← Chapters

မွေးရာပါ ဝိညာဉ်ခန္ဓာ (၁)

Vol. 21 Ch. 323

မွေးရာပါ ဝိညာဉ်ခန္ဓာ (၁)

Vol. 21 Ch. 323

မင်္ဂလာရှိသောမြေ။

ထောင့်တစ်နေရာက အက်ကွဲသွားပြီး အလင်းတန်းတစ်ခု လွင့်ထွက်ကာ လေထဲမှာ ပျံဝဲနေသည်။

အလင်းသည် ပျောက်ကွယ်သွားပြီး အရပ်ရှည်သော အသွင်ကို ပေါ်လွင်လာစေသည်။

သူ့ပတ်ဝန်းကျင်ရှိ ကြွယ်ဝသော ဝိညာဉ်ရေးရာအနှစ်သာရကို ခံစားလိုက်ရသဖြင့် ရှန်ဝမ်ချီက သက်ပြင်းချလိုက်လေ၏

“ဒီမှာ ဝိညာဉ်အနှစ်သာရတွေ အများကြီးရှိတယ်။ အနောက်ဘက် ရွှံ့ညွန်ကြီးကတော့ အတော်တိတ်ဆိတ်ပြီး ဝိညာဉ်ရေးရာအနှစ်သာရ ရှားတယ်”

သူက သက်ပြင်းချနေချိန်တွင် အဝေးမှ ပျံသန်းလာသော သင်္ဘောကြီးသည် ရုတ်တရက် ဆင်းသက်လာသည်။

လူဆယ်ဦးကျော်သည် ပျံသန်းနေသော သင်္ဘောပေါ်မှ ခုန်ဆင်းပြီး ပျားတစ်သိုက်ကဲ့သို့ ရှန်ဝမ်ချီဆီသို့ ပြေးသွားကြသည်။

"အကိုကြီးရှန် ပြန်လာပြီ”

“အစ်ကိုရှန် ဒီအနောက်ဘက် ရွှံ့ညွန်ကြီးကို သွားလည်ရင်း ချောက်နက်ကို တွေ့ခဲ့လား”

"မေးစရာလိုလို့လား။ စီနီယာအကိုရှန်က လုပ်ရင် အရာအားလုံးက လွယ်လိမ့်မယ်”

"ဟုတ်တယ်”

အားလုံးက တပြိုင်နက် ပြောနေကြသည်။

ရှန်ဝမ်ချီက သီးသန့်အပြုံးဖြင့်သာ ပြုံးကာ နှောက်ယှက်ခြင်းမရှိပေ။

ခဏကြာတော့ အသက်ကြီးတဲ့ လူတစ်ယောက်က သူ့လက်ကို မြှောက်လိုက်ပြီး လူတိုင်းကို ကြားဖြတ်လိုက်သည်။

"ကောင်းပြီ၊ လူတိုင်း၊ စီနီယာအကိုရှန်ကို မနှောင့်ယှက်နဲ့။"

အားလုံးတိတ်ဆိတ်သွားပြီးနောက် လူငယ်သည် ရှန်ဝမ်ချီကိုကြည့်ကာ ပြုံးလျက် လက်ခုပ်တီးသည်။

"အစ်ကိုရှန်  အကိုလီနဲ့အကိုထန်က အကို့ကိုကြိုဆိုဖို့  အမိုးပျံကျွန်းမှာ ပွဲစီစဉ်ပြီးပြီ။"

"သူတို့က အရမ်းသိတတ်တယ်"

ရှန်ဝမ်ချီက ရယ်ပြီး လက်ခုပ်တီးသည်။

“ငါ့ကို လာကြိုဆိုတဲ့ ဂျူနီယာ ညီအကို မောင်နှမ တွေကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် အရည်အသွေးခန်းမကို သွားရမယ်။ ငါအဲဒီမှာ ကိစ္စရပ်ပြီးရင်  အမိုးပျံကျွန်းကို ချက်ချင်းလာမယ်။ ငါမင်းတို့ကိုစောင့်ရအောင်တော့ လုပ်မိပြီ”

ဒီစကားကို ပြောပြီးတာနဲ့ အားလုံးက ထူးဆန်းစွာ တိတ်ဆိတ်သွားကြသည်။

အစတုန်းက ပြောခဲ့တဲ့ လူငယ် အပါအဝင် လူတိုင်းက တစ်ခုခု ပြောချင်နေပေမယ့် တုံ့ဆိုင်းနေပုံရသည်။

ဒါကိုမြင်တော့ ရှန်ဝမ်ချီသည် အံ့ဩသွားသည်။

"ဘာဖြစ်တာလဲ?"

