မွေးရာပါ ဝိညာဉ်ခန္ဓာ (၂)
Vol. 21 Ch. 324
အနာဂတ်တွင် ပြဒါးရှင်လုံးပြောင်းပြန်အဆင့်ကျင့်ကြံသူသခင် ဖြစ်လာဖို့ အလားအလာရှိသော ပါရမီရှင်တစ်ဦးအား စော်ကားမည့်အတွေးက ဦးရေပြားကို တုန်လှုပ်သွားစေသည် ။
ဒါပေမယ့် လင်းရှန်ကတော့ မတူပေ။
သူသည် ဆရာကြီးယု၏ တပည့်ဖြစ်လာပြီး သခင်-တပည့်အဆက်အနွယ်နှင့် ပါဝင်လာချိန်မှစ၍ သြဇာကြီးမားသော မိသားစုများ၏ ပြိုင်ဘက်ဖြစ်လာခဲ့သည်။
ပဋိပက္ခတွေမရှိခဲ့ရင်တောင် သြဇာရှိတဲ့မိသားစုတွေက လင်းရှန်ကို လွယ်လွယ်နဲ့ ပိုခိုင်ခံ့ခွင့်မပေးချေ။ သူ့ကို နှိမ်နှင်းဖို့ အခွင့်အရေးတွေ အဆက်မပြတ် ရှာကြံနေလိမ့်မည်။
အထူးသဖြင့် လင်းရှန်သည် ရွှေစမ်းချောင်းကျွန်းကို လုယူသွားသော အခါ၊
ရှန်ဝမ်ချီက ဘာမှမလုပ်ဘဲ ရွှေစမ်းချောင်းကျွန်းကို လင်းရှန်လက်ထဲ ကျရောက်ခွင့်
ပေးလိုက်လျှင် ဩဇာရှိတဲ့မိသားစုတွေ၏ တပည့်တွေကြားထဲမှာ သူ့ဂုဏ်သိက္ခာဟာ ကျိန်းသေပေါက်ကျဆင်းသွားလိမ့်မည်။ သူ့ခေါင်းကို ဘယ်တော့မှ ပြန်မထူနိုင်တော့တာ ဖြစ်နိုင်သည်။
ထို့ကြောင့် သူ၏ အင်အားများကို ပြသရမည်ဖြစ်သည်။ လင်းရှန်အား စိန်ခေါ်ချက်
တစ်ခု တိုက်ရိုက်ထုတ်ရမည်ဆိုပါက ခင်မင်ရင်းနှီးမှုအားလုံးကို စွန့်လွှတ်ရမည်ဆိုတောင် တွန့်ဆုတ်နေမည်မဟုတ်ပေ။
စွန်းလင်းမောင်က မတုံးအပေ။ မကြာခင် ဘာအကြောင်းကြောင့်လဲဆိုတာ သိလိုက်ရပေမယ့် နည်းနည်းတော့ ချီတုံချတုံဖြစ်နေတုန်းပင်။
“အစ်ကိုရှန်၊ လင်းရှန်က အခုမှ ကျင့်ကြံသူသခင်ဖြစ်လာပေမယ့် သူ့ရဲ့ ခွန်အားကို လျှော့တွက်လို့မရပါဘူး။ လင်းရှန်က ဘာနည်းစနစ်ကိုမှ မလေ့ကျင့်ရသေးတာတောင် ခန်းကျိုးကိုအနိုင်ယူနိုင်ပါတယ်။ ယခုတစ်လကျော်သွားတော့ ဒြပ်ငါးပါး ဝိညာဉ်အနှစ်သာရအဖြစ်ကို ကူးပြောင်းနေလောက်ပါပြီ။ သူ့ခွန်အားက ပိုလို့တောင် ထိတ်လန့်စရာဖြစ်နေပါလိမ့်မယ်”
"ခန်းကျိုးက ဝိညာဉ်တော်ပျိုးထောင်ခြင်း ဒုတိယအဆင့်နဲ့ စတုတ္ထတန်း ဝိညာဉ်
