← Chapters

လှည့်ကွက်များ (၂)

Vol. 21 Ch. 322

လှည့်ကွက်များ (၂)

Vol. 21 Ch. 322

"စီနီယာတစ်ယောက်အနေနဲ့ ဂျူနီယာတွေကြားက တိုက်ပွဲမှာ ဝင်စွက်ဖက်တာကတော့ မင်းအတွက် မကောင်းဘူးမလား"

ချူးကျီဟယ်၏တုံ့ပြန်မှုကိုမြင်တော့ ရှားမုန့်ရန်သည် သူဘာတွေတွေးနေလဲဆိုတာ သိလိုက်သည်။ သို့သော် သူမ လုံးဝ ဂရုမစိုက်ဘဲ လက်ကို ဆန့်တန်းလိုက်သည်။

"ငါ့ကိုတိုကင် ပေးပါ”

ချူးကျီဟယ်သည် ခါးသီးသောအမူအရာဖြင့် သူ့အင်္ကျီလက်ထဲသို့ နှိုက်လိုက်လာပြီး သတ္တုမဟုတ် သစ်သားမဟုတ်သော တိုကင်တစ်ခုကို ထုတ်ယူလိုက်သည် ။ထို့နောက်  သူမကို ပေးလိုက်သည်။

ယူပြီးနောက် ရှားမုန့်ရန်သည် နောက်ပြန်မလှည့်ဘဲ လင်းရှန် နှင့်အတူ အဆောင်မှ ထွက်ခွာသွားခဲ့သည်။

အဆောင်ထဲက ထွက်ပြီးတာနဲ့ ရှားမုန့်ရန်က လင်းရှန်ကို တိုကင် ပေးလိုက်ပြီး ရှန်မိသားစုက ကျော်ကြားတဲ့ မိသားစုကို တိုးလာခဲ့တဲ့အကြောင်း ပြောပြသည်။  ထို့နောက် သူမက

“ရှန်မိသားစုက မကြာသေးမီကမှ ရေပန်းစားလာပြီး သူတို့ရဲ့ မျိုးနွယ်စုတွေကတောင် မောက်မာစွာ ပြုမူခဲ့ကြတယ်။ မင်းက ရှန်မိသားစုရဲ့ ရွှေစမ်းချောင်းကျွန်းကို ယူလိုက်တော့ မင်းကိုလွှတ်ပေးမှာ မဟုတ်ဘူး။ မင်းကို ဒုက္ခပေးလို့ ငါ့ကို အပြစ်မတင်ဘူးမလား။"

လင်းရှန်က ခပ်ဖျော့ဖျော့ ပြုံးပြီး “ကျွန်တော်က ညီမျှချင်မှ ညီမျှမယ်။ ကျင့်ကြံနေသရွေ့၊ တခြားသူတွေနဲ့ အရင်းအမြစ်တွေအတွက် တိုက်ပွဲဝင်ရမှာပဲ ။ ဒါကို ကျွန်တော်သဘောပေါက်ခဲ့တာ ကြာပါပြီ”

"ကောင်းပြီ မင်းမှန်တယ်”

လင်းရှန်အပေါ် ရှားမုန့်ရန်၏ အကြည့်များသည် နူးညံ့လာသည်။

“ကျင့်ကြံရေးလမ်းကြောင်းမှာ ရှေ့ကိုတိုးပြီး ဆူးပင်တွေကို ဖြတ်လျှောက်ရုံပဲ။ ငါတို့က အရာရာကိုကြောက်ရင် ကျင့်ကြံမှုကိစ္စကို မေ့ပစ်သင့်တယ်၊ အိမ်ပြန်ပြီး အိမ်ထောင်ပြုသင့်တယ်။”

လင်းရှန်သည် ရယ်မောကာ မျက်ရည်များပင်ကျလာခဲ့သည်။

သူ့စီနီယာအမက အမြဲတမ်း  တည့်တိုးပင်။

ရုတ်တရက် လင်းရှန်က တစ်ခုခုကို တွေးပြီး သိချင်စိတ်နဲ့ မေးလိုက်သည်။ "အမ၊ ဆရာကြီးမှာ တခြားတပည့်တစ်ယောက်ရှိတယ်ဆိုတာ ကြားတယ်။ အခုသူဘယ်မှာလဲ”

ရှားမုန့်ရန်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ ခဏတိတ်ဆိတ်သွားပြီးနောက် သူမက "စုလျူရင်ဆိုတဲ့ နာမည်ကို ကြားဖူးလား?"

