← Chapters

ဝိညာဉ်ပျိုးထောင်ခြင်း ပထမအဆင့် ကျင့်ကြံသူသခင် (၂) 

Vol. 21 Ch. 316

ဝိညာဉ်ပျိုးထောင်ခြင်း ပထမအဆင့် ကျင့်ကြံသူသခင် (၂) 

Vol. 21 Ch. 316

ဟန်လျန့်သည် ခန်းကျိုးရှေ့မှာ ထိုင်ချလိုက်ပြီး သူ့ဒဏ်ရာတွေကို အမြန်စစ်ဆေးသည်။ ခဏအကြာတွင် သက်ပြင်းတစ်ချက်ချလိုက်သည်။

နောက်ဆုံးတွင် သူသည် ဝိညာဉ်ပျိုးထောင်ရေး ဒုတိယအဆင့် ကျင့်ကြံသူ သခင်ဖြစ်သည်။ ဘယ်လောက်ပဲ ပျော့ညံ့နေပါစေ တစ်ချက်တည်းနဲ့ မသတ်နိုင်ပေ။

ခန်းကျိုး၏ ဒဏ်ရာများသည် ကြောက်မက်ဖွယ်ကောင်းသော်လည်း အမှန်တကယ်တွင် အပေါ်ယံဒဏ်ရာများသာဖြစ်သည်။ တစ်နာရီကြာ တရားထိုင်ပြီးနောက် ကျင့်ကြံအားထုတ်သူသည် ထိုဒဏ်ရာများမှ ပြန်လည်ကောင်းမွန်လာနိုင်သည်။

သို့သော် သူ့ခန္ဓာကိုယ်ထဲတွင် နေကိုးစင်းနတ်ဘုရားဓားမှ ကျန်ခဲ့သော အပူအဆိပ်သည် ခန်းဟိုင်နှင့် အတူတူပင်။

ခန်းကျိုးခန္ဓာကိုယ်မှာ ကျန်ခဲ့တဲ့ အပူအဆိပ်က ခန်းဟိုင်ထက် အများကြီး ပိုပြင်းထန်သည်။ကျင့်ကြံသူ သခင်၏ အစွမ်းထက်သော ပြန်လည် နာလန်ထူနိုင်မှုဖြင့်ပင် ပြန်လည်ကောင်းမွန်ရန် အနည်းဆုံး ဆယ်ရက်မှ လဝက်ခန့် ကြာနိုင်သည် ။

ဟန်လျန့်က လေးလေးနက်နက် သက်ပြင်းချလိုက်ပြီး ဘာပြောရမှန်းမသိပေ။

သားအဖနှစ်ဦးစလုံးသည် လင်းရှန်နှင့် ပြဿနာရှာရန် လာခဲ့ကြသော်လည်း နောက်ဆုံးတွင် နှစ်ယောက်စလုံး ဒဏ်ရာပြင်းထန်စွာ ရခဲ့ကြသည်။ ဘယ်လောက်ထိ ကမောက်ကမဖြစ်လိုက်လဲ။

သူ့ခေါင်းကို မော့ပြီး ဟန်လျန့်က ရှုပ်ထွေးသော အမူအရာဖြင့်  လင်းရှန်ကို ကြည့်ကာ "လင်းရှန်၊ ဦးလေး ခန်းကို သင်ခန်းစာပေးပြီးပြီပဲ ။ တိုက်ပွဲက ဒီမှာပဲ ပြီးရင်ရော။  

ဘယ်လိုထင်လဲ” 

လင်းရှန်သည် ဟန်လျန့်ကို ကြည့်လိုက်ပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ "သူ့ကို ခေါ်သွားပါ။"

သူက  ခန်းကျိုးကိုသတ်ဖို့ ရည်ရွယ်ချက်မရှိပေ။

နောက်ပိုင်းတွင် သူသည်  ဂိုဏ်း၏ ကျင့်ကြံသူ သခင်ဖြစ်သည်။ သူ့ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရစေတာက ကြီးကြီးမားမား ကိစ္စတော့ မဟုတ်ပေ။ လင်းရှန်သည် အမှန်ဘက်တွင် ရှိနေသည်။ သို့သော်  ခန်းကျိုးကိုသတ်လိုက်လျှင် နောင်တွင် ကြီးမားသောဒုက္ခဖြစ်လိမ့်မည်။