မဏ္ဍိုင်သွေးကြောပဲရှိတာလေ။ သူက အရမ်းအားနည်းတယ်”
ရှန်ဝမ်ချီသည် ခန်းကျိုးပေါ် သူ၏ အထင်အမြင်သေးမှုကို လုံးဝမဖုံးကွယ်ထားပေ။
ခန်းကျိုးသည် ခုနစ်နှစ်ကျော် ကျင့်ကြံခဲ့ပြီး ဝိညာဉ်ပျိုးထောင်ခြင်း ဒုတိယအဆင့်တွင် ဆက်လက်ရပ်တည်နေခဲ့သည်။ အဲဒါက သူ့အရည်အချင်း ဘယ်လောက် နိမ့်ကျနေတယ်ဆိုတာ ပြသခဲ့တာပင်။
ခန်းမိသားစုသည် ထူးချွန်ထက်မြက်သော အရည်အချင်းရှိသူများကို ရှာမတွေ့သောကြောင့် ၎င်းတို့သည် နောက်ထပ်အကောင်းဆုံးအရာများနဲ့ အရင်းအမြစ်များစွာကို ခန်းကျိုးဆီမှာ ရင်းနှီးမြုပ်နှံရန် လိုအပ်သည်။ မဟုတ်ပါက ခန်းကျိုး၏ စွမ်းရည်ဖြင့် ပဉ္စမတန်း ဝိညာဉ်မဏ္ဍိုင်သွးကြောကို ဖန်တီးရန်မှာပင် ခက်ခဲပေမည်။
ယခင်က ၎င်းတို့သည် စွဲမက်ဖွယ်ကောင်းသော ရုပ်သွင်ကို ထိန်းသိမ်းထားနိုင်ဆဲဖြစ်သော်လည်း ခန်းကျိုးနဲ့လင်းရှန်တို့၏ တိုက်ပွဲသည် ထိုမျက်နှာဖုံးကို လုံးဝဆုတ်ဖြဲသွားခဲ့ပြီး ခန်းမိသားစု၏ ဆုတ်ယုတ်မှုကို ထင်ရှားစေသည်။
အနှစ်နှစ်ဆယ်လောက်ရောက်လျှင် ခန်းမိသားစုသည် ထင်ရှားကျော်ကြားသော မိသားစုအဆင့်မှ ထွက်ရနိုင်ဖွယ်ရှိသည်။
"လင်းရှန်းက ဒြပ်ငါးပါးဝိညာဉ်ရေးရာအနှစ်သာရကို ပြောင်းလဲခဲ့တာ တစ်လပဲ ရှိသေးတော့ ကျင့်ကြံနည်းစနစ်နဲ့ နတ်စွမ်းအားကို လေ့ကျင့်ဖို့ အချိန်မရှိတာ သေချာပါတယ်။ ငါ့ခွန်အားနဲ့ အနိုင်ယူဖို့က ပြဿနာမဟုတ်ဘူး။”
ရှန်ဝမ်ချီသည် ယုံကြည်မှုအပြည့်ရှိသည်။
နောက်ဆုံးတွင် သူသည် ဝိညာဉ်ပျိုးထောင်ရေး စတုတ္ထအဆင့် ဖြစ်သည်။ သူသည် ဂိုဏ်း၏ နတ်တန်ခိုးရှစ်မျိုးထဲမှ တစ်မျိုးကို မကျင့်ကြံရသေးသော်လည်း ၎င်းသည် ဂိုဏ်း၏ ထိပ်တန်းတွင် အဆင့်သတ်မှတ်ထားသော အစွမ်းထက်သော ကျင့်ကြံနည်းစနစ်တစ်ခု ဖြစ်နေဆဲဖြစ်သည်။ ကျင့်ကြံနည်း သို့မဟုတ် နတ်တန်ခိုးပင် မရှိသော ဝိညာဉ်တော်ပျိုးထောင်ရေး ပထမအဆင့် ကျင့်ကြံသူနှင့် ဆက်ဆံရန် လွယ်ကူလိမ့်မည်ဟု သူခံစားခဲ့ရသည်။
