မကောင်းတဲ့ အရှုံးသမား (၂)
Vol. 21 Ch. 314
စကားစမြည်ပြောရင်း နဂါးပျံသင်္ဘောသည် နဂါးမြို့၏မြောက်ဘက်တံခါးသို့ ရောက်ရှိလာသည်။
သူတို့သုံးဦးသည် ပျံသန်းနေသော သင်္ဘောပေါ်မှ ဆင်းသက်ခဲ့ကြသည်။ လင်းရှန်သည် တစ်နေရာရာကို ကြည့်နေကြောင်း သိလိုက်သောအခါ ချွီခယ်က နှုတ်ဆက်ထွက်ခွါသွားတော့မည် ဖြစ်သည်။ သူ့အကြည့်နေရာကို လှမ်းကြည့်လိုက်တော့ ချွီခယ်သည် မလှမ်းမကမ်းတွင် တစ်စုံတစ်ခုကို မြင်လိုက်ရသည် ။
"ဟန်လျန့်”
ချွီခယ်က သူ့ကိုမြင်တော့ နည်းနည်း အံ့ဩသွားသည်။ ခဏကြာတော့ တစ်ခုခုကို တွေးပြီး သူ့အမူအရာ ပြောင်းသွားသည်။
"ဒီမှာ ဘာလုပ်နေတာလဲ?"
ဟန်လျန့်သည် ချီခွယ်ကို လက်ပြပြီး ပြုံးပြသည်။ “အစ်ကိုကြီး၊ ကျွန်တော်ကို အပြစ်မတင်နဲ့။ ကျွန်တော်က အမိန့်အတိုင်းပဲ လုပ်တာပါ။"
သူပြောသည့်အခိုက်တွင် ချွီခယ်က မကျေမနပ်ဖြစ်နေသည်။
ဒါကို ရှန်ကျီနင်က မြင်ပြီး “ အစ်ကိုချွီ ၊ အဲဒါ ဘယ်သူလဲ”ဟု စူးစမ်းသည်။
"သူက အတွင်းဂိုဏ်းရဲ့ တပည့် ဟန်လျန့်လေ။ အဲဒီနေ့က အစ်ကိုလင်းကို ဒုက္ခပေးခဲ့တဲ့ ခန်းဟိုင်နဲ့ အရမ်းရင်းနှီးတယ်။” ချွီခယ်က တိုးတိုးလေး ရှင်းပြသည်။
ဒါကိုကြားတော့ ရှန်ကျီနင်က ဘယ်လို နားမလည်ဘဲနေမလဲ။ သူ့အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။
လင်းရှန်သည် မျက်ခုံးပင့်လိုက်တော့ နက်မှောင်သော အရိပ်အယောင်များ တောက်ပလာ၏။
သူ့အတွက် ဒုက္ခထပ်ရောက်လာပုံရသည်။
ထိုအတွေးနဲ့အတူ အဝေးကောင်းကင်ယံ၌ အလင်းတန်းတစ်ခု ရုတ်တရက် ပေါ်လာပြီး အပေါ်ကို ပျံတက်သွားသည်။ သုံးစက္ကန့်မပြည့်မီမှာပင် ၎င်းက ခွန်အားသုံးစရာမလိုဘဲ မြေပြင်ပေါ်သို့ ရောက်ရှိလာသည်။
အလင်းသည် ပျောက်ကွယ်သွားပြီး အရပ်ရှည်သော ရုပ်သွင်ကို ပေါ်လာစေသည်။
အဲဒီလူက အသက် ၄၀ လောက်ရှိချေပြီ။ တင်းမာသောမျက်နှာနှင့် ထွားကျိုင်းသောအသွင်ရှိသည်။ သူ့တစ်ကိုယ်လုံး ပေါက်ကွဲတော့မယ့် မီးတောက်လို အနှိုင်းမဲ့ စူးရှတဲ့ အငွေ့အသက်တွေ ထွက်လာသည်။
သူ့အငွေ့အသက်ကို ဖုံးထားဖို့ လုံးဝမရည်ရွယ်ပေ။ ယင်းအစား၊ သူသည် သူ၏ အရောင်အဝါကို တမင်တကာ ထုတ်လွှတ်လိုက်သည်။ အားပြင်းပြင်းနှင့် လောင်မြိုက်နေသော အရောင်အဝါသည် လင်းရှန်နှင့် အခြားနှစ်ဦးတို့ဆီသို့ ချေမှုန်းလိုသော လှိုင်းလုံးကြီးတစ်ခုလို ပြေးသွားသည် ။
