← Chapters

ဝိညာဉ်ပျိုးထောင်ခြင်း ပထမအဆင့် ကျင့်ကြံသူသခင် (၁) 

Vol. 21 Ch. 315

ဝိညာဉ်ပျိုးထောင်ခြင်း ပထမအဆင့် ကျင့်ကြံသူသခင် (၁) 

Vol. 21 Ch. 315

“ဘယ်လိုဖြစ်နိုင်မှာလဲ…”

ဟန်လျန့်သည် အလွန်တုန်လှုပ်သွားပြီး ပါးစပ်အဟောင်းသားနဲ့  ထိုနေရာတွင် ရပ်နေလိုက်သည်။

လင်းရှန်ဟာ တကယ်ပဲ  ကျင့်ကြံသူသခင်ဖြစ်လာပြီလား?

ခန်းကျိုးကြောင့် မဟုတ်ရင် သူသွေးလေချောက်ခြားသွားလောက်ပြီဟု ထင်လိမ့်ည်ပင်။

ချွီခယ်နဲ့ရှန်ကျီနင်လည်း အံသြသွားပြီး ဘာမှ မပြောနိုင်ပေ။

မြင်ကွင်းက သူတို့မျှော်လင့်ထားတာထက် ကျော်လွန်သွားသည် ။

လင်းရှန်သည် ခန်းကျိုး၏ အနီရောင် မြူခိုးနံ့သာမီးဖိုကို ချိုးဖျက်ရုံသာမက ခန်းကျိုး၏ပြောစကားအရ သူသည် လှောင်အိမ်ကို ဖောက်ထွက်ကာ ကျင့်ကြံသူဖြစ်လာခဲ့သည်။

ဒါက ဘယ်တုန်းက ဖြစ်တာလဲ။

အပြန်လမ်းမှာလား။

ဒါမှမဟုတ် ရွှမ်တုတောင်မှာ ရှိနေတုန်းကတည်းက သူ ဖြတ်ကျော်သွားတာလား။

ချွီခယ်နဲ့ ရှန်ကျီနင်က အံ့သြသွားသည်။ ခေါင်းတွေ တဆတ်ဆတ်တုန်နေသလို ခံစားလာရပြီး စဉ်းစားနိုင်စွမ်းတွေ ဆုံးရှုံးလုနီးပါးပင်။

သို့သော်လည်း  ခန်းကျိုးသည် အလွန်တုန်လှုပ်နေဆဲဖြစ်သည်။

အသိပြန်ဝင်လာသောအခါ ခန်းကျိုး၏မျက်နှာမှာ ဖြူဖျော့နေ၏

လင်းရှန်သည်  ကျင့်ကြံသူသခင်တစ်ဦးအဖြစ် တက်လှမ်းနေပြီဟု သူဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။

သူ့အား ပိုတုန်လှုပ်စေသည့်အရာမှာ ဒြပ်စင်ငါးပါး ဝိညာဉ်ရေးရာ အနှစ်သာရကိုပြောင်းလဲရန် နည်းစနစ်ကိုပင် မလေ့ကျင့်ရသေးသော ကျင့်ကြံသူသခင်အသစ်  လင်းရှန်သည် ၎င်း၏ အနီရောင် မြူခိုးနံ့သာမီးဖိုကို ကိုယ်ခံပညာနှင့်  ဒြပ်မဲ့ဝိညာဉ်ရေးရာအနှစ်သာရများဖြင့် ချိုးဖျက်နိုင်ခဲ့ခြင်းပင် ဖြစ်သည်။

ဒါက မယုံနိုင်စရာပင်။

"သူဟာ ဒုတိယတန်း ဝိဉာဉ်မဏ္ဍိုင်သွေးကြောကို ဖန်တီးနိုင် ခဲ့တာလား။"  ခန်းကျိုးအံ့ဩသွားသည်။

လင်းရှန်သည် သူတို့၏ အံ့သြမှုကို လုံး၀ လျစ်လျူရှုခဲ့သည်။

သူ၏ အာရုံစူးစိုက်မှု အများစုမှာ ဓား၏ စွမ်းအားကို ဖြစ်သည်။

“ဓားဝိညာဉ်က အမှန်တကယ် တန်ခိုးကြီးတာပဲ”