အရာအားလုံးကို သိသည်ဟု သူထင်သည်။ လင်းရှန်သည် ပထမတန်း ဝိညာဉ်မဏ္ဍိုင်သွေးကြောကို ဖန်တီးထားသောကြောင့် မှော်စွမ်းအားရွေးချယ်ရာတွင် ဒြပ်စင်နှစ်ခု သို့မဟုတ် ဒြပ်စင်သုံးခုလုံးပါသော မှော်စွမ်းအားများကို သေချာစွာ ရွေးချယ်မည်ဖြစ်သည်။
ထိုသို့သော မှော်စွမ်းအားများ၏ ဘုံအင်္ဂါရပ်မှာ အစပြုသူအဆင့် သို့ရောက်ရှိရန် အလွန်ခက်ခဲသောအချက်ဖြစ်သည်။
လင်းရှန်သည် အစပြုသူအဆင့်သို့ပင်မရောက်သေးဘဲ ဝိညာဉ်ရေးရာ အနှစ်သာရငါးခုကို မပြောင်းလဲနိုင်သေးတာပင် ဖြစ်နိုင်သည်။
ဒီလိုသာဆိုရင် လင်းရှန်ကိုအနိုင်ယူဖို့က ပိုလွယ်လိမ့်မည်ပင်။
ဒါကိုစဉ်းစားရင်း ရှန်ဝမ်ချီက ပိုပြီးယုံကြည်မှုရှိလာခဲ့သည်။ သူက စွန်းလင်းမောင်၏ပခုံးကို ပုတ်ပြီး ပြုံးလိုက်သည်။ “ စိတ်မပူပါနဲ့။ လင်းရှန်က ငါ့ပြိုင်ဘက်မဟုတ်ဖူး ။ ရွှေစမ်းချောင်းကျွန်းကို အရင်သွားပြီးရင် အမိုးပျံကျွန်းကို လာခဲ့။ အကိုလီနဲ့ငါက မင်းရဲ့သတင်းကို အဲ့ဒီမှာစောင့်နေမယ်”
ရှန်ဝမ်ချီက ယုံကြည်မှုအပြည့်ရှိနေတာကို မြင်လိုက်ရတော့ စွန်းလင်းမောင်က တခြားဘာမှ မပြောပေ။ သူက ရှန်ဝမ်ချီကိုနှုတ်ဆက်ပြီး ရွှေစမ်းချောင်းကျွန်းကို ပြေးသွားသည်။
သူထွက်သွားတာကိုမြင်ပြီးနောက် ရှန်ဝမ်ချီက ပတ်ဝန်းကျင်ကိုကြည့်ကာ ကျယ်လောင်စွာရယ်မောလိုက်သည်။ “ဂျူနီယာ ညီအကို မောင်နှမ တွေ ၊ ပွဲတက်ဖို့ အမိုးပျံကျွန်းကို သွားကြရအောင်။ အစ်ကိုလီနဲ့ တခြားသူတွေကို အချိန်အကြာကြီး စောင့်မနေခိုင်းကြရအောင်”
လူတိုင်းက သဘောတူလေ၏
ရွှေစမ်းချောင်းကျွန်း။
လင်းရှန်သည် ကျွန်းကိုဖြတ်သွားသော မြစ်ကမ်းနံဘေးရှိ ကျောက်ထွတ်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ သူ၏ဝိညာဉ်ရေးရာအနှစ်သာရကို ဖြည်းညှင်းစွာ ရှူထုတ်လိုက်သည်။
မိုးခြိမ်းသံက အဆက်မပြတ် တဟုန်ထိုး မြည်နေပြီး သူ့ခန္ဓာကိုယ်မှ အသံထွက်လာသည်။