ယနေ့အဖြစ်အပျက်ပြီးနောက် ခန်းကျိုးသည် လင်းရှန်ကို နောက်တစ်ကြိမ် ပြဿနာရှာရဲတော့မည်မဟုတ်ပေ။

"ကျေးဇူးတင်ပါတယ်”

 ဟန်လျန့်သည် ခန်းကျိုးကို အလျင်အမြန် ကူညီခဲ့ပြီး  လေဟုန်စီးခြင်းနည်းကို အသုံးပြုကာ သူ့ကိုခေါ်ဆောင်သွားခဲ့သည်။

ယခုအချိန်တွင်  ချွီခယ်နဲ့ရှန်ကျီနင်သည် တို့သည် သူတို့၏ ထိတ်လန့်တုန်လှုပ်ခြင်းမှ မသက်သာသေးပေ။

သူတို့နှစ်ဦးသည် လင်းရှန်အား ကြောင်တက်တက်ဖြင့် စိုက်ကြည့်ကာ သူတို့မျက်လုံးများမှာ အံ့သြထိတ်လန့်မှုများဖြင့် ပြည့်နှက်နေ၏။ 

လင်းရှန်သည် နိုင်ယန်းကျောင်းတွင် နှစ်နှစ်ခန့်သာ တက်ရောက်ခဲ့သည်။ ယခုတွင် သူသည် ကျင့်ကြံသူသခင်တစ်ဦးအဖြစ် တိုးလာခဲ့ပြီး ကျောင်းတွင် အလျင်မြန်ဆုံးတပည့်တစ်ဦးအဖြစ်  စံချိန်တင်နိုင်ခဲ့ရုံသာမက နေကိုးစင်းဂိုဏ်းမှ အသက်အငယ်ဆုံး ကျင့်ကြံသူသခင် အဖြစ်လည်း စံချိန်တင်ခဲ့သည်။

ဒါတွေအားလုံးတင် မဟုတ်ပေ။ လင်းရှန်သည် ပထမတန်း ဝိဉာဉ်မဏ္ဍိုင်သွေးကြောကို ပေါင်းစပ်နိုင်ခဲ့တာပင်။

နေကိုးစင်းဂိုဏ်းကို တည်ထောင်ပြီးကတည်းက ပထမတန်း  ဝိဉာဉ်မဏ္ဍိုင်

သွေးကြောကို မဖန်တီးနိုင်ခဲ့ပေ။

ပို၍တိကျစေရန် နဂါးမြို့၏အဓိကဂိုဏ်းကြီးသုံးခုတွင် မည်သူမျှ ပထမတန်း ဝိဉာဉ်မဏ္ဍိုင်သွေးကြောကို မဖန်တီးနိုင်ပေ။

လင်းရှန်သည် နဂါးမြို့တွင် မကြုံစဖူး စံချိန်တင်ခဲ့သည်မှာ သေချာသည်။

သူသည်နေကိုးစင်း၏ ပထမတန်း ဝိဉာဉ်မဏ္ဍိုင်သွေးကြော ကျင့်ကြံသူ သခင်ဖြစ်သည်။

ဒီသတင်းက ဂိုဏ်းထဲရောက်သွားတဲ့အခါ ကြီးမားတဲ့ ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်စေမယ်လို့ တွေးကြည့်ရုံနဲ့ သိနိုင်သည်။

ဒါကိုစဉ်းစားလိုက်တော့  ချွီခယ်နဲ့ရှန်ကျီနင်က ခြားနားသွားခဲ့သည်။

သူတို့သည် ဒုတိယတန်း ဝိဉာဉ်မဏ္ဍိုင်သွေးကြောနဲ့ ကျင့်ကြံသူသခင်ဖြစ်လာရန်နှင့် အရင်းအမြစ်များကို စုဆောင်းရန် အလွန်ကြိုးစားခဲ့ကြသည်။

ဒါတောင်မှ အဲဒီပန်းတိုင်ကို ရောက်ဖို့ မျှော်လင့်ချက်က မမြင့်မားပေ။

သို့သော်လည်း လင်းရှန်သည် ၎င်းတို့ မျော်မှန်းသည့် ပန်းတိုင်ကို အောင်မြင်ရုံသာမက  ၎င်းကို ကျော်လွန်သွားခဲ့သည်။