လူငယ်က ချောင်းနည်းနည်းဆိုးပြီး “အကိုကြီး ရှန် ရွှေစမ်းချောင်းကျွန်းအတွက် အရည်အသွေးခန်းမကို သွားမလို့လား။”

ရှန်ဝမ်ချီက အနည်းငယ် ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်။ ငါ လက်ထောက်ချူးနဲ့ ချိန်းထားတယ်။ အနောက်ဘက် ရွှံ့ညွန်ကြီးကနေ ပြန်လာတဲ့အခါ ရွှေစမ်းချောင်းကျွန်းရဲ့ တိုကင်ကို လွှဲပေးမယ်လို့ သဘောတူခဲ့တယ်။ အစ်ကိုလီနဲ့ တခြားသူတွေကို ရွှေစမ်းချောင်းကျွန်းမှာ ကျင်းပပေးမလို့ လုပ်ထားတာ၊ ဒါပေမယ့် အဲ့မှာလုပ်မယ်လို့ ဘယ်သူက ထင်မှာလဲ။”

လူငယ်က ခါးခါးသီးသီး ပြုံးပြီး “အကိုကြီး ရှန်ကို တစ်ခုပြောစရာရှိတယ်။ လွန်ခဲ့တဲ့တစ်လက စံအိမ်သခင်က သူ့ဂျူနီယာလင်းရှန်ကို ခေါ်ဆောင်လာပြီး လက်ထောက်ချူးဆီကနေ ရွှေစမ်းချောင်းကျွန်းကို အတင်းအကျပ်ယူသွားခဲ့တယ်။ ဒီကျွန်းက လင်းရှန်ရဲ့ကျင့်ကြံရာ ဗိမာန်ဖြစ်နေပြီ”

"ဘာလဲ”

ရှန်ဝမ်ချီက ထိတ်လန့်တုန်လှုပ်သွားသည်။

သူသည် ကြိုးပေါင်းများစွာကို ဆွဲထုတ်ကာ နောက်ဆုံးတွင်  ရွှေစမ်းချောင်းကျွန်းကို မက်မောခဲ့သော ဩဇာကြီးသည့် မိသားစုများ၏ မရေမတွက်နိုင်သော တပည့်များဆီမှ အနိုင်ယူရန် ကြိုးပမ်းအားထုတ်ခဲ့ရသည်။ ဒီဂူဗိမာန်ဟာ သူ့အိတ်ကပ်ထဲမှာ ရှိပြီးသားဖြစ်ပေမယ့် တစ်စုံတစ်ယောက်က သူ့ဆီကနေ လုယူဖို့ သတ္တိရှိခဲ့သည်။

ရှန်ဝမ်ချီက ဒေါသထွက်သွားသော်လည်း ရုတ်တရက် တစ်စုံတစ်ခုကို သတိထားမိလိုက်သည်။

"စံအိမ်သခင်ရှားလား။ ? ကိုယ်ခံပညာတည်မြဲရေးစံအိမ်က ရှားလား?"

"ဟုတ်တယ်။ အဲ့ဒါ သူမပဲ”

"ရှားမုန့်ရန်က ဘယ်တုန်းက ဂျူနီယာ ရှိနေတာလဲ"

ရှန်ဝမ်ချီက အံ့ဩသွားသည်။  စုလျူရင်ဂိုဏ်းကို သစ္စာဖောက်ပြီးကတည်းက ဆရာကြီးယုတွင် ရှားမုန့်ရန်သာ သူမ၏ တပည့်အဖြစ် ရှိခဲ့သည်မဟုတ်လော။