ကျင့်ကြံသူသခင်
ချွီခယ်နဲ့ ရှန်ကျီနင်က တညီတညွတ်တည်း အော်ဟစ်လိုက်ပြီး ကြောက်မက်ဖွယ်
ကောင်းသော အရောင်အဝါမှ ခြေလှမ်းအနည်းငယ် ဆုတ်သွားခဲ့သည်။
လင်းရှန်တစ်ယောက်သာ သူ့အမူအရာ မပြောင်းလဲဘဲ ထိုနေရာတွင် ရပ်နေခဲ့သည်။
ပြင်းထန်သောဖိအားများသည် နွေဦးလေပြေကဲ့သို့ သူ့ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည်။ သို့သော် လုံးဝ အသုံးမဝင်ခဲ့ပေ။
ခန်းကျိုး၏ မျက်လုံးများ ကျဉ်းမြောင်းသွားကာ အေးစက်သော အလင်းရောင်တစ်ခု လင်းလက်လာသည်။
"မင်းက ငါ့သားကို ဒဏ်ရာရစေခဲ့တဲ့ လင်းရှန် လား။"
လင်းရှန်က မဖြေပေ။ သူသည် ထိုလူကို အကြိမ်အနည်းငယ် ကြည့်ပြီး ခေါင်းယမ်းကာ ရယ်သည်။
“သားကို အနိုင်ရပြီး ဖေဖေက ပေါ်လာပြန်တယ်။ ခင်ဗျားမိသားစုထဲကလူတိုင်းက ဆိုးသွမ်းတဲ့အရှုံးသမား တွေပဲလား”
ဒါကိုပြောပြီးတာနဲ့ ခန်းကျိုးအကြည့်တွေက ပိုအေးစက်လာသည်။
ဤအခိုက်အတန့်တွင် ချွီခယ်သည် နောက်ဆုံးတွင် အသက်ရှုကြပ်လာသည်။ သူက ကမန်းကတန်း လှမ်းအော်လိုက်ပြီး
"ခဏလေး ဆရာကြီးခန်း”
“ညီလေးလင်းနဲ့ ခန်းဟိုင်ရဲ့ အလောင်းအစားကို ဂိုဏ်းက အသိအမှတ်ပြုပြီး ကာကွယ်ထားပြီးသား။ နိုင်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ အကျိုးဆက်က သူတို့နှစ်ဦးအပေါ်ပဲ မူတည်တာ။ အနာဂတ်မှာ သူတို့ကို နှိုးဆွဖို့ ဘယ်သူမှ ခွင့်မပြုဘူး”
“ပြီးတော့ ဦးလေးက ကျင့်ကြံသူသခင်ပါ။ ဂျူနီယာကို ပုဂ္ဂိုလ်ရေးအရ အနိုင်ကျင့်ဖို့က ယုတ္တိမရှိလောက်အောင်ပါပဲ။ စကားလုံးတွေ ထွက်လာရင် ခန်းမိသားစုရဲ့ ဂုဏ်သိက္ခာ ထိခိုက်လိမ့်မယ်”
ဟန်လျန့်သည် ထိုစကားကိုကြားသောအခါ ရင်တွင်း၌ သက်ပြင်းချလိုက်သည်။
ဤစကားများသည် အဓိပ္ပာယ်ရှိသော်လည်း ခန်းကျိုးကဲ့သို့သော ဂုဏ်သိက္ခာရှိသော ကျင့်ကြံသူသခင်သည် ကြီးမားသောအန္တရာယ်ကို ခံယူပြီး လင်းရှန်ကို တိုက်ခိုက်ရန် ဆုံးဖြတ်ထားပြီးဖြစ်သောကြောင့် ထိုစကားအတွက်နဲ့ သူမည်သို့ တုန်လှုပ်မည်နည်း။
မျှော်လင့်ထားသည့်အတိုင်း ခန်းကျိုး၏အမူအရာမှာ ပြောင်းလဲခြင်းမရှိပေ။ သူက ချွီခယ်ကို အေးစက်စွာ ကြည့်နေ၏
"ဂျူနီယာက ငါ့ကို ဘယ်လိုတောင် သင်ပေးရဲတာလဲ။"
ချွီခယ်၏ အမူအရာ ရပ်တန့်သွားသည်။
ခန်းကျိုးက သူ့ကို လျစ်လျူရှုပြီး လင်းရှန်ကို အေးစက်စွာ ကြည့်နေသည် ။
