လှပသောဆရာ (၂)
Vol. 21 Ch. 320
နောက်ဆုံးတွင် နည်းတစ်ခု၌ ဒြပ်စင်ပါ၀င်မှုများလေလေ ကျင့်ကြံရန် ပို၍ခက်ခဲလေလေဖြစ်သည်။
ဒြပ်စင်ငါးခုကို မဆိုထားနှင့် ၊ ဒြပ်စင်သုံးခုကို အောင်မြင်စွာ ကျင့်ကြံနိုင်သူပင် အလွန်နည်းပါးနေပြီဖြစ်သည်။
အခြားတပည့်တစ်ဦးသည် ထိုသို့တောင်းဆိုခဲ့လျှင် ၎င်းတို့သည် မသိနားမလည်သူများအဖြစ် အကဲဖြတ်ခံရမည်မှာ သေချာပါသည်။
သို့သော်လည်း လင်းရှန်သည် နေကိုးစင်းဂိုဏ်း၏ သမိုင်းတွင် ပထမဆုံး ပထမအဆင့် ဝိညာဉ်မဏ္ဍိုင်သွေးကြောနဲ့ တပည့်ဖြစ်သည်။ သူ၏ အလားအလာသည် ကြီးမားပြီး ဒြပ်ငါးပါးလုံးကို ကျင့်ကြံနိုင်မည် မဟုတ်ကြောင်း ယုစစ်ယွီ အနေနဲ့ သေချာပေါက် မပြောနိုင်ပေ။
ခဏလောက်စဉ်းစားပြီးနောက် သူမက “ဒြပ်စင်ငါးပါးကျင့်ကြံနည်းကို ကျင့်ကြံဖို့က အတော် ခက်ခဲပါတယ်။ အစပြုသူအဆင့်ကို ရောက်ဖို့ကကို ကြီးမားတဲ့ အတားအဆီးတစ်ခုပဲ။ ဒီလိုနည်းစနစ်ကို တကယ်ကျင့်ကြံချင်နေတာ သေချာလား"
လင်းရှန်၏ မျက်လုံးများ တောက်ပလာသည်။
ဒြပ်ငါးပါးလုံးနဲ့ ကျင့်ကြံတဲ့ နည်းစနစ် တကယ်ရှိလေ၏
သူက ချက်ချင်းပင် မတုံ့ဆိုင်းဘဲ “ ကျွန်တော် စိတ်ဆုံးဖြတ်ပြီးပါပြီ”
လင်းရှန်၏ ပြတ်ပြတ်သားသား အမူအရာကို မြင်လိုက်ရသဖြင့် ယုစစ်ယွီက ခေါင်းညိတ်ကာ အခြားဘာမှ မပြောတော့ပေ။
မည်သို့ပင်ဆိုစေကာမူ မအောင်မြင်ပါက လအနည်းငယ်ကြာအောင် အချိန်ကုန်ဆုံးသွားမည်ဖြစ်သည်။ အဲဒီလိုဖြစ်လာရင် တခြား ကျင့်ကြံနည်းကို ပြောင်းရမည်ပင်။
ယုစစ်ယွီသည် သူမ၏လက်ကို ဝှေ့ယမ်းလိုက်တော့ အစိမ်းရောင်လင်းလက်လာကာ လင်းရှန်၏လက်ဖဝါးပေါ်သို့ ကျရောက်လာသည်။ အဲ့တာက ကျောက်စိမ်းစလစ်ဖြစ်သည်။
“အဲဒါက အထူးလျှို့ဝှက်နည်းလို့ခေါ်တဲ့ ကျင့်ကြံနည်းစနစ်တစ်ခုပဲ။ ဒါက အရင် ငါခရီးသွားခဲ့တဲ့ နှစ်တွေတုန်းက ရှေးခေတ်အပျက်အစီးတစ်ခုက ရရှိခဲ့တဲ့ ကျင့်ကြံနည်းစနစ်တစ်ခုပဲ။ အဲ့တာကို အောင်မြင်စွာ ကျင့်ကြံပြီးရင် ဒြပ်ငါးပါးလုံးရဲ့ ဝိညာဉ်အနှစ်သာရကို စိတ်ဆန္ဒအတိုင်း ရရှိနိုင်တယ်။ အဲ့တာက အလွန် အစွမ်းထက်ပြီး ပြဒါးရှင်လုံးပြောင်းပြန်အဆင့်အထိ အသုံးပြုနိုင်တဲ့ နည်းစနစ်တစ်ခုလေ။ ဒါက နားမလည်နိုင်အောင် လေးနက်တယ်”
“တစ်ခုတည်းသော ချို့ယွင်းချက်ကတော့ ကျင့်ကြံဖို့ အတော် ခက်ခဲတယ်။ အစပြုသူအဆင့်ကိုရောက်ဖို့က ခက်ခဲရုံတင်မကဘဲ အဆင့်မြင့်ရောက်ဖို့က ပိုခက်တယ်။”