ဝိညာဉ်ရေးရာအနှစ်သာရကို ရှူသွင်းလိုက်တိုင်း ကြီးမားသော ဘီးကြီးတစ်စင်းသည် သူ၏အရိုးများနှင့် အရွတ်များကြားတွင် လှိမ့်နေပြီး နားအူမတတ် ဆူညံသောအသံကို ထုတ်ပေးနေသကဲ့သို့ပင်။
အချိန်အတော်ကြာပြီးနောက် လင်းရှန်သည် သူ့မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်ကာ အသက်ပြင်းပြင်းရှူလိုက်သည်။
အနီးကပ်စစ်ဆေးကြည့်သောအခါတွင် သူရှူထုတ်လိုက်သော လေထဲတွင် အနီရောင်ဖျော့ဖျော့ ရှိနေပုံရသည်။ သူ့ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေကို စွန့်ထုတ်လိုက်တာပင်။
သူ၏ကိုယ်ပွားများအကူအညီဖြင့် လင်းရှန်သည် ရွှေရောင်ဘီးလျှပ်စီးကြောင်း ကိုအစပြုသူ အဆင့်ရောက်ရန် လဝက်ခန့် ကျင့်ကြံခဲ့ရသည်။
ထို့နောက် သူသည် ကျွန်းပေါ်ရှိ သတ္တုနှင့် ရေ၏ဝိညာဉ်အနှစ်သာရကို လဝက်ခန့်ဆွဲထုတ်ကာ သူ၏ခန္ဓာကိုယ်ကို လျှို့ဝှက်ဆန်းကြယ်သောဝိညာဥ် အနှစ်သာရဖြင့် သန့်စင်အောင် ကူညီပေးခဲ့သည်။
လဝက်ကြာပြီးနောက် သူ့ခန္ဓာကိုယ်ရှိ အညစ်အကြေးတစ်ဝက်ကျော်ကို သန့်စင်ပြီး အကျိုးသက်ရောက်မှုက သိသာထင်ရှားလာသည်။
လင်းရှန်သည် လက်ဖဝါးကို ဆန့်ထုတ်ကာ လက်ချောင်းများကို ဆုတ်လိုက်သည်။ ၎င်းတို့ကို ပွတ်တိုက်လိုက်သောအခါတွင် သတ္တုနှင့်ပွတ်တိုက်မိသည့် အသံကဲ့သို့ ပြတ်သားသော လျှပ်စီးလက်သံတစ်ခု ထွက်ပေါ်လာသည်။
“ဒြပ်စင်နှစ်ခု ကိုယ်ခန္ဓာ နတ်ဘုရားစွမ်းအားက မျှော်လင့်ထားတဲ့အတိုင်းပဲ။ ပထမအဆင့်အထိပဲ ကျင့်ကြံရသေးပေမဲ့ ကာယကြံ့ခိုင်မှုက အောက်ခြေအဆင့် အထူးလက်နက်နဲ့နှိုင်းယှဉ်နိုင်နေတယ် ။ နဝမအဆင့်ကို ရောက်ရင် သာလွန်အဆင့် အထူးလက်နက်တွေတောင် လုံးဝမထိခိုက်စေနိုင်လောက်ဘူး”
ရွှေဘီးလျှပ်စီးကို ကျင့်ကြံရန် လိုအပ်ချက်မှာ သတ္တုနှင့် ရေဝိညာဉ်ရေးရာ အနှစ်သာရနှင့် အနည်းဆုံး ဒုတိယတန်း ဝိညာဉ်မဏ္ဍိုင်သွေးကြောရှိရန် ဖြစ်သည်။ ကျင့်ကြံမှုအခြေအနေတွေက အရမ်းအဆင်ပြေသည်။
သို့သော် ၎င်းကို အောင်မြင်စွာ ကျင့်ကြံပြီးသည်နှင့် ၎င်း၏ စွမ်းအားသည်