ဟုတ်ကဲ့ ကြားဖူးတယ်

လင်းရှန်အံ့အားသင့်သွားသည် ။

ဂိုဏ်းအပေါ် သစ္စာဖောက်သူသည်  သူ၏ စီနီယာအမလား။

"အခု ဆရာကြီးမှာ မင်းနဲ့ ငါကပဲ သူ့တပည့်တွေအဖြစ်ရှိတယ်”

ရှားမုန့်ရန်က ခပ်ဝါးဝါးပြောပြီး တခြားဘာမှ ပြန်မပြောပေ။ သူမသည် သူမ၏စွမ်းအင်များကို တိမ်တိုက်တစ်ခုအဖြစ်စုဆောင်းပြီး လင်းရှန်နှင့်အတူ ရွှေစမ်းချောင်းကျွန်းသို့ ပျံသန်းခဲ့သည်။

စုလျူရင်၏သစ္စာဖောက်မှုသည် ဂိုဏ်းထဲတွင် တားမြစ်စရာဖြစ်လာနေပြီဖြစ်သည်။

ရှားမုန့်ရန်က ဘာမှ ထပ်မပြောချင်တော့တာကို မြင်လိုက်ရတော့ လင်းရှန်က လိမ္မာပါးနပ်စွာ ဆက်မမေးတော့ပေ။

သိပ်မကြာခင်မှာပဲ သူတို့နှစ်ယောက်ဟာ ကျွန်းတစ်ကျွန်းပေါ်ကို ရောက်သွားသည်။

"ညီလေးလင်း၊ အဲဒါ ရွှေစမ်းချောင်းကျွန်း " ရှားမုန့်ရန်က ငုံ့ကြည့်သည်။

လင်းရှန်သည် အနီးကပ်ကြည့်ရှုခြင်းမပြုမီတွင် အလွန်သိပ်သည်းသော ဝိညာဉ်ရေးရာအနှစ်သာရတစ်ခုရောက်ရှိလာပြီး ရေနှင့်သတ္တုစွမ်းအင်များ ရောနှောကာ သူ့ထံရောက်ရှိလာသည်ကို ခံစားလိုက်ရသည်။

စူးစူးစိုက်စိုက်ကြည့်သောအခါ ကျွန်းပေါ်ရှိ ကောင်းကင်ယံ၌ မြင့်မားသော ရှေးဟောင်းသစ်ပင်များကို တွေ့လိုက်ရသည်။ ဝိညာဉ်ရေးရာငှက်များနှင့် သားရဲများသည် အချင်းချင်း ပြေးလိုက်နေကြသည်။ အဲ့တာက တက်ကြွလန်းဆန်းသော မြင်ကွင်းတစ်ခုဖြစ်သည်။

“ငါဂိုဏ်းထဲမှာ ရှိရင် ကြွေလွင့်ဓားတောင်ထိပ်မှာ ကျင့်ကြံလေ့ရှိတယ်။ မင်းအခက်အခဲတစ်ခုခုကြုံလာရင် မင်းငါ့ကိုတွေ့ဖို့ ကြွေလွင့်ဓားတောင်ထိပ်ကို လာနိုင်တယ်”

လင်းရှန်နှင့် စကားအနည်းငယ်ပြောပြီးသောအခါ ရှားမုန့်ရန်သည် အလျင်အမြန်ထွက်ခွာသွားခဲ့သည်။