ဤတိုက်ရိုက်တပည့်သစ်သည် အဘယ်ကလာသနည်း။

လူငယ်လေးသည် သူထွက်ခွာသွားသော နှစ်လအတွင်း ဖြစ်ပျက်ခဲ့သည့်အကြောင်းကို ရှန်ဝမ်ချီသို့ အမြန်ပြောပြခဲ့သည်။

ဒါကိုကြားတော့  ရှန်ဝမ်ချီက အံ့အားသင့်သွားပြီး စကားအကြာကြီး မပြောနိုင်ပေ။

နေကိုးစင်းဂိုဏ်း၏ ပထမတန်း  ဝိညာဉ်မဏ္ဍိုင်သွေးကြော ကျင့်ကြံသူသခင်။

သူသည် ဂိုဏ်းမှ ထွက်သွားသည်မှာ တစ်လကျော်မျှသာ ရှိသော်လည်း တစ်စုံတစ်ယောက်သည် ဒဏ္ဍာရီလာ ပထမတန်း ဝိညာဉ်မဏ္ဍိုင်သွေးကြောကို ပေါင်းစပ်ခဲ့သည်လား။

ထို့အပြင် ၎င်းကို ပေါင်းစပ်ခဲ့သူမှာ နေကိုးစင်းဂိုဏ်း၏ တပည့်ဖြစ်သည်။

ဤလူများသည် လိမ်ညာနေပုံမပေါ်ဘဲ ထိုအရာဖြင့် သူ့ကို လှည့်စားမည်မဟုတ်ကြောင်း ရှန်ဝမ်ချီအဖို့ သေချာသည်။ မဟုတ်ရင် ဒါက ဟာသတစ်ခုလို့ သူထင်မှာပင်။

သတိပြန်ဝင်လာတော့ အသက်ပြင်းပြင်းရှူလေ၏။ သူ့နှလုံးသားက ကမောက်ကမ ဖြစ်နေသည်။

သြဇာကြီးမားသော မိသားစုများ၏ တပည့်တစ်ဦးအနေဖြင့် ရှန်ဝမ်ချီသည် ပထမတန်းဝိညာဉ်မဏ္ဍိုင်သွေးကြောသည် ဘယ်အရာကို ကိုယ်စားပြုသည်ကို သဘာဝကျကျ သိခဲ့သည်။

သူသည် ဝိညာဉ်မဏ္ဍိုင်သွေးကြော ၃၃ခုကိုသာ ပေါင်းစည်းထားပြီး ဒုတိယတန်းဝိညာဉ်မဏ္ဍိုင်သွေးကြောနှင့် ဝေးကွာနေသေးသည်။ သို့ပင်ငြားလည်း သူသည် ဝိညာဉ်မဏ္ဍိုင်သွေးကြော ၄၅ခုရှိသော ပထမတန်းဝိညာဉ်မဏ္ဍိုင်သွေးကြော  မဟုတ်တောင် တောက်ပသောအနာဂတ် ရှိမည်ဟု စဉ်းစားထားပြီးဖြစ်သည်။

ထိုလူသည် အနာဂတ်တွင်  ပြဒါးရှင်လုံးပြောင်းပြန်အဆင့်သို့ သေချာပေါက်ရောက်နိုင်မည်ဖြစ်သည်။

"လင်းရှန်ကို သခင်ကျောက်က တပည့်အဖြစ် ခေါ်သွားချင်ပေမယ့် လင်းရှန်က ငြင်းပယ်ပြီး ဆရာကြီးယုနဲ့ ချိတ်ဆက်ခဲ့တယ်" လူငယ်က ဆက်ပြောသည်။

ရှန်ဝမ်ချီသည် ထိုစကားကိုကြားသောအခါ မျက်မှောင်ကြုတ်သွားသည်။ စာတစ်စောင်ကို ထုတ်နှုတ်ကာ ဝိညာဉ်ရေးရာအနှစ်သာရဖြင့် တစ်စုံတစ်ခုကို ရေးချပြီး လူငယ်အား မပေးမီ သူ့မျက်လုံးများ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေ၏