ယုစစ်ယွီသည် လင်းရှန်ကို ငုံ့ကြည့်လိုက်ပြီး သူမ၏ လေသံက ပို၍ လေးနက်လာသည်။
"အထူးလျှို့ဝှက်နည်းက ဒြပ်ငါးပါး ကျင့်ကြံနည်းမလို့ အနာဂတ်မှာ မှော်အလင်းအဆင့်ကို ဖြတ်ကျော်သွားရင် မှော်အလင်းအစေ့ စုစုပေါင်းငါးခုကို ပေါင်းစည်းဖို့ လိုအပ်တယ်။ အခက်အခဲက သာမန်ကျင့်ကြံသူတွေထက် အနည်းဆုံး ငါးဆ”
လင်းရှန်က မတုန်မလှုပ်ပေ။
သူသည် အခြားအရာများကို စိတ်ပူနေသော်လည်း ကျင့်ကြံနည်းစနစ် အခက်အခဲအတွက် သူဘယ်သောအခါမှ မစိုးရိမ်ပေ။
သူ၏ကိုယ်ပွါးများနဲ့ဆို မည်မျှပင်ခက်ခဲစေကာမူ သူလုပ်နိုင်သည်။
ထို့အပြင် ကျင့်ကြံနည်းစနစ်၏ စွမ်းအားသည် ၎င်းတို့ကို ကျင့်ကြံရန် အခက်အခဲနှင့် အမြဲဆက်စပ်နေသည်။
ကျင့်ကြံနည်းက ပိုခက်ခဲလေ၊ ကျင့်ကြံပြီးရင် ပိုအစွမ်းထက်လေပင်။
ကျင့်ကြံရန်ခက်ခဲခြင်းနှင့် နှိုင်းယှဉ်ပါက ကျင့်ကြံနည်းစနစ် အားကောင်းခြင်း ရှိ၊ မရှိက ပိုစိုးရိမ်ခဲ့သည်။
လင်းရှန်၏ အမူအရာ ပြောင်းလဲသွားသည်ကို မြင်လိုက်ရသဖြင့် ယုစစ်ယွီက ခေါင်းညိတ်လိုက်သည်။
အခြားအရာများအပြင် သူ၏တပည့်သစ်သည် အလွန်စိတ်ရှည်သည်။ အခက်အခဲတွေကို လုံးဝမကြောက်ပေ။ ဒါက အလွန်ကောင်းသည်။
“လက်ရှိအချိန်မှာ အထူးလျှို့ဝှက်နည်းကို ကျင့်ကြံဖို့ အာရုံစိုက်ပါ။ အစပြုသူအဆင့်ကို ရောက်ရှိပြီးရင် မင်းရဲ့ ဝိညာဉ်ရေးရာအနှစ်သာရအားလုံးကို ဝိညာဉ်ရေးရာအနှစ်သာရငါးခုအဖြစ် ပြောင်းလဲပြီးမှ ကျင့်ကြံနည်းစနစ်အသစ်တွေကို ထပ်ပေးမယ်”
“ပြီးတော့ မင်းရဲ့ စီနီယာအမက အပြင်မှာ စောင့်နေပြီ။ ဂူဗိမာန်ကို ရွေးချယ်ဖို့ အရည်အသွေးခန်းမကို ခေါ်သွားပေးလိမ့်မယ်။”
သူမစကားဆုံးသည်နှင့် ယုစစ်ယွီသည် အောက်ရှိ ကြာပန်းစင်ပေါ်သို့ ဖြည်းညှင်းစွာ ပျောက်ကွယ်သွားသည်။
လင်းရှန်သည် ထွက်ခွာရန် မလှည့်မီ ကြာပန်းစင်ပေါ်သို့ ဦးညွှတ်လိုက်သည်။
လမ်းမှာ ကြောင်တောင်တောင်တောင် ဖြစ်နေသေးတယ်လို့ ခံစားရသည်။
သူသည် ရုတ်တရက် ကျွမ်းကျင်လာကာ သူလိုချင်သော ကျင့်ကြံနည်းစနစ်ကို ရရှိခဲ့သည်။ အရာအားလုံးသည် မြန်ဆန်လွန်းသဖြင့် မယုံနိုင်လောက်အောင် ဖြစ်ခဲ့ရသည်။
ကံကောင်းထောက်မစွာ ဤလှပသောဆရာသည် အလွန်နူးညံ့သိမ်မွေ့ပြီး သူ့တပည့်ကို ကောင်းမွန်စွာဆက်ဆံသည်။