အဲဒါက လူတွေကြားက ခြားနားချက်ကို မြင်လာရတာပင်။

သူ့အသိစိတ်ပြန်ဝင်လာသောအခါ ချွီခယ်သည် ရှန်ကျီနင်ကိုကြည့်ကာ ပြုံးလိုက်သည်။ "ညီလေးလင်း၊ မင်း ငါတို့ကို တကယ် အံ့အားသင့်စေခဲ့တာပဲ”

"စိတ်ပူအောင် လုပ်မိလို့ တောင်းပန်ပါတယ်" လင်းရှန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

ချွီခယ်က ခေါင်းယမ်းလိုက်၏

အစတွင်  သူက ခန်းမိသားစုကို သတိထားရန် လင်းရှန်ကို သတိပေးလိုသော်လည်း ဒုတိယအတွေးအရ လင်းရှန်သည် မကြုံစဖူး ပထမတန်း  ဝိဉာဉ်မဏ္ဍိုင်သွေးကြောနဲ့ ကျင့်ကြံသူ သခင်ဖြစ်သည်။

သခင်တပည့်မျိုးရိုးက အရွေးမမှားသရွေ့  သူ့သခင်က လင်းရှန်ကို အစွမ်းကုန် ကာကွယ်ပေးနိုင်ပြီး ခန်းမိသားစုအား ထိခွင့်ပေးမှာ မဟုတ်ပေ။

သြဇာကြီးသော မိသားစုများပင်လျှင် ၎င်းတို့၏ ယခင်သဘောထားများ ပြောင်းသွားပြီး လင်းရှန်ကို ချည်နှောင်နိုင်သည်။

ခန်းမိသားစုက လက်တုံ့ပြန်ချင်ပေမယ့် ဘာမှလုပ်လို့မရပေ။

"အခုကစပြီး အစ်ကိုလင်းကတော့ ဂိုဏ်းမှာ တောက်ပတဲ့ အနာဂတ် ရှိမှာ သေချာတယ်” ချွီခယ်က သက်ပြင်းချလိုက်သညါ။

ရှန်ကျီနင်လည်း အလားတူ ခံစားခဲ့ရသည်။

ဘာမှ အမှားအယွင်းမရှိရင် ပထမတန်း  ဝိဉာဉ်မဏ္ဍိုင်သွေးကြောရှိသော ကျင့်ကြံသူသခင်သည် အနာဂတ်မှာ ရရှိဖို့၉၉% အခွင့်အလမ်း ရှိနေသည်။

နေကိုးစင်းဂိုဏ်းတစ်ခုလုံးတွင် ဂိုဏ်းသခင်တစ်ဦးတည်းသာ  ပြဒါးရှင်လုံးပြောင်းပြန်

အဆင့် ကျင့်ကြံသူသခင် ဖြစ်သည်။

သူတို့၏ချီးမွမ်းသံကိုကြားတော့  လင်းရှန်က မှုန်ကုပ်ကုပ်လေးသာ ပြုံးပြီး ဘာမှပြန်မပြောပေ။ ခဏလောက် စကားစမြည်ပြောပြီး နှုတ်ဆက်ကာထွက်သွားသည်။

အရှေ့ခရိုင်မှာတော့

နှစ်လလောက်ကြာအကြာတွင် ဘာမှမပြောင်းလဲပေ။

အိမ်၏အစိတ်အပိုင်းတိုင်းက သန့်ရှင်းသပ်ရပ်သည်။  တစ်စုံတစ်ယောက်က မကြာခဏ သန့်ရှင်းရေးလုပ်တယ်ဆိုတာ သိသာသည်။

ဖြစ်နိုင်ချေကတော့ ထန်ယွဲ့နဲ့ သူ့သူငယ်ချင်းတွေ လုပ်တာဖြစ်နိုင်သည်။

တစ်​​နေရာလုံး အလွန်​တိတ်​ဆိတ်​သွားသည်​။

အိမ်ထဲသို့မဝင်မီတွင်  လင်းရှန်သည် သူ၏ဝိညာဉ်ရေးရာအာရုံများကို စစ်ဆေးရန် ဖြန့်ထားပြီးဖြစ်သည်။ အိုက်သည် အိမ်တွင်မရှိသဖြင့် သူမဘယ်သွားသည်ကို မသိပေ။

လင်းရှန်သည် အမြန်ထွက်သွားရန် မလုပ်ခဲ့ပေ။ သူသည် ဧည့်ခန်းထဲတွင်ထိုင်ပြီး ဝိညာဉ်ရေးရာအနှစ်သာရ၏တိကျသောအသုံးပြုမှုကို ဆက်လက်လေ့လာခဲ့သည်။ထို့နောက် အိုက်ပြန်လာတာကို စိတ်ရှည်ရှည်နဲ့ စောင့်ခဲ့သည်။