ဓားနည်းစနစ်၏အကျိုးသက်ရောက်မှုက  နေကိုးစင်းနတ်ဘုရားဓားကိုတောင်  အကြီးမားဆုံးစွမ်းအားကို ထုတ်လွှတ်နိုင်သည်။

လင်းရှန်သည် ထိုတိုက်ခိုက်မှုတွင် ဝိညာဉ်ရေးအနှစ်သာရ ၁၈ခုကိုသာ အသုံးပြုခဲ့သည်။

သူ့အနေနဲ့ လုဝမ်စုန့်ကို တိုက်ခိုက်နေချိန်၌ လုဝမ်စုန်၏ ပုဆိန်ကို အနိုင်ယူရန် ဒြပ်မဲ့ ဝိညာဉ်ရေးရာအနှစ်သာရ ပမာဏ နှစ်ဆကို အသုံးပြုခဲ့ရသည်။

ဓားဝိညာဉ်နဲ့ မြှင့်တင်လိုက်တော့ ကိစ္စများသည် ကွဲပြားခဲ့သည်။

"သန့်စင်သောယန်စွမ်းအားနဲ့ ဓားဝိညာဉ်သာ ပေါင်းရင် ဘယ်လောက်တောင် အစွမ်းထက်မလဲလို့ ငါတွေးမိတယ်"

သူဖြတ်ကျော်ပြီးကတည်းက  လင်းရှန်သည် စွမ်းရည်နှစ်ဆင့်မြှင့်တင်မှုကို တစ်ခါမျှ မကြိုးစားခဲ့ပေ။

လုဝမ်စုန့်နဲ့ တိုက်ခိုက်တုန်းက ကျင့်ကြံသူသခင်တစ်ယောက်၏ အစွမ်းအစကို စမ်းသပ်ချင်တာကြောင့် သူ့စွမ်းရည်ကို ဘယ်တော့မှ အသုံးမချခဲ့ပေ။

ပြီးတော့ ဒါက စွမ်းရည်နှစ်ခုကို စမ်းသပ်ဖို့ အခွင့်အရေးကောင်းတစ်ခုပင်။

လင်းရှန်သည် ခန်းကျိုးကို မော့ကြည့်လိုက်ပြီး သူ့မျက်လုံးများပေါ်တွင် အလင်းရောင်တစ်ခုလင်းလက်လာသည်။

ခန်းကျိုးသည် လင်းရှန်၏အကြည့်ကိုတွေ့သောအခါ အကြောင်းတစ်ခုခုကြောင့် သူ့ရင်ဘတ်တင်းကျပ်သွားသလို ခံစားလိုက်ရသည်။

တွေးတောမနေဘဲ အိတ်ပုံသဏ္ဌာန် ရတနာတစ်ပါးကို ထုတ်ပစ်လိုက်ပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးသည့် တောက်ပသောဝိညာဉ်ရေးရာ အလင်းရောင်အဖြစ် ပြောင်းလဲခဲ့သည်။

သူ့အား အကာအကွယ်ပေးထားသည့် အထူး လက်နက်နှစ်လက်နဲ့အတူ ခန်းကျိုးက သက်သာရာရသွားသည်။ ကျန်ဝိညာဉ်ရေးရာအနှစ်သာရကို စုဆောင်းပြီး လင်းရှန်ကို နောက်ထပ်တိုက်ခိုက်ခဲ့သည်။

ယခုအချိန်တွင် လင်းရှန်သည် သူ၏ဓားကို ထုတ်လိုက်ပြီဖြစ်သည်။

၎င်းသည် နေကိုးစင်းနတ်ဘုရားဓားဖြစ်သည်။  သို့သော် ယခုတစ်ကြိမ်မှာ သန့်စင်သောယန်စွမ်းအားခန္ဓာကိုယ်နဲ့ ဓားဝိညာဉ်က မြှင့်တင်ထားသည့် နေကိုးစင်းနတ်ဘုရားဓားဖြစ်သည်။

သက်ရောက်မှုနှစ်ခုနဲ့အတူ နေကိုးစင်းနတ်ဘုရားဓား၏ စွမ်းအားသည် သာမန်ထက် သုံးဆပိုမိုအားကောင်းသည်။

လင်းရှန်သည် ဝိညာဉ်ရေးရာအနှစ်သာရ ၄၅ ခုကို တစ်ပြိုင်နက် အသုံးပြုခဲ့တာကိုတော့ ပြောစရာလိုပေ။