ရှားမုန့်ရန်ထွက်သွားတာကို ကြည့်ပြီး လင်းရှန်က  ပြုံးလိုက်သည်။

ဒီညီမလေးက နည်းနည်းကြမ်းပေမယ့် ကောင်းကောင်းဆက်ဆံသည်။

တပည့်နည်းနည်းရှိခြင်းက အကျိုးကျေးဇူးတွေရတယ်လို့ ထင်ရသည်။ အနည်းဆုံးတော့ သူတို့ဟာ သဟဇာတဖြစ်တဲ့ ဆက်ဆံရေးမျိုး ရှိခဲ့သည်။

ငြိမ်သက်သွားပြီးနောက်  လင်းရှန်သည် ကျွန်းပေါ်သို့ ဆင်းသက်လာခဲ့သည်။

ရွှေစမ်းချောင်းကျွန်းမှာ ရေတွေ ပေါများသည်။ မြစ်နှစ်စင်းသည် ကျွန်းတစ်ကျွန်းလုံးကို ဖြတ်သန်းစီးဆင်းသွားပြီး ရေငွေ့သည် လေထုကို ပြည့်နှက်နေစေသည်။ ဤနေရာ၌ ပေါများသောရေသည် ဝိညာဉ်ရေးရာအနှစ်သာရမှ ဆင်းသက်လာသည်။

သတ္တုဝိညာဉ်အနှစ်သာရနှင့် ပတ်သက်၍တော့ လင်းရှန်က  မြေအောက်ရှိ သေးငယ်သောသွေးပြန်ကြောမှ ဆင်းသက်လာမည်ဟု မှန်းဆခဲ့သည်။

ဂူဗိမာန်သည် ကျွန်း၏အလယ်ဗဟိုတွင် တည်ရှိသည်။ ကျယ်ပြောသောနေရာဖြစ်သည်။ အလှဆင်မှုများသည် ရိုးရှင်းသော်လည်း ၎င်းတို့က ရှေးကျပြီး ကျက်သရေရှိသည်။

ဂူဗိမာန်သည် ကျွန်း၏အလယ်ဗဟိုတွင် တည်ရှိသည်။ ၎င်းက ကျယ်ပြောသောနေရာဖြစ်သည်။ အလှဆင်မှုများသည် ရိုးရှင်းသော်လည်း ၎င်းတို့အတွက် ရှေးကျသော ကျက်သရေရှိသည်။

လင်းရှန်သည် ကိစ္စရပ်များက ရိုးရှင်းနေတာကြောင့်ပျော်ရွှင်နေသည်။ ဒီနေရာက သူလိုချင်တာချည်းပင်။

ဂူဗိမာန်ကို ရရှိခဲ့သော တပည့်စစ်တစ်ဦးအနေဖြင့် စည်းမျဉ်းများနှင့်အညီ ဂိုဏ်းမှ အစေခံသို့မဟုတ် သန်မာသူများ စေလွှတ်ကာ ကျွန်းမှာ စေခိုင်းနိုင်သည်။

သို့သော် လင်းရှန်သည် ထိုအကြံအစည်ကို တွေးပြီးနောက် စွန့်လွှတ်လိုက်သည်။

လူများလာလေလေ ၊ ဒုက္ခပိုများလေပင်။ သူ့မှာ လျှို့ဝှက်ချက်တွေ အများကြီးရှိသည်။ သတိထားတာ ပိုကောင်းသည်။