တွေးနေစဉ်တွင် လင်းရှန်သည် ခန်းမအပြင်
ဘက်သို့ ပြန်သွားပြီး ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။
အဆိုပါအမျိုးသမီးသည် အသက် ၂၀နှောင်းပိုင်းတွင်ဖြစ်ပုံရသည်။ သူမသည် နူးညံ့သောမျက်လုံးများရှိပြီး လှပသည်။ သူမသည် လေထဲတွင် လွင့်ပျံနေသော အဖြူရောင်ဝတ်စုံရှည်ကို ဝတ်ဆင်ထားသည်။ သူမ၏ဆံပင်ကို အပေါ်တွင် ချည်နှောင်ထားပြီး ခါးကျဉ်းကျဉ်းနှင့် ခြေတံရှည်များရှိသည်။ သူမကို မြင်ဖူးသူတိုင်းက သူမကို ပြိုင်ဘက်ကင်းသော အလှတစ်ခုအဖြစ် တိတ်တဆိတ် ချီးမွမ်းကြမည်ပင်။
လင်းရှန်ရောက်လာတာကို အာရုံခံပြီး အမျိုးသမီးက သူ့ကို လှည့်ကြည့်သည်။ သူမက ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်သည်။
လင်းရှန်သည် ဤစီနီယာအစ်မ၏ "ပုံမှန်မဟုတ်သော " အပြုအမူကြောင့် အံ့အားသင့်သွားပြီး ခဏတာ မည်သို့တုံ့ပြန်ရမည်ကို မသိပေ။
ရုတ်တရက် သူသဘောပေါက်လာသည်။
ရှားမုန့်ရန်နာမည်က ဘာကြောင့် ဒီလောက်ရင်းနှီးရတာလဲ။
မကြာခင်မှာပဲ လင်းရှန်က တစ်ခုခုကို တွေးပြီး "အစ်မက ကိုယ်ခံပညာ တည်မြဲရေးစံအိမ်မှာ အလုပ်လုပ်နေတာလား”
ရှားမုန့်ရန်က အံသြစွာ ငေးမောရင်း သူ့ကို ကြည့်လိုက်သည်။
"အမနာမည်ကို ကြားဖူးတယ်လား။ ဟုတ်တယ်။ အမက ကိုယ်ခံပညာ တည်မြဲရေးစံအိမ်ရဲ့ အကြီးအကဲဆိုပေမဲ့ မကြာခင် ရာထူးက ဆင်းတော့မှာ။ ငါ့အကျိုးအတွက်မဟုတ်ရင် ဒီအမှိုက်တွေကို ငါစိတ်မ၀င်စားဘူး။ အသေးအမွှားလေးတွေကိုတောင် ကောင်းကောင်းမလုပ်နိုင်ကြဘူး။ အဓိပ္ပါယ်မရှိတဲ့ စကားတွေပြောဖို့ပဲ သိကြတယ်။ ”
လင်းရှန်သည် အံ့အားသင့်သွားပြီး နားလည်သွားသည်။
သူ့ စီနီယာအမသည် ကိုယ်ခံပညာ တည်မြဲရေးစံအိမ်၏ အကြီးအကဲ ဖြစ်မည်ဟု
မျှော်လင့်မထားပေ။
ကိုယ်ခံပညာ တည်မြဲရေးစံအိမ်၏ အကြီးအကဲသည် စီရင်စုသုံးခုတွင် နာမည်အကြီးဆုံးရာထူးများထဲမှ တစ်ခုဖြစ်သည်။
စံအိမ် အကြီးအကဲ ဖြစ်ချင်ရင် အရည်အချင်းအရမ်းရှိရမည်။
ဂိုဏ်းကြီးသုံးခုမှ မျိုးဆက်သစ်လူငယ်များ၏ ထိပ်တန်းပုဂ္ဂိုလ်များမှလွဲ၍ အခြားမည်သူမဆို ကိုယ်ခံပညာ တည်မြဲရေးစံအိမ်၏ အကြီးအကဲ ဖြစ်လာရန် မဖြစ်နိုင်ပေ။
စစ်ယွမ်ဖေအနေနဲ့ ဆရာကြီးယု၏ တပည့် နှစ်ယောက်စလုံးသည် ဂိုဏ်းတွင် နာမည်ကြီး ဓားသမား ဖြစ်သည်ဟု ဆိုကြသည်မှာ အံ့သြစရာ မရှိပေ။ သူ လုံးဝ မလိမ်ဘူးဟု ထင်ရသည်။