တုန်လှုပ်စရာကောင်းမည်ဖြစ်သည်။
လင်းရှန်သည် လူသားတစ်ဦးဖြစ်သည်။ ခန္ဓာကိုယ်မြင့်တက်စေခြင်း နည်းစနစ်နဲ့ ပိုမိုသင့်လျော်သော နတ်ဆိုးသည် ရွှေဘီးလျှပ်စီးကို ကျင့်ကြံခဲ့မည်ဆိုလျှင် ၎င်း၏စွမ်းအားသည် ပို၍ပင် ထိတ်လန့်စရာကောင်းမှာ သေချာသည်။
ဒါတောင်မှ သူက ရွှေဘီးလျှပ်စီးကြောင်းကို ပြီးပြည့်စုံခြင်းအဆင့်ထိ ကျင့်ကြံမယ်ဆိုရင် ဒီကျင့်ကြံနည်းစနစ်တစ်ခုတည်းကပင် ဝိညာဉ်
ပျိုးထောင်ရေး အဆင့်မှာ သူ့ကို မည်သူမျှ မယှဉ်နိုင်လောက်အောင်ပင်။
ထို့အပြင် လွန်ခဲ့သောလတွင် သူသည် ငရဲရင်ရေကို အစပြုသူအဆင့်သို့ ရောက်ရှိခဲ့သည်။
လင်းရှန်သည် သူ့အကြည့်ကို စူးစိုက်ကြည့်လိုက်ရာ သူ့ရင်ဘတ်ထဲတွင် အနက်ရောင် ကျောက်စိမ်းကဲ့သို့ လွင့်မျောနေသည့် ရေတစ်စက်ကို တွေ့လိုက်ရသည်။
၎င်းသည် ဆယ်ရက်ကျော်ကြာအောင် ပေါင်းစပ်ခဲ့သော ငရဲရင်ရေဖြစ်သည်။
ငရဲရင်ရေ၏ ဖွဲ့စည်းမှုသည် ရွှေဘီးလျှပ်စီးကို ကျင့်ကြံခြင်းထက် လွယ်ကူသည်တော့ မဟုတ်ပေ။
ငရဲရင်ရေကို ပေါင်းစည်းရန် ဝိညာဉ်ရေးရာအနှစ်သာရ ၃၆ လုတ်ကို လိုအပ်သည့်အပြင် ရင်စွမ်းအင် ပေါများသော နေရာတွင် ကျင့်ကြံနိုင်လျှင် အကောင်းဆုံးဖြစ်ပေမည်။ သို့မှသာ ထက်ဝက်အားစိုက်ထုတ်ခြင်းဖြင့် ရလဒ်နှစ်ဆရရှိမည်ဖြစ်သည်။
ရေစမ်းချောင်းကျွန်းတွင် ရေပေါများသော်လည်း ရင်စွမ်းအင်မှာ အလွန်နည်းပါးသည်။ အတိအကျပြောရလျှင် ငရဲရင်ရေကို ကျင့်ကြံရန် နေရာကောင်းတစ်ခု မဟုတ်ပေ။
သို့သော်လည်း လင်းရှန်သည် လက်ရှိအချိန်တွင် ကျင့်ကြံရန် သင့်တော်သော နေရာတစ်ခုကို ရှာမတွေ့သောကြောင့် ဒီမှာသာ လုပ်နိုင်ခဲ့သည်။
ဖွဲစည်းမှုအမြန်နှုန်းမှာ အနည်းငယ်နှေးသော်လည်း ကိုယ်ပွါးသုံးခုသည် နေ့ရောညပါ အလုပ်လုပ်ပြီး ငရဲရင်ရေတစ်စက်ကို ပေါင်းစည်းရန် ဆယ်ရက်ကျော် အချိန်ယူခဲ့ရသည်။
ဤရေစက်သည် လက်မအရွယ်မျှသာရှိသော်လည်း မှတ်တမ်းများအရ ဤရေစက်တစ်ခုတည်းတွင် ကြီးမားသော စွမ်းအားရှိသည်။ လင်းရှန်က တခါမှ မစမ်းသပ်ရသေးတဲ့အတွက် အစွမ်းဘယ်လောက်ရှိမှန်း မသိပေ။