အစေခံမရှိခြင်းသည် ကြီးကျယ်သောကိစ္စမဟုတ်ပေ။

လှိုဏ်ဂူနန်းတော် တိုကင်ကို ထုတ်ယူပြီး လင်းရှန်သည် တံဆိပ်ကို ပြုလုပ်ခဲ့သည်။ ချက်ချင်းပင် ကျွန်းပေါ်ရှိ ကန့်သတ်ချက်များသည် အသက်ဝင်လာပြီး ရွှေစမ်းချောင်းကျွန်းတစ်ခုလုံးကို ပြင်ပကမ္ဘာနှင့် ခွဲထုတ်လိုက်သည်။ မှော်အလင်းအဆင့် ကျင့်ကြံသူသခင်က တိုက်ခိုက်ခဲ့လျှင်ပင် ကန့်သတ်ချက်များကို ဖြတ်ကျော်ရန် ရက်အနည်းငယ် ကြာမည်ဖြစ်သည်။

ပြင်ဆင်မှုများပြုလုပ်ပြီးနောက်  လင်းရှန်သည် တင်ပျဉ်ခွေထိုင်ကာ အထူးလျှို့ဝှက်နည်းစနစ်ကို ဖတ်ရန်အတွက် ကျောက်စိမ်းစလစ်ကို ထုတ်လိုက်သည်။

ခဏလေးအတွင်းမှာပင် သူသည် အထူးလျှို့ဝှက်ချက်နည်းစနစ် ဂါထာကို အလွတ်ကျက်ပြီးသား ဖြစ်သည်။ ထို့နောက် သူသည် ကျောက်စိမ်းစလစ်ကို ဖယ်ထုတ်ကာ သူ၏ကိုယ်ပွားခုနစ်ခုဖြင့် ကျင့်ကြံတော့သည်။

၎င်းက ဆယ်ရက်ကြာသွားသည်။

တခဏမှာ တိတ်ဆိတ်စွာထိုင်နေသည့် လင်းရှန်က ရုတ်တရက် အနည်းငယ် တုန်လှုပ်သွားသည်။  သူ့ပတ်ဝန်းကျင်ရှိ ဝိညာဉ်ရေးရာအနှစ်သာရသည် တခဏအတွင်း မြင့်တက်လာပြီး သူ့ခန္ဓာကိုယ်ထဲသို့ လျင်မြန်စွာ ဝင်ရောက်လာသည်။ ၎င်းသည် သူ့ရင်ဘတ်အလင်းဝင်ပေါက်တွင် လွင့်မျောနေသော ဝိညာဉ်ရေးရာ အနှစ်သာရကို ဖယ်ထုတ်ကာ သူ၏ ဝိညာဉ်မဏ္ဍိုင်သွေးကြောတွင် အလှည့်ကျ ရွေ့လျားသွားသည်။

အချိန်ကာလတစ်ခုကြာပြီးနောက် လင်းရှန်း၏ရင်ဘတ်အလင်းဝင်ပေါက်သည် ရုတ်တရက် တုန်ခါသွားသည်။ သူ့စိတ်ကို အာရုံစူးစိုက်ပြီး အတွင်းထဲကို ကြည့်လိုက်

သည် ။ သူ့ခန္ဓာကိုယ်ထဲမှာ ကြည်လင်တဲ့ ဝိညာဉ်စွမ်းအင်တွေ တောက်လျှောက်စီးဆင်းနေတာကို သူမြင်လိုက်ရသည်။

"ပြီးပြီ”

လင်းရှန်သည် ရုတ်တရက် မျက်လုံးပွင့်လာပြီး မျက်နှာပေါ်တွင် အံ့ဩမှုများ ပေါ်လာသည် ။

ဝိညာဉ်ရေးရာအနှစ်သာရငါးပါး၏ ပထမဆုံး ပြောင်းလဲခြင်းသည် အခက်ခဲဆုံးဖြစ်

သော်လည်း ၎င်းကိုအောင်မြင်သည်နှင့် ထပ်မံပြောင်းလဲနိုင်မည်ဖြစ်ပြီး ယခင်ကကဲ့သို့ ရှုပ်ထွေးမည်မဟုတ်ပေ။

“ငါအခုလုပ်ရမှာက ကျန်တဲ့ ဝိညာဉ်ရေးရာအနှစ်သာရကို ပြောင်းလဲဖို့ပဲ”