အချိန်အတော်ကြာ ညည်းညူပြီးနောက်
ရှားမုန့်ရန်သည် အရေးကြီးသောအရာတစ်ခုကို သတိရလာသည်။ သူမက လက်ပြပြီးထလိုက်သည် ။ ပတ်ဝန်းကျင်ရှိ တိမ်ဖြူဖြူများက သူမနှင့် လင်းရှန်၏ခြေရင်းသို့ ချက်ချင်း ရောက်ရှိလာသည်။
သူတို့နှစ်ဦးကို အတောင်ပံများကဲ့သို့ တိမ်များပေါ်သို့ ချက်ချင်း မြှောက်တင်လိုက်ကြသည်။
ဝိညာဉ်ရေးရာအနှစ်သာရကို တိမ်များအဖြစ် စုစည်းပြီး တိမ်များကိုစီးခြင်းသည် ဝိညာဉ်ရေးရာအနှစ်သာရကို ဒြပ်ငါးပါးအဖြစ် ပြောင်းလဲပြီးနောက် ဝိညာဉ်ပျိုးထောင်ရေးအဆင့်ရှိ ကျင့်ကြံသူသခင်များသာ အသုံးပြုနိုင်သည့် ပျံသန်းနည်းစနစ်တစ်ခုဖြစ်သည်။
“မောင်လေး အရည်အသွေးခန်းမကို အရင်သွားပြီး မင်းအတွက် ဗိမာန် လှိုဏ်ဂူတစ်ခုကို ရွေးလိုက်ကြရအောင်။”
လမ်းမှာ ရှားမုန့်ရန်က ဗိမာန်အကြောင်း လင်းရှန်ကို ပြောပြသည်။
နေကိုးစင်းဂိုဏ်း၏ စည်းမျဉ်းအရ အမာခံတပည့်တိုင်းသည် လှိုဏ်ဂူအတွင်း နေထိုင်ပြီး ကျင့်ကြံမှုတစ်ခုကို ရယူနိုင်သည်။
သို့သော် အမာခံတပည့်တိုင်းသည် သူတို့လိုချင်သော ဂူဗိမာန်ကို ရရှိနိုင်မည်မဟုတ်ပေ။
နေကိုးစင်းဂိုဏ်းတည်ရှိရာ မင်္ဂလာမြေသည် ကျယ်ပြောလှသော ဧရိယာကို သိမ်းပိုက်
ထားသည်။ မရေမတွက်နိုင်သော ဝိညာဉ်ရေးရာတောင်ထွတ်များနှင့် ကျွန်းများ ရှိသော်လည်း အများစုမှာ အသုံးပြုမှုများရှိကြသည်။ ၎င်းတို့ထဲမှ တစ်စိတ်တစ်ပိုင်းသာ ဂူဗိမာန်အဖြစ် ဖွင့်လှစ်ခဲ့သည်။
အများစုမှာ အကြီးအကဲများနှင့် လက်ထောက်များစွာတို့၏ ဆိတ်ငြိမ်ရာနေရာများဖြစ်သည်။
တပည့်စစ်များအား အများအပြား မပေးနိုင်ပေ။
ဒါက အနှစ်သာရစီရင်စုကိုရည်ညွှန်းတာပင်။
အကယ်၍ လူတစ်ဦးသည် လှိုဏ်ဂူ အဆင့်ကို စိတ်မ၀င်စားဘဲ သင်ကြားရေးခန်း သို့မဟုတ် နက်နဲသိမ်မွေ့သော အိမ်ကိုသာ လက်ခံနိုင်သည်။မင်္ဂလာမြေ၌ ၎င်းတို့အများအပြားရှိကြ၏။
သို့သော်သင်ကြားရေးခန်း၊ နက်နဲသောအိမ်နှင့် အနှစ်သာရစီရင်စုကြား ကွာဟချက်မှာ ကြီးမားသည်။ ခံနိုင်ရည်ရှိဖို့ တပည့်အစစ်အနေနဲ့ မဖြစ်နိုင်ပေ။
ထို့ကြောင့် လှိုဏ်ဂူဗိမာန်ကို ရွေးချယ်ရန် အချိန်တိုင်း တပည့်စစ်များသည် ၎င်းတို့၏ ချိတ်ဆက်မှုအရ ယှဉ်ပြိုင်ရမည့်အချိန်ဖြစ်သည်။