“မင်း ငါ့သားကို အပူအဆိပ်နဲ့ နှစ်လလောက် ခံခိုင်းတာ။ ငါ မင်းကို ဒီလိုပဲ ခံစားခိုင်း
မယ်”
သူစကားပြောပြီးသည်နှင့် ခန်းကျိုးတစ်ဝိုက်တွင် အနီရောင်မီးတောက်တစ်ခု ပေါ်လာသည်။ အနီရောင် တိမ်တိုက်လို မီးတောက်များ ထွက်ပေါ်လာပြီး လင်းရှန်၏ ဦးခေါင်းကို ချိန်ရွယ်ထားသည်။
မီးတောက်များ ပေါ်လာသည်နှင့် မီတာငါးရာအချင်းဝက်အတွင်း လေထု၏ အပူချိန်သည် ရုတ်တရက် မြင့်တက်လာသည်။
ချွီခယ်နဲ့ရှန်ကျီနင်တို့သည် ပူလောင်လောင်မြိုက်သော အရိပ်အယောင်ကို မခံနိုင်ဘဲ တဖန်ပြန်ကျသွားကာ သူတို့၏မျက်နှာများသည် ဖြူဖျော့သွားကြသည်။
ခန်းကျိုးသည် ကိုယ်တိုင်ကိုယ်ကျ လင်းရှန်ကို ပြဿနာလာရှာရုံသာမက သူစတင် တိုက်ခိုက်မည်ဟု မထင်ထားခဲ့ပေ။ အဲဒါက အတော်လေး အရှက် မရှိခဲ့တာပင်။
ခဏလောက်တော့ ချွီခယ်နဲ့ရှန်ကျီနင်က ထိတ်လန့်ပြီး ဒေါသထွက်သွားသည်။
အထူးသဖြင့် ခန်းကျိုးသည် ဝိညာဉ်ပျိုးထောင်ရေး ဒုတိယအဆင့် ကျင့်ကြံသူ သခင်ဖြစ်သည်ကို ချွီခယ်သိသည်။ တောက်ပသောဝင်ပေါက်အဆင့်ကျင့်ကြံသူ တစ်ယောက် ဖြစ်သော လင်းရှန်ကို လုံးလုံးချေမှုန်းနိုင်သည်။
လင်းရှန်သည် တစ်ချိန်က ကျင့်ကြံသူအား ပြင်းထန်စွာ ဒဏ်ရာရစေခဲ့သော်လည်း ထိုလူသည် ဝိညာဉ်ပျိုးထောင်ရေး ပထမအဆင့် ကျင့်ကြံသူ သခင်တစ်ဦးသာ ဖြစ်သည်။
ခန်းကျိုးကဲ့သို့သော အတွေ့အကြုံရှိသော ဝိညာဉ်ပျိုးထောင်ရေး ဒုတိယအဆင့် ကျင့်ကြံသူ သခင်နှင့်ကျ အခြေအနေမှာ မကောင်းပေ။
ချွီခယ်နဲ့ ရှန်ကျီနင်နှစ်ဦးစလုံးသည် အလွန်စိုးရိမ်နေကြသော်လည်း စွက်ဖက်ခြင်းမပြုနိုင်ကြပေ။
ခန်းကျိုး၏ ရှောင်တခင်တိုက်ခိုက်မှုသည် ၎င်းတို့အား နောက်ဆုတ်ရန် တွန်းအားပေးနေပြီဖြစ်သည်။ ကူညီချင်သော်လည်း အင်အားမရှိခဲ့ပေ။
သူ့ပတ်ဝန်းကျင်က အပင်တွေလည်း ပြင်းပြင်းထန်ထန် လောင်ကျွမ်းသွားလေ၏ မျက်စိတစ်မှိတ်အတွင်းမှာပင် လင်းရှန်ဝန်းကျင် ဧရိယာကို မီးက ဝန်းရံလိုက်သည် ။
ပူလောင်သောအပူရှိန်ကြောင့် ချွီခယ်၊ ရှန်ကျီနင်နဲ့ ဟန်လျန့်တို့သည် မရပ်မီ မီတာရာနှင့်ချီ၍ ဆုတ်ခွာသွားခဲ့ရသည်။
“အနီရောင် မြူခိုးနံ့သာမီးဖို”
အဝေးက တဟုန်းဟုန်းတောက်လောင်နေသော မီးတောက်များနှင့် အငွေ့များကို လှမ်းကြည့ရင်း ချွီခယ်၏ အမူအရာသည် အလွန်ရုပ်ဆိုးလှသည်။
ရှန်ကျီနင်သည် ဤစကားကိုကြားသောအခါ၊ "စီနီယာအစ်ကိုချွီ၊ ဒီ အနီရောင် မြူခိုးနံ့သာမီးဖိုက ဘာလဲ" ဟု အလျင်စလိုမေးလိုက်သည်။