လင်းရှန်သည် စိတ်အားထက်သန်ပြီး လုပ်ငန်းစဉ်ကို ဆက်လက်လုပ်ဆောင်ခဲ့သည်။

သူ၏ကိုယ်ပွားများအကူအညီဖြင့် ကိစ္စများပိုမိုလွယ်ကူလာသည်။

နှစ်ရက်အကြာတွင် လင်းရှန်၏ကိုယ်ခန္ဓာရှိ ဝိညာဉ်မဏ္ဍိုင်သွေးကြော ၁၀၈ခုသည် လျှို့ဝှက်ဆန်းကြယ်သောဝိညာဉ် အနှစ်သာရအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

“ဒီလိုနည်းနဲ့ ငါက စစ်မှန်တဲ့ ဝိညာဉ်ပျိုးထောင်ရေးအဆင့် ကျင့်ကြံသူလို့  ယူဆနိုင်ပါတယ်။”

တိတ်ဆိတ်သောအခန်းထဲတွင် တင်ပျဉ်ခွေထိုင်ရင်း လင်းရှန်သည် ပျော်ရွှင်မှုအပြည့်နှင့်ပင်။ သူခဏလောက်စဉ်းစားပြီး ဝိညာဉ်ရေးရာအနှစ်သာရကို ချက်ချင်းထုတ်လွှတ်လိုက်သည် ။

လျှို့ဝှက်ဆန်းကြယ်သော ဝိညာဉ်ရေးရာအနှစ်သာရသည် သူ့လက်ဖဝါးကို ဝိုင်းရံထားပြီး ၎င်းကို သတ္တုရောင်ဖြင့် ဖုံးအုပ်ထားသည်။ ဓားသွားကဲ့သို့ စူးရှသော ရောင်ဝါတစ်ခု ထွက်ပေါ်လာပြီး တိုးညှင်းသော အသံသည် လေထဲတွင် မြည်နေပုံရသည်။

နောက်အခိုက်အတန့်တွင် သတ္တုအရောင်မှိန်သွားပြီး ဝိညာဉ်အနှစ်သာရသည် အဝါရောင်ပြောင်းသွားသည်။

သူ့ပတ်ဝန်းကျင်ရှိ စူးရှသော ရောင်ဝါသည် တောင်ကဲ့သို့ ပြင်းထန်သော ရောင်ဝါဖြင့် အစားထိုးခဲ့သည်။

ထို့နောက်တွင် ဝိညာဉ်အနှစ်သာရသည် ရေကဲ့သို့ ပျော့ပြောင်းလာပြီး မီးကဲ့သို့ ပူလောင်ကာ တက်ကြွလာသည်... ဝိညာဉ်ရေးရာအနှစ်သာရသည် တစ်ခုပြီးတစ်ခု ဒြပ်ငါးပါးသို့ ပြောင်းလဲသွားကာ အသွင်ကူးပြောင်းမှုသည် အလွန်ချောမွေ့ခဲ့သည်။

"ဘယ်လောက်တောင် အထင်ကြီးစရာကောင်းလိုက်လဲ”

လင်းရှန်က အံ့အားသင့်သွားသည်။

ဒြပ်ငါးပါးတို့သည် တစ်ခုနှင့်တစ်ခု ဖြည့်စွက်ပြီး ထိတွေ့ကုန်သည်။ မည်သည့်

ဒြပ်စင်ကို ကျင့်ကြံထားပါစေ၊ ၎င်းတို့သည် ၎င်းတို့၏ ဆန့်ကျင်ဘက် ဒြပ်စင်များနှင့် အမြဲရင်ဆိုင်ရမည်ဖြစ်သည်။

သို့သော် အထူးလျှို့ဝှက်ချက်နည်းစနစ်သည် တစ်ခုတည်းအတွက် မဟုတ်ပေ။ ဒြပ်ငါးပါး၏ ဝိညာဉ်အနှစ်သာရသည် အလိုအလျောက် ပြောင်းလဲနိုင်သည်။  ၎င်းသည် အားနည်းချက်မရှိခြင်းနှင့် ညီမျှလုနီးပါးဖြစ်သည်။