လုံလောက်သော ဆက်သွယ်မှုရှိသော တပည့်စစ်သည် သူလိုချင်သော ဂူဗိမာန်ကို အလွယ်တကူ ရယူနိုင်သည်။
နောက်ခံ သို့မဟုတ် အဆက်အစပ်မရှိသူများသည် နာခံမှုဖြင့်သာ တန်းစီစောင့်ဆိုင်းရသည်။
လှိုဏ်ဂူတစ်ခုသည် တစ်နေ့တွင် ကင်းစင်သွားကာ မည်သူမျှ မလိုအပ်တော့သည့်အခါ ၎င်းတို့အတွက် တစ်နေရာကို ရရှိနိုင်မည်ဖြစ်သည်။
"မင်းမှာ ဂိုဏ်းတစ်ခုလုံးကို ဖိနှိပ်ချုပ်ချယ်နိုင်တဲ့ စွမ်းအားမရှိရင် မင်းဘယ်သွားသွား မင်းရဲ့ချိတ်ဆက်မှုတွေကို အားကိုးရလိမ့်မယ်”
လင်းရှန်က တိတ်တိတ်လေး တွေးနေမိသည်။ တစ်နေ့တွင် သူသည် မည်သည့်ချိတ်ဆက်မှု သို့မဟုတ် နောက်ခံကိုမျှ အားကိုးနေစရာ မလိုအပ်သည့် နေရာထိ သေချာပေါက် ကြီးထွားလာမည်ဖြစ်သည်။ သူ့အစွမ်းအစက တခြားသူတွေကို ကြောက်အောင်လုပ်ဖို့ လုံလောက်
သည်။
သိပ်မကြာခင်မှာပဲ ကျယ်ပြောလှတဲ့ ကျွန်းတစ်ကျွန်းကို လှမ်းမြင်လိုက်ရသည်။
ကျွန်းပေါ်ရှိ နေရာတိုင်းတွင် အိမ်တော်များရှိပြီး လူများ တန်းစီလျက် သွားလာနေကြသည်။ တပည့်များစွာသည် အဆောက်အဦများကြားတွင် ဝိညာဉ်သားရဲများ အပြန်ပြန်အလှန်လှန် စီးကြသည်။ အရမ်းသွက်လက်ကြသည်။
“အရည်အသွေးခန်းမက အရည်အသွေးရမှတ်တွေကိုအရင်းအမြစ်တွေနဲ့ ဖလှယ်ရာ နေရာပဲ။ နိုင်ယန်းကျောင်းရဲ့ အရည်အသွေးခန်းမနဲ့ဆင်တူတယ်။ ဒီကို ခဏခဏရောက်ပြီးရင် မင်း အဲဒါနဲ့ ပိုသိလာလိမ့်မယ်။"
ရှားမုန့်ရန်က တိမ်တွေပေါ်မှ ဆင်းဖို့ ထိန်းထားရင်း ရှင်းပြသည်။
တပည့်တို့သည် အဝေးမှမြင်ကတည်းက တလေးတစား ရှောင်ကြသည်။
တိမ်များကိုစီးခြင်းသည် ကျင့်ကြံသူသခင်များသာရှိခဲ့သော မြေလျှိုးမိုးပျံနည်း တစ်ခုဖြစ်သည်။ ဤတပည့်များသည် မြင့်မြတ်ပြီး တန်ခိုးကြီးသော ကျင့်ကြံသူ သခင်များကို လေးစားမှု ရှိရှိ သတိရှိရှိ ဆက်ဆံခဲ့ကြသည်။
ရှားမုန့်ရန်သည် လင်းရှန်ကို အဆောက်အဦးတစ်ခုထဲသို့ တည့်တည့်ခေါ်ဆောင်သွားစဉ် ဤသာမန်တပည့်များကိုပင် မကြည့်ခဲ့ပေ။
ကျင့်ကြံသူသခင်တစ်ယောက် ရောက်လာတာကိုမြင်တော့ တာဝန်ကျတဲ့လူငယ်က ဦးညွှတ်ပြီး သတင်းပို့သည်။ သိပ်မကြာခင်မှာပဲ ပိန်ပိန်ပါးပါး ကျင့်ကြံသူတစ်ယောက် ထွက်လာသည်။
ရှားမုန့်ရန်ကိုတွေ့တော့ အံ့ဩသွားသည်။ သူက ခပ်သွက်သွက် ပြုံးပြပြီး ရှေ့ကို အမြန်လျှောက်လာခဲ့သည်။
"စံအိမ်သခင်ရှား ၊ ဒီကို ဘာလို့ လာတာလဲ။"