လင်းရှန်၏ ခန္ဓာကိုယ်သည် တောက်ပနေပြီး အဆုံးမရှိသော ဝိညာဉ်ရေးရာအနှစ်သာရများ လွင့်ထွက် နေသည်ကို မြင်လိုက်ရသောအခါတွင် ခန်းကျိုး၏ မျက်လုံးများ ပြူးထွက်သွားသည်။

၎င်းက သုံးဆယ့်ခြောက်ခု ထက်မနည်းရှိခဲ့သည်။

"မဖြစ်နိုင်ဘူး  ဒီကလေးက ပထမတန်း ဝိညာဉ်မဏ္ဍိုင်သွေးကြောကို ဖန်ဆင်းနိုင်ပါ့မလား။”

ခန်းကျိုးသည် မယုံကြည်မှုများနှင့် ပြည့်နှက်နေသည်။

ပထမတန်း ဝိညာဉ်မဏ္ဍိုင်သွေးကြောသည် အမြင့်ဆုံးအဆင့်ဟု ကောလာဟလများ ထွက်ပေါ်ခဲ့သည်။

ထူးချွန်ထက်မြက်သော အရည်အချင်းများနှင့် နက်နဲသောနောက်ခံများရှိသည့် ပါရမီရှင်များစွာပင် ပထမတန်းဝိညာဉ်မဏ္ဍိုင် သွေးကြောကို မဖန်တီးနိုင်ခဲ့ပေ။  နောက်ခံ သို့မဟုတ် လုံလောက်သော ကျင့်ကြံမှု အရင်းအမြစ်မရှိသော သာမန်လူတစ်ဦးဖြစ်သည့် လင်းရှန်သည် ပထမတန်း ဝိညာဉ်မဏ္ဍိုင်သွေးကြောအား မည်သို့ဖန်တီးနိုင်မည်နည်း။

ထိုသို့မဟုတ်ပါက အံ့ဩဖွယ်ဝိညာဉ်ရေးရာအနှစ်သာရပမာဏကို သူမည်သို့ ရှင်းပြနိုင်မည်နည်း။

အဖြစ်မှန်က ခန်းကျိုးကို စဉ်းစားဖို့ အချိန်အများကြီးမပေးပေ။

မျက်စိတစ်မှိတ်အတွင်းမှာပင် အကန့်အသတ်မဲ့ ဓားစွမ်းအားနဲ့ တောက်လောင်နေသော နေရောင်ခြည်သည် ပူနွေးသောဓားက ထောပတ်ဖြိုချသကဲ့လို့ အနီရောင် မြူခိုးနံ့သာမီးဖိုကို ထိုးဖောက်ကာ ခန်းကျိုး၏ရှေ့မှ အကာအကွယ်နှင့် တိုက်မိသွားသည်။

တခဏအတွင်းမှာပဲ အသံကျယ်လောင်စွာ ထွက်ပေါ်လာသည်။  ဒိုင်းလွှာကို မိုးကြိုးထိမှန်ပြီး လွင့်သွားပုံရသည်။

ခန်းကျိုး၏ ခန္ဓာကိုယ်ပေါ်ရှိ စူးရှတောက်ပသော ဝိညာဉ်ရေးရာအလင်းရောင်

နှင့် ဆက်လက်မတိုက်မီခင်တွင် တောက်လောင်နေသော နေရောင်သည် တစ်ခဏမျှသာ ရပ်တန့်သွားသည်။

ခန်းကျိုး၏ ခန္ဓာကိုယ်မျက်နှာပြင်ပေါ်ရှိ ဝိညာဉ်ရေးရာအလင်းရောင်အလွှာသည် သလင်းကျောက်သဲအိတ်ဟုခေါ်သော အထူးလက်နက်တစ်ခုဖြစ်သည်။

ရန်သူနှင့်တိုက်ခိုက်သောအခါ ၎င်းသည် ကျင့်ကြံသူအား ကာကွယ်ရန် တောက်ပသောဝိညာဉ်ရေးရာအလင်းရောင်အဖြစ် ပြောင်းလဲနိုင်သည်။ ကာကွယ်ရေးပိုင်းမှာတော့ ဒိုင်းတွေထက်တောင် ပိုမြင့်မားသည်။