သူ့ဘာသာ တည်ငြိမ်အောင် ထိန်းရင်း လင်းရှန်သည် သူ့ရှေ့က နေရာကို ကြည့်လိုက်သည်။
[အမည်-လင်းရှန်]
[စွမ်းရည်- သန့်စင်သောယန်စွမ်းအား ခန္ဓာကိုယ် ၊ ဓားဝိညာဉ်]
[အဆင့်- ဝိညာဉ် ပျိုးထောင်ခြင်း ပထမအဆင့်၊၇၈%]
[ကျင့်ကြံနည်းစနစ်- အထူးလျှို့ဝှက်နည်းစနစ် (ပထမအဆင့် ,၁၂%)၊
ရွှေဘီးလျှပ်စီးကြောင်း( ပထမအဆင့်၊ ၁၂%)၊ငရဲရင်ရေ (ပထမအဆင့် ၊၁၄%)…]
[ကိုယ်ပွားအရေအတွက်-၇ (၅၁%)]
လင်းရှန်သည် အိုးကိုးလုံးဆေး၏ အာနိသင်ကို အလွန်ကျေနပ်သည်။
ဆေးတစ်လုံးသည် သူ၏ ကျင့်ကြံမှုကို ၅% တိုးစေနိုင်သည်။
ဆေးတစ်ပုလင်းနှင့်ဆို ကျင့်ကြံမှု အချိန်တစ်လအတွင်း ဝိညာဉ်ပျိုးထောင်ခြင်း ဒုတိယအဆင့်သို့ ဖြတ်ကျော်ဝင်ရောက်ရန် မဝေးလှပေ။
အကယ်၍ ဤကျင့်ကြံမှု အရှိန်အဟုန် သတင်းများ ပြန့်နှံ့သွားပါက ကျင့်ကြံသူသခင်အများအပြား၏ မေးရိုးများ ပြုတ်ကျသည်အထိ တုန်လှုပ်သွားလောက်အောင် ဖြစ်ပေလိမ့်မည်။
သို့သော် လင်းရှန်က ရှားမုန့်ရန်ကို ထိုအကြောင်းအား မေးခဲ့သည်။ မီးအိုးကိုးလုံးဆေးသည် မြင့်မားသောဆေးလုံးဖြစ်သည်။ဝိညာဉ်ဆေးပြားအောက်ရှိ ဆေးပြားများထဲတွင် အိုးကိုးလုံးဆေးလုံးသည် ထိပ်တန်းဆယ်ခုတွင် အဆင့်သတ်မှတ်ရန် လုံလောက်သည်။
ကျင့်ကြံသူတိုင်းသည် ထိုကဲ့သို့သော အဖိုးတန်ဆေးပြားကို လိုချင်ကြသည်။
ဂိုဏ်းတွင်းမှ ကျင့်ကြံသူအချို့သည် အိုးကိုးလုံးဆေးပြားတစ်ပုလင်းအတွက် တိုက်ခိုက်ကြလိမ့်မည်။
ဒါမှ ယုစစ်ယွီပေးခဲ့တဲ့ အိုးကိုးလုံး ဆေးပုလင်း ဘယ်လောက်တန်ဖိုးရှိလဲဆိုတာ လင်းရှန် သိသွားသည်။
ဆေး၏ အစွမ်းထက်သော အာနိသင်များသည် နောက်ပိုင်းတွင် ၎င်း၏ အရည်အသွေးကို သက်သေပြခဲ့သည်။
"အိုးကိုးလုံးဆေးပြားကို ရဖို့ဆိုတာ မလွယ်ဘူးထင်တယ်"
လင်းရှန်က ခေါင်းခါသည်။ ဒီကိစ္စကို အချိန်နဲ့တပြေးညီ ဖယ်ထားပြီး သူ့စွမ်းရည်ကို ကြည့်လိုက်သည်။