ရန်သူကို တိုက်ခိုက်သောအခါတွင် ရန်သူ၏ ဝိညာဉ်ရေးရာအနှစ်သာရအရ သူ၏ဒြပ်စင်ကို ပြောင်းလဲနိုင်သည်။ လိုက်လျောညီထွေအရှိဆုံးနည်းလမ်းဖြစ်ခဲ့သည်။

လင်းရှန်သည် စိတ်လှုပ်ရှားစွာဖြင့် မတ်တပ်ထရပ်ကာ အပြင်သို့ ထွက်သွားသည်။

သူက အသက်ပြင်းပြင်းရှူပြီး ရှေ့ကို တိုးလာသည်။

သူ့လှုပ်ရှားမှုအပြီးတွင် မရေမတွက်နိုင်သော မြူတိမ်များသည် လေဖိအားနည်းရပ်ဝန်းမှ ရုတ်တရက် ထွက်ပေါ်လာပြီး သူ့ခြေဖဝါးအောက်တွင် စုရုံးကာ သူလျှောက်လှမ်းသည့်ခြေလှမ်းကို တိုက်ဆိုင်စွာ ပံ့ပိုးပေးသည်။

နောက်အခိုက်အတန့်တွင် သူသည် သူ၏အတောင်ပံများကိုဖြန့်ကာ တိမ်များပေါ်သို့ ပျံတက်သွားပုံရသည်။

မတ်တပ်ရပ်လိုက်သောအခါတွင် ကောင်းကင်ကိုဖုံးလွှမ်းနေသော တိမ်တိုက်

တစ်ခုပေါ်တွင် သူရပ်နေသည်ကို သိလိုက်ရသည်။ ကောင်းကင်ကို မျှော်ကြည့်နိုင်ပြီး ကျွန်းကို ငုံ့ကြည့်နိုင်သည်။

သူ တိမ်တွေ စီးနေတာပင်။

ခဏအကြာတွင် လင်းရှန်သည် လှိုဏ်ဂူသို့ တုံ့ဆိုင်းစွာဖြင့် ပြန်သွားခဲ့သည်။

"အခု အထူးလျှို့ဝှက်နည်းရဲ့ ဝိညာဉ်

ရေးရာ အနှစ်သာရ ပြီးသွားရင် ငါ ကျင့်ကြံနည်းစနစ်ကို စတင် လေ့ကျင့်နိုင်ပြီ”

အထူးလျှို့ဝှက်နည်း ဝိညာဉ်ရေးရာအနှစ်သာရသည် ဒြပ်ငါးပါးဝိညာဉ် ရေးရာအနှစ်သာရမှ ဆင်းသက်လာသည်ဟု ဆိုလိုခြင်းသည် လင်းရှန်အဖို့ ကျင့်ကြံနည်းအားလုံးကို ကျင့်ကြံနိုင်သည်ဟု ဆိုလိုတာပင်။

ယုစစ်ယွီ၏ယခင်လမ်းညွှန်ချက်များအရ၊ အထူးလျှို့ဝှက်ချက်နည်းတွင် အစပြုသူအဆင့် သို့ရောက်ရှိပြီးနောက် လင်းရှန်သည် ကျင့်ကြံနည်းစနစ်များနှင့် နတ်တန်ခိုးများကို လေ့လာရန် သူမထံသွားနိုင်သည်။

သို့သော်လည်း အတွေးအချို့တွေးပြီးနောက် လင်းရှန်သည် ရွှေဘီးလျှပ်စီးကြောင်းနှင့် ငရဲရင်ရေကို ဦးစွာကျင့်ကြံရန် ဆုံးဖြတ်ခဲ့သည်။