သူက ညမိုးချုပ်တဲ့အထိ စောင့်နေ၏

အပြင်ဘက် ကောင်းကင်ကြီး မှောင်လာသောအခါ လင်းရှန်သည် လသာဆောင်မှ ခုန်ဆင်းလာသော ရင်းနှီးသည့် အရိပ်အယောင်ကို ခံစားလိုက်ရသည်။ ၎င်းက တံခါးကို တွန်းဖွင့်ပြီး အိမ်ထဲသို့ အမြန်ဝင်

လာသည်။

အိုက်သည် ဧည့်ခန်းထဲကို ဝင်လာတော့ တစ်ဖက်လူကို ရုတ်တရက် သတိထားမိလိုက်သည်။  သူမသည် ထိတ်လန့်သွားပြီး မသိစိတ်က ထင်ယောင်ထင်မှားပုံရိပ်ကို အသက်သွင်းချင်သော်လည်း ရပ်လိုက်ပြီး ဆိုဖာပေါ်ရှိလူကို အံ့သြစွာ ကြည့်လိုက်သည်။

လင်းရှန်

အိုက်သည် လင်းရှန်ကို ဖက်လိုက်ပြီး သူ့ရင်ခွင်ထဲသို့ တိုးဝင်လာကာ အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။

"ဘယ်တုန်းက ပြန်ရောက်တာလဲ"

"ဒီနေ့မှပဲပြန်ရောက်တယ်” 

လင်းရှန်က ပြုံးပြီး အိုက်၏ ချောမွေ့သော အမွေးများကို ပွတ်သပ်လိုက်သည်။

"မင်းဘယ်တွေရောက်နေတာလဲ?"

ကြောင်လေးသည် ပိုမိုသက်တောင့်သက်သာရှိသော အနေအထားသို့ ပြောင်းလဲကာ လင်းရှန်း၏ ဒူးများပေါ် မှီကာ ပျော်နေပုံရသည်။

“မကြာသေးခင်ကမှ ကြောင်ဗိုလ်ချုပ်နေရာမှာ ကျင့်ကြံခဲ့တာ။ လူ့ဒုက္ခကို တတ်နိုင်သမျှ အမြန်ဆုံးကျော်ဖြတ်နည်းကို သင်ပေးနေတာလေ။”

ကြောင်ဗိုလ်ချုပ်လား

လင်းရှန်သည် သူ၏ သိုလှောင်လက်စွပ်ထဲတွင် နတ်ဘုရားရှာဖွေခြင်းအဆောင်ကို ရုတ်တရက် တွေးလိုက်သည်။

တောက်ပသောဝင်ပေါက်အဆင့်ကိုရောက်ကတည်းက ကြောင်ဗိုလ်ချုပ်၏ နတ်ဘုရားရှာဖွေခြင်းအဆောင်ကို သုံးခဲသည်။

အဘယ်ကြောင့်ဆိုသော် နတ်ဘုရားရှာဖွေခြင်းအဆောင်သည် သူ၏ကြီးထွားမှုကို အမီလိုက်နိုင်တော့မည်မဟုတ်သောကြောင့်ဖြစ်သည်။

အထူးသဖြင့် ကျင့်ကြံသူသခင်ထံ တက်လှမ်းပြီးနောက် 

ကြောင်ဗိုလ်ချုပ်၏ နတ်ဘုရားရှာဖွေခြင်းအဆောင်ရှိ  ကန့်သတ်ချက်များအားလုံးကို ဖယ်ရှားလိုက်လျှင်ပင် သူဆင့်ခေါ်ထားသော ကိုယ်ပွား၏ ကျင့်ကြံမှုအဆင့်သည် ဝိညာဉ်တော်ပျိုးထောင်ရေး ပထမအဆင့်တွင် ဖြစ်လိမ့်မည်။ လင်းရှန်၏ ကိုယ်ပွားများထဲမှ တစ်ယောက်ယောက်သည် ထိုထက်ပိုကောင်းသည်။

နည်းစနစ်ကို ကျင့်ကြံပြီး ဒြပ်ငါးပါး၏ ဝိညာဉ်အနှစ်သာရကို ပြောင်းလဲပြီးနောက် ခွန်အား၏ ခြားနားမှုသည် ပို၍တိုးလာမည်ဖြစ်သည်။

