေးအပြီးတွင် လင်းရှန်မှာတစ်စုံတစ်ခု ပြောင်းလဲသွားသည်ဟု ချွီခယ်နဲ့ရှန်ကျီနင်သည် ယောင်ဝါးဝါးခံစားမိသော်လည်း ၎င်းတို့က မရှင်းပြနိုင်ပေ။ လင်းရှန်ကို နားမလည်နိုင်လောက်အောင် ဖြစ်လာသည်ဟုသာ ခံစားလိုက်ရသည်။