နည်းစနစ်နှစ်ခုစလုံးသည် နတ်ဆိုးမျိုးနွယ်မှ ဆင်းသက်လာသော်လည်း နေကိုးစင်းမှ တပည့်များအား ထိုသို့သောနည်းစနစ်များကို ကျင့်ကြံခြင်းမပြုရန် အတိအလင်းတားမြစ်ထားခြင်းမရှိပေ။

အခြားသူများ၏အသက်ကို စတေးခြင်းကဲ့သို့ ဆိုးရွားသော ကျင့်ကြံနည်းစနစ်မဟုတ်သရွေ့ နေကိုးစင်းဂိုဏ်းက ကန့်ကွက်မည်မဟုတ်ပေ။

"ရွှေဘီးလျှပ်စီးကြောင်းက သတ္တုနဲ့ ရေဝိညာဉ်ရေးရာအနှစ်သာရကို လိုအပ်ပြီး ငရဲရင်ရေက ရေဝိညာဉ်ရေးရာအနှစ်သာရ လိုတယ်။ ရွှေစမ်းချောင်းကျွန်းရဲ့ ပတ်ဝန်းကျင်က အဆင်ပြေတယ်။ ဒီကျွန်းပေါ်မှာ ကျင့်ကြံခြင်းက  ကြိုးစားမှုအတွက် 

 ရလဒ်နှစ်ဆ ထွက်ပေါ်စေတယ်”

လင်းရှန်သည် ပြုံးကာ ရွှေဘီးလျှပ်စီးကြောင်းနှင့် ငရဲရင်ရေ၏ ကျောက်စိမ်းစလစ်များကို ထုတ်ယူလိုက်သည်။ သူသည် ၎င်းတို့ကို စတင်နားလည်နိုင်စေရန်အတွက် သူ၏ကိုယ်ပွားများထံ လွှဲပေးခဲ့သည်။

သူကတော့ အိုးကိုးလုံးဆေးပြားကို ထုတ်ယူပြီး အထူးလျှို့ဝှက်နည်းကို ဆက်လက် ကျင့်ကြံခဲ့သည်။

နောက်ဆုံးကိုယ်ပွား၏ အရည်အချင်းကို မဆုံးဖြတ်ရသေးသော်လည်း လင်းရှန်သည် အလျင်စလိုမဖြစ်ပေ။ သူသည် ထိပ်တန်း ဝိညာဉ်စွမ်းရည်ကို ရရှိရန် စိတ်အားထက်သန်ခဲ့သည်။

အိုးကိုးလုံးဆေးကိုသောက်ပြီးနောက် လင်းရှန်သည် ငြိမ်သက်သွားပြီး ကျင့်ကြံခဲ့သည်။

ဝိညာဉ် ပျိုးထောင်ခြင်း အဆင့်တွင် ကျင့်ကြံသူသခင်များ လုပ်ဆောင်ရမည့်အရာမှာ ၎င်း၏ ခွန်အားကို တိုးမြင့်လာစေရန်အတွက် ၎င်းတို့၏ ဝိညာဉ်ရေးရာ အနှစ်သာရကို အဆက်မပြတ် စုစည်းပြီး ပြုပြင်မွမ်းမံရန် ဖြစ်သည်။

ဝိညာဉ်ရေးရာအနှစ်သာရ လုံလောက်စွာ အားကောင်းလာသောအခါ သူသည် မှော်

အလင်းအစေ့ကို စုစည်းပြီး မှော်အလင်းအဆင့်သို့ ဖြတ်သွားနိုင်သည်။

ဤလုပ်ငန်းစဉ်သည် အလွန်ရှည်လျားပြီး ခက်ခဲကြမ်းတမ်းသည်။

သို့သော် ဤမျှလောက်များသော ကိုယ်ပွားများနှင့်အတူ လင်းရှန်သည် နှစ်အနည်းငယ်အတွင်း မှော်အလင်းဆင့်သို့ ဖြတ်ကျော်နိုင်မည်ဟု ယုံကြည်ခဲ့သည်။

All Chapters