“ဆရာကြီးခနိးရဲ့ ကျင့်ကြံနည်းစနစ်ကို အနီရောင် မြူခိုးလိပ်လို့ခေါ်တယ်။ အဲ့တာက မီးအမျိုးအစား ကျင့်ကြံနည်းစနစ်ပဲ။ မြင့်မားတဲ့ အဆင့်ရောက်ရင် သံနှင့်သံမဏိတွေအလွယ်တကူ အရည်ပျော်သွားနိုင်တယ်လို့ဆိုကြတယ် ။ အနီရောင် မြူခိုးနံ့သာမီးဖိုက အဲ့လို ကျင့်ကြံနည်းစနစ်တစ်ခုပဲ။ သုံးပြီးတာနဲ့ ဖြတ်သွားသမျှ အားလုံးက ပူလောင်လိမ့်မယ်” ချွီခယ်က မျက်မှောင်ကြုတ်ပြီးပြောသည်။
ထိုစကားကိုကြားလိုက်သည်နှင့် ရှန်ကျီနင်၏အမူအရာသည် ချက်ချင်းပင် အလွန်လေးနက်လာသည်။
တကယ်တော့ ချွီခယ်က မရှင်းပြခဲ့ရင်တောင် ဒီလှုပ်ရှားမှုရဲ့ ရက်စက်မှုကို သူမြင်ပြီးပြီ။
ကျင့်ကြံနည်းစနစ်တစ်ခု၏ စွမ်းအားသည် ၎င်းကိုအသုံးပြုသောအခါတွင် လှုံ့ဆော်ပေးသည့် ဝိညာဉ်ရေးအနှစ်သာရနှင့် မကြာခဏဆက်စပ်နေသည်။ ဝိညာဉ်ရေးရာအနှစ်သာရကို များများသုံးလေ၊ စွမ်းအားလည်း အားကောင်းလေဖြစ်သည်။
ခန်းကျိုးသည် ဝိညာဉ်ရေးအနှစ်သာရ ၁၈ လုံးကို တစ်ပြိုင်နက် ထုတ်ပစ်လိုက်သည်။ ဤ အနီရောင် မြူခိုးနံ့သာမီးဖိုသည် မည်မျှ အစွမ်းထက်သည်ကို တွေးကြည့်နိုင်သည်။
ဝိညာဉ်အနှစ်သာရ ၁၈ခုသည် ပြန့်ကျဲ၍ နေရာယူလိုက်သည်နှင့် မြေကြီးပေါ်သို့ နစ်မြုပ်သွားကာ ပူလောင်သော အပူများ မြင့်တက်လာသည်။
တခဏချင်းမှာပဲ လင်းရှန်ရောက်သွားတဲ့နေရာဟာ မီးပင်လယ်ကြီး ဖြစ်သွားသည်။
ဝိညာဉ်ရေးအနှစ်သာရဖြင့် ထုပ်ပိုးထားသော မီးတောက်များသည် အာရုံကြောများကဲ့သို့ အရပ်ရပ်မှ သူ့ဆီသို့ ရောက်လာသည်။
တခဏချင်းမှာပဲ လင်းရှန်ကို နစ်မြှုပ်ပစ်ချင်နေတဲ့ မီးတောက်တွေနဲ့ ကမ္ဘာကြီးတစ်ခုလုံးပြည့်နေပုံပင်။
ခန်းကျိုးက ရယ်မောလိုက်သည်။
သူက စတုတ္ထတန်း ဝိဉာဉ်ကို ပုံဖော်ထားသော ကျင့်ကြံသူသခင်တစ်ဦးဖြစ်သောကြောင့် အနီရောင် မြူခိုးနံ့သာမီးဖိုကို လွယ်လွယ်ကူကူ မသုံးပေ။ သူ့ခန္ဓာကိုယ်ထဲမှာ ဝိညာဉ်ရေးအနှစ်သာရ စုစုပေါင်း ၁၈ ခုပဲရှိသည်။ သူသည် အနီရောင် မြူခိုးနံ့သာမီးဖိုကိုအသုံးပြုပြီးသည်နှင့် သူ၏ဝိညာဉ်ရေးအနှစ်သာရတစ်ဝက်ကျော်ကို ဆုံးရှုံးသွားမည်ဖြစ်သည်။
အနီရောင် မြူခိုးနံ့သာမီးဖိုသည် ရန်သူကို ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရသွားစေတာ သို့မဟုတ် အနိုင်ယူရန် ပျက်ကွက်သွားတာ ဖြစ်ပါစေ၊ ၎င်းသည် လွန်ကဲခြင်း၏ တန်ပြန်အလှည့်ဖြစ်သည်။