“ညီလေးစွန်း ငါ့အတွက် ရွှေစမ်းချောင်းကျွန်းကို ခရီးထွက်ပေးပါ။ သုံးရက်အတွင်း ရွှေစမ်းချောင်းကျွန်းကနေ လင်းရှန်ကို ဖယ်ဖို့ တောင်းဆိုပါ။ သူသဘောမတူရင် ဒီစိန်ခေါ်စာလေး ပေးလိုက်ပါ။”

စွန်းလင်းမောင်က အံ့သြသွားသည်။

စိန်ခေါ်မှုစာတစ်စောင်လား

သူ လင်းရှန်နဲ့တိုက်ခိုက်တော့မှာလား

ရှန်ဝမ်ချီထံမှ ရသော စာတစ်စောင်ကြောင့် ကောင်းမွန်သော ကျင့်ကြံမှုဂူဗိမာန်ကို လင်းရှန်က စွန့်လွှတ်ရန် မဖြစ်နိုင်ကြောင်း ပါရမီရှင်တိုင်းသိသည် ။ သူသည် စိန်ခေါ်မှုကို လက်ခံပြီး တိုက်ပွဲအတွက် တစ်ရက်ကို ရွေးချယ်မည်ဖြစ်သည်။ ဒါက တိုက်ခိုက်တာနဲ့ ဘာကွာသလဲ။

ဒါကို စဉ်းစားရင်း စွန်းလင်းမောင်က မဝံ့မရဲနဲ့ တိုးတိုးလေး ပြောလိုက်သည်။

“အကိုရှန် လင်းရှန်က ဆရာကြီးယုရဲ့ တိုက်ရိုက်တပည့်။ စံအိမ်သခင် ရှားကလည်း လည်း သူ့ဘေးမှာ ရှိနေတယ်။ သူနဲ့ငြင်းခုံဖို့က ပညာရှိရွေးချယ်မှုမဟုတ်ပါဘူး။”

ရှန်ဝမ်ချီသည် မျက်မှောင်ကြုတ်ပြီး စွန်းလင်းမောင်ကို စိုက်ကြည့်နေသည်။ သူက ခေါင်းယမ်းပြီး ပြောသည်။

“ဂျူနီယာ ညီလေးစွန်း၊ မင်းအရမ်း ဂရုစိုက်လွန်းနေတယ်။ ဒါက လင်းရှန်နဲ့ငါ့ကြားက တိုက်ပွဲပါ။ ဆရာကြီးယုလို တန်ခိုးကြီးတဲ့ သူတစ်ယောက်က ဘယ်လို ဝင်ရောက်စွက်ဖက်နိုင်မလဲ

“စံအိမ်သခင်ရှားကော ဘယ်လိုလဲ…”

“ရှားမုန့်ရန်ကက ဘယ်လောက်ပဲ ကြီးစိုးနေပါစေ ဂျူနီယာတွေကြား ပြိုင်ဆိုင်မှုမှာ သူမ ဝင်ရောက်စွက်ဖက်မှာ မဟုတ်ပါဘူး။ မဟုတ်ရင် သူမက ကြေလွင့်ဓားတောင်ထိပ်ကို အရှက်ရစေမှာ မဟုတ်ဘူးလား” 

သူတို့ဆက်စပ်မှုတွေနဲ့ ပတ်သက်ရလည်း ရှန်ဝမ်ချီက မကြောက်ပေ။

သူသည် ဂုဏ်သိက္ခာရှိသော မိသားစုငါးစုတွင် တစ်ခုဖြစ်သည့် ရှန်းမိသားစု၏ ပံ့ပိုးကူညီမှု ရရှိခဲ့သည်။ ဆရာကြီးယုနှင့်  ရှားမုန့်ရန်ကို သူ မကြောက်ခဲ့ပေ။

အမှန်မှာ အကယ်၍ အခြားအချိန်ဖြစ်လျှင်ရှန်ဝမ်ချီသည်  လင်းရှန်နှင့် မဆက်ယှက်ဘဲ နောက်ပြန်ဆုတ်ရန် ရွေးချယ်နိုင်ဖွယ်ရှိသည်။

အမှန်တော့ အဲဒါက ပထမတန်း ဝိညာဉ်မဏ္ဍိုင်သွေးကြောပင် ဖြစ်သည်။

All Chapters