နတ်ဘုရားရှာဖွေခြင်းအဆောင်သည် ယခု သူ့အတွက် အသုံးမဝင်လုနီးပါး ဖြစ်နေသည်။

ဤသင်္ကေတသည် လွန်ခဲ့သော တစ်နှစ်က ၎င်း၏ အပြင်းထန်ဆုံးသော ဝှက်ဖဲများထဲမှ တစ်ခုဖြစ်ကြောင်း တွေးတောရင်း လင်းရှန်က သက်ပြင်းချလိုက်သည်။

ကြောင်ဗိုလ်ချုပ်တောင်မှ သူ့ခွန်အားတွေ မြန်မြန်ဆန်ဆန်တိုးလာမည်ဟု မမျှော်လင့်ထားပေ။

ယခု ကြောင်ဗိုလ်ချုပ်ထံ ပြန်ပေးမည်ဆိုပါက ပိုမိုအားကောင်းသည့် နတ်ဘုရားရှာဖွေခြင်းအဆောင်ကို လဲလှယ်နိုင်မလား

လင်းရှန်  နင့်စိတ်ထဲမှာ တစ်ခုခုပြောင်းလဲသွားသလို ငါဘာလို့ခံစားရတာလဲ။

အိုက်သည် ရုတ်တရက် သူ့ကို မော့ကြည့်လိုက်ပြီး သူမ၏ မျက်လုံးများတွင် ရှုပ်ထွေးမှုအရိပ်အမြွက်များ ရှိနေသည်။

သူမသည် ဝိညာဉ်ရေးရာအနှစ်သာရအတက်အကျများကို အလွန်အကဲဆတ်သည်။ လင်းရှန်ကိုမြင်ရတာ အံ့သြသွားတာကြောင့် ခုနက သတိမထားမိလိုက်ကေ။ အခုချိန်မှာတော့ ပတ်ဝန်းကျင်လေထုထဲမှ လွတ်လပ်သော ဝိညာဉ်ရေးအနှစ်သာရသည် လင်းရှန်ခန္ဓာကိုယ်ထဲကို ဖြည်းညှင်းစွာနဲ့ အဆက်မပြတ်စီးဆင်းနေတာကို 

ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။

လှောင်အိမ်အတွင်းမှ ကျော်ဖြတ်ပြီးနောက် ကျင့်ကြံသူသခင်များသည် တရားမထိုင်ဘဲ ကျင့်ကြံခြင်းမပြုလျှင်ပင်၊ ၎င်းတို့၏ ခန္ဓာကိုယ်များသည် အလွန်သေးငယ်သောအတိုင်းအတာအထိ ကြီးထွားလာစေရန် ပတ်ဝန်းကျင်ရှိ ဝိညာဉ်ရေးရာအနှစ်သာရကို အလိုအလျောက်စုပ်ယူသွားမည်ဖြစ်သည်။

လင်းရှန်က ပြုံးပြီး ဘာမှ မကွယ်ဝှက်ထားပေ။ “ ငါက  ကျင့်ကြံသူသခင်အဆင့်ကို ရောက်သွားပြီ”

ကြောင်က အံ့ဩသွားသည်။ စက္ကန့်အနည်းငယ်ကြာပြီးနောက် လင်းရှန်း၏ဒူးခေါင်းမှ ရုတ်တရက် ခုန်တက်လာသည်။

"ဘာလဲ?

"နင်က ကျင့်ကြံသူသခင်ဖြစ်သွားပြီလား။

အိုက်က မျက်လုံးပြူးပြီး လင်းရှန်ကို အံ့သြစွာ ကြည့်လိုက်သည်။ ထို့နောက် အိပ်မက်မှ နိုးလာသကဲ့သို့၊ "နင့်ရဲ့ ဝိဉာဉ်မဏ္ဍိုင်သွေးကြောကဘယ်အဆင့်လဲ"ဟု မေးသည်။

"ပထမအဆင့်”

 ဝိဉာဉ်မဏ္ဍိုင်သွေးကြော ၁၀၈ခုသည် အလွန်တုန်လှုပ်စရာကောင်းသည်။  လင်းရှန် သည်  ပေါင်းစည်းခြင်းလုပ်ငန်းစဉ်ကို မရှင်းပြနိုင်သဖြင့် ပထမအဆင့်ဟုသာ ပြောခဲ့သည်။