ထို့ကြောင့် ရန်သူများနှင့်ရင်ဆိုင်ရသည့်အခါ ခန်းကျိုးသည် အရေးကြီးသောအခိုက်အတန့် မဟုတ်ပါက ဤလှုပ်ရှားမှုကို အလွယ်တကူအသုံးမပြုနိုင်ပေ။
သို့သော်လည်း ခန်းကျိုးသည် ကျင့်ကြံသူသခင်ပင်မဟုတ်သော ဂျူနီယာတစ်ဦးနှင့် ရင်ဆိုင်ရတော့ ၎င်းကိုသိပ်စိတ်မ၀င်စားပေ။
ဤတိုက်ခိုက်မှု၏ စွမ်းအားဖြင့် လင်းရှန်သည် ၎င်းကို လုံးဝ ခံနိုင်ရည်ရှိမည်မဟုတ်ကြောင်း သူယုံကြည်သည်။
သို့သော်လည်း ခန်းကျိုးသည် အတွင်းထဲတွင် လှောင်ပြောင်နေချိန်၌စစ်မြေပြင်၏ အခြေအနေသည် ရုတ်တရက် ပြောင်းလဲသွားသည်။
တောက်လောင်နေသော နေမင်းကြီးသည် ရုတ်တရက် တောက်လောင်နေသော မီးပင်လယ်ကို ဖြတ်၍ ဥက္ကာပျံကဲ့သို့ သူ့ဆီသို့ ကျရောက်လာသည်။
လမ်းတစ်လျှောက် ကောင်းကင်တွင် ကျယ်လောင်သော မိုးခြိမ်းသံများ ပဲ့တင်ထပ်နေပြီး ၎င်း၏ အရောင်အဝါသည် မပြတ်မလပ် ပြင်းထန်လှသည်။
ခန်းကျိုး၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ မဆိုင်းမတွဘဲ ဒိုင်းတစ်ခုကို ထုတ်ပစ်လိုက်သည်။ ၎င်းက လေထဲမှာ ကျယ်ပြန့်လာပြီး သူ့ရှေ့မှာ နှစ်မီတာမြင့်တဲ့ တံတိုင်းကြီး ဖြစ်သွားသည်။
နောက်အခိုက်အတန့်တွင် ပူပြင်းသောနေရောင်ခြည်သည် အကန့်အသတ်မဲ့ ထိုးဖောက်ခြင်းနဲ့အတူ တံတိုင်းအတွင်းသို့ ကျရောက်သွားသည်။
ဘုန်း
မီးလှိုင်းပျံ့သွားသည်နှင့်အမျှ ဒိုင်းနံရံသည် ပြင်းထန်စွာလှုပ်ခါကာ ခန်းကျိုး၏သွေးများဆူပွက်လာသည်။
သို့သော် ဤကိစ္စကို သူ ဂရုမစိုက်နိုင်တော့ပေ။ ယင်းအစား သူသည် လင်းရှန်ကို ထိတ်လန့်စွာ ကြည့်နေခဲ့သည်။
နေကိုးစင်း နတ်ဘုရားဓား
မဟုတ်ဘူး၊ အဲဒါ မဟုတ်နိုင်ပေ ။ ၎င်းသည် စစ်မှန်သော နေကိုးစင်း နတ်ဘုရားဓားဖြစ်ခဲ့လျှင်ပင် ၎င်းသည် သူ၏ အနီရောင် မြူခိုးနံ့သာမီးဖိုကို ဖျက်ဆီးနိုင်မည်မဟုတ်ပေ။
အခုပဲ ဓားမှာ မတူညီတဲ့ ဝိညာဉ်ရေး အနှစ်သာရတွေ ရှိနေသည်။
ခန်ရကျိုး၏ မျက်နှာပေါ်တွင် မယုံကြည်မှု ပေါ်လာသည်။
"မင်း- မင်းက ကျင့်ကြံသူသခင်ဖြစ်သွားပြီလား။"
ဂုဏ်သိက္ခာရှိသော ကျင့်ကြံသူသခင်၏ လေသံမှာ အမှန်တကယ်ပင် တုန်လှုပ်နေသည်။ သူ ဘယ်လောက်ထိ တုန်လှုပ်သွားတာလဲ။
အခြားလူ သုံးယောက်ကြားသောအခါ မထင်မှတ်သွားသဖြင့် အားလုံး ထိတ်လန့်သွားကြသည်။
လင်းရှန်သည် ကျင့်ကြံသူသခင် ဖြစ်လာချေပြီ