သို့သော် နေကိုးစင်းနတ်ဘုရားဓား၏တိုက်ခိုက်မှုအောက်တွင် ဝိညာဉ်ရေးရာ အလင်းရောင်သည် ပျောက်ကွယ်မသွားမီစက္ကန့်ဝက်မျှသာကြာခဲ့သည်။

ခန်းကျိုးသည် ကောင်းကင်ယံတွင် ပြည့်နေသော ဓားစွမ်းအင်ကြောင့် သူ့အား ထိတ်လန့်စွာ ကြည့်နေခဲ့သည်။

ဘုန်း

ချက်ချင်းပဲ ကျယ်လောင်တဲ့ အသံတစ်ခု ထွက်ပေါ်လာပြီး ဖုန်မှုန့်တွေက နေရာအနှံ့ ပြန့်ကျဲနေ၏

ပြင်းထန်သော လေလှိုင်းသည် အရပ်ရပ်သို့ ရွေ့လျားသွားသည်။ ချွီခယ်၊ ရှန်ကျီနင်နှင့် ဟန်လျန့်တို့သည် တုန်လှုပ်ချောက်ချားမှုကို တားဆီးရန် ၎င်းတို့၏ ခုခံကာကွယ်ရေး ဓမ္မရတနာများကို ရွေးချယ်ရန်မှလွဲ၍ တခြားမရှိပေ။

ဖုန်မှုန့်တွေ လွင့်စင်သွားတဲ့အခါ သူတို့သုံးယောက်က  စူးစိုက်ကြည့်တော့ ခန်းကျိုးပတ်ပတ်လည် ဧရိယာဟာ ပူလောင်လောင်မြိုက်တဲ့ မြေကြီးအဖြစ် ပြောင်းလဲသွားကြောင်း တွေ့ရှိခဲ့သည်။  အလယ်မှာ ထိတ်လန့်စရာကောင်းတဲ့ တွင်းနက်ကြီးတစ်ခုရှိနေသည်။ 

ခန်းကျိုးသည် တွင်းနက်ကြီးအလယ်တွင် မလှုပ်မယှက် လဲလျောင်းနေပြီး သူ့တစ်ကိုယ်လုံး မည်းနက်နေပြီဖြစ်သည်။

တိတ်ဆိတ်ကုန်၏

လုံးဝတိတ်ဆိတ်နေခဲ့သည်။

ချွီခယ်နှင့် အခြားနှစ်ယောက်သည် ထိုမြင်ကွင်းကို ကြောင်တက်တက် ကြည့်နေကြသည်။ သူတို့သည် အိပ်မက်ထဲသို့ ရောက်သွားပြီး အကြာကြီး မနိုးလာနိုင်ဟု ခံစားလာရသည်။

ခန်းကျိုးက ပြင်းပြင်းထန်ထန်ရောက်လာသည်။ ချွီခယ်၊ ရှန်ကျီနင် ဒါမှမဟုတ် ဟန်လျန်ြပဲဖြစ်ပါစေ လင်းရှန်ဟာ မလွဲမသွေဒုက္ခခံရလိမ့်မယ်လို့ အားလုံးက ထင်နေကြသည်။

လင်းရှန်သည် ကျင့်ကြံသူသခင်တစ်ဦးထံ တက်လှမ်းခဲ့ရုံသာမက ခန်းဟိုင်ကိုလည်း အနိုင်ယူနိုင်ခဲ့သည်ဟု မည်သူထင်မည်နည်း။

လုံလောက်သောနည်းစနစ်ကို ရှာမတွေ့သေးသော ကျင့်ကြံသူသခင် အသစ်သည်  ဝိညာဉ်ပျိုးထောင်ရေး ဒုတိယအဆင့် ကျင့်ကြံသူအား ထိပ်တိုက်တွေ့ကာ အနိုင်ရသွားခဲ့သည်။ သူတို့ကိုယ်တိုင် မျက်စိနဲ့ မမြင်ဖူးရင် ဒီလိုရယ်စရာကောင်းတာကို ယုံမှာမဟုတ်ပေ။

ဒါတောင် သူတို့သုံးယောက် အိပ်မက်မက်နေသလို ခံစားရသည်။

အချိန်အတော်ကြာပြီးနောက် ဟန်လျန့်သည် ပထမဆုံးတုံ့ပြန်ခဲ့သည်။ ထိတ်လန့်တကြားနဲ့ တွင်းနက်ကြီးထဲကို ပြေးဝင်သွားသည်။

"ဦးလေး”

All Chapters