ဒါတောင် ဒီစကားတွေက အိုက်ကို ထိတ်လန့်စေတုန်းပင်။

လောကအကြောင်း မသိနားမလည်သူတစ်ဦးအနေနဲ့တောင် ပထမတန်းဝိဥာဉ်သည် အဘယ်အရာကိုဆိုလိုသည်ကို သူမ သိသည်။ ၎င်းသည် ကျင့်ကြံမှုတွင် တောက်ပသောလမ်းကြောင်းနှင့် အဓိပ္ပါယ်တူသည်။

"အဲဒါ မိုက်တယ်”

သူမသည် လင်းရှန်အား တောက်ပသော မျက်လုံးများဖြင့် ကြည့်ကာ သူမ၏ အကြည့်များက သဘောကျမှုအပြည့်နှင့်ပင်။

“ဗိုလ်ချုပ်က  နဂါးမြို့မှာ နှစ်အတော်ကြာနေခဲ့တာတောင် ပထမတန်း ဝိဉာဉ်မဏ္ဍိုင်သွေးကြော ပုံဖော်နိုင်တဲ့သူကို တစ်ခါမှ မတွေ့ဖူးဘူးလို့ ပြောတယ်။ ဒါကို သူသိရင် အံ့သြသွားလိမ့်မယ်”

လင်းရှန်က ဘာမှမပြောဘဲ ပြုံးလိုက်သည်။

ကြောင်ဗိုလ်ချုပ်ကြီးသည် နှစ်ပေါင်း ထောင်သောင်းချီ၍ နေထိုင်လာခဲ့သည်။ နဂါးမြို့တွင် ပထမတန်း  ဝိဉာဉ်မဏ္ဍိုင်သွေးကြောကို တစ်ခါမှ မမြင်ဖူးသော်လည်း အရှေ့ပင်လယ်လမ်း၏ အခြားတစ်နေရာတွင် သူတွေ့ဖူးပေမည်။

ရုတ်တရက် လင်းရှန်မှာ အတွေးတစ်ခုဝင်လာသည်။

ကြောင်ဗိုလ်ချုပ်သည် ကျင့်ကြံနည်းစနစ်များစွာ သို့မဟုတ် နတ်တန်ခိုးများ ရှိသင့်သည်။ လင်းရှန်သည် သူ့ထံမှ အနည်းငယ်ရနိုင်မလားဟု တွေးမိသည်။

"နောက်နေ့ ကြောင်ဗိုလ်ချုပ်နဲ့ စကားပြောဖို့ အခွင့်အရေး ရှာရမယ်”

လင်းရှန်က သူ အရမ်းအလုပ်များနေမည်ဟု အိုက်အား ပြောခဲ့သည်။

ကြောင်လေးက နားလည်သော်လည်း  သူထွက်ခွါမှာကို အနည်းငယ် ဝန်လေးနေခဲ့သည်။

"စိတ်မပူပါနဲ့၊ ငါမင်းကို ဂိုဏ်းထဲ မကြာခင် ခေါ်မယ် " လင်းရှန်က သူမကို နှစ်သိမ့်လိုက်တယ်။

ဂိုဏ်း၏ ကျင့်ကြံသူသခင်များသည် ကိုယ်ပိုင်အိမ်တစ်လုံး ရှိနိုင်သည်။ အချိန်တန်သောအခါ သူသည် အိုက်ကိုခေါ်သွားနိုင်သည်။

အဲဒါကိုကြားတော့ အိုက်က ဝမ်းသာပီတိဖြစ်သွားသည်။

ဒါက သဘောတူညီချက်တစ်ခုဖြစ်သည်။

လူနှင့်ကြောင် စကားစမြည်ပြောနေကြစဉ် ရွှမ်တုအစည်းအဝေးမှပြန်လာပြီး ပထမတန်းဝိဉာဉ်မဏ္ဍိုင်သွေးကြောနှင့် ကျင့်ကြံသူသခင် တစ်ဦးဖြစ်လာသည့် လင်းရှန်၏သတင်းသည် နေကိုးစင်း ဂိုဏ်းတစ်ခုလုံးကို ဟာရီကိန်းမုန်တိုင်းတစ်ခုလို လျင်မြန်စွာ ပျံ့နှံ့သွားကာ ကြီးမားသောမုန်တိုင်းတစ်ခု ဖြစ်စေခဲ့သည်။ .

All Chapters