ပြီးခဲ့သည့်လတွင် နောက်ဆုံးကိုယ်ပွားစွမ်းရည်ကို အကြိမ်(၃၀) နီးပါး ပြန်လည်ဆန်းသစ်ထားသည်။ ကံမကောင်းစွာပဲ သူသည် သင့်လျော်သော ဝိညာဉ်ခန္ဓာကိုယ် စွမ်းရည်ကို ဘယ်သောအခါမှ မရရှိနိုင်ခဲ့ပေ။
ယခုလည်း ပင်ကိုယ်စွမ်းရည်များကို ဆွဲထုတ်ရမည့်အချိန်ဖြစ်သည်။
“တစ်ယောက်ကတော့ ပိုကောင်းတဲ့ စွမ်းရည်တွေ ရနိုင်မယ်လို့ မျှော်လင့်ပါတယ်။”
အတွေးတစ်ခုဖြင့် လင်းရှန်သည် သူ၏ကိုယ်ပွားကို ခေါ်ယူလိုက်ပြီး စွမ်းရည်ကော်လံကို ချက်ချင်းကြည့်လိုက်သည်။
[စိတ်ဝိညာဉ်ကိုယ်ခန္ဓာ- ဒြပ်စင်ငါးခုနည်း/ကျင့်ကြံမှုမြန်နှုန်း +၁၀၀%, ဒြပ်စင်ငါးခုနည်း/ကျင့်ကြံမှုစွမ်းအား +၅၀%]
လင်းရှန်၏ မျက်လုံးများသည် ချက်ချင်းပင် တောက်ပလာသည်။
အကြိမ်များစွာ ဆန်းသစ်ပြီးနောက် သူသည် ဒြပ်ငါးပါးတွင် အသုံးပြုနိုင်သော ဝိညာဉ်ခန္ဓာကို ဆွဲထုတ်ခဲ့သည်။
သူသည် ဤစွမ်းရည်ကို ချက်ချင်းပြောင်းလိုက်ပြီး အထူးလျှို့ဝှက်နည်းကို ကျင့်ကြံရန် ကြိုးစားခဲ့သည်။ မျှော်လင့်ထားသည့်အတိုင်း သူ၏ ကျင့်ကြံမှုက သိသိသာသာ တိုးလာကြောင်း သူ သဘောပေါက်ခဲ့သည်။
ရွှေရောင်ဘီးလျှပ်စီးကြောင်းကို ကျင့်ကြံလည်း အလားတူပင်။
"ဒီနည်းနဲ့ဆို အိုးကိုးလုံးဆေး မပါပဲ ကျင့်ကြံမှု မြန်မြန်ဆန်ဆန် တိုးလာနိုင်တယ်”
လင်းရှန်သည် ဝမ်းသာအားရမှုဖြင့် ပြည့်နေသည်။
သဘာဝဝိညာဉ်ခန္ဓာကိုယ်နှင့် ပါရမီတို့သည် အထူးလျှို့ဝှက်နည်းကို ကျင့်ကြံရာတွင် သူ၏စွမ်းဆောင်ရည်ကို သုံးဆတိုးရန် လုံလောက်သည်။
ရွှေဘီးလျှပ်စီးကြောင်းနှင့်ငရဲရင်ရေက အတူတူပင်။
ဤကျင့်ကြံမှုအရှိန်သည် အံ့သြစရာပင်။
ကျွန်းအပြင်ဘက်မှ တစ်စုံတစ်ယောက် ချဉ်းကပ်လာသည်ကို သတိပြုမိချိန်တွင် လင်းရှန်၏ အမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားသည်။
သိပ်မကြာခင်မှာပဲ အပြင်ကနေ အသံတစ်ခုထွက်လာသည်။
"စွန်းလင်းမောင်က တောင်းဆိုပါတယ်.. တာအိုသခင်လင်း ကျေးဇူးပြုပြီး ထွက်လာခဲ